အပိုင်း ၉၀
Viewers 13k

Chapter 90
Extra 12



လီယင်းလည်း အံ့ဩသွားကာ ကန့်လန့်ကာစကို ဖွင့်ကြည့်လိုက်သည့်အခါ တစ်ခုခုကို အလေးအနက် ကြိုးစားနေသည့် ယွင်ချင်းစီကို တွေ့လိုက်ရသည်။

လီယင်းမှာ တစ်ချက်ခန့် ကြည့်လိုက်ရုံမျှဖြင့်ပင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးလှည့်ပတ်မှုတို့ ကပြောင်းကပြန် ဖြစ်သွားတော့သည်။ သူပင် အသံမပေး၊ မလှုပ်ရှားရသေးခင် ယွင်ချင်းစီက ဝေဝါးစွာဖြင့် မော့ကြည့်လာသည်။ အပြစ်ကင်းစင်လှသည့် မျက်နှာနုနုနှင့် သူ လုပ်နေသည့် လုပ်ရပ်တို့ကို ယှဉ်တွဲ၍ မြင်တွေ့လိုက်ရသည့်အခါ ... ငယ်ရွယ်ပြီး မရင့်ကျက်သေးသည့် လီယင်း၏ နှာခေါင်းမှ တစ်ဆင့် ပူနွေးသော သွေးများ တရစပ် စီးကျလာ‌သည့်အတွက် ခေါင်းကို အမြန် မော့ထားလိုက်ရတော့သည်။ 

သတိပြန်ကပ်သွားပြီဖြစ်သည့် ယွင်ချင်းစီကလည်း ‌ချက်ခြင်း သူ့ခန္ဓာကိုယ်ကို စောင်ဖြင့် လွှမ်းခြုံလိုက်၏။ သွယ်လျလျ လက်ချောင်းများကမူ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဒုလုံးရှည်ကို ကိုင်ထားဆဲပင်။  သူက နှာခေါင်းကို အသည်းအသန် အုပ်ထားသည့် လီယင်းအား မော့ကြည့်ကာ ရှက်ရွံ့စွာဖြင့် မေးလိုက်သည်။ 

"ဘာလို့ ရုတ်တရက်ကြီး‌ ရောက်လာရတာလဲ ..."

သူ့ဧကရီက ကန့်လန့်ကာနောက်တွင်ပုန်းကာ ဤသို့သော လုပ်ရပ်မျိုးကို တစ်ကိုယ်တည်း လုပ်ဆောင်နေလိမ့်မည်ဟု စိတ်ပင် မကူးခဲ့ဖူးချေ။

ယွင်ချင်းစီက အနည်းငယ် ရှက်ရွံ့ကာ လီယင်းကမူ များစွာ ရှက်ရွံ့သွား၏။ ရှက်စိတ်ကြောင့် နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောနိုင်ကြတော့။ တစ်ခဏမျှ ငြိမ်သက်နေပြီးကာမှ လီယင်းက ကုတင်ပေါ် ဝင်ထိုင်လိုက်သည်။  မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပြီးနောက် ယွင်ချင်းစီက နှုတ်ခမ်းကို ဖိကိုက်ကာ ပြောလိုက်သည်။

"မင်း ဘာလို့ ပါးစပ်ကို အုပ်ထားတာလဲ ..."

ထိုသို့ မေးပြီးကာမှ အိပာ်ယာခေါင်းရင်းတွင် ခေါင်းကို မော့ကာ မှီနေသည့် လီယင်း၏ လက်ချောင်းကြားမှ သွေးစများကို သတိထားမိလိုက်သည်။ အကြောင်းအရင်းကို သဘောပေါက်သွားသည့်အခါ သူ့နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့၏။

လီယင်းက လက်ကိုင်ပဝါကို ထုတ်ကာ သွေးစက်များ ပြောင်စင်အောင် သုတ်ပြီးကာမှ ပြောလိုက်သည်။

"ပြုံးနေနိုင်သေးတယ်ပေါ့ ..."

