လူပျိုလှည့်တေး
အပိုင်း
၉
“ငါ့.....လက်ကို ထိအောင်လုပ်”
ပေါ်ရန်၏
လက်ချောင်းများက သေးသွယ်ပြီး သူ့လက်ရှိ အပြာဖျော့ဖျော့ သွေးပြန်ကြောလေးများသည် လက်မောင်းတစ်လျှောက်
ပေါ်လွင်နေသည်။
စကားပြောနေစဉ်တွင်
ပေါ်ရန်၏ ခေါင်းသည် ဘေးဘက်သို့ အနည်းငယ်လှည့်သွားကာ သူမကိုကြည့်ရသည်မှာ ရှက်လွန်းနေသည်။
သူ၏ပါးလွှာသော နှုတ်ခမ်းများသည် အပြုံးကို မျိုသိပ်ထားဟန်တူသည်။
ကျင်းရှီသည်
သူ့မျက်လုံးများထဲမှ အကြံကြီးသောသော အကြည့်ကို သတိမထားမိပေ။ သူမသည် သူမ၏အလုပ်အပေါ်
အာရုံစူးစိုက်ပြီး လေးလေးနက်နက် အသက်ကိုရှူသွင်းကာ ပေါ်ရန်၏ လက်ကို ထိအောင်လုပ်နေသည်။
ပျော့ပျောင်းသော
ဝါဂွမ်းလုံးက သူ့လက်ချောင်းထိပ်တွေကို ထိတော့မှာမို့ ပေါ်ရန်က သူ့လက်ကို ရုတ်တရက် နောက်ပြန်ဆုတ်လိုက်ပြီး
သူမ ခေါင်းနောက်ကို ပုတ်ပေးလိုက်သည်။
“မင်းက တော်တော်တုံးတာပဲ” ဟုသူက ပြောလိုက်သည်။
ကျင်းရှီသည်
စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်သေးသေးလေးသည် ပေါ်ရန်၏ ခေါင်းပုတ်ပေးခြင်းကို
ခံစားမိသောကြောင့် ဆတ်ခနဲ ရှေ့သို့ တိုးလာသည်။ ဝိုင်းစက်သော မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ
“ဘာဖြစ်လို့လဲ”
ဟုမေးလိုက်သည်။
“မင်း ငါ ပြောတဲ့အတိုင်း
လုပ်နေတာ မဟုတ်ဘူးလား”
ပေါ်ရန်က သူမဒေါသကို နည်းနည်းဆွလိုက်သလိုပုံစံဖြင့် ပြန်ဖြေလိုက်သည်။
ကျင်းရှီက
နားလည်သွားသည့်ဟန်ဖြင့် “အာ”
ဟုပြောလိုက်သော်လည်း စိတ်ရှုပ်နေတုန်းပဲဖြစ်သည်။
ပေါ်ရန်က
သူမကို သေချာ သတိထားကြည့်လိုက်သည်။ “ဒါက မှားနေတဲ့နည်းလမ်းပဲ၊ ဘယ်သူ့မှ အဲ့လိုမလုပ်ဘူး၊
မင်းရဲ့ဆရာကိုတောင်မှပေါ့”
ကျင်းရှီက
ခေါင်းညိမ့်ပြပြီး ရေရွတ်နေသည်။ “အိုး ဒါဆို ဘယ်လို နည်းလမ်းမှန်ကဘာလဲ”
ပေါ်ရန်သည်
သူမနောက်တွင် ရပ်လိုက်ပြီး သူမ၏ သွယ်လျသော ပုခုံးများပေါ် လက်နှစ်ဖက်ကို တင်ကာ သူမခန္ဓာကိုယ်လေးကို
နောက်သို့ အနည်းငယ် ယိမ်းလိုက်သည်။ “မင်းရဲ့လက်တွေကို သဘာဝအတိုင်း ချထားလိုက်၊ အသက်ရှုတာကို
မထိန်းထားနဲ့” ဟုညွှန်ကြားခဲ့သည်။
ထို့နောက်
သူ၏ လက်များသည် သူမ၏ နောက်ကျောငယ်လေးဆီသို့ ကျရောက်ကာ သူမ၏ နောက်ကျောကို ဖိလိုက်သဖြင့်
သူမတင်ပါးလေးများမှာ ကော့လာသလိုဖြစ်သွားသည်။
ကျင်းရှီသည်
သူ၏ တင်းမာသော ဗိုက်ကြွက်သားများနှင့် ဖိမိသွားသည်ကို ခံစားလိုက်ရပြီး ပါးလွှာသော သူ့ရှပ်င်္ကျီမှတစ်ဆင့်
သူ့ခန္ဓာကိုယ်အပူချိန်သည် သူမထက်များစွာ မြင့်မားနေသည်ကို ခံစားသိရှိလိုက်လေသည်။
ကျင်းရှီ၏
နဖူးတွင် ချွေးများ ကျလာသည်။
ပေါ်ရန်က
သူမကိုငုံ့ကြည့်လိုက်သောအခါ နားရွက်လေးများ နီရဲလာသည်ကို တွေ့လိုက်ရသည်။
