Chapter 9
စုန်ရန်က သူ့စိတ်ထဲတွင် ထိသို့တွေးလိုက်မိသော်လည်း သည်းမခံနိုင်ပဲ ခေါင်းမာစွာဖြင့် မေးလိုက်မိသည်။
" သိပ် မရင်းနှီးဘူးဆိုတော့ ဘယ်လောက်ပဲ ရင်းနှီးလို့လဲ..."
တစ်ဖက်လူက ပြန်ဖြေသည်။
" ကိုယ်တို့ တစ်ခါမှ မတွေ့ဖူးပေမယ့် အရင်ကတော့ မိနစ်နည်းနည်းလောက် ဖုန်းပြောဖူးပါတယ်... စကားပြောရတာလည်း အဆင်ပြေတယ်..."
တစ်ခါမှ... တစ်ခါမှ မတွေ့ဖူးဘူး... မိနစ်နည်းနည်းလောက်ဖုန်းပြောဖူးတယ်တဲ့...
စုန့်ရန် အံ့အားသင့်သွားမိပြီး သူ့မျက်လုံးများ ပြူးကျယ်လာရသည်။
အဲဒါကို ရင်းနှီးတယ်လို့ သတ်မှတ်ရမှာလား... "ရင်းနှီးတယ်" ဆိုတဲ့ အဓိပ္ပါယ်က သူ့အတွက် ဘယ်လိုများပါလိမ့်... တခြားလူတွေနဲ့ လုံးဝကို မတူတာပဲ... မိနစ်နည်းနည်းလောက် ဖုန်းပြောဖူးတာနဲ့ ရင်းနှီးတဲ့ အသိမိတ်ဆွေတွေလို့ သတ်မှတ်ထားတယ်ဆိုရင် တွေ့ဖူးတယ်ဆိုရင် သွေးသောက်ညီအစ်ကိုတို့၊ အသက်ပါစွန့်ပေးနိုင်တဲ့ သူငယ်ချင်းတို့များ ဖြစ်နေမလား...
အဲဒါဆိုရင် လမ်းပေါ်မှာ ညီအစ်ကို မောင်နှမတွေနဲ့ပြည့်နေမှာပဲ... အဲ့လိုဆက်ဆံရေးတွေကိုရော အသိအမှတ်ပြုဦးမှာလား...
စုန့်ရန်က ဖုန်းကို ခပ်တင်းတင်းဖိညှစ်ထားမိသည်။
ပွင့်လင်းစွာပြောရမည်ဆိုလျှင် သူ့ဘဝတစ်ယောက်လုံးတွင် ဟယ်ကျစ်ယွမ်ထက်ပို၍ တာဝန်ယူစိတ်ကင်းမဲ့သော မိဘမျိုးကို မမြင်တွေ့ဖူးပေ။ အကယ်၍ ဟယ်ကျစ်ယွမ်က သူ့ရှေ့တည့်တည့်တွင် ရပ်နေပါက လက်ထဲမှဖုန်းဖြင့် သူ့မျက်နှာတည့်တည့်ကို ပစ်ပေါက်မိတော့မည်ဖြစ်သည်။
" လူကြီးမင်းဟယ် ကျွန်တော် နည်းနည်းတော့ ပွင့်ပွင့်လင်းလင်းပြောပြမယ်... အဲဒါကြောင့်မို့ သေချာလေးနားထောင်ပေးပါ... သေချာနားမထောင်ရင်တော့ တော်တော်လေးဆိုးရွားတာတွေ ဖြစ်ကုန်လိမ့်မယ်..."