ယွင်ချင်းစီက အပြုံးတို့ကို ရုတ်သိမ်းကာ နူးညံ့စွာဖြင့် ကြည့်နေလိုက်သည်။

လီယင်းကလည်း အတွေးတို့ကို အတင်း မောင်းထုတ်ကာ မျက်နှာ ခပ်တင်းတင်းထားလျက် ပြောလိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီးကို ဘာတွေ ခိုးလုပ်နေတာလဲ ..."

"ကိုယ့်ဘာသာကိုယ် စမ်းကြည့်ချင်လို့ မနာဘူးဆိုကာမှ မင်းကို လာရှာမလို့လေ ..."

လီယင်းက သူ့လက်ထဲရှိ စိုဝင်းပြောင်လက်နေသည့် အရာကို ငေးကြည့်ပြီးနောက် နှာခေါင်းကို အုပ်ကာ ခေါင်းမော့ထားလျက် ပြောလိုက်သည်။

"နေ့လည်ခင်းကြီး လုပ်ရမယ်လို့ ဘယ်သူပြောလဲ ..."

"မင်းကို မပြချင်လို့ ..."

သူ့တုန့်ပြန်မှုကို တွေ့လိုက်ရပြီးနောက် ယွင်ချင်းစီသည် လုံးဝ ရှက်ရွံ့ခြင်း မရှိတော့။ လက်ကိုင်ပဝါကို ထုတ်ကာ လီယင်း၏ မျက်နှာကို သုတ်ပေးပြီး ပြောလိုက်သည်။

အရင်က မမြင်ဖူးတဲ့သူ အတိုင်းပဲ ..."

"..."

မမြင်ဖူးတာတော့ မဟုတ်ပေမယ့် ဒါမျိုးလုပ်တဲ့ ယွင်ချင်းစီကိုတော့ တစ်ခါမှ မတွေ့ဖူးဘူးလေ ...

သွေးတို့ကို ခြောက်သွေ့သည့် လက်ကိုင်ပဝါဖြင့် ပြောင်စင်အောင် မသုတ်နိုင်သည့်အတွက် ယွင်ချင်းစီက ရေနွေးတစ်ဇလုံ ယူလာပေးရန် အမိန့်ပေးလိုက်သည်။ လီယင်းကမူ ယွင်ချင်းစီကိုသာ အရင် ဆေးကြောစေလိုက်သည်။

ယွင်ချင်းစီက သူ့လည်ပင်းကို သိုင်းဖက်ထားရင်း လွန်စွာ တည်ကြည်နေသည့် မျက်နှာထားကို တွေ့လိုက်ရသည့်အခါ မတတ်သာဘဲ ရယ်မောလိုက်ရပြန်တော့သည်။ 

"မျက်နှာပေါ်က သွေးတွေဆို ခြောက်တောင် ခြောက်နေပြီ ..."

"လျှောက်မလုပ်နဲ့ ..."

လီယင်းက သည်းခံကာ သူ့ကို အဝတ်အစား ပြန်ဝတ်ပေးရင်း စောင်အောက် ပြန်ထည့်ပေးပြီး ပြောလိုက်သည်။

"အရမ်းကို မဆင်မခြင် လုပ်တာပဲ မတော် တစ်ခုခု ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ ..."

"အိုး ..."

ယွင်ချင်းစီက လွန်စွာ လိမ္မာနေ၏။

"ဒါဆို အားယင်းအတွက် နောက်တစ်ခေါက် စောင့်လိုက်မယ်လေ ..."

"..."

သူက တကယ်ကို ရှက်ရကောင်းမှန်း မသိဘူးပဲ ...

သူ့ပါးနှစ်ဖက်ကို ဆွဲဖျစ်လာသည့် လီယင်းအား နှစ်ခြိုက်စွာ ပြုံးပြလိုက်၏။

လီယင်းလည်း မျက်နှာပေါ်က သွေးစများကို ဆေးကြောပြီးနောက် အိပ်ယာပေါ် ပြန်လာကာ နှစ်ဦးသား ပွေ့ဖက်လျက် လဲလျောင်းလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်၏။

"ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ ..."

"မင်းနဲ့အတူ အိပ်မလို့ ..."