သူမကို
လွှတ်ပေးလိုက်ပြီး “ခုနက မင်းငါ့ကို မှီထားသလိုပဲ။ နေ့တိုင်း နံရံကိုမှီပြီး နာရီဝက်လောက်
အဲ့လိုရပ်နေလိုက်ရင် မင်းရဲ့ ကိုယ်နေဟန်ထားက အချိန်နဲ့အမျှ တိုးတက်လာလိမ့်မယ်” ဟုပေါ်ရန်က ပြောလိုက်သည်။
“တကယ်လား ဒါဆို နောက်ကျရင်
ရှင်တို့လိုမျိုး လမ်းလျှောက်လို့ ရတော့မယ်ပေါ့နော်” ကျင်းရှီက မေးလိုက်သည်။
“ဒါက မတ်တပ်ရပ်ဖို့ ကိုယ်ဟန်အနေအထားပဲ
ရှိသေးတယ် ပြီးတော့ မင်းကိုပိုပြီး ကျက်သရေရှိတဲ့ပုံ ဖြစ်အောင်လုပ်ပေးတာပဲ၊ လမ်းလျှောက်တာက
ပုံမှန်အတိုင်းပဲ လျှောက်၊ မဟုတ်ရင် လျှောက်တဲ့ပုံက ထူးဆန်းနေလိမ့်မယ်” ဟုပေါ်ရန်က ပြန်ပြောလိုက်သည်။
ကျင်းရှီသည်
ပေါ်ရန်ကို ကျေးဇူးတင်ကြောင်းပြောပြီး သူမရေပုံးနှင့်အတူ ထွက်သွားခဲ့သည်။
ပေါ်ရန်သည်
အဝတ်လှန်းသည့်ကြေးနန်းကြိုးပေါ်ရှိ စစ်ယူနီဖောင်းနှစ်ထည်ကို လှမ်းကြည့်လိုက်ရာ ၎င်းတို့၏ပုံကို
ကျေနပ်စွာ ကြည့်နေမိသည်။
**
စစ်ရေးလေ့ကျင့်မှု
ဒုတိယနေ့တွင် ကျင်းရှီသည် စိတ်လှုပ်ရှားနေပြီး ရှုချောင်းယန်နှင့် မျက်လုံးချင်းမဆုံဝံ့ပဲ
ခေါင်းငုံ့ထားလိုက်သည်။ သူမတစ်ယောက်တည်း အပြစ်ပေးခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်
ထိုသို့မဖြစ်ခဲ့ပေ။
ယနေ့တွင်
ရှုချောင်းယန်သည် လေ့ကျင့်မှုတစ်လျှောက်လုံးတွင် နူးညံ့သိမ်မွေ့ပြီး မည်သည့်ကျောင်းသားကိုမျှ
အပြစ်ပေးခြင်းမရှိပေ။ တစ်ယောက်ယောက်က အမှားလုပ်မိလျှင်လည်း ညင်သာစွာ ကြိမ်းမောင်းလိုက်သည်။
မနေ့က
ကောင်မလေး နှစ်ယောက် သို့မဟုတ် သုံးယောက်လောက်ကို ငိုအောင် လုပ်ခဲ့သောကြောင့် သူ့လုပ်ရပ်များကို
ဆင်ခြင်ပြီး ပြန်သုံးသပ်မိခဲ့သည်။ ယနေ့တွင်မူ ရှုချောင်းယန်သည် သူ မဟုတ်သည့်အတိုင်းပင်
မတူညီသောလူတစ်ယောက်လိုဖြစ်သွားသည်။
မနက်ကိုးနာရီတွင်
ပေါ်ရန်သည် အားကစားကွင်းကို ရောက်လာခဲ့သည်။
နောက်ကျောတွင်
ကာတွန်းပန်ဒါလိုဂိုပါသည့် အနက်ရောင်တီရှပ်ကို ၀တ်ဆင်ထားကာ လှပသောခြေကျင်းဝတ်ကို ပေါ်လွင်စေရန်
ဘောင်းဘီကို လိပ်တင်ထားပြီး အားကစားဖိနပ်များကို ဝတ်ဆင်ထားသည်။ သူကိုကြည့်ရသည်မှာ ပေါ့ပါးအေးဆေးနေသည်။
သူသည်
သူ့ပုံဆွဲဘုတ်ပြားကို ကိုင်ဆောင်လာကာ ပတ်ပတ်လည်ကို လှည့်မကြည့်ပဲ အားကစားကွင်းအတွင်း
တည့်တည့်လျှောက်သွားကာ တရုတ်ထီးပန်းပင်အောက်၌ အရိပ်ရသည့်နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။
ထိုနေရာတွင် သူက သူ့ပုံဆွဲဘုတ်ကို နေရချလိုက်သည်။။
တန်းစီနေသော
ကောင်မလေးများ အားလုံးသည် ပေါ်ရန်ကို စိုက်ကြည့်နေသည်ကို ရှုချောင်းယန် သတိပြုမိသည်။
“အားလုံး သတိ!”
