လူပျိုလှည့်တေး
အပိုင်း
၈
လင်းလောသည်
“ရွှေပန်းပွင့်လေးပွင့်”
မှာ သူတို့ကို အဘယ်ကြောင့် အမြဲတမ်း အထင်သေးနေသည်ကို သိလာခဲ့သည်။
“ရှောင်ဖီရှီးကို သူ့အလှကြောင့်
ငါတို့စိုက်ကြည့်လို့ အဲ့လိုဖြစ်တာမဟုတ်ဘူး၊ သူတို့ပုံစံက သူများနဲ့မတူလို့ ကြည့်မိတာပဲဖြစ်ဖြစ်ပေါ့၊
တခြား အကြောင်းအရင်း တစ်ခု ရှိသေးတယ်၊ အဲ့ဒါက လျန့်ဇီ ကြောင့်ပဲ” ဟုလောင်းလောက ရှင်းပြလိုက်သည်။
ချူးကျောက်က
စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်ကာ “နင့်အတိတ်ဘဝတုန်းက သူတို့ရဲ့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းတွေကို
မတော်မလျော်တွေ သွားလုပ်ခဲ့လို့များလား”
“မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး” လင်းလောက လေးနက်စွာ
ပြန်ဖြေခဲ့သည်။ “ဒါပေမယ့် ငါတို့ကို ဒီအဆောင်အခန်းမှာ ပြောင်းနေဖို့အဆိုင်းကျလာတုန်းက သူတို့တွေ ကျောင်းသားထောက်ပံ့ရေးဌာနကို သွားပြီး
ငါတို့အဆိုင်းကျလာတဲ့ အဆောင်အခန်းနဲ့ လဲဖို့လုပ်ခဲ့တယ်လို့ ကြားတယ်၊ အဲ့ကျောင်းသား
ထောက်ပံ့ရေးဌာနက ဆရာမက ငါ့ဆီဖုန်းဆက်ပြီး သူတို့နဲ့လဲချင်လားလို့ မေးခဲ့ပေမယ့် ငါလည်း
ထပ်ပြောင်းရမှာ အလုပ်ရှုပ်လွန်းလို့ မလဲတော့ဘူးလို့ ပြောလိုက်တယ်၊ အဲ့ကိစ္စကြောင့်
အဲ့ရွှေပန်းပွင့်လေးပွင့်က ငါတို့ကို အငြိုးထားတာဖြစ်မယ်”
“ဘာလို့ သူတို့က ငါတို့အခန်းနဲ့
လဲချင်နေရတာလဲ”
ကျင်းရှီက အံ့အားသင့်စွာ မေးလိုက်သည်။ “ငါတို့တွေက အထပ်အတူတူပဲလေ၊
အခန်းတွေ မျက်နှာမူထားတာကလည်း တစ်ဖက်တည်းကို အတူတူပဲ၊ အဲ့တော့ အခန်းတွေအားလုံးက တစ်ပုံစံတည်းပဲ
မဟုတ်ဘူးလား”
“အားလုံး ချွတ်စွပ်မတူဘူးဟဲ့!”