"ငါလည်း မအိပ်ရသေးဘူး အတူတူ အိပ်ရအောင်လေ ..."

လီယင်းက သူ့ကို တင်းကြပ်စွာ ပွေ့ဖက်ကာ နဖူးကို နမ်းရှိုက်ရင်း ပြောလိုက်သည်။

"ကောင်းပြီ အတူတူ အိပ်ကြမယ် ..."

လူငယ်စုံတွဲကာ ပွေ့ဖက်ကာ မှေးစက်လိုက်၏။ ယွင်ချင်းစီက နာနာခံခံဖြင့် မျက်စိကို မှိတ်ထားသော်လည်း တစ်ခဏအကြာတွင် တစ်ခုခုကို အတွေးပေါက်ကာ ရုတ်ချည်း ထရယ်လိုက်တော့သည်။

လီယင်းက သူ့ကို မေးခွန်းထုတ်လိုဟန်ဖြင့် ကြည့်လိုက်၏။

ယွင်ချင်းစီက သူ့ရင်ခွင်ထဲ လှဲနေရင်း ပြုံးပြလိုက်သည်။

လီယင်းမှာ မပျော်တော့။

"အခုထိ ရယ်နေရဲတယ်ပေါ့ ..."

"မင်းကို ဒီလောက်အထိ မရင့်ကျက်ဘူးလို့ ဘယ်သူက ထင်မှာလဲ ..."

ယွင်ချင်းစီ၏ မျက်ဝန်းတို့က လခြမ်းကွေးသဖွယ် ကွေးညွတ်သွားတော့၏။ လီယင်းက သူ့ပါးကို ဆွဲဖျစ်ကာ တရစပ် အနမ်းခြွေလိုက်တော့သည်။ ယွင်ချင်းစီကလည်း သူ့အနမ်းတို့ကို တုန့်ပြန်ရင်း အသံသေးသေးလေးဖြင့် ပြောလိုက်သည်။

"ကြိုက်လား ..."

လီယင်းက ခပ်တိုးတိုး ပြန်မေးလိုက်သည်။

"ဘာကိုလဲ ..."

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားကာ သူ့အနသို့ တိုးလာပြီး ချိုမြိန်စွာဖြင့် ပြောလိုက်သည်။

"ကြိုက်ရင် မင်းကို ပြမယ်လေ ..."

လီယင်း၏ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီသွားကာ အားကုန်သုံး၍ ရင်ခွင်ထဲရှိ ယွင်ချင်းစီကို ဖျစ်ညှစ်ကာ ဖက်ထားလိုက်တော့၏။

ထိုအချိန်က ယွင်ချင်းစီသည် လွန်စွာ ရိုးရှင်းနုံအကာ သူတစ်ဦးတည်းကိုသာလျှင် ချစ်ပေးခဲ့၏။ ထိုအချိန်က လီယင်းသည်လည်း ယွင်ချင်းစီကို ချစ်သည့်အတွက် သူ၏ ပူပန်မှုများကို ထပ်ကာထပ်ကာ သတိပေးခဲ့သည့်တိုင် အဆုံးတွင်မူ ယွင်ချင်းစီကဲ့သို့ပင် သတ္တိမရှိ၊ ပြင်ပဖိအားတို့၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

သူတို့ လက်ထပ်ပြီးစ ကာလကိုသာ ပြန်လည်သွားနိုင်ပါလျှင် လီယင်းသည် သူ့ဧကရီကိုသာ အသက်နှင့်ရင်း၍ ကာကွယ်ပေးသွားမည်ဖြစ်သည်။

ယွင်ချင်းစီကို ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းနှစ်များတွင် အတူတူ ရှိခဲ့စဉ်က အမှတ်တရများကိုသာ တစ်ခုပြီးတစ်ခု ပြန်လည်ကာ တမ်းတနေခဲ့၏။ ထိုအခါမှ ယွင်ချင်းစီသည် သူ၏ အသွေးအသားထဲအထိ စိမ့်ဝင်ကာ အရိုးထဲတွင်ပါ တစ်လက်မမချန် နေရာယူထားနှင့်နေပြီဖြစ်ကြောင်း နားလည်‌သွားတော့သည်။