သူ့ကို
ဘယ်သူမှ ဂရုမစိုက်ကြပေ။ ကောင်မလေးများသည် အချင်းချင်း တီးတိုးပြောနေကြသည်။ “အဲ့ဒါ စီနီယာ
ပေါ်ရန်ပဲ!”
“အိုး ဘုရားရေ၊ သူက အရမ်းချောတာပဲ!”
“သူ့မျက်လုံးတွေက ငါတို့အိမ်က
ကြောင်လို အရမ်းလှတာပဲ”
“သူပုံဆွဲနေတာလား။ သူ ငါ့ပုံကို
ဆွဲနေတာလား”
“အား၊ သူငါတို့ကိုကြည့်နေတယ်၊
ကိုယ်ကို မတ်မတ်ရပ်ပြီး လှအောင်နေစမ်!”
ရှုချောင်းယန်တွင်
ပြောစရာစကားမရှိတော့ပေ။ သူသည် သူတို့ကို လေ့ကျင့်ပေးနေသည်မှာကြာပြီ ဖြစ်သော်လည်း ကောင်မလေးများက
ပေါ်ရန်ကို အာရုံစိုက်ပြီး ကြည့်နေသလောက် သူ့ကို ဘယ်သူမှ အလေးအနက် မကြည့်ကြပေ။ “မင်းတို့အားလုံး
ပေါ်ရန်ကို အရမ်းသဘောကျနေရင် ငါသူ့ကို နည်းပြရာထူး ပေးလိုက်မယ်။ မင်းတို့ကို သူသင်ပေးလိမ့်မယ်” ဟုအနည်းငယ် မနာလိုဖြစ်သွားသည်။
“အကြံကောင်းပဲ!”
“လုံးဝအဆင်ပြေတယ်!”
ရှုချောင်းယန်သည်
နာကျင်မှုကို ခံစားလိုက်ရသည်။ မနေ့က သူတို့ကို အသံအကျယ်ကြီးဖြင့် အော်ဟစ်သောကြောင့်
သူ အသံပျောက်ခဲ့ရပြီး ယခုတွင်မူ ထိန်းမနိုင်သိမ်းမရဖြစ်နေသော ကျောင်းသူသစ်များနှင့်
ရင်ဆိုင်နေရသည်။
ထိုအချိန်တွင်
နူးညံ့သိမ်မွေ့သော အသံလေး ထွက်ပေါ်လာသည်။ “နည်းပြရှုက အရမ်းတော်တာပဲ”
ထိုစကားများကို
ပြောနေသော ကောင်မလေးကို ကြည့်ရင်း ရှုချောင်းယန်၏ မျက်လုံးများ အရောင်တောက်ပလာသည်။
သူမသည် မျက်ခုံးမွှေးများပေါ် ဆံပင်အနည်းငယ် ဖုံးအုပ်နေပြီး “Leon - The
Professional” ထဲက Mathilda ကဲ့သို့ ဆံပင်တိုပုံစံဖြင့် တန်းစီကာ ရပ်နေသည်။ သူမက ရှုချောင်းယန်ကိုပြုံးပြလိုက်သည်။
သူမမှာ
ခန်းမတစ်ဖက်ရှိ အဆောင်မှ သူနှင့်အခန်းနီးသော ချူးကျောက်အဖြစ် မှတ်မိသွားသည်။
အမှန်တကယ်ပင်
အိမ်နဲ့တူသော နေရာသည် မရှိပေ။ အထူးသဖြင့် ခက်ခဲသောအချိန်များတွင်။
“တကယ်လား? ချူးကျောက်”
“တန်းစီရပ်နေတာကို မရပ်ချင်တော့လို့
နည်းပြကို မြှောက်ပင့်ပြောနေတာလား”
ချူးကျောက်သည်
ပွင့်လင်းပြီး လေးနက်သည်။ "နည်းပြရှု က ကျွန်မကို တန်းစီဖို့ခေါ်တဲ့အခါ ကျွန်မရဲ့အတန်းနဲ့
ကော်လံနံပါတ်တင်မဟုတ်ပဲ နာမည်ကိုပါ အမြဲခေါ်ပေးတယ်”
သူမစကားများကို
ကျောင်းသားကျောင်းသူများ ကြားသွားသောအခါ ထိုစကားများသည် အမှန်တကယ်ပင် ဖြစ်ကြောင်းကို
သတိထားမိသွားသည်။ ရှုချောင်းယန်က သူတို့နာမည်များကိုခေါ်တိုင်း သူတို့နာမည်အပြည့်အစုံကို
အမြဲခေါ်လေ့ရှိသည်။
နှစ်ရက်ပဲရှိသေးသော်လည်း
အတန်းထဲက ကျောင်းသားကျောင်းသူအားလုံး၏ နာမည်နှင့် မျက်နှာများကို သူ မှတ်မိနေခဲ့သည်!
