အပိုင်း ၇
Viewers 673

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

 

အပိုင်း ၇

 

 

မှန်နံရံအပြင်ဘက်တွင် စူးထောင်သည် ယောကျာ်းလေး၊မိန်းကလေး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပြန်လာခဲ့သည်။

 

 

ထိုသူများက စူးထောင်၏ အလုပ်ခုံတွင် ပတ်ပတ်လည်စုဝိုင်းနေကြကာ ဘာတွေများဆွေးနွေးနေကြမှန်းမသိ တစ်ခါတရံ လေးလေးနက်နက်ဖြစ်နေပြီး တစ်ခါတရံတွင် ရယ်မောနေကြ၏။

 

 

 'အမြဲတမ်းလိုလို တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ ကလေးမလေးက အခုဆိုသူမရဲ့ဝှေ့ယမ်းနေတဲ့ လက်ချောင်းလေးကတောင် တောက်ပလို့နေပြီ။'

 

 

 'သူမကို လွှတ်ထားသရွေ့တော့ လူတိုင်းက သူမရဲ့အလှကိုသတိပြုမိလာမယ်ဆိုတာ သူသိပါတယ်။'

 

 

 စူးထောင်သည် အလုပ်ပြီးသွားသည်နှင့် ရေငတ်သလို ခံစားလိုက်ရ၏။ နောက်ဆုံးသော လုပ်ဖော်ကိုင်ဖက်လည်း ထွက်သွားနှင့်နေပြီ။ ရေဖန်ခွက်ကို ကောက်ကိုင်လိုက်သော်လည်း အထဲတွင်ဗလာဖြစ်နေသည်။

 

 

 စားပွဲပေါ်တွင် အနက်ရောင်ခွက်တစ်ခွက်ပေါ်လာပြီး အငွေ့တထောင်းထောင်းထနေ၏။ စူးထောင်မော့ကြည့်လိုက်သောအခါတွင် ရှဲ့ကျင်၏ နက်နဲသောအကြည့်နှင့် ဆုံသွားသည်။

 

 

 "နှစ်လယ်အစည်းအဝေးပွဲကို မင်းတက်စရာမလိုတော့ဘူး။"

 

 

 ထိုစကားတစ်ခွန်းက စူးထောင်၏အသစ်စက်စက် ရည်မှန်းချက်ကို ရေအေးအေးနဲ့ လောင်းချလိုက်သလိုပင်။

 

 

   "ဘာလို့လဲ။"

 

 

 ရှဲ့ကျင်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ ရုံးခန်းဘက်သို့ ပြန်လှည့်သွား၏။

 

 

 ' မေးခွန်းထုတ်ခံရတာကို သူသဘောမကျပေ။ သူမရဲ့ "ဘာလို့လဲ"ဆိုတဲ့ ရှိးရိုးရှင်းရှင်း မေးခွန်းလေးတစ်ကြောင်းကတောင် သူ့ရဲ့အောက်ထစ်စည်းကို ထိမိနေပြီ။  တခြားသူတစ်ယောက်သာ ဖြစ်ခဲ့ရင် ဒီအချိန်မှာ အထုတ်အပိုးတွေထုတ်ပြီး ကုမ္ပဏီကနေ ထွက်သွားရမှာ။'

 

 

 'အရင်တုန်းကဆို သူဘာပဲပြော‌ပြော စူးထောင်အကုန်နာခံပေးတယ်။ အခုအချိန်မှာ သူမက သူ့အတွက်နဲ့အရာအားလုံးကို အလျှော့ပေးမယ့် ရှောင်ထောင်လေးလို့ ထင်နေတုန်းပဲလား။'

 

 

'နောက်ပြီး သူမအချိန်ပိုဆိုင်းတွေဘယ်လောက်တောင် ဆင်းခဲ့ရသလဲ။ အချက်အလက်တွေ ဘယ်လိုတောင် စစ်ဆေးခဲ့ရသလဲ။ ဒီအခမ်းအနားပွဲအတွက် ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရသလဲ။'

 

 

ဒါတောင် ဒီငတုံးမက သူ့အတွက် နောက်ဆုံးတာဝန်ကို ထမ်းဆောင်သွားပေးဦးမယ်လို့ တွေးနေသေးတယ်။'

 

 

