အပိုင်း ၆
Viewers 676

အပိုင်း

 

 

နောက်တစ်နေ့မနက်ခင်းတွင် ပထမဆုံးအနေနှင့် ချင်လိုင်တိသည် အိပ်ရာစောစောမထနိုင်ပေ။ သူမသည် ရင်းနှီးနေသော နေရာတစ်ခုသို့ ရောက်သွားသည့် ခံစားချက်ကို ရနေသည်။ သစ်တော်ပင်ကြီးတစ်ပင် ပြတင်းပေါက် အပြင်ဘက်တွင် လေတိုက်ရာလမ်းကြောင်းအတိုင်း ယိမ်းနွဲ့လျက်ရှိသည်။

 

 

ဘာလို့စောစောမထတာလဲ တတိယအစ်မ

 

 

ရုတ်တရက် ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် ခေါင်းလုံးလုံးလေးတစ်လုံးသည် တံခါးကြားတွင် ပေါ်လာသည်။ ချင်လိုင်တိသည် သူမမျက်လုံးကို ပွတ်သပ်ပြီး သူမသည် ယခုပြန်လည်မွေးဖွားလာတာဖြစ်သည်။ အရင်ကလို လောင်ဟယ်၏ အကူအညီကိုယူရန် လိုအပ်သည့် အထီးကျန်နေသည့် မိန်းမအိုကြီးတစ်ယောက်မဟုတ်တော့ချေ။ သူမမျက်လုံးများကို မှေးစင်းလိုက်ပြီး

ဖန်တိလား

 

      

ထိုကလေးမလေးသည် ယမန်နေ့ညက အိမ်မပြန်လာပေ။ ထိုကလေးမတို့ ကျောင်းသည် ကျောင်းသားတွေကို စိုက်ပျိုးရေးပညာလေ့လာရန် လယ်ကွင်းတစ်ခုသို့ ကျောင်းလေ့လာရေး ခရီး လွှတ်သောကြောင့်ဖြစ်သည်။အဲ့ကနေ အိမ်ကို မနက်မိုးလင်းမှ ပြန်လာခြင်းဖြစ်သည်။ကျောင်းသားတွေအကုန်လုံး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ပညာရပ်များကို သင်ယူနေကြသည်။သူတို့အားလုံး ကြာရှည်ခံ အစာခြောက်များနှင့် အိပ်ရာများ ယူဆောင်လာကြပြီး တစ်လနီးပါး လယ်ကွင်းထဲတွင် နေထိုင်ကြသည်။

    

 

ကလေးမလေးသည် သူမ၏ တတိယအစ်မကို မြင်မြင်ချင်း အံ့ဩသည့်အကြည့်နှင့်ကြည့်နေခဲ့သည်။ သူမအစ်မသည် ယနေ့အနည်းငယ် ထူးဆန်းနေသည်ဟု သူမခံစားနေရသည်။ တွေ့တာကြာတာကြောင့် သူမအစ်မကို မမြင်ဖူးသလိုမျိုး ခံစားနေရသည်။

    

 

ဒီမှာနို့ဆန်ပြုတ်

  

 

နို့ဆန်ပြုတ်လို့သာပြောရပေမဲ့ အမှန်တွင် ပဲနှင့် ကန်စွန်းဥ ခြောက်တွေကို ရောနှောပြုတ်ထားသည့် စွပ်ပြုတ်ဖြစ်သည်။ ထိုအထဲတွင် ဆန်စေ့နှင့်တူသည့် အရာဆိုလို့ တစ်စေ့မျှမပါပေ။

     

 

ချင်လိုင်တိသည် ဖန်တိ၏ ခေါင်းလုံးလေးကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။ သူမလေးသည် အသက်၉နှစ်မျှရှိနေပြီဖြစ်သော်လည်း အာဟာရမပြည့်ဝမှုကြောင့် ၆နှစ် ၇နှစ် အရွယ်ဟုသာ ထင်ရသည်။ သူမလေး၏ ရှေ့သွားလေးတွေ မလဲသေးတာကြောင့် ရှဉ့်ပေါက်စလေးနှင် တူနေသေးသည်။

    

 

