♎️Chapter 39
ရှန်းရှီကောသည် ကင်မရာထဲမှဖုယွမ်ကျိုးအား မျက်တောင်ပင်မခတ်ဘဲငေးကြည့်နေခဲ့လေ၏။ ဖုယွမ်ကျိုး သူ့ဘက်ရောက်လာသည့်အခါ အနောက်သို့ခြေလှမ်းနှစ်လှမ်းခန့်ဆုတ်ကာ ဖုယွမ်ကျိုးမတွေ့ရအောင်လူအုပ်ကြား၌ ကွယ်နေလိုက်လေ၏။
လူအများအပြားက မီးတာသုံးထောင်အပြေးပြိုင်ပွဲကိုအားပေးရန် အရန်ထိုင်ခုံများအပေါ်မှဆင်းလာခဲ့ကြသည်။ အထူးသဖြင့် အတန်းပေါင်းစုံမှကျောင်းသားများဖြစ်ပြီး ၎င်းတို့အားလုံးမှာ ကွင်းဘေးတွင်ဝိုင်းအုံနေခဲ့ကြလေ၏။
တန်းခွဲ ၇ မှလူများလည်းရှိနေပြီး ဖုယွမ်ကျိုးကိုအားပေးနေကြကာ တန်းခွဲ ၁ မှလူများကမူ ရန်ရူထန်ကိုအားပေးနေကြလေသည်။ ကောင်လေးများက 'အစ်ကိုယွမ်..ကြိုးစားထား' ဟုအော်ကြချိန်တွင် တန်းခွဲ ၁ မှလူများမှာ မှင်သက်သွားခဲ့ကြ၏။ ယခင်ကဖုယွမ်ကျိုးသည် သူတို့အတန်းမှဖြစ်သော်လည်း ယခုတော့၎င်းက တန်းခွဲ ၇ မှဖြစ်နေပြီ။ ပြိုင်ဘက်နှင့်ရန်သူပင်ဖြစ်ပြီး ယခုထိုသူကိုအားပေးနေခြင်းက သစ္စာဖောက်သည့်လုပ်ရပ်ပင်။
"အစ်ကိုယွမ်...ကြိုးစားထား!"
"ရန်ရှူးထန်ရေပြေးထား! ချန်ပီယံဆုကိုယူလိုက်!"
အော်ဟစ်အားပေးသံများမှာ ဒီရေလှိုင်းပမာ၊၊ ဖုယွမ်ကျိုးက တန်းခွဲ ၇ ကိုဖျတ်ကနဲကြည့်ပြီး သူ့ပြိုင်ပွဲတွင်သာအာရုံစိုက်ထားလိုက်၏။ သူ၏တာထွက်က လေးခုမြောက် ပြေးလမ်းကြောင်းဖြစ်ပြီး အတွင်းပိုင်းကျ၍ လေးနေရာမြောက်တွင်သာရှိသေးသည်။ သူသည်ကား အရှေ့မှပြေးနေသော ရန်ရှူးထန်အနောက်ကို အလောတကြီးလိုက်ရန်အားမထုတ်ပေ။
ပွဲအစတွင် ရန်ရှူးထန်ကလည်းအားကုန်သုံးပြီးမပြေးခဲ့ပေ။ ဖုယွမ်ကျိုးက အစပိုင်းမှာတင် လေးယောက်ကိုအသာလေးဖြတ်နိုင်ခဲ့သော်လည်း ပြေးလမ်းကြောင်းတစ်ဝက်အရောက်တွင် ပြိုင်ဖက်အများစု၏ပြေးနှုန်းနှင့် အသက်ရှူနှုန်းက ပျက်ပြားလာခဲ့ပြီး ဖုယွမ်ကျိုးလည်း ထိုအတိုင်းပင်။ သူ စပြီး အားအင်ကုန်ခမ်းလာခဲ့ပြီ။
သူသည်ကား အသက်ရှူနှုန်းကိုထိန်းညှိနိုင်အောင်ကြိုးစားကြည့်၏။ ထိုအချိန်မှာပင် အရှေ့မှပြေးနေသည့်ရန်ရှူးထန်က ဖြည်းဖြည်းချင်းအရှိန်တင်သွားခဲ့သည်။ သူ့အရှေ့မှပြေးနေသည့်လူနှစ်ယောက်ကိုအသာလေးဖြတ်သွားပြီး အရှေ့ဆုံးမှဖြစ်သွားသော်လည်း အနောက်တွင်ကျန်နေခဲ့သူက ၎င်းအချိန်မှအခွင့်ကောင်းယူလိုက်သည်။
"ပြေးထား...ယွမ်ကျိုး!"