 ဥက္ကဌ၏ရုံး‌နေရာတွင် ဖုန်းမြည်လာပြီး ချိန်ရှုးနှင့်ထျန်ရင်ရင်တို့က ရှဲ့ကျင်၏ရုံးခန်းဆီသို့ ဆင့်ခေါ်ခံလိုက်ရ၏။

 

 

ဘယ်လောက်မျှပင်မကြာလိုက်ဘဲ ရုံးခန်းကထွက်လာသည်နှင့်တပြိုင်နက် သူမဆီက အခမ်းအနားပွဲအတွက် အချက်အလက်နဲ့ စာရွက်စာတမ်းတွေ တောင်းတော့သည်။

 

 

စူးထောင်သည် မျက်လုံးတွေကို မှိတ်လိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်အောင်လုပ်ကာ ခပ်တိုးတိုးလေးပြောလိုက်၏ "ငါ့စားပွဲကို မထိနဲ့။"

 

 

 ထို့နောက် ရှဲ့ကျင်၏ အနက်ရောင်ခွက်နှင့်အတူ သူ့ရုံးခန်းထဲသို့ ခပ်မြန်မြန်ဝင်သွားတော့သည်။

 

 

 'ချိန်ရှုးနှင့် ထျန်ရင်ရင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စူးထောင်ရဲ့ခဏတုန်းက ပုံစံ ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။'

 

 

 “ဘန်း ဟူသောအသံနှင့်အတူ ခွက်ကို စားပွဲခုံပေါ်စောင့်ချလိုက်သဖြင့် ရေအနည်းငယ် ဖိတ်စင်သွား‌တော့သည်။

 

 

 "ဘာလို့  ဒီအခမ်းအနားပွဲအတွက် ကျွန်မကို တာဝန်ခံခွင့် မပေးတာလဲ။ ကျွန်မ ပင်ပင်ပန်းပန်းကြိုးစားထားတဲ့အစီအစဉ်ကို ရှင်ကတခြားသူတွေကို လွဲပေးလိုက်တယ်တဲ့လား။"

 

 

 စူးထောင်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း အဘွားအိုတစ်ယောက်လိုမျိုး မကျေနပ်မှုကို ထုတ်ပြလိုက်တဲ့ပုံစံက ရှဲ့ကျင်ကို အံ့အားသင့်သွားစေ၏။

 

 

 နက်မှောင်သော မျက်လုံးများက တဒင်္ဂတာအံ့အားသင့်သွားသလိုဖြစ်သွားပြီး သူမနှင့် ယခုမှပထမဆုံးအကြိမ်တွေ့နေရသလို ခံစားလိုက်ရသည်။

 

 

သူမလက်တွေက စားပွဲပေါ်ရိုက်ပုတ်နေစဉ် ရှဲ့ကျင်၏ မျက်လုံးတွေ ဗလာဖြစ်နေသော သူမလက်ကောက်ဝတ်ပေါ်သို့ အကြည့်ရောက်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ချောင်းဟမ့်လိုက်ရင်း အက်ကွဲကွဲလေသံနှင့် မေးလာသည်။ “မင်းရဲ့ လက်ကောက်‌ရော

 

 

စူးထောင်သည် သူမ၏အိတ်ကပ်ထဲမှ လက်ကောက်ကိုထုတ်ကာ စားပွဲပေါ် ပစ်တင်လိုက်၏။ "ရော့ ရှင့်ကို ပြန်ပေးမယ်။"

 

 

 စူးထောင်က အနက်ရောင်တံခါးကို ဆောင့်ပိတ်လိုက်ပြီး သူမ၏အလုပ်တံဆိပ်ကို တင်းမာသောမျက်နှာဖြင့် ချွတ်ကာ ထွက်ခွာရန် ပစ္စည်းများကို စတင်ထုပ်ပိုးတော့သည်။

 

 

 'သူမ ရက်၃၀အထိ မစောင့်နိုင်တော့ဘူး။'

 

 

 စူးထောင်က ဥက္ကဌရုံးခန်းတံခါးကို ဆောင့်ပိတ်လိုက်တယ်ဆိုတဲ့သတင်းက အလုပ် group chat ထဲမှာ အလျင်အမြန် ပြန့်နှံ့သွားပြီး တစ်မိနစ်ပင်မကြာလိုက် စူးထောင် တစ်‌ယောက်ပြီးသွားပြီဖြစ်ကြောင်း ကုမ္ပဏီတစ်ခုလုံးနီးပါး သိသွားတော့သည်။

