♎️Chapter 40
ထိုအခိုက် အိတ်ကပ်ထဲမှ ဖုယွမ်ကျိုး၏ဖုန်းက အကြိမ်ရေအနည်းငယ်ခန့်တုန်ခါလာလေသည်။ ထိုသူမှာ ရုတ်တရက်လန့်နိုးသွားသလို လှုပ်ရှားလာလေ၏။ ရန်ရှူးထန်ကသူ့လက်ကိုပြန်ထုတ်ကာ ဖုယွမ်ကျိုးကိုထိုင်နိုင်အောင်ကူညီပေးလာခဲ့သည်။
ဖုယွမ်ကျိုးထံဖုန်းခေါ်လာသူမှာ ယွမ်ယဲ့ဖြစ်ပြီး သူဘယ်မှာလဲဟုမေးလာခဲ့သည်။ ဖုယွမ်ကျိုးကပြန်ဖြေလိုက်၏။
"ငါအပြင်ဘက်လမ်းမှာ..မင်းကရော"
"ငါအခုလေးတင်ခုံကိုပြန်ရောက်တာ...မင်းကိုမတွေ့တော့လို့..."
ယွမ်ယဲ့ကပြုံးလိုက်လေသည်။
"မင်းကိုတွေ့ပြီ..."
"ငါလည်းမင်းတံခါးနားမှာရပ်နေတာကိုတွေ့လိုက်တယ်..."
ဖုယွမ်ကျိုးက ဖုန်းချလိုက်ကာ ရန်ရှူးထန်ကိုပြောလိုက်၏။
"ဒါဆိုငါအရင်ပြန်နှင့်မယ်နော်..."
"ငါလည်းမင်းနဲ့ပြန်လိုက်ခဲ့မယ်..."
ရန်ရှူးထန်ကလည်း ခုံမှထလိုက်သည်။
"မဟုတ်ဘူး...ငါကလူသွားရှာရဦးမှာ..ငါအရင်ပြန်နှင့်လိုက်မယ်...မင်းဒီမှာခဏထိုင်နေလိုက်ဦး..."
ဖုယွမ်ကျိုးက ပြောပြီးသည်နှင့်ထထွက်သွားသည်။ ရန်ရှူးထန်၏တုံ့ပြန်ချက်ကိုသတိမထားမိပေ။ အကြောင်းမှာ သူတစ်စက္ကန့်ပင်မထိန်းချုပ်ထားနိုင်တော့သောကြောင့်ပင်။ ရန်ရှူးထန်ကိုမတွေ့ရတော့သည့်အခါမှ သူ၏ထိတ်လန့်တုန်လှုပ်နေသည့်ပုံစံကပေါ်လာပြီး နှလုံးအိမ်တွင် ကြီးမားပြင်းထန်သည့်မုန်တိုင်းတစ်လုံးရိုက်ခတ်လာခဲ့သည်။
သူကြားလိုက်ရသည်။
ရန်ရှူးထန် ယခုလေးတင် ဖွင့်ပြောလိုက်သည့်စကားကို သူကြားလိုက်ရသည်။
ထိုအချိန်တွင် သူအိပ်ပျော်နေခဲ့သော်လည်း အသိစိတ်ရှိနေခဲ့သေးသည်။ ရန်ရှူးထန်ကသူ့အား အိပ်ပျော်နေလားဟုမေးခဲ့သော်လည်း သူပြန်မဖြေခဲ့ပေ။ ရန်ရှူးထန်ကသူအိပ်ပျော်နေသည်ဟုထင်ပြီး ဖွင့်ပြောလိုက်ခြင်းပင်။ သူချက်ချင်းထထိုင်မိတော့မည်အထိ ဖြစ်သွားခဲ့သော်လည်း အားကုန်သုံးပြီးထိန်းချုပ်ထားနိုင်ခဲ့၏။
ရန်ရှူးထန်က သူ့ကိုကြိုက်သည်ဟု တကယ်ကြီးပြောလာခဲ့သည်။
ဖုယွမ်ကျိုးမှာ အနည်းငယ် မူးဝေနေခဲ့၏။ သူနားကြားလွဲသွားခြင်းဖြစ်မည်ဟုထင်ခဲ့သော်လည်း ရန်ရှူးထန်က အမှန်တကယ်ပင် ထိုစကားကိုပြောခဲ့သည်၊၊ သေချာလွန်းလှ၍ သူပင်ရူးနေသလား၊၊ ရန်ရှူးထန်ကပင်ရူးသွားသည်လား မပြောတတ်တော့ချေ။