စုန့်ရန်က တိုက်ခိုက်ရေးအနေအထားသို့ ပြောင်းလဲလိုက်ပြီး မှတ်ချက်တစ်ချို့ပေးရန် တွေးလိုက်သည်။
" ပုံမှန်အခြေအနေမှာဆိုရင်တော့ မိနစ်နည်းနည်းလောက်ပဲ ဖုန်းပြောဖူးတယ်ဆိုရင် အဲဒါမျိုးကို 'သူစိမ်း' ဒါမှမဟုတ် ' အသိမိတ်ဆွေ ' မဟုတ်ဘူးလို့ သတ်မှတ်ကြတယ်... လူကြီးမင်းဟယ်ရဲ့ လူမှုဆက်ဆံရေးက ကောင်းလွန်းလို့ ခဏလောက် ဖုန်းပြောပြီးတာနဲ့ ပုပုကို ဂရုစိုက်ပေးနိုင်တဲ့ လူတစ်ယောက် ရှာနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... ဒါပေမဲ့ အဲ့လိုလူတစ်ယောက်ကိုတွေ့ဖို့ ဖြစ်နိုင်ချေက များတယ်လို့ တကယ်ထင်နေတာလား..."
" ဒီလိုလုပ်ရင်ရောဘယ်လိုလဲ... အရင်က အကြံပြုထားတာကို ကျွန်တော်အိပ်နေရင်းစကားပြောမိတာလို့ သဘောထားလိုက်ပါ... အခုတော့ ကျွန်တော် အိပ်ရာနိုးလာပါပြီ... ပုပုအတွက် ကလေူထိန်းအန်တီအသစ်ကိုပဲ သေသေချာချာ ဂရုစိုက်ပြီးရွေးပေးလိုက်ပါ... အဲ့လိုမှမဟုတ်ရင် ပုပုပျောက်သွားလို့ ဘယ်သူ့ကို ကလေးထိန်းခိုင်းရမှန်းမသိ ဖြစ်သွားနိုင်တယ် ဟုတ်တယ်မလား..."
ထိုစကားများက စော်ကားနေသည်ဟု သဘောထားနိုင်သော်လည်း မမျှော်လင့်ထားသည်မှာ တစ်ဖက်လူ ကြားသည့်အခါ အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ စုန့်ရန်၏ ဦးရေပြားများပင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားပြီး ရင်ခုန်သံများ ကမောက်ကမဖြစ်လာသည်။ အာလူးပူပူတစ်လုံးကို ကိုင်ထားမိသကဲ့သို့ ဖုန်းကို သူနှင့် နှစ်မီတာအကွာသို့ ပစ်လိုက်မိသည်။
ဘာလုပ်တာလဲ... ညလည်ခေါင်ကြီးမှာ တခြားလူကို စိတ်လှုပ်ရှားအောင်လုပ်နေတာလား...
ကျွန်တော်က ဂေးဆိုဝာာရောသိရဲ့လား... သိတယ်ဆိုရင် ကြောက်ပြီး လန့်သေသွားနိုင်တယ်...
စိတ်ထားကောင်းသော လူကြီးမင်းဟယ်က ဤသို့သောအနေအထားမျိုးဖြင့် ပျက်ရယ်ပြုခံရသည်ကိုပင် စိတ်ဆိုးပုံမပေါ်ပေ။ စုန့်ရန်က ဖုန်းကို ဆိုဖာအကြားမှ ပြန်ယူလိုက်ချိန်တွင် ညင်သာသည့်အသံကို ကြားလိုက်ရသည်။
" စုန့်ရန်... မင်းရဲ့စဉ်းစားပုံစဉ်းစားနည်းက ထူးဆန်းနေတယ်မထင်ဘူးလား... ထင်ရာမြင်ရာတွေးနေသလိုပဲ..."
ဒုန်း...
ဤတစ်ကြိမ်တွင်မူ နှစ်မီတာအဝေးသို့လွင့်သွားသည်က ခေါင်းဦးဖြစ်နေသည်။
" လူကြီးမင်းဟယ်... တကယ်လို့..."
