အပိုင်း ၁၁
Viewers 688

အပိုင်း ၁၁

 

 

 

ယဲ့အန်း အိမ်ပြန်ရောက်သောအခါ ရှဲ့ရှောသည် ရေမချိုးရသေးပေ။ ခင်ပွန်းကို စောင့်မျှော်နေသောဇနီးသည်ကဲ့သို့ အခန်းထဲတွင် သူတစ်ယောက်တည်း ထိုင်နေသည်။

 

 

ယဲ့အန်းသည် စောစောက အဖြစ်အပျက်များကို ခေတ္တမေ့ထားလိုက်သည်။ သူ၏အမူအရာကိုကြည့်၍ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ရှင်ရေချိုးတော့မလား။ ရှင့်အဝတ်အစားတွေယူပေးရမလား

 

 

ရှဲ့ရှောက စကားမပြောဘဲ ရေချိုးခန်းထဲသို့ လျှောက်သွားကာ ယဲ့အန်းသည် ထုံးစံအတိုင်း သူ့ညဝတ်အကျီကို ကောက်ယူကာ ရေချိုးခန်းထဲသို့ လိုက်သွားခဲ့သည်။

 

 

ယနေ့ညတွင် သူထမ်းဆောင်ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသော တာဝန်ကို တွေးတောရင်း အဝတ်အစားများကို ချလိုက်ပြီးနောက် မထွက်သွားသေးဘဲနေနေသည်။သူမသည် သူမရှေ့မှ လူကို မည်သို့ သွေးဆောင်ရမည်ကို တွေးတောကာ သူမနေရာတွင် ရှိနေခဲ့သည်။

 

 

ရှဲ့ရှောက သူ့အင်္ကျီကို ကြယ်သီးတွေ ဖြုတ်လိုက်ပြီး သူမ လှုပ်ရှားမှု မရှိတာကို သတိထားမိပုံပေါ်သည်။ သူ ခဏရပ်ကာအခြား ရှိသေးလား ဟု မေးသည်။

 

 

ယဲ့အန်းသည် သူ့အား သွေးဆောင်ဖြားယောင်းရန် သူမ၏တာဝန်ကို သတိရလိုက်ပြီး တွေးမနေတော့ဘဲ ပြောလိုက်သည်။ရှင့်ကို ရေချိုးပေးစေချင်သလား

 

 

  "..."

 

 

ထိုစကားကိုကြားတော့ ရှဲ့ရှောသည် ချက်ချင်းပင် စကားပြန်မပြောနိုင်လောက်အောင် ဖြစ်သွားသည်။သူ့အမူအရာမှာဖော်ပြရန်ပင်ခက်ခဲလှသည်။

 

 

ယဲ့အန်းသည် သူမ၏စကားများကို ရှက်ရွံ့စွာ နှုတ်ပိတ်ကာ ဘာမှမပြောသလို ဟန်ဆောင်လိုက်သည်။

 

 

သူမအကြည့်ကိုပြောင်းလိုက်ပြီး သူ့ရင်ဘတ်နှင့်ညှပ်ရိုးတစ်စိတ်တစ်ပိုင်းကို မြင်နေရသည့် သူ၏ကိုယ်လုံးတီးတစ်ခြမ်းနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။

 

 

ယဲ့အန်းသည် ရှက်ရွံ့ကာ ကမန်းကတန်း ထွက်သွားသည်။

 

 

ရေချိုးခန်းထဲမှ ထွက်လာပြီးသည်အထိ သူမမျက်နှာသည် ပူနေပြီး နှလုံးခုန်သံများ ကမောက်ကမ ဖြစ်နေဆဲဖြစ်သည်။

 

 

တည်တည်ငြိမ်ငြိမ်နေ။ နင်က သူ့ကိုမြူဆွယ်မှာ၊ သူမြူဆွယ်တာမခံနဲ့။

 

     —-

 

ခဏအကြာတွင် ရှဲ့ရှောသည် ရေချိုးခန်းထဲမှ ထွက်လာပြီး ယဲ့အန်း သည် သူမ၏ ကနဦးအစီအစဉ်ကို အရှိန်မြှင့်ရန် ပေါ့ပါးသော ညဝတ်ဂါဝန်ကို ရေချိုးခန်းထဲသို့ စိတ်ချလက်ချ ယူသွားခဲ့သည်။

 

 

သူမရေချိုးပြီးသောအခါ ရှဲ့ရှောသည် အိပ်ရာမဝင်သေးဘဲ အဝတ်လဲခန်းထဲတွင် တစ်ခုခုကို ရှာဖွေနေပုံရသည်။

