MM Storyteller
Webnovel Translations
အပိုင်း ၃၂
Viewers
10k
Chapters
98
Chapter 32
ခြောက်ရက်မြောက်နေ့...ညနေ ၆နာရီ
ဟယ်ကျစ်ယွမ်က ညသန်းခေါင်ယံအချိန်တွင် အလုပ်မှထွက်လာခဲ့သည်။ သူ၏ပုံမှန်လုပ်နေကျအတိုင်း ကုမ္မဏီအားကစားရုံတွင် ဆယ့်နှစ်တုံးအလေးမပြီးနောက် ချွေးထွက်လာသည်နှင့် အိမ်ကိုကားမောင်း၍ပြန်လာခဲ့၏။ ထို့နောက် ရေပူဖြင့်ရေချိုးကာ မျက်နှာသုတ်ပုဝါတစ်ထည်ကို ကောက်ယူလိုက်သည်။ ထိုပုဝါနှင့် သူ၏ရေစိုနေသောဆံစများကိုသုတ်ရင်း ဝိုင်နီတစ်ခွက်လောင်းထည့်ရန် မီးဖိုခန်းအတွင်းသို့သွားလိုက်၏။
သို့သော် ရာသီဥတုကအေးနေသဖြင့် နွေးနွေးလေးတစ်ခုခုသောက်ချင်သွားခဲ့သည်။ သူက စွပ်ပြုတ်အိုးနှင့် သစ်ကြံပိုးခေါက်အချို့ကို ထုတ်ယူလိုက်ပြီးနောက် လိမ္မော်သီးစိတ်အနည်းငယ်လှီးလိုက်ကာ ဝိုင်နွေးနွေးတစ်ခွက်ကျိုချက်လိုက်လေသည်။
အိမ်ထဲတွင် သူမှတပါးမည်သူမှမရှိလေရာ မစ္စတာဟယ်က ညဝတ်အင်္ကျီမဝတ်တော့ပဲ မီးခိုးရင့်ရောင်အောက်ခံဘောင်းဘီကိုသာ ဝတ်ဆင်ထား၏။ ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေကာ ရင်အုပ်နှင့်လက်မောင်းရှိကြွက်သားများက ထင်ရှားစွာပေါ်လွင်၍နေသည်။ သူ၏ဖြောင့်မတ်သောခြေတံများက ဆွဲဆောင်မှုရှိသောအမြောင်းများဖြင့် ပြည့်နှက်လျှက်ရှိလေသည်။
လွန်ခဲ့သည့်ငါးနှစ်လုံးလုံး ဟယ်ကျစ်ယွမ်က အားကစားပုံမှန်လုပ်သည့်အလေ့အကျင့်ကို ပုံသေထိန်းသိမ်းထားခဲ့သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက တစ်စုံတစ်ဦး၏ကျန်းမာရေးအတွက် များစွာအကျိုးရှိသော်လည်း ဟော်မုန်းများကိုတိုးပွားစေခြင်းကဲ့သို့ ပြသနာအချို့ရှိလေသည်။ ဟယ်ကျစ်ယွမ်က အလွန်အလုပ်ရှုပ်သဖြင့် အချစ်အတွက်အချိန်မပေးနိုင်ချေ။ သူ့တွင် အဆုံးမရှိတက်ကြွသောခန္ဓာကိုယ်ရှိသော်လည်း အိပ်ယာပေါ်ရှိကိစ္စများကိုပြုလုပ်ရန် အတူပူးပေါင်းမည့်သူမရှိချေ။
တစ်နေကုန်အလုပ်များနေခဲ့ပြီး ညအချိန်ရောက်လာသည့်အခါ သူ အထီးကျန်မှုအား အမြဲခံစားရလေ့ရှိသည်။