" စုန့်ရန် ကိုယ်နဲ့ရင်းနှီးတဲ့လူဆိုးတွေကလည်း လူကောင်းတွေ ဖြစ်လာမှာမဟုတ်သလို... ကိုယ်နဲ့ ခဏတဖြုတ်တည်းနဲ့ ရင်းနှီးသွားတဲ့လူတွေကလည်း လူဆိုးတွေ မဖြစ်လာနိုင်ပါဘူး... လူတစ်ယောက်ကို မှီခိုနိုင်လား မမှီခိုနိုင်လားဆိုတာ ကိုယ်ကျင့်သိက္ခာအပေါ် မူတည်ပြီးပဲ ဆုံးဖြတ်ရတာ... ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ကြာကြာရင်းနှီးတယ်ဆိုတာနဲ့ မဆိုင်ဘူး..."
" ကိုယ် လူကဲခတ်တာ မဆိုးဘူးဆိုတာတစ်ခုတော့ သေချာပါတယ်... ကိုယ်တို့တွေ ခဏလောက်ပဲ စကားပြောခဲ့တာတောင်မှ တစ်ဖက်လူက ကလေးကို တကယ်ဂရုစိုက်တာလား အကျိုးလိုလို့ တမင်လုပ်တာလားဆိုတာ ခွဲခြားသိနိုင်ပါသေးတယ်..."
ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ... ခင်ဗျားပြောသမျှက မှန်ပါတယ်... အလွန်အကြူး၊ အထူးတလည်၊ စင်းလုံးချောအောင်ကို နည်းလမ်းကျပါတယ်... ကျွန်တော့်လို လူမသိသူမသိ ပန်းချီဆွဲတဲ့ကောင်လေးက ခင်ဗျားနဲ့ ပြိုင်ပြောလို့ မရပါဘူး..
စုန့်ရန် ဒေါသကိုထိန်းချုပ်ပြီး အံကြိတ်ထားသည်။ နောက်ထပ် ခေါင်းဦးတစ်လုံးကို ဆွဲယူပြီး ထောင့်ကို ကိုက်လိုက်သည်။
ဘာပဲဖြစ်ဖြစ်ပါ... နောက်လကျ ကလေးပျောက်လို့ တောင်တွေပေါ်အထိ လိုက်ရှာရမယ်ဆိုရင် ကျွန်တော် လုံးဝကူညီမှာမဟုတ်ဘူး...
သူ ဖန်သားပြင်ကို ကြည့်နေပြီးနောက် ဖုန်းချရန် ပြင်ထားလိုက်သည်။ ထို့နောက် ထေ့ငေါ့စွာဖြင့် ပြင်းပြင်းထန်ထန် ပြောပစ်လိုက်တော့သည်။
" လူကြီးမင်းဟယ်ပြောတာက အရမ်းအရမ်းကို ကျိုးကြောင်းဆီလျော်ပါတယ်... လူကြီးမင်းရဲ့ မိတ်ဆွေက ကလေးတွေကို ဂရုစိုက်ဖို့ အသင့်တော်ဆုံးပါပဲ... အဲ့လူနဲ့ အဆင်ပြေပြေပူးပေါင်းနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အိုအောင်မင်းအောင် နေသွားရဖို့ မျှော်လင့်ပါတယ်... အခုလောလောဆယ် ပေကျင်းမှာ မနက် ၃နာရီဆယ်မိနစ် ရှိနေပြီမို့လို့ ကျွန်တော်လည်း အိပ်ငိုက်ပြီးမျက်လုံးမဖွင့်နိုင် ဖြစ်နေပါပြီ... ကျွန်တော်နဲ့ ဆွေးနွေးရမယ့် တော်တော်လေး အရေးကြီးတဲ့ ကိစ္စများ ရှိသေးလားမသိဘူး..."
ဟယ်ကျစ်ယွမ်က ပြန်ဖြေသည်။
" ရှိသေးတယ်..."
…
ခင်ဗျားအမေလင်ကိုပဲ ရှိနေလိုက်...
