အပိုင်း ၁၁
Viewers 937

သန်းခေါင်ယံ စင်ဒရဲလား

 

 အပိုင်း ၁၁

 

 

 

 ဒါက သူ့ဘဝရဲ့ ရှက်စရာကောင်းတဲ့ အခိုက်အတန့်တွေထဲက တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။ ကျန်းရန် သူ့ကို အခု ထိလိုက်တာနဲ့ အတော်လေး သက်တောင့်သက်သာ ခံစားရပြီး မသိစိတ်က ပွင့်သွားသည်။

 

 

ရှက်ရှက်နဲ့ ဖန့်ကျင်းက ကျန်းရန်ရဲ့ ရင်ခွင်ထဲက ထွက်ပြီး တစ်ဖက်သို့ ဆုတ်သွားခဲ့သည်။ ကျန်းရန် လည်း တုန်လှုပ်သွားပြီး သူမလက်တွေက လေထုထဲ တန်းလန်းကြီး ရှိနေဆဲပင်။

 

 

 မကြာသေးမီက သူမ၏ခွေးက ထူးဆန်းစွာ ပြုမူနေသည်ဟု သူမ ထင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ဒီလိုပဲ ဒါချိုပေါက်လာတာစိတ်ခံစားမှုကို ခံစားရင်း သူမ ကီးဘုတ်ကို အမြန်နှိပ်လိုက်သည်။

 

 

ကျန်းရန် - ရန်ဟွမ်ဟွမ် နင် အိပ်ပျော်နေပြီလား။

 

 

 ရန်ဟွမ်ဟွမ် - ... အိပ်တော့မို့

 

 

 ကျန်းရန် - ငါ့ခွေးက အချစ်ကိုရှာနေပုံပဲ။

 

 

ရန်ဟွမ်ဟွမ် - ...

 

 

ရန်ဟွမ်ဟွမ် - ဒီလောက်နောက်ကျနေတဲ့အချိန်ထိ နင်နေနေတာက ငါ့ကိုဒီအကြောင်းပြောဖို့လား

 

 

 ကျန်းရန် - ငါ သူ့ကို ထိလိုက်ရုံနဲ့ သူ့မှာ ဇီဝကမ္မ တုံ့ပြန်မှု ရှိနေတယ်

 

 

ရန်ဟွမ်ဟွမ် - ...ဒီအခြေအနေထိ ထားနေတာလား။   ဘာကြောင့် သူ့ကို သားကြောမဖြတ်လိုက်တာလဲ။

 

 

ကျန်းရန် - ငါအရင်ကတော့ အဲ့တာကို စဉ်းစားဖူးတယ် ဒါပေမယ့် အမြဲတမ်း လူမဆန်တဲ့ပုံပေါက်နေလို့။  သူက အရမ်းငယ်​​သေးတယ်သူ လူပျိုလုပ်လို့ရသေးတယ်လေ

 

 

ရန်ဟွမ်ဟွမ် - ..........................

 

 

ရန်ဟွမ်ဟွမ် - သားကြောဖြတ်တာက ခွေးထီးအတွက်ကျန်းမာရေးအတွက် ကောင်းစေတယ်။ နင် မလုပ်ရင် နောင်မှာ သူ အလွယ်တကူ ဖျားလိမ့်မယ်။ နောက်ပြီး ဒီစကားကို ကြားဖူးလား။

 

 

ကျန်းရန် - ဘာစကားလဲ

 

 

ရန်ဟွမ်ဟွမ် - ယောက်ျားကောင်းတွေက ကြောင်မမွေးဘူး၊ မိန်းမကောင်းတွေက ခွေးမမွေးဘူး  :)

 

 

ကျန်းရန် - ....

 

 

 သူမ နားမလည်ဘူး။

 

 

 သူမ ကွန်ပြူတာကို ပိတ်လိုက်ပြီး တစ်ဖက်ကို ကျုံ့သွားတဲ့ ခွေးလေးကို ကြည့်လိုက်သည်။

 

 

ဖန့်ကျင်း - ......