ကိုယ့်စည်းနှင့်ကိုယ်နေခြင်း၊ ခန္ဓာကိုယ်ကိုထိန်းသိမ်းခြင်းများက ဟယ်ကျစ်ယွမ်ကိုဖော်ပြရန်လုံလောက်ပေသည်။ သူက မီးခံသေတ္တာထဲတွင်ပိတ်ခံထားရသောဗြောက်အိုးကဲ့သို့ မီးစာထဲလောင်စာဆီလောင်းချလိုက်ရုံဖြင့် ချက်ချင်းမီးထတောက်နိုင်သော်လည်း ခပ်တိုးတိုးအသံသာထွက်ပြီးငြိမ်းသက်သွားရသလို ခံစားလိုက်ရသည်။
သူ ဘယ်အချိန်ကျမှ အချစ်ကိုရှာတွေ့မည်မှန်းမသိသလို၊ တစ်သက်လုံးအိမ်ထောင်ပင်ကျပါ့မလားဟူသည်ကိုလည်း မသိချေ။
လက်မထပ်ဖြစ်ပါက ညနေဘက်တွင် သူရေချိုးပြီး လဲစရာအဝတ်များပြင်ဆင်ပေးမည့်၊ အိမ်တွင်စောင့်ကြိုနေမည့်၊ စကားတစ်ခွန်းမှမဆိုပဲ ထွေးပွေ့ထားရုံဖြင့် သူ့အားနှစ်သိမ့်နိုင်မည့်၊ နွေးထွေးသောတစ်စုံတစ်ယောက်ကို ဘယ်တော့မှရတော့မှာမဟုတ်ချေ။ အခန်းထဲတွင်လမ်းလျှောက်ရင်း ပုပုကိုချော့သိပ်မည့်၊ နံရံကိုဖိကပ်ကာ ပြင်းထန်စွာနမ်းရှိုက်ရင်း ဒီရေအလားမြင့်တက်လာသော စိတ်ဇောအဟုန်များကြောင့် အိပ်ယာထက်တွင်အဝတ်များမကပ်တော့သည်အထိ သူနှင့်အတူလူးလိမ့်မည့် တစ်စုံတစ်ယောက်သည်လည်း ရှိလာတော့မှာမဟုတ်ချေ။ အသားချင်းထိတွေ့လျှက်၊ ကြွက်သားများနှင့်အရိုးများ အချင်းချင်းပွတ်တိုက်လျှက် ပြင်းထန်သောစည်းဝါးကို သူတို့နှစ်ဦးကြားထဲတွင်ဖန်တီးကာ အတူတကွအထွတ်အထိပ်သို့ရောက်ရှိနိုင်ကြပေလိမ့်မည်။
သူ့တွင် ဂုဏ်ယူစရာအလုပ်အကိုင်၊ အခြားလူများလေးစားရသည့်ပုံရိပ်နှင့် အဆုံးမရှိတိုးပွားနေသော ကြွယ်ဝမှုများစွာကဲ့သို့ လူအများစု၌မရှိသည့် အရာများရှိလေသည်။ သို့သော် တော်တော်များများ၌ရှိကြသည့်အရာတစ်ခု သူ့တွင်မရှိချေ။
ဥပမာ မိသားစုဖြစ်လေသည်။
အိုးထဲရှိဝိုင်က ပွက်ပွက်ဆူလာကာ မွှေးပျံ့သောရနံ့များထွက်ပေါ်လာခဲ့သည်။ ဟယ်ကျစ်ယွမ်က ခွက်တစ်ဝက်လောက်အထိ လောင်း၍ထည့်လိုက်ကာ ဧည့်ခန်းဆိုဖာထံလျှောက်သွားလျှက် ထိုင်ချလိုက်သည်။ သူ့ခြေထောက်များကြားရှိ နိုးကြွနေမှုမှာ အနည်းငယ်ပင်လျော့ကျမသွားပဲ အောက်ခံဘောင်းဘီအားဖုဖောင်းနေစေကာ ကြီးမားသောပေါ်လွင်မှုတစ်ခု ဖြစ်ပေါ်နေသည်။
သူက ထိုနေရာအား အကူအညီမဲ့ဟန်ကြည့်လိုက်ပြီး နှုတ်ခမ်းအပြည့်ဝိုင်တစ်ငုံသောက်လိုက်၏။
မိသားစု...
