အပိုင်း ၄၅
Viewers 10k

Chapter 45

ဧည့်ခန်းမီးများက ထိန်ထိန်လင်းနေသည်။ ကျန်းယွီဝင့်၊ လင်းဟွေ့နှင့် ပုပုတို့က ဖန်သားပြင်ပေါ်တွင် ဒရောသောပါးပြေးလွှားနေသည့် တွမ်နှင့်ဂျယ်ရီကို ဆိုဖာပေါ်ထိုင်လျှက်ကြည့်နေကြ၏။ တံခါးဖွင့်သံကိုကြားသောအခါ သုံးယောက်စလုံးခေါင်းလှည့်လာကြသည်။ စုန့်ရန်ကိုတွေ့သောအခါ ပုပုက ဆိုဖာပေါ်မှစိတ်လှုပ်ရှားစွာခုန်ဆင်းလာပြီး 

"ကိုကြီး...နိုးလာပြီလား...”

စုန့်ရန်က ကလေးငယ်အား နူးညံ့စွာဆီးကြို၍ဖက်လိုက်၏။ ထို့နောက် အနောက်လှည့်ကာ အိပ်ခန်းအတွင်းသို့ချီသွားလိုက်ပြီးနောက် တံခါးကိုပိတ်လိုက်သည်။ 

ပုပုကခေါင်းလေးမော့ကြည့်လာ၏။ “ကိုကြီး ဘာလုပ်မလို့လဲဟင်...”

“ကိုကြီး သားကိုမေးစရာရှိတယ်...” 

စုန့်ရန်က ကြမ်းပြင်တွင်ဒူးထောက်လိုက်ကာ သူ၏ရေစိုနေသောမျက်နှာအား ပွတ်သုတ်လိုက်ပြီး ပုပု၏မျက်ဝန်းများအတွင်း လေးနက်စွာကြည့်လိုက်သည်။ 

“အကယ်၍...အကယ်၍လေ...ကိုကြီးနဲ့သားရဲ့ပါပါးက အတူတူရှိနေမယ်ဆို...သားစိတ်ဆိုးမှာလား...”

ပုပုက ချစ်စဖွယ်ပြန်မေး၏။

 “အတူတူရှိနေတယ်ဆိုတာ ဘာလဲဟင်...”

“သားရဲ့ဖေဖေပြန်လာရင် ကိုကြီးက သားတို့နှစ်ယောက်ဆီကိုပြောင်းလာမယ်...မနက်၊နေ့လည်၊ည တစ်လျှောက်လုံးအတူတူရှိနေမယ်...အနာဂတ်မှာ ကိုကြီးက သားတို့နှစ်ယောက်လုံးကိုဂရုစိုက်ပြီးတော့ သားရဲ့ပါပါးက ကိုကြီးတို့ကိုစောင့်ရှောက်မှာမျိုးပေါ့...” 

“ကောင်းတယ်...ကောင်းတယ်...” ပုပုက မဆိုင်းမတွပြန်ဖြေကာ ဆန်ကြိတ်ဆုံငယ်လေးကဲ့သို့ ခေါင်းညှိတ်လေသည်။ 

“အဲ့ဒါက အကောင်းဆုံးပဲ...”

စုန့်ရန်က ပုပု၏လက်သေးသေးလေးကိုဆွဲလိုက်ကာ သူကလေးအနားသို့ပိုမိုတိုးကပ်လိုက်ပြီး မေးမြန်းလိုက်သည်။ 

“ဒါပေမယ့် အဲ့လိုဆိုရင် သားမှာအမေမရှိနိုင်တော့ဘူး...ကိုကြီးနဲ့သားမေမေမှာ တစ်ယောက်ပဲအိမ်မှာနေလို့ရမှာ ပုပုရဲ့...သားနားလည်ရဲ့လားဟင်...” 