အားပေးသံကများမှာ လှိုင်းတစ်လုံးနှယ် ရိုက်ခတ်လာသည့်တိုင် ဖုယွမ်ကျိုးနားထဲတွင်မူ မပြတ်သားပေ။ သူ့လည်ချောင်းကခြောက်ကပ်လာပြီး သွေးညှီနံ့ပင်ခပ်ဖျော့ဖျော့ရလိုက်သလိုပင်။ သူ့အသက်ရှူသံက တဖြည်းဖြည်းပြင်းထန်လာခဲ့သည်။ ခြေထောက်များက အားနည်းလာကာ ပြေးနေသည့်ခြေလှမ်းများကယိုင်နဲ့လာ၏။
နဖူးပေါ်မှချွေးများက မျက်လုံးထဲသို့လိမ့်ဆင်းပြီးဝင်လာခဲ့လေရာ မြင်ကွင်းတိုင်းက မှုန်ဝါးဝါးပင်။ သူမြင်ယောင်မိခြင်းဖြစ်နိုင်သော်လည်း ရန်ရှူးထန်ကသူ့အားပြန်လှည့်ကြည့်နေသလိုပင်။
ဖုယွမ်ကျိုး ခဲရာခဲဆစ်မျက်တောင်ခတ်ပြီး နောက်တကြိမ်လှမ်းကြည့်မိသည်။ သူအမြင်မှားခြင်းမဟုတ်၊ ရန်ရှူးထန်ကသူ့အားပြန်လှည့်ကြည့်နေခဲ့သည်။ သည့်နောက် ရန်ရှူးထန်ကအရှိန်လျှော့လိုက်ပြီး သူနှင့်အကွာအဝေးက နီးကပ်သွားခဲ့သည်။ ရန်ရှူးထန်သည်ကား ပုံမှန်အတိုင်းပြေးနေပြီး သူ၏ခြေထောက်ကလည်း ဖြည်းဖြည်းချင်းပြန်ကောင်းလာခဲ့သည်။
ရန်ရှူးထန်သည် သူနှင့်ယှဥ်ပြိုင်ပြီး သူ့အားအရှေ့မှဦးဆောင်နေခဲ့သည်။
၎င်းကိုနားလည်သွားသည့်အခါ ဖုယွမ်ကျိုးမှာစိတ်ရှုပ်ထွေးသွားခဲ့၏။ သူသည် ရန်ရှူးထန်အနောက်မှလိုက်နေခဲ့ပြီး ပြေးနေသည့်အရှိန်မှာလည်းပန်းတိုင်ရောက်သည်အထိ ပုံမှန်ဖြစ်သွားခဲ့သည်။ သူကတတိယနေရာကိုရခဲ့ပြီး ရန်ရှူးထန်ကပထမဖြစ်လာလေ၏။
ဖုယွမ်ကျိုး တတိယနေရာရသွားသည့်အခါ တန်းခွဲ ၇ ကလူများကအားပေးကြသည်။ အဆိုပါရလဒ်ကြောင့် ၎င်းတို့မှာ လိုအပ်သည်ထက်ပိုပျော်နေခဲ့ကြ၏။
၎င်းတို့အားလုံးမှာ ဖုယွမ်ကျိုးအနားတွင်ဝိုင်းနေပြီး ရေကမ်းပေးသူ၊ သဘတ်ကမ်းပေးသူနှင့်စုံလင်နေလေသည်။ ဖုယွမ်ကျိုးက ပင့်သက်ရှိုက်ပြီး သဘက်နှင့်ချွေးသုတ်လိုက်သည့်တိုင် မောနေသည့်အရှိန်ကြောင့် သူ့လက်များကတုန်ယင်နေလေ၏၊ ယခုမှပင် သူ့ပုံရိပ်ကိုဂရုမစိုက်နိုင်တော့ဘဲ မြေကြီးပေါ်တွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီးနောက် ရေနှစ်ဘူးက သူ့အားလာထိခဲ့သည်။