သူပြန်လည်မွေးဖွားလာပြီးတည်းက မမျှော်လင့်ထားသည့်ကိစ္စရပ်များမှာ ဆက်တိုက်ဖြစ်နေခဲ့သည်။ ABO ကမ္ဘာမှလိင်ခွဲခြားမှု၊ ရှောင်ဖေး ယောကျ်ားဖြစ်လာခြင်းနှင့် ရှဲ့လင်နှင့်ယွမ်ယဲ့ကပါ သူ့အားသဘောကျနေခဲ့သည်။
သူက သူနှင့်ရန်ရှူးထန်တို့ ရန်သူမှမိတ်ဆွေဖြစ်သွားပြီဟုထင်ခဲ့သည်။ သို့သော်လည်း ရန်ရှူးထန်က သူ့ကိုတန်ဖိုးထားပြီးသူငယ်ချင်းဖြစ်ချင်ရုံမက သူ့ကိုသဘောကျနေခဲ့သည်။
ယင်းကြောင့်ပင် ရန်ရှူးထန်ကသူ့ကိုတွေ့တိုင်း ရှက်နေခဲ့ခြင်းဖြစ်လိမ့်မည်။ သူ ရန်ရှူးထန်ကို စနောက်လိုက်တိုင်း ရန်ရှူးထန်က သူ့ကိုဘော်ဒါတစ်ယောက်က စနောက်နေသလိုမထင်ခဲ့ဘဲ သူသဘောကျနေသူက သူ့အားစနောက်နေခဲ့သည်ဟုထင်ခဲ့ခြင်းဖြစ်မည်။
မတိုင်ခင်ကအပြုအမူအချို့ကိုပြန်တွေးကြည့်ပြီးနောက် လွန်ခဲ့သည့်မိနစ်အနည်းငယ်ခန့်က ထိုသူ၏ပေါင်ပေါ်၌ အိပ်ခဲ့မိသည်ကိုပါထည့်တွေးမိကာ ဖုယွမ်ကျိုးမှာ သူ့ကိုယ်သူရိုက်နှက်ပစ်ချင်စိတ်ပေါ်လာခဲ့၏။
သူဘာတွေလုပ်လိုက်မိတာလဲ။
ဖုယွမ်ကျိုးမှာ ပြန်လည်မွေးဖွားလာသည့်အဖြစ်ကိုပင် အန္တရာယ်များလွန်းသလို ရုတ်တရက်ခံစားလိုက်ရသည်။ အရင်ဘဝကသူသည် ရေမရောသည့်ယောကျ်ားစစ်စစ်ကြီးဖြစ်ခဲ့ပြီး ယခု ABO ကမ္ဘာမှရုတ်ချည်းပြောင်းလဲမှုများကို လက်ခံနိုင်ရန်မှာ သူ့အတွက်ခက်ခဲနေခဲ့သည်။ သူ ထိုရှုထောင့်မှ သ်ိပ်မတွေးခဲ့သော်လည်း ထိုယောကျ်ားသားများက တစ်ယောက်ပြီးတစ်ယောက် သူ့အပေါ် အဓိပ္ပါယ်တစ်မျိုးဖြင့်ဆက်ဆံနေခဲ့ကြသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အချက်ပေးသံမြည်လာပြီး ထိုလူတစ်ဦးတစ်ယောက်ချင်းစီ၏အပြုအမူကို အလေးအနက်ထားစောင့်ကြည့်သင့်သည်ဟုယူဆလိုက်သည်။
"မင်းဘာတွေစဥ်းစားနေတာလဲ..."
သူသည် အားကစားရုံဂိတ်အဝင်ဝအထိလမ်းလျှောက်လာခဲ့ပြီး သူ့အရှေ့တွင် ယွမ်ယဲ့က လက်ယမ်းပြနေလေသည်။
"မင်းသုံးကီလိုမီတာကို ပြေးခဲ့တယ်လို့ကြားတယ်...အဆင်ပြေရဲ့လား...မောနေသေးလား..."