လင်းလောက လေးနက်စွာပြောလိုက်သည်။ “သူတို့ဖက်အခြမ်းက ယောက်ျားလေး အများစုက တခြားကောလိပ်က
အကောင်တွေ၊ ငါတို့ဖက်မှာ ရှိတဲ့ဟာတွေက အမျိုးသား ကာကွယ်ရေး အကယ်ဒမီက ကောင်တွေ၊ အဲ့တော့
ဘာကွာလဲ သိလား”
ကျင်းရှီနှင့်
ချူးကျောက်က ခေါင်းယမ်းပြလိုက်သည်။
“ပြီးတော့ ရှုချောင်းယန်က
ငါတို့နဲ့ မျက်နှာခြမ်းဆိုင်မှာ ရှိနေတယ်လေ”
ဟုလင်းလောက ဆက်ပြောသည်။ “ငါတို့ အဆောင်အခန်းမှာကလည်း နေရာလွတ်ရှိနေတယ်ဆိုတော့
မိန်းကလေးအဆောင်က ကောင်မတွေ အားလုံးက ငါတို့ အခန်းထဲကို ပြောင်းလာဖို့ အလုအယက်ဖြစ်နေကြတယ်လေ”
ချူးကျောက်သည်
အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသလို ခံစားလိုက်ရသည်။ “ငါတို့နဲ့ မျက်နှာချင်းဆိုင်နားက
အခန်းတစ်ခန်းကလည်း လွတ်နေတယ်လေ၊ သူတို့တွေ အဲ့လောက်ထိ ပေါ်ရန်နဲ့ အတူနေချင်နေရင် အဲ့အခန်းကို
ပြောင်းလာကြမှာပေါ့”
ကျင်းရှီသည်
သူမဘေးနားရှိ ကုတင်အလွတ်ကို ကြည့်လိုက်ရာ အနည်းငယ် စိတ်မပူပဲမနေနိုင်ပေ။
ခဏနေပါဦး၊
ငါကဘာလို့စိတ်ပူနေတာလဲ။ ငါနဲ့လည်းဘာမှမဆိုင်ဘူးလေ။
စက်တင်ဘာလလယ်တွင်
ပူပြင်းသော နေရောင်အောက်၌ ကြီးကျယ်ခမ်းနားသော စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။
ဘီမြို့တော်သည်
စစ်တပ်နယ်မြေအတွက် အဓိကကျသော တိုးတက်နေသည့်မြို့တော်ဖြစ်ပြီး တက္ကသိုလ်ပေါင်း ၉၈၅ ခုတို့၏
အဓိကသော့ချက်တစ်ခုအဖြစ် ဘီတက္ကသိုလ်သည် မကြာသေးမီက စစ်အင်ဂျင်နီယာအကယ်ဒမီနှင့် ပေါင်းစည်းပြီး
တရားဝင်အဆင့်မြင့်စစ်မှုထမ်းများကို လေ့ကျင့်သင်ကြားပေးသည့် ၎င်းတို့၏ ကိုယ်ပိုင်အမျိုးသား
ကာကွယ်ရေး စစ်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်။
ထို့ကြောင့်
ထိုကျောင်းသည် သင်ကြားပို့ချမည့်သူများကို စစ်တပ်မှ ရှည်ရှည်ဝေးဝေး ခေါ်မနေတော့ပဲ အမျိုးသား
ကာကွယ်ရေး အကယ်ဒမီမှ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများအား ကျောင်းသားသစ်များအတွက်
သင်ကြားပို့ချစေခဲ့သည်။
နွေရာသီတွင်
သင်ကြားပို့ချမည့်သူများ စုဆောင်းခြင်းကို စတင်ခဲ့သော်လည်း အရာရာတိုင်းသည် နှလုံးသားထဲတွင်သာရှိသည်ဟု
အေးအေးလူလူဖြင့် ယုံကြည်နေသော ပေါ်ရန်သည် ထိုခက်ခဲသောအလုပ်ကို နဂိုကတည်းက စိတ်မဝင်စားခဲ့ပေ။
သို့သော်
ဘယ်အရာမှ အတိအကျပြော၍ မရပေ။ ကျင်းရှီ၏ နာမည်ကို ရှုချောင်းယန် သင်ကြားပို့ချရမည့် ကျောင်းသားကျောင်းသူ
စာရင်းများတွင် ရေးထားသည်ကို အမှတ်တမဲ့ တွေ့လိုက်ရသည့်အခါ ပေါ်ရန်သည် အနည်းငယ်... စိတ်မသက်မသာ
ခံစားလာရတော့သည်။
ထိုနေ့လည်ခင်းတွင်
