ဂုဏ်မြင့်သူရယ်
အပိုင်း ၁၂
အိပ်ခန်းအတွင်းတွင်-
ယဲ့အန်းသည် နောက်ဆုံးစကားနှစ်ခွန်းကို ဖတ်ရှုပြီးနောက် ရေတစ်ငုံသောက်လိုက်သည်။ သူမ၏ အသက်ရှုသံအောက်တွင် ညည်းညူရင်း “ဒါက ဘယ်လိုမျိုး တေးသရုပ်ဖော် ဒိုင်ယာလော့မျိုးလဲ”
သူမ နားကြပ်ကို ချိန်ညှိပြီး ပြန်ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။ အမှားရှာရန် နားထောင်ဖို့ ကြိုးစားနေစဥ် အလယ်တန်းတံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။
လှုပ်ရှားမှုသည် အတော်အတန်ကျယ်လောင်သည်။ အသံကို ယဲ့အန်း ကြားလိုက်သောအခါ သူမ လှည့်ကြည့်လိုက်ရာ၊ရှဲ့ရှောသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုလက်ပူးလက်ကျပ်မိသကဲ့သို့ ခက်ထန်သောအမူအရာဖြင့် တံခါးဝတွင် ရပ်နေသည်။
နားကြပ်များတွင်၊ သူမအသံသွင်းထားသော စကားစုများကို ပြန်ဖွင့်ထားသည် -
“…ငါ့ဗိုက်ထဲကကလေးက နင့်ကလေးမဟုတ်ဘူး နင်နဲ့လည်း မဆိုင်ဘူး။ ငါ့ကိုလာမရှာပါနဲ့တော့!"
ယဲ့အန်း - “……………………”
…အဲဒါကြီးက
ဆိုးရွားလိုက်တာ။
လေထုသည် အေးခဲသွားသည်။
ယဲ့အန်းသည် ထိုလူ၏ နက်မှောင်သောအမူအရာကို စိုက်ကြည့်နေသည်။ သူမ ခေါင်းကို မိုးကြိုးထိမှန်သွားသလို ခံစားလိုက်ရပြီး ရင်တွင်း၌ ပူလောင်နေခဲ့သည်။
သူမ ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်လိုက်သည်။
"ရှင်တို့ နှစ်ယောက်လုံး ဆွေးနွေးပြီးပြီလား"
……
တိတ်ဆိတ်နေသော အခန်းထဲတွင် အပ်ပြုတ်ကျသံကိုပင် ကြားနိုင်လောက်သည်။
ရှဲ့ရှောက စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေကာ သူ့အမူအရာက မှုန်ကုပ်နေသည်။ သူ့ခန္ဓာကိုယ်က အမှန်တကယ်လှည့်စားခံလိုက်ရသကဲ့သို့ အေးစက်သောလေထုကို ထုတ်လွှတ်လိုက်သည်။
အရှက်တရားမှ ရုန်းထွက်ရန် အချိန်အတော်ယူလိုက်ရသည်။ ရှင်းပြရန် သူမကိုယ်သူမ ကြိုးစား၍ တွန်းအားပေးလိုက်ရသည်။"ကျွန်မက အသံသွင်းနေတာပါ၊ ဒီစကားစုက ဇာတ်ညွှန်းထဲမှာပါတာ..."
ရှဲ့ရှောသည် အခန်းထဲမှ မထွက်မီ မတုံမလှုပ် ခဏကြာ ငြိမ်သက်စွာ ရပ်နေသည်။
အခန်းတွင်းရှိ ဖိအားများ ချက်ချင်းကျဆင်းသွားကာ ယဲ့အန်းသည် သက်ပြင်း အရှည်ကြီး ရှုထုတ်လိုက်သည်။ သူမသည် လတ်လတ်ဆတ်ဆတ် အသံသွင်းထားသော အသံကို ပြည်သူ့ဆက်ဆံရေးအဖွဲ့ထံ ပေးပို့ပြီးနောက် ရှီရွှမ်းရွှမ်းဆီ ဇာတ်ညွှန်းကို screenshot ပေးပို့ခဲ့သည်။
ယဲ့အန်း - [screenshot]
ယဲ့အန်း - [ဘယ်လို ညစ်ပတ်တဲ့ dialogမျိုးကို ရေးခဲ့တာလဲ?!!!]