ထိုအမှတ်တရတို့ကို ပြန်တွေးလေတိုင်း ထက်ရှသည့် ဓားတစ်လက်နှင့် အပိုင်းပိုင်း ခုတ်ဖြတ်ခံရသည့်နှယ် ပြင်းစွာသော နာကျင်မှုကို ခံစားရ၏။ သို့သော် ထိုကဲ့သို့ သေလုမတတ် နာကျင်ရသည့်တိုင် ချိုမြိန်မှုကိုပါ တစ်ပါတည်း ခံစားနေရပေသည်။

အသွေးအသားတို့ကို လှီးဖြတ်ကာ မြွေစာကျွေး၍ တစ်ကိုယ်လုံး အမာရွတ်တို့ ဖုံးလွှမ်းထားသည့် သူ့ပုံစံမှာ လူမဟုတ်၊ တစ္ဆေလည်း မဟုတ်တော့။ လျှိုကျီရူအပါအဝင် အားလုံးက သူ့ကို ရူးသွားပြီဟုသာ ထင်ခဲ့ကြသည်။

ယွင်ချင်းစီတစ်ဦးတည်းသာ သူ မရူးသေးကြောင်း သိနေ၏။

သူ့စိတ်မှာ လွန်စွာ ပြတ်သားကြည်လင်လှသည်။

ထိုသူများက ယွင်ချင်းစီ မည်မျှကောင်းမွန်ကြောင်း မသိကြ။ နောက်ပိုင်းတွင် သံသယလွန်ကဲကာ အစွန်းရောက်လာသည့်တိုင် လီယင်းအပေါ်တော့ ကောင်းပေးနေဆဲပင်။

နောက်သံသရာတွင် အဖန်တလဲလဲ ကျင်လည်ရာ ဘဝတိုင်း၌ ယွင်ချင်းစီကဲ့သို့ သူ့အပေါ် ဆက်ဆံပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်နှင့်မျှ တွေ့နိုင်မည် မဟုတ်တော့ချေ။

သို့သော် လူသားအဖြစ် ရှင်သန်ခဲ့သည့် ကာလများ၌ သူသည်လည်း အခြားသူများကဲ့သို့ပင် ယွင်ချင်းစီကို ခက်ထန်သည်၊ ပိုင်စိုးလိုစိတ်များသည်၊ အမှအားလုံး၏ လက်သည် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ အထင်မှားခဲ့မိ၏။

သာမန်သူတို့၏ အမြင်တွင် အမှားဟူသည့် အရာများမှာ မသက်ဆိုင်သူတို့၏ လက်ညှိုးထိုး ဝေဖန်ခြင်းမျှသာ ဖြစ်ကြောင်းကို သူကိုယ်တိုင် ယွင်ချင်းစီကဲ့သို့ ခံစားရကာမှသာ သဘောပေါက်မိတော့သည်။

သူတို့က ဘာနားလည်လို့လဲ ပြီးတော့ သူတို့နဲ့ ဘာသက်ဆိုင်လို့လဲ ...

ရယ်စရာ ကောင်းလှသော်ငြား အဆုံးတွင်မူ သူသည်လည်း အရူးတစ်ယောက်သာပင်။

ယွင်ချင်းစီက အမြဲ သူ့ ခံစားချက်တို့ကို လှုပ်ရှားသက်ဝင်လာစေ၏။

သူက ယွင်ချင်းစီကို ပြောလိုက်သည်။

"ကိုယ် ကြိုက်ပေမယ့် လုပ်စရာ မလိုပါဘူး .. အားစီ မင်းကိုယ်မင်း ချစ်ရမယ်လေ နားလည်လား ..."