စုန့်ရန်က ဖုန်းကို လက်ခလယ်ထောင်ပြလိုက်သည်။
" ပြောပါဦး..."
ထို့နောက်တွင် တစ်ဖက်လူက ချောင်းဟန့်လိုက်ပြီး အလွန်လေးနက်တည်ကြည်ပြီး ယဉ်ကျေးစွာပြောသည်ကို ကြားလိုက်ရသည်။
" ဒါဆိုရင်လည်း... စုန့်ရန် ကိုယ့်မိသားစုမှာ ဟယ်ယွဲ့ယန်ဆိုတဲ့ လေးနှစ်အရွယ် ကလေးတစ်ယောက်ရှိပါတယ်... နာမည်ပြောင်က ပုပုပါ... သူက အရမ်းလိမ္မာပြီး စကားနားထောင်တဲ့အပြင် မင်း သူ့ကိုလည်း အရင်ကတွေ့ဖူးပါတယ်... အခုတော့ သူ မင်းရဲ့အိပ်ရာပေါ်မှာအိပ်နေတယ်..."
တစ်ခုခုဆိုးရွားတာ ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်...
" ကိုယ်က နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ နောက်လဝက်လောက်ထိ ခရီးထွက်နေရမှာမို့ တော်တော်လေး အလုပ်ရှုပ်နေတာမို့ သူ့ကို ကိုယ်တိုင် ဂရုမစိုက်နိုင်ဘူး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကလေးထိန်းကလည်း ခွင့်ယူသွားတယ်..."
အင်း... ဆိုးရွားတယ် ဆိုတာထက် နိမိတ်မကောင်းဘူးလို့ ထင်လာတယ်ပဲ ပြောရမလား...
" ကိုယ်တို့ ဒီမတိုင်ခင်က ဖုန်းတစ်ခါပဲ ပြောဖူးပြီး သိပ်မရင်းနှီးသေးဘူးဆိုပေမယ့် ကျေးဇူးပြုပြီး အတင့်ရဲစွာနဲ့ပဲ မေးပါရစေ... စုန့်ရန် ကိုယ့်သားလေးကို စောင့်ရှောက်ပေးထားဖို့ ဆန္ဒရှိလား..."
စုန့်ရန်၏ မျက်နှာအမူအရာက ထိုင်းမှိုင်းလာသည်။ သူ မတော်တဆ ဖုန်းချမိသွားပေသည်။
တီ...
ဆက်သွယ်မှုပြတ်တောက်သွားသည်။
ဟယ်ကျစ်ယွမ်က ခေါင်းငုံ့လိုက်ပြီး မည်းနက်သွားသော ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေလိုက်သည်။
ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ... ကြည့်ရတာ သူ စတာ တော်တ်ောလွန်သွားတဲ့ပုံပဲ...
သုံးမိနစ်အကြာတွင် ဖုန်းမျက်နှာပြင်က ပြန်လင်းလာသည်။ တစ်ဖက်လူက ဖုန်းပြန်ဆက်လာ၍ ဟယ်ကျစ်ယွမ်က ဖုန်းကိုင်လိုက်သည့်အခါ စုန့်ရန်က အသံတုန်တုန်ယင်ယင်နှင့်ပြောသည်ကို ကြားလိုက်ရသည်။
" လူ... လူကြီးမင်းဟယ်... ကျွန်တော့်ကို တဲ့တိုးပဲပြောလို့မရဘူးလား... ဒီလိုမျိုး တွင်းတူးပြီး ခုန်ချခိုင်းတာတော့ သဘောကောင်းတဲ့ အိမ်နီးချင်းတစ်ယောက်ရဲ့စိတ်ကို တော်တော် ထိခိုက်စေတယ်..."