ယဲ့အန်း - [ဒီထက်ပိုပြီး မြူးမြူးကြွကြွ လုပ်ပေးနိုင်မလား?!!]
စာသားများမှ ထွက်လာသော ဒေါသကို ဖုန်းဖန်သားပြင်မှပင် ခံစားရနိုင်သည်။
ရှီရွှမ်းရွှမ်း - [???]
ရှီရွှမ်းရွှမ်း - [ဒါက ဝတ္ထုရဲ့ dialogကနေ ကူးယူဖထားတာ။ ငါနဲ့ဘာဆိုင်လို့လဲ။]
ရှီရွှမ်းရွှမ်း - [ဒါက စာရေးသူရဲ့ မူလလက်ရာကို လေးစားခြင်းလို့ ခေါ်တယ်။]
ယဲ့အန်း - ... ဒီပရောဂျက်ကို လက်ခံဖို့ ရှန်းချွမ်ရဲ့ တောင်းဆိုချက်ကို ဘာလို့ သဘောတူခဲ့မိတာလဲ။
ရှီရွှမ်းရွှမ်း - [ဟွန့် ၊ အဲဒီ " Rich and Powerful Lovable Wife " က အဝေးကိုထွက်ပြေးတဲ့ဇာတ်ကွက်ကြောင့် လူကြိုက်များလာတာလေ။ ဘာကပြဿနာလဲ။]
ရှီရွှမ်းရွှမ်း - [နင် စမ်းကြည့်ပါလား၊ နင့်ရဲ့ချမ်းသာပြီး တန်ခိုးကြီးတဲ့ခင်ပွန်းနဲ့ ကလေးယူလိုက်။ နောက်မှ ထွက်ပြေးပြီး သူ့ကို ပြန်ချော့ခိုင်း။]
ယဲ့အန်း - […]
ရှဲ့ရှောနဲ့ ကလေးမွေးပြီး ထွက်ပြေးရမှာတဲ့လား။
ယဲ့အန်းသည် အခြေအနေကို တွေးကြည့်ကာ ကျောချမ်းလာသည်။ သူမ ရူးများရူးနေသလား။
—–
ရှဲ့ရှော သည် အိပ်ခန်းမှ ထွက်သွားသောအခါ သူသည် စာဖတ်ရင်း ရှောင်နေလိုက်ပြီး တံခါးကိုပင် သော့ခတ်ထားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူဘယ်လောက်ပဲ စိတ်တိုနေပါစေ တံခါးကို ဘယ်သောအခါမှ သော့ခတ်မထားခဲ့ချေ။ ယဲ့အန်းက အနည်းငယ်စိုးရိမ်သွားသည်။ အလုပ်ကိစ္စများပြီးသောအခါ စွပ်ပြုတ်တစ်ပန်းကန် ယူလာကာ တံခါးခေါက်လိုက်သည်။
တုံ့ပြန်မှုအလျှင်းမရှိ၊ ပုံမှန်ပြောနေကျ စကားဖြစ်သော “ မလိုဘူး ”ပင်မကြားရ။
"ကျွန်မ ရှင့်ကို နှောင့်ယှက်ဖို့ မကြိုးစားဘူး။ ရှင့်အတွက်စွပ်ပြုတ်ယူလာပေးတာ။ ကျွန်မပြီးရင် ထွက်သွားမှာ” ၊ ယဲ့အန်းက အမှန်အတိုင်း ပြောသည်။
အချိန်အတော်ကြာအောင် စောင့်ခဲ့သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။
အခန်းကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး သူတို့ကမ္ဘာနှစ်ခုကို ခွဲခြားထားသည်။
ပြတင်းပေါက် အပြင်ဘက်တွင် တိမ်မည်းများက နေကို ဖုံးကွယ်ထားသည်။ သစ်ပင်များသည် ပြင်းထန်စွာလှုပ်ခါနေပြီး ရာသီဥတုပြောင်းလဲမှုကို အချက်ပြနေသည်။
"ရှဲ့ရှော?"
