အပိုင်း ၄၈
Viewers 10k

Chapter 48

(T/N: အရင်တုန်းက စုန့်ရန်ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်ဖို့စဥ်းစားခဲ့ဖူးတာတွေ ဒီအပိုင်းမှာပါလာပါတယ်...အကယ်၍ မဖတ်လိုပါက 'မရှိနိုင်ချေ' ဟူသည့်စာကြောင်းပြီးသည်နှင့် 'သို့သော် ယခုမူခြားနားသွားပြီဖြစ်သည်' ဟူသောစာကြောင်းသို့ ကျေးဇူးပြု၍ကျော်ဖတ်ပါရန်)

၁၀ရက်မြောက်နေ့ မနက် ၆နာရီ ၁၄မိနစ်

ထိုညက စုန့်ရန်အိမ်မက်မက်ခဲ့သည်။ 

အိမ်မက်ထဲတွင် နွေဦးရာသီဖြစ်၏။ ဧည့်ခန်းကတိတ်ဆိတ်နေကာ ခပ်ဝေးဝေးမှ ပုစဥ်းရင်ကွဲတို့၏ကျည်ကျည်ကျာကျာအသံများကို ငြီးငွေ့ဖွယ်ထပ်တလဲလဲကြားနေရသည်။ 8012A ၏ Canterbury bells များနှင့် 8012B ၏ Casablanca lilies များက တူညီသောဝရန်တာသို့ ပြောင်းရွှေ့ခံလိုက်ရကာ ဖူးပွင့်စအခြေအနေသို့ ဝင်ရောက်နေပြီဖြစ်၏။ သေးငယ်သောအရွက်များနှင့် အရွက်ဖားဖားများရောပြွန်း၍နေကာ ချိုမြိန်လတ်ဆတ်သောရနံ့များကို ထုတ်လွှတ်လျှက်ရှိလေသည်။ 

(T/N- canterbury bells ပန်းများမှာ ခေါင်းလောင်းပုံသဏ္ဌာန်ဖြစ်ပြီး "ခေါင်းလောင်းငယ်" ဟုအဓိပ္ပာယ်ရသော campanula မှဆင်းသက်လာသည်။ Casablanca lilies များသည် လီလီပန်းများကိုခေါ်ဆိုခြင်းဖြစ်ပြီး ပျော်ရွှင်မှုနှင့် ဘဝတို့ကို ကိုယ်စားပြုသည်။ )

သူက မျက်နှာကျက်အထိမြင့်မားသော ပြင်သစ်မှန်ပြတင်းများအနားတွင် ပန်းချီဆွဲနေကာ ပုပုကမူ ကော်ဇောပေါ်ကားယားမှောက်၍ သစ်သားမြင်းရုပ်ကလေးနှင့် စိတ်လှုပ်ရှားစွာဆော့နေသည်။ ဟယ်ကျစ်ယွမ်က ရေပန်းကရားကိုကိုင်လျှက် ပန်းပင်တစ်အိုးချင်းစီကို ရေလောင်းနေ၏။ စုန့်ရန် သူ၏မျက်နှာအား မမြင်ဖူးခြင်းကြောင့်ဖြစ်နိုင်၏။ ဟယ်ကျစ်ယွမ်က တစ်ချိန်လုံးသူ့အားမျက်နှာလွှဲထားကာ မနှေးလွန်းမမြန်လွန်းသောအရှိန်ဖြင့် အလုပ်လုပ်နေလေသည်။ နေရောင်ခြည်က သူ၏ပုံရိပ်ကိုဝေဝါးနေစေသည့်အတွက် စုန့်ရန် သူ့ပုံပန်းသဏ္ဍာန်အား ရှင်းရှင်းလင်းလင်းမမြင်ရချေ။ 

စုန့်ရန်က ထိုသူ၏နောက်ကျောကိုကြည့်ကာ ဘောပင်ကိုအသာကိုက်လျှက် နှလုံးသားအတွင်းယားယံလာခဲ့သည်။ 

—ဒီလူက ဘယ်လိုပုံများပါလိမ့်...

သူပေးတဲ့အချစ်လိုမျိုး သူ့ရဲ့ရုပ်သွင်ကရော ကြည့်လို့ကောင်းနေမှာလား...