 

 

 သူထပြီး ဧည့်ခန်းထဲမှာ သူ့လှောင်အိမ်ကို ကျိုးအောင်လုပ်ခဲ့ပေမယ့် ကျန်းရန်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။  "ဝုတ် ဝုတ် !" သူ လန့်ဖျပ်ပြီး ဟောင်လိုက်သည်။

 

 

 ကျန်းရန် က သူ့ကို လှမ်းဆွဲပြီး ပြုံးပြလိုက်သည်။ " အချစ်လေး အာ့ဟွမ်၊ နင်က ကြီးလာပြီ။ အခုပဲ ရန်ဟွမ်ဟွမ်က နင်ကမျိုးပွားဖို့ မသင့်တော်ဘူးလို့ အကြံပေးလာတယ်။ နင့်ရဲ့ခွဲစိတ်မှုအတွက် ငါတို့ ဘာလို့ အချိန်မပေးနိုင်ရမှာလဲ"

 

 

 ဖန့်ကျင်း ခဏလောက် အေးခဲသွားပြီး အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ "ဝုတ် ဝုတ် ဝုတ် ဝုတ်!"

 

 

ကျန်းရန် မျက်မှောင်ကြုတ်လိုက်သည်။ "နင် သားကြောမဖြတ်ချင်ဘူးလား"

 

 

 "ဝုတ် ဝုတ်!"  သေချာပေါက် ဘယ်လိုလုပ်ဖြတ်ချင်မှာလဲ။ ညဘက်ဆို ဒီခွေးလေးအဖြစ် ပြောင်းသွားနေတာတောင်မှ သူ့ balls ကိုတော့ မဆုံးရှုံးချင်ပါဘူး။ ကျန်းရန် သူမည်ကဲ့သို့ တက်ကြွလာသည်ကို မြင်ပြီး ထိုအချိန်တွင် သူ့ကို နှစ်သိမ့်ပေးခဲ့သည်။

 

 

 "ကောင်းပြီလေ ဒါဆို မသွားချင်ဘူးဆိုရင် ညဘက်ကျရင် အကျယ်ကြီး မဟောင်သင့်ဘူးဆိုတာကိုတော့ မမေ့နဲ့"

 

 

ဖန့်ကျင်း အမြန်တိတ်ဆိတ်သွားသည်။ ကျန်းရန်က သူနားလည်တာကိုမြင်တော့ သူမရဲ့လက်တွေကို ဆေးပြီး မီးပိတ်ခဲ့သည်။

 

 

 ဖန့်ကျင်းက မှောင်ထဲမှာ ခဏရပ်ပြီးနောက် ဝမ်းနည်းစွာဖြင့် ဧည့်ခန်းရှိ သူ့လှောင်အိမ်ဆီ  ပြန်သွားခဲ့သည်။

 

 

 ဒီခွေးက တကယ်ကို ချိုပေါက်လွန်းတယ်လို့ သူထင်ခဲ့သည်။

 

 

 သူစဉ်းစားကြည့်လိုက်တဲ့အခါမှာ သူ မိန်းကလေးတွေကြားမှာ အလွန်ရေပန်းစားသော်လည်း၊ သူ့အား အခွင့်ကောင်းယူရန် ကြိုးစားနေတဲ့ အမျိုးသမီးများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သူအရင်က တစ်စုံတစ်ယောက်ကို မတုံ့ပြန်ဖူးပေမယ့် ဒီနေ့ ကျန်းရန်က သူ့ကို ထိခဲ့သည်။ ခွေးကိုပဲ အပြစ်တင်လို့ရတယ်။

 

 

 ကျန်းရန်ရဲ့ လှပတဲ့ညှပ်ရိုးနဲ့ ပွင့်နေတဲ့ကော်လာကို သူ ပထမဆုံးမြင်ခဲ့ဖူးတာကို သူသတိရမိသွားသည်....

 

 

 ရပ်!

 

 

 ဧည့်ခန်းထဲက ခွေးက ခေါင်းငိုက်စိုက်ကျသွားသည်။

 

 

 ညတာက ထူးထူးခြားခြား ရှည်လျားနေပုံရပြီး ဖန့်ကျင်းသည် ဆိုးဆိုးရွားရွား အိပ်ပျော်ရန်သာ နောက်ကျနေခဲ့သည်။  သူ ခဏတာ အလုပ်မလုပ်ရတော့ နှိုးစက်နာရီကို ပိတ်လိုက်ပြီး နောက်နေ့မနက် အိပ်ရာက နိုးလာတော့ အပြင်မှာ လင်းနေပြီပင်။

 

 

 သူ့ဘေးနားက လက်ကိုင်ဖုန်းကို လှမ်းကိုင်ကြည့်သည်။  ၁၀ နာရီထိုးနေပြီ။

 

 

 လေးလေးနက်နက် အသက် ရှူထုတ်ရင်း ဖန့်ကျင်း လှည့်ကြည့်လိုက်ပြီး မနေ့ညက အဆင်မပြေတဲ့ အခိုက်အတန့်တွေကို ရုတ်တရက် ပြန်သတိရသွားသည်။

 

 

ဖန်ကျင်း - "...."