သူသည်ကား သဘက်ကိုဘေးပစ်ချလိုက်ပြီး ရေဘူးလှမ်းယူမည်အပြု လက်တစ်ဖက်ကသူ့လက်ကိုလာကိုင်ပြီး ဟန့်တားလိုက်၏။ ရန်ရှူးထန်ကလူအုပ်ကြားထဲမှတိုးထွက်လာပြီး သူ့အားပြောလာခဲ့သည်။
"ပြေးပြီးရင်ချက်ချင်းမနားရဘူး...ငါမင်းနဲ့လမ်းလျှောက်ပေးမယ်..."
သို့ထိတိုင် သူလမ်းမလျှောက်နိုင်တော့ပေ.....
ဖုယွမ်ကျိုးမှာ စကားပြောချင်သော်လည်း ပြောရန်အသာထား၊ အသက်ပင်မနည်းရှူနေရလေသည်။ ရန်ရှူးထန်ကမူ သူ့စကားအတိုင်း သူ့လက်ကိုဆွဲကာ ဖြည်းဖြည်းချင်း ကွင်းတပတ်အပြည့်လမ်းလျှောက်ခဲ့၏။
သူတို့နှစ်ယောက်ထွက်သွားသည်ကို အခြားသူများက အူကြောင်ကြောင်ဖြင့်ကြည့်နေခဲ့ကြသည်။ ဖုယွမ်ကျိုးမှာ ဦးနှောက်ထဲကိုအောက်စီဂျင်မရဘဲလမ်းလျှောက်နေရပြီး ခြေထောက်များက စက်ပမာအရှေ့ကိုလှမ်းနေရလေသည်။
အပြင်းအထန်လေ့ကျင့်ပြီးသွားပါက ရေကိုချက်ချင်းမသောက်ရဘဲ ကြွက်သားများပြေလျော့သွားစေရန် လမ်းလျှောက်ပေးရသည်။ ဖုယွမ်ကျိုးသည်လည်း ထိုစည်းမျဥ်းကိုသိသော်လည်း တကယ့်လက်တွေ့၌ မလုပ်နိုင်ပေ။ သူလှုပ်ပင်မလှုပ်ချင်တော့သည့်တိုင် မထင်မှတ်ဘဲ ရန်ရှူးထန်ကသူ့အားကူညီပေးခဲ့သည်။ ဖုယွမ်ကျိုးမှာရွေးစရာမရှိတော့ဘဲ ရေတစ်ဘူးကိုင်ပြီး ခါးသီးသည့်ခံစားချက်များဖြင့်သူ့အနောက်မှလိုက်လာရလေ၏။
ရှန်းရှီကောက သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်နေပြီးနောက် ပွဲထဲမှထွက်သွားခဲ့သည်။
ပွဲရုံကိုပြန်လာသည့်လမ်းတွင်လည်း နှစ်ယောက်လုံးလမ်းလျှောက်လာခဲ့ကြသည်။ Wisteria ပန်းပင်များကို လမ်းတလျှောက်စိုက်ထားကြသည်။ ပန်းပွင့်ရမည့်ရာသီလည်းကုန်သွားခဲ့ပြီ။ ပန်းများမရှိတော့သည့်တိုင် အရွက်အများအပြားကြွေထားခဲ့၏။ နွယ်ကြိုးရှည်များက အပင်ပေါ်မှတွဲလောင်းကျနေပြီး လူတစ်ယောက်မှမရှိသလိုတိတ်ဆိတ်နေခဲ့သည်။
ဖုယွမ်ကျိုး မသွားချင်သေး၍ အပင်အောက်ရှိခုံတန်းရှည်ပေါ်တွင်ထိုင်လိုက်ပြီး ရေဘူးတဝက်အထိသောက်လိုက်ကာ ရန်ရှူးထန်ကိုပြောလိုက်လေ၏။
"ငါခဏနားဦးမယ်..."