ထိုအရာကို
လူတိုင်း မလုပ်နိုင်ပေ။
အနားပေးသောအချိန်အတွင်း
ကျင်းရှီနှင့် သူမ၏ သူငယ်ချင်းများသည် ရေသောက်ရန် အနားယူရာနေရာသို့ သွားခဲ့ကြပြီး အရိပ်ရသစ်ပင်အောက်တွင်
ခဏတာ ထိုင်ခဲ့ကြသည်။
ပေါ်ရန်သည်
သူမကို စောင့်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း သူမ ရောက်မလာသေးချေ။ သူမကို လိုက်ရှာနေခဲ့သည်။
ကျင်းရှီသည်
ကျောက်တုံးထိုင်ခုံလေးပေါ်တွင် ထိုင်ကာ သူမသူငယ်ချင်းများနှင့် နေရောင်ကာခရင်မ်များလဲလှယ်ပြီး
လိမ်းနေကြသည်။ သူမမျက်နှာကို ခရင်မ်ထူထူဖြင့် လိမ်းလိုက်ပြီး ချွေးများကင်းစင်သော သူမျက်နှာလေးကို
ဖြူစင်သန့်စင်သွားစေသည်။
ပေါ်ရန်သည်
နောက်ထပ် မိနစ်အနည်းငယ်ကြာအောင် စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
သူမသည်
သူမကိုယ်တိုင် ဘာပြောနေမှန်းမသိပုံပေါ်သလိုဖြစ်ကာ ခွက်ထိုးခွက်လန် ရယ်မောပြီး ရေသီးလုနီးပါး
ဖြစ်နေသည်။
အနားပေးချိန်ကုန်ဆုံးခါနီးသော်လည်း
ကျင်းရှီသည် သူကို နှုတ်ဆက်ဖို့ ရောက်မလာသေးပေ။
ပေါ်ရန်သည်
သူမကို အချိန်အကြာကြီး စိုက်ကြည့်ရင်း မျက်လုံးများကို မှေးကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
သူမသည်လည်း သူ့ကို အမှတ်မထင် သွားကြည့်မိပြီး သူတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက်ဝေးနေသော်လည်း
အကြည့်ချင်းဆုံသွားသည်။
ပေါ်ရန်၏
နှလုံးသားသည် မီးရှူးမီးပန်းများပေါက်သွားကဲ့သို့ ဗြောင်းဆန်သွားသည်။
ဒီကောင်မလေးက....သူ့အာရုံကို
ဆွဲဆောင်နိုင်သည်။
ကျင်းရှီသည်
သူမ၏ သူငယ်ချင်းများနှင့် ဆက်စကားစမြည်ပြောဆိုရန် နောက်သို့ မလှည့်မီ သူ့အားလက်ကိုဝှေ့ယမ်းပြလိုက်သည်။
ပေါ်ရန်
- ...
ဒါပဲလား?
ငါတို့က မရင်းနှီးသေးလို့လား ဒါမှမဟုတ် ငါက ဆွဲဆောင်မှုမရှိလို့လား။
ပေါ်ရန်က
သူ့မျှော်လင့်ချက်များကို စွန့်လွှတ်ခါနီးတွင် ကျင်းရှီသည် နောက်ဆုံးတွင် သူ့ဆီသို့
ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
“အိုး၊ စီနီယာ ပုံဆွဲနေတာလား”
ပေါ်ရန်က
အံကြိတ်ကာ သူ့ပုံကြမ်းစာအုပ်ကို ဖွင့်ပြီး သူမအား ပြလိုက်သည်။ “မင်းပုံကို ရှာကြည့်”
ဖြူစင်သန့်ရှင်းသော
စာမျက်နှာများတွင် လေးထောင့်ပုံကြမ်းများစွာရှိပြီး ၎င်းတို့အတွင်းတွင် ကျောင်းသားတစ်ဦးစီပုံကို
ရေးဆွဲထားသည်။ ထိုကျောင်းသားကျောင်းသူပုံတို့သည် မတူညီသော အရပ်အမြင့်နှင့် အရွယ်အစားပေါင်းစုံရှိပြီး
ကစားကွင်း၏ ထက်ဝက်နီးပါးကို သူ့အမြင်ဖြင့် ပြန်ပြင်ရေးဆွဲထားသည်။
ကျောင်းသားကျောင်းသူများ၏
မျက်နှာများကို မဆွဲထားပဲ ၎င်းတို့၏ ကောက်ကြောင်းများကိုသာ မှုန်ဝါးဝါးဆွဲထားသည်။
ကျင်းရှီသည်
အနီးသို့ ကပ်ကြည့်ပြီး ထိုပုံများအကြားတွင် သူ့ကိုယ်သူ ရှာဖွေနေသည်။
သူမ၏ဆံနွယ်များက
သူ့ပခုံးပေါ်သို့ လျှောကျသွားပြီး ပေါ်ရန်က မော့ကြည့်လိုက်သောအခါ သူမ၏လည်တိုင်အသားအရေကို
မြင်လိုက်ရပြီး ပုံမှန်အားဖြင့် ဖြူစင်သော အသားအရေသည် နေရောင်ခြည်ကြောင့် အနည်းငယ်
နီရဲနေသည်။
သူမဆံနွယ်များကို
ညင်သာစွာ တွန်းဖယ်လိုက်ပြီး သူ့လက်ဖဝါးပေါ် တင်ကာ တစ်ခဏမျှ ပွတ်နေသည်။
ကျင်းရှီက
သူမ၏ပုံ ရှာဖွေမှုတွင် အာရုံစူးစိုက်နေပြီး “ကျွန်မက ဒီအကွက်ထဲမှာ၊ ပြီးတော့ ဒီလူက
နည်းပြရှု။ အိုး ဒါဆို မဖြစ်တော့ဘူး၊ နည်းပြရှုက အဲ့မှာဆိုတော့ ကျွန်မ သွားမှ....”
သူမကိုယ်သူမ
တော်ရုံရှာမတွေ့နိုင်ပြီး ထိုပုံကြမ်းထဲမှာ လူအများကြီးပုံကို မျက်နှာတောင်မဆွဲထားပဲ
သူမပုံသည် သိပ်မထင်မရှားဖြစ်နေသော ပုံများထဲမှ တစ်ပုံဖြစ်နေသည်။ သူမပုံကို ရှာရသည်မှာ
ကောက်ရိုးပုံထဲ အပ်ရှာနေရသလိုမျိုး ဖြစ်နေသည်။
“မင်းကိုယ်မင်း ရှာမတွေ့ဘူးလား” ဟုပြောသောအခါ ကျင်းရှီက
သူ့ကိုကြည့်လိုက်သည်။ “အဖြေမှန်ရောရှိရဲ့လား”
ပေါ်ရန်က
သဲ့သဲ့လေး ပြုံးပြလိုက်သည်။ “ရှိပါတယ်၊ ဒါပေမယ့် အခြေအနေတစ်ခုအရသာ ပြောပြမယ်”
ကျင်းရှီက
သူမ၏ပန်းနုရောင်နှုတ်ခမ်းလေးကို စူလိုက်သည်။ “အဲ့လိုမျိုးကြီးလား”
“ဟုတ်ပါတယ်ဗျာ့”
“အင်း ဒါဆို ကျွန်မကိုပြောပြ”
“အနားလာခဲ့”
ပေါ်ရန်က
သူမကို သူ့အနားကပ်လာစေရန် လုပ်လိုက်ပြီး ကျင်းရှီက သူမနားရွက်ကို သူပြောသလိုမျိုး ကပ်ပေးလိုက်သည်။
သူမ၏
နားကင်းလေးသည် လုံးဝိုင်းပြီးပြည့်ပြည့်ဖိုင်းဖိုင်းဖြစ်နေကာ ပန်းရောင်သမ်းသည်။ ထိုအရာက
သူမကို အလွန်ချစ်စရာကောင်းစေသည်။
ပေါ်ရန်က
သူမဆံနွယ်လေးများကို နားရွက်နောက်သို့ သပ်ပေးလိုက်ပြီး “ခဏနေရင် လူတိုင်း အနားယူတဲ့အခါကျရင်
ဖျော်ဖြေဖို့ ကလေးတစ်ချို့ကို ခေါ်လိမ့်မယ်။ အဲ့ခါကျရင် မင်းလည်းပါဝင်ပြီး ငါ့အတွက်
သီချင်းဆိုကပြလို့ရတယ်နော်”
ဟုတိုးတိုးလေး ပြောလိုက်သည်။
ကျင်းရှီ
- ...
ကလေးတွေက
ဘယ်သူတွေလဲ။
“ကျွန်မ မသိချင်ဘူး” ကျင်းရှီက ရေရွတ်လိုက်သည်။
“ရှင်နော် ကျွန်မကို ကြည့်ရဆိုးအောင် လုပ်ဖို့ မကြိုးစားလိုက်နဲ့နော်”
“မင်း စင်ပေါ်တောင် မတက်ရသေးဘူးလေ၊
မင်းကိုယ်မင်း အရှက်ရလိမ့်မယ်လို့ တစ်ထစ်ချတွေးထားရတာလဲ”
“ကျွန်မ အဲ့လိုအရှက်ရဖို့
သေချာတယ်” ကျင်းရှီက အခိုင်အမာပြောလိုက်သည်။
“ရှင် သိလား၊ ကျွန်မမှာ အဲ့ဒီလိုအရည်အချင်းတွေ မရှိဘူးဆိုတာ။ အားလုံးက ကျွန်မကို ဝိုင်းရယ်ကြမှာ”
“မင်း သတ္တိမရှိတာလည်း ဖြစ်နိုင်တာပဲ၊
သူရဲဘောကြောင်လေးရဲ့”
“ရှင့်ဘာသာ ပြောချင်တာပြော”
ကျင်းရှီက
မတ်တပ်ထရပ်ပြီး သူမဘောင်းဘီတွင် မြက်များကပ်နေသည်ကို ခါချလိုက်သည်။ “ကျွန်မသွားတော့မယ်၊
တာ့တာ”
“ဟေး” ပေါ်ရန်က သူမ လက်ကောက်ဝတ်ကို
ရုတ်တရက် လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
ကျင်းရှီက
အောက်သို့ကြည့်လိုက်သည်။ “ဘာလဲ?”
“ငါ မင်းကို မရယ်ပါဘူး”
သူမသည်
သူ့လက်ကို အသာအယာ ဖယ်လိုက်သည်။
ပေါ်ရန်ပြောသည့်အတိုင်း
မကြာမီ နည်းပြဆရာ၏ ညွှန်ကြားမှုအောက်တွင် လူစုလူဝေးများသည် ထိုင်ပြီး သီချင်းဆိုနေကြသည်။
ရှုချောင်းယန်က
ကျယ်လောင်စွာ အော်လိုက်သည်။ “ဖျော်ဖြေဖို့အတွက် ဒုတိယတန်းက ဘယ်သူတွေပါဦးမလဲ”
ထင်ထားသည့်အတိုင်းပင်
ဒုတိယတန်းမှ ကျောင်းသားကျေောင်းသူများသည် အလွန်စည်းလုံးကြပြီး အားလုံးက “မပါဘူး!” ဟူ၍
ပြောလိုက်ကြသည်။
ရှုချေောင်းယန်
- ...
သူတို့တွေ
ငါ့အတွက် ဒီလောက်လွယ်အောင် လုပ်ပေးစရာလိုလို့လား။
“အဟမ်း ဒါဆို ငါတစ်ယောက်ယောက်ကို
ခေါ်ထုတ်လိုက်မယ်”
လူအုပ်ထဲတွင်
ကျင်းရှီသည် ပေါ်ရန်ကို ထိတ်လန့်စွာ ကြည့်နေ၏သည်။ ပေါ်ရန်သည် သစ်ပင်တစ်ပင်၏ ပင်စည်ကို
မှီ၍ မြက်ခင်းပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ အဝေးကနေ သူမကို ကြည့်နေသည်။ သူက
ပါးစပ်ကနေ တစ်ခုခုလှမ်းပြောနေသည်။ “လုပ်လိုက်စမ်းပါ”
ကျင်းရှီက
သူမခေါင်းကို အမြန်ခါလိုက်ပြီး “မဖြစ်ဘူး!”
ရှုချောင်းယန်က
ပြောလိုက်သည်။ “အိုး ကြည့်ရတာ ကျင်းရှီမှာ အကြံဉာဏ်တွေရှိနေပုံပဲ၊ အားလုံးပဲ သူ့ကို
လက်ခုပ်သြဘာပေးလိုက်ကြရအောင်!”
ကျင်းရှီ
- ...