ဤမျှအထီးကျန်သောကာလရှည်ကို တွေ့ကြုံခဲ့ရပြီးသည့်နောက်တွင် စုန့်ရန် အသက်ရှင်ရသည့်တန်ဖိုးပင် ပျောက်ဆုံးသွားခဲ့သည်။ သတင်းကြေငြာသူက ကလေးငယ်တစ်ဦး မထင်မှတ်ထားစွာဆုံးပါးသည့်သတင်းကိုကြေငြာကာ ငိုကြွေးနေသည့်မိဘများကို ကင်မရာပေါ်တွင်တွေ့ရသည့်အချိန်တိုင်း သူသေဆုံးသွားပါက ဝမ်းနည်းစွာငိုကြွေးမည့်လူ ဤကမ္ဘာပေါ်၌ရှိပါမည်လားဟု တွေးမိလေသည်။ 

မရှိနိုင်ချေ။

သူ၏သေဆုံးခြင်းက မျက်ရည်တစ်စက်ပင်ကျစေမည်မဟုတ်။ သူ၏ဖခင်က မိဘမဲ့ဂေဟာအပေါက်ဝ၌ လိမ်ညာစကားဆိုကာ တစ်သက်တာခွဲခွာသွားစဥ်ကတည်းက သူသည် ကမ္ဘာတစ်ခုလုံးထံမှစွန့်ပစ်ခံလိုက်ရခြင်းဖြစ်လေသည်။ သူက သေဆုံးခြင်းကိုဦးစွာရှာဖွေကာ ထက်မြက်သောဘရိတ်ဓားဖြင့် လက်ကောက်ဝတ်ကိုလှီးဖြတ်လိုက်မည်။ ၎င်းက ပြတ်သားသောရှရာတစ်ခုဖြစ်သွားပေလိမ့်မည်။ ကြက်သွေးရောင်သွေးများ စိမ့်ထွက်လာကာ သူ၏လက်ဖဝါးမှ လက်ချောင်းထိပ်များထံ တစိမ့်စိမ့်စီးဆင်းပြီး တစ်စက်ပြီးတစ်စက်ကျဆင်းနေလိမ့်မည်။ သွေးရနံ့လှိုင်လှိုင်က မွန်းကျပ်စေလောက်အောင်ထွက်ပေါ်လာမှာဖြစ်သော်လည်း နံပါတ်များကို စိတ်ပျက်အားလျော့စွာရေတွက်ရသည့် နာကျင်မှုဖြင့်နှိုင်းယှဥ်ပါက ဘာမှမပြောပလောက်ချေ။  

သို့သော် ယခုမူ ခြားနားသွားပြီဖြစ်သည်။

ယခု သူ့မှာအိမ်ရှိပြီဖြစ်၏။ 

ပုပုက သူနေကောင်း မကောင်း ဂရုစိုက်ပေလိမ့်မည်။ လူကြီးမင်းဟယ်က သူနေကောင်း မကောင်း ဂရုစိုက်ပေလိမ့်မည်။ ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုဟူသော ခံစားချက်များကို သူတစ်ဦးတည်းခံစားရန် မလိုအပ်တော့ချေ။  

အချစ်ထက်ပို၍ခမ်းနားသည့် မြတ်နိုးအံ့သြဖွယ်ရာက အချစ်၏နောက်ကွယ်၌ လိုက်ပါလာခြင်းဖြစ်သည်။ 

“စုန့်ရန်...”

တစ်စုံတစ်ဦးက သူ့နောက်မှသိုင်းဖက်လာကာ သူ၏လက်ချောင်းများသည်လည်း ထိုပုဂ္ဂိုလ်၏လက်ဖဝါးတွင်း ကျရောက်သွားခဲ့သည်။ နွေးထွေးသောအသက်ရှူသံက ရင့်ကျက်သောအမျိုးသားတစ်ဦး၏ ရနံ့များရောထွေးလျှက် သူ၏ပါးပြင်ကိုဖြတ်သန်းသွား၏။ သူ ဝရန်တာအားအမှတ်တမဲ့ကြည့်လိုက်မိသည့်အခါ ပန်းများပွင့်နေပြီဖြစ်သောထိုနေရာတွင် လူသူကင်းမဲ့လျှက်ရှိလေသည်။  

“စုန့်ရန်...ကိုယ့်ရဲ့အချစ်...” 

