အပိုင်း ၉
Viewers 983

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

 

အပိုင်း ၉

 

 

 #ကျန်းဝမ်ရဲ့‌ခန္ဓာကိုယ်ပေါ်သွား# ဆိုသည့် စကားလုံးများက ဆိုရှယ်မီဒီယာပေါ်တွင် တဖြည်းဖြည်း hot search ဝင်နေလျက်ရှိသည်။

 

 

 ကျန်းဝမ်သည် သူမဘယ်သွားသွား၊ဘာလုပ်လုပ် လူစိတ်ဝင်စားခြင်းခံရသော သရုပ်‌ဆောင်တစ်ဦးဖြစ်ပြီး အခမ်းအနားပွဲမှ သူမဓာတ်ပုံများက ဖြန့်ဝေခြင်းခံလိုက်ရ၏။

 

 

 အသေအချာပင် ကျန်းဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်သွားသည့်ပုံတော့ မဟုတ်ချေ။အားလုံးက စူးထောင်အချိန်မီ ကာကွယ်ပေးနိုင်လိုက်ခြင်းကြောင့် ဖြစ်သည်။

 

 

အွန်လိုင်းပေါ်တွင် ကျယ်ပြန့်စွာ ပြန့်နှံ့နေသောဓာတ်ပုံတွင် စူးထောင်၏ မျက်နှာလည်းပါနေ၏။

 

 

 တချို့ အင်တာနက်အသုံးပြုသူတွေက ကျန်းဝမ်ရဲ့ဘေးမှာရှိနေတဲ့ဝန်ထမ်းက ဘယ်သူလဲ၊ သူမကအရမ်းလှတယ်လို့တောင် မေးခွန်းမေးထားတဲ့စာတိုလေးတွေ ချန်ထားကြသည်။

 

 

 စူးထောင်၏ အထောက်အထားက မထွက်ပေါ်လာခင်တွင် ရေပန်းစားနေသော အကြောင်းအရာသည် ရုတ်တရက် အရှိန်နှင့် ထိုးကျသွားခဲ့၏။

 

 

အနားယူချိန်အတွင်း ကုန်ကျစရိတ်ပြန်အပ်ငွေစာရင်းလုပ်နေသည့် စူးထောင်သည် Weibo ကို ခဏလောက်စစ်ဆေးကြည့်ပြီး ဖုန်းကိုပြန်ပိတ်လိုက်သည်။ တွေးကြည့်စရာပင်မလို ဒါကရှဲ့ကျင်လက်ချက်မှန်း သူမသိနေ၏။

 

 

 တစ်နာရီပင်မကြာလိုက် PRဌာနမှ လုပ်ဖော်ကိုင်ဖက်အများအပြားက ရှဲ့ကျင်၏ ရုံးခန်းသို့ ရောက်လာကြသည်။  သူတို့၏ မျက်နှာများသည် စိုးရိမ်စိတ်များ ပြည့်နှက်လျက် သေခြင်း၊ရှင်ခြင်းကြားထဲ ဖြတ်သန်းနေရသကဲ့သို့ အားလုံးက ထိတ်လန့်နေကြ၏။

 

 

 နောက်ဆုံးရောက်လာသူမှာ ကျင်းချွေ့ဝမ် ဖြစ်သည်။

 

 

စူးထောင်းလည်း သတိပြုမိသွား၏။ အခုတလော ကျင်းချွေ့ဝမ်သည် တော်တော်လေး အလုပ်များနေပြီး ဌာနတိုင်းကို မေးခွန်းတွေတစ်ခုပြီး တစ်ခုမေးနေသည်။

 

 

"ဘယ်လိုလုပ်ကြမလဲ။ ရေပန်းစားနေတဲ့အကြောင်းအရာက ကျသွားမှာမဟုတ်ဘူး! သူဌေးရဲ့ လူသတ်မယ့် အကြည့်တွေကို ငါတကယ်ကြောက်တယ်။"

 

 

 "တစ်ယောက်ယောက်က ဒီhot searchကို တန်ပြန်ပြီး ဝယ်နေသလိုပဲ။ ကျန်းဝမ်ရဲ့ ပြိုင်ဘက်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ဒီလောက်တတ်နိုင်သလောက် တားဆီးထားတဲ့ကြားက ဓာတ်ပုံက ဘယ်လိုပြန့်သွားမှာလဲ။"

 

 

 "အခုမှဒါတွေပြောနေလို့ ဘာအသုံးဝင်မှာလဲ။ ဥက္ကဌက ငါတို့ရှင်းပြတာကို နားထောင်မှာမို့လို့လား။"

 

 

 PR ဌာနမှ လုပ်ဖော်ကိုင်ဖက်များအားလုံးသည် ငိုချလုမတတ်ဖြစ်နေကြကာ အသံတိုးတိုးလေးဖြင့် အော်ဟစ်ညည်းညူနေကြသည်။

 

 

' စူးထောင်ဟာ သူတို့ပြောတာကို နားထောင်ပြီးနောက် Weiboကို နောက်တစ်ကြိမ်နှိပ်လိုက်၏။ ကျန်းဝမ်ရဲ့ hot search ကကျသွားပေမယ့် သူမရဲ့ ဓာတ်ပုံတွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေဆဲ။'

 

 

' ရှဲ့ကျင်က သူမဓာတ်ပုံ online ပေါ်ပြန့်နေတာကို ခွင့်ပြုမှာမဟုတ်လောက်ဘူး။'

 

 

