အပိုင်း ၉
Viewers 770

၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း

 

အပိုင်း

 

   

 

ယောက္ခမလျိုရဲ့ အလုပ်သည် အစိုးရပိုင်ဟော်တယ်ရှိ စားပွဲထိုးဖြစ်သည်။ အစိုးရပိုင်ဟော်တယ်တွင် အလုပ်လုပ်လိုသော လူတွေ မနည်းချေ။ မစ္စလျိုသာ အသက်ငယ်သေးလျှင် အလုပ်မထွက်ပဲ ဆက်လက်လုပ်ချင်သေးသည်။ 

 

 

လစာကောင်းကောင်း၊ အလုပ်အကိုင် အတည်တကျရှိပြီး လုပ်ရကိုင်ရလွယ်ကူခြင်းသည် သိသာသည့်အကျိုးကျေးဇူးများ ဖြစ်သည်။ ထို့အပြင် ချင်လိုင်တိအစ်မသည် သူမအဆင့်အတန်းကို ပြောင်းလဲရန် အလုပ်တစ်ခုမြန်မြန်ရရန်လည်း လိုအပ်နေသည်။ 

 

  

ခင်ပွန်းဖြစ်သူထံမှ ဂရုစိုက်မခံရခြင်း ယောက္ခမမိသားစု၏ မထီမဲ့မြင်ဆက်ဆံမှုကို ခံရခြင်းတို့ကြောင့် သူမစိတ်အခြေအနေသည် အတော်လေးဆိုးဝါးနေသည်။ အကယ်၍ အိမ်မှာသာ အချိိန်ပြည့်နေပြီး သူမယောက္ခမမိသားစုတို့၏ အရိပ်အခြေကို ကြည့်ပြီးပဲ နေရမည်ဆိုလျှင် ပို၍ပင် ကျန်းမာရေးဆိုးဝါးသွားနိုင်သည်။ 

 

    

ခန္ဓာကိုယ်၏ ကျန်းမာရေးမကောင်းလျှင် စိတ်ကျန်းမာရေးသည်လည်း တောင့်မခံ့နိုင်ပေ။

 

  

 ဒီကောင်မလေးကတော့ နေရာတကာပါတယ်

 

  

 ညီမလေးပြောတာက အစ်မသာ အလုပ်ရသွားရင် တခြားသူတွေကို အားကိုးနေစရာမလိုတော့ဘူးလေ

 

    

 ခဲအိုသည် အလွန်တရာအေးစက်သော စိတ်နေသဘောထားရှိပြီး အတိတ်ဘဝတွင် သူမအစ်မဖြစ်သူ ရူးသွပ်သွားသည့်အခါ ချက်ချင်းပင် စိတ်ရောဂါကုဆေးရုံသို့ ပို့ခဲ့သည်။ ထိုသို့ ပို့ခဲ့သည့် ကိစ္စကို သူမအနေနှင့် အမြဲလိုလို စိတ်မကောင်းဖြစ်ခဲ့ရသည်။ 

 

       

ဒါပေမယ့် နင့်ခဲအိုက အစ်မကို အလုပ်နေရာ တခြားသူဆီ ရောင်းလိုက်လို့ပြောနေတယ်။ အိမ်မှာပဲနေပြီး အစ်မခန္ဓာကိုယ်နဲ့ကျန်းမာရေးကိုပဲ ဂရုစိုက်သင့်တယ်တဲ့

 

     

အဘွားနဲ့အစ်မတို့ သေချာစဉ်းစားကြအုံးနော်။ အစ်မက အခု ကလေးမရနိုင်တာတစ်ခုထဲကြောင့် ဒီလိုဆက်ဆံခံနေရတာဆိုတာ သေချာလို့လား လိုင်တိ မနေနိုင်မထိုင်နှင့် စကားဝင်ပြောမိသည်။ 

 

    

 မြေးအဘွားနှစ်ယောက်သည် ထိုစကားကိုကြားပြီး မှင်သက်သွားကြသည်။ လက်တွေ့တွင် မိန်းကလေးအများစုသည် လက်ထပ်ပြီးနောက် ကလေး ၈ယောက် ၁၀ယောက်လောက် မွေးပေးနိုင်တယ်ဆိုရင်တောင်မှ ခင်ပွန်းမိသားစုသည် သူတို့ကို အထင်သေးနှိမ့်ချဆက်ဆံနေမြဲ ဖြစ်သည်။ 