သူမ တံခါးခေါက်တယ်။
တုံ့ပြန်မှု မရှိခဲ့ပါ။
ယဲ့အန်း စိတ်ပျက်လက်ပျက်လာသည်။ အချိန်အတော်ကြာအောင် စောင့်ပြီး နောက်ဆုံးတွင် ဟင်းချိုကို တံခါးအပြင်ဘက်တွင်ထားခဲ့သည်။
ညဘက်တွင် မိုးသည်းထန်စွာရွာသည်။
အဖိုးပြန်လာသောအခါ ယဲ့အန်း တစ်ယောက်တည်း အောက်ထပ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူကမေးသည်။ "အားရှောဘယ်မှာလဲ"
ညစာကို ထမင်းစား စားပွဲပေါ်တွင် ပြင်ဆင်ပြီးဖြစ်သည်။ ယဲ့အန်း နောင်တရသလို ခံစားရပြီး ပြုံးလျက် “သူစာဖတ်နေတယ်၊ ကျွန်မသူ့ကိုသွားခေါ်လိုက်ပါ့မယ်”
သူမ အပေါ်ထပ်တက်ပြီး ရုံးခန်းတံခါးကို မျက်နှာမူလိုက်သည်။ သူဘာလုပ်ရမလဲ စိတ်ပူနေချိန်မှာပဲ တံခါးက ရုတ်တရက်ပွင့်လာသည်။
နောက်ဆုံးတွင် ရှဲ့ရှော ထွက်လာသည်။ သို့သော်ငြား သူ့မျက်နှာသည် ဖြူဖျော့နေပြီး ပုံမှန်ထက် ပိုရန်လိုပုံရသည်။
"ရှင်အဆင်ပြေရဲ့လား? အဘိုးက အခုပဲပြန်လာပြီး အောက်ထပ်မှာ ညစာစားဖို့ ရှင့်ကိုလာခေါ်ခိုင်းလို့ ”
သခင်လေး စိတ်ဆိုးနေတာကို မြင်လိုက်ရပြီး ယဲ့အန်းသည် သူ့ကို ခါတိုင်းလို မနောက်ပြောင်ရဲဘဲ ညင်သာစွာ ပြောလိုက်သည်။
ရှဲ့ရှောက သူ့နှုတ်ခမ်းတွေကို ပိတ်ထားပြီး သူမ၏စကားများကို လျစ်လျူရှုကာ ရှေ့ကို တောင့်တောင့်ကြီး လျှောက်သွားသည်။ ယဲ့အန်းသည် သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားကာ သူမ၏ အသက်ရှူသံကို တတ်နိုင်သမျှ ခပ်ဖွဖွရှုသွင်းသည်။
ညစာထမင်းဝိုင်းသည် အတော် မွန်းကျပ်ဖွယ်ကောင်းလှသည်။
ယဲ့အန်းသည် မျက်လွှာချကာ ပန်းကန်လုံးထဲရှိ ဆန်စေ့များကို ရေတွက်နေသည်။
အဖိုးက တစ်ခုခုမှားနေသည်ကို သတိပြုမိပြီး ချောင်းဖွဖွတစ်ချက်ဟန့်လိုက်သည်။ သူက ရှဲ့ရှော ကိုမေးသည်။
" ရှောင်ရန်က နေ့လည်က စောစောရောက်လာတာလား?"
ရှဲ့ရှော သည် သူ၏ တူများကို ချလိုက်ပြီး "အင်း" ဖြင့်သာ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
အဘိုးသည် တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ စကားမပြောမီ ခဏရပ်လိုက်ပြီး “သူက အတွေ့အကြုံနည်းလွန်းတယ်။ သူ့ကို သတိထားပါ။ ”
ရှဲ့ရှော က ခေါင်းငုံ့ပြီး “သူ ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်။ အဖိုး စိတ်ပူမနေပါနဲ့ "
သူ့တုံ့ပြန်မှုက တိုတောင်းသော်လည်း ယဲ့အန်းသည် ကြောက်ရွံ့နေခဲ့သည်။
အဘိုးက ရှဲ့ယွိရန်ကို ရှဲ့ရှော နေရာတွင် အစားထိုးလိုသည်ဟု အဘိုးပြောနေခြင်းလား။
ရှဲ့ပိုင်ယန် ကရော ဘယ်လိုလဲ။ ဒါကို သူသဘောတူလား။
သူမ မှန်းဆနေချိန်တွင် အဘိုးက ရုတ်တရက် ပြောသည်။"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါနာမည်ကြီး ဆေးပါမောက္ခတစ်ယောက်နဲ့ မင်းကို ဆေးစစ်ဖို့ ချိန်းထားတယ်။"