 ဖန်ခွက်ပစ်ပေါက်ခံရလို့ ကွဲသွားသည့်အသံလိုမျိုး ကျယ်လောင်သောအသံက ဥက္ကဌရုံးခန်းမှ ထွက်ပေါ်လာ၏။

 

 

 ခဏအကြာတွင် ရုံးခန်းထဲမှ ရှဲ့ကျင်၏ ဒေါသတကြီး အော်ငေါက်သံကို ကြားလိုက်ရသည်။ "PR ဌာနကလူတွေ ဘယ်သွားသေနေတာလဲ။ အခုထိရောက်မလာသေးဘူးလား။"

 

 

 တံခါးအပြင်ဘက်ရှိ ထိတ်လန့်နေကြသောလူအုပ်မှာ ပို၍ပင် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

 

 

 စူးထောင်သည် တိတ်တဆိတ် ထရပ်လိုက်ပြီး ထိုသူများကို ကွေ့ပတ်သွားကာ ရုံးခန်းတံခါးကို အရင်ဆုံး ခေါက်‌လိုက်၏။ သူမက နောက်ပြန်လှည့်ကြည့်ကာ လူအုပ်ကို အာမခံပေးသောအမူရာကို ဖော်ပြပေးလိုက်ပြီး တံခါးကိုဖြည်းညင်းစွာပိတ်လိုက်သည်။

 

 

 ၂မိနစ်၊၃မိနစ်ပင်မကြာလိုက်  စူးထောင်က အတွင်းကနေ တံခါးဖွင့်ပြီး ထိုသူများအားပြောလိုက်၏။ "ဥက္ကဌက အကုန်လုံးကို ဝင်လာခိုင်းလိုက်ပါတယ်။"

 

 

ကျင်းချွေ့ဝမ်က ချောင်းကြည့်လိုက်ရာ ရှဲ့ကျင်သည် စားပွဲနောက်တွင် ငြိမ်သက်စွာ ထိုင်နေပြီး စိတ်တိုမနေတော့သည်ကို တွေ့လိုက်ရ၏။

 

 

လူတိုင်းက သက်ပြင်းချလိုက်ပြီး နောက်ဆုံးမှလျှောက်ဝင်လာသော ကျင်းချွေ့ဝမ်ဟာ စူးထောင်အနားကနေ ဖြတ်သွားရင်း ခပ်တိုးတိုးလေးပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

 

 

PRဌာနမှ ပြဿနာများကို ကိုင်တွယ်ပြီးနောက် ကုမ္ပဏီတွင် နောက်ထပ် ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့၏။

 

 

သတိပေးခြင်းမရှိ၊ အကြောင်းပြချက်မရှိဘဲ  ဝန်ထမ်းငါးဦးက တပြိုင်နက်ထဲ အလုပ်ထုတ်ခံရသည်။

 

 

 ထိုသူများသည် ဂျူနီယာအဆင့်ဝန်ထမ်းများဖြစ်ကြသော်လည်း အရေအတွက်များလွန်းခြင်းက လူတိုင်းကိုစိတ်မအေးဖြစ်စေ၏။ ကုမ္ပဏီအတွင်းမှာ ဘာတွေများမှားယွင်းနေလို့ လူအစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရတာပါလိမ့်။

 

 

သို့သော် အလွန်လျင်မြန်စွာပင် သုံးလတစ်ကြိမ် အပိုဆုကြေးများတိုးလာခြင်းကြောင့် ကျန်ရှိနေသောဝန်းထမ်းများက အလုပ်ထုတ်ခံရသူများသည် အလုပ်အရည်အချင်း ညံ့ဖျင်းတာကြောင့်ဖြစ်ရမည်ဟု တွေးကာ မိမိတို့၏အလုပ်ကို အားသွန်ခွန်စိုက် လုပ်ကြတော့သည်။

 

 

ကျင်းချွေ့ဝမ်သည် group ထဲရှိ လူအများ၏ သဘောထားအမြင် ပြောင်းလဲသွားသည်ကို မြင်တွေ့သောအခါ မထီမဲ့မြင် လှောင်လိုက်သည်။ တအား နုံအတာပဲ။

 

 

'သူဌေးရဲ့ဇနီးအကြောင်း အတင်းအဖျင်းအကြောင်းပြောနေတာကို သူဌေးကကြားသွားလို့ အဲဒီလူ၅ယောက်ကို အလုပ်ထုတ်လိုက်တာ။ တစ်ခုခုမလုပ်ခင်မှာ သေချာစဉ်းစားတာအကောင်းဆုံးပဲ။'

 

 

'စူးထောင်က မကြာသေးခင်တုန်းက ဖြစ်သွားတဲ့ ဝန်ထမ်း အပြောင်းအလဲသတင်းကို ကြည့်လိုက်ပြီး group chat ကိုပိတ်ကာ သူမအလုပ်ရဲ့ အကျဉ်းချုပ်ကိုသာ ရေးသားခဲ့သည်။'

 

 

ရှဲ့ကျင်က သူမ၏နုတ်ထွက်စာကို အတည်မပြုရသေးသောကြောင့် ဝန်းထမ်းမရမီကြားကာလတွင် သူမ အလုပ်၏ အကျဉ်းချုပ်ကို ရေးသားထားရမည်ဖြစ်ကာ ဝန်ထမ်းသစ်ရောက်လာသည်နှင့် လွှဲပြောင်းပေးနိုင်ရန် စီစဥ်ထား၏။

 

 