 

 

 HR ဌာနရဲ့ ဝန်ထမ်းတွေသပ်သပ်ရှိတဲ့ group chatထဲမှာ messagesများဖြင့် နစ်မြုပ်နေပြီး ထိုသတင်းကိုမြင်တွေ့ပြီးသောအခါ သူတို့ထဲမှတစ်ယောက်ကအိုင်းယား ကျွန်တော်မြန်မြန်လုပ်ရမယ်၊ နုတ်ထွက်စာမူကြမ်းအမြန်ရေးဖို့လိုတယ်"  ဟု ရေရွတ်လိုက်၏။

 

 

 သူနဲ့အလုပ်ကိစ္စ ဆွေးနွေးနေတဲ့ ကျင်းချွေ့ဝမ်က သူ့‌ခေါင်းကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး "ဘာတွေလိုက်ပတွတ်ပတွတ် ရွတ်နေတာလဲဟမ် လက်ထဲက အလုပ်ကိုပဲ အာရုံစိုက်ထား"

 

 

 ဆယ်မိနစ်လောက်ပင်မကြာလိုက်ဘဲ groupက နောက်တဖန်ဆူလာပြန်၏။

 

 

' စူးထောင်က ဥက္ကဌရဲ့ရုံးခန်းတံခါးကို  ဆောင့်ပိတ်လိုက်ပေမယ့် သူမကအဆင်ပြေနေရုံတင်မကဘူး လွှဲပြောင်းခံထိထားတဲ့ အခမ်းအနားပွဲအတွက်တာဝန်တွေက အခုသူမဆီပြန်ရောက်နေပြီ။'

 

 

'ပြောရရင် စူးထောင်က ဥက္ကဌကို ပေါက်ကွဲပြလိုက်တာနဲ့ ဥက္ကဌက အလျော့ပေးလိုက်တာများလား။'

 

 

 group chatထဲတွင်၊ #စူးထောင်ကတကယ်မိုက်တာပဲ#က လူပြောအများဆုံး၊ရှာ‌ဖွေမှုအများဆုံးဖြစ်နေသည်။

 

 

 ကျင်းချွေ့ဝမ်သည် ရုံးခန်းထဲမှ တမင်တကာထွက်လာပြီး HRဝန်ထမ်း၏ ပခုံးကိုလက်ဖြင့် ပုတ်ကာ ရိုးရိုးသားသားပြောလိုက်၏။ "လူငယ်လေး၊ မှတ်ထားပါ၊ ပြဿနာတစ်ခုကို အကဲဖြတ်ချင်ရင် အပြင်ပိုင်းကို ကြည့်ရုံနဲ့မရဘူး။'

 

 

မနက်ဖြန်ဟာဆိုရင်တော့ နှစ်လယ်အစည်းအဝေးအခမ်းအနားကျင်းပမည့်ရက်ပင်။

 

 ——----

 

ပွဲကျင်းပမည့်နေရာအား ဆုံးဖြတ်ပြီးနောက် စူးထောင်နှင့်အတူ ဌာနသုံးခုမှ အကြီးအကဲများက နေရာချရန် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။

 

 

 ကျင်းချွေ့ဝမ်မှာလည်း စိတ်ပျက်လက်ပျက် အကြည့်ဖြင့် လိုက်လာပါ၏။ သူဟာ စူးထောင်ရဲ့နောက်ကို လိုက်နေရပြီး ဗီဒီယိုအတိုလေးများကို အချိန်နှင့်တပြေးညီရိုက်ကာ သူ့သူဌေးဆီသို့ ပို့ပေးရမည်ဖြစ်သည်။

 

 

 'သူ့လိုချောမောပြီး အကျင့်စာရိတ္တကောင်းတဲ့လူက ဘယ်လိုပြီး ပါပါရာဇီလိုလို stalker လိုလို ဖြစ်လာမှန်း သူနားမလည်တော့ဘူး။'

 

 

 ည11နာရီလောက်တွင် စူးထောင်သည် အခြားဌာနနှစ်ခုမှ အကြီးအကဲများကို ဦးဆောင်နေသေးပြီး ကြည့်ရတာ ညလုံးပေါက်အလုပ်ဆက်လုပ်ဦးမည့်ပုံပင်။