 

 

ယဲ့အန်းသည် သူမ၏ လတ်လတ်ဆတ်ဆတ် ခြောက်နေသော ဆံပင်များကို ဖွာလိုက်သည်။ သူမက လမ်းလျှောက်လာပြီး "ရှင်ဘာကိုရှာနေတာလဲ"

 

 

ရှဲ့ရှော သည်သူမကို လျစ်လျူရှုရင်း ရှပ်အင်္ကျီကို ချိတ်လိုက်ပြီး အိပ်ရာသို့ဦးတည်လိုက်သည်။

 

 

ယဲ့အန်းသည် သူ့စရိုက်ကို အချိန်အတော်ကြာ ရင်းနှီးခဲ့ပြီး သူ့တုံ့ပြန်မှုကို စိတ်မ၀င်စားခဲ့ပေ။ သူမသည် ကိုယ်လုံးပေါ်မှန်ဆီသို့ လျှောက်သွားသည်။

 

 

ကြည်လင်သောမှန်သည် လှပသော အချိုးအစားရှိသော ခန္ဓာကိုယ်ကို ရောင်ပြန်ဟပ်စေသည်။

 

 

ယနေ့ညတွင် သူမသည် အနားတွန့်အနက်ရောင် ညအိပ်ဝတ်စုံသို့ အထူးပြောင်းလဲခဲ့သည်။ သူမ၏ဆံပင်များသည် အလွန်တောက်ပနေပုံရပြီး နူးညံ့သိမ်မွေ့သောပခုံးများပေါ်တွင် ဖြာကျနေပါသည်။ သူမ၏ သွယ်လျသော လည်ပင်းသည် သူမ၏ လက်ရာမြောက်သော မျက်နှာသွင်ပြင်ကြောင့် ပြီးပြည့်စုံသွားသည်။ ဖြူဖျော့ဖျောအသားရောင်သည် အမှောင်ထုထဲတွင် ပွင့်နေသော ပန်းများကဲ့သို့  နက်မှောင်နေသောအနက်ရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အထူးစွဲမက်ဖွယ် ကောင်းလှသည်။

 

 

သူမသည်သွေးဆောင်မြူဆွယ်နေသော အသွင်အပြင်စရိုက်နှင့်လုံးဝလိုက်ဖက်သည်။

 

 

ယဲ့အန်းက သူ့ဆံပင်တွေကို ဖွာလိုက်ပြီး မှန်ထဲတွင် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

 

 

သူမသည် ကုတင်ပေါ်တွင် လှဲလျောင်းပြီး ကုတင်ခေါင်းရင်းကို မှီကာ ရှဲ့ရှောကို ကြည့်နေသည်။

 

 

ရှဲ့ရှောလည်း ထလာပြီး လှဲအိပ်ရန်ပြုလိုက်သည်။

 

 

ထိုလူ၏ လျစ်လျူရှုသော မျက်နှာကို မြင်လိုက်ရပြီး ယဲ့အန်းသည် ရုတ်တရက် အနည်းငယ် စိုးရိမ်သွားသည်။

 

 

သူမသည် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ ရုပ်မြင်သံကြားရှိုးတစ်ခုမှ မြူဆွယ်သော မြင်ကွင်းကို ပြန်မြင်ယောင်မိနေသည်။ လက်တစ်ဖက်က ခေါင်းကိုထောက်ကာ သူမ၏ ညဝတ်အကျီကို မလိုက်ပြီး သူမ၏ သွယ်လျသောပေါင်တံများကို ပေါ်လွင်စေသည်။ သူမ၏ စကားလုံးများကို ညင်သာသော လေသံဖြင့် ဆွဲထုတ်ကာ ခေါ်လိုက်သည်။ "ယောက်ျား....”