"ငါစဥ်းစားနေတာ..."
ဖုယွမ်ကျိုးက ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ငါမင်းအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိတယ်..."
"ဘာလို့လဲ..."
ယွမ်ယဲ့ကမျက်ခုံးပင့်လိုက်မိသည်။
ဖုယွမ်ကျိုးက နှုတ်ခမ်းတို့ကိုဖွင့်ဟလိုက်သည့်တိုင် ထိုစကားများကို ယွမ်ယဲ့အားမပြောရက်ပေ။ နောက်ဆုံးတွင် သူသက်ပြင်းသာချလိုက်သည်။
"ထားလိုက်တော့..."
ဒါဆိုသူတို့ကို လမ်းမှန်ရောက်အောင်ဘယ်လိုပြန်ပို့ရမှာလဲ? အိုမီဂါကောင်မလေးတွေနဲ့မိတ်ဆက်ပေးလိုက်ရမလား?။
တခဏမျှ ဖုယွမ်ကျိုးက ဘယ်လိုပြန်ပြင်သင့်မှန်းမတွေးတတ်တော့ပေ။ထို့ကြောင့် ပြန်ရောက်မှထပ်တွေးရန်ဆုံးဖြတ်လိုက်သည်။ ရှဲ့လင်ဖြစ်စေ၊ ယွမ်ယဲ့ဖြစ်စေ၊ ရန်ရှူးထန်ပင်ဖြစ်စေ...။ ချီးပဲ...ရန်ရူထန်ကလည်း သူ့ကိုတကယ်ကြီးကြိုက်နေတာ...ဘယ်လိုလုပ်ဒီလိုကိစ္စဖြစ်လာရတာလဲ။
ဖုယွမ်ကျိုး၏စိတ်နှင့်ကိုယ်မှာ တုန်လှုပ်နေပြီ။ ယွမ်ယဲ့ကသူမျက်နှာမကောင်းသည်ကိုသတိထားမိသွားပြီး သူ၏ဟာသလုပ်ချင်စိတ်ကို ပြန်ထိန်းထားလိုက်ရသည်။ သူကမျက်မှောင်ကြုတ်ကာ မေးလာခဲ့၏။
"အဲဒီကောင်ကမင်းကိုလာရှာသေးလား...မင်းကိုဘာပြောလိုက်လို့လဲ..."
"မဟုတ်ပါဘူး...သူ့ကြောင့်မဟုတ်ဘူး..."
ရှန်းရှီကောက အရင်အတိုင်းပင်။ သို့ပါသော်လည်း ယခုတော့ ဖုယွမ်ကျိုးကို စိတ်ရှုပ်ထွေးရစေသည်။ သူသည်ကား ယွမ်ယဲ့ကိုမေးခြင်းဖြင့်သာ စကားလမ်းကြောင်းပြောင်းလိုက်ရချေ၏။
"မင်း.အခုလေးတင်ဘယ်ရောက်သွားတာလဲ..."
"ငါကဒီနေ့ အားကစားတွေ့ဆုံပွဲအတွက် လျိုဖေးနဲ့သွားတွေ့ရတယ်...သူတို့နဲ့လည်းစကားပြောချင်သေးလို့..ပြီးတော့ ငါလည်းသူတို့လာမယ်လို့မထင်ထားခဲ့ဘူး...သူတို့ကို အမှတ် ၇ အလယ်တန်းကျောင်းဆီ ထပ်ပို့လိုက်ပြီလေ..."
"မင်းဘာသွားလုပ်ပြန်ပြီလဲ...ထပ်ပြီးသွားရိုက်တာတော့မဟုတ်ဘူးမလား.."
ဖုယွမ်ကျိုးမှာ ထပ်ပြီးအမြန်ဖြည့်ပြောလိုက်ရသေး၏။
"လျှောက်မလုပ်နဲ့တော့..."