ရန်ရှူးထန်ကသူ့အားမတားပေ၊၊ ဘေးတွင်ဝင်ထိုင်ပြီးတုံ့ပြန်လာခဲ့သည်။
"မင်းလှဲနေရင်ပိုကောင်းမယ်ထင်တယ်.."
ဖုယွမ်ကျိုး လှဲရန်လုပ်သော်လည်း သစ်သားခုံတန်းရှည်ကကျဥ်းလွန်းသည်၊၊ သူလှဲရန်အဆင်မပြေနိုင်ပေ။ ထိုအခါရန်ရှူးထန်က မေးလာလေ၏။
"မင်း...."
"လုပ်ချင်တယ်!"
ဖုယွမ်ကျိုး အနည်းငယ်ပင်တုံ့ဆိုင်းမနေဘဲ သူ့ပေါင်ပေါ်တွင်လှဲအိပ်လိုက်သည်။ သူခေါင်းက အနှီသူပေါင်နှင့်ထိသွားသည်နှင့် ရန်ရှူးထန်၏ကိုယ်ကချက်ချင်းတောင့်ဆတ်သွားပြီး နီရဲနေသည့်မျက်နှာဖြင့်တစ်ဖက်သို့လှည့်သွားခဲ့၏။
"...ငါကမင်းကိုရေဝယ်ပေးရမလားလို့ မေးမလို့.."
"အော်..."
ဖုယွမ်ကျိုးက အထင်လွဲသွားသောကြောင့် ထထိုင်ရန်ပြင်လိုက်သေးသည့်တိုင် လှဲပြီးသည်နှင့် လုံးဝအားနည်းသွားပြီး မထနိုင်တော့ပေ။ ရန်ရှူးထန်ကသူ့ခေါင်းကိုကိုင်ပြီးပြောလိုက်၏။
"မင်းလှဲနေပါ..."
သူခဏမျှလှဲနေပြီးနောက် ရုတ်တရက်အာရုံပျံ့လွင့်သွားပြီး ဤသည်က ရန်ရှူးထန်ပေါင်ပေါ်တွင်ပထမဆုံးအကြိမ်အိပ်စက်ခြင်းမဟုတ်ကြောင်း သတိရလိုက်၏။ ရထားပေါ်တွင်လည်း ယခုလိုအိပ်ခဲ့ဖူးသည်ပင်။
ထိုအချိန်မှာပင် သူကံမကောင်းသေးသလိုခံစားလိုက်ရသည်။ ရန်ရှူးထန်ကသူ့အနားတွင်လာထိုင်ရသည့်အကြောင်းအရင်းကိုမသိခဲ့သော်လည်း ယခုတော့ ရန်ရှူးထန်ကသူနှင့်ပိုရင်းနှီးခဲ့မှန်း နားလည်သွားခဲ့ပြီ။
"ငါက မင်း ငါ့ကို အမြဲမုန်းနေခဲ့တယ်လို့ပဲထင်ခဲ့တာ..."