 

 

အလေ့အကျင့်သည် ပြီးပြည့်စုံစေသည် (Practice makes perfect)ခင်ပွန်း ဟုခေါ်သော ဤအကြိမ်သည် မွန်းလွဲပိုင်းက ခေါ်သောအကြိမ်ကလောက် ကြောက်စရာမကောင်းတော့ချေ။

 

 

ရှဲ့ရှောက သူမကို လှည့်ကြည့်လိုက်သည်။ သူ၏ နက်ရှိုင်းသော အကြည့်များက ရေကန်ကဲ့သို့ ငြိမ်သက်အေးချမ်းမှုကို ထိန်းထားကာ သူ့အမူအရာတွင် ပြောင်းလဲခြင်းမရှိပေ။

 

……

 

ယဲ့အန်း - ...သူ မျက်မမြင်ဖြစ်တယ်ဆိုတာ မေ့လုနီးပါးပဲ။

 

 

ဘယ်လောက်တောင် အလဟသဖြစ်လိုက်တဲ့ ကြိုးစားအားထုတ်မှုတွေလဲ။

 

 

ယဲ့အန်းသည် သူမ၏ မျော်လင့်ချက်မဲ့သော မြူဆွယ်နေသော ဟန်လုပ်ထားသည့်အနေအထားမှ ရုတ်ချည်း ပြင်ဆင်လိုက်ပြီး သူမ၏ ခြေထောက်များကို သူမ၏ စကတ်အောက် ပြန်သွင်းကာ အိပ်ယာခင်းများထဲသို့ ပြန်ထည့်လိုက်သည်။

 

 

မျက်မမြင်တစ်ယောက်ကို မမြူဆွယ်ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ သူမ၏ ကိုယ်ပိုင် ကျွမ်းကျင်မှုကိုသာ အသုံးချနိုင်ပုံရသည်။ ယဲ့အန်းသည် ရှဲ့ရှော၏ ကိုယ်ကို မချဉ်းကပ်မီ တစ်ခဏမျှ တွေးတောခဲ့သည်။ သူမသည် သူ၏နားထဲသို့ တိုးညှင်းစွာဆိုလိုက်သည်။ယောက်ျား…”

 

 

သူမ၏ လေသံမှာ နူးညံ့ပြီး တစ်စုံတစ်ခုကို သွယ်ဝိုက်ညွှန်းဆိုနေသည်။

 

 

သူမ၏ သွယ်လျသောလက်ကို အသုံးပြုပြီး သူ့ရင်ဘတ်ကို ပေါ်လွင်စေရန် ညအိပ်၀တ်စုံကို ဆွဲချလိုက်သည်။

 

 

ကြီးမားသော အမှောင်ထုထဲတွင် ရှဲ့ရှောသည် သူမ၏ ဆပ်ပြာမှ သင်းရနံ့နှင့် သူမ၏ ခံတွင်းနံ့မှဝိုင်၏ အနံ့ဖျော့ဖျော့ကို ရှူရှိုက်မိလိုက်သည်။

 

 

သူက မျက်မှောင်ကြုတ်ကာ ခပ်တန်းတန်း မေးလိုက်သည်။မင်း မူးနေတာလား 

 

 

ယဲ့အန်း - “…”

 

 

ရှဲ့ရှောသည်သူမ၏လက်ကို ဖယ်လိုက်ပြီး သူက စိတ်မဝင်စားချေ။ "အရမ်းမူးနေရင် စောစောအိပ်တော့"

 

 

ယဲ့အန်း - “…”

 

 

သူမ ဒီထက်ပိုပြီး တိုးတက်မလာနိုင်ခင် ရှဲ့ရှောက သူ့မျက်လုံးများကို ငြိမ်သက်စွာ မှိတ်ထားပြီးသားဖြစ်နေသည်။

 

 

ယဲ့အန်းက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူမ၏ အစပိုင်းတွင်ရှိသော ပြင်းထန်သော  တိုက်ပွဲဝင်စိတ်ဓာတ်သည် တခဏချင်း လျော့ပါးသွားခဲ့သည်။ သူမ ဘယ်လိုယောက်ျားမျိုးနဲ့ လက်ထပ်ခဲ့တာလဲ။ စက်တွေမှာတောင် သူ့ထက် စိတ်ခံစားမှု ပိုရှိဦးမှာ မဟုတ်လား။

 

 

ခဏအကြာတွင် သူမသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ဖက်သို့လှည့်ကာ မီးကိုပိတ်လိုက်သည်။

 

 

သူ့ကိုနားလည်ရန် မဖြစ်နိုင်ပါ။ ကျောက်တုံးကို ဆွဲဆောင်ဖို့ရန် ပိုလွယ်ကူမည်ထင်သည်။

 

     —

 

ည၏ အဖြစ်အပျက်များကြောင့် ယဲ့အန်းသည် ထိုညတွင် အိပ်မက်တစ်ခုမက်ခဲ့သည်။ အိပ်မက်ထဲတွင် သူမသည် ရှဲ့ရှောကို ဆက်တွယ်ကပ်နေခဲ့ပြီး ရှဲ့ရှောက သူမကို ဆက်ငြင်းဆိုခဲ့သည်။ ထိုသံသရာသည် ရုပ်ရှင်ပြန်ပြနေသကဲ့သို့ ထပ်ခါထပ်ခါ ဖြစ်ပျက်နေသည်။

 

……

 

ဖြစ်စဉ်တစ်လျှောက်လုံးတွင် သူမသည် အတွေးတစ်ခုသာရှိခဲ့သည် - ပင်ပန်းလွန်းလှသည်...