လွန်ခဲ့သည့်ငါးလအတွင်း ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများဆီ ဆက်သွယ်ခဲ့သော်လည်း အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရသည်။ ရှဲ့ရှော သည် ထိုကိစ္စနှင့်ပတ်သက်ပြီး အချိန်အတော်ကြာခဲ့ကတည်းက ခံစားချက်တစ်စုံတစ်ရာမရှိတော့သဖြင့် တည်ငြိမ်စွာတုံ့ပြန်ပြီး ထမင်းစားပွဲမှထွက်လာခဲ့သည်။
အဖိုးအိုက သူ့ကိုကြည့်ကာ သက်ပြင်းချသည်။ သူသည် ယဲ့အန်း၏အကူအညီကို တစ်ဖန်ရှာကာ "အန်အန်း၊ မင်း အားလပ်တယ်ဆိုရင် သူ့ကို သွားနှစ်သိမ့်ပြီး လမ်းလျှောက်ထွက်ဖို့ခေါ်ပါ။"
ယဲ့အန်းသည် ညင်သာစွာ ပြုံးလိုက်သော်လည်း အတွင်းစိတ်တွင် မောပန်းနွမ်းနယ်နေသည် - ငါ အကောင်းဆုံး ကြိုးစားထားပြီးသား။
ရိုးရိုးသားသားပြောရလျှင် ရှဲ့ရှော၏ လက်ရှိစိတ်နေစိတ်ထားကို သူမနားလည်နိုင်သည်။ အမြင့်ဆုံးကို တွေ့ကြုံပြီးနောက် အနိမ့်ဆုံးကို ဘယ်လို ရပ်တည်နိုင်မလဲ။
ထို့အပြင် ရှဲ့ရှောသည် မာနကြီးသူဖြစ်သည်။
——
မိုးက ညဘက်အထိ ဆက်လက်ရွာသွန်းနေသည်။
ရေချိုးခန်းထဲမှ ရေသံကိုကြားရသည်။
ယဲ့အန်းသည် ကုလားကာများကို တစ်ဝက်တစ်ပျက်ပိတ်ကာ ပြတင်းပေါက်ကို မှီလျက် သူ့ဖုန်းကို မက်ဆေ့ချ်စစ်ကြည့်သည်။
ရှန်းချွမ်သည် အလုပ်အဖွဲ့ချတ်တွင် သူမနှင့် အခြားသရုပ်ဆောင်များထံ မက်ဆေ့ချ်ပို့ခဲ့သည်။ မနက်ဖြန် သူတို့ စတူဒီယိုကိုသွားပြီး ရေဒီယိုဒရမ်မာအသစ်များကို ရှာဖွေကြမည်ဖြစ်သည်။
ရှီရွှမ်းရွှမ်းက သူမကို သီးသန့် DM ပို့ခဲ့သည် - [မင်းမနေ့ညက မင်းခင်ပွန်းကို သွေးဆောင်ပြီး “Pharmacist” ပရောဂျက်ကို ရအောင်ယူမယ်လို့ မင်းပြောတာမဟုတ်ဘူးလား။အဲ့တာ ဘာဖြစ်သွားလဲ?]
သူမ လိမ်ညာပြောပြီးပြီဖြစ်၍ နောက်ပြန်လှည့်ရန်အကြောင်းမရှိ။
ယဲ့အန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောသည် - [မစ်ရှင် လုပ်ဆောင်နေသည်၊ ပြီးခါနီးပြီ။]
ရှီရွှမ်းရွှမ်းသည် သူမ၏ လုပ်ရပ်များကို ယုံကြည်ခဲ့ပြီး မည်သည့်အရာကိုမျှ သံသယမရှိခဲ့ပေ။ မကြာမီတွင် သူမသည် စောင့်မျှော်နေသော အီမိုဂျီနှင့် စိတ်လှုပ်ရှားနေသော အသံမက်ဆေ့ချ်ဖြင့် ပြန်ပြောခဲ့သည်။ " industry’s godတွေ နဲ့ အွန်လိုင်းကာရာအိုကေ ပါတီတစ်ခု ရှိတယ်။ နင် လာချင်လား"
ယဲ့အန်းက အသံမက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။“တော်ပါပြီ၊ ငါ့ခင်ပွန်းကို မြူဆွယ်ရဦးမယ်”
မက်ဆေ့ပို့ပြီးသည်နှင့် ခြေသံများ ထွက်လာတယ်။ ယဲ့အန်းက ရေချိုးခန်းထဲမှထွက်လာသော ရှဲ့ရှောကို လှမ်းကြည့်လိုက်သည်။
အနက်ရောင် ၀တ်ရုံကို ခါးတွင် လျော့ရဲရဲ ချည်ထားသည်။ ပွင့်နေသော ကော်လာသည် သူ့ညှပ်ရိုးတစ်ပိုင်းကို ထင်ရှားနေစေသည်။ သူ့အမူအရာက နက်ရှိုင်းပြီး သူ့ဆံပင်များမှ ရေစက်များစီးကျနေသည်။