 

    

မိန်းမဖြစ်သူကို ကလေးမွေးစက်တစ်ခုလိုသာ သဘောထားကြသည်။ သူတို့ သွေးရင်းသားရင်းများသည်သာ မိသားစုဟု တွေးကြသည်။ 

 

      

 အိုက်လန် အဘွားကို အမှန်တိုင်းပြော။ လျိုကျားဝှိုက်က မြေးအပေါ်ကိုာကောင်းကောင်းဆက်ဆံလား

 

     

 ကောင်းပါတယ်။ သူ့မိဘတွေရှေ့မှာဆို မြေးအကြောင်းကောင်းတာတွေပဲ ပြောပေးရှာတယ်။ သူ့လစာတချို့တစ်ဝက်ကို မိဘတွေပေးပြီး ကျန်တာကိုတော့ မြေးကို ပေးတယ်။ ပြီးတော့ သူ့အပိုဆုကြေးတွေလည်း ကျွန်မကို ပြန်အပ်လို့ အဝတ်အစားအချို့ဝယ်လိုက်သေးတယ်။ အရင်လက ကျွန်မအတွက် အားဆေးဆိုပြီး ဝယ်ပေးတယ် အဘွားရဲ့။ ကျွန်မ ကလေးမရနိုင်တာကိုလည်း အပြစ်မပြောပဲ ယောက္ခမရဲ့ အလုပ်နေရာကိုတောင် ကျွန်မဆေးဝယ်ဖို့ ပိုက်ဆံရအောင် ရောင်းချင်ရှာတာပါ

 

       

ချင်ကွေ့ဟွား ခေါင်းငြိမ့်လိုက်ပြီး လျိုကျားဝှိုက်သည် ရိုးသားကာ စဉ်းစားဆင်ခြင်ဉာဏ်ရှိသည့် ခင်ပွန်းကောင်းဖြစ်သည်ဟု တွေးလိုက်သည်။ 

 

 

ကောင်းပါပြီအေ။ ဒါဆို ညည်း အလုပ်လုပ်ချင် လုပ်လေ။ မိသားစုတစ်စုက ကောင်းကောင်းနေနိုင်စားနိုင်နေရင် ဘာပြသနာမှ ဖြစ်လာမှာ မဟုတ်ဘူး။ လစာကောင်းကောင်းလေးရရင်တော့ ပိုကောင်းတာပေါ့

 

       

လိုင်တိသည် သက်ပြင်းချနိုင်သွားပြီး မုန့်ပဲစားနေသည့် ဖန်တိတောင်မှ ခေါင်းငြိမ့်ကာဟုတ်တယ် ကောင်းတယ် ဟု ထောက်ခံလာသည်။ 

 

    

 ချင်အိုက်လန် အိမ်လာလည်တာကြောင့် အဘွားချင်သည် နေ့လည်စာအတွက် ကြက်ဥနှစ်လုံးထုတ်ကာ ချက်ပြုတ်သည်။ ပဲစေ့လက်တစ်ဆုပ်ကို အိုးထဲတွင် နှပ်ပြီး ဘန်းကိတ်တွေလည်း ပေါင်းသေးသည်။ညီအစ်မ ယောက်သည် ပါးစပ်မှာ ဆီတွေဝေ့နေအောင်ပင် တနင့်တပိုးစားလိုက်ကြသည်။ 

 

      

ညနေစာစားပြီးသောအခါ လိုင်တိသည် အစ်မအိုက်လန်ကို သွေးခုန်နူန်း တိုင်းပြီး လျှာကိုလည်း စစ်ဆေးကြည့်သည်။ စစ်ဆေးကြည့်ရသလောက်ဆိုလျှင် အိုက်လန်သည် စိတ်ကျဝေဒနာကို ခံစားနေရပြီး အသည်းရောဂါလက္ခ ဏာတွေပါ တွေ့နေရသည်။ 

 

    

  ဒါနဲ့ အစ်မအိမ်ထဲဝင်လာတုန်းက ဖန်တိဆီက တတိယခဲအိုဆိုပြီး ပြောနေတာ ကြားလိုက်သလိုပဲ။ သတင်းကောင်းတွေ ရှိနေပြီလား လိုင်တိရေ

 

     

ချင်လိုင်တိသည် အလွန်ရှက်ရွံ့သွားပြီး အရင်နေ့တွေမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည်။ 