 

 

 နောက်နေ့မနက် ယဲ့အန်းနိုးလာသောအခါ ရှဲ့ရှော၏ ကုတင်ဖက်ခြမ်းတွင် လဲလျောင်းနေမိသည်ကိုသတိထားမိသည်။ သူ့ခန္ဓာကိုယ်ကို လက်တစ်ဖက်က ဖက်ထားသည်။

 

 

ကန့်လန့်ကာများ မဖွင့်ရသေးသဖြင့် အခန်းတွင်းရှိ မီးအလင်းရောင်များ မှိန်ပြပြမြင်ရသည်။ ငြိမ်သက်နေသော သူ့မျက်နှာကို သူမ မော့ကြည့်ကာ ခေတ္တရပ်လိုက်သည်။

 

 

ထူးဆန်းသော ခံစားမှုတစ်ခုက သူမနှလုံးသားကို လွှမ်းခြုံသွားသည်။ ယဲ့အန်းက အသက်အောင့်ပြီး လက်မောင်းကို ဂရုတစိုက်ရွှေ့ကာ ဘာမှမဖြစ်သလို ဟန်ဆောင်ရန် ကြိုးစားသော်လည်း ထိုအချိန်တွင် ရှဲ့ရှောရုတ်တရက် နိုးလာသည်။

 

 

ယဲ့အန်း တောင့်တင်းသွားသည်။

 

 

တကယ်တော့ သူတို့နှစ်ဦးအတွက် အိပ်ရာသည် လုံလုံလောက်လောက် ကျယ်သည်။ သူမရဲ့ အိပ်စက်မှုပုံစံသည် ဆိုးဆိုးရွားရွားမဟုတ်။ ပြီးခဲ့သော ညအနည်းငယ်တွင် ၎င်းတို့နှစ်ဦးသည် တိကျသောနယ်နိမိတ်များကို သတ်မှတ်ခဲ့ကြပြီး အချင်းချင်း ငြိမ်းချမ်းမှုရရှိခဲ့ကြသည်။ မထင်မှတ်ပဲ၊ ထိုနယ်နိမိတ်များသည် ယနေ့ ကျိုးပြတ်သွားသည်။

 

 

သူမသည် အစပြုခဲ့သူဖြစ်သည်။

 

 

ငြိမ်သက်သောလေထုထဲတွင် ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။

 

 

Morning …” ယဲ့အန်းသည် သူမ၏ သတ္တိကို ဆင့်ခေါ်ကာ ထိုအခြေအနေကို ဖြေလျှော့ရန် ကြိုးစားသည်။

 

 

သို့သော် သူမပြောပြီးသည်နှင့် သူမသည် အညှာအတာမဲ့စွာ တွန်းထုတ်ခြင်းခံလိုက်ရသည်။

 

 

ရှဲ့ရှောသည် မျက်မှောင်ကြုတ်ကာ အိပ်ယာမှထ၍ သူမကို အထင်အမြင်သေးပုံပေါ်နေသည်။

 

 

“…”

 

 

ယဲ့အန်းသည် သူမ၏ ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ခံစားရပြီး သူ့ကို ကျိန်ဆဲလိုက်ချင်သည်။

 

 

မျက်စိကွယ်ခြင်းအတွက် ငါ နင့်ကိုမဝေဖန်ဘူး။ နင်က ငါ့ကိုဘာအတွက် ဝေဖန်နေရတာလဲ။

 

 

သူမသည် ငုံ့ကြည့်ကာ သူ့ခန္ဒာကိုယ် တစ်စိတ်တစ်ပိုင်းကို စကင်န်ဖတ်ကာ ရုတ်တရက် မေးချင်နေသည် - သင်သည် ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားတဲ့ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက် မဟုတ်ဘူးလား။ အဲဒီ့အတွက် မင်းမှာ လိုအင်ဆန္ဒတွေ မရှိဘူးလား။

 

 