စာဝင်သံက သူမရဲ့ဖုန်းက‌နေထွက်ပေါ်လာပြီး နှိပ်လိုက်တဲ့အခါ သူမ၏မောင်ဖြစ်သူ စူးယန်ရှင်းဆီမှဖြစ်ကြောင်း သိလိုက်ရသည်။ သူမ မသိစိတ်က ပိတ်ပစ်ချင်ပေမယ့် စာပါအကြောင်းအရာက သူမ၏အာရုံကို စွဲဆောင်သွားခဲ့၏။

 

 

[စူးယန်ရှင်း - တင်ထားတဲ့ပိုစ့်ကို တွေ့လိုက်လား။ 

 

 

 [စူးယန်ရှင်း - ကားက တကယ်မိုက်တယ်၊ ကျွန်တော့်ကိုပေး။ 

 

 

စူးထောင်၏မျက်နှာသည် မည်းမှောင်သွားပြီး သူတင်ထားတာတွေကို အမြန်ဖွင့်ကြည့်လိုက်သောအခါ နောက်ဆုံးတင်ထားသည့်ပိုစ့်က selfies ပုံအနည်းငယ်ဖြစ်နေသည်။

 

 

 ပထမပုံနှစ်ပုံက ကားထဲတွင်ထိုင်နေတုန်း ရိုက်ထားတဲ့ပုံဖြစ်ပြီး နောက်ဆုံးပုံမှာ ကားရဲ့မြင်ကွင်းတစ်ခုလုံးကိုရိုက်ပြထား၏။- အဖြူရောင် Audi A4

 

 

'အဲဒါက စူးထောင်ရဲ့ကားပင်။'

 

 

'အိမ်မှာ ထားထားတာ တစ်နှစ်ကျော်ပြီဆိုပေမယ့် တစ်ခါမှတော့ သွားပြန်မယူဖြစ်ဘူး။'

 

 

 သူမမျက်လုံးကို မှေးစင်းပြီး ဓာတ်ပုံကို သေချာကြည့်နေသည်။

 

 

ပုံထဲက ကားသည် သူမကားဖြစ်ကြောင်းသိစေရန် ရည်ရွယ်ချက်ရှိရှိ ဖော်ပြပေးနေပုံရပြီး လိုင်စင်နံပါတ်ပြားသည်ပင် ပါနေ၏။

 

 

စူးယန်ရှင်း၏ ပထမဆုံး selfie ပုံနှစ်ပုံဆီသို့ ပြန်ဆွဲတင်လိုက်ရာ  သူ၏ချောမောပြီးခန့်ညားသော မျက်နှာပေါ်တွင် မောက်မာပြီး တမင်တကာဆွပေးနေသော အမူအရာမှာ တကယ်ပင် ပိတ်ရိုက်ချင်စရာကောင်းသည်။

 

 

စူးထောင်သည် အသက်ပြင်းပြင်းရှူရင်း ကွန်ပြူတာဖွင့်ကာချက်ချင်းပင် တစ်ပတ်ရစ်ကား website ကို ရှာဖွေကာ သူမဖုန်းထဲမှ အရင်ကရိုက်ထားဖူးသည့်အချစ်ဆုံးကားပုံလေးကိုထည့်သွင်းလိုက်၏။ သူမလက်ချောင်းများက တခဏလောက် တုန့်ဆိုင်းနေပြီးနောက် ပိုစ့်တင်ရန်နှိပ်လိုက်တော့သည်။

 

 

ယာဉ်အချက်အလက်ကို ဖြည့်သွင်းပြီးနောက် သူမ၏ လက်ချောင်းများက အနည်းငယ်တုန်ရင်နေ၏။

 

 

စူးယန်ရှင်းသည် စူးထောင်ထက် နှစ်နှစ်ငယ်ပြီး သူမဘွဲ့ရထားသော တက္ကသိုလ်တွင်ပင် သူက အသံလွှင့်‌မေဂျာဌာန ဒုတိယနှစ်တက်နေသည်။

 

 

'ခပ်ချောချော playboy တစ်ယောက်အနေနဲ့ သူကပုံမှန်ဆို ဒုတိယမျိုးဆက်လူချမ်းသာ လိုလိုဘာလိုလိုလုပ်ပြီး ဇိမ်ခံကားတွေ၊ အမျိုးသမီးချောချောလေးတွေနဲ့ ရှန်ပိန်တွေက ဘယ်တော့မှ ပြတ်လပ်သွားတယ်ဆိုတာမရှိဘူး။'

 

 

စူးထောင်ဟာ သူတင်ထားသည့် ပိုစ့်များကို ကြည့်ဖို့ပင်ဝေးစွ သူ့လှုပ်ရှားမှုတွေကိုလည်း လုံးဝစိတ်မဝင်စားပေ။ တကယ်တမ်းပြောရရင် သူ့ကိုတော်တော်လေးမုန်းနေသည့်အတွက်  မ block လိုက်သည်ကပင် မျက်နှာသာပေးသည်ဟု ယူဆနိုင်၏။

 

 

သူမ၏မိသားစုမှာ ချမ်းသာသည်ဟု ဆိုနိုင်ရုံလေးဖြစ်ပြီး သူမအဖေတွင် ဇနီးသုံးယောက်ရှိသည်။

 

 

သူမရယ်၊သူမအကိုအကြီးဆုံးနှင့် သူမမောင်လေးက အဖေတူမအေကွဲ မောင်နှမတွေသာဖြစ်ကြ၏။

 

 