သူမလေးမိခင်သည် သူမကိုမွေးပြီးမကြာခင် ဖျားနာပြီး သေဆုံးသွားခဲ့သည်။ ဖန်တိသည် သူမနှင့် သွေးသားအရ မတော်စပ်သော်လည်း ချင်ကွေ့ဟွားသည် သူမလေးကို နှင်းတွေကျနေသော ညတစ်ည၌ တောင်ကုန်းများကြားတွင် ကောက်ယူမွေးစားခဲ့သည်။

 

 

သူမလေးသည် နှင်းကိုက်နာဒဏ်ရာများကြောင့် အဖျားကြီးကာ အသက်ကိုတောင် ကောင်းစွာရှုသွင်းနိုင်ခြင်းမရှိသည့် အခြေအနေထိတောင် ရောက်နေခဲ့သည်။နှစ်အတန်ကြာ ကျွေးမွေးပြုစုပြီးနောက်တွင် ချင်မိသားစုနှင့် တူညီသည့် ဝိုင်းစက်နေသည့် မျက်လုံးလေးများတောင် ရှိလာသည်။

      

 

ထိုကလေးမလေး၏ မျက်လုံးများသည် သာမန်ကလေးများနှင့် မတူကာ ကြည်လင်တောက်ခြင်းမရှိပဲ ရီဝေဝေနှင့် ဖြစ်နေသည်။ ထို့ကြောင့် ရွာကလူတွေသည် ဖန်တိကို ထက်မြက်ခြင်းမရှိပဲ ထုံထုံအအဖြစ်လိမ့်ဟု ပြောဆိုကြသည်။

    

 

တကယ်တမ်းတွင် ဖန်တိသည် တုံးအခြင်းမရှိပဲ အတော်လေးထက်မြက်သည်။ သူမလေးသည် အတန်းကို ရက်အနည်းငယ်မျှသာ တက်ရောက်သော်လည်း သချ်ာဘာသာတွင် အမှတ်ကောင်းများ အမြဲတမ်းရသည်။ သူမလေးသည် မူလတန်းကျောင်းတွင် ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်သည်။

    

 

ချင်လိုင်တိသည် ဆရာဝန်ဖြစ်ပြီးနောက် ထိုကဲ့သို့ရီဝေမှုန်မှိုင်းနေသော မျက်လုံးသည် ညဘက်တွင် မမြင်နိုင်သည့် ရောဂါဖြစ်နေကြောင်း သိရသည်။ သူမလေးအသက်၃၀ရောက်သောအခါ ဘယ်ဘက်မျက်လုံးသည် လုံးဝနီးပါးအမြင်ကွယ်သွားကာ ညာဘက်မျက်လုံးတစ်ဖက်ကိုသာ အားပြု၍ နေထိုင်ရသည်။

    

 

ချင်ဖန်တိသည် သူမလို အမြင်အာရုံမကောင်းသည့် မိမရှိ ဖမရှိကလေးတစ်ယောက်ကြောင့် အခြားမည်သူ့ကိုမျှ ဒုက္ခမများ စေချင်ခဲ့ပေ။ ထို့ကြောင့် သူမသည် အဘွားချင်သေဆုံးသွားသည်အထိ အိမ်ထောင်မပြုပဲနေထိုင်ကာ နောက်ဆုံးတွင် သီလရှင်အဖြစ် ဆံရိတ်သွားခဲ့သည်။

      

 

တတိယအစ်မ ဘာတွေအကြာကြီးစဉ်းစားနေတာလဲ

    

 

ဘာမှ မစဉ်းစားပါဘူး။ ငါတို့ရဲ့ စတုတ္ထကလေးလေးကို လွမ်းလို့လေကွယ်

   

 

 ဖန်တိသည် မယုံကြည်စွာနှင့် သူမနှာခေါင်းကိုရှုံ့ပြီး လူကြီးတစ်ယောက်လိုခေါင်းတဆတ်ဆတ်ငြိမ့်ကာအင်းးး တတိယအစ်မက အိမ်ထောင်ကျပြီးမှ အရင်ကထက် စဉ်းစားတတ်လာသလိုပဲ

    

 