ယခုအချိန်တွင် စုန့်ရန်က အိပ်ရာအပြည့်အဝနိုးသွားပြီဖြစ်၍ ယခင်တစ်ကြိမ်ဖုန်းပြောစဉ်ကကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြစ်သွားပြီဖြစ်သည်။ အစောပိုင်းက ဂျီးများပြီး လက်မလျှော့ခဲ့သော ဖြူကောင်လေးက ယခုအခါတွင် ပျောက်ကွယ်သွားပြီး အန္တရာယ်ကင်းသော ခရုပေါက်စလေးတစ်ကောင်ဖြင့် အစားထိုးလိုက်ဟန်ပေါ်သည်။
ဟယ်ကျစ်ယွမ်က နံရံကိုမှီထားပြီး အရယ်မရပ်နိုင်တော့ပေ။ အတန်ကြာမှ ပြောလာသည်။
" ကိုယ်တောင်းပန်ပါတယ်... တကယ် တောင်းပန်ပါတယ်..."
တစ်ဖက်လူက သူ့ရယ်သံကိုကြားသော်လည်း တည်ဆိတ်စွာနေနေသည်။
" ဒါဆိုရင် မင်းရဲ့အဖြေကရော..."
ဟယ်ကျစ်ယွမ်က ထပ်မေးလိုက်သည်။
" စုန့်ရန် မင်းဆန္ဒရှိရဲ့လား..."
အခန်း8012A၏ ဧည့်ခန်းထဲတွင်ထိုင်နေသောစုန့်ရန်က ဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူ့ပါးပြင်က တဖြည်းဖြည်းပို၍ နီရဲလာပြီး ခေါင်းအုံးထဲတွင် မျက်နှာအပ်ထားမိသည်။
အဲ့လောက်ကြီး နူးနူးညံ့ညံ့ မပြောပါနဲ့လား...
ခင်ဗျားရဲ့အသံသြရှရှကြီးကို ဒီလို ညင်ညင်သာသာပြောလိုက်ရင် လက်ထပ်ခွင့်တောင်းနေတာနဲ့ တူနေတယ်ဆိုတာ သတိမထားမိဘူးလား...
စုန့်ရန်၏ရင်ထဲတွင် သဘောထားကွဲလွဲမှုများစွာဖြစ်ပေါ်နေပြီး ခေါင်းအုံးကို လက်ဖြင့်အလွန်ဆွဲထားမိသောကြောင့် ဖျက်ဆီးမိလုနီးပါးဖြစ်နေသည်။ သူ နောက်ဆုံးတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူ့ကိုယ်သူ မနည်းထိန်းချုပ်ထားပြီး အံကြိတ်၍ ဖြေလိုက်သည်။
" ကျွန်တော် ဆန္ဒရှိပါတယ်..."
......
ဒုတိယနေ့ မနက် ၆နာရီ ၄၂ မိနစ် 🖌️
ဟယ်ကျစ်ယွမ်၏ ညနက်ချိန်မှ ဖုန်းခေါ်ဆိုမှုကြောင့် စုန့်ရန်မှာ တစ်ညလုံး ကောင်းကောင်းအိပ်မရခဲ့ပေ။ နောက်တစ်နေ့မနက် အိပ်ရာနိုးလာသည့်အခါ မျက်လုံးအောက်တွင် အမည်းရောင်အကွင်းကြီးများ ဖြစ်နေသည်။ မှန်ကြည့်၍ မျက်လုံးကိုပွတ်လိုက်သော်လည်း ညိုမည်းပြီး ကျန်ရှိနေဆဲဖြစ်၍ အချိန်အတော်ကြာအောက်အထိ မျက်လုံးအောက်ကို ပွတ်နေခဲ့မိသည်။ သူ့ပုံစံက မျက်ခုံးမွှေးဆွဲထားသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ထိုသို့ဖြစ်ရသော အကြောင်းအရင်းက ပါပါးဟယ်၏ အသံဩရှရှကြီး၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်။ စုန့်ရန်မှာ "လက်ထပ်ခွင့်တောင်းခြင်း" ဟူသည့် အခြေအနေကို စိတ်ထဲစွဲနေပြီး ရုန်းထွက်မရနိုင်အောင် ဖြစ်နေသည်။ ည၏ ပထမတစ်ပိုင်းတွင် သိပ္ပံဆိုင်ရာ အိမ်မက်များ မက်နေပြီးသည့်နောက် ဒုတိယပိုင်းတွင် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများကိုသာ အိမ်မက်ထဲ ထည့်မက်နေခဲ့မိသည်။