 

 

 'ပြောရရင် စူးထောင်က တည်ငြိမ်ငြိမ်နဲ့နည်းစနစ်ကျကျ အလုပ်ကိုလုပ်နိုင်တယ်လို့ဆိုရမယ်။သူမ အဲဒီမှာရှိ‌နေသရွေ့ လူတိုင်းက မှီခိုစရာရှာတွေ့သွားသလိုမျိုး အရာအားလုံးကို တဆင့်ပြီးတဆင့် ပြီးမြောက်အောင် လုပ်ဆောင်သွားကြမှာ။'

 

 

 'အရင်ကပြောကြတာတော့ အတွင်းရေးမှူးချင်က တော်တော်လေး အရည်အချင်းရှိတယ်တဲ့။

 

 

'ပြင်းပြင်းထန်ထန် ကွပ်ကဲနိုင်တယ်လို့ လူသိများကြတဲ့ အတွင်းရေးမှူးချင်နဲ့ ယှဉ်လိုက်ရင် စူးထောင်ရဲ့တခြားလူတွေနဲ့ တိုက်ရိုက်ပူးပေါင်းပြီး စီစဉ်ညွန်ကြားတဲ့လုပ်ဆောင်မှုတွေက ပို‌ကောင်းတယ်။'

 

 

 'အထူးသဖြင့် သူမက အမြဲလိုလို တည်ငြိမ်တဲ့အမူအရာရှိနေပြီး‌တော့ အကျပ်အတည်း တစ်ခုခုနဲ့ရင်ဆိုင်ရရင်တောင်မှ အမူအရာက တစ်ချက်မှမပြောင်းသွားဘဲ တခြားသူတွေကို သူမဘာတွေ တွေးနေလဲဆိုတာ ဖတ်လို့မရအောင်ဖြစ်သွားစေပြီး ဘယ်အရာကမှ သူမကိုမတားဆီနိုင်သလိုမျိုး ခံစားရစေတယ်။'

 

 

'တကယ်ကို စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ။'

 

 

 ကျင်းချွေ့ဝမ်သည် စူးထောင်နှင့် တခြားသူများက ဒီည ညလုံးပေါက် အလုပ်လုပ်သွားနိုင်ကြောင်း သူ့အထက်လူကြီးထံ စာပို့လိုက်သည်။ သူဆက်နေရန်လိုသေးလားဟု ယဉ်ယဉ်ကျေးကျေး မေးခဲ့သော်လည်း ပြန်စာမရခဲ့ပေ။

 

 

 သူအလွန်အိပ်ငိုက်နေသဖြင့် ခပ်ကျယ်ကျယ် သမ်းဝေလိုက်ရင်း ခန်းမထောင့်တွင်ခဏမှိန်းနေလိုက်၏။

 

 

 ခဏအကြာတွင် သူ့ဖုန်းကမြည်လာတော့ ထိုသည်မှာ သူ့ဌေးကခေါ်နေတာဖြစ်ပြီး သူဟာ ကြောက်ကြောက်လန့်လန့်နှင့်ပင် မှိန်းနေရာမှထလိုက်သည်။

 

 

 ဖုန်းကို တုန်တုန်လှုပ်လှုပ်နဲ့ ဖြေလိုက်သောအခါ သူ့သူဌေးကိုယ်တိုင်က ခန်းမသို့ လာနေပြီဖြစ်သည်။

 

 

 'သွားပြီ သူဌေးက လူကိုယ်တိုင်ရောက်လာပြီဆိုတော့  ဒီညတော့ သူကိုယ်တိုင် ရှင်းပြရတော့မယ်ထင်တယ်။'

 

 

'ဒီလိုအခြေအနေမျိုး ရောက်မယ်မှန်းတာ ကြိုသိခဲ့ရင် စူးထောင်ကို ယွမ်‌ငွေ ၁၃၀၀အတွက်နဲ့ ပြဿနာရှာခဲ့မှာမဟုတ်ဘူး။'

 

 

 "ဒါရိုက်တာကျင်း အကူအညီတောင်းစရာတစ်ခုရှိလို့။ ကျွန်မတို့ အပြင်ဘက်က ပစ္စည်းတွေငှားထားတာ အဲဒါငွေသားပဲ လက်ခံဆိုလို့လေ။ ရှင့်မှာ ငွေသားရှိလား။ ကျွန်မတို့ကို နည်းနည်းလောက် ချေးပေးပါဦး။"