မိသားစုထဲမှ တစ်ဦးတည်းသောမိန်းမကလေးတစ်ယောက်အနေနှင့် ဂရုစိုက်ခြင်းမခံရသည့်အပြင် ထိုအစား ဖခင်ဖြစ်သူ၏ ခွဲခြားဆက်ဆံမှုကြောင့် အနိုင်ကျင့်ခြင်းကိုပါခံရသည်။

 

 

ကြီးပြင်လာသည့်တစ်လျှောက်လုံး သူမအား အဓိကအနိုင်ကျင့်သောသူမှာ စူးယန်ရှင်းပင်။သူသည် သူမထံမှ အသေးဆုံးခဲဖျက်မှစ၍ အကြီးဆုံး ကွန်ပြူတာအထိ လုယူရခြင်းကို နှစ်သက်၏။

 

 

'သူမ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေကို ယူသွားခံရတာကနေ ကာကွယ်နိုင်တဲ့ အစွမ်းအစမရှိလို့ တစ်ကြိမ်ပြီးတစ်ကြိမ်သည်းခံနေရတယ်။ တကယ်လို့ ပစ္စည်းတစ်ခုက သူမတစ်ဦးတည်းရဲ့အပိုင်မဟုတ်တော့ရင် အဲဒီပစ္စည်းကို မလိုတော့ဘူး။ ဒါက ငယ်ငယ်လေးကတည်းက စွဲလာတဲ့အကျင့်တစ်ခုပင်။'

 

 

'ဘယ်လိုပဲဖြစ်ဖြစ် စူးထောင် သူ့ကိုတိုက်ရိုက်ကြီးမဆန့်ကျင်ရဲပေ။ ဘာလို့လဲဆို‌တော့ သူ့မွေးအမေ သူမမိထွေးက အဖေ့ရဲ့လက်ရှိဇနီးပဲ။'

 

 

'သူမဘယ်တော့မှ ရူးရူးမိုက်မိုက်နဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့မလုပ်ဘူး။ လှည့်ကွက်နည်းနည်းလုပ်ပြီး သူမလိုချင်တဲ့ ရည်ရွယ်ချက်မျိုးရအောင် လုပ်နိုင်တယ်လေ။'

 

 

'ဥပမာအနေနဲ့ ဒီAudi A4ကားဟာဆိုရင် စူးယန်ရှင်းကို ရုပ်သံလွှင့်မီဒီယာတက္ကသိုလ် ဝင်ခွင့်ရအောင် စူးထောင်ကူညီပေးထားလို့ မိထွေးက အလဲအလှယ်အနေနဲ့ ‌‌ဝယ်ပေးထားတဲ့ကားပဲ။'

 

 

'သူမတစ်ခုခုကိုဆုံးရှုံးသွားရင် အဲဒါနဲ့တန်အောင် အမြဲတမ်းပြန်ယူတယ်။'

 

 

'ဒါပေမယ့် အခုတော့ စူးယန်ရှင်းက သူမအိမ်မှာမရှိတုန်း တိတ်တိတ်လေး ကားသော့အတုလုပ်ထားပုံပဲ။

 

 

'သူမောင်းထားပြီးပြီဆိုတော့ သူမသေချာပေါက် ဒီကားကိုဆက်သိမ်းထားတော့မှာ မဟုတ်ဘူး။'

 

 

စူးယန်ရှင်း၏ WeChat ကို blockပြီး‌သည့်နောက်တွင် သူ့ဖုန်းနံပါတ်ကိုလည်း block လိုက်၏။

 

-----

 

နေ့လယ်ပိုင်းတွင် ပုံမှန်အားဖြင့် စူးထောင်သည် ဟယ့်ရှောင်ရွေ့အား နေ့လယ်စာ အတူတူသွားစားရန် ဖိတ်လေ့ရှိသည်။

 

 

မနက်ခင်းတုန်းကလုပ်ခဲ့သော စာရွက်စာတမ်းများကို သိမ်းလိုက်ပြီး သူမဟယ့်ရှောင်ရွေ့ကို သွားရှာတော့မည့်အချိန်တွင် ရုံးစားပွဲပါ်ရှိဖုန်းက မြည်လာ၏။

 

 

"ကိုယ့်ရုံးခန်းထဲကို လာခဲ့။"

 

 

'ပြောပြီးတာနဲ့ ဖုန်းချသွားတာက ရှဲ့ကျင်ရဲ့ပင်ကိုယ်စတိုင်ပဲ။'

 

 

သူမက မကျေမနပ် မျက်မှောင်ကြုတ်သွားသော်ငြား အနက်ရောင်တံခါးကို သွားခေါက်နေတုန်းပင်။

 

 

ရှဲ့ကျင်သည် စူးထောင်ဝင်လာသည်ကိုပင် လှည့်ပင်မကြည့်ဘဲ စားပွဲနောက်ရှိ ကုလားထိုင်ပေါ်တွင် အေးအေးသာသာမှီရင်း သူမ၏နုတ်ထွက်စာကို လှည့်ကစားနေ၏။

 

 

"ဥက္ကဌရှဲ့ ကျွန်မကိုရှာတာ ဘာကိစ္စရှိလို့လဲ။"

 

 

"နေ့လယ်စာ ရောက်လာပြီလား။"

 

 

စူးထောင်၏ လှပသောမျက်ဝန်းမျာက ပြူးကျယ်သွားကာ လှည့်ထွက်ဖို့လုပ်ရင်း ပြောလိုက်သည်။" ရှင်အော်ဒါမှာထားတဲ့နေ့လယ်စာလား။ ကျွန်မ အရှေ့ကောင်တာ မှာသွားမေးလိုက်မယ်။"

 

 