သူ၏နားနားကပ်လျှက် ပြောလာသည့်အသံမှာ နူးညံ့ညှင်သာလှပြီး လွန်ဆန်ရန်ခက်ခဲသော ညှို့ဓာတ်တစ်မျိုးပျော်ဝင်နေ၏။

စုန့်ရန် ညှို့ယူခံလိုက်ရလေသည်။ သူက ဘောပင်ကိုချကာ ဦးခေါင်းကိုလှည့်လိုက်ပြီး ဟယ်ကျစ်ယွမ်၏ တဖြေးဖြေးနက်ရှိုင်းလာသည့်အနမ်းကို ငြိမ်သက်စွာခံယူလျှက် သူ့မျက်နှာနှင့်နှုတ်ခမ်းပေါ်ရှိ ရစ်ဝဲနေသောအထိအတွေ့များကို တောင့်မခံနိုင်ဖြစ်လာခဲ့ရသည်။ သူ၏ဝမ်းဗိုက်အောက်ပိုင်းက ပူလောင်ပြီးခြောက်သွေ့လာကာ တပ်မက်ခြင်းမှာကိုင်တွယ်ရန်ခက်ခဲလာခဲ့ပြီး တစ်ဦးနှင့်တစ်ဦးအပြည့်အဝပိုင်ဆိုင်လိုစိတ်များက ပြင်းထန်စွာတိုးပွားလာခဲ့သည်။ လူကြီးမင်းဟယ်က သူ့အားပွေ့ချီသွားကာ တံခါးကိုလော့ခ်ချလိုက်၏။ ထို့နောက် သူ့အားအိပ်ရာပေါ်ပစ်တင်လိုက်ကာ အဝတ်များကင်းမဲ့စေလျှက် သူ၏ခြေထောက်များကိုလည်းပြန့်ကားစေလိုက်၏။

အစောပိုင်းနွေရာသီ၏နေ့လည်ခင်း၌ စုန့်ရန် သူ၏ရှက်ဖွယ်ငိုကြွေးမြည်တမ်းသံများကို ကြားနေရသည်။ ပထမက ချုပ်တည်းထားသောညည်းသံများသာဖြစ်သော်လည်း ကြာလာသည်နှင့်အမျှ အလွန်ကျယ်လောင်လာကာ သူလုံးဝမထိန်းချုပ်နိုင်တော့ချေ။

ပုစဥ်းရင်ကွဲတို့၏ အော်မြည်သံများ...လေပြေအေးအေး...သီချင်းသေတ္တာ...။

နေရောင်ခြည်က ထိုးဖောက်ဝင်ရောက်လာကာ အပင်များမှာလည်း ရှင်သန်လန်းဆန်းနေကြသည်။ ကလေးငယ်နှင့်ကြောင်တစ်ကောင်က ဧည့်ခန်းအတွင်း၌ ဆော့ကစား၍နေ၏။

အရောင်နုနုများခြယ်သထားသည့် ပန်းချီကားထဲတွင် အိပ်ရာထက်ရှိခန္ဓာကိုယ်နှစ်ခုက ပြင်းထန်သောစည်းချက်နှင့်အညီ ယိမ်းထိုးနေကြလေသည်။ မီးတောင်ကြီးတစ်တောင်ပေါက်ကွဲသကဲ့သို့ ထိန်းချုပ်မှုကင်းလွတ်နေကြကာ လေထုကိုပင် တစ်ချက်ထဲနှင့်အပြည့်အဝဖျက်ဆီးတော့မလို ရှိနေကြ၏။ သို့သော် စုန့်ရန်က အဆုံးစွန်အထိ ပီတိဖြာဝေလျှက်ရှိသည်။ သူ၏ရှက်ရွံ့မှုအားလုံးကို ကိုယ်တိုင်ပပျောက်စေကာ သူအချစ်ရဆုံးလူသားကို သူ့အားပြင်းပြစွာချစ်ခွင့်ပေးလျှက်ရှိလေသည်။

ပျော်ရွှင်မှုက ဤမျှလျှင်မြန်စွာရောက်ရှိလာခဲ့သည်။

သူ ယုံပင်မယုံနိုင်ခဲ့ချေ။

စုန့်ရန်အရင်က တစ်စုံတစ်ယောက်ထံမှ တုန်နေအောင်အချစ်ခံရချင်ခဲ့ဖူးသည်။ သို့ရာတွင် အချစ်မခံခဲ့ရသောလူသားများက ယုံကြည်မှုနည်းပါးတတ်ကြကာ ယနေ့တွင်သူ့အားချစ်ပေးသည့်လူက နောက်တစ်နေ့၌ပျောက်ကွယ်သွားပြီး သူတစ်ယောက်ထဲ အထီးကျန်စွာကျန်ခဲ့ရမည်ကို စိုးရိမ်တတ်ကြ၏။ ချိုမြိန်မှုအားမြည်းစမ်းကြည့်ပြီးသည့်အချိန်တွင် မျှော်လင့်ချက်များကို ရိုက်ချိုးခံလိုက်ရပါက နောက်ထပ်ကြုံရမည့်မည်သည့်ကိစ္စမဆို ပိုမိုခါးသီးလာမှာပင်။