 

      

ချင်အိုက်လန်သည် သူမနူတ်ခမ်းကို စိတ်လှုပ်ရှားစွာ သပ်လိုက်ပြီး ရှောင်ဟယ်က ဘယ်လိုနေလဲ။ မင်းအပေါ်ကိုရော ကောင်းရဲ့လား။

 

       

ဖန်တိသည် အပြင်မှာ မမြင်ရသေးသော သူမတတိယခဲအိုအပေါ် အကောင်းမြင်သွားစေရန်အတွက် အလျှင်အမြန် ဖြေဆိုပေးလိုက်သည်။ 

 

 

တတိယခဲအိုက စားစရာတွေ အများကြီးပေးထားခဲ့ပြီး တင်တောင်းကြေးအနေနဲ့ ပိုက်ဆံ ၁၅ ယွမ်လည်း ပေးခဲ့သေးတယ်။ ပြီးတော့ အခုအလုပ်ရှုပ်နေသေးတာမို့ အလုပ်တွေပြီးသွားရင် မမဆီပြန်လာပြီး မင်္ဂလာပွဲလုပ်ပေးမယ်တဲ့။ မြို့ကိုလည်း တတိယအစ်မကို ခေါ်သွားမယ်ပြောတယ်

 

      

ချင်အိုက်လန်သည် ပျော်ရွှင်သွားရပြီး ကောင်းတယ်။ အခုချိန် တခြားမြို့က သူတွေနဲ့ လက်ထပ်ရလည်း အဆင်ပြေတယ်။ လမ်းပန်းဆက်သွယ်ရေးက ကောင်းသွားပြီဆိုတော့ မိဘအိမ်လည်း အချိန်မရွေး ပြန်လာလည်လို့ရတယ်။

 

 

 သို့သော် သူမသည် တင်တောင်းကြေးပေးခဲ့သည်ဆိုတာကို အံ့ဩမိသည်။ သူမ လက်ထပ်ခဲ့စဉ်က လျိုမိသားစုသည် တင်တောင်ကြေးကို တစ်ဆင့်မျှတောင် မပေးခဲ့ပေ။ ပြန်တွေးတိုင်း သူမအဘွားကို မျက်နှာမပြဝံ့အောင် ရှက်ရသည်။ 

 

     

မြေးအဘွားတွေသည် တစ်နေ့လုံးစကားတွေ ရေပက်မဝင်အောင် ပြောဆိုခဲ့ကြပြီး ညနေစောင်းတွင် ချင်အိုက်လန်ပြန်သွားခဲ့သည်။ 

 

      

သူမ မိသားစုတွေတင်မက တစ်ရွာလုံးမှ မိန်းမယောကျာ်းကလေးပါမကျန် သူမကို မြင်တာနှင့် ရှောင်ဟယ်က ဘာမှ မဆက်သွယ်သေးဘူးလား

 

 

ရှောင်ဟယ်က နင့်ကို ဘယ်တော့လာခေါ်မှာလဲဟု မေးကြသည်။ 

 

     

လက်ထပ်စာချုပ်သာ သူမခေါင်းအုံးအောက်မှာ ရှိမနေလျှင် အတုအယောင်လက်ထပ်ထားသည်ဟု သူမကိုယ်တိုင်တောင် သံသယဝင်မိလိမ့်မည်။ ဟယ်လျန်ရှန့်၏ အကျင့်စရိုက်အရ သူလုပ်ခဲ့သည့် အရာကို တာဝန်ယူမည်ဆိုတာ သူမသေချာပေါက် ယုံကြည်သည်။လောင်ဟယ်၏ အလုပ်ကြောင့် အနာဂါတ်တွင်လည်း သူမတို့၂ယောက် တော်တော်ကြာတွေ့နိုင်သေးမည် မဟုတ်ချေ။ 

 

     

အရင်ဘဝတွင်လည်း သူ့ကို အချိန်အတော်ကြာ မတွေ့ရခဲ့ချေ။ သူအခုလက်ရှိ ယူထားရသော တာဝန်မှာ ခိုးယူခံရသည့် အရေးကြီးစက်ပစ္စည်းတစ်ခုကို ပြန်လည်ရယူရန်ဖြစ်သည်။ ထိုပစ္စည်းသည် မွန်ဂိုလီယားနိုင်ငံသို့ သယ်ထုတ်ခံခဲ့ရသည်။ ထိုပစ္စည်းကို ပြန်လည်ရယူရန်အတွက် အချိန် တစ်နှစ်နီးပါး ကြာခဲ့သည်။သို့သော်လည်း အောင်မြင်စွာ တာဝန်ကို အပြီးသတ်နိုင်ခဲ့သည်။ 