ပုပု၏မျက်နှာလေးထက်မှ တောက်ပသောအပြုံးက အနည်းငယ်ပင်မှိန်ဖျော့မသွားခဲ့ပဲ ခေါင်းညှိတ်လိုက်၏။

သူကလေးကပြောလေသည်။

 “မာမားက လက်ထပ်သွားပြီဆိုတော့ ဒီမှာထပ်ပြီးမနေနိုင်တော့ဘူးလေ...အဲ့ဒါကြောင့် ကိုကြီး ဘာမှမစိုးရိမ်ပဲ ပြောင်းလာခဲ့ပါနော်...” 

“အာ...လက်ထပ်သွားပြီလား...”

စုန့်ရန်ကြောင်အသွား၏။

ထိုအကြောင်းကိုသိရှိလိုက်ရပြီးနောက် သူ့နှလုံးသားအတွင်းရှိ မဝံမရဲဖြစ်မှုကလျော့ကျသွားခဲ့သည်။ ယခုအချိန်တွင် သူနှင့်လူကြီးမင်းဟယ်၏ဆက်ဆံရေးကိုသာ စိတ်ပူရန်ကျန်တော့၏။ 

နည်းနည်းယုံကြည်ချက်ရှိလာသလိုပဲ...

စုန့်ရန်....ယုံကြည်ချက်ရှိစမ်းပါ...

လူကြီးမင်းဟယ်က အရမ်းကောင်းတာ...မင်းသူ့ကိုလက်မလွှတ်သင့်ဘူး... 

တစ်စက္ကန့်ပင်မနှောင့်နှေးစေပဲ သူက ပုပုကိုအမြန်ချီလိုက်ကာ  

“ကိုကြီးနည်းနည်းအိပ်ချင်နေတုန်းပဲ...သား အပြင်မှာ ကိိုကို၊ မမတို့နဲ့ ခဏသွားဆော့နှင့်နော်...” 

ဘာဖြစ်မှန်းမသိသော်လည်း ပုပုက ခေါင်းညှိတ်လိုက်ကာ သဘောတူလိုက်၏။ 

စုန့်ရန်က ပုပုကိုတင်းတင်းဖက်ကာ ဧည့်ခန်းသို့ပြန်ပို့ပေးလိုက်၏။ ထို့နောက် အခန်းတွင်းသို့အမြန်ပြန်လာ၍ ခေါင်းအုံးဘေးရှိဆဲလ်ဖုန်းကို ကောက်ယူလိုက်သည်။ 

.......

၉ရက်မြောက်နေ့ ညဆယ်နာရီ ဆယ့်ခြောက်မိနစ်

ဒုတိယထပ်ရေချိုးခန်းတွင် ရေနွေးငွေ့များအငွေ့ရိုက်လာကာ ပါးလွှာသောပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။

အေးခဲသည့်မှန်တံခါးမျက်နှာပြင်တွင် ရေနွေးငွေ့များကငွေ့ရေဖွဲ့ကာ မိုးရေစက်များကဲ့သို့ မရေမတွက်နိုင်သည့်ရေစက်များဖြစ်ပေါ်လာစေပြီး အတန်းလိုက်စီးကျစေ၏။ ၎င်း၏နောက်တွင်မူ တောင့်တင်းသန်မာသော အမျိုးသားတစ်ဦး၏ပုံရိပ်က ဝိုးတဝါးမြင်ရလျှက်ရှိသည်။

သူက ပျင်းရိလေးကန်ခြင်းမရှိပဲ လျှင်မြန်စွာရေချိုးသန့်စင်လျှက်ရှိ၏။

ထိုစဥ် ပြတင်းပေါက်ဘောင်ပေါ်တင်ထားသည့် ဖုန်းမျက်နှာပြင်ကလင်းလာကာ ဆက်တိုက်တုန်ခါလာခဲ့သည်။ ဖုန်းမြည်သံကမူ အထူးပြောင်းလဲထားခြင်းမျိုးမရှိချေ။ မှန်တံခါးကပွင့်သွားကာ ရေနွေးငွေ့ကြားမှ သန်မာသောလက်တစ်ဖက်ထွက်ပေါ်လာပြီး ဖုန်းကိုဆွဲယူလိုက်လေ၏။

ဟယ်ကျစ်ယွမ်က ဖုန်းကိုနားနားကပ်လိုက်ကာ

"စုန့်ရန်...”