 

 

 ကြော်ငြာဖြန့်‌ဝေရေးဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ငွေချေးရန် တစ်စုံတစ်ဦးကို အပူတပြင်းလိုက်ရှာနေပြီး တိုက်ဆိုင်စွာပင် ကြမ်းပြင်မှာရှိနေသော ကျင်းချွေ့ဝမ်ကိုတွေ့သွား၏။

 

 

 "ဘယ်လောက်လိုလို့လဲ" ကျင်းချွေ့ဝမ်က သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။

 

 

 "၁၃၀၀"

 

 

 "… မရှိဘူး!"

 

 

 ကျင်းချွေ့ဝမ်က ထိုငွေပမာဏကိုကြားရသောအခါ ဒေါသတကြီးဖြင့် ကျိန်ဆဲပြီး ထွက်ခွာသွားတော့သည်။

 

 

 ကျင်းချွေ့ဝမ်သည် ရှဲ့ကျင်ကို ကြိုဆိုဖို့ ခန်းမတံခါးဝတွင် ကို့ယို့ကားယားဖြစ်စွာနှင့်ရပ်နေပြီး စူးထောင်ဆီသို့ ဦးတည်လိုက်၏။

 

 

 စူးထောင်သည် ဈေးကွက်ရှာဖွေရေးဌာနဒါရိုက်တာနှင့် ဘာကိုဆွေးနွေးနေသည်မသိ အဖြူရောင်လက်သေးသေးလေးက မီးရောင်များကို ညွှန်ပြပြီး စင်မြင့်ပေါ်၌ သူမ၏အကြည့်က အနည်းငယ် လေးနက်နေသည်။

 

 

ခဏအကြာတွင် အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမဆီအပြေးလာခဲ့ပြီး သူမက စကားအနည်းငယ် ပြန်ပြောပြီးနောက် သူမလက်ထဲတွင်ရှိသည့် စာရွက်စာတမ်းကို ငုံ့ကြည့်လိုက်သည်။

 

 

ရှဲ့ကျင်က သူမအနောက်တွင် ရပ်နေပြီး သူမကိုခဏလောက် စိုက်ကြည့်ပြီးနောက် ကျင်းချွေ့ဝမ်အား သူ့ကားထဲရှိ အရာများကို သွားယူခိုင်းလိုက်၏။

 

 

သိပ်ပင်မကြာလိုက် ရှဲ့ကျင်းဝမ်သည် လက်နှစ်ဘက်လုံးတွင် အိတ်ကြီးအိတ်ငယ်များကို ကိုင်ထားရင်း ရှဲ့ကျင်၏ ညွှန်ကြားချက်များ အောက်တွင် နားရွက်တက်ချိတ်မတတ် အပြုံးမျက်နှာနှင့် လျှောက်လာခဲ့၏။

 

 

"အတွင်းရေးမှူးစူး ဥက္ကဌက လူတိုင်းကို ညစာစားဖို့ ဖိတ်လိုက်တယ်ဗျ။"

 

 

'နောက်ကျတဲ့အထိ အလုပ်လုပ်ပြီးနောက်မှာ ညဘက်အဆာပြေ စားရတာလောက် ပိုလန်းဆန်းတာ မရှိတော့ဘူး။ နောက်ပြီး ဒါကသူဌေးက ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ထားတဲ့အပြင် အဲဒီအစားအစာတွေပေါ်မှာ အဆင့်မြင့်ဟိုတယ်ရဲ့ logo လည်းပါနေသေးတယ်။ ဒါကတကယ့်ကို စိတ်ဓာတ်တက်ကြွသွားစေတာပဲ။

 

 

လူတိုင်းက ထမင်းဘူးများကို တစ်လုံးပြီးတစ်လုံးဖွင့်ကာ "ဝိုး!!! ခရုတွေ၊ ပင်လယ်ကဏန်းတွေ၊ ပုဇွန်တုတ်ကြီးတွေ၊ဂုံးကြီးကြီးတွေ" ဟုအသံကျယ်ကျယ်ဖြင့် အော်ပြောနေကြ၏။

 

 

စူးထောင် - "..."