ရှုချောင်းယန်သည် အကယ်ဒမီ၏ သင်ကြားရေးစနစ်ထဲသို့ ဝင်ရောက်ပြီး ကျောင်းသားတစ်ဦးစီ၏ ဓာတ်ပုံကိုကြည့်ကာ
၎င်းတို့၏ အမည်များကို တစ်ခုပြီးတစ်ခု မှတ်တမ်းတင်ခဲ့သည်။
ရှုချောင်းယန်ကို
ရုပ်ရည်ကြည့်ကောင်းမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ ပြည့်စုံသော ထူးချွန်သည့် နည်းပြတစ်ဦးဖြစ်လာရန်
မျှော်မှန်းထားကြသည်။ သင်တန်းပထမနေ့တွင် ကျောင်းသား ကျောင်းသူများ၏ နာမည်နှင့် ဓာတ်ပုံများကို
ချိတ်ဆွဲပြီး ကျောင်းသားကျောင်းသူများကို အံ့အားသင့်အောင် လုပ်ဖို့ကြံရွယ်နေသည်။
ရှုချောင်းယန်သည်
သူ့ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ ကျင်းရှီ၏ ID ဓာတ်ပုံကိုကြည့်နေစဉ် ပေါ်ရန်သည် သူ့အနားမှ
ဒီအတိုင်း ဖြတ်သွားခဲ့သည်။
ပေါ်ရန်က
“ဒီကျောင်းသူကို မင်းသိလား”
ဟုပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ရှုချောင်းယန်သည်
ဓာတ်ပုံကို သေသေချာချာကြည့်ပြီး သူမ၏ နာမည်ကို မှတ်မိသွားသည်။
ပေါ်ရန်
- “သူက ခန်းမတစ်ဖက်ခြမ်းက အဆောင်က ကောင်မလေးနဲ့တူတယ်မလား”
ရှုချောင်းယန်က
“အိုဘုရားရေ၊ မင်းပြောတာမှန်တယ်၊ အရင်က တွေ့ဖူးတယ်ဆိုပြီး ဘယ်မှာတွေ့ဖူးတာလဲဆိုတာ မမှတ်မိတော့ဘူးဖြစ်နေတာ၊
ငါတို့ရဲ့ အတိုင်ပင်ခံဆရာက မင်းမှတ်ဉာဏ်ကောင်းတာကို အမြဲချီးကျူးနေတာ၊ တစ်စုံတစ်ယောက်က
မင်းကို လူမျက်နှာတွေ မမှတ်မိတတ်တဲ့သူလို့ ပြောရင် ငါသူတို့နဲ့ ပြိုင်ငြင်းရလိမ့်မယ်”
ပေါ်ရန်လည်း
နှုတ်ဆိတ်သွားသည်။ ရှုချောင်းယန်သည် ကျင်းရှီနှင့် အလွန်ရင်းနှီးသော်လည်း သူမကို မမှတ်မိပေ။
ရှုချောင်းယန်က
ထိုင်ချလိုက်ပြီး “နည်းပြတစ်ယောက်ဖြစ်ရတာက မလွယ်ဘူး၊ ခက်ခဲတယ် ပြီးရင် စိတ်ရှည်ဖို့
လိုတယ်” ဟုလေးလေးနက်နက် ပြောလိုက်သည်။
ပေါ်ရန်
- “မင်းတကယ်ပဲ နည်းပြတစ်ယောက်ဖြစ်ချင်လို့လား”
ရှုချောင်းယန်
- “ဒါပေါ့၊ နွေရာသီကတည်းက ငါဒီအရာကြီးကို စောင့်မျှော်နေခဲ့တာ၊ မင်းပဲ စိတ်ကူးယဉ်ကြည့်လိုက်၊
စစ်ရေးလေ့ကျင့်တဲ့ ကွင်းပြင်မှာ ကလေးတစ်စုကို ဦးဆောင်ပြီး အမိန့်ပေးအော်ဟစ်ပြီး သူတို့အားလုံးကလည်း
ကိုယ့်နောက်ကနေ လိုက်လာကြတာက အံ့သြစရာတစ်ခုပဲ”
ပေါ်ရန်လည်း
သူ့ကို အရှုံးပေးလိုက်ရတော့သည်။ ရှုချောင်းယန်သည် နည်းပြတစ်ဦးဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားပြီး
ထိုရာထူးကိုရရန်မှာလည်း သေချာနေပါသည်။
ရှုချောင်းယန်သည်
တာဝန်သိတတ်ပြီး နွေးထွေးသော သူတစ်ယောက်ဖြစ်သည်။ ကြီးမြတ်သော နည်းပြဆရာဖြစ်လာပေလိမ့်မည်။
အိပ်ရာမဝင်ခင်