 

 

 မနေ့ညက မတော်တဆမှုဖြစ်ခဲ့တယ်။ သူ့ကိုယ်သူ ကောင်းကောင်းသိတာပေါ့။ သူက ပေါ့ပေါ့တန်တန်နေတဲ့ လူမဟုတ်ပေ။

 

 

 ထို့ကြောင့် သူ့ကိုယ်သူ နှစ်သိမ့်ပေးရင်း ဖန့်ကျင်းက မလွှဲမရှောင်သာ စိတ်ပူစပြုလာသည်။ သားကြောဖြတ်ခြင်းဆိုင်ရာ အယူအဆကို သူ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သော်လည်း ကျန်းရန်မှာ စိတ်ကူးကို စွန့်လွှတ်ရန် အမှန်တကယ် မရည်ရွယ်ထားဘဲ ဝတ်ကျေတန်းကျေ သဘောတူခဲ့ခြင်း ဖြစ်နိုင်သည်။

 

 

 သူသည် ညဘက်တွင် ခွေးတစ်ကောင်အဖြစ်သာ ပြောင်းလဲလာသောကြောင့် နေ့ခင်းဘက်တွင် ဖြစ်ပျက်နေမှုများကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။  အာ့ဟွမ် သင်းကွပ်ခံရတာကိုတွေ့ဖို့ ဒီည သူ နိုးလာမှာ မဟုတ်တာ သေချာတယ် မဟုတ်ဘူးလား။

 

 

အတွေးက သူ့ကို ချွေးအေးတွေထွက်စေခဲ့သည်။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီလို လူမဆန်တဲ့ အရာမျိုး မဖြစ်အောင် သူ တားရမယ်။

 

 

 သူ မီရှန့်အာ၏ ဖုန်းကို အမြန်ခေါ်လိုက်ပြီး တစ်ဖက်လူပြောမည့်စကားကို စောင့်ဆိုင်းမနေဘဲ "တိုက်ခန်း ရှာတွေ့ပြီလား" ဟု မေးရန် ပါးစပ် ဖွင့်လိုက်သည်။

 

 

 "... နေရာနှစ်နေရာတော့ ရှာတွေ့ထားပေမယ့် အတည်မပြုရသေးဘူး"

 

 

 မီရှန့်အာ နားမလည်တော့ဘူး။ ဖန့်ကျင်းက အမြဲတမ်း ကောင်းမွန်တဲ့ နေရာတစ်ခုမှာ နေထိုင်ခဲ့တာ။ အခု သူဘာကြောင့် ဒီလောက် အလျင်အမြန် လှုပ်ရှားနေတာလဲ။

 

 

 ဖန့်ကျင်း သူ့ကိုပြောပြလိုက်သည်။ "ဒါဆို မင်းအရင်ဆုံး တွေ့ထားတာကို ပြောပြ။ ငါကြည့်လိုက်မယ်"

 

 

 " အခုချက်ချင်း လိုက်ပို့ပေးမယ်မီရှန့်အာ ခေတ္တရပ်တန့်ပြီး မေးလိုက်သည်။ "မင်း အခုမှထတာလား၊ မင်းစားဖို့ တစ်ခုခု ယူလာပေးရမလား"

 

 

 "မယူလာနဲ့၊ မနေ့က ငါပစ္စည်းတွေ အများကြီးဝယ်ထားတယ်၊ မင်း ဒီကိုလာပြီးတော့ နေ့လည်စာ လာလုပ်ပေး"

 

 

 "ကောင်းပါပြီ"

 

 

 အမှန်တကယ် ပြည့်စုံကောင်းမွန်သော လက်ထောက်တစ်ယောက် အနေဖြင့် မီရှန့်အာ၏ အချက်အပြုတ်ကျွမ်းကျင်မှုသည် သဘာဝအတိုင်း ထူးချွန်သည်။  ရုပ်ရှင်ဧကရာဇ် ဖန့်ကျင်း ထမင်းငတ်မှာကို ကြောက်လို့ သူ တတ်နိုင်သမျှ မြန်မြန်ပြေးသွားခဲ့သည်။