ရှဲ့ရှောသည် သူမ၏ ပုတ်ခတ်ပြောဆိုသော အတွေးများကို မကြားနိုင်ဘဲ ရေချိုးခန်းထဲသို့ ဝင်သွားသည်။

 

 

ယဲ့အန်းသည် သူမကိုယ်ကို ဂွမ်းစောင်နှင့် ပတ်ကာ ကုတင်ပေါ်တွင် ခဏထိုင်နေသည်။ အိပ်ယာက မထခင်တွင် ဒေါသကို ဖြေဖျောက်ရန် ခေါင်းအုံးကိုထုထောင်းလိုက်သည်။

 

     —-

 

မနက်ခင်းကတည်းက သူမစိတ်မချမ်းသာမှုကြောင့် ယဲ့အန်းသည် ရှဲ့ရှောကို နေ့ခင်းဘက်တွင် လျစ်လျူရှုခဲ့သည်။ ယင်းအစား၊ သူမအား ရှီရွှမ်းရွှမ်းပေးထားသည့် ဇာတ်ညွှန်းအသစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် အာရုံစိုက်ခဲ့သည်။

 

 

သာမန်အားဖြင့် ဆူညံနေသောလူသည် ရုတ်တရက် တိတ်ဆိတ်သွားသဖြင့် ရှဲ့ရှောသည် အခြေအနေကို မထင်မှတ်ဘဲ အနည်းငယ် ကျင့်သားမရသလို ခံစားလိုက်ရသည်။ သူမ ထွက်သွားသလိုမျိုး မခံစားရဘဲ စာမျက်နှာလှန်လိုက်သော ထပ်ခါတလဲလဲ အသံကို သူကြားနေရသည်။

 

 

သူ မျက်မှောင်ကြုတ်ပြီး ဖော်မပြနိုင်သော စိတ်တိုမှုကို ရင်ဘတ်ထဲတွင် တိုးဝင်လာသလို ခံစားလိုက်ရသည်။

 

 

သူတို့အဖိုးသည် မနက်ခင်းမှာ မိတ်ဆွေတွေနဲ့တွေ့ဆုံရန် အပြင်ထွက်သွားသဖြင့် သူတို့ နှစ်ဦးသာ နေ့လည်စာ စားနေကြသည်။ ရှဲ့ရှောသည် သူ၏ထမင်းစားတူကို လှုပ်ရုံသာလှုပ်ပြီး ပန်းကန်လုံးကို ချကာ လှေကားမှ တက်သွားသည်။

 

 

ယဲ့အန်းသည် အရသာရှိစွာ စားခဲ့သည်။ သူထွက်သွားသည်ကိုမြင်၍ သူမစိတ်ရှုပ်သွားသည်။ အခုကရော ဘာလဲ? ဟင်းလျာတွေက သူ့အကြိုက်မဟုတ်ဖူးလား။

 

 

စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်သည်။ အားလုံးသည် မျက်စိပသာဒရှိပြီး အရသာရှိလှသည်။ ဟင်းလျာများကို သူ့စိတ်ကြိုက်ချက်ပြုတ်ထားပြီး၊ တစ်ခုခုများ မမှားလုပ်ခဲ့မိသလား!

 

 

သခင်ကြီး၏ ဒေါသကြောင့် သူသည် အမှုထမ်းရန် အလွန်ခဲယဉ်းခဲ့သည်။

 

 

သူ့ကို စိတ်ထဲမှ လှောင်ပြောင်ပြီးနောက် ယဲ့အန်းက အန်တီ ကျိုးကို နောက်မှ ဗိုက်ဆာတာ မဖြစ်စေရန် သူ့အတွက် နောက်ထပ် ဟင်းချိုပန်းကန် ပြင်ဆင်ခိုင်းထားလိုက်သည်။

 

 

     —–

 

စားပြီးပြီးချင်း ယဲ့အန်းက အပေါ်ထပ်သို့ လိုက်တက်သွားသည်။

 

 

ရှဲ့ရှောသည် ထုံးစံအတိုင်း သူ၏ချစ်လှစွာသော ဆိုဖာပေါ်တွင် ညိုမှိုင်းနေသော မျက်နှာဖြင့် ထိုင်နေသည်။ မသိသေးတဲ့သူတွေအတွက်တော့ တစ်စုံတစ်ယောက်က သူ့ကို စော်ကားခဲ့တာလို့ ယူဆနိုင်သည်။

 

 