"ပြန်လာခဲ့" ရှဲ့ကျင်ဟာ သူမကိုမြန်မြန်ပြန်ခေါ်လိုက်ကာ "အရှေ့ကောင်တာကိုဖုန်းဆက်ပြီး ယူလာခိုင်းလိုက်။မင်းက ဒီမှာပဲစောင့်နေလေ။"

 

 

စူးထောင်သည် ရပ်တန့်သွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လာသည်။ "ကျွန်မဒီမှာစောင့်နေရဦးမှာလား။‌ အရှေ့ကောင်တာက လာပို့ပေးမှာကို ကျွန်မကစောင့်ပြီး ဘာထိုင်လုပ်ရမှာလဲ။"

 

 

ရှဲ့ကျင်က စူးရှသောအကြည့်များဖြင့်ကြည့်လာပြီး "စားဖို့လေ။"

 

 

"ရှင် ကျွန်မနဲ့နေ့လယ်စာ အတူမစားတော့ဘူး မဟုတ်လား။ ကျွန်မက ဟယ့်ရှောင်ရွေ့နဲ့တောင် ချိန်းထားပြီးပြီ။"

 

 

ရှဲ့ကျင်၏ မျက်နှာသည် တင်းမာလာပြီး ဒေါသများ တဖြည်းဖြည်း ထွက်လာသည်။ သေချာပေါက် သူမက သူ့ကန့်သတ်ချက်ကို လာထိနေတာပဲ။

 

 

"ရှောင်ထောင်လေး" အေးစက်စက်လေသံနှင့်အတူ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အန္တာရယ်ရှိသောအငွေ့အသက်များက သူ့ခန္ဓာကိုယ် ပတ်ပတ်လည် ရစ်‌သိုင်းသွား၏။"လွန်မလာနဲ့။'

 

 

'သူ့ကိုယ်သူ သူမကိုမြောက်တင်ပေးထားတယ်လို့ထင်နေတာလား။'

 

 

'သူမကို ခွင့်လွတ်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောပေးရမှာလား။'

 

 

စူးထောင်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ ဖြစ်နိုင်တာက သူမကသူနဲ့နေ့လယ်စာ တကယ်မစားချင်မှန်းမသိပုံပဲ။

 

 

"အချိန်ကျပြီ၊ ကျွန်မအရင်သွားတော့မယ်။ကောင်းကောင်းနေရစ်ပါ။"

 

 

စူးထောင်သည် ထွက်ပြေးသွားသလိုမျိုး ရုံးမှခပ်မြန်မြန်ထွက်လာပြီး မျက်နှာမည်းမှောင်ပြီး ဒေါသထွက်နေသော ရှဲ့ကျင်ကို ချန်ထားခဲ့လိုက်သည်။

 

 

စိတ်ကျေနပ်စဖွယ် နေ့လယ်စာကို စားပြီးနောက် သက်သောင့်သက်သာ ရှိလာသလို ခံစားလိုက်ရ၏။နေ့လယ်အနားယူချိန်က မကုန်သေးသည့်အတွက်ကြောင့် အစာကြေစေရန် အောက်ထပ်သို့ လမ်းလျှောက်ဆင်းချင်နေသည်။

 

 

'အဓိကတော့ ရှဲ့ကျင်ကို ခဏလောက်ရှောင်ချင်လို့ပဲ။'

 

 

နေ့လယ်စာ စားပြီးနောက် စူးထောင်သည် ဟယ့်ရှောင်ရွေ့အပါအဝင် တခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးနှင့်အတူ ဓာတ်လှေကားစီးပြီး အောက်ထပ်ကိုဆင်းလာလိုက်၏။

 

 

သူမတို့ ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့်တပြိုင်နက် စီနီယာအကိုကျန်းချီကွမ်းက ဖုန်းခေါ်လာပြီး သူက သူမတို့ကုမ္ပဏီ‌အောက်ထပ်ကဧည့်ခန်းမှာ ရှိနေတယ်ဟု ပြောလာသည်။

 

 

စူးထောင် မော့ကြည့်လိုက်သောအခါ မနီးမဝေးတွင် ရပ်နေသည့် အရပ်ရှည်ရှည်ချောမောသည့် အမျိုးသားတစ်ဦးက နေကာမျက်မှန်ကို ချွတ်လိုက်ကာ ဖုန်းကိုမြှင့်လိုက်ရင်း လက်ဝှေ့ရမ်းပြလာပြီး အပြုံးလေးနှင့်သူမဆီသို့ လျှောက်လာ၏။

 

 

ဂျင်းဘောင်းဘီအကွဲလေးနှင့် ရေပန်းစားနေ‌သော ဆွယ်တာကိုဝတ်ထားသည့် သူမထက်နှစ်နှစ်ကြီး‌တဲ့စီနီယာအကိုက ဖက်ရှင်ကျပြီး ငယ်ရွယ်နုပျိုနေသည်။

 

 

စူးထောင်သည် သူမ၏လုပ်ဖော်ကိုင်ဖက်များအား နှုတ်ဆက်လိုက်ပြီး ကုမ္ပဏီအနီးရှိ ကော်ဖီဆိုင်တွင် ကျန်းချီကွမ်းနှင့် သွားထိုင်လိုက်၏။

 

 

ကော်ဖီ တည်ခင်းပေးလာသောအခါ စူးထောင်က သကြားထုပ်ကို လျစ်လျူရှုလိုက်ပြီး black coffee အနည်းငယ်ဖျော်လိုက်ရာ ကျန်းချီကွမ်းဆီမှ 'ကျွတ်'စုတ်သံထွက်လာသည်။