ပေါ်ရန်က ရှုချောင်းယန်ကို သတိပေးလိုက်သည်။ “ကျောင်းသားတွေ ကြောက်သွားအောင် အရမ်းအော်ဟောက်မနေနဲ့”
ရှုချောင်းယန်
- “သူတို့ကို အော်ဖို့လိုရင် အော်ရမယ်။ မဟုတ်ရင် သူတို့ ငါပြောတာကို အလေးအနက် ထားကြမှာ
မဟုတ်ဘူး”
ကျင့်ချီက
မဂ္ဂဇင်းစာအုပ်ထဲ အပ်ထားသော ခေါင်းကိုမော့လိုက်ပြီး “ပေါ်ရန်ပြောချင်တာက ဘာလဲဆိုတော့
မင်း သူ့မိန်းမကို ကြောက်သွားအောင် မလုပ်နဲ့တဲ့” ဟုပြုံးပြုံးလေး
ပြောလိုက်သည်။
ရှုချောင်းယန်
အံ့အားသင့်သွားသည်။ ထို့ကြောင့် သူသည် ယနေ့မွန်းတည့်ချိန်ကတည်းက တစ်ခုခုဖြစ်တော့မည်ကို ခံစားနေရခြင်း ဖြစ်ပေသည်။
ပေါ်ရန်က
မီးပိတ်လိုက်သည်။
အမှောင်ထဲတွင်
ကျင့်ချီက “ဘယ်သူ ငါ့ကို ဖိနပ်နဲ့ ပစ်တာလဲ”
ဟုအော်လိုက်သည်။
နောက်တစ်နေ့တွင်
စစ်ရေးလေ့ကျင့်မှုကြောင့် အမျိုးသား ကာကွယ်ရေး အကယ်ဒမီ လေ့ကျင့်ရေးအားလုံးကို ရပ်ဆိုင်းခဲ့ရသည်။
ပေါ်ရန်က ပုံဆွဲရန် ထွက်သွားလေသည်။
ရှုချောင်းယန်တစ်ယောက်
ညနေစောင်းမှ ပြန်ရောက်လာသောအခါ ပေါ်ရန်ကို ပြောစရာ အများကြီးရှိနေသည့်အတွက် ပေါ်ရန်ဆီ
သွားလိုက်သည်။
“ဒီကျောင်းသားတွေက အရမ်းထိန်းရခက်တယ်!”
“ယောက်ျားလေးတွေရော မိန်းကလေးတွေရော
အားလုံးအတူတူပဲ၊ အရမ်းဆိုးပြီး စည်းကမ်းလည်း
မလိုက်နာကြဘူး။ ‘နည်းပြ’
အစား ‘စီနီယာ’
လို့တောင် ခေါ်ကြသေးတယ်၊ ပြီးတော့ ငါ့ကို ‘အဖိုးကြီးရှု’တဲ့ အဲ့လို တိုက်ရိုက်ခေါ်ကြတယ်”
“ငါ့ရဲ့ နည်းပြအာဏာကိုတောင်
ပြလို့မရဘူး။ ငါဒီလိုမျိုးဆိုရင် နည်းပြတစ်ယောက် ဖြစ်မလာနိုင်တော့ဘူး”
ပေါ်ရန်သည်
မျက်လုံးထောင့်မှ ပြုံးယောင်သမ်းနေသော်လည်း သူရယ်ချင်သည်ကို ထိန်းထားလိုက်သည်။ သူက
“အိုး၊ အဲ့လိုတစ်ယောက်သောသူက စိတ်ရှည်သည်းခံပြီး ကြင်နာတတ်တဲ့သူ မဟုတ်ဘူးလား”
ရှုချောင်ယန်
- “ငါဒီနေ့ အဲ့လိုကျောင်းသားတချို့ကို သင်ခန်းစာပေးလိုက်သေးတယ်။ သူတို့တွေက ကျောင်းသားအုပ်စုတွေထဲ
ပြသာနာဖြစ်အောင် လုပ်နေကြတယ်၊ ဒါပေမယ့် သူတို့ကို အဲ့အုပ်စုကနေ ခွဲထုတ်လိုက်ရော ငြိမ်ကျသွားတာပဲ”
ကျင့်ချီ
- “ငါတို့ရဲ့ ဟိုဖက်ခြမ်းက အဆောင်ကကောင်မလေးတွေကိုလည်း အဲ့လိုပဲ သူ့ဒဏ်ခံနေရရှာတာ၊
အဲ့ကောင်မလေးတွေထဲက တစ်ယောက်ကို ဒဏ်ခတ်တဲ့အနေနဲ့ အပြင်မှာ နေပူကြီးထဲ နှစ်နာရီလောက်
ရပ်ခိုင်းခဲ့တယ်လေ”
ဟုဝင်ပြောလိုက်သည်။
ပေါ်ရန်က
ထိုစကားကိုကြားပြီး စဉ်းစားလိုက်ရာ အမူအယာတစ်မျိုးပြောင်းလဲသွားသည်။ “မျက်မှန်တပ်ထားတဲ့
ကျင်းရှီ တော့မဖြစ်နိုင်ပါဘူးနော်၊ သူက လူကောင်အရမ်းသေးပြီး နာခံမှုရှိပေမယ့် စိတ်ထဲကနေတော့
ပုန်ကန်တတ်တယ်!”