 “ဟားဟား.ဒီကလေးမလေးကတော့ မဟုတ်တာတွေ ဘယ်သူ့ဆီကနေ သင်လာတာလဲ။ ဒါနဲ့လေ ငါတို့ဆန်အိုးထဲမှာ ဆန်ကုန်နေပြီလား

      

 

အပြစ်တင်ခံသင့်သူသည် သူမပင်ဖြစ်သည်။ အရင်ဘဝတွင် သူမသည် ကျောက်ချင်းစုန့်နှင့် လက်ထပ်ပြီးသောအခါ ဘဝမေ့ပြီး ချင်မိသားစုကို ဂရုစိုက်ရန် အချိန်မပေးခဲ့ပေ။ သူမကျောက်မိသားစုနှင့်အတူ စစ်တပ်ထဲတွင်နေထိုင်ပြီးသည့်နောက် ချင်မိသားစုထံသို့ တစ်နှစ်လျှင်နှစ်ခေါက်တောင် မပြန်ပဲ နေနိုင်ခဲ့သည်။ သူမလာလည်တိုင်းလည်း အဘွားချင်သည် သူမတို့စားဝတ်နေရေးကို မပူပင်ရန်သာ ပြောဆိုနေခဲ့သည်။

      

 

အခုချိန်တွင် သူမသည် အဘွားချင်နှင့် အငယ်ဆုံးလေးတို့ ဆာလောင်ခြင်းမရှိစေရန် မားမားမတ်မတ်ရှိနေပေးမည်ဖြစ်သည်။

    

 

ဖန်တိသည် အနည်းငယ်တွေဝေစွာဖြင့်  “ငါတို့ဆန်အိုးက ကုန်နေတာတော်တော်ကြာပြီလေ။ အရင်တစ်ခါက ဒုတိယအစ်မကို ဆန်နည်းနည်းယူခဲ့ပေးဖို့ ပြောလိုက်ပေမဲ့ သူ မေ့သွားတယ်ထင်တယ်

      

 

 ယခုအခြေအနေသည် ချင်မိသားစု လိုအပ်နေသည်မှာ အလုပ်ရမှတ်မဟုတ်ပဲ ပိုက်ဆံဖြစ်သည်။ သို့သော် ရွာကလူတိုင်းတွင် ပိုက်ဆံမရှိကြပေ။ လူတိုင်းသည် တပ်ရင်းမှပေးသည့် အခြေခံဝေစုလေးတွေနှင့် အသက်ရှင်ရပ်တည်နေကြတာဖြစ်သည်။

 

 

ချင်လိုင်တိသည် ဟယ်လျန်ရှန့် ပေးခဲ့သော ပိုက်ဆံကို သတိရကာ ခေါင်းအုံးအောက်မှ အလျှင်အမြန် ထုတ်ယူလိုက်သည်။ပိုက်ဆံအားလုံးပေါင်း ၁၅ယွမ်နှင့် စားစရာအချို့ဖြစ်သည်။ထိုအရာတွေသည် သူ့ဝေစုတွေကို ပေးထားခဲ့ခြင်းဖြစ်သည်။

     

 

ဒီတတိယခဲအိုက အရမ်းကြင်နာတတ်တာပဲ။ သူက သမီးတို့ကို ပိုက်ဆံတွေတောင် ပေးထားခဲ့သေးတယ််။အကြီးဆုံးခဲအိုနဲ့ ဒုတိယခဲအိုတို့ထက် ပိုကောင်းတယ်နော်

      

 

ကလေးမလေးသည် အိမ်ပြန်ရောက်ရောက်ချင်း သူမအဘွားသည် ပိုက်ဆံတွေရေတွက်နေတာ တွေ့ခဲ့ပြီး တတိယခဲအိုက ပေးခဲ့တာဟု ပြောပြခဲ့သည်။

   

 

ချင်လိုင်တိသည်အခုကစပြီး နင့်ခဲအိုက သူရသမျှ ပိုက်ဆံတွေ မမကို ပြန်အပ်လိမ့်မယ် ဟု ခလေးဆန်စွာ နူတ်ခမ်းဆူပြီး ပြောလိုက်မိသည်။

   

 