ယဲ့အန်းသည် မူလက သူ့ကို လျစ်လျူရှုချင်သော်လည်း မနေ့ညက ရှီရွှမ်းရွှမ်းအား မည်သို့ကြွားလုံးထုတ်ခဲ့သည်ကို တွေးပြီးနောက် သူမ စိတ်ကိုလျော့ချလိုက်သည်။

 

 

ဘာဖြစ်ဖြစ်လေ။ တစ်စုံတစ်ယောက်ကတော့ ဘယ်အချိန်မှာ အပေးအယူ လုပ်ရမယ်ဆိုတာ အမြဲသိထားသင့်တယ်။

 

 

"ဘာဖြစ်လို့လဲ? ရှင့်ဗိုက်ထဲက အဆင်ပြေရဲ့လား" သူမသည် သူ့ဆီသို့ လျှောက်လာပြီး နူးညံ့သောလေသံဖြင့် မေးလိုက်သည်။

 

 

ရှဲ့ရှောသည် သူမ၏ မေးမြန်းချက်များကို မကြားချင်ယောင်ဆောင်ပြီး တုံ့ပြန်ခြင်းမရှိပေ။

 

 

ယဲ့အန်း ဒေါသ ဖြစ်သွားသည်။

 

 

"ဒီမှာ မစ္စတာရှဲ့ ရှင့်ကို တစ်ခုခု သင်ပေးဖို့ လိုနေပုံရတယ်" သူ့ဘေးတွင်ဝင်ထိုင်ပြီး သူ့ကိုမော့ကြည့်လိုက်သည်။

 

 

စိတ်ပိုင်းဆိုင်ရာ ငြင်းပန်းနှိပ်စက်တာကလည်း အိမ်တွင်း အကြမ်းဖက်မှုတစ်မျိုးပဲ။ ကျွန်မတို့ အိမ်ထောင်ကျတာ ရက်ပိုင်းပဲရှိသေးတယ် အိမ်တွင်းအကြမ်းဖက်မှုတွေ ကျူးလွန်နေပြီလား? ရှင့်ရဲ့ အပြုအမူတွေက ဘောင်ကျော်နေတာ မဟုတ်ဘူးလား။"

 

 

ဤကဲ့သို့ ပြင်းထန်သောစွပ်စွဲချက်ဖြင့် ရှဲ့ရှော သည် နောက်ဆုံးတွင် သူ၏တိတ်ဆိတ်နေမှုကို ရပ်တန့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာရှင့်ရဲ့စကားတွေကို မေ့သွားပြီလား။ အိမ်ထောင်ပြုပြီးရင် တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးသလို လက်တွေ့မကျတဲ့ ထင်ယောင်ထင်မှားမှုတွေလည်း ရှိမှာ မဟုတ်ပါဘူး ဆိုတာလေ

 

 

     “……”

 

 

သူနဲ့ ပုံမှန်စကားပြောတဲ့အခါ သူက သူမကိုလျစ်လျူရှုတာကို သဘောကျသည်။ ဒါပေမယ့် ဒီလိုပြဿနာများကို ဆွေးနွေးတဲ့အခါမှာတော့ ငြင်းလို့မရအောင် အမြဲလုပ်တတ်သည်။

 

 

သူဘာကြောင့်ဒီလောက် အငြင်းသန်နေရတာလဲ။

 

 

ယဲ့အန်း ဒေါသအရမ်းထွက်ပြီး အသည်းပါနာသည်။ သူမက "ကျွန်မတို့ အချစ်မဲ့အိမ်ထောင်ရေးမှာတောင် ရှင်က ကျွန်မကို ရက်စက်ရတယ်လို့ မဆိုလိုဘူး!"

 

 

 "ဒါ့အပြင်၊ ဒါက လက်တွေ့မကျတဲ့ ထင်ယောင်ထင်မှားမှုတစ်ခုလို့ ဘာလို့ထင်ရတာလဲ။ ရှင် ကျွန်မကို သနားပြီး ချစ်ဖို့ မတောင်းဆိုဘူး။ ငါတို့မှာ အခြေခံ လေးစားမှုလေးတော့ ရှိသင့်တယ်မဟုတ်ဘူးလား"

 

 

ရှဲ့ရှော တိတ်ဆိတ်သွားပြန်သည်။ သူ့အကြည့်တွေက နက်ရှိုင်းပြီး နှုတ်ခမ်းတွေက တင်းတင်းဖိပိတ်ထားသည်။

 

 