ပေါ်ရန်၏
အပြုံးသည် တစ်ခဏချင်း ပျောက်ကွယ်သွားကာ ရုတ်တရတ် “သူက မင်းကို ပြန်ခံပြောလား” ဟု မေးလိုက်သည်။
“မပြောဘူး” ရှုချောင်းယန်က ရေတစ်ကျိုက်မော့ရင်း
သူ့မှတ်စုစာအုပ်ကို ကြည့်ရင်းပြောလိုက်သည်။ “သူမက ခေါင်းမာပြီး မတ်တပ်ကောင်းကောင်း
မရပ်ဘူး။ ငါသူ့ကို ကိုယ်ကိုဖြောင့်ဖြောင့်ရပ်ခိုင်းတယ်၊ ပြီးတော့မေးကိုမော့ခိုင်းပြီးတော့ပေါ့၊
ဒါပေမယ့် ငါပြောတဲ့အတိုင်းမဟုတ်ပဲ သူ့နည်းသူ့ဟန်နဲ့ ရပ်နေတယ်လေ၊ မထုံတတ်တေးနဲ့ ငါ့ကိုဒေါသထွက်အောင်
လုပ်နေတာ”
“သူ ကောင်းကောင်းမရပ်နိုင်ရင်လည်း
သင်ပေးလိုက်ပေါ့”
ကျင့်ချီက အခြေအနေကို ကြည့်ပြီး ပြောလိုက်သည်။ “ဘာလို့ သူ့လိုကောင်မလေးကို
အပြစ်ပေးနေရတာလဲ၊ သူက နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးပဲကို၊ သူ့ခမျာ မျက်လုံးတွေနီရဲလာပြီး
သနားစရာကောင်းနေတယ်လေ၊ မျက်ရည်မကျအောင် မနဲထိန်းထားရှာတာ”
ရှုချောင်းယန်က
“ငါကသူတို့ကို တာဝန်ယူသင်ပေးနေတာ ဘယ်သူလဲဆိုတာ လုပ်ပြချင်ရုံပါ” ဟုရှုချောင်းယန်က
ပြောလိုက်သည်။
ပေါ်ရန်လည်း
နှုတ်ဆိတ်သွားခဲ့သည်။
ညခင်းလေညင်းသည်
ဖြည်းညင်းစွာ တိုက်ခတ်လာပြီး ကောင်းကင်တွင် ကြယ်များ ပျံ့ကျဲနေသည်။
ကျင်းရှီသည်
အဝတ်လှန်းသည့် ကြိုးတန်းဘေးတွင် ရပ်နေပြီး အသစ်လျှော်ထားသော အစိမ်းရောင် စစ်ဝတ်စုံကို
ခြောက်အောင်လှန်းနေကာ သူမနောက်သို့ တစ်စုံတစ်ယောက် လျှောက်လာသည်ကို သတိမထားမိပေ။
ပေါ်ရန်သည်
အဝေးမှ လှမ်းကြည့်ကာ သူမ၏ ပိန်လှီသော ကျောနှင့် ပခုံးများ၊ သေးငယ်ပြီး အားအင်မရှိသော
ပုံပန်းသွင်ပြင်ကို သတိပြုမိသည်။ ရှုချေောင်းယန်က သူမကို ဒီနေ့ ဒုက္ခပေးခဲ့သည်ဟု ထင်နေလေသည်။
နားမလည်နိုင်သော
နာကျင်မှုတစ်ခုက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာသည်။
ကျင်းရှီသည်
သူမ၏ တွန့်ကျေနေသော ဘောင်းဘီကို ရုတ်လိုက်ပြီး ပေါ်ရန်ကို လှည့်ကြည့်လိုက်သည်။ “စီနီယာပေါ်၊
ဒီတစ်ခါတော့ ရှင် ကျွန်မကို လန့်သွားအောင် မလုပ်ဘူးပဲ” ဟုပြောလိုက်သည်။
“အရင်တစ်ခေါက်တုန်းကလည်း