 ချင်လိုင်တိသည် တခစ်ခစ်ရီမောလိုက်ပြီး အကျီဝတ်ပြီးနောက် အခန်းထဲမှထွက်ပြီး ခြံဝန်းထဲသို့ ကြည့်လိုက်သည်။ ချင်မိသားစုသည် ရွာထဲတွင် ဆင်းရဲသည့် ပြောင်းရွှေ့သူတွေဖြစ်သည်။ သူမတို့သည် ရောင်းစားလို့ရသမျှ ပစ္စည်းတွေကို ရောင်းချထားသောကြောင့် အိမ်ထောင်ပရိဘောဂများ ရှိမနေပေ။ ခြံဝန်းအကျယ်သည် ၇မီတာ ၈မီတာလောက်သာ ကျယ်သည်။

     

 

သူမတို့ဆီတွင် အပူပေးအိပ်ရာတစ်ခုသာရှိကာ ဆောင်းရာသီရောက်လျှင်လည်း အပူပေး၍အသုံးပြုလို့ မရဖြစ်နေသည်။ ထို့ကြောင့် ညသန်းခေါင်တွင် အအေးဓာတ်ကြောင့် အိပ်မရဖြစ်သည်မှာ ပုံမှန်လိုဖြစ်နေသည်။

    

 

သူမတို့လို အဘွားအိုကြီးတစ်ယောက် မိန်းမငယ်လေးတစ်ယောက်နှင့် ကလေးငယ်လေးတို့သာ ရှိသောအိမ်ကို အနိုင်ကျင့်ချင်သူတွေလည်း ပေါများလှသည်။

 

 

အိမ်နီးနားချင်းတွေသည် သူမတို့ ခြံဝန်းကို ဖြေးဖြေးချင်း ကျူးကျော်ချင်နေကြသောကြောင့် ကာကွယ်နိုင်သည့်သူမှာ ၁၉နှစ်အရွယ် သူမတစ်ယောက်သာရှိသည်။ သူမတို့ခြံဝန်းကို တစ်လက်မလောက် ကျော်လာလျှင်

သူမဓားတွင် သွေးမြင်နေစေရမည်ဟု ကြိမ်းဝါးထားသည်။ အစပိုင်းတွင် အိမ်နီးနားချင်းတွေသည် မယုံကြည်ကြသောကြောင့် သွေးတိုးစမ်းကြသည်။ ထိုအခါ သူမသည် တကယ်ကို လူတစ်ယောက်၏ လက်ကို ဓားနှင့်ဖြတ်ပစ်ခဲ့သည်။

 

 

 နုနယ်လှပသည့် မိန်းကလေးတစ်ယောက်သည် ရက်စက်ကြမ်းကြုပ်သော အမှုကို အမှန်တကယ်လုပ်နိုင်ခဲ့သည်။ ထိုအချိန်မှစကာ မည်သူမျှ သူမတို့ကို မစော်ကားဝံ့တော့ပေ။

    

 

သူမတို့ အစ်မအကြီးဆုံးသည် အဘွားချင် အစားအသောက် သွားတန်းစီနေခိုက်တွင် ရွာလူဆိုးများ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ထိုလူသည် ညသန်းခေါင်တွင် နံရံကိုကျော်တက်လာကာ အိမ်ထဲဝင်ရောက်လာခဲ့သည်။ အစ်မအကြီးဆုံးသည် သေမတတ်ကြောက်လန့်ကာ မေ့မြောသွားခဲ့ရာ ချင်လိုင်တိသည် မီးဖိုချောင်သုံးဓားဖြင့် ပြန်လည်တိုက်ခိုက်သောကြောင့် ထွက်ပြေးသွားခဲ့သည်။

   

 

တစ်ရွာလုံး၏ မိန်းကလေးမပီသဟု အတင်းပြောခံခဲ့ရသော်လည်း သူမထံတွင် ပရိတ်သတ်အချို့လည်း ရခဲ့သည်။ သူမညီအစ်မများသာမက ရွာထဲရှိ ကလေးများ၏ ဆရာတင်မှုကိုလည်း ခံယူခဲ့ရသေးသည်။

    

 

