အပိုင်း ၂၄
Viewers 10k

Chapter 24

နှစ်ယောက်လုံးက အမှားလုပ်ခဲ့ကြခြင်းဖြစ်သော်လည်း လင်းဟွေ့က ကလေးကို ငိုအောင်လုပ်လိုက်ရုံသာဖြစ်ပြီး သူက အဖေကို ဒေါသထွက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လင်းဟွေ့က အဆင်ပြေသွား‌ခဲ့သော်လည်း သူက ကံဆိုးစွာဖြင့် အလုပ်ကို ဆုံးရှူံးခဲ့ရ၍ ဘဝ၏ ဖြစ်ရပ်မှန်များကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

သူ့နှလုံးသားထဲမှ မခံမရပ်နိုင်ဖြစ်မှုများကို မသိသော ဟယ်ကျစ်ယွမ်က ရယ်မောပြီး မေးလိုက်သည်။

" ပုပုကို အဲ့လောက်တောင်ချစ်တာလား..."

စုန့်ရန် ခေါင်းငုံ့ပြလိုက်သည်။

" ဟုတ် ကျွန်တော် သူ့ကိုချစ်တယ်..."

အကယ်၍ သူသာ အဖြောင့်တစ်ယောက် ဖြစ်ခဲ့ပါက သူ၏ အကြီးမားဆုံးအိမ်မက်မှာ ပုပုကဲ့သို့သော ချစ်စရာကောင်းသည့် ကလေးတစ်ယောက်ရှိရန်ဖြစ်ပြီး သူ့ကို ချစ်ခြင်းမေတ္တာများနှင့် လွှမ်းခြုံပေးကာ အတောင်အလက်စုံလင်၍ ကောင်းကင်ပေါ် ပျံသွားနိုင်သည်အထိ အလိုလိုက် ချစ်ခင်ပေးရန်ဖြစ်သည်။ 

ဟယ်ကျစ်ယွမ်က မေးလိုက်သည်။

" သူ့ရဲ့ ဘာကို သဘောကျတာလဲ..."

" သူ ကျွန်တော့်ကို ယုံကြည်အားကိုးတာကို သဘောကျတာ..."

" မင်းကို အားကိုးတာ..."

ဟယ်ကျစ်ယွမ်မှာ မူလက ' ဉာဏ်ကောင်းသည် ၊ ချစ်စရာကောင်းသည်၊ ရိုးသားဖြူစင်သည် ' ဟူသည့်စကားများ ကြားလိုက်ရမည်ဟု ထင်ထားသော်လည်း ' ယုံကြည်အားကိုးတာ ' ဟူသည့်စကားက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ 

"အင်း..."

စုန့်ရန် ခေါင်းအသာငြိမ့်လိုက်သည်။ 

" ဒီလိုပြောတာက နည်းနည်းတော့ ကြွားသလိုဖြစ်နေပေမယ့် ပုပုက ကျွန်တော့်ကို တော်တော်လေး ယုံကြည်အားထားတယ်... ကျွန်တော့်ကို ကြည့်တဲ့အချိန် သူ့အမူအရာက တော်တော်လေး တရင်းနှီးရှိတဲ့အပြင် အနေဝေးနေတာလို့လည်း မထင်ရဘူး... ပုံမှန်အချိန်ဆိုရင် ကျွန်တော့်ရင်ခွင်ထဲ ပြေးဝင်ပြီးတော့ လုံးဝမလွှတ်တော့ပဲ တစ်ချိန်လုံး ဖက်ထားတာ...ကျွန်တော့်ရှေ့မှာဆိုရင် သူ ငိုလည်းငိုတယ် ရင်ထဲမှာ ရှိနေတာတွေကိုလည်း ထုတ်ပြောတယ်... ကျွန်တော်က သူ့ကိုအနည်းနဲ့အများတော့ နားလည်ပေးနိုင်တယ်လို့ ထင်နေပုံပဲ... အဲ့လို နတ်သားပေါက်စလေးဆီကနေ အမှီခိုခံရတော့ ကျွန်တော် စိတ်ထဲမှာ ကံကောင်းတာပဲလို့ တွေးမိပြီး သူ စိတ်မပျက်ဖို့အတွက် သူ့ကို ကောင်းကောင်းမွန်မွန် ကာကွယ်ပေးရမယ်လို့ ဆုံးဖြတ်ထားမိတယ်..."