သူရန်ရှူးထန်ကိုပြောလိုက်သော်လည်း အနှီသူကသီးသန့်ဆန်လွန်းသည်။ အရင်ဘဝက သုံးနှစ်ခန့် အတန်းဖော်များဖြစ်ခဲ့ကြသော်လည်း တကယ်တမ်းတွင် ရန်ရှူးထန်၏ သူ့အပေါ်ရှိအတွေးကိုမသိနိုင်ခဲ့ပေ။ ရန်ရှူးထန်က သူ့အပေါ်အတော်လေးမုန်းတီးနေသည်ဟုပင်ထင်ခဲ့သည်။ သူကလည်း ရန်ရှူးထန်ကိုပြန်လည်မုန်းတီးခဲ့သည်။
ရန်ရှူးထန်က နှုတ်ခမ်းကိုကိုက်ကာ ပြန်ဖြေလိုက်၏။
"ငါ မင်းကို တစ်ခါမှမမုန်းခဲ့ပါဘူး..."
"ငါ သိပါတယ်..."
ဖုယွမ်ကျိုးက ထိုသူကိုမျက်လုံးဖွင့်ကြည့်လိုက်သည်၊၊ လူငယ်လေး၏ချောမောရှင်းသန့်နေသည့်မျက်နှာက သူ့မြင်ကွင်းထဲဝင်လာခဲ့ပြီး သူ့မျက်ဝန်းများကပြုံးရောင်သန်းသွားခဲ့၏။
"ကောင်းတာပေါ့...မင်းပွင့်ပွင့်လင်းလင်းသာပြောလိုက်...ဖုံးကွယ်မထားနဲ့တော့...မင်းမပြောပဲနဲ့တော့ ငါကဘယ်လိုလုပ်သိပါ့မလဲ..."
"ငါတင်မကဘူး...လူတိုင်းကလည်းအတူတူပဲ...မင်းအခွင့်အရေးကိုအမိအရဖမ်းပြီး ကြိုးစားယူရမယ်...နောက်ကျမှနောင်တရမယ့်အလုပ်တွေမလုပ်မိစေနဲ့...မဟုတ်ရင် နောက်ကျသွားလိမ့်မယ်.."
ယခင်ဘဝကအတိုင်းပင်၊၊ သူသာပြန်လည်မွေးဖွားမလာခဲ့လျှင် အဆိုပါနောင်တရခဲ့ရသည့်အမှားများကို ပြန်လည်ပြင်ဆင်ခွင့်ရှိခဲ့မည်မဟုတ်၊၊ ထို့ကြောင့်ပင် သူလက်ရှိအချိန်လေးများကို ပိုတန်ဖိုးထားနေရခြင်းပင်။
"......"
ရန်ရှူးထန်မှာ ထိရှသွားသလို မှင်သက်သွားခဲ့သည်။ သူသည်ကား ခဏတာခန့်ငြိမ်ကျသွားပြီးမှ အလေးအနက်ဖြင့်ခေါင်းညိတ်သဘောတူလာသည်။
"ငါမှတ်ထားပါ့မယ်..."
"ကောင်းတယ်..."
ဖုယွမ်ကျိုးက အလွန်အမင်းအားရကျေနပ်သွားခဲ့သည်။
"ဒါနဲ့...ငါမင်းကိုချီးကျုးပေးဖို့မေ့နေမိတယ်...ပထမရသွားလို့လေ..ငါနဲ့အတူပြေးပေးတာကျေးဇူးပါပဲ...တာဝေးပြေးပွဲမှာ ငါကမင်းပြိုင်ဘက်မဟုတ်ဘူး...ဒါပေမဲ့ နောက်ကျရင် ထပ်ပြိုင်ဖို့အခွင့်အရေးရှိလာမှာပါ..."
ရန်ရှူးထန်ကခေါင်းညိတ်ပြပြီး ဖုယွမ်ကျိုးစကားကိုမငြင်းပယ်ခဲ့ပေ။
"အိုကေ..."