မင်းကို လန့်သွားအောင် လုပ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ ငါ အဲ့လောက်ထိ ငြီးငွေ့စရာကောင်းတဲ့သူ
တစ်ယောက်မဟုတ်ပါဘူး”
ဟုပေါ်ရန်က ပြန်ဖြေလိုက်သည်။
လျှော်ဖွပ်ထားသော
အစိမ်းရောင် စစ်ဝတ်စုံထည့်ထားသော ပေါ်ရန်၏ လက်ထဲရှိ ရေပုံးဆီ ကျင်းရှီအကြည့် ရောက်သွားလေသည်။
“ရှင်လည်း အဝတ်တွေလှန်းနေတာလား”
ဟုသူမမေးလိုက်သည်။
“အန်...အွန်” ပေါ်ရန်က ပြန်ဖြေလိုက်သည်။
“ဒီမှာထားခဲ့လိုက်” ကျင်းရှီက ပေါ်ရန်၏
အဝတ်အစားများလှန်းရန် နေရာရသွားအောင် သူမ၏ယူနီဖောင်းကိုရွှေ့လိုက်သည်။
ပေါ်ရန်က
သူ့အဝတ်အစားများကို ခါလိုက်ပြီး ကျင်းရှီအဝတ်များဘေးတွင် လှန်းထားလိုက်သည်။
“ဒီနေ့ရော ရှုချောင်းယန်
ဆူသေးလား” ဟုပေါ့ပေါ့ပါးပါး
မေးလိုက်သည်။
“အိုး အဲ့ဒါက ဘာမှမဖြစ်ပါဘူး” ကျင်းရှီက သူမလက်များကို
ဘာမှမဖြစ်သလိုပုံစံဖြင့် ဝှေ့ယမ်းလိုက်ပြီး “ကျွန်မ သူစိတ်ကျေနပ်အောင် ကောင်းကောင်း
မလုပ်နိုင်ခဲ့တော့ သူဒေါသထွက်သွားတယ်”
ပေါ်ရန်သည်
သူမ၏ ကြည်လင်ပြီး အပြစ်ကင်းသော မျက်လုံးများကို ကြည့်ပြီး သူမက ထိုအရာကို သိပ်ဂရုမစိုက်ကြောင်း
သိလိုက်ရသည်။
“မင်း ငိုခဲ့သေးလား”
“မငိုပါဘူး” ကျင်းရှီက အလျင်အမြန်
ငြင်းလိုက်ပြီး “အပြင်မှာ မတ်တပ်ရပ်လိုက်ရတော့ နည်းနည်းတော့ ရှက်မိတယ်၊ ဒါပေမယ့် အဲ့ဒါကလည်း
ကျွန်မအပြစ်ပဲလေ”
သူမစကားပြောရင်း
အနည်းငယ် ရှက်သွေးဖြာသွားကာ သူမ၏ ဖြူစင်သော အသားအရေသည် ပန်းနုရောင်သို့ အနည်းငယ် ပြောင်းလဲသွားသည်။
ပေါ်ရန်သည် သူ့ရင်ထဲတွင် အသည်းယားသွားသလို
ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
“မင်း မနက်ဖြန်လည်း ကောင်းကောင်း
မလုပ်နိုင်သေးလို့ နောက်တစ်ခါ အပြစ်ပေးခံရရင် ဘယ်လိုလုပ်မလဲ” ဟုပေါ်ရန်က စိုးရိမ်တကြီး
မေးလိုက်သည်။
“အပြစ်ပေးတာကို ကျွန်မ လက်ခံရုံပဲရှိတော့တာပေါ့” ဟုကျင်းရှီက ပြောလိုက်သည်။
ပေါ်ရန်သည်
သူမကို မနိုင်တော့သဖြင့် ပြုံးလိုက်ပြီး သူမအနားသို့ လျှောက်လာသည်။ “မင်း ကောင်းကောင်းမတ်တပ်ရပ်တာကို
ငါကြည့်ပါရစေ” ဟုပြောလိုက်သည်။
ပေါ်ရန်က
သူမကို သင်ပေးလိုသောကြောင့် ကျင်းရှီသည် ဝမ်းသာအားရဖြင့် အသက်ပြင်းပြင်းရှူကာ သူ့ရှေ့တည့်တည့်တွင်
မတ်တပ်ရပ်လိုက်သည်။
ပေါ်ရန်သည်
သူမဘေးနားသို့ သွားပြီး ပတ်ကြည့်ကာ သူမ၏ ကိုယ်ဟန်အနေအထားကို အပြည့်အ၀ ကြည့်နေလေသည်။
ထူထဲသော
ညအိပ်ဝတ်အဝတ်အစားသည် အလွန်ပျော့ပျောင်းပြီး အနီးကပ်မကြည့်လျှင် မမြင်နိုင်သော ရင်ဘတ်မှ
မို့မောက်တက်နေတာလေးများလည်း ရှိနေသည်။
သို့သော်
ထိုအရာလေးများကို သူမြင်ရသည်။
ဘရာစီယာကို
ကောင်းကောင်း မဝတ်ထားသလို ဖြစ်နေပြီး ထိုမိန်းကလေး၏ ခန္ဓာကိုယ်သည် နုပျိုပြီး မရင့်ကျက်သေးသော
အရိပ်အယောင်များ ပြည့်နှက်နေသည့် ပန်းပွင့် အဖူးအငုံလေးနှင့် တူသည်။ သို့သော် သူမသည်
တဖြည်းဖြည်း ပွင့်အာလာလေသော ပန်းပွင့်လေးတစ်ပွင့် ဖြစ်နေသည်။
သူ့အကြည့်ကို
အံသြသင့်စွာဖြင့် ရှောင်လိုက်သည်။
“မင်းရင်ဘတ်ကို ကော့ထားလိုက်” ဟုပြောလိုက်သည်။
ကျင်းရှီလည်း
အသက်ပြင်းပြင်းရှူပြီး ရင်ဘတ်ကို ကော့ထားသော်လည်း သူမ၏ ပုခုံးများသည် နိမ့်ဝင်ပြီး
ကျန်နေခဲ့သည်။
ပေါ်ရန်၏
လက်သည် သူမ၏ ကျောပေါ်သို့ ပေါ့ပေါ့ပါးပါး ကျရောက်သွားပြီး သူမသည် ထိုအရာကို ဆန့်ကျင်ခြင်း
သို့မဟုတ် ကန့်ကွက်ခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် သူမကို ရှေ့သို့ အားဖြင့် အတင်းတွန်းလိုက်သည်။
“ဒီထက်ပိုကော့ထား”
“ကျွန်မ မလုပ်နိုင်တော့ဘူး
စီနီယာ ကျွန်မ အသက်ရှူကြပ်လာပြီ”
“မင်းကို အသက်အော့ထားဖို့
ဘယ်သူက ပြောနေလို့လဲ”
“အိုး~”
ကျင်းရှီသည်
အသက်ရှူထုတ်ပြီး ရင်ဘတ်ကို ကော့ပစ်လိုက်သည်။
သို့သော်
ပေါ်ရန်က မကျေနပ်သေးပေ။ "ဒီထက်ပိုပြီး ကော့ဦး”
“စီနီယာ၊ ရှင် ကျွန်မကို
ဘယ်နေရာကို အဲ့လောက်ထိ ကော့စေချင်နေတာလဲ”
ပေါ်ရန်သည်
ခဏလောက် စဉ်းစားပြီး သူ့ဆရာက သင်ပေးထားသည့် နည်းစနစ်ကိုသုံးပြီး ကျင်းရှီ၏ ရင်ဘတ်ရှေ့မှာ
သူ့လက်ကို စင်တီမီတာအနည်းငယ်လောက် ဆန့်ထုတ်လိုက်တယ်။
“ငါလက်ကို ထိတဲ့အထိ မင်း
ရင်ဘတ်ကို ကော့ထုတ်လိုက်”