ဟယ်ကျစ်ယွမ်က ခဏတာ ငြိမ်ကျစွားပြီးနောက် ကော်ဖီခွက်ကိုကိုင်ပြီး ဖြည်းညင်းစွာသောက်လိုက်သည်။ 

" စုန့်ရန် ပွင့်ပွင့်လင်းလင်းပြောရမယ်‌ဆိုရင် မင်းနဲ့ ပုပုနဲ့ ဒီနှစ်ရက် သုံးရက်အတွင်း ဘာလို့ ဒီလောက်တောင် ရင်းနှီးသွားတာလဲဆိုတာ ကိုယ် မတွေးတတ်တော့ဘူး... ကိုယ် နားလည်နိုင်တဲ့ အနေအထားထက်ကို ကျော်နေပြီ ဒါပေမဲ့ ပုပုက မင်းကို အရမ်းယုံကြည်အားကိုးတယ်ဆိုတာတော့ ကိုယ်လက်ခံပါတယ်... မင်းက ကိုယ်သတိမပြုခဲ့မိတဲ့ အသေးစိတ်အချက်တွေကိုပါ မြင်နိုင်ခဲ့တာပဲ... အဲဒါကြောင့်မို့ အရင်တစ်ခေါက် စကားအချေအတင်များတာနဲ့ပတ်သက်ပြီး ကိုယ်လည်း တချို့ကိစ္စတွေအတွက် မင်းကို တောင်းပန်ရလိမ့်မယ်..."

" လူ... လူကြီးမင်းဟယ်..."

သူ ထိုသို့ပြောလာလိမ့်မည်ဟု စုန့်ရန် မထင်ထားခဲ့ပေ။ 

ဟယ်ကျစ်ယွမ်က သူ့ကိုသူ အပြစ်တင်သောလေသံဖြင့် ရယ်မောလိုက်သည်။ 

" ကိုယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေတာလေ... ကိုယ့်နဲ့အသက် မတိမ်းမယိမ်းဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာလည်း ကလေးတွေရှိကြတယ်... နေ့တိုင်း သူတို့ကလေးတွေက ပြဿနာရှာတဲ့အကြောင်းတွေကို ကြားနေရတာလေ... အဲ့ကလေးတွေက နေ့ခင်းဆိုဂျီကျတယ် ညဆိုငိုတယ်... ကလေးနှစ်ယောက်ကို ပျိုးထောင်နေရတဲ့လူတွေဆို တိုက်ပွဲဝင်နေရသလိုပဲတဲ့... ဒါပေမဲ့ ပုပုကတော့ ငယ်ငယ်လေးတည်းက အဲ့လိုမဟုတ်ခဲ့ဘူး...

သူက ဘယ်တော့မှ ကိုယ်စိတ်ပူရအောင် မလုပ်ဘူး...အဲဒါကြောင့်မို့ ကိုယ်က အကျိုးသင့်အကြောင်းသင့် မတွေးမိတော့ပဲ တခြားမိဘတွေထက် ပိုကံကောင်းလို့ ကလေးပြုစုတဲ့နေရာမှာ စိတ်မညစ်ရဘူးလို့ ထင်ခဲ့တာ... ကြည့်ရတာတော့ ကိုယ်က ဒီကိစ္စတွေကို ရိုးရိုးရှင်းရှင်းပဲ တွေးမိခဲ့တာပဲ..."