သူ့အိမ်မက်ထဲတွင် ဟယ်ကျစ်ယွမ်က အနက်ရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ထားပြီး နီရဲတောက်နေသည့် နှင်းဆီပန်းစည်းကြီးကို လက်တစ်ဖက်တွင်ကိုင်ထားကာ သူ့အနားသို့ ချဉ်းကပ်လာခဲ့သည်။ ဒူးတစ်ဖက်ထောက်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ လက်စွပ်ကိုထုတ်ကာ စုန့်ရန်၏လက်တွင်စွပ်ပေးပြီး လက်ထပ်ခွင့်တောင်းခဲ့သည်။ စုန့်ရန်ကလည်း သဘောတူခဲ့ပြီး သူ့မျက်ဝန်းထဲတွင်လည်း မျက်ရည်များဝဲနေခဲ့ကာ နှာခေါင်းများလည်း နီရဲနေခဲ့သည်။ ထို့နောက်တွင် ကုတ်အင်္ကျီ၊ ရှပ်အင်္ကျီနှင့် အတွင်းခံအားလုံးကိုချွတ်လိုက်ပြီး လူနှစ်ယောက်လုံး အဝတ်မကပ်တော့ပေ။ ကောင်းကင်တွင်လည်း ပန်းပွင့်များဖြင့် ပြည့်နေခဲ့ပြီး လက်တစ်ဖက်ကို အခြားလက်တစ်ဖက်က တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ကာ gay pornဗီဒီယိုများထဲကအတိုင်း အသေးစိတ် ပြုမူခဲ့မိကြသည်။
သူ မနက်မိုးလင်း၍ အိပ်ရာနိုးလာသည့်အခါ အတွင်းခံကို ကြည့်လိုက်ပြီးသည့်နောက်တွင် စိတ်ထဲ အပိုင်းပိုင်းအစစ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
What the fuck...
သူ နောက်ဆုံးတစ်ကြိမ် ဖြေလျှော့ခဲ့တာ ရက်နည်းနည်းပဲ ရှိသေးတာလေ... သူ့ရဲ့ ရိုးသားဖြောင့်မတ်ပါတယ်ဆိုတဲ့ ကိုယ်ကျင့်တရားက ဒီအခြေအနေထိ ရောက်သွားပြီလား... သူ့ရဲ့ တောင့်ခံနိုင်စွမ်းအားတွေနဲ့ ကိုယ်ကျင့်တရားက ဘာဖြစ်သွားတာလဲ...
သူ့ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့်ပုပုကို လှည့်ကြည့်လိုက်ပြီး စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
သွေးနဲ့ ထိမိရင် အနီရောင် စွန်းသွားပြီး မှင်နဲ့ထိရင်လည်း အနက်ရောင် ပေသွားမှာပဲ... တကယ်လို့ ပုပုသာ မိဘမေတ္တာကို မရခဲ့ဘူးဆိုရင် သူကြီးလာရင်လည်း သူ့အဖေ ခြေရာအတိုင်း လိုက်နင်းမှာပဲ... အဲ့လူကြီးရဲ့ စိတ်နေသဘောထားအတိုင်းဆိုရင် သူက ဘယ်လိုလူမျိုးကိုမဆို ကစားမှာပဲ... ဖြူစင်ပြီး အပြစ်ကင်းတဲ့ ကလေးပေါက်စလေးက ဖျက်ဆီးခံရတော့မှာပဲ...