သူမ အပြင်ထွက်လာတာကြောင့် ကလေးမလေးသည် စွပ်ပြုတ်ခွက်ကိုကိုင်ကာ နောက်မှ လိုက်ပါလာခဲ့သည်။ဖိတ်ကျလာသော စွပ်ပြုတ်ရည်များကို ပါးစပ်ဖြင့် ယက်ပြီးစားနေပုံကို ကြည့်ရသည်မှာ ဝါးရန်ခက်ခဲလှသည်ဟု သူမထင်နေမိသည်။ သူမ မည်မျှဆာလောင်နေပါစေ သူမတစ်ကိုယ်ကောင်းမဆန်နိုင်ပေ။တူတူစားကြမယ်လေ

    

 

သူမတို့နှစ်ယောက်စားနေစဉ် တစ်ယောက်ယောက်အော်ပြောသံကို ကြားလိုက်ရသည်။ 

   

 

 “လိုင်တိ အိမ်ထဲမှာရှိလား

    

 

ထုတ်လုပ်ရေးအသင်းမှ ရှောင်လျိုဖြစ်ကာအရေးကြီးတယ်။ မနေ့ကမွေးတဲ့ ဝက်ပေါက်လေးတွေ တစ်ခုခုဖြစ်လို့ အခုချက်ချင်း လိုက်ခဲ့အုံး

   

 

 ဖြစ်ပုံသည် မနေ့က ဝက်ခြံစောင့်သည် အတွေ့အကြုံမရှိတာကြောင့် ဝက်သားအုပ်ကို ညအချိန် ထ၍ စောင့်ကြည့်ခြင်းမရှိခဲ့ချေ။ မနက်နိုးလာသောအခါ ဝက်သားပေါက်လေး၂ကောင်သည် ဝက်အမေကြီးတက်နင်းမိတာကြောင့် သေနေသည်ကို တွေ့လိုက်ရသည်။

   

 

ဒီဆုံးရှုံးမှုသည် တစ်ရွာလုံးကို ဝမ်းနည်းစေခဲ့သည်။ဝက်ကြီး၂ကောင်ဖြစ်လာမည့် သားပေါက်၂ကောင်ကိုတော့ လက်လွှတ်လိုက်ရပြီ။ နှစ်သစ်ကူးအသားဖက်ထုပ်တွေ စားရပါ့မလားဆိုတာ မသေချာတော့ချေ။

    

 

ထုတ်လုပ်ရေးခေါင်းဆောင်နှင့် လက်ထောက်တို့သည် ဘာဆက်လုပ်ရမည်မသိ စိတ်ညစ်နေကြသည်။ ဝမ်လီဖုန်းသည် ချင်လိုင်တိကို ဝက်သားအမိတွေကို အချိန်ပြည့်စောင့်ရှောက်သူအဖြစ် ခန့်ရန် အကြံပေးသည်။ သူမသည် ဝက်သားဖောက်တတ်သူဖြစ်၍ ဘယ်လိုစောင့်ရှောက်ရမည်ကိုလည်း သိမှာ သေချာသည်ဟု ဆိုသည်။

   

 

ချင်လိုင်တိသည် ရှောင်လျိုပြောသည်ကို ကြားကာ သူမကိုဝမ်းနည်းစေသည်က ဝက်ကလေးတွေကို စာနာသနား၍မဟုတ်ပဲ အစားအသောက်များ ဆုံးရှုံးရခြင်းကြောင့် ဖြစ်သည်။

    

 

အကိုရှောင်လျို ကျွန်မတို့မိသားစုအခြေအနေကို သိတယ်မလား။ ကျွန်မက ဝက်ခြံမှာ ကူညီနိုင်ပေမဲ့ ကျွန်မမရှိရင် ဒီမိသားစုမှာ စားစရာရှိမှာမဟုတ်ဘူး

     

 

 “အဲ့တာကို စိုးရိမ်စရာမလိုဘူး။ ကပ္ပတိန်က မင်းသာ ဝက်ခြံမှာ လုပ်ရင် တစ်ရက်ကို အလုပ်မှတ်၂၀ရမယ်တဲ့

    

 

 ၂၀မှတ်သည်  အလုပ်သမားကြီး၂ယောက်ပေါင်း၏ ရက်စာ လုပ်ခနှင့်ညီမျှသည်။

   

 