သူ ငယ်ရွယ်သည့်အချိန်က အကြောက်အလန့်လုံးဝမရှိချေ။ တိုင်းပြည်အနှံ့ ကားတစ်စီး၊ ခရီးဆောင်အိတ်တစ်လုံးဖြင့် တစ်ဦးတည်းခရီးထွက်လေ့ရှိသည်။ ယခုမူ အသက်ကလေးရလာသည့်အခါ အေးအေးဆေးဆေးနေရသည်ကိုသာ နှစ်သက်လာခဲ့သည်။
ဝိုင်နီကဖြည်းဖြည်းချင်းကုန်ခမ်းသွားသည်နှင့် ကော်ဖီစားပွဲပေါ်ရှိလက်ပ်တော့မှ စာဝင်သံထွက်ပေါ်လာသည်။ စာတစ်စောင်က စခရင်၏ညာဘက်ထောင့်နားတွင်ရှိနေလေသည်။ (အိမ်ကိုကောင်းကောင်းပြန်ရောက်ပြီလား...ဟတ်စကီအီမိုဂျီ)
ဟယ်ကျစ်ယွမ် ထိုစာများကိုတွေ့သည့်အခါ သူ၏နှုတ်ခမ်းထောင့်လေးက မူမမှန်စွာမြင့်တက်သွား၏။ ကျဆင်းနေသောစိတ်အခြေအနေမှာလည်း အပြည့်အဝရှင်းလင်းခံလိုက်ရသည်။
ပထမစာပျောက်ကွယ်သွားခဲ့ကာ ဒုတိယစာကထပ်မံ၍ပေါ်ပေါက်လာ၏။ ( ပုပု ခုနကရေချိုးပြီးသွားပြီ...အခု သူ့ရဲ့အရုပ်အသစ်လေးကိုဖက်ရင်း အိပ်ပျော်နေတယ်...ပါပါးဟယ်...ကျေးဇူးပြုပြီးစိတ်ချလက်ချအနားယူပါ....ပုံ...ပုံ...)
ဟယ်ကျစ်ယွမ်က မောက်စ်ကိုရွှေ့ကာ ပုံကိုနှိပ်လိုက်သည်။
ပုံထဲတွင် စုန့်ရန်၏အိပ်ယာပေါ်၌ ပုပုက ယုန်ရုပ်ကလေးကိုဖက်ကာ သက်တောင့်သက်သာရှိစွာဖြင့်အိပ်မောကျနေသည်။ သူ၏ပါးဖောင်းဖောင်းလေးက ခေါင်းအုံးထဲတွင်နစ်မြုပ်နေကာ မဟတဟပွင့်နေသောနှုတ်ခမ်းလေးထဲ၌ ယုန်နားရွက်တစ်ဖက်ရှိနေလေသည်။ ကလေးငယ်၏ပါးပြင်နှစ်ဖက်က နှင်းဆီရောင်သမ်းနေကာ အနက်ရောင်ဖျော့ဖျော့ဆံစလေးများက ဟိုတစ်စဒီတစ်စကပ်ငြိနေလေသည်။ သူကလေး၏ပုံရိပ်မှာ ကလေးဆန်မှုနှင့် ချစ်စဖွယ်ကောင်းမှုတို့ရောယှက်နေပြီး အေးချမ်းမှုကိုဖော်ညွှန်း၍နေလေသည်။
ဟယ်ကျစ်ယွမ်က ပြုံးလိုက်ရင်း ဆဲလ်ဖုန်းကိုထုတ်ကာ စုန့်ရန်အားခေါ်လိုက်သည်။