ရေပူများကရေပန်းပေါ်မှကျဆင်းလာကာ ဆံပင်ရေစိုများကိုဖြတ်သန်းလျှက် ဖုန်းထံစီးကျ၍နေသည်။

ဖုန်းတစ်ဖက်ရှိစုန့်ရန်က ရေကျသံများကိုကြားသဖြင့် မေးလိုက်၏။

"ဘာလုပ်နေတာလဲဟင်...”

"ကိုယ်ရေချိုးနေတာ...ပြီးရင်အလုပ်သွားမှာ...”

ဟယ်ကျစ်ယွမ်ခေါင်းမော့လိုက်ကာ ရေများကိုမျက်နှာပေါ်စီးကျစေလိုက်၏။ ထို့နောက် ရေစိုနေသည့်ဆံစများကို အားနေသောလက်တစ်ဖက်ဖြင့်သပ်တင်လျှက် သူ၏နှုတ်ခမ်းထောင့်တွင် စနောက်လိုဟန်အပြုံးကခပ်ရေးရေးထင်ဟပ်လာခဲ့သည်။ သူက ကျေနပ်မှုများပြည့်နေသောအသံဖြင့်

"ကိုယ့်ဖုန်းက ရေစိုခံမဟုတ်ဖူး...ဆယ်စက္ကန့်အတွင်းပြောနော်...”

ဆိုလိုသည်မှာ ဆယ်စက္ကန့်အတွင်း သူ့ကိုအဖြေပေးရန်ဖြစ်သည်။ 

စုန့်ရန်ပူထူသွားခဲ့၏။ သူဘာမှ စာမစီရသေးချေ။ ထို့အပြင် အချိန်အကန့်အသတ်လည်းရှိနေလေရာ ကျွန်တော်...ကျွန်တော် တွင်သာရပ်နေပြီး စကားထစ်၍နေလေသည်။ သူပိုထစ်လေလေ၊ ပိုပြီးစိတ်ကသိကအောက်ဖြစ်လေလေ ဖြစ်လာသဖြင့် ကိုယ့်ခေါင်းကိုယ်ခေါက်လိုက်ရင်း အော်ပြောလိုက်မိသည်။

"ကျွန်တော် စိတ်မကောင်းပါဘူး...”

ဟယ်ကျစ်ယွမ်၏လက်ချောင်းများ တောင့်တင်းသွားကာ အမှတ်တမဲ့သူ့ဆံပင်များကိုဆွဲလိုက်သလိုဖြစ်သွားသည်။

စိတ်မကောင်းဘူးတဲ့လား...သူအငြင်းခံလိုက်ရတာလား...

"စိတ်မကောင်းဘူးဆိုတာ...အဲ့လိုသဘောမဟုတ်ဖူး...”

စုန့်ရန် မျက်လုံးများမှိတ်ကာ အသက်ပြင်းပြင်းဆယ်ခါရှူရှိုက်လိုက်၏။ သူ၏နှလုံးခုန်သံက ကြိမ်နှုန်း ၁၂၀ သို့ပြန်ရောက်သွားသည့်အချိန်ကျမှ အသံကိုမြှင့်ကာပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားနဲ့အတူတူရှိချင်ပြီး ပုပုကိုစောင့်ရှောက်တဲ့နေရာမှာ ကူညီချင်ပါတယ်...”

ဟယ်ကျစ်ယွမ် တိတ်တဆိတ်သက်ပြင်းချကာ ရေပန်းကိုပိတ်လျှက် ညှင်သာစွာပြောလိုက်သည်။

"မနက်စောစောမှာ ဒီလိုသတင်းကောင်းကိုကြားရတဲ့အတွက် ကိုယ်အရမ်းပျော်မိပါတယ်...”