 

      

ချင်လိုင်တိသည် သူမခင်ပွန်းအကြောင်း မေးခွန်းအမြဲတမ်းမေးပြီး စပ်စုနေသူများကို  ‘သူအလုပ်ရှုပ်နေလို့ ဟုသာ ပြန်ဖြေပေးသည်။

 

       

နောက်ထပ်ပြဿနာတစ်ခုသည် သူမ အသားဟင်းကို အလွန်တရာ တောင့်တနေခြင်းဖြစ်သည်။ သူမသည် အသားဟင်းစားနေသည့် အိမ်မက်တွေတောင် မက်လာသည်။ အတိတ်ဘဝတွင် လောင်ဟယ်သည် သူမတွင် သက်ကြီးအိုရောဂါတွေများတာကြောင့် ဟိုအသားလည်း မစားခိုင်း ဒီအသားလည်း မစားခိုင်းခဲ့၍ ယခုလက်ရှိ အသားအလွန်စားချင်နေတာဖြစ်နိုင်သည်။

 

 

 အကြီးဆုံးအစ်မ မပြန်ခင် ပေးခဲ့သော ၅ယွမ်ကို ကိုင်ကာ မှောင်ခိုစျေးကို တစ်ဖန်ပြန်သွားမည့် ဆုံးဖြတ်ချက်ကို ရဲတင်းစွာ ချလိုက်သည်။  

 

      

မှောင်ခိုစျေးတွင်လည်း ဘယ်အရာမဆို ရနိုင်သည် မဟုတ်ပေ။ သူမလိုချင်သော ဝက်သားသည်လည်း အရှားပါးဆုံးဖြစ်သည်။ ဝက်သားတစ်ပေါင်ကို ၆၅ ဆင့်ကျသင့်သည်ဖြစ်ရာ သူမချီတုံချတုံနှင့် ဝယ်ရန် တုံ့ဆိုင်းနေမိသည်။

 

 

စဉ်းစားနေစဉ် မျက်စိတစ်မှိတ်အတွင်းမှာ မိုးခိုသားနှင့် နောက်ခြေထောက်သားသာ ကျန်ရှိတော့ကာ ၆၀ ဆင့်ကျသင့်သည်။ သို့သော် လိုင်တိသည် အဆီအသားပြည့်ဝနေသည့် အသားကိုသာ စားချင်တာဖြစ်ပြီး သွားကြားညှပ်စေမည့် အသားကို မစားချင်ပေ။ 

 

 

ဘာတစ်ခုမျှမဝယ်ရသေးပဲ စျေးကို ပတ်ကြည့်နေစဉ် ယုန် ၁ကောင် ချရောင်းနေသည်ကို တွေ့လိုက်ရသည်။အိမ်မွေးယုန်ဖြစ်ပြီး နေမကောင်းဖြစ်နေပုံပေါက်နေသည်။ ယုန်ရောင်းသူ ဦးလေးကြီးသည် ဟိုကောင်မလေး မင်းဝယ်ချင်ရင် ၁ယွမ်နဲ့ ဆင့်၅၀ပဲပေး ဟု လှမ်းပြောသည်။ 

 

       

သူမသည် ဝက်ပေါက်လေးတွေကို အနီးကပ် စောင့်ရှောက်ပေးနေရတာကြောင့် မကျန်းမာသည့် ယုန်သားကို မစားချင်ပေ။ အခန့်မသင့်လျှင် ရောဂါပိုးကူးစက်နိုင်သောကြောင့်ဖြစ်သည်။ 

 

    

သူမ ဝေခွဲမရဖြစ်နေတာကိုကြည့်ပြီး ယုန်ရောင်းသူဦးလေးကြီးသည်  မကြောက်ပါနဲ့။  ယုန်က နေမကောင်းတာမဟုတ်ဘူး။ နေပူထဲအကြာကြီးနေရလို့ မတက်ကြွတော့တာပါ ကလေးမရယ်။ မယုံရင် ဒီမှာကြည့်ထား

 

    