 

 

စူးထောင် လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ်ထားသော အရပ်မြင့်မြင့်ရှဲ့ကျင်က သူမနောက်တည့်တည့်တွင် ရပ်နေသည်။ နှစ်ယောက်သား လေထဲတွင် အကြည့်ဆုံသွားပြီး စူးထောင်က ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ကာ ခန်းမအပြင်အဆင်ကို ဆက်လက်စစ်ဆေးနေလိုက်၏။

 

 

'ဒီကောင် သူမကိုညှဉ်းပန်းနှိပ်စက်ဖို့ ဒီကိုရောက်နေမှန်း သံသယဖြစ်စရာတောင် မလိုဘူး။'

 

 

စူးထောင်ဟာ ခေါင်းငုံ့ပြီး မီးမောင်း၏မော်ဒယ်ကို စစ်ဆေးကာ မီးမောင်းထိုးပြပေးမည့်ဆရာများအား နောက်ဆုံးအကြိမ် အတည်ပြုရန်အတွက် မီးလုံးအားလုံးကို ဖွင့်ခိုင်းလိုက်သည်။

 

 

သူမသည် စေ့စေ့စပ်စပ်နှင့် အရာအားလုံးကို perfect ဖြစ်အောင် သေချာစေချင်နေ၏။

 

 

ရုတ်တရက် စိန်လက်ကောင်တစ်ကွင်းက သူမရှေ့တွင်ပေါ်လာသည်။ လက်ကောက်က အလင်းအောက်တွင် ပြိုးပြိုးပြက်ပြက်လက်နေပြီး ရောင်ပြန်ဟပ်နေကာ မျက်စိကျိန်းလောက်စရာပင်။

 

 

 စူးထောင် မော့ကြည့်လိုက်သောအခါ  လက်ကောက်နောက်ရှိ ရှဲ့ကျင်ကို တွေ့လိုက်ရ၏။ သူ၏ချောမွတ်နေသော အသားအရေပေါ်တွင် စိန်အလင်းတန်းများကျ‌ရောက်နေကာ သူ့မျက်နှာအသွင်အပြင်ကို ပို၍နူးညံ့သိမ်မွေ့သွားစေသည်။

 

 

 သူ့ရဲ့သဘာဝအတိုင်းနီ‌ဆွေးနေသည့်နှုတ်ခမ်းများက ပွင့်ဟလာကာ စူးထောင်သာ ကြားနိုင်သောအသံဖြင့်ပြောလိုက်၏။ "လက်ကောက်ပြန်ဝတ်ထားလိုက်။နောက်တစ်ခါထပ်ချွတ်ဖို့ ခွင့်မပြုဘူး။"

 

 

 စူးထောင်သည် လက်ကောက်ထံမှ အကြည့်လွှဲလိုက်ကာ မီးမောင်းထိုးခြင်းကိုပဲ ဆက်လက်စစ်ဆေးနေသည်။

 

 

 ရှဲ့ကျင်သည် ရုတ်တရက် စူးထောင်ရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ကာ အတင်းဆွဲခေါ်သွား၏။ ရှဲ့ကျင်၏ ခြေတံရှည်ရှည်များက အလျင်အမြန်ပင် ရွေ့လျားနေပြီး စူးထောင်မှာ သူ့နောက်သို့ အမီလိုက်ရကာ မြေပြင်ပေါ်သို့ ပြုတ်ကျမသွားစေရန် ထိန်းနေရသည်။

 

 

 စူးထောင်ဟာ ကားပါကင်အနားထိ ဆွဲခေါ် ခံနေရသဖြင့် မောမောပန်းပန်းနှင့် သူ့ကိုလှမ်းပြောလိုက်၏။

 

 

   "ဖြေးဖြေးသွား။"

 

 

'ရုတ်တရက် ရှဲ့ကျင်ရပ်ပြီး လှည့်ကြည့်လိုက်တော့ ရလာဒ်အနေနဲ့  သူ့နောက်အမီ‌လိုက်နေရတဲ့ စူးထောင်က သူ့ရင်ဘတ်ကို ဆောင့်မိသွားတော့တယ်။'

 

 

 စူးထောင်ဟာ သူမနဖူးကိုအုပ်ထားရင်း သူ့ကို မော့ကြည့်လိုက်၏။ သူမရဲ့ပါးပြင်တွေက မောပန်းမှုကြောင့် ပန်းရောင်သန်းနေသည်။"ရှင်ကျွန်မကို ဘယ်တွေခေါ်သွားနေတာလဲ။"