သူက ရေချိုးခန်းအတွင်းမှထုတ်ကာ ခြေထောက်ရေစိုကို ရှန်ပိန်ရောင်ခြေသုတ်ခုံတွင်သုတ်၍ မျက်နှာသုတ်ပဝါကိုယူရင်း ဆံပင်ရေစိုများကိုသုတ်လိုက်လေသည်။ 

ရေကျသံများတိတ်ဆိတ်သွားသည့်အတွက် စုန့်ရန်၏နှလုံးသားက ရုတ်တရက်ခုန်ပေါက်လာသည်။

"ရေချိုးပြီးတာလား...”

"အင်း...ကိုယ်ရေချိုးပြီးပြီ...”

ရေချိုးပြီးပြီဆိုတော့ အခုလူကြီးမင်းဟယ်က အဝတ်မပါဘူးပေါ့...

စုန့်ရန် အိပ်ယာပေါ်တင်ပျင်ခွေထိုင်ကာ အိပ်ရာခင်းကို လက်ငါးချောင်းဖြင့်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ ပန်းနုရောင်အလွှာတစ်လွှာက မင်များပျံနှံ့နေသယောင် သူ၏နားရွက်ကလေးအားဖုံးအုပ်လျှက်ရှိလေသည်။ သူက ရေစိုနေသောရင်အုပ်ကျယ်များ၊ အထက်အောက်ရွေ့လျားနေသော လည်စလုတ်၊ ပြင်းထန်သောဟော်မုန်းများနှင့် ကြွက်သားများကဲ့သို့သော ၁၇အောက်ကလေးငယ်များနှင့်မသက်ဆိုင်သည့် ပုံရိပ်များကို မြင်ယောင်လာခဲ့မိသည်။ သူ မသိသည်မှာ အစစ်အမှန်ပုံရိပ်က သူစိတ်ကူးယဥ်ထားသည်ထက်ပို၍ နှာခေါင်းသွေးယိုချင်စရာကောင်းနေသည်ကိုပင်။

လူကြီးမင်းဟယ်က ဘယ်လောက်တောင်ကြည့်ကောင်းနေမှာပါလိမ့်...

ဟယ်ကျစ်ယွမ် ကျောင်းတက်စဥ်က ရေကူးကန်ပါတီတွင် ဝင်ရောက်ဆင်နွှဲခဲ့ဖူးသည်။ သူက အပူက်ိုကြောက်သဖြင့် ပက်လက်ဝါးကုလားထိုင်ပေါ်တွင် အယ်ကိုဟောအနည်းငယ်ပါဝင်သည့် သစ်သီးဝိုင်ကိုသောက်ရင်းထိုင်နေခဲ့၏။ သူ ဘာမှမလုပ်ခဲ့သော်ငြား ရေကူးကန်အတွင်းရှိရေသူမကလေးများကို ငါးမြှားချိတ်တွင်ဖမ်းမိနေဆဲဖြစ်လေသည်။ 

ယခုဆိုလျှင် သူ၏လေ့ကျင့်ခန်းပုံမှန်လုပ်သောအလေ့အထက ခန္ဓာကိုယ်၏အကောင်းဆုံးအခြေအနေကို ထိန်းသိမ်းထားနိုင်စေ၏။ ရင်ဘတ်ကြွက်သားများမှာ တင်းရင်းနေသော်လည်း ပျော့ပျောင်းပြီး လွတ်လပ်စွာလှုပ်ရှားန်ိုင်သည်။ ကျောနောက်ဘက်ရှိ ကြွက်သားများသည်လည်း ပုခုံးနှစ်ဖက်အား ထူထဲသောသံချပ်ကာများသဖွယ် ဖုံးအုပ်၍ထားလေသည်။ ခါးမှာသွယ်လျပြီး လှပသောတြိဂံပြောင်းပြန်သဏ္ဍာန် ရေသူမလိုင်းများထင်းထွက်နေ၏။ ဗိုက်ကြွက်သားများသည်လည်း ရှင်းလင်းစွာပိုင်းကန့်လျှက်ရှိပြီး တစ်ခုချင်းစီက အသက်ဓာတ်များပြည့်ဝနေကာ အသက်ရှူသည့်အတိုင်း ပြန့်ကားသွားလိုက်၊ပြန်၍စုလိုက်ဖြစ်နေ၏။