ယွင်ချင်းစီလည်း နားလည်ပေသည်။

သူ့အဖို့ လီယင်းကို လက်ထပ်ရခြင်းသည် သူ့ကိူယ်သူ ချစ်ခင်ခြင်း၏ အကျိုးဆက်ပင်။

သူ့အဖို့ လူနှစ်ဦး အတူရှိသည့်အခါ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်ရန်ကသာ အရေးကြီးကာ တစ်ဦးနှင့်တစ်ဦး သာသည်နာသည်ဟု မတွေး။ လီယင်းကို သဘောကျသည့်အတွက် လီယင်း ပျော်ရွှင်စေရန် ခံစားချက်ကောင်းစေရန် အစွမ်းကုန် ကြိုးစားပေးမည်။ အကြောင်းမှာ လီယင်း ပျော်ရွှင်သည့်အခါ သူလည်း ပျော်ရွှင်ရ၍ဖြစ်သည်။

သူ့ကိုယ်ပိုင် ပျော်ရွှင်မှုကြောင့် လီယင်းကို ပျော်ရွှင်အောင် လုပ်ပေးခြင်းပင်ဖြစ်သည်။

လီယင်းအတွက် ယွင်ချင်းစီ၏ အချစ်မှာ များစွာ သန်မာလှ၏။ တုနှိုင်းမဲ့လုနီးပါးပင်။ သု့ကိုယ်သူ နားမလည်သည့်တိုင် လီယင်းသည် သူ့ကြောင့် ယွင်ချင်းစီမှာ သူ့ကိုယ်သူ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေမိတော့သည်။

ယခုလက်ရှိ သူ့အနေအထားမှာ ရေခဲပြင်ပေါ် လမ်းလျှောက်နေရသည့်နှယ်။ ထို့ကြောင့် ယွင်ချင်းစီအတွက် ဆုတ်လမ်းတစ်ခု ကျိန်းသေ ရှာပေးရပေမည်။

ထို့ကြောင့် ချင်ပြည်ထောင်စုကို ရှာဖွေရာ၌ ယွင်ချင်းစီကို ကူညီရန် ချီရန်ဝေ့ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ အားလုံး နေရာကျကာ လူအင်အား မလုံလောက်သည့် ယွင်ချင်းစီ၏ လက်ထဲမှ ချင်ပြည်ထောင်စုကို ပြန်ယူမည့် နည်းဗျူဟာကို အားကိုးအားထား မပြုမိခင်အထိပင်။

တစ်ဘဝလုံး သတိကြီးကြီးထားပြီးချစ်ခဲ့ရရာ ဤကိစ္စများ ပြီးပါလျှင် မကွယ်ဝှက်စတမ်း ချစ်ပြနိုင်တော့မည်ဟု တွေးနေစဉ်မှာပင် သူ့လက်ထဲရှိ လမ်းပြမီးအိမ်ကို ဆုံးရှုံးလိုက်ရတော့၏။

သူသာ စောစောစီးစီး ကြိုသိခဲ့ပါလျှင် ဟန်ချက်ညီရန် ထိန်းနေမည်မဟုတ်။ ယွင်ချင်းစီကဲ့သို့ပင် စိတ်တိုင်းကျ နေထိုင်လိုက်မည်ဖြစ်သည်။

သူ့ရည်ရွယ်ချက်က မည်သို့မည်ပုံ ဖြစ်နေပါစေ အမှားလုပ်မိခဲ့သည့်အချက်ကိုမူ ငြင်း၍မရပေ။ ထို့ကြောင့် နောက်ပိုင်း ဖြစ်ခဲ့သမျှတိုင်းမှာ သူနှင့် ထိုက်တန်သည့် ရလဒ်များပင် ဖြစ်သည်။

ထိုတစ်ခဏ၌ မီးပုံဘေး သူ့ပေါင်ပေါ် လှဲနေသည့် ယွင်ချင်းစီက အိပ်ပျော်သွားတော့သည်။

နှင်းတို့က တဖွဲဖွဲ ကျနေ‌ဆဲ၊ ကောင်းကင်ပြင်မှာလည်း မှောင်နေဆဲပင်။ လီယင်းက ဆံပင်ရှည်တို့ကို အသာသိမ်းပေးကာ ယွင်ချင်းစီကို ပွေ့ချီလျက် အိပ်ယာပေါ်သို့ တင်ပေးလိုက်သည်။