ဖုယွမ်ကျိုးက မျက်လုံးမှိတ်ထားရင်း ဆက်လက်အနားယူနေခဲ့သည်။ အနားယူလိုက်သည့်အခါ ပင်ပန်းနေမှုမှတဆင့်အိပ်ငိုက်လာလေ၏။ အသိစိတ်ကလျော့ရဲလာပြီး သူရန်ရှူးထန်ကိုပြောလိုက်ရသည်။
"ငါခဏလောက်အိပ်လိုက်ဦးမယ်..."
ခဏအကြာတွင် သူ့အသက်ရှူသံက တိုးညှင်းလာခဲ့၏။ ရန်ရှူးထန်က သူ့မျက်နှာပေါ်ကိုနေရောင်မကျရအောင် ကာကွယ်ပေးထားပြီး ခဏတဖြုတ်စောင့်ဆိုင်းနေပြီးမှ သူသည်ဖုယွမ်ကျိုးကို အသံတိုးတိုးဖြင့်မေးလိုက်လေသည်။
"မင်းအိပ်ပျော်သွားပြီလား..."
ဖုယွမ်ကျိုးက ပြန်မဖြေလာပေ၊၊ အနှီသူက အိပ်မောကျသွားပြီဖြစ်မည်။ ရန်ရှူးထန်က အသံမထွက်ဘဲထိုင်နေသော်လည်း ရုတ်တရက်ကိုယ်ကိုမှီချလိုက်ပြီး သူ့လက်၏အနောက်မှ ဖုယွမ်ကျိုးမျက်လုံးများကိုနမ်းလိုက်ပြီး သူတစ်ယောက်တည်းရေရွတ်နေသလိုပြောလိုက်၏။
".....ကိုယ်မင်းကိုသဘောကျတယ်..."
ထိုစကားကိုပြောလိုက်ပြီးသည်နှင့် အဆောတလျင်နိုင်သွားသည့် သူ့အပြုအမူကြောင့် မျက်နှာမှာနီမြန်းသွားရသည်။ ဖယ်ရိုမုန်းအနံ့အနည်းငယ်ပင်လွင့်ထွက်သွားပြီး လတ်ဆတ်သင်းပျံသည့်ရနံ့က လေထုကိုလွှမ်းခြုံထားခဲ့သည်။
သူသည်ကား အထိတ်တလန့်ဖြင့် ဖယ်ရိုမုန်းများကိုထိန်းချုပ်လိုက်ရ၏။ ဖုယွမ်ကျိုးအိပ်ပျော်နေမှ ဖြည်းဖြည်းချင်သက်ပြင်းချလိုက်နိုင်သည်။
လတ်တလောတွင် ဖုယွမ်ကျိုးအိပ်နေချိန်အတွင်းမှာပင် သူ့ခံစားချက်များကိုထုတ်ပြရန် သတ္တိမရှိသေးပေ။ သို့သော်လည်း ဖုယွမ်ကျိုး၏စကားကမှန်သည်။ သူနောင်တမရချင်ပေ။
ဖုယွမ်ကျိုး အလယ်တန်းပထမနှစ်ရောက်နေချိန်က ထိုသူအနောက်ကိုလိုက်နိုင်ရန် သူသည်ကား အတန်းနှစ်တန်းကိုပင်ကျော်တက်ခဲ့ပြီး ထိုသူနှင့်အတန်းဖော်များဖြစ်လာခဲ့သည်။ ၎င်းအတွက် သူအများအပြားပေးဆပ်ခဲ့ရသည့်တိုင် ဖရိုဖရဲဖြစ်နေသည့်အခြေအနေတွင် သတ္တိကြောင်နေမိပြီး မဖြစ်သင့်သည့်နောင်တများကို သယ်ပိုးသွားရန်ကို သူလက်မခံနိုင်ပေ။
ယခင်ကလိုပင်။ သူ့နှလုံးသားထဲမှအိပ်မက်များ လက်တွေ့အကောင်အထည်ပေါ်လာရန် သူကြိုးစားရမည်ပင်။