ကလေးတစ်ယောက်ကို မွေးဖွားခြင်းက မတော်တဆဖြစ်သွားနိုင်သော်လည်း ပြုစုပျိုးထောင်ရခြင်းက ထိုသို့မဟုတ်ပေ။ 

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းက သကြားကဲ့သို့ ချိုမြိန်သည့် အတွေးအကြုံများနှင့် အလေ့အကျင့် အချိန်ကာလတစ်ခုဖြစ်သည်။ ကလေူမွေးဖွားချိန်က ခရီးအစဖြစ်ပြီး ဖြတ်လမ်းနည်းလမ်းများလည်း မရှိပေ။ 

" စုန့်ရန် မင်းရဲ့ ခံယူချက်နဲ့ ရိုးသားမှုတွေက ကိုယ့်ကို အများကြီး ကူညီပေးခဲ့တယ်... မိဘတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ်မင်းကို ပုပုအနားမှာထားပြီးတော့ သူ့ကို ဂရုစိုက်စေချင်ပါတယ်... မင်းရဲ့အိမ်မှာပဲ တစ်နေ့လုံး၊ တစ်ချိန်လုံးပေါ့..."

စုန့်ရန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

" ဒါ ဒါဆိုရင်... ပြောချင်တာက..."

" ကိုယ်ဆိုလိုချင်တာက မင်းက တရားဝင်အုပ်ထိန်းသူရဲ့ ခွင့်ပြချက်ကို ရသွားပြီမို့လို့ ပုပုကို ခုချိန်ကစပြီး ခေါ်ထားလို့ရတယ်လို့ ပြောတာပါ..."

ပျော်ရွှင်မှုများ ရောက်ရှိလာသည်က ရုတ်ချည်းဆန်လွန်းလှပြီး သတိပေးခြင်းမရှိပဲ နွေရာသီတွင် အသည်းအသန် ရွာကျလာသည့် မိုးသက်မုန်တိုင်းသဖွယ် စုန့်ရန်၏မျက်နှာကို ချိုမြိန်မှုတို့ဖြင့် ပက်ဖြန်းသွားသည်။ စုန့်ရန်မှာ အိမ်မက်မက်နေသည်ဟုထင်၍ ခေါင်းအုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ 

" ဒါဆို ... တကယ်လားဟင် ကျွန်တော့်ကို အတည်ပြောတာလား... နောက်နေတာ မဟုတ်ပါဘူးနော်..."

ဟယ်ကျစ်ယွမ် ရယ်လိုက်သည်။ 

" ကိုယ်တကယ်ပြောတယ်ဆိုတာ အာမခံနိုင်ပါတယ်... ကိုယ် အမှန်တရားကို ပြောနေတာပါ မင်းကို စနောက်နေတာလည်း မင်း စိတထဲ မသက်မသာဖြစ်နေရင် ကိုယ်မင်းကို နောက်တစ်ကြိမ် အနူးအညွတ်တောင်းဆိုပါ့မယ်..."

သူ ချောင်းဟန့်လိုက်ပြီးနောက် ယခင်ကကဲ့သို့ ထပ်ပြောလိုက်သည်။

" စုန့်ရန် ကိုယ်တို့မိသားစုမှ ပုပုဆိုတဲ့ လေးနှစ်အရွယ်ကလေးလေးတစ်ယောက် ရှိပါတယ်... သူ့ကို ကူညီပေးဖို့ ဆန္ဒရှိ..."

" ကျွန်တော် ဆန္ဒရှိတယ် ဆန္ဒရှိတယ် ဆန္ဒရှိတယ် ..."

စုန့်ရန်က အားတက်သရော ပြန်ဖြေလိုက်မိသည်။ သူ အလွန်ပျော်ရွှင်လွန်း၍ မူးမေ့လဲတော့မည်ဟု ထင်နေ‌မိသည်။ 

သူနှင့် လူကြီးမင်းဟယ်တို့က အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ပြန်လည်သင့်မြတ်သွားကြသည်။ နောက်ထပ်ဆယ်ရက်ကျော်အတွင်းတွင်လည်း သူ့ဘေးနားတွင် ချစ်စဖွယ်ကောင်းသည့် အရိပ်ကလေးတစ်ခု ရှိနေဦးမည်ဖြစ်သည်။ အလွန်ချစ်စဖွယ်ကောင်းပြီး နူးညံ့သော ကလေးပေါက်စလေးက သူ့ကို 'ကိုကြီး'ဟု အထပ်ထပ်အခါခါခေါ်ပြီး သွားတိုက်ခိုင်းခြင်း၊ ထမင်းကျွေးခိုင်းခြင်းနှင့် ရေချိုးခြင်းတို့ လုပ်ဆောင်ခိုင်းမည်ဖြစ်သည်။ မနက်ခင်းတိုင်းတွင် သူက စုန့်ရန်လုပ်ပေးသည့် ဖက်ထုပ်လေးများကိုစားပြီး သူ့စက်ဘီးထိုင်ခုံနောက်မှထိုင်၍ ကျောင်းသွားမည်ဖြစ်ကာ ညနေပိုင်းတွင်လည်း စုန့်ရန်အနားသို့ ကပ်နေပြီး ပုံပြင်များ ပြောပြခိုင်းမည်ဖြစ်သည်။ ညဘက်တွင်မူ ထိုကလေးလေးကိုဖက်ပြီး အိပ်ရာထက်တွင် တူတူအိပ်မည်ဖြစ်ပြီး ခေါင်းငုံ့ပြီး အသက်ရှုသွင်းလိုက်ချိန်တွင်လည်း နို့နံ့ ချိုချိုလေးများ ရရှိနိုင်မည်ဖြစ်သည်။ 

ထို့အပြင် လူကြီးမင်းဟယ်လည်း ရှိနေသေးသည်။ 

စုန့်ရန်က တစ်ဖက်လူထံမှ ခွင့်လွှတ်မှုကို ရရှိထားပြီးဖြစ်သည်။ လူကြီးမင်းဟယ် အိမ်ပြန်ရောက်လာသည့်အခါ သူတို့ အပြင်တွင် မတော်တဆဆုံတွေ့မိချိန်၌ အနည်းဆုံး ခင်မင်စွာ နှုတ်ဆက်နိုင်သေးသည်။ 

ထိုအကြောင်းများကို တွေးမိသည့်အခါ စုန့်ရန်၏စိတ်ထဲတွင် စိတ်ကျေနပ်မှုများဖြင့် ပြည့်သွားပြီး ဆိုဖာပေါ်တွင် ကလေးတစ်ယောက်သဖွယ် လှိမ့်နေသည်။ အားပါးတရ လှိမ့်ပြီးသည့်အခါမှ မယုံကြည်နိုင်ဖြစ်နေသေး၍ ထပ်ပေမေးလိုက်သည်။

" ဒါဆို အခု အဲ့လိုပဲ အတည်ဖြစ်သွားပြီနော်..."

" အတည်ဖြစ်သွားပါပြီ... မင်း ခန့်မှန်းထားတာထက် မြန်နေတာလား..."

ဟယ်ကျစ်ယွမ်က မေးလိုက်သည်။

စုန့်ရန်က သဘောတူသည့်လေသံဖြင့် အားတက်သရော ပြောလိုက်သည်။

" အရမ်းမြန်တာပေါ့... ကျွန်တော်က နောက်ဘဝလောက်ထိ စောင့်ရမယ်ထင်နေတာ..."

........

၄ရက်မြောက်နေ့ ည ၁၀နာရီ ၃၇မိနစ် 🖌️

ဖုန်းကိုင်လိုက်ချိန်နှင့် အထင်လွဲမှုများကို ဖြေရှင်းလိုက်ချိန်က အချိန် ၅မိနစ်အတွင်း ပြီးဆုံးသွားခဲ့သည်။ ဤကဲ့သို့ ရိုးရှင်းပြီးထိရောက်သည့် ဆက်ဆံရေးပုံစံမျိုးကြောင့် စုန့်ရန် စိတ်အေးလက်အေးနေနိုင်ခဲ့ပြီး နောက်ပိုင်းတွင် လူကြီးမင်းဟယ်နှင့် ပတ်သက်သော သူ၏ နှစ်လိုဖွယ်အမြင်များက ပိုမိုများပြားလာသည်။

ပန်းချီဆရာတစ်ဦးအနေဖြင့် စုန့်ရန်က လူအများနှင့်ဆက်ဆံရေး ဆက်သွယ်ရေးချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ဒုက္ခများကို မကြာခဏ မြည်းစမ်းခဲ့ရဖူးသည်။ ယမန်နှစ်က သူ အလွန် ကံ‌ဆိုးခဲ့သည့် ကာလတစ်ခု ရှိခဲ့သည်။ သူ ပန်းချီဆွဲနေချိန်တွင် ပြင်ဆင်ရမည့် နေရာရှိမရှိကို မေးမြန်းခဲ့သော်လည်း အားလုံးပြီးသွားသည့်အခါမှ ကျေနပ်မှုမရှိသောလူများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ သူတို့က " အတိအကျ မပြောနိုင်ပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို အဆင်မပြေဘူး " ဟူသည့် စကားကိုသာပြောခဲ့၍ သူ့ရင်ထဲတွင် မခံမရပ်နိုင်ဖြစ်မှုကို ဖိနှိပ်ထားခဲ့ရသည်။ သို့ရာတွင် ခွင့်လွှတ်ခြင်းမရှိ၊ မေ့လျောသွားခြင်းမရှိသော သူ့စိတ်ကြောင့် တစ်ဖက်လူ၏ခေါင်းကို ပန်းချီဆွဲသော စုတ်တံဖြင့် စိုက်ပစ်ခဲ့သည်။ 

ပုံကြမ်းများကို ပြန်လည်ပြင်ဆင်ရချိန်တိုင်းတွင် စုန့်ရန်က သူ၏ စုတ်တံနံပါတ် ၄၊ ၆၊ ၈၁တို့ကို အမွှေးတတိုင်သုံးချောင်းသဖွယ်ထောင်ထားပြီး နောက်ထပ် အလုပ်အပ်မည့်လူက ပို၍ ယုံကြည်အားကိုးရရန် ဆုတောင်းလေ့ရှိသည်။ သူ့အတွက် အဆင်ပြေဆုံးက တစ်ဖက်လူက ‌ပုံဆွဲရမည့် အသေးစိတ်အရာအားလုံးကို တစ်ခါတည်းပြောပြခြင်းဖြစ်သည်။ 

အကယ်၍ လူအားလုံးက ယဉ်ကျေးပြီး အားနာနေမည့်အစား လူကြီးမင်းဟယ်ကဲ့သို့ တဲ့တိုးပြောတတ်ပါက ကမ္ဘာကြီးက အေးချမ်းနေခဲ့မည်မှာ ကြာလှပြီဖြစ်သည်။ 

စုန့်ရန်က စိတ်ကြည်လင်နေချိန်တွင် စကားမြန်မြန်ပြောလေ့ရှိသည်။ သူ စကားစပြောလိုက်သည်နှင့် ပါးစပ်သုံးပေါက်ရှိသည့် ယုန်တစ်ကောင်သဖွယ် လူကြီးမင်းဟယ်ကို မရပ်မနား ပြောပြတော့သည်။ ပုပုကို ကျောင်းသွားရန် လိုက်ပို့သည့်အချိန်တွင် သေ‌လုမျောဝါး ဝေဒနာခံစားခဲ့ရသည်။ အကယ်၍ အရေးကြီးသော ဖုန်းတစ်ခုက သူ့ကိုခေါ်မည်ဆိုပါက နာရီဝက်ခန့်နောက်ကျပြီးမှ အိမ်က ထွက်မည့်အကြောင်းပါ ပြောခဲ့သည်။

" စောစောထတဲ့ငှက်က တီကောင်စားရတယ်လို့ ဘယ်သူပြောလဲ... ကျွန်တော် စောစောထမိလို့ ဒီလိုတွေ ဖြစ်ကုန်ရတာပဲလေ..."

သူ့မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေသည်။ 

ဟယ်ကျစ်ယွမ်၏ မျက်ဝန်းများပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ဗလာကျင်းသွားသည့် ကော်ဖီခွက်ကို မီးဖိုချောင်ထဲ ယူလာပြီး ဆေးကြောရန် ပြင်လိုက်သည်။ သွားနေစဉ်တွင် သူ့ခေါင်းထဲ၌ အကြံတစ်ခုပေါ်လာသည်။ 

" ဒီလို အခြေအနေတွေ နောက်မဖြစ်အောင်လို့ ကိုယ့်မှာ အကြံတစ်ခုရှိတယ် သိချင်လား..."

စုန့်ရန်၏ စိတ်ဝိညာဉ်က တက်ကြွသွားသကဲ့သို့ ခံစားလိုက်ရသည်။ 

" ဘာအကြံလဲ..."

ဟယ်ကျစ်ယွမ်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။ 

" ကိုယ့်ကို မင်းရဲ့ဖုန်းနံပါတ် ပေးထားပါလား..."

" ဖုန်းနံပါတ်... အာ ဟုတ်သားပဲ..."

စုန့်ရန် ခေါင်းအုံးကို ပုတ်လိုက်ပြီး ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ ဖုန်းနံပါတ်ကို သိသည်နှင့် သာမန်လုပ်ဆောင်ချက်များသာ ပါဝင်သည့် ကလေးဖုန်းလေးကို အားကိုးနေစရာ မလိုအပ်တော့ပေ။ လူကြီးမင်းဟယ်ကလည်း သူ့ကို အချိန်မရွေး ဆက်သွယ်နိုင်သွားလိမ့်ပေမည်။ 

သူ နံပါတ်အတွဲလိုက်ကို ရွတ်ပြလိုက်သည်။ ဟယ်ကျစ်ယွမ်က ကော်ဖီခွက်ဆေးနေချိန်ဖြစ်၍ လက်မအားသောကြောင့် ခေါင်းထဲတွင်သာ အာရုံစိုက်၍ မှတ်ထားလိုက်ပြီး ဂဏန်းဆယ့်တစ်လုံးကို အလွတ်ကျက်နေလိုက်သည်။ 

" အိုကေ ကိုယ်မှတ်မိသွားပြီ မင်းမှာ မှတ်စရာတစ်ခုခုရှိလား... ကိုယ့်နံပါတ်ကိုလည်း ရေးထားလိုက်လေ... ဒီရက်ပိုင်းအတွင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုရှိရင် ကိုယ့်ကို ဖုန်းခေါ်လို့ရပါတယ်..."

" ဖုန်းနံပါတ် ယူထားရမှာလား..."

စုန့်ရန်၏ အသံက အထေ့ထေ့အငေါ့ငေါ့ဖြစ်သွားပြီး အနည်းငယ် တွန့်ဆုတ်သွားသည့်ပုံ ဖြစ်သွားမိသည်။ 

ရိုးရိုးသားသားပြောရမယ်ဆိုရင် သူက လူကြီးမင်းဟယ်ရဲ့ ဖုန်းနံပါတ်ကို မလိုချင်ပဲနေမလား... ဒါပေမဲ့ အခု တကယ်ကြီး သူ့ဖုန်းနံပါတ်ကိုပါ ပြန်ပေးမှာဆိုတော့ ဆက်သွယ်ရမယ့်နံပါတ်တွေကို တရားဝင်ဖလှယ်လိုက်သလို ဖြစ်နေတာပေါ့... အလုပ်သမားတစ်ယောက် ဒါမှမဟုတ် ကလေးထိန်းတစ်ယောက်ရဲ့အမြင်နဲ့ကြည့်ရင်တော့ ဒါက ထူးဆန်းနေတာပဲ... ဒါပေမဲ့ ဒီကိစ္စက လေးနက်တဲ့ အဓိပ္ပါယ်တစ်ခုခုရှိတယ်လို့ သူ ခံစားနေမိတယ်... ဥပမာပြောရမယ်ဆိုရင် ဒါက လူကြီးမင်းဟယ်နဲ့ ပိုပြရင်းနှီးရမယ့်အခွင့်အရေးတစ်ခုပဲမို့ သေချာပေါက် ဖမ်းဆုပ်ထားရမှာပဲမလား...

သူ မျှော်လင့်ထားသော နွေဦးအချိန်ကာလလေးက ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စုန့်ရန်က အချစ်တွင် ကျရှုံးသွားရမည့်အချိန်ကို တွေးတောပြီး ရူးနှမ်းမတတ်ဖြစ်နေသည်။ ပေတံကဲ့သို့ ဖြောင့်တန်းနေသော အိမ်ထောင်သည်အဖြောင့်အမျိုးသားများသည်ပင် သူ၏ ရမက်ဆန်သောစိတ်ကူးယဉ်ဆန်မှုများထဲ ရောနှောဝင်ရောက်လာခဲ့သည်။ 

လုံးလုံးလျားလျားရှက်ရွံ့သွားသည့် လူပျိုလေးက ခေါင်းငုံ့ထားပြီး မျက်နှာတစ်ဝက်ကို အုပ်ထားလိုက်သည်။

ချင့်ချိန်တွေးတောပြီးသည့်နောက်တွင် သူ့ကိုယ်သူ ချုပ်တည်းရန် ဆုံးဖြတ်လိုက်ပြီး အစောပိုင်းက စိတ်ကူးများကိုပါ ဖျောက်ပစ်လိုက်သည်။

" လူကြီးမင်းဟယ် ကျွန်တော့်ကို ဖုန်းနံပါတ်မပေးထားလည်းရပါတယ်... ကျွန်တော် ပုပုကို သေချာဂရုစိုက်ပေးထားပါ့မယ် လူကြီးမင်းကိုလည်း အနှောင့်အယှက် မပေးပါဘူး..."

သူ့စကားများကိုကြားသည့်အခါ ဟယ်ကျစ်ယွမ် ပြုံးလိုက်သည်။ 

" ကိုယ့်ကိုနှောင့်ယှက်တာကလည်း ပုပုကို ပြုစုစောင့်ရှောက်ပေးဖို့ အကောင်းဆုံးနည်းလမ်းလို့ ကိုယ်ထင်တယ်... ကိုယ်က ‌ပုပုအဖေဆိုတော့ အရည်အသွေးမြင့်တဲ့ အရင်းအမြစ်ပဲလေ... ကိုယ့်ကို အခကြေးငွေမပေးပဲ အကြိမ်အကန့်အသတ်မရှိ သုံးလို့ရတာပဲ... ဒီလို အရင်းမြစ်ကောင်းကြီးကို မသုံးဖို့ ဆုံးဖြတ်လိုက်ပြီး မင်းရဲ့လုပ်အားအသီးအပွင့်တွေကို ကိုယ်က အလကားယူလိုက်ရမှာလား..."

ဒီအကြောင်းပြချက်က အတော်လေးကို ယုံကြည်စရာလို့ထင်ရပေမယ့် ထူးဆန်းတဲ့ခံစားချက်က အခုပိုပိုပြီး ပေါ်လွင်လာသလိုပဲ...

စုန့်ရန် နားမလည်နိုင်စွာဖြင့် ဆံပင်များကို ဒေါသတကြီးဆွဲဖွလိုက်သည်။ 

သူ့ဘက်မှ အသံမထွက်လာသဖြင့် ဟယ်ကျစ်ယွမ်က ဆက်ပြောသည်။

" စုန့်ရန် ကိုယ့်ကိုယုံပါ... မင်းကိုယ့်ကို လိုအပ်လာမှာပဲ... ပုပုက ဘယ်လောက်ပဲ လိမ်မာပါစေ နောက်ဆုံးမှာတော့ သူက ကလေးငယ်လေးပဲဆိုတော့ အရွယ်ရာက်ပြီးလူတွေထက်ပိုပြီး ကဂျီကကြောင်လုပ်နိုင်တယ်လေ... အရေးကြီးကိစ္စတစ်ခုခုက ဘယ်အချိန်ထဖြစ်လာမယ်ဆို‌တာ မသိနိုင်ဘူးလေ... သူ အအေးမိတာတို့ ဖျားတာတို့ဖြစ်ရင် မင်း ရက်ပေါင်းများစွာ ဒုက္ခရောက်လိမ့်မယ်...

Xxxxxxx