အဆိုပါရုပ်သွင်တည်ဆောက်ပုံနှင့်အတူ သူ၏လိင်စိတ်အာသီသမှာလည်း မဂ္ဂဇင်းများတွင်ပါဝင်သော ဆီလိမ်းထားသည့်အမျိုးသားများထက် မနိမ့်ကျပေ။ 

စုန့်ရန်က အနည်းငယ်စနောက်မှုကိုပင် လက်သင့်မခံနိုင်သော လူပျိုကလေးဖြစ်၏။ သူက ဂေးများလိင်ဆက်ဆံပုံမြင်ကွင်းများကို ဝိုးတဝါးမြင်ယောင်လာကာ စိတ်အခြေအနေမှာလည်း အရိုင်းဆန်သွားခဲ့လေသည်။ ဟယ်ကျစ်ယွမ်က တစ်ဖက်လူ၏ပြောင်းလဲသွားသော အသက်ရှူသံအားနားထောင်ရင်း ခေါင်းငုံ့ကာပြုံးလိုက်မိသည်။ ထို့အတူ မပြတ်သားသောလေထုပို၍ပြင်းထန်မလာခင် ခေါင်းစဥ်ပြောင်းရန်ကြိုးစားလိုက်လေသည်။

သူ့တွင် ပိုင်စိုးလိုစိတ်များကြီးထွားလာခဲ့သည်။.

အဝေးမှလှမ်း၍စနောက်ခြင်းက စုန့်ရန်အပေါ် အနည်းငယ်သာအကျိုးသက်ရောက်နိုင်မှာဖြစ်သလို သူကိုယ်တိုင်လည်းမသက်သာချေ။ သူက ဆွဲဆောင်မှုအနည်းငယ်ကိုသာဖော်ပြပြီး အနာဂတ်တွင်သူတို့တွေ့ဆုံချိန်ကိုစောင့်ဆိုင်းကာ ဖြည်းညှင်းစွာစားသုံးမည်ဖြစ်သည်။ 

သူက ပုဝါကိုယူကာ အောက်ပိုင်းကိုရေသုတ်လိုက်သည်။ ခါးနောက်ကျောကိုရေသုတ်နေစဥ် ခေါင်းစဥ်ပြောင်းလိုက်လေသည်။ 

“အခု...ကိုယ်တို့ဆက်ဆံရေးကိုသတ်မှတ်ပြီးသွားပြီဆိုတော့ အခေါ်အဝေါ်လေးတွေပြောင်းကြမလား...” 

ထိုစကားများကိုကြားချိန်၌ စုန့်ရန်၏ခေါင်းကပူထူသွားလေသည်။

လူကြီးမင်းဟယ်အပြင် တစ်ဖက်လူကိုသူမည်သို့ခေါ်ရမည်နည်း။ ခက်ခဲသည့်ကိစ္စပင်ဖြစ်သည်။ 

“ဒီတော့...အခေါ်အဝေါ်ပြောင်းမှာပေါ့နော်...”

သူ၏ရိုးသားသောကိုယ်ကျင့်တရားကိုစွန့်ပစ်ကာ စုန့်ရန်ဦးနှောက်ကို အသည်းအသန်အလုပ်ပေးလိုက်ရင်း ခဏအကြာ၌ အခေါ်အဝေါ်နှစ်ခုအားစဥ်းစားမိခဲ့သည်။ ထို့ကြောင့် ဆုံးဖြတ်ချက်ချမည့်သူအား မဆိုင်းမတွပြောလိုက်၏။ 

“ကျစ်ယွမ်လို့ခေါ်ရမလား...ယောက် ယောက်ျားလို့ခေါ်ရမလား...”

ဟယ်ကျစ်ယွမ်တစ်ယောက် ရေချိုးခန်းထဲချော်လဲမည့်ဘေးမှ လက်မတင်လေးလွတ်မြောက်သွားခဲ့သည်။ 

သူက ကျစ်ယွမ်ဟုခေါ်စေချင်ခဲ့ခြင်းဖြစ်သော်လည်း အရိုင်းဆန်သောအတွေးများထဲ၌ပင် စုန့်ရန်၏နှုတ်ဖျားမှ ယောက်ျားဟူသည့်စကားလုံးထွက်လာလိမ့်မည်ဟု လုံးဝမတွေးခဲ့ဖူးချေ။ သူထိုစကားကိုကြားသည့်အခိုက် ပူနွေးသောသွေးစီးကြောင်းက သူ့ဝမ်းဗိုက်အောက်ပိုင်းရှိ တဘက်နှင့်ဖုံးထားသောနေရာထံတိုးဝင်လာကာ ကြံ့ခိုင်တောင့်တင်းစွာဖြင့် ထောင်မတ်၍နေတော့သည်။ 

လူပျိုကလေးထံမှ ဤသို့ကျီစယ်ခံရခြင်းမှာ သူ့အတွက်ပင် တောင့်ခံဖို့်ခက်ခဲလွန်းလှ၏။

ဤနယ်ပယ်၌ စုန့်ရန်၏အတွေ့အကြုံမှာ အလွန်နည်းပါးလှလေရာ အခြားတစ်ဦး၏လောင်ကျွမ်းမှတ်ကို လှုံ့ဆော်ပေးမိကြောင်းသတိမပြုမိပဲ တစ်ဖက်လူ၏တုံ့ပြန်မှုကိုသာ ရှက်ရွံ့စွာစောင့်ဆိုင်းနေလေ၏။ ကံမကောင်းစွာဖြင့် လူကြီးမင်းဟယ်သာ 'ယောက်ျား' ဟူသည့်အခေါ်အဝေါ်ကိုရွေးလိုက်ပါက သူ့အနေဖြင့် တစ်စုံတစ်ခုပြောခါနီးတွင် ဟေး ဟူ၍သာခေါ်မိမည်ကို စိုးရိမ်မိလေသည်။  

ဟယ်ကျစ်ယွမ်က ခန္ဓာကိုယ်အောက်ပိုင်းအားရေသုတ်ရန်ပင် အရေးမစိုက်နိုင်တော့ပဲ ပုဝါအားဘေးဖယ်လိုက်၏။ ထို့နောက် အကူအညီမဲ့ဟန်ပြောလာသည်။ 

“မပြောင်းပါနဲ့တော့...ကိုယ်ထင်တာ လူကြီးမင်းဟယ်က ပိုပြီးနားထောင်ရချောမွေ့သလိုပဲ...” 

သူ့အသံက သုံးရက်လောက်ရေမသောက်ထားရသကဲ့သို့ ခြောက်သွေ့ကြမ်းရှ၍နေလေသည်။ 

သူက အိပ်ခန်းထံပြန်သွားကာ ဆဲလ်ဖုန်းကိုလက်ကိုင်ထားရန်မလိုသည့်မုဒ်သို့ပြောင်းလျှက် အိပ်ယာပေါ်သို့တင်လိုက်သည်။ ထို့နောက် ဗီရိုကိုဖွင့်ကာ သန့်ရှင်းသည့်အတွင်းဝတ်တစ်စုံကိုထုတ်လိုက်သည်။  

လက်ရှိအခြေအနေအရ အတွင်းခံဝတ်ရသည်မှာ အဆင်ပြေမနေခဲ့ချေ။ 

သူ၏လှုံ့ဆော်ခံထားရသောအင်္ဂါက ၁၈၀ ဒီဂရီနီးပါး ထောင်မတ်လျှက်ရှိသည်။ ၎င်းက နောက်ပြန်ပင်ကွေးနေကာ ငန်းတစ်ကောင်၏လည်တိုင်နှင့် သဏ္ဍာန်တူနေပြီး သူ၏ဝမ်းဗိုက်သို့ထိလုဆဲဆဲ အခြေအနေဖြင့် အလွန်နာကျင်၍တောင့်တင်းနေ၏။ ဟယ်ကျစ်ယွမ်က ၎င်းကိုကွေး၍အတွင်းခံထဲထည့်သည့်အခါအင်္ဂါထိပ်ဖျားက ဘောင်းဘီမျှော့ကြိုးအားဖုဖောင်းစေလျှက်လျှက်ရှိပြီး နီရဲသောထိပ်ဦးကို ဘောင်းဘီ၏ပိုးသားစက တစ်ချက်တစ်ချက်ဖိပွတ်သလိုဖြစ်သွားသည့်အတွက် သူ့အားအလွန်မသက်မသာဖြစ်စေလှသည်။  