သူစိတ်ပူနေသည့်ကိစ္စမှာ ယွမ်ယဲ့သူတို့နှင့် ရန်ဖြစ်မည်ကိုမဟုတ်။ သူစိုးရိမ်သည်မှာ ယွမ်ယဲ့ အပြစ်ပေးခံရပြီး ကျောင်းထုတ်ခံရမည်ကိုပင်။ ထိုသူ လူတစ်ယောက်ကိုရိုက်လိုက်လျှင်ပင် လူမသိအောင်ရိုက်သင့်သည်။
"မဟုတ်ပါဘူး.."
ယွမ်ယဲ့က ရယ်မောလာလေ၏။
"သူတို့က အားကစားတွေ့ဆုံပွဲကိုမလာလောက်ဘူး..သူတို့ကဘယ်လိုလုပ် ကျောင်းကိုလာမှာလဲ...ငါကအတည်ပြုချင်တာရှိလို့ပါ..."
"ဘာလဲ..."
"သူတို့ကို ကျောင်းကအပြစ်ပေးလိုက်တယ်...ငါကစုံစမ်းဖို့ အမှတ် ၇ အလယ်တန်းကျောင်းကိုသွားလိုက်တော့ ကိစ္စကငါထင်တာထက်ပိုကြီးနေတယ်..ပြီးတော့ သူတို့အကုန်လုံးကျောင်းထုတ်ခံလိုက်ရတယ်လေ..သူတို့ဒီလောက်အမြန်ကြီးကျောင်းထုတ်ခံလိုက်ရတာ မထူးဆန်းဘူးလား..သူတို့ကိုဒီလိုအပြစ်ပေးဖို့ ဆုံးဖြတ်ချက်ကိုအမြန်ချလိုက်ကြတယ်လေ...လျိုဖေးတစ်ယောက်တည်းဆိုရင်တော့ထားပါတော့..ကျန်တဲ့လူတွေကိုလည်း မချန်ထားဘူး..မနေ့ကသူတို့မပါတာအသိသာကြီးကို.."
ဖုယွမ်ကျိုး: "အဲဒါတော့တကယ်ထူးဆန်းသွားပြီ.."
ရှန်းရှီကောလုပ်လိုက်တာများလား။ ယင်းကသူ့ခေါင်းထဲသို့ပထမဆုံးဝင်လာသည့်အတွေးပင်။
ယွမ်ယဲ့ကပြုံးလိုက်လေ၏။
"ဒါပေမဲ့လည်း ကောင်းတာပဲမလား..ငါလည်းသူတို့ကိုမမြင်ချင်တော့ဘူး.."
ဖုယွမ်ကျိုးက ဘာမှမပြောပေ။ သူလည်းထိုလူများကိုမသိသောကြောင့် ဆုံးဖြတ်ပေးရန်ခက်ခဲသည်၊၊ သို့ထိတိုင် ၎င်းတို့အတွက်မူ ကူမပြောပေးနိုင်ပေ။
သူတို့နှစ်ယောက်သည် ပြန်ရောက်လာပြီး လူအလစ်တွင် အရန်ခုံ၌ပြန်ဝင်ထိုင်လိုက်ကြသည်။ အားကစားရုံတွင် ပိတ်ပွဲကျင်းပနေ၏။ သည်တခေါက်တွင် တန်းခွဲ ၇ ကလူများက ကောင်းကောင်းလုပ်နိုင်ခဲ့ကြသည်။ ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့မှာ စွမ်းဆောင်ချက်ကောင်းခဲ့ကြသောကြောင့် သူတို့ရသည့်ဆုများက ပိုများခဲ့၏။
ပိတ်ပွဲအပြီးတွင် ကျောင်းသားများက အမျိုးသားနေ့အားလပ်ရက်တွင်အနားရ၍ ပျော်ရွှင်နေကြလေသည်။
ယွမ်ယဲ့ကပြုံးပြီးဖုယွမ်ကျိုးကိုပြောလိုက်လေ၏။
"မင်းပိတ်ရက်အားလား.."
"အားတယ်လေ...ဘာလို့လဲ..."