တရုတ်တွင် ညနေခြောက်နာရီရှိပြီဖြစ်သည်။ စုန့်ရန်က ပါးစပ်တွင်ပန်းသီးတစ်လုံးကိုက်လျှက်သားနှင့် စွပ်ပြုတ်ချက်နေလေသည်။ ဟယ်ကျစ်ယွမ်ထံမှဖုန်းဝင်လာသည့်အခါ ပန်းသီးကိုအလျှင်အမြန်ထွေးထုတ်လိုက်ရင်း ဖြေကြားသည့်ခလုတ်ကိုနှိပ်လိုက်၏။
ဒီတစ်လျှောက်လုံး ဟယ်ကျစ်ယွမ်သူ့အား ဖုန်းစခေါ်လိမ့်မည်ဟူသည့် အတွေးများသာစိတ်စွဲ၍နေလေသည်။ အရင်ကသုံးခါလောက်ဖုန်းဖြေလိုက်ရခြင်းကြောင့် ဖြစ်တန်ရာ၏။ သူ နေသားမကျဖြစ်နေခဲ့သည်။ ဤအကောင့်ကို အမှန်တကယ်မမှတ်သားမီ မစ္စတာဟယ်က သူ့ကို သုံးကြိမ်တိုင်တိုင်ဖုန်းခေါ်ဆိုသင့်သည်ဟု စုန့်ရန်ယူဆလိုက်၏။
ပထမအကြိမ်ပဲ...
စုန့်ရန်က သူ၏စိတ်ကူးယဥ်မှတ်စုထဲတွင် အမှန်ခြစ်တစ်ခုခြစ်လိုက်သည်။ ထို့နောက် အပူရှိန်အားဖြည်းညှင်းစွာလျှော့ချကာ ဧည့်ခန်းထဲ့သို့ပြေးသွားလိုက်ပြီး ဟယ်ကျစ်ယွမ်အား ယနေ့တနေ့တာ၏ စိတ်ဝင်စားဖွယ်ကိစ္စအဝဝကိုမတင်ပြခင် ဆိုဖာပေါ်ခုန်တက်၍ တင်ပလ္လင်ခွေထိုင်လိုက်၏။
မိနစ်အနည်းငယ်ကြာ စိတ်လှုပ်ရှားဖွယ်စကားပြောဆိုခြင်း ပြီးဆုံးသွားသည်နောက်တွင် သူ၏ကွန်ပြူတာ၌ အီးမေးလ်တစ်စောင်လက်ခံရရှိခဲ့သည်။ ၎င်းက လင်းဟွေ့ပေးပို့ထားသည့် ပျော်စရာတောင်တန်းဓာတ်ပုံများပါဝင်သော ဖိုင်တစ်ခုဖြစ်သည်။ စုန့်ရန်က ၎င်းကိုဖွင့်ပင်မကြည့်တော့ပဲ ဟယ်ကျစ်ယွမ်၏ အီးမေးလ်လိပ်စာတောင်းကာ သူ့ထံတိုက်ရိုက်ပို့ပေးလိုက်သည်။ သူက သူတို့နှစ်ဦးစကားပြောရင်း ပုပု၏ချစ်စရာအကောင်းဆုံးပုံတစ်ပုံကိုရွေးကာ အနာဂတ်အိမ်အလှဆင်ရာ၌ အသုံးပြုဖို့စဥ်းစားခဲ့ခြင်းဖြစ်သည်။
ဖိုင်ကိုအပြည့်အဝဒေါင်းပြီးသည်နှင့် စုန့်ရန် ပျော်ရွှင်စွာဖွင့်လိုက်ကာ အရင်ဆုံး ပုံသေးသေးလေးများကို အကြမ်းဖျဥ်းကြည့်လိုက်၏။ ထို့နောက် ရုတ်တရက်အေးခဲသွားပြီး သူ၏အမူအရာတွင် အလွန်ရှက်ရွံ့နေဟန်များ ပေါ်ထွက်လာလေသည်။
(T/N : thumbnails တွေကိုအရင်ကြည့်တာပါ...)