ယဲ့အန်းသည် သူ၏အမူအရာကိုကြည့်ကာ သက်သာရာရကြောင်း အရိပ်အယောင်ကို တွေ့လိုက်ရသည်။ သူမသည် အခွင့်အရေးရခိုက်တွင် "ဒါဆိုရှင့်ကို တခြားတစ်ခုမေးမယ်၊ ရှင် မကြားချင်ယောင်မဆောင်နဲ့၊ Brilliant Dreams Culture က ရှဲ့မိသားစု အောက်မှာ ရှိတာမလား"

 

 

ရှဲ့ရှောက အေးစက်စွာတုန့်ပြန်သည်။ "မင်းဘာလို့ဒီအကြောင်းမေးနေတာလဲ"

 

 

ယဲ့အန်းသည် သူ့အနားသို့ တိုးကပ်လာပြီး ပခုံးပေါ် မှီလိုက်သည်။ သူမက မျက်မှောင်ကြုတ်လျက်သူတို့ကုမ္ပဏီမှာ အန်နီမေးရှင်းဌာနတစ်ခုရှိတယ်၊ ပြီးတော့မကြာသေးခင်ကမှ ထုတ်ဝေ...”

 

 

သူမ စကားမဆုံးမီ တစ်စုံတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်သည်။

 

 

တံခါးကို မပိတ်ထားခဲ့ပေ။ ယဲ့အန်းသည် ရှဲ့ယွိရန် သူတို့ဆီလှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာမှာ သုံသပ်ရန်ခက်ခဲသည်။

 

 

သူက လှမ်းခေါ်လိုက်သည်။အစ်ကိုကြီး

 

 

သူ ဒီအချိန်မှပဲ ဝင်လာရသလား။ ယဲ့အန်း အနည်းငယ်စိတ်ပျက်သွားသော်လည်း သူမသည် လောလောဆယ်တွင် သူမစကားလုံးများကို မျိုချလိုက်ရသည်။ ရှဲ့ရှောကို လွှတ်လိုက်ပြီး သူ့ပခုံးမှ ဖယ်လိုက်သည်။

 

 

ရှဲ့ယွိရန်သည် ကုမ္ပဏီ၏ အရေးကိစ္စကြောင့် ရှဲ့ရှောကိုရှာရန်လာသောကြောင့် သူမနားထောင်ရန် မသင့်တော်ပါ။ သူမသည် စာကျက်ရုံသာကျန်တော့သည်။

 

 

မဝင်လာမီ၊ ရှဲ့ယွိရန်သည် ဖော်မပြနိုင်သော အမူအရာဖြင့် သူမကို တစ်ချက်လှမ်းကြည့်သည်။

 

 

ယဲ့အန်း - ငါ တစ်ခုခုမှားခဲ့လို့လား။ ခင်ပွန်းဖြစ်သူနှင့် ကလူကျီဆယ်နေခြင်းက ရာဇ၀တ်မှုတစ်ခုလား။

 

 

ယဲ့အန်းသည် အိပ်ခန်းထဲသို့ ထူးထူးခြားခြား ပြန်ရောက်လာသည်။

 

 

သူ့ဖုန်းက ရုတ်တရက် နှစ်ကြိမ်မြည်လာသည်။ အလုပ်ခွင် group chat တွင် မက်ဆေ့ဂျ်အသစ်များ ပေါ်လာသည်။

 

 

ရှန်းချွမ် - [@ယဲ့အန်း]

 

 

ရှန်းချွမ် - [မနေ့က ရှီရွှမ်းရွှမ်း ပို့လိုက်တဲ့ ဇာတ်ညွှန်းထဲက အပိုင်းအနည်းငယ်ကို မှတ်တမ်းတင်ပါ။ ပြည်သူ့ဆက်ဆံရေးအဖွဲ့က အဲ့ဒါကိုအသုံးပြုချင်တယ်။]

 

 

ယဲ့အန်းက အကြောင်းပြန်ရန် ဖုန်းကို လော့ခ်ဖွင့်လိုက်သည် - [အဲဒါကို မှတ်တမ်းတင်ဖို့ ကွန်ပျူတာသုံးလို့ရလား။ ဒါမှမဟုတ် အသံသွင်းစတူဒီယိုကို သွားရမှာလား။]

 

 

ရှန်းချွမ် - [ကွန်ပြူတာဆို အဆင်ပြေတယ်။]

 

 

ရှန်းချွမ် - [မှတ်တမ်းတင်ချင်တဲ့အပိုင်းကို ပို့ပေးဖို့ ရန် ရှီရွှမ်းရွှမ်းကို တောင်းဆိုနိုင်တယ်။]