သူ ထီးနန်းဆက်ခံပြီး ၁၅ နှစ်မြောက်၊ ယွင်ချင်းစီနှင့် လက်ထပ်ပြီး ၁၂ နှစ်မြောက်ပင်။ ထို့အပြင် အတိတ်ဘဝက ယွင်ချင်းစီ သေကြောင်းကြံစည်ခဲ့သည့်နေ့လည်း ဖြစ်ပေသည်။

ဤဘဝတွင် နန်းတော်ထဲ မနေစေရန် အလို့ငှာ သူက ယွင်ချင်းစီကို အခြားခြံဝင်းသို့ တမင်ခေါ်လာ၏။ ထို့ကြောင့် အလားတူကိစ္စမျိုး လုံးဝ ထပ်ဖြစ်တော့မည် မဟုတ်ချေ။

မနက်ဖြန်မနက် မိုးလင်းသည်အထိ ယွင်ချင်းစီကို စောင့်ကြပ်ပေးနေ‌မည်ဖြစ်သည်။

ယွင်ချင်းစီမှာ အစောကြီး အိပ်မောကျသွားသည့်အတွက် ညသန်းခေါင်တွင် ပြန်လည်နိုးထလာသည်။ သူနိုးလာသည့်အခါ လီယင်းက သူ့ကို စိုက်ကြည့်နေပြီး အကြည့်တို့မှာလည်း နက်မှောင်နေ၏။ အခန်းထဲရှိ ခပ်ဖျော့ဖျော့ မီးရောင်က သူ့မျက်နှာကို ရောင်ပြန်ဟပ်နေသည်။

ယွင်ချင်းစီက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်၏။ သူ့အမူအယာမှာ ရှုပ်ထွေးနေဟန်ပင်။

"ဘယ်အချိန်ရှိနေပြီလဲ ..."

လီယင်းက ပြန်မဖြေ။ ထိုအစား သူ့နာမည်ကိုသာ ခေါ်လိုက်သည်။

"အားစီ ..."

"ဟမ် ..."

"နောက်ထပ် နှစ်နည်းနည်းလောက်ကြာလို့ အားဟန့်ကြီးပြင်းလာရင် ကိုယ် မင်းကို ရှန့်ယန်ရဲ့ အပြင်ဘက်က ကမ္ဘာကြီးကို ကြည့်ဖို့ ခေါ်သွားပေးမယ် ..."

"ကောင်းပြီ ..."

ယွင်ချင်းစီက စိတ်လှုပ်ရှားသွားသည့်ဟန်။

"ဘယ်သွားကြမလဲ ..."

"မြစ်ချောင်းအင်းအိုင် တောတောင်တွေ ပြီးတော့ ပင်လယ်မှာ နေထွက်ချိန် ‌သွားကြည့်မယ် နှင်းတောထဲက ငွေရောင်‌ဝံပုလွေတွေရော မင်း ကြည့်ချင်တဲ့ ရှုခင်းမှန်သမျှ သွားကြည့်ကြမယ် ..."

ယွင်ချင်းစီ၏ အကြည့်တို့ တောက်ပသွားတော့သည်။

"တကယ်လား ..."

"တကယ်ပေါ့ ..."

"ဒါဆို လင်းကျိုးက အစ်မကြီးကို သွားတွေ့ပြီး လင်းကျိုးရဲ့ နာမည်ကြီး ဝက်ဂုတ်သားကင် သွားစားရအောင် ..."

နိုးလာသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီ၏ အတွေးတို့ ပြောင်းလဲသွားပြန်တော့သည်။

"အဘိုးရဲ့ ဇာတိက နှမ်းချိုကိတ်နဲ့ ဂျယ်လီတို့ဟူးလည်း စားချင်သေးတယ် အဖေပြောတာတော့ ဒီက ဝက်ဂုတ်သားကင်တို့ နှမ်းချိုကိတ်နဲ့ ဂျယ်လီတို့ဟူးတို့က အရသာအစစ် မဟုတ်ဘူးတဲ့ ..."

လီယင်း၏ နှုတ်ခမ်းတို့ ကွေးတက်ကာ အကြည့်တတို့မှာလည်း တစ်မဟုတ်ချင်း နူးညံ့သွားတော့သည်။

"ကောင်းပြီ ..."