သူက ပြောပြီးပြီးချင်း မြက်လက်တစ်ဆုပ်စာကို ယုန်နှာခေါင်းရှေ့ ပစ်ချပေးလိုက်သည်။ ယုန်သည် ချက်ချင်းပင် နားရွက်တွေထောင်လာပြီး အသံမြည်ကာ အလျှင်အမြန် ပြေးစားတော့သည်။ 

 

    

 လိုင်တိသည် ချက်ချင်းပင် အကုန်အကျအသက်သာဆုံးနည်းကို တွက်ချက်တော့သည်။ ဝက်သားကို ၁ကီလိုကို ၆၅ဆင့်ကျမည်ဖြစ်ပြီး ယုန်က အနည်းဆုံး၄ကီလိုရှိကာ ၁ကီလိုကို ၅၀ဆင့်သာ ပေးရမည်ဖြစ်ပြီး အသားကလည်း လတ်ဆတ်သေးသည်။

 

 

နောက်ဆုံးတွင် စျေးဆစ်ပြီးနောက် တစ်ကောင်လုံးကို ၁ယွမ်နှင့် ၂၅ဆင့်သာ ပေးလိုက်ရသည်။ ဦးလေးကြီးသည် ယုန်ကို ခြေလက်တွေ ချည်နှောင်ပေးပြီးနောက် သူမခြင်းတောင်းထဲထည့်ပေးလိုက်သည်။ 

 

      

သို့သော် လိုင်တိသည် ယုန်ကို အိမ်ကို ယူလာပြီးနောက် ချက်ချင်းသတ်မစားပေ။ ဖန်တိသည် ယုန်ကို အကြာကြီးကိုင်တွယ်ပွတ်သပ်နေပြီး အကျယ်ကြီး အော်ငိုကာ ပြောလိုက်သည်။ 

 

 

  အစ်မ ယုန်လေးက အမလေး မလား

 

   

လိုင်တိသည် ယုန်သားစပ်စပ်လေးစားချင်ခဲ့တာသာဖြစ်ပြီး အထီးလားအမလား နည်းနည်းလေးမျှ ဂရုမစိုက်ချေ။ 

 

  

 အမ ဖြစ်ဖြစ်ဘာဖြစ်ဖြစ် အရသာရှိရင်ရပြီ

 

 

အစ်မ သူ့ကို မစားရဘူး

 

  

ဘာလို့လဲ…”

 

  

ယုန်လေးက ကလေးလေးတွေရှိနေတဲ့ပုံပဲ မမ

 

   

ချင်လိုင်တိသည် ယုန်လေး၏ ဗိုက်ကို စမ်းကြည့်လိုက်လျှင် တကယ်ကြီး ဖောင်းနေသည်ကို စမ်းမိသည်။ ယုန်ရောင်းသူဦးလေးသည် ယုန်ကို ဂရုမစိုက်ခဲ့တာကြောင့် ဗိုက်ကြီးနေမှန်းမသိ၍ သူမကို စျေးချိုချိုနှင့် ရောင်းခဲ့တာဖြစ်နိုင်သည်။

 

 

ယုန်တွေရဲ့ ကိုယ်ဝန်ဆောင်ကာလသည် လသာရှိပြီး ပေါက်ဖွားနူန်းကလည်း အရမ်းမြင့်သည်။ ထိုသို့ ငွေသစ်ပင်လိုအရာကို ဘယ်သူမှ စျေးပေါပေါနှင့် ရောင်းချချင်လိမ့်မည် မဟုတ်ပေ။ 

 

     

လိုင်တိသည် မည်မျှအသားစားချင်နေပါစေ ဘယ်လိုမှမတတ်နိုင်ပဲ ခြံထောင့်တွင် ယုန်ခြံလေး လုပ်ပေးလိုက်ရသည်။ 

 

     

ဝူလဲ့ထုံရွာသည် နေရာဒေသကောင်းမွန်ပြီး တောင်ဘက်အရပ်တွင် တောင်တန်းတွေ ဝန်းရံနေသည်။ ရွာရှေ့တွင် စိမ်းမြကြည်လင်နေသော မြစ်က တသွင်သွင်စီးနေပြီး ကလေးငယ်တွေ ရေကစားနေလေ့ရှိသည်။ 

 

     