“လူကြီးမင်းဟယ်...ကျွန်တော်...ကျွန်တော်မှားပို့မိတာ...အီးမေးလ်ကိုအခုမကြည့်နဲ့ဦးနော်...ဖျက်လိုက်နော်...ဖျက်လိုက်....ကျွန်တော် နောက်မှပြန်ပို့ပေးမယ်နော်...”
သူက မောက်စ်ကိုကိုင်လိုက်သော်လည်း အလွန်ပြာယာခတ်နေသဖြင့် ဘာကိုနှိပ်ရမည်မှန်းမသိတော့ချေ။
ကံမကောင်းစွာပင် သူ၏အင်တာနက်ကအလွန်ကောင်းမွန်နေလေရာ သူ့စကားပင်မဆုံးသေး၊ ပုံသေးသေးလေးများက ဟယ်ကျစ်ယွမ်၏စခရင်ထက် တစ်တန်းပြီးတစ်တန်းနေရာယူလာ၏။
ထိုပုံများကိုတွေ့ပြီးနောက် စုန့်ရန်အဘယ့်ကြောင့်စိတ်ပူနေခဲ့မှန်း ဟယ်ကျစ်ယွမ်နားလည်သွားခဲ့သည်။
ဓာတ်ပုံတစ်ရာကျော်တွင် ပုပုအား အဓိကထား၍ရိုက်ကူးထားသည်မှာ တစ်ဒါဇင်ကျော်လောက်သာရှိလေသည်။ ကျန်ရှိသောဓာတ်ပုံများ၏ ၉၀ ရာခိုင်နှုန်းလောက်က စုန့်ရန်အားဦးတည်၍ရိုက်ကူးထားခြင်းဖြစ်သည်။ လင်းဟွေ့က ချစ်ခြင်းမေတ္တာများပြည့်နှက်နေသော ကင်မရာဖြင့် စုန့်ရန်၏ပုံများကို ရိုက်ကူးပေးခဲ့ခြင်းဖြစ်၏။
ပထမပုံတွင် ခန့်ညားသောအမျိုးသားလေးက အကွာအဝေးတစ်ခုဆီ အကြည့်ရောက်နေသည်။ သူ့နှုတ်ခမ်းထောင့်လေးများက ကွေးညွှတ်နေကာ အပြုံးတစ်ခုဖြစ်ပေါ်နေ၏။ သူ၏ရှည်လျားသောမျက်တောင်များမှာ အပေါ်ဘက်သို့ကော့ညွှတ်လျှက် ကြင်နာသောအကြည့်ကို ဝန်းရံ၍နေလေသည်။ နေရောင်ခြည်က သူ၏မျက်ဝန်းကိုအရောင်ခြယ်လျှက်ရှိကာ ကြည်လင်သောအသားအရည်ပေါ်တွင်လည်း ရောင်ခြည်စက်ဝန်းနုနုက ယှက်ဖြာလျှက်ရှိသည်။
စုန့်ယွမ် အကြည့်ရောက်နေသည့်နေရာမှာ သူ၏ပုပုဖြစ်ကြောင်း ဟယ်ကျစ်ယွမ်သိလေသည်။
စခရင်တွင် နောက်တစ်ပုံပြောင်းသွားသည်။ စုန့်ရန်က ဒူးတစ်ဖက်ထောက်လျှက်ရှိကာ ပုပုကမူ သူ၏ရှေ့တွင်မတ်တပ်ရပ်နေလေသည်။ ပုပု၏အင်္ကျီနှင့်ဘောင်းဘီများက စိုရွှဲနေကာ မြေပြင်ပေါ်တရွတ်တိုက်နေသော တဘက်စောင်ကြီးနှင့် တစ်ကိုယ်လုံးကိုရစ်ပတ်ထား၏။ ပုပုက သူ၏ရှုပ်ထွေးနေသောဆံပင်ရေစိုများကို ဆော့ကစားလျှက်ရယ်မောနေစဥ် စုန့်ရန်ကမူ အကူအညီမဲ့ဟန်နှင့်စိုးရိမ်ဟန်များထင်ဟပ်နေ၏။
ဒီလူနောက်ကလေးကတော့လေ...ရက်နည်းနည်းလောက်အလိုလိုက်ခံပြီးတာနဲ့ ထိန်းလို့ကိုမနိုင်တော့ဘူး...တခြားလူတွေကိုတောင်လိုက်ဒုက္ခပေးတတ်နေပြီ...