သူကလက်ဖြင့် ဟိုဘက်သည်ဘက်ထိန်းညှိသော်လည်း ဘယ်လိုမှထိုးထည့်၍မရချေ။ မတတ်သာသည့်အဆုံး အတွင်းခံဘောင်းဘီရှည်ကိုသာ လဲလှယ်၍ သူ၏အားအင်ပြည့်ဝနေသည့်အဖွဲ့သားကို ထိန်းသိမ်းရတော့သည်။ 

ချစ်သူမရှိပဲငါးနှစ်ကြာနေထိုင်ခဲ့ပြီးမှ တစ်ကိုယ်တည်းဘဝမှ နှုတ်ထွက်ခြင်းဖြစ်သည်။ အကယ်၍ စုန့်ရန်သာအခြေအနေကိုနားမလည်ပဲ ချစ်သူများကြားရှိ သန့်စင်ပြီးချစ်စရာကောင်းသော စကားစုကလေးများနှင့်ဆက်လက်စနောက်ပါက သူတို့လက်ထပ်သည့်ညတစ်ညလုံး သူငိုကြွေးရုံကလွဲ၍ ဘာမှမလုပ်နိုင်လေအောင် သင်ခန်းစာပေးခံရမှာဖြစ်သည်။ 

ဖုန်းတစ်ဖက်တွင် စုန့်ရန်အေးစက်စက်ခံစားလိုက်ရကာ အကြောင်းအရင်းမရှိတုန်သွားခဲ့၏။ သူက စောင်ကိုဆွဲယူ၍ သူ့ကိုယ်သူလုံလုံခြုံခြုံထုပ်ပတ်ထားလိုက်သည်။ 

သူက ကိုယ်နဖူးကိုယ်စမ်းသပ်ကြည့်သည့်အခါ ပူနွေးနေဆဲဖြစ်သည်ကိုတွေ့လိုက်ရ၏။ သူ၏အဖျားကကျမသွားသေးချေ။  

ဘာလို့ရုတ်တရက်ကြီး အေးလာပါလိမ့်...

ဖုန်း၏တစ်ဖက်၌ ဟယ်ကျစ်ယွမ်က အတွင်းခံကိုသာဝတ်ဆင်ထားကာ သန်မာကြံ့ခိုင်သောပုံရိပ်အားပြသလျှက် ဆံပင်လေမှုတ်နေခဲ့သည်။ ဖုန်းတစ်ဖက်တွင်မူ စုန့်ရန်က ညဝတ်အင်္ကျီအထပ်ထပ်ဖြင့် ကြီးမားသောကျုန်းကျီတစ်ခုသဖွယ် သူ့ကိုယ်သူထုပ်ပိုးလျှက်ရှိ၏။  

(T/N - ကျုန်းကျီဆိုတာက ဝါးရွက်နဲ့ထုပ်ထားတဲ့ကောက်ညှင်းပေါင်းပါ။ )

“လူကြီးမင်းဟယ်...ကျွန်တော်...ကျွန်တော့်မှာမရင့်ကျက်တဲ့မေးခွန်းလေးတစ်ခုရှိတယ်...” 

စုန့်ရန် ခက်ခက်ခဲခဲလက်ထုတ်လိုက်ရ၏။ စောင်အောက်တွင် သူ၏ဖြူဖွေးရှည်သွယ်သော ညဘက်ခြေချောင်းလေးများက ညာဘက်ခြေချောင်းလေးများနှင့် လိမ်ယှက်၍နေသည်။ 

Xxxxxxx