 

 

"မပြောင်းလဲသေးဘူးပဲ၊စူးထောင်ထောင်။ သကြားမပါတဲ့ကော်ဖီက မခါးဘူးလား။"ဟု သူပြောနေရင်းပင် caramel latteတစ်ငုံသောက်တဲ့အခါ ဘဝကြီးက လုံးဝပြီးပြည့်စုံသွားသလိုခံစားလိုက်ရ၏။

 

 

"ညီမက ချိုတာမကြိုက်ဘူးရယ်။" စူးထောင်သည် တည်ငြိမ်စွာ ပြုံးပြလိုက်သော်လည်း နှစ်နှစ်ခြိုက်ခြိုက်အပြုံးမျိုးတော့မဟုတ်ချေ။

 

 

 ကျန်းချီကွမ်းသည် စူးထောင်၏ အေးတိအေးစက်ပုံစံကိုတွေ့ဖူးသဖြင့် သူကအလွန်အမင်း ဂရုမစိုက်တော့ပေ။ နှစ်တွေအများကြီးသူမနှင့်သိကျွမ်းလာသောကြောင့် သူမဟာ အပြင်ပိုင်းတွင် နူးနူးညံ့ညံ့ရှိသော်လည်း အတွင်းပိုင်းတွင် ရေခဲပမာအေးစက်နေမှန်းသိသည်။

 

 

သူတို့သိကျွမ်းလာသည့်အချိန်တစ်လျောက်လုံး ရှဲ့ကျင်နှင့် သူမ၏မိသားစုကသာ သူမထံမှပြင်းထန်သောတုံ့ပြန်မှုများကို ရနိုင်၏။

 

 

"ကိုယ်တို့အရင်က ဆွေးနွေးထားတဲ့ကိစ္စလေ အကျုံးဝင်တုန်းပဲမလား။" ကျန်းချီကွမ်းက သူ့ကော်ဖီကို ချလိုက်ပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများက စူးထောင်ကို ပြုံးပြလာပြီး ထပ်ပြောလိုက်သည်။

 

 

"ကိုယ်ကမင်းကို ရင်းရင်းနှီးနှီးဖိတ်ခေါ်ချင်လို့ကို ‌‌ လေယာဉ်စီးပြီး အပြေးကလေးလာတွေ့နေတာ။ ညီမလေးလုပ်ပေးရမှာက ကိုယ့်အတွက် ဒုတိယတန်းအဆင့်သရုပ်ဆောင် မွေးထုတ်ပေးရုံပဲ။ အဲဒါပြီးတာနဲ့ မင်းကို အဓိကရှင်ယာရှင်ထဲက တစ်‌ယောက်အဖြစ် ကိုယ်လုပ်ပေးမယ်။"

 

 

စူးထောင်လည်း ကော်ဖီခွက်ကိုချလိုက်ရင်း ဟန်မပျက် ပြုံးပြလိုက်၏။ "စီနီယာအကို တကယ်ပဲ ကျွန်မဆီကို ဒီနေရာအထိ အပြေးလေးလာတွေ့တာလား။"

 

 

'မတူညီကွဲပြားတဲ့ ရည်းစားတွေနဲ့ ချိန်းတွေ့ဖို့ တစ်ရက်မှာတစ်မြို့ ခဏခဏ ခုန်ခုန်ကူးနေတာကြောင့် အဲဒါသာ တကယ့်အကြောင်းရင်းမှန်ဆိုရင်လည်း သူမ အံ့ဩသွားမိမှာမဟုတ်ပါဘူး။'

 

 

'ဒီလိုမျိုးလုပ်နေတာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ဘူး။'

 

 

"နှလုံးသားမဲ့လိုက်တဲ့ ကလေးမလေး!! ဒီတစ်ခါတော့ တကယ်ကိုမင်းအတွက် အပြေးလေးပျံလာခဲ့တာ။ ဒါဘာလဲဆိုတာ ကြည့်လိုက်ပါဦး၊အစုရှယ်ယာလွှဲပြောင်းတဲ့စာချုပ်လေ။" ကျန်းချီကွမ်းက ဒေါသတကြီး စူးထောင်ကို ရိုက်လိုက်ရင်း စာရွက်စာတမ်းကို သူမရှေ့ပစ်ချပေးလိုက်၏။

 

 

ကျန်းချီကွမ်း၏ Skyhigh ဖျော်ဖြေရေးကုမ္ပဏီသည် ဖျော်ဖြေရေးလောကတွင် နာမည်သိပ်မကြီးသော ကုမ္ပဏီဖြစ်သော်လည်း သူတို့တွင် အလားအလာကောင်းသည့် အနုပညာရှင်များစွာ ရှိနေပြီဖြစ်သည်။

 

 

သူ၏စီမံခန့်ခွဲမှုပုံစံကလည်း အလွန်ကောင်းပြီး အလုပ်တာဝန်များကိုလည်း ခွဲဝေပေးရန် ဆန္ဒရှိ‌နေ၏။သူနှင့် အလုပ်တွဲလုပ်ကြသော အေးဂျင့်များမှာလည်း အလွန်စွမ်းဆောင်ရည်ပြည့်ဝကြသည်။

 

 

သူမ သိထားသလောက်ဆို လုပ်ငန်းနယ်ပယ်အတွင်း ကျော်ကြားသည့် idol အဖွဲ့များကို ပြုစုပျိုးထောင်ပေးနေသော လျန်ခယ့်သည်လည်း မကြာသေးမီက သူ့၏သိမ်းသွင်းခြင်းခံရပြီး ယခုအခါ အဓိကရှယ်ယာရှင်ဖြစ်နေ၏။