ခဏတဖြုတ်သာ ဘဝအတွင်းဝင်လာမည့်လက်တွဲဖော်များနှင့်စာလျှင် မည်သူမှဝင်မလာခြင်းက ပို၍ကောင်းမွန်ပေသည်။

အခြားလူပေးစွမ်းမည့်ပျော်ရွှင်မှုကို ငံ့လင့်နေရခြင်းနှင့်စာလျှင် ၎င်းကိုမလိုချင်ခြင်းက ပို၍သာလွန်ပေလိမ့်မည်။

သူက အခြားလူ၏နှလုံးသားကိုမမြင်နိုင်ပဲ သူ၏ကိုယ်ပိုင်နှလုံးသားကိုသာမြင်နိုင်ချေသည်။ ထို့ကြောင့် သူက ကလေးငယ်များအားစောင့်ရှောက်ရခြင်းကိုအလွန်နှစ်သက်ပြီး သူတို့အား များစွာချစ်ခင်ပေးလိုခြင်းဖြစ်သည်။ ကလေးငယ်တစ်ဦးက ချစ်ခင်ပေးခြင်းကိုတောင့်တလျှင် သူကထိုဆန္ဒကိုဖြည့်ဆည်းပေးမှာဖြစ်၏။ ကြံ့ခိုင်ခြင်းမရှိသည့်အပင်ငယ်လေးတစ်ပင်က ၎င်း၏အရိပ်အောက်ရှိ ပို၍သေးငယ်သည့် အကောင်ပေါက်ကလေးများကိုကာကွယ်ရန် အစွမ်းကုန်ကြိုးစားနေသကဲ့သို့ အသက်ရှင်ခြင်း၏တန်ဖိုးကိုမြှင့်တင်နေခြင်းဖြစ်သည်။ 

အနည်းဆုံးတော့ တစ်စုံတစ်ဦးအတွက်လေဒဏ်မိုးဒဏ်များကာကွယ်ပေးနေသည်မဟုတ်ပါလော။

သစ်ပင်ငယ်လေးမမျှော်လင့်ခဲ့သည့်အရာမှာ မြင့်မားသောသစ်ပင်ကြီးက ၎င်း၏နံဘေးတွင် ရုတ်တရက်ဝေဆာစွာကြီးထွားလာပြီး အရိပ်ကိုဖြန့်ကျက်ကာ သူသဘောကျနှစ်သက်သည့် ပျိုးပင်ပေါက်ငယ်လေးနှင့်အတူ သူ့အားကာကွယ်ပေးလိမ့်မည်ဟု။ 

အချစ်ကိုပေးဝေသူများသာ အချစ်ကိုရရှိနိုင်လိမ့်မည်။

စုန့်ရန် အရင်က ဤမျှမအေးချမ်းခဲ့ဖူးချေ။ သူက ငြိမ်းချမ်းစွာဖြင့် စိုစွတ်နူးညံ့သောမြေပြင်ပေါ် လဲလျောင်းနေကာ ကောင်းကင်တမျှကျယ်ပြောသည့်သစ်ပင်ကြီး၏ပုံရိပ်ကို မော့ကြည့်နေမိသည်။ ထို့နောက် သူက မျက်ဝန်းများကိုမှိတ်ကာ ၎င်း၏နှင်းရေစက်များကို သစ်ရွက်များနှင့်ခံယူနေမိ၏။ လေတိုက်ခတ်သွားသည့်အခါ တုန်ယင်သွားခဲ့ပြီး လေငြိမ်သွားသည့်အခါ၌မူ ပင့်သက်ရှိုက်မိလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ လိမ့်ဆင်းလာသောရေစက်တိုင်းတွင် အဆိုပါသစ်ပင်၏ရနံ့များရောပြွန်း၍နေလေသည်။