ချင်ကွေ့ဟွားသည် ဘေးနားတွင် နားထောင်နေရင်းမတန်ဘူးလေ။ တစ်ညလုံး မျက်စိမပိတ်ပဲ စောင့်ကြည့်နေရမဲ့ အလုပ်ကို ၃၀လောက်တော့ ပေးသင့်တယ်လေ

    

 

 “အဲ့လောက်ကြီးကျ များလွန်းတယ်ဗျ နာရီ အလုပ်လုပ်ရသည့် လယ်သမားတစ်ယောက်တောင် ၇မှတ်ပဲ ရတာကို သူမတကယ်ကို မတန်မရာပြောရဲလေသည်။

   

 

အဲ့တာဆိုလည်း တစ်ညလုံးမျက်လုံးမမှိတ်ပဲ စောင့်ကြည့်ပေးနိုင်တဲ့ နောက်လူတစ်ယောက် သွားရှာလိုက်ပါလား။ ပြီးတော့လည်း အလုပ်မှတ်က နှစ်ကုန်မှ ပြန်ထုတ်ပေးတာလေ။ ငါတို့မိသားစုက တစ်နှစ်လုံး စားစရာချို့ချို့တဲ့တဲ့နေနေရအုံးမှာကို

     

 

တခြားရွာသားတွေလည်း ဆင်းရဲကြပေမဲ့ ပဲစွပ်ပြုတ်နှင့် ပြောင်းဖူးပြုတ်ကို စားနိုင်သေးသည်။ သို့သော် ချင်မိသားစုသည် ဖွဲနုနှင့် ကျိုထားသော စွပ်ပြုတ်ကိုသာ စားနိုင်သည်။

    

 

ချင်ကွေ့ဟွားသည် သူမမိသားစုကို အမြတ်ထုတ်ခွင့်မပြုနိုင်ပေ။ အခုဆိုလျှင် သူမတို့တွင် ကျောထောက် နောက်ခံ တစ်ဦးရှိနေလေပြီ။

     

 

ငါ့မြေးသမက် ရှောင်ဟယ်ကို သိတယ်မလား။ သူက ဟိုင်ချန်က အလုပ်သမားနော်။ ငါတို့ကို မုဆိုးမမိသားစုဆိုပြီး အရင်ကလို အနိုင်ကျင့်ဖို့မကြိုးစားနဲ့

    

 

ဟာ အဒေါ်ကလည်း မဆိုင်တာတွေမပြောပါနဲ့။ ကျွန်တော်တို့အသင်းက အခုတလော ရိက္ခာပြတ်နေလို့ပါဆို

   

 

ယမန်နေ့က သူမမြေးမလေး ဝက်သားဖောက်နိုင်တယ်ဆိုတာ သိပ်မယုံခဲ့သော်လည်း ယခု အခုလို အရေးတကြီး လာရှာပုံထောက်လျှင် အသင်းက သူမမြေးမလေးကို လိုအပ်နေသည်ဆိုတာ သေချာသည်။ အဘွားချင် အဲ့လောက်မတုံးအပေ။

  

 

 ရှောင်လျို သူ့စိတ်အတွင်းတွင် တွက်ချက်နေသည်။အကယ်၍ တစ်ရက်လျှင် ၃၀နှင့်ဆို သူမကို လဝက်အတွင်းရရှိမည့် အလုပ်မှတ်၄၅၀ ရှိမည်။ ၄၅၀မှတ်သည် ၄၅ ကီလိုဂရမ်ရှိသော ရေချိုငါးခြောက်နှင့် ပြောင်းစေ့တွေ ကျသင့်သည်။ ထိုမျှပမာဏဆိုလျှင် အဒေါ်လီဖုန်းကို ပေးလိုက်ရန် နားချနိုင်သည်။ ကပ္ပတိန်သည် အဒေါ်လီဖုန်းပြောလျှင် ရသည်ဖြစ်ရာ အကုန်အဆင်ပြေသည်

 

 

ရတယ်လေ။ ခဏနေကျ ခွဲတမ်းရိက္ခာလာပို့ပေးမယ်

    

 

ထို့ကြောင့် ချင်လိုင်တိသည် ရွာရှိ ပထမဆုံး မိန်းကလေး တိရစ္ဆာန် သားဖောက်ဆရာဝန် ဖြစ်လာခဲ့သည်။

 

 

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း