 

 

အခြားရှယ်ယာရှင်တစ်ဦးမှာ MBAဘွဲ့ရအမျိုးသမီးတစ်ဦးဖြစ်ပြီး ထိပ်တန်းမီဒီယာကျောင်းသူတစ်ဦးလည်းဖြစ်သည်။ သူမ၏စွမ်းဆောင်ရည်ကိုလည်း  လျှော့တွက်၍မရချေ။

 

 

စီနီယာအကိုအတွက် သူမကဲ့သို့အတွေ့အကြုံမရှိသော ဘွဲ့ရအသစ်တစ်ဦးအား ရှယ်ယာရှင်‌နေရာပေးချင်‌နေသည်က သူ၏ယုံကြည်မှုကို ပြနေခြင်းဖြစ်သည်။

 

 

'ဒီနေ့  ရှယ်ယာလွှဲပြောင်းမှုစာချုပ်ကို သူယူလာရတာက ရှဲ့ကျင်းဆီက ထွက်သွားဖို့ သူမတွန့်ဆုတ်‌နေမှာကို သူသံသယဖြစ်နေတာမလား။'

 

 

ကျန်းချီကွမ်းက ပြုံးနေရာမှ ရပ်တန့်သွားပြီး သူမကိုမေးလာ၏။"စူးထောင် တက္ကသိုလ်တက်တုန်းက မင်းရဲ့အမေလို အေးဂျင့်တစ်ယောက်ဖြစ်ချင်တယ်လို့ ပြောတာကို ကိုယ်မှတ်မိနေတုန်းပဲ။ အခုရော အဲဒီလိုဖြစ်ချင်နေသေးလား။ မင်းရဲ့အိမ်မက်တွေ ပြောင်းလဲသွားပြီလား။"

 

 

စူးထောင်သည် ဒုတိယထပ်ပြတင်းပေါက်ဘေးတွင် ထိုင်ကာ လူငယ်များ၏ ဝန်းရံထားသော ကျယ်ဝန်းသောရင်ပြင်ကို ငုံ့ကြည့်နေသည်။

 

 

debutထားကာစ အနုပညာရှင်တချို့က ငယ်ရွယ်တတ်ကြွမှုအပြည့် ဖျော်ဖြေနေကာ လူအုပ်ကြီးက အားရပါးရ လက်ခုပ်တီးပေးနေကြ၏။

 

 

ထိုအခိုက်အတန့်တွင် အိပ်မွေ့ချခံရသကဲ့သို့ သူမ၈နှစ်သမီးအရွယ်တုန်းက ညတစ်ညဆီကို ရောက်သွားသည်။ထိုညမှာ ပထမဆုံးအကြိမ် အမေသူမကို ခေါ်သွားသည့် concert ပွဲညပင်။

 

 

စင်ပေါ်ရှိ အကိုချောချောလေးများသည် အလွန်ငယ်သေးသော်လည်း သူတို့အကြည့်များက ခိုင်မာပြတ်သားနေကာ မျက်နှာပေါ်တွင် အပြုံးများက တလက်လက်တောက်ပနေသည်။

 

 

'အမေပြောတာတော့ အဲဒါက အိမ်မက်ဆိုတဲ့ အရာပဲတဲ့။'

 

 

'အဲဒီအချိန်တုန်းက သူမရဲ့ မျက်လုံးတွေကလည်း တောက်ပနေတယ်ဆိုတာ အမေမသိခဲ့ဘူး။ စင်မြင့်ပေါ်က လူငယ်တွေအားလုံးဟာ သူမပြုစုပျိုး‌ထောင်ပေးထားတဲ့ အနုပညာရှင်တွေကြီးပါပဲ။'

 

 

'ပြောရရင် ငယ်နေသေးတော့ အမေကဘာလို့တခြားသူတွေရဲ့အိမ်မက်အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပေးနေမှန်း နားမလည်ခဲ့ဘူး။'

 

 

အခုတော့ သူမနားလည်သွားပြီ။

 

 

'သူတို့ရဲ့အိမ်မက်ကို ဖြစ်မြောက်အောင် လုပ်ပေးဖို့က အမေ့ရဲ့အိမ်မက်ပဲဆိုတာ။'

 

 

ထို့အပြင် သူမရဲ့ ကိုယ်ပိုင်အတွေးအမြင်တွေကလည်း တစ်ခါမှတောင် မပြောင်းလဲဖူးပေ။

 

 

'အရပ်ခပ်ရှည်ရှည်နဲ့ မြင့်မြတ်တဲ့ပုံပန်းသဏ္ဍာန်ကို ရုတ်တရက်တွေ့လိုက်တာကြောင့် သူမအကြာကြီးငေးကြည့်နေမိတယ်။'

 

 

'အဲဒါက ရှဲ့ကျင်ပဲ။'

 

 

'သူ၏နံဘေးတွင် ပန်းရောင်ဝတ်စုံနှင့်ဆွဲဆောင်မှုရှိပြီးလှပသည့် မိန်းကလေးတစ်ယောက်ရပ်နေသည်။'

 

 

သူမဟာ ရှဲ့ကျင်ကို တောက်ပစွာပြုံးပြနေပြီး သူမလက်မြောက်လက်သောအခါ လက်တွင်ဝတ်ထားသည့် လက်ကောက်၏ ရောင်ပြန်ဟပ်မှုကြောင့် စူးထောင်အား မျက်စိစူးသွားစေသည်။