ထိုအချိန်တွင် ဖြူစင်ပြီး အပြစ်ကင်းသော ကလေးပေါက်စလေးက မျက်လုံးများပွင့်လာသည်။
" ကိုကြီး ကောင်းသောမနက်ခင်းပါ..."
ပုပုက သူ့ကိုနှုတ်ဆက်သည်။
စုန့်ရန် လန့်သွားသော်လည်း ချက်ချင်းပြန်ဖြေလိုက်သည်။
" ကောင်း... ကောင်းသောမနက်ခင်းပါ ပုပု..."
" ကိုကြီး အိမ်မက်ဆိုးတွေ မက်ခဲ့လို့လား... သား ခုနက နိုးလာသေးတယ် အဲ့တုန်းက ကိုကြီး အသက်ရှုသံတွေ တော်တော်ပြင်းနေတာကို တွေ့လိုက်လို့..."
ပုပုက သူ့အနားကပ်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
" အာ မဟုတ်ပါဘူး နေကောင်းပါတယ်..."
စုန့်ရန် အခိုင်အမာ ငြင်းဆန်လိုက်သည်။ လက်တစ်ဖက်က ဂွကြားနေရာကို အုပ်ထားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းအုံးထဲ ခေါင်းနှစ်ထားမိသည်။
မနက် ၇နာရီခွဲတွင် ပုပုက ရေချိုးခန်းထဲ ကိုယ်လက်သန့်စင်နေချိန်၌ စုန့်ရန်က ပူပူနွေးနွေးအသားဖက်ထုပ်များကို မီးဖိုထဲတွင် ပြင်ဆင်နေသည်။ ကြက်ဥနှင့် ရေညှိအနည်းငယ်ကိုပါ ထည့်လိုက်ပြီးနောက် ကြက်သွန်နီအနည်းငယ်ကို အပေါ်မှ ဖြူးလိုက်သည်။
ပုပုက မီးဖိုချောင်ထဲ ဝင်လာချိန်တွင် ဟင်းနံ့များကို အားပါးတရ ရှုရှိုက်လိုက်ပြီး မနက်စာကို တစ်ဝကြီးစားသွားခဲ့သည်။ ထို့နောက် စုန့်ရန်၏ စက်ဘီးဟောင်းလေးပေါ်ထိုင်ကာ ကျောင်းသွားရန် အဆင်သင့်ဖြစ်နေသည်။
စုန့်ရန်၏စက်ဘီးက ဆိုင်အဟောင်းတစ်ခုမှ ယွမ်နှစ်ရာဖြင့် ဝယ်ယူထားသော second-handတစ်စီးဖြစ်သည်။ ယခင်ပိုင်ရှင်က ကလေးရှိသောကြောင့် အနောက်ဘက်ခုံတွင် လည်သာကူရှင်တစ်ခု ပါသည်။ ပုပုက ကျော်ပိုးအိတ်လေးကိုလွယ်၍ စုန့်ရန်၏ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး အနောက်ခုံတွင် ထိုင်နေသည်။ ယခုကဲ့သို့ ခေတ်နောက်ပြန်ဆွဲပြီး နှေးကွေးသော သယ်ယူပို့ဆောင်ခြင်းနည်းလမ်းတစ်ခုကို သိချင်စိတ်ဖြင့် ပြည့်နေသည်။။
ဘီးများက အနည်းငယ်သံချေးတက်နေသောကြောင့် တစ်ပတ်လည်သွားချိန်တိုင်းတွင် စည်းချက်ကျကျ အသံတစ်မျိုး ထွက်နေသည်။ ရံဖန်ရံခါ၌ စက်ဘီးက ကျောက်စရစ်ခဲများအပေါ် နင်းမိသည့်အခါ သိမ့်ခနဲဖြစ်သွား၍ ပုပုက "အား" ဟု အော်ပြီး စုန့်ရန်၏ခါးကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။
Xxxxxxxx