မနက် ၆နာရီတွင် စုန့်ရန် မကျေမနပ်ဖြင့်နိုးလာသည်။

စိတ်လှုပ်ရှားဖွယ်အိမ်မက်က အလွန်ပီပြင်လှ၏။ သူက တစ်ကိုယ်လုံးပျော့ခွေလျှက်ရှိပြီး ဆယ်မိနစ်ကြာသည်အထိ မထနိုင်သေးချေ။ သူ၏ဘောင်းဘီခွကြားက စိုထိုင်းစေးကပ်နေလေသည်။ သူအိပ်ယာခင်းကိုလှစ်လိုက်သည်နှင့် နာရီအမြောက်အများဖုံးအုပ်ခံထားရသည့် ရနံ့ပြင်းပြင်းထွက်ပေါ်လာကာ ၎င်း၏ထောင်မတ်နေမှုက သူ့မျက်နှာကိုပူလောင်လာစေ၏။

စုန့်ရန်တစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့်ရေချိုးခန်းထဲသွားကာ အတွင်းခံကိုဖွတ်လျှော်၍ ရေညှစ်ကာ အခြောက်ခံပြီးနောက် အိပ်ရာထံသို့ကုပ်ချောင်းချောင်းဖြင့်ပြန်ရောက်လာ၏။ ထို့နောက် ခေါင်းအုံးကြီးကြီးတစ်လုံးကိုဖက်၍ အိပ်ရာခေါင်းရင်းတွင်ထိုင်ကာ လူကြီးမင်းဟယ်အကြောင်းတွေးတော၍နေလေသည်။ သူထိုအမျိုးသားအကြောင်း စတင်တွေးတောလိုက်သည်နှင့် နောက်တစ်နာရီလုံးမရပ်တန့်နိုင်တော့ပဲ ဆက်တိုက်တွေးနေမိလေသည်။ လင်းဟွေ့က မနက်စာစားရန်တံခါးလာခေါက်သည့်အချိန်မှသာ အချစ်တွင်ပိတ်မိနေသည့်အခြေအနေမှ သူလန့်နိုးလာခဲ့ပြီး ပါးပြင်များနီစွေးလျှက်နှင့် စားသောက်ခန်းသို့ ရောက်သွားခဲ့၏။

လင်းဟွေ့က စုန့်ရန်၏ နီရဲနေသောပါးပြင်များနှင့် ဆန်ပြုတ်တစ်ပန်းကန်အား သုံးစက္ကန့်အတွင်းမော့သောက်လိုက်ပုံကိုကြည့်ကာ အဖျားကြောင့် ဦးနှောက် ကမောက်ကမဖြစ်သွားပြီဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူမက ကျန်းယွီဝင့်အား အပူချိန်တိုင်းရန်ပြောလိုက်၏။ စုန့်ရန်က သူ့ကိုယ်သူကာကွယ်လိုက်ကာ 

"အဖျားကကျနေပါပြီ...မယုံရင်ကိုယ်တိုင်စမ်းကြည့်ပါ...”

ကျန်းယွီဝင့်လက်လှမ်းလိုက်သည့်အခါ လင်းဟွေ့က ထိုလက်အား ကျင်လည်စွာပုတ်ထုတ်လိုက်၏။

"ကျွန်မ စမ်းကြည့်မယ်...”

သူမက ပြောပြောဆိုဆိုနှင့် စုန့်ရန်၏နဖူးကိုစမ်းလိုက်သည်။

"ဟုတ်တယ်...သူအဖျားကျနေပြီ...”

ထို့နောက် ဝေခွဲမရဟန်မေးလိုက်၏။

"ဘာလို့ရှင့်မျက်နှာက နီရဲနေရတာလဲ...”

"ဟမ်...ဘာလို့လဲဆိုတော့...ဆန်ပြုတ်...ဆန်ပြုတ်ကပူနေလို့လေ...”

စုန့်ရန် ဆန်ပြုတ်ကိုအပြစ်ပုံချလိုက်သည်။ 

"...”

လင်းဟွေ့က အပူငွေ့၏ရိုက်ခတ်မှုကြောင့်နီရဲနေသော ပုပု၏ပါးဖောင်းဖောင်းလေးကိုကြည့်လိုက်သည်။ ထို့နောက် ပုံမှန်အမူအရာဖြင့်ရှိနေသည့် ကျန်းယွီဝင့်ကိုကြည့်ကာ စနောက်ဟန်ပြုံးလိုက်၏။ 

"ရှင့်မျက်နှာပဲ ဘာလို့မနီပါလိမ့်...”

အကြွင်းမဲ့အလျှော့ပေးဟန်ဖြင့် ကျန်