မူလက သူ့မိဘများနှင့်ခရီးထွက်ရန်စီစဥ်ထားခဲ့သော်လည်း မနေ့ကကုမ္ပဏီမှ ပရောဂျက်တစ်ခုကအရေးပေါ်အနေဖြင့် ရုတ်တရက် ကျလာခဲ့၏။ အဖေဖြစ်သူကနိုင်ငံခြားထွက်ရပြီး အမေကလည်းအလုပ်များလွန်းသောကြောင့် သည်ရက်ပိုင်းအတွင်း ကုမ္ပဏီတွင်အိပ်ရသည့်အခြေအနေဖြစ်နေလေသည်။ အစီအစဥ်ပျက်သွားသော်လည်း ၎င်းက သူတို့မိသားစုတွင်ပုံမှန်ပင်ဖြစ်၍ဝမ်းမနည်းမိပေ။
"မင်းငါနဲ့အပြင်ထွက်မယ်လို့ အရင်ကကတိပေးဖူးတယ်လေ..ငါတို့နှစ်ယောက်တည်းပဲလို့လေ..."
ယွမ်ယဲ့ကပြုံးကာမေးလိုက်လေသည်။
"ဘယ်လိုလဲ...နားရက်မှာငါနဲ့အပြင်ထွက်လည်ချင်လား..."
အေးဆေး...ပြဿနာမရှိဘူး...
ဖုယွမ်ကျိုး ပြောကာမှ မတိုင်ခင်က ဖွင့်ပြောခံရပြီးသည့်နောက် သူ၏လမ်းကြောင်းမှန်ကိုပြန်သွားမည့်ဆုံးဖြတ်ချက်ကို ပြန်အမှတ်ရလိုက်သည်၊၊ ထို့နောက် ထောင့်ချိုးဘက်ကိုကွေ့ကာခေါင်းယမ်းလိုက်၏။
"ငါစာလုပ်ချင်တယ်"
နှစ်ယောက်တည်းအပြင်ထွက်လည်ဖို့အဆင်မပြေဘူး!
"တကယ်ကြီးမရဘူးလား"
ယွမ်ယဲ့က သနားစရာကောင်းသည့်ပုံစံလုပ်ပြလိုက်သည်။
"မင်းငါနဲ့မနေတော့ဘူးလား..."
"မဟုတ်ရင်..ကစားဖို့ငါအိမ်ကိုလာခဲ့ပါလား..."
ဖုယွမ်ကျိုးကစဥ်းစားနေပြီး ပြန်ပြောလိုက်၏။
"ငါ့မိဘတွေကလည်းဒီမှာမရှိကြတော့...."
ယွမ်ယဲ့မှာ ကြက်သေသေနေလေသည်။ လည်စလုတ်က အထက်အောက်လိမ့်သွားပြီး ထိုသူ၏မျက်လုံးထဲတွင် မသင်္ကာစရာအရိပ်အခြေများပေါ်လာလေသည်။
"ငါတို့ပါတီလုပ်ပြီး အတန်းဖော်တွေအကုန်လုံးကိုခေါ်လိုက်မယ်..."
သူကအခြားသူများအပေါ် ရှုပ်ထွေးသည့်ခံစားချက်များဖြစ်စေခဲ့သည်။ ဖုယွမ်ကျိုးသည် သူ၏စဥ်းစားတွေးခေါ်နိုင်မှုအတွက် တိတ်တဆိတ်ချီးကျုးလိုက်ပြီး သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်လာခဲ့၏။
ယွမ်ယဲ့: "..."
ယွမ်ယဲ့: "Oh..."
ဖုယွမ်ကျိုး: "မင်းပုံစံကဘာလို့စိတ်ပျက်သွားသလိုကြီးဖြစ်နေတာလဲ.."
ယွမ်ယဲ့: "...မဖြစ်ပါဘူး..."
"အာ...ကားရောက်လာပြီ..."
ဖုယွမ်ကျိုးက ကားကိုမြင်ပြီး ယွမ်ယဲ့ကိုလက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းအချိန်ရလား...ငါအခြားလူတွေကိုမေးကြည့်ပြီးရင် မင်းဆီဖုန်းဆက်လိုက်မယ်..."