သူသည် သူမကို မျက်နှာမူလျက် သူ့အမူအရာမှာ “အို? မင်းငါ့ကို ဘယ်လိုမြူဆွယ်မှာလဲ။”လို့ပြောနေသယောင်ထင်ရသည်။
ယဲ့အန်း - “…”
သူမသည် အသံမက်ဆေ့ခ်ျကို ဘယ်တော့မှ မပို့တော့ပါ။
ဒီနေ့ အံ့အားသင့်စရာ အလှည့်အပြောင်းတွေ အများကြီးရှိသောကြောင့် ယဲ့အန်းက သူတို့ကို အေးအေးဆေးဆေး ရင်ဆိုင်ဖို့ သင်ယူထားပြီးသားဖြစ်သည်။ သူမ ဖုန်းကို ပိတ်လိုက်သည်။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ရှဲ့ရှောကို ဖြတ်လျှောက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။
ရေချိုးပြီးနောက် ယဲ့အန်းသည် ကုတင်ပေါ်တွင် ထိုင်ကာ သူမဘေးတွင် လှဲလျောင်းနေသော လူကို ကြည့်လိုက်သည်။ ထိုနေ့၏ အဖြစ်အပျက်များကို တွေးတောရင်း သူမသည် ခြုံထည်များအောက် တိုးဝင်ကာ သူ့ဘေးသို့ တွားသွားလိုက်သည်။ သူမ သူ့ကို လက်တို့ ၍ "ဟေ့ ဒီနေ့ ရှင်ဘာလို့ မကြည်မလင်ဖြစ်နေတာလဲ။ အဲဒီအကြောင်း ပြောပြချင်လား။"
ရှဲ့ရှောက တုံ့ပြန်မှုမရှိဘဲ မျက်လုံးဖွင့်ဖို့ပင် စိတ်မ၀င်စားချေ။
ယဲ့အန်းက မေးစေ့ကို ဆန့်လိုက်ပြီး သူ့နားထဲကို တိုးတိုးလေးပြောရင်း "စကားပြောရအောင်~"
နွေးထွေးသော အသက်ရှုသံက သူ့လည်ပင်းကို ဖြတ်ပြီး ယားယံလာသည်။ ရှဲ့ရှော စိတ်ရှုပ်သွားပြီး မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်သည်။
"မင်း အိပ်မှာလား၊ မအိပ်ဘူးလား" သူ့လေသံက အေးစက်နေပြီး သူ့စိတ်မရှည်မှုကို ထင်ဟပ်နေသည်။
…သူသည် တကယ်ကို ခံစားချက်မဲ့သော စက်တစ်ခုဖြစ်သည်။ သူ့ကို ဒီလို နှောင့်ယှက်ခြင်းက အလုပ်မဖြစ်နိုင်ပေ။
ပြန်မဖြေမီ ယဲ့အန်းသည် ငြိမ်သက်စွာ ထိုင်နေသည်။ "ကျွန်မ တစ်ခုခုကို တွေးနေတော့ အိပ်မပျော်ဘူး"
ရှဲ့ရှောဆီမှ "ဘာဖြစ်လို့လဲ"ဟု မေး၍ စကားစပျိုးရန် မျှော်လင့်နေခြင်းသည် ဖြစ်နိုင်ချေနည်းလွန်းသောကြောင့် သူမသည် သူမ၏ အစီအစဉ်ကို စွန့်လွှတ်ကာ တိုက်ရိုက်ဖွင့်ဟခဲ့သည်။
“နေ့လည်က
Brilliant Dreams Culture ကို ပြောခဲ့တာကို မှတ်မိလား။ သူတို့ကုမ္ပဏီက မကြာသေးခင်ကမှ တကယ့်နာမည်ကြီး anime ကို ဖန်တီးခဲ့ပြီး ကျွန်မတို့ စတူဒီယိုကို အသံသွင်းဖို့ရောက်လာတယ်။ စာချုပ်ကို ဆွေးနွေးပြီး လိုအပ်တာ အားလုံးလုပ်ပြီးပေမဲ့ တကယ်ကို ဆိုးသွမ်းတဲ့သူတစ်ယောက်က ချုပ်ကိုင်ထားတယ်၊ သူက ကျွန်မဆီကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ချင်နေတယ်။ ကျွန်မ သူ့ကို လျစ်လျူရှုလိုက်တော့ နောက်ဆုံးအခိုက်အတန့်မှာ သူ စိတ်ပြောင်းသွားတယ်။ ကျွန်မတို့နဲ့ လက်မှတ်ထိုးဖို့ငြင်းလိုက်တယ်”
ယဲ့အန်းခေတ္တရပ်လိုက်ပြီး ရှဲ့ရှော၏နားကို ကပ်ပြောရန် အနားသို့တိုးလိုက်သည်။
"ကျွန်မကို
ကူညီပေးလို့ရမလား?"