ဟယ်ကျစ်ယွမ်မျက်နှာထက်ရှိအပြုံးက ပျောက်ကွယ်သွားကာ နောက်ထပ်ပုံတစ်ပုံကို ကျပန်းရွေးချယ်လိုက်သည်။ သူ၏မြင်ကွင်း၌ပုံ၏အရိပ်ထင်ဟပ်လာသည်နှင့် အကြည့်ပင်ရပ်တန့်သွားခဲ့ကာ ဝမ်းဗိုက်အောက်ပိုင်းမှအပူလှိုင်းတစ်လှိုင်း ပြင်းထန်စွာမြင့်တက်လာခဲ့သည်။
ပုံတွင်ပါဝင်သည့်အရာက အလွန်ပင်ရိုးရှင်းလှသည်။ ၎င်းမှာ ရေခဲမုန့်စားနေသော စုန့်ရန်၏မျက်နှာကလေးပင်။
ကင်မရာမှန်ဘီလူးမှာ အလွန်ပုံကြီးချဲ့၍ရိုက်ထားခြင်းဖြစ်သည်။ အယ်လမွန်စေ့အပိုင်းအစများနှင့် အဖြူရောင်ခရင်မ်က သူ၏နှုတ်ခမ်းထောင့်တွင် ပေ၍နေကာ သစ်ခွရေခဲမုန့်ထည့်ထားသည့်ဇွန်းကို လျှာနီနီကလေးဖြင့်လျက်ရန် ကြိုးစားလျှက်ရှိသည်။ နူးညံ့သောရေခဲမုန့်ရည်အချို့က သူ၏လျှာထိပ်ဖျားကို အလွှာလိုက်ဖုံးအုပ်ထား၏။
ရိုးရှင်းသောလှုပ်ရှားမှုကလေးသာဖြစ်သော်လည်း ရှင်းပြ၍မရသောနည်းဖြင့် မြူဆွယ်၍နေလေသည်။
ဟယ်ကျစ်ယွမ်က ပို၍ပင်မာလာ၏။
သူက အဆိုပါရှက်ဖွယ်အခြေအနေကို သတိပြုမိသွားသည့်အခါ အဖွဲ့သား၏အရာအတိုင်းထင်ဟပ်နေသော အောက်ခံဘောင်းဘီကိုငုံ့ကြည့်ရင်း အချိန်အတော်ကြာကြောင်အသွားခဲ့သည်။
“လူကြီးမင်းဟယ်...လူကြီးမင်းဟယ်...” စုန့်ရန်၏အသံက ဖုန်းတစ်ဖက်မှပျံ့လွင့်လာခဲ့သည်။ “ခင်ဗျား အဲ့ဒါကိုခုထိမဖွင့်ရသေးဘူးမဟုတ်လားဟင်...”
“အင်း...ကိုယ်ဖွင့်ပြီးသွားပြီ...”
ဟယ်ကျစ်ယွမ်က နားမလည်နိုင်ဟန်ဖြင့် သူ့ကိုယ်သူငုံ့ကြည့်နေမိသည်။
စုန့်ရန်က မျက်နှာကိုလက်ဝါးနှင့်အုပ်လိုက်ကာ လက်လျှော့လိုက်လေသည်။ “မလုပ်...”