 

 

ဖန့်ကျင်းက သက်တောင့်သက်သာရှိတဲ့ ၀တ်စုံကို ၀တ်ဆင်ထားကာ သူ့လက်ထဲမှ စာရွက်စာတမ်း အိတ်ကို ယူပြီး ဧည့်ခန်းထဲ ဝင်သွားလိုက်သည်။ "ဘယ်​​နှစ်နေရာလောက်​​ရှာတွေ့ထားလဲ"

 

 

 သူက ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ ခြေတံရှည်တွေကိုထပ်ထားသည်။  ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်သော်လည်း အလွန်ကောင်းမွန်သော ဩဇာအာဏာ တစ်ခုဖြစ်သည်။  မီရှန့်အာသည် ကောင်မလေးတွေ အများကြီး သူ့ကို ဘာကြောင့် ရူးသွပ်သွားရတာလဲဆိုတာကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။

 

 

 "မင်း ဇုန်ထုတ်နေတာလားဖန့်ကျင်းက သူ့ခေါင်းကို မော့လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။  မီရှန့်အာ ချောင်းဆိုးပြီး အမြန်ပြန်ဖြေခဲ့သည်။မြစ်ရဲ့မြောက်ဘက်ခြမ်းမှာ အသစ်ဆောက်ထားတဲ့ အိမ်ရာတွေ အများကြီးရှိပေမယ့် အနီးနားမှာ အသားကင်ဆိုင်တွေ အများကြီးတော့ မရှိဘူး။ အချက်အလက်တွေ မစုဆောင်းရသေးတဲ့အတွက် မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာ ငါးခုပဲရှိတယ်။  ငါဟင်းချက်နေတုန်း မင်း အဲ့တာတွေ အရင်ကြည့်ထားလိုက်"

 

 

 "အွန်းဖန့်ကျင်း အသံပြုလိုက်ပြီး သူ့လက်ထဲက စာရွက်စာတမ်း အိတ်ကို ဖွင့်လိုက်သည်။

 

 

 စာမျက်နှာတစ်ခုပြီးတစ်ခုကို စားပွဲပေါ်ရှိ အချက်အလက်စာရွက်များကို ဖြန့်ချထားရင်း ဖန့်ကျင်း  မျက်လုံးတွေက ၎င်းတို့အပေါ်မှ ဖြည်းညှင်းစွာ ဖြန့်ကျက် ကြည့်လိုက်ကာ မျက်လုံးများ ပြူးကျယ်သွားသည်အထိပင်။

 

 

 စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး အနီးကပ်ကြည့်သည်။  ရေခေါင်းအုံးမြို့နယ်။  မီရှန့်အာ သည် အိမ်ခြံမြေ၏ အခြေခံ အချက်အလက်များသာမက စာရင်းသွင်းထားသော အဆောက်အအုံတစ်ခုစီရှိ ယူနစ်အရေအတွက်ကိုပါ ပြည့်စုံစွာလုပ်ဆောင်ခဲ့သည်။  ဖန့်ကျင်းသည် ၎င်းကို ခဏလောက် စစ်ဆေးပြီးနောက် သူ့နှုတ်ခမ်းက ညင်သာစွာ ပြုံးသွားသည်။ဒီမှာပဲ

 

 

မီရှန့်အာ နေ့လယ်စာ ချက်ပြီးတဲ့အခါမှာဖန့်ကျင်းဆီမှာ အလွန်ကောင်းမွန်တဲ့ စိတ်အခြေအနေရှိနေတာကို တွေ့ရှိသွားခဲ့သည်။ သူ မီးဖိုချောင်ထဲက သယ်လာတဲ့ ဟင်းပွဲတွေ အကုန်လုံးကို အကြိုက်ဆုံးဟင်းတွေချည်းပဲ။ "ဖန့်ကျင်း၊ နေ့လည်စာ အဆင်သင့်ဖြစ်ပြီ"

 

 

 "အွန်းဖန့်ကျင်းက စာရွက်စာတမ်း  အိတ်နဲ့လျှောက်လာပြီး ဝင် ထိုင်လိုက်သည်။  “မင်းလည်း စားလို့ရတယ် ဟု ဘေးနားမှာရပ်နေတဲ့ မီရှန့်အာကို ပြောလိုက်သည်။

 

 

 "နိုး နိုး နိုး၊  မပြီးသေးဘူး။ ငါ အပြင်ထွက်ခါမှ စားလိုက်မယ်"

 

 

 ဖန့်ကျင်းက တူတွေကို ကောက်ကိုင်လိုက်ပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ "ဒီအိမ်မှာ ငါ စည်းကမ်းတွေ ချမှတ်ထားတယ်။ ထိုင် ငါ တစ်ယောက်တည်း စားရတာ ပျင်းစရာကောင်းတယ် "

 

 

 မီရှန့်အာ တခဏမျှ တုံ့ဆိုင်းသွားပြီး နာခံကာ ထိုင်လိုက်သည်။  သူကိုယ်တိုင်အတွက် ထမင်းတစ်ပန်းကန် ခူးခပ်ထည့်ရင်း ငိုချင်သလို ခံစားလိုက်ရသည် - ရုပ်ရှင်ဧကရာဇ် ဖန့်က လူကောင်းတစ်ယောက်ပါ။  သူက ဖျော်ဖြေရေးသမား အများအပြားနှင့် တွဲမလုပ်ဖူးသော်လည်း အချို့သော အနုပညာရှင်တွေက သီးသန့်နေကြပြီး သူတို့ရဲ့ လက်ထောက်တွေကို လူလို့တောင်  မတွေးကြကြောင်း သူ့ရဲ့ သူငယ်ချင်းတွေက သူ့ကို ပြောပြဖူးသည်။

 

 

 ရုပ်ရှင်ဧကရာဇ် ဖန့်ကျင်းက စိတ်ထားကောင်းကောင်းကို ပိုင်ဆိုင်ထားရုံသာမက အဆင့်အတန်း ခြားနားမှုကို ဂရုမစိုက်ဘဲ သူ့ လက်ထောက်ကိုပင် သူနဲ့အတူထိုင်စားဖို့ကိုတောင် ဖိတ်ကြားခဲ့သည်။ သူသာ ကြီးကြပ်ရေးမှူး ချင်နဲ့ တိုက်ခိုက်တာကို ရပ်လိုက်မယ်ဆိုရင် အရာအားလုံးက ပြီးပြည့်စုံသွားမှာ။

 

 

 "မီရှန့်အာ"

 

 

ဖန့်ကျင်း၏ အသံသည် မီရှန့်အာ၏ အတွေးများကို အနှောင့်အယှက်ပေးလာခဲ့သည်။  လက်ရှိကိုပြန်ရောက်တော့ မီရှန့်အာ အမြန်ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့"

 

 

 "ဒီနေရာလေးမှာ ရနိုင်စရာရှိမရှိကို သွားပြီး အကူအညီတောင်းပေးဦးဖန့်ကျင်းက စာရွက်စာတမ်း အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ကာ ပုတ်ပြလိုက်သည်။  "အငှားက အဆင်ပြေမှာပါ"

 

 

မီရှန့်အာက အချက်အလက်ကိုကြည့်ပြီး ညည်းတွားလိုက်သည်။  "ရေခေါင်းအုံးရေ မြို့နယ်"

 

 

 သူ ဖန့်ကျင်းကို ပြောလိုက်သည်။ "ဒီပိုင်ဆိုင်မှုကို ကောင်းကောင်းထိန်းသိမ်းထားပေမယ့် အလတ်စားကနေ တန်ဖိုးကြီးတဲ့ လူနေရပ်ကွက်တစ်ခုအနေနဲ့ပဲ မှတ်ယူလို့ရတယ်။ ဒါ့အပြင် developer က အဆောက်အအုံအသစ်တွေကို ပြုပြင်ဖို့အတွက် အိမ်အဟောင်းတွေအများကြီးကို ဖြိုချပစ်ခဲ့တယ်။  မင်းအတွက် အဲ့တာက သင့်တော်မှာမဟုတ်ဘူး"

 

 

 သူ မကြားလိုက်သလိုပဲ ဖန့်ကျင်းက နောက်ထပ်စာရွက်တစ်ရွက်ကို ထုတ်ပြီးပြောလိုက်သည်။ "ဒီအဆောက်အဦးက အကောင်းဆုံးလို့ထင်တယ်၊ ဒီအဆောက်အဦမှာ နေရာရှာပေးပါလား"

 

 

မီရှန့်အာ - "... " ဒီအဆောက်အဦးက ဘာကောင်းလို့လဲ။  အဆောက်အအုံကို မူလအိမ်ထောင်စုတွေထဲက တစ်ခုနဲ့ ပြုပြင်ထားတာ။  ပထမအကြိမ်အနေနဖြင့် သူသည် ဖန့်ကျင်း၏ မျက်လုံးတွေကို သံသယဝင်လာခဲ့သည် - "ဒီအိမ်ရာမှာ တစ်ခုခုရွေးရမယ်ဆိုရင်တော့ ဒီနှစ်ခုက ပိုကောင်းမယ်လို့ထင်တယ်၊ ရေနဲ့နီးတဲ့ အထပ်မြင့်လေးတွေ "

 

 

 "ရေပေါ်မှာ နေရတာ မကြိုက်ဘူး"

 

 

မီရှန့်အာ - "... " ဒါဆို မင်းဘာလို့ မြစ်ကမ်းနားက အိမ်ကိုရှာနေတာလဲ။

 

 

 "ငါ့ကို တတ်နိုင်သမျှ အမြန်ဆုံးရအောင် ကူညီပေး..." ဖန့်ကျင်းက ခြိမ်းခြောက်တဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်သည်။ " ချင်ဖန်းကို မပြောနဲ့ "

 

 

 မီရှန့်အာ - "...."

 

 

 ခုနက စားထားတဲ့ အစားအစာတွေကို ထွေးထုတ်ဖို့ အချိန်ရှိသေးလား။

 

 

 ဒါပေမယ့်လည်း ဖန့်ကျင်းက သူ့ကို ဒီအခွင့်အရေးကို မပေးခဲ့ပေ။  ထမင်းစားပြီးသွားတော့ developer ကိုဆက်သွယ်ရန် သူ့ကိုတိုက်တွန်းခဲ့သည်။

 

 

 "ငါ ဖုန်းဆက်မေးကြည့်တော့ ဒီနေရာက အိမ်တွေအကုန် ရောင်းကုန်သွားပြီတဲ့၊ ဒါပေမယ့် အိမ်ပိုင်ရှင်တွေက တစ်ပတ်ရစ်အိမ်ယာတွေရောင်းတယ်၊ အငှားတွေလည်းရှိတယ်မီရှန့်အာက ဆိုဖာဘေးမှာ ရပ်လိုက်ပြီး သူ့သတင်းကို အစီရင်ခံခဲ့သည်။

 

 

 ဖန့်ကျင်းက အဲဒါကို စဉ်းစားပြီးမေးလိုက်သည်။ "ငှားဖို့ နေရာရှိလား"

 

 

 "ရှိတယ်၊ ၁၅လွှာမှာ၊ ၉၅ စတုရန်းမီတာ ကျယ်ဝန်းတဲ့ အိပ်ခန်းနှစ်ခန်းမီရှန့်အာက ထပ်ပေါင်းပြောဖို့ မကူညီနိုင်ခဲ့ပေ။ "ဖန့်ကျင်း၊ ဒီနေရာက မင်းနဲ့တကယ်အဆင်မပြေဘူး။ မင်းအခုနေနေတဲ့နေရာကို မပျော်ဘူးဆိုရင် ပိုကောင်းတဲ့နေရာကိုရအောင် ငါကူညီပေးမယ်"

 

 

 "မဟုတ်ဘူး၊ ငါ အခုပိုင်ဆိုင်ထားတဲ့အိမ်နဲ့ နေရတာ ပျော်ပါတယ်"

 

 

 မီရှန့်အာ - "... "ဒါဆို မင်းဘာလို့ တခြားအိမ်ကိုငှားပြီး ဘဝကို ဖြတ်သန်းချင်နေတာလဲ။

 

 

 "လာ၊ အိမ် သွားကြည့်ရအောင်ဖန့်ကျင်းက  စားပွဲပေါ်ရှိ ကားသော့ကို ကောက်ကိုင်လိုက်ပြီး မီရှန့်အာဆီသို့ ပစ်ပေးလိုက်သည်။

 

 

မီရှန့်အာ - "..."

 

 

ရေခေါင်းအုံးမြို့နယ်နှင့် ဖန့်ကျင်း၏ လက်ရှိအိမ်သည် မြောက်နှင့်တောင်ဖြစ်ပြီး အတော်လေးဝေးသည်။ မီရှန့်အာ အဲ့ကို မရောက်မီ မိနစ် ၄၀ ကျော် မောင်းနှင်ခဲ့ရသည်။  "ဖန့်ကျင်း၊ မင်း ဒီမှာအိမ်ငှားနေမို့လား။ အလုပ်နဲ့အရမ်းဝေးတယ် " ဟု သူမျှော်လင့်ချက်မဲ့နေတဲ့ နှလုံးသားဖြင့် ဆက်ဆွဲဆောင်ခဲ့သည်။

 

 

 ဖန့်ကျင်းက နောက်ထိုင်ခုံတွင် ထိုင်ကာ မက်စ်တပ်ထားပြီး ဦးထုပ်ကို ငိုက်စောင်းထားသည်။ "ရပါတယ်၊ဘာပဖြစ်ဖြစ် ငါက ကုမ္ပဏီ အဆောက်အဦးမှာ အလုပ်လုပ်နေတာမှမဟုတ်တာ "

 

 

 “…” အဓိပ္ပါယ်ရှိတယ်။

 

 

 "မင်း ငါ့ကို ဒီမှာစောင့်နေ။ ငါဆင်းကြည့်လိုက်မယ်" ဖန့်ကျင်းက တံခါးကိုဖွင့်ပြီး အောက်ကိုခုန်ဆင်းလိုက်သည်။

 

 

 မီရှန့်အာရဲ့ ရင်ဘတ်ထဲမှ နှလုံးက ခုန်ထွက်သွားခဲ့သည်။  "ဖန့်--!" လို့ အော်လိုက်ပြီး သူ့ပါးစပ်ကို အမြန်ပိတ်သည်။  အိုးမိုင်ဂေါ့၊ သူတို့ ဒီမှာရှိနေတာကို တွေ့သွားကြရင် သူမနက်ဖြန် အလုပ်သွားစရာ မလိုတော့ဘူး။

 

 

 "စိတ်မပူနဲ့ ငါလှည့်ပတ်ကြည့်ပြီးရင် ပြန်လာခဲ့မယ်"ဖန့်ကျင်းက မီရှန့်အာ၏ ပြင်းထန်သော အော်ဟစ်သံကို လျစ်လျူရှုကာ အနီးနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။  ဤသည်မှာ လူနေရပ်ကွက်မဟုတ်ပေ - မြေညီထပ်တွင် အငှားဆိုင်များရှိသည်။  ခြေလှမ်းအနည်းငယ်ကြာပြီးနောက်၊ ဖန့်ကျင်းသည် " ဝမ်ခဲလ် ဘာဘီကျူး " ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရသည်။

 

 

 မက်စ်အောက်မှ သူ့ပါးစပ်ထောင့်တွေက အမှတ်မထင် ကွေးသွားခဲ့သည်။  ရပ်ကွက်ထဲသို့ ဝင်ပြီးနောက် သူသည် သူ့မှတ်ဉာဏ်ထဲက မြေပုံကိုအခြေခံ၍ ကျန်းရန် ရှိသည့် အဆောက်အအုံသို့ သွားခဲ့သည်။ ဤလမ်းမီးသည် ထိုအချိန်က စုံတွဲနှစ်ယောက် စကားများရန်ဖြစ်ရသည့်နေရာဖြစ်ရမည်။ သူ အောက်ထပ်မှာ ရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။

 

 

ကျန်းရန်က အောက်ထပ်ကနေရေရင် သတ္တမ သို့မဟုတ် ရှစ်ထပ် ဖြစ်နိုင်သည်ကို သူသတိရမိသည်။ ခုနစ်ခုအထိ ရေတွက်ပြီး လသာဆောင်တွင် ရင်းနှီးသောအဝတ်အစားအချို့ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။

 

 

 သူ့နှုတ်ခမ်းထောင့်က တဖန်တွန့်ကွေးသွားကာ ဖန့်ကျင်း၏ မျက်လုံးတွေက ယခင်ကထက် အနည်းငယ် ပိုတောက်ပလာခဲ့သည်။

 

 

 သူမကို ရှာတွေ့ပြီ။