သူ
ဘာတွေ တွေးနေတာလဲ။
စိတ်အားထက်သန်သော
လက်ခုပ်သံများ စတင်ခဲ့ပြီး ကျင်းရှီသည် ရှက်ကိုးရှက်ကန်းဖြင့် ရှေ့သို့ တိုးကာ ရှက်ရွံ့စွာ
လှမ်းပြောသည်။
ကျင်းရှီက
ရှုချောင်းယန်၏ အင်္ကျီလက်ကို လှမ်းဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မမှာ အဲ့လိုအရည်အချင်း
တစ်ခုမှမရှိဘူး!”
ရှုချောင်းယန်က
မေးလိုက်သည်။ “ဒါဆို မင်းဘာလုပ်နိုင်လဲ”
ကျင်းရှီက
ပြန်ဖြေလိုက်သည်။ “ကျွန်မရင်ဘတ်နဲ့ ကျောက်တုံးကို ချိုးနိုင်တယ်၊ အဲ့လိုဆို ဘယ်လိုလဲ”
ရှုချောင်းယန်က
ပြန်ပြောလိုက်သည်။ “အိုကေ၊ ကျင်းရှီက ငါတို့အတွက် သီချင်းတစ်ပုဒ်ဆိုပြလိမ့်မယ်။ သူ့အတွက်
လက်ခုပ်တီးပေးလိုက်ရအောင်!”
ကျင်းရှီ
- ...
“ဒါဆို... ကျွန်မ...ဂျေချောင်းဆိုထားတဲ့
'Drunken Red Cliff' သီချင်း ဆိုပြမယ်”
ရှုချောင်းယန်က
အံ့သြစွာ မေးလိုက်သည်။ “ဂျေချောင်းမှာ အဲ့လိုသီချင်းရှိလို့လား”
ကျင်းရှီက
ပြန်ဖြေလိုက်သည်။ “ဟင်?”
နီရဲလွန်း၍
သွေးတွေယိုစီးမတတ်ဖြစ်နေသော သူမမျက်နှာလေးကို ကြည့်ပြီး ရှုချောင်းယန်သည် သူမမှာ သူမခန္ဓာကိုယ်မှ
ဝိညာဉ်ထွက်သွားတော့မည်ကို စိုးရွံ့ထိတ်လန့်နေမှန်း သိလိုက်သည်။
“ငါ့ရဲ့ အလိုလိုသိနေခြင်းကြောင့်
မှန်ကန်တဲ့လူနဲ့တွေ့ခဲ့တယ်...”
ကျင်းရှီ
သီချင်းဆိုအပြီးတွင် ပေါ်ရန်နှင့် မျက်လုံးချင်းဆုံမိပြန်သည်။ သူမ၏ အသံသည် တုန်သွားပြီး
သီချင်းသံက ပျံ့လွင့်သွားကာ ပရိသတ်၏ ရယ်မောမှုကို ဖြစ်ပေါ်စေခဲ့သည်။
ဤအချိန်ဟာ
သူမဘဝ၏ အမှောင်မိုက်ဆုံးအချိန်ဖြစ်သည်ဟု သူမ ကျိန်ဆိုရဲသည်။
ကျင်းရှီ
နောက်ဆုံးအကြိမ်သီချင်းဆိုခဲ့သည်မှာ မူလတန်းကျောင်း၏ ပထမတန်း ကလေးပွဲတော်မှာ သီဆိုခဲ့ခြင်းဖြစ်သည်။
သူမသည် မိထွေးဖြစ်သူ၏ အထူးပြင်ဆင်ထားသည့် ပိုးကောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး နီရဲနေသော
ပါးပြင်နှစ်ဖက်နှင့် မျက်ခုံးမွှေးများပေါ်တွင် အလှတရား၏ အမှတ်အသား၊ ထိုအရာမှာ အတောင်ပံများပါသော
အဖြူရောင်ပိုးကောင်ငယ်လေးကဲ့သို့ ဖြစ်နေပြီး “Flying Bugs" ဟူသောသီချင်းကို စင်မြင့်ပေါ်တွင်
မိုက်မဲစွာ ရပ်ရင်း သီဆိုနေသည်။
ထိုအချိန်တွင်
ရှန်ဖျင်ချွမ်သည် သူမနှင့် အနီးဆုံးတွင် ရပ်နေပြီး သူမ သီချင်းဆိုအပြီးတွင် အပြင်းအထန်
လက်ခုပ်တီးခဲ့သည်။ စိတ်လှုပ်ရှားလွန်း၍ သူ့မျက်လုံးတွေထဲမှ မျက်ရည်တွေ စီးကျလာပြီး
ပတ်ဝန်းကျင်က လူတွေကို စိတ်အားထက်သန်စွာ ပြောရင်း “ဒါ ငါ့ညီမလေးလေ၊ ညီမလေးက အရမ်းချစ်စရာကောင်းတယ်”
ကျေနပ်မှုအပြည့်ရှိနေသော
သူမဖခင်၏ မျက်နှာအမူအရာသည် ကျင်းရှီ၏ မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် အမှတ်ရနေဆဲ ဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့
သူမ၏သီချင်းသံလေးက နေရာအနှံ့မှာ ရှိနေဆဲဖြစ်ပြီး ပရိသတ်များ၏ ဆက်တိုက်ရယ်မောခြင်းကို
ခံနေရပါသည်။
“ရိုးရိုးသားသားပြောရရင်
ချောင်းချောင်း၏ အခေါင်းကိုတောင် ထိန်းထားလို့မရပါဘူး”
“ဂျေချောင်းတော့ ဒါကိုကြားရင်
မျက်ရည်ကျလိမ့်မယ်”
“ကောင်မလေးက နည်းနည်းချစ်စရာကောင်းသားပဲ”
...
ဟုတ်ပါသည်၊
ထိုရယ်မောမှုများအားလုံးသည် စိတ်ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိသည့် နောက်ပြောင်မှုဖြစ်ပြီး ကျင်းရှီကလည်း ထိုသို့ဖြစ်လာမည်ကို
ကြိုတင်မျှော်လင့်ထားသောကြောင့် သူမသည် ထိုအရာကို စိတ်ထဲတွင် မထားပဲ သီချင်းကို ဆက်ဆိုနေခဲ့သည်။
သူမ၏
အတန်းဖော်များက ချီးကျူးကြပြီး ပေါ်ရန်ကို တစ်ဖန်ပြန်၍ နီရဲသော မျက်နှာဖြင့် ပြန်ကြည့်လိုက်ပြီး
သူမ အဖွဲ့ထဲသို့ ပြန်လာခဲ့သည်။
ပေါ်ရန်၏
ထူထဲသော မျက်ခုံးအောက်တွင် သူ့မျက်လုံးများသည် အပြုံးများ ပြည့်နှက်နေသည်။ လက်ခုပ်သြဘာပေးသည့်အနေဖြင့်
သူသည် ပျင်းရိစွာ နှစ်ကြိမ်တိုင်တိုင် လက်ခုပ်တီးရန် လက်ကိုဆန့်ထုတ်လိုက်သည်။
ကျင်းရှီက
သူ့ကို ပါးစပ်ကနေ တစ်ခုခုကို ပြောပြနေသည့် အမူအရာလုပ်ပြပြီး ဒေါသတကြီးနှင့် “ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။
ထိုညတွင်
သူမသည် ပန်းကန်အလွတ်တစ်လုံးကို ကိုင်ဆောင်ကာ အဆောင်သို့ ပြန်သွားခဲ့ရာ တံခါးဝတွင် စာရွက်တစ်ရွက်ကို
တွေ့ခဲ့သည်။ ကျင်းရှီက စိတ်ဝင်တစား ကောက်ကိုင်လိုက်ပြီး စာရွက်ပါးပါးလေးကို ဖွင့်ကြည့်လိုက်ရာ
ယနေ့ ပေါ်ရန်သည် သစ်ပင်အောက်မှာ ထိုင်နေရင်း ဆွဲထားသော ပုံတစ်ပုံကို တွေ့လိုက်ရသည်။
ကြည်လင်သောမျက်နှာနှင့်
လှပသောအရောင်အသွေးများဖြင့် ထင်ရှားပေါ်လွင်သော မိန်းကလေးတစ်ဦးမှလွဲ၍ လူတိုင်းကို အဖြူအမည်းရောင်ဖြင့်
ပုံဖော်ထားသောကြောင့် မိန်းကလေးသည် ထိုမြင်ကွင်း၏ အဓိကအာရုံစိုက်စရာတစ်ခုဖြစ်သွားသည်။
သူမသည်
သူမ၏ သေးငယ်သော ရင်ကိုမြင့်မြင့် ကော့လျက် မတ်တပ်ရပ်နေကာ လက်နှစ်ဖက်ကို တောင့်တောင့်ကြီးချထားပြီး
နှာတံပေါ်တွင် မျက်မှန်ကလေး တင်နေသည်။ လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်ထားသည်။
ထိုပန်ချီကား၏
ဘယ်ဘက်အပေါ်ထောင့်တွင် ချောချောမွေ့မွေ့ရေးထားပြီး ကြံ့ခိုင်သော အဓိပ္ပါယ်ရှိသည့် စာလုံးနှစ်လုံးလည်းရှိနေသည်။
သတ္တိ။