 

 

စူးထောင်သည် တခဏတာအကြည့်လွဲလိုက်ပြီး နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သောအခါ လမ်းဘေးတွင်ရပ်နေသည့် ထိုသူနှစ်ဦးက ပျောက်ကွယ်သွားနှင့်ပြီ။

 

------

 

နေ့လည်စာစားချိန်ကုန်သွားပြီးနောက် စူးထောင်သည် ရုံးသို့ပြန်သွားပြီးနောက် ရှဲ့ကျင်ထံမှ ရုံးခန်းသို့လာခဲ့ရန် ဆင့်ခေါ်ခံလိုက်ရပြန်၏။

 

 

ဒီတစ်ကြိမ်တွင်တော့ သူဟာတံခါးကိုကြိုတင်ပိတ်လိုက်ပြီး သူ့စားပွဲနောက်မှ လှမ်းထွက်လာကာ စူးထောင်ကို စားမတတ်ဝါးမတတ် အကြည့်တွေနှင့် ကြည့်နေပြီး အန္တာရယ် အငွေ့သက်အပြည့်နှင့်ပင် သူမရှေ့ရပ်လိုက်သည်။

 

 

"နေ့လယ်စာစားချိန်တုန်းက ဘယ်သူနဲ့တွေ့ခဲ့တာလဲ။"

 

 

လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူမနှင့်ကျန်းချီကွမ်းအား မြင်သွားသည်ကိုသိလိုက်ရသဖြင့် တခဏတာ အံ့အားသင့်သွား၏။ ထိုအတင်းအဖျင်းက ပြန့်သွားပြီး ရှဲ့ကျင်နားသို့ရောက်သွားရသည်။

 

 

'ကြည့်ရတာ သူကအတင်းအဖျင်း နားမထောင်တာမဟုတ်ဘူးပဲ။ သူရွေးနားထောင်ချင်တဲ့ အကြောင်းအရာလောက်ကိုပဲ နားထောင်တာ။'

 

 

 သူမကမော့ကြည့်လာပြီး နောက်တစ်လှမ်းဆုတ်လိုက်ကာ သူ့ကိုအေးတိအေးစက်ကြည့်လိုက်၏။"တက္ကသိုလ်ကစီနီယာ ကျန်းချီကွမ်းလေ။ ရှင်သူ့ကိုသိပါတယ်။"

 

 

သူမ ခြေလှမ်းဆုတ်လိုက်တာကြောင့် ရှဲ့ကျင်း မပျော်မရွင်ဖြစ်သွားသော်လည်း သူရှေ့သိုရွေ့မလာပေ။ ထိုအစား သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အမိန့်ပေးလာသည်။

 

 

"ဒီကိုလာခဲ့။"

 

 

စူးထောင်က မလှုပ်ချေ။

 

 

ရှဲ့ကျင်သည် လက်ကိုခပ်တင်းတင်းဆုပ်လိုက်ရာ လည်ပင်းရှိ သွေးကြောများပင် ထလာ၏။ သူမ၏မနာခံမှုက သူ့အကန့်အသတ်ကို ရောက်သွားသည်။

 

 

စားပွဲပေါ်မှ နုတ်ထွက်စာကို ကောက်ကိုင်လိုက်ပြီး သူမကို ခပ်စူးစူးစိုက်ကြည့်ရင်း သူ့ရင်ဘတ်က ပြင်းပြင်းထန်ထန် ခုန်နေကာ။ "ဒါကို ကိုယ်တကယ်လက်မှတ်ထိုးလိုက်မှာ၊ မင်းမယုံဘူးလား။"

 

 

စူးထောင်က တည်ငြိမ်စွာနှင့်ပင် သူမအား သူအကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သည့် ထိုနှုတ်ထွက်စာကိုကြည့်နေပြီး သူမ၏အမူအရာမှာ တစ်ချက်မျှပင်မပြောင်းလဲသွားချေ။

 

 

ရှဲ့ကျင်သည် နောက်ဆုံးတွင် ဒေါသများပေါက်ကွဲသွားပြီး ဘောပင်ကိုဆွဲယူကာ သဘောတူသည့်နေရာ၌ သူ့နာမည်ကို ရေးထိုးလိုက်တော့သည်။

 

 

သူက လက်မှတ်ထိုးပြီးသားနုတ်ထွက်စာကို ကိုင်ထားရင်းနှင့်ပင် " ရှောင်ထောင်လေး သေသေချာချာ စဉ်းစားနော်။ မင်း ကိုယ့်ရဲ့အတွင်းရေးမှူးရာထူးကနေ နုတ်ထွက်လိုက်ရင် တခြားဘယ်နေရာမှာမှ မင်းကို အလုပ်လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူး။"

 

 

သူကသူမကို အခွင့်အရေးပေးထားသည်။ သူ့ရဲ့အတွင်းရေးမှူးလုပ်မလား၊ အချိန်ပြည့် အိမ်ရှင်မလုပ်မလား။

 

 

စူးထောင်က သူမ၏ဖြူလျလျလက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ဆီကနုတ်ထွက်စာကိုယူလိုက်၏။သူမရဲ့လေသံက နွေဦးရဲ့စမ်းချောင်းလေးလိုပင်။

 

 

 "တဆိတ်လောက် ကျွန်မ ရှင်းရှင်းလင်းလင်း မလုပ်လိုက်ရဘူး။ ကျွန်မရဲ့နုတ်ထွက်စာက ကျွန်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပြီးသွားပြီကို ဆိုလိုတာပဲ။"