 

 

   "အိမ်ပြန်မယ်။"

 

 

 စူးထောင်သည် သူမလက်ကို ခပ်ပြင်းပြင်း ခါချလိုက်သော်လည်း သူကခပ်တင်းတင်း ဆုပ်ကိုင်ထားသောကြောင့် "လွှတ်" ဟုသာ အမိန့်ပေးနိုင်၏။

 

 

 "ရှောင်ထောင်လေး" ရှဲ့ကျင်က သူမကို သူ၏နွေးနေသောရင်ဘတ်ထဲကို ဆွဲသွင်းလိုက်ပြီး သူ့ရဲ့အသံခက်အက်အက်က ရင်ဘတ်ကနေတဆင့် သူမနားထဲကို ရောက်လာသည်။ "ထပ်ပြီးပြဿနာရှာမယ်ဆိုရင် ကိုယ် မင်းကိုတကယ် ခွင့်လွှတ်တော့မှာမဟုတ်ဘူးနော်။"

 

 

 သူ့ရင်ခွင်ထဲတွင် ခပ်တင်းတင်ဖက်ထားခံထားရသော စူးထောင်က သူမရဲ့ဒေါသကို မျိုသိပ်လိုက်ရင်း တည်တည်ငြိမ်ငြိမ်နှင့် " ကျွန်မ ပြဿနာရှာနေတာ မဟုတ်ဘူး။"

 

 

"မင်း အခမ်းအနားပွဲကို တာဝန်ယူဖို့ ကိုယ်သဘောတူထားပြီးပြီလေ။ ဘာလို့ စိတ်ဆိုးနေသေးလဲ" ရှဲ့ကျင်က သူခပ်တင်းတင်း ပွေ့ဖက်ထားတဲ့ စူးထောင်ကို ခေါင်းငုံ့ပြီးကြည့်လိုက်၏။

 

 

သူ၏လေသံကို နူးနူးညံ့ညံ့ဖြစ်အောင်နှိမ့်လိုက်ကာ "လက်ကောက်ကိုဝတ်လိုက်ပြီး ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ။"

 

 

'စူးထောင်က သူပြောတဲ့စကားရဲ့အဓိပ္ပာယ်က ဒီလိုမျိုးလို့ ခံစားလိုက်ရတယ် - ခွေးလည်ပတ်ကိုတပ်ပြီး ငါနဲ့အိမ်အတူအိမ်ပြန်လိုက်ခဲ့။'

 

 

 'စကားနားမထောင်သောခွေးကလေးကို အပြစ်တင်နေတဲ့ပိုင်ရှင်ရဲ့လေသံနဲ့ ကွာနေတာများရှိလား။'

 

 

' တခြားသဘောဆိုလို ချင်တာမဟုတ်ပါဘူး။'

 

 

အချိန်တော်တော်ကြာတိတ်ဆိတ်ပြီးတဲ့နောက် ရှဲ့ကျင်က စူးထောင်ရဲ့တုန့်ပြန်သံကိုမကြားရသေးပေ။ သူခေါင်းကိုငုံ့ကြည့်လိုက်တော့ စူးထောင်တစ်ယောက် မြေပြင်ကို တွေတွေကြီးငေးမောနေတာကို တွေ့လိုက်ရသည်။'

 

 

 "ဘာတွေစဉ်းစားနေတာလဲ။ စကားပြောဦးလေ။"

 

 

 "ကျွန်မ စကားပြောလို့ရလား" ဟု စူးထောင်ကပြန်မေးလိုက်သည်။

 

 

 "ကိုယ် မင်းကို ဘယ်တုန်းက စကားပြောခွင့်ပိတ်ပင်ထားလို့လဲ" ရှဲ့ကျင်က သူမမျက်နှာကို လှမ်းကိုင်လိုက်ရင်း နူးညံ့သည့်အထိအတွေ့ကြောင့် ပြန်မလွှတ်လိုက်ချင်သလို ခံစားလိုက်ရ၏။ သူမကို မထိတွေ့ရတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ။

 

 

 "ဒါဆို ကျွန်မကိုလွှတ်ပေး" စူးထောင်က သူမရဲ့မျက်နှာကိုအတင်းဆွဲထုတ်ရင်း လေသံကလည်းပြောင်းသွားသည်။

 

 

 ရှဲ့ကျင်က တုံ့ဆိုင်းသွားပြီး သူမရဲ့ပါးပြင်ကို တွန့်ဆုတ်စွာ လွှတ်လိုက်သော်လည်း ကိုင်ထားသည့်သူမရဲ့လက်ကိုတော့ မလွှတ်လိုက်ပေ။

 

 

 "လက်ကိုလွှတ် ကျွန်မထွက်မပြေးဘူး" စူးထောင်ဟာ ကူကယ်ရာမဲ့စွာဖြင့်ရေရွတ်လိုက်သည်။ " ကျွန်မက ခွေးလည်းမဟုတ်ဘူးလေ"

 

 

 သူမနဖူးကိုရိုက်လိုက်ပြီး တိတ်ဆိတ်နေသောညသန်းခေါင်၌ သူမ၏နောက်ဆုံးစာကြောင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်၏။

 

 

 ရှဲ့ကျင်သည်က သူမကို မကျေမနပ်မျက်စောင်းထိုးလိုက်ကာ "ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခွေးတစ်ကောင်လို့ ပြောတာလဲ။"

 

 

 "ရှင်က ကျွန်မကိုကန်ထုတ်ထားပြီးတော့ အခုပြန်လာခေါ်နေပြန်ပြီ။ ဒီတော့ ကျွန်မနဲ့ခွေးကြားက ဘာတွေကွာလို့လဲ"

 

 

စူးထောင်သည် နောက်တစ်ကြိမ် နဖူးအရိုက်ခံလိုက်ရပြန်သည်။ စူး‌ထောင်ဟာ သူမရဲ့နဖူးကို အုပ်လိုက်ရင်း မျက်မှောင်ကြုတ်ကာ ဒေါသတကြီး သူ့ကို စိုက်ကြည့်နေလေသည်။

 

 

 "အိုးးး ငါတို့အိမ်ရဲ့ ရှောင်ထောင်လေးက လူတွေကိုတောင် ခပ်စူးစူး စိုက်ကြည့်တတ်နေပြီလား။" ရှဲ့ကျင်က တစ်ခုခုကိုသဘောကျသွားသလိုမျိုး ရုတ်တရက်ပြုံးလိုက်ကာ"ဒါက မင်းကိုယ့်ကို နုတ်ထွက်မယ်ဆိုပြီး အရင်ခြိမ်းခြောက်ထားတာလေ။ ဒါကြောင့် ကိုယ်မင်းကိုအပြစ်ပေးလိုက်တာ။"

 

 

' စူးထောင်ဟာ ရှဲ့ကျင်နဲ့သူမက မျဉ်းတစ်ကြောင်းထဲမှာ ရှိမနေသလို ခံစားလိုက်ရတယ်။'

 

 

'သူမရဲ့ရည်ရွယ်ချက်ရောက်ဖို့ နုတ်ထွက်စာတင်ပြီး ခြိမ်းခြောက်နေတယ်လို့ သူထင်နေသေးတာလား။ ဒါပေမယ့် သူမက တကယ်ပဲနုတ်ထွက်ပြီး သူ့ကိုထားသွားချင်နေတာလေ။'

 

 

 "နုတ်ထွက်စာနဲ့‌ ပက်သက်ပြီးပြောရရင် ရှင်ခွင့်ပြု၊မပြုပြု ကျွန်မတကယ်လုပ်မှာ။ နောက်ပြီး ဒီလက်ကောက်ကို ကျွန်မဘယ်တော့မှ ထပ်မဝတ်တော့ဘူး။ တခြားသူရဲ့လက်ကောက်နဲ့ တူညီနေတဲ့ဟာမျိုး မဝတ်ချင်ဘူး။"

 

 

'အစက ဒီလက်ကောက်ကို စိတ်ကြိုက်တစ်ကွင်းထဲပဲ သူလုပ်ထားပေးတာလို့ထင်နေတာ။ မထင်ထားမိတာက ဒီလက်ကောက်က ပုံစံတူအများကြီးရှိနေတာပဲ။'

 

 

'သူမက သူမတစ်ယောက်ထဲပဲပိုင်တဲ့ သီးသန့်အရာကိုလိုချင်တာ။'