သူ့တုံ့ပြန်မှုကို စောင့်ကြည့်ရန် သူမ မော့ကြည့်လိုက်သည်။ သူဘာမှ မတုံ့ပြန်တာကိုမြင်၍ သူမ သွားများကို ဖိကြိတ်ကာ သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“ယောက်ျား…”
ရှဲ့ရှော၏ မျက်တောင်များ လှုပ်ခပ်လာသည်။
" Brilliant Dreams Cultureကို ရှဲ့ မိသားစုက ပိုင်တာလေ။ ရှင်သေချာပေါက်ကူညီနိုင်တယ် မဟုတ်လား။ ကျွန်မတစ်ကိုယ်စာအတွက် အဲ့anime ကို ကျွန်မတကယ်လိုချင်တာ မဟုတ်ဘူး၊ သူ့ရွံစရာမျက်နှာကို မမြင်ချင်တာ!"
ရှဲ့ရှောက မတုံ့ပြန်သေးပေ။
“ဒါက တောင်းဆိုမှုသေးသေးလေးတစ်ခုပါပဲ။ ရှင့်အတွက်လုပ်ရတာ အရမ်းလွယ်ပါလိမ့်မယ်။"
ယဲ့အန်းသည် သူ့ကို ပွေ့ဖက်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် ချမ်းအေးမှုကို လျစ်လျူရှုလိုက်သည်။ သူမ၏ အသံသည် ပျားရည်ကဲ့သို့ ချိုမြိန်ပြီး သူ့လက်မောင်းကို အပြန်ပြန်အလှန်လှန် လှုပ်ရမ်းနေလေသည်။
“ကျွန်မ ရှင့်ကို တောင်းဆိုနေတာပါ…”
နှစ်စက္ကန့်အကြာတွင် သူမ၏ သွယ်လျသောလက်မောင်းကို ဖယ်ရှားလိုက်ပြီး ထိုလူ၏ တုံးတိလေသံ ထွက်ပေါ်လာသည်။
“အိပ်တော့။”
“……”
ဒီကောင် ဒီထက်ပိုကောင်းကောင်းပြောနိုင်သေးလား။
ယဲ့အန်းသည် ငါးပူတင်းဖြစ်လုနီးပါးဒေါသထွက်သွားသည်။ သူမ သူ့ကို ကုတင်ပေါ်မှ ကန်ချလိုက်လုနီးနီးဖြစ်သည်။
သူမသည် သူ့ခန္ဓာကိုယ်တွင် တွယ်ကပ်နေသေးသည်ကို ခံစားလိုက်ရသဖြင့် ရှဲ့ရှောသည် ခပ်ခွာခွာနေပြီး သူမကို တွန်းလိုက်သည်။
ဆန့်တန်းထားသော လက်သည် ပျော့ပျောင်းပြီး လုံးဝန်းသော နေရာကို ထိသွားသည်။
“ရှင်-”
အသံက ရုတ်တရက်ရပ်သွားပြီး ယဲ့အန်းတစ်ကိုယ်လုံး အေးစက်သွားသည်။
သူ့အမြင်အာရုံတွင် အမှောင်ဖုံးနေသဖြင့် ရှဲ့ရှောသည် သူ့လက်ချောင်းများအောက်မှ နူးညံ့သိမ်မွေ့သောခံစားမှုကို ခံစားရပြီး လက်ချောင်းများကို မသိစိတ်က ရွှေ့လိုက်သည်။
“…”