 

 

မကြာခင်မှာပဲ ရှီရွှမ်းရွှမ်းက အီလက်ထရွန်းနစ်ဖိုင်တစ်ခု ပေးပို့လာသည်။

 

 

ယဲ့အန်းသည် သူမ၏ကွန်ပြူတာသို့ မပြောင်းမီ ၎င်းကို အပေါ်ယံဖတ်လိုက်သည်။ နားကြပ်တပ်ပြီး အခန်းထဲတွင် တိုက်ရိုက်အသံသွင်းလိုက်သည်။

 

     —-

 

စတူဒီယိုတွင်။

 

 

ကန့်လန့်ကာများ တစ်ဝက်စီဖွင့်ထားပြီး နေ့လည်ခင်းအလင်းရောင်သည် ထွင်းဖောက်ဝင်ရောက်၍ ဖြာကျတောက်ပလာသည်။ ရှဲ့ယွိရန်သည် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများက အံ့အားသင့်သည့် အရိပ်အယောင်တောက်ပလာသည်။

 

 

သူက ရှဲ့ရှော ဘက်လှည့်ပြီး "ဒါရိုက်တာဘုတ်အဖွဲ့ဘက်မှာ လွန်ခဲ့တဲ့ နှစ်လလောက်အတွင်း အခြေအနေတွေ နည်းနည်း ငြိမ်သွားတယ်။ သို့ပေမဲ့ ပုဂ္ဂလိကက ဂနာမငြိမ်ဖြစ်နေသော ပုဂ္ဂိုလ်များလည်း ရှိပါသေးတယ်

 

 

ရှဲ့ရှောက လျစ်လျူရှုပြီး "ဘယ်သူက အစပြုခဲ့တာလဲ"

 

 

ရှဲ့ယွိရန် - "ဝူဝမ်ချီ"

 

 

ရှဲ့ရှောက မျက်မှောင်ကြုတ်ပြီးသူ့မှာတရားမ၀င်ကလေးတစ်ယောက်ရှိတယ်။ စုံစမ်းဖို့ လူတွေကို ရှာပါ"

 

 

ရှဲ့ယွိရန်က သဘောတူပြီး နောက်ထပ် ကိစ္စအချို့ကို ပြောခဲ့သည်။ နောက်ဆုံးအနေနဲ့ ကုမ္ပဏီရဲ့ ပရောဂျက်တွေကို ပြောပြခဲ့သည်။ ရှဲ့ရှောက ရုတ်တရက် စကားပြန်မဖြေခင် ခဏလောက် နားထောင်ပြီး "နောက်နောင် ဒီကိစ္စတွေကို ငါ့ဆီ သတင်းပို့စရာ မလိုတော့ဘူး။ မင်းကိုယ်တိုင် ထိန်းသိမ်းဆောင်ရွက်နိုင်တယ်။"

 

 

ရှဲ့ယွိရန် အံ့အားသင့်သွားသည်။

 

 

အလင်းရောင်သည် တိတ်တိတ်ဆိတ်ဆိတ် ထွန်းလင်းနေပြီး စာသင်ခန်းသည် တိတ်ဆိတ်သွားသည်။

 

 

သူသည် ရှဲ့ရှော၏ နက်မှောင်သော မျက်လုံးများကို ကြည့်ကာ သူ့အမူအရာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသည်။ သူ တစ်ခုခုပြောချင်သော်လည်း ပြောဖြစ်ခဲ့ပေ။

 

 

ရှဲ့ယွိရန် ထွက်သွားပြီးနောက်၊ ရှဲ့ရှောသည် အိပ်ခန်းထဲသို့သွားရန် မထမီ စတူဒီယိုတွင် ခဏထိုင်နေခဲ့သည်။

 

 

အိပ်ခန်းတံခါးအပြင်ဘက်သို့ လျှောက်သွားကာ တံခါးကိုတွန်းဖွင့်လိုက်သည်။ မဝင်ခင်တွင် အတွင်းမှ အော်ဟစ်ငိုယိုနေတဲ့ အမျိုးသမီးအသံကို ကြားလိုက်ရသည်။

 

 

“…ငါ့ဗိုက်ထဲကကလေးက နင့်ကလေးမဟုတ်ဘူး နင်နဲ့လည်း မဆိုင်ဘူး။ ငါ့ကိုလာမရှာပါနဲ့တော့!"