ယွမ်ယဲ့ မတရားခံလိုက်ရသလို စူပုပ်ပုပ်နှင့်ခေါင်းညိတ်ပြလိုက်ရ၏။
ဖုယွမ်ကျိုးက ကားဖြင့်ကျောင်းကိုပြန်လာခဲ့သည်၊ ရှဲ့လင်က ကျောင်းအပြင်ဘက်တွင်စောင့်နေခဲ့ပြီး နှစ်ယောက်လုံး ကျောင်းမှအတူပြန်လာခဲ့ကြ၏။
ဖုယွမ်ကျိုးက ဖျားနေသည့်ယွိဖေးကိုသတိရနေသောကြောင့် ရှဲ့လင်အိမ်ကိုလိုက်သွားလိုက်သည်။
သူ ယွိဖေးအခန်းတံခါးကိုဖွင့်လိုက်သည့်အခါ နှင်းဆီရနံက မျက်နှာတည့်တည့်ကိုဝင်လာခဲ့သည်။ ယွိဖေး ဖျားနေလေသည်။ ကိုယ်အပူချိန်မြင့်လွန်းသောကြောင့် ဖယ်ရိုမုန်းများကလည်းမတည်ငြိမ်ပေ။ ရှဲ့လင်က အထဲဝင်သွားလိုက်ပြီး အနံ့ပျောက်အောင်အရင်လုပ်ပေးလိုက်သည်။ ၎င်းနောက်မှ ဖုယွမ်ကျိုး အထဲဝင်လာလိုက်၏။
ဖုယွမ်ကျိုးက အိပ်ရာဘေးအထိသွားလိုက်ပြီး ကွေးကွေးလေးအိပ်နေသောယွိဖေးကိုငုံ့ကြည့်ကာ အလိုအလျောက်စိတ်မသက်သာဖြစ်လာလေ၏။ ယွိဖေးအသားအရေက ဖျော့တော့နေသည့်တိုင် ပါးနှစ်ဖက်ကမူနီမြန်းနေလေသည်။ ထိုသူကား မျက်လုံးမှိတ်ထား၍အိပ်ပျော်နေပုံရသော်လည်း တကိုယ်လုံးလှုပ်ယမ်းနေခဲ့၏။ ဆိုးဆိုးရွားရွားခံစားနေရသလို မျက်မှောင်ရေးရေးကြုတ်နေလေသည်။
"ရှောင်ဖေး... သက်သာရဲ့လား..."
ဖုယွမ်ကျိုး ထိုင်ချလိုက်ပြီး ယွိဖေးအမည်ကိုတိုးတိုးလေးခေါ်လိုက်၏။ ခဏကြာပြီးမှ ယွိဖေးကမျက်လုံးပွင့်လာပြီး အဆိုပါမျက်ဝန်းတစ်စုံမှာ ရေငွေ့ပါးပါးကလွှမ်းခြုံထားလေသည်။ ပါးပြင်ကချွေးစိုနေကာ နီမြန်းနေရင်း အားနည်းသည့်အလှလေးလိုပင်။
"ကျိုးအာ..."
ယွိဖေးကအပြည့်အဝမနိုးသေးပုံပင်။ ဖုယွမ်ကျိုးကို ခပ်တိုးတိုးခေါ်လာပြီး အိပ်ချင်မူးတူးဖြင့် ဖြည်းဖြည်းချင်းထထိုင်လာ၏။
"မင်းတစ်ခုခုစားချင်လား..."
ဖုယွမ်ကျိုးက သူ့အားနူးညံ့စွာမေးလိုက်သည်၊ ယွိဖေးက ခဏမျှတောင့်တင်းသွားပြီးမှ ခေါင်းကိုအသာညိတ်ပြကာ ပြောလိုက်သည်။
"ကောင်းပြီ...ငါကတော့.."
သူသည်ကား ရုတ်တရက်လက်ဆန့်ထုတ်ကာ ဖုယွမ်ကျိုးကို တင်းကြပ်နေအောင်ဖက်ထားလိုက်ရင်း သူ့ပါးအနားတွင်လည်ပင်းကိုအပ်ထားလိုက်လေ၏၊ ထို့နောက် သူ့အားခပ်ဖွဖွနမ်းလိုက်ပြီး တိုးဖွဖွအသံဖြင့်ပြောလိုက်သည်။
"ငါမင်းကိုစားချင်တာ..."