 လိုင်တိသည် တောင်တန်းတစ်လျှောက်ရှိ ဆေးဖက်ဝင်အပင်အချို့နှင့် ဆေးရွက်ကြီးပင်တွေကို ခြင်းတစ်ဝက်ကျော်ကျော် ခူးထည့်သည်။ သူမတို့ရွာရှိ တောင်သည် သစ်သီးသစ်ရွက်တွေ ပေါများရုံသာမက ဆေးဖက်ဝင်အပင်တွေလည်း မနည်းလှပေ။ သူမဆရာဝန်ဘဝတွင် ဆေးများပြတ်လပ်သည့်အချိိန် ဒီတောင်တန်းမှ ဆေးဖက်ဝင်အပင်တွေ ခူးကာ တိုင်းရင်းဆေးနှင့်လည်း ကုသပေးခဲ့ဖူးသည်။ 

 

      

၅၀ ကီလိုခန့်ရှိသော ခြင်းကိုသိုင်းကာ တပ်ရင်းရှိ ထုတ်လုပ်ရေးအသင်းသို့ သွား၍ ဆေးရွက်ကြီးပင်တွေကို ချိန်တွယ်ခိုင်းသည်။ လိုင်တိသည် စုစုပေါင်း အလုပ်မှတ်၁၅မှတ် ရရှိသည်။ 

 

     

လိုင်တိရဲ့ လုပ်အားက အခြားသူတွေရဲ့၂ယောက်စာလောက်ရှိတယ်ဟေ့

 

   

ဘေးအိမ်မှ အဘွားလျို့သည် မျက်နှာမဲ့၍ဒါမဲ့ ဘာအသုံးဝင်မှာမို့လဲ။ အသုံးမကျတဲ့ယောကျာ်းနဲ့ရပြီး အလုပ်မဟုတ်တာ လုပ်နေတာကို။ ငါတို့အိမ်က ကလေးတွေနဲ့တော့ ကွာပါ့

 

    

ချင်လိုင်တိသည် သူမမျက်ခုံးကို ပင့်လိုက်ပြီး ထိုအဘွားကြီးကြွားလုံးထုတ်နေတာကို လျစ်လျူရူလိုက်သည်။ 

 

    

အဘွားလျိုသည် လိုင်တိပြန်မတုံ့ပြန်တာကြောင့် စိတ်ပျက်သွားသည်။ အစ သူမတွေးထားသည်မှာ ထိုကလေးမကို အနည်းငယ်ရှုံ့ချလိုက်ပြီး သူမအား ပြန်လည် ရန်တွေ့လာမည်ကို စောင့်ကြည့်နေလိုက်မည်။ ပြီးနောက် သူမတို့ပေါင်းကျူးလေး၏ နူးညံ့လိမ်မာပုံလေးနှင့် ပြန်လည်နိူင်းယှဉ်ပြောရန် ကြံစည်ထားခြင်းဖြစ်သည်။

 

    

လိုင်တိသည် ကျန်ရှိနေသည့် ဆေးဖက်ဝင်အပင်တွေကို အိမ်ပြန်ယူလာပြီး ခြံဝန်းထဲတွင် စိုက်ပျိုးနေသည်။ညနေစောင်းသောအခါ ဖန်တိကျောင်းမှ ပြန်ရောက်လာသည်။ 

 

 

အစ်မ ဘာလို့ ဆေးပင်တွေ စိုက်နေတာလဲ

 

 

ဆေးဖော်ဖို့လေ 

 

   

လိုင်တိသည် သူမအားလပ်ချိန်များတွင် လုပ်ရလွယ်သည့် ဆေးများကို အရင်ဖော်စပ်မည်ဖြစ်သည်။ သူမ အစ်မ အကြီးဆုံးရောဂါအတွက် ဖြေးဖြေးချင်း ဆေးဖော်စပ်ကာ ကုသသွားရမည်ဟု ဆုံးဖြတ်လိုက်သည်။ 

 

    

သူမစဉ်းစားနေစဉ်မှာ အိမ်တံခါးဝတွင် အရိပ်ထင်လာကာ စစ်တပ်ဝတ်စုံနှင့် လူတစ်ယောက်ဝင်လာသည်။ ထိုသူသည် တရုတ်မျက်နှာပေါက် အသားညိုညိုနှင့် သိသာထင်ရှားသည့် ကြွက်သားတွေရှိသည်။ အားကောင်းပြီး သန်သန်မာမာရှိသည့် လူဟု ပြောဆို၍ရနိုင်သည်။