လင်းဟွေ့...ခင်ဗျားဘာလုပ်လိုက်လဲတွေ့ပြီလား...
ကျွန်တော့်ကိုသဘောကျတာက ပြသနာမဟုတ်ပါဘူး...ကျွန်တော့်ပုံတွေကို တိတ်တိတ်လေးခိုးရိုက်ထားတာလည်း အပြစ်မပြောပါဘူး...ဒါပေမယ့် ခင်ဗျား အဲ့ပုံတွေကိုဖွက်ထားသင့်တယ်မဟုတ်လား...ဘာလို့ကျွန်တော့်ဆီပို့တာလဲ...ထားပါ...ပို့တာအထိကရသေးတယ်...ဒါပေမယ့် ခင်ဗျားအဲ့ဒီ့ပုံတွေအကြောင်း အရင်ဆုံးပြောပြသင့်တယ်လေ...ကျွန်တော် လက်သရမ်းလိုက်မိတာနဲ့ လူကြီးမင်းဟယ်ကို အကုန်ပို့မိသွားပြီ...နောက်ပိုင်းဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ...
..
လက်ချောင်းကြားမှတဆင့် စုန့်ရန် သူ၏တောက်ပစွာပြုံးနေသောပုံအား တွေ့လိုက်ရကာ အလွန်ရှက်ရွံ့မှုအားခံစားလိုက်ရပြီး ဖုန်းကိုသာချလိုက်ချင်တော့သည်။
သို့သော် ဖုန်း၏အခြားတစ်ဖက်တွင်မူ ဧည့်ခန်းအတွင်းရှိဆိုဖာပေါ်တွင်ထိုင်နေသော ဟယ်ကျစ်ယွမ်တစ်ယောက် ခေါင်းကိုနောက်လှန်ချကာ အသက်ရှူသံအားထိန်းညှိ၍နေရသည်။ စုန့်ရန်၏ဓာတ်ပုံကြောင့်မြင့်တက်လာသော သူ၏စိတ်ဇောအဟုန်က စုန့်ရန်အသံကိုကြားရသည့်အခါ ပို၍ပင်ပြင်းထန်လာရသည်။ သူဒါကိုလုံးဝမမျှော်လင့်ထားသလို မဖြစ်သင့်သည့်ကိစ္စလည်းဖြစ်လေသည်။
စုန့်ရန်က အမျိုးသားတစ်ဦးဖြစ်ပြီး အခုထိသိပ်မရင်းနှီးသေးသော အိမ်နီးချင်းတစ်ဦးလည်းဖြစ်၏။
လူငယ်လေးမှာ တကယ့်ကိုချစ်စရာကောင်းပြီး ကြင်နာတတ်လေသည်။ နွေးထွေးကာဖြောင့်မတ်ပြီး ဟယ်ကျစ်ယွမ်၏စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိ၏။ ဖုန်းပြောနေရလျှင်လည်း သူတို့ကြားရှိလေထုမှာ အလွန်ပနံသင့်လေ့ရှိသည်။
သို့သော် ဤကဲ့သို့စိတ်မျိုး မထားရှိသင့်ချေ။
အဘယ့်ကြောင့်ဆိုသော် အထက်ပါအချက်အားလုံးက စုန့်ရန်သည် အဖြောင့်တစ်ဦးဖြစ်ကြောင်း ရည်ရွယ်နေခြင်းဖြစ်၏။
နောက်တစ်စက္ကန့်၌ သူ၏လက်ချောင်းထိပ်ဖြင့် မတော်တဆမောက်စ်ကိုဖိလိုက်မိကာ အီးမေးလ်ကို အောက်အထိဆွဲချလိုက်မိ၏။ စာကြောင်းအလွတ်များစွာ၏အောက်တွင် ဖုံးကွယ်ထားသောစာသားများ ထွက်ပေါ်၍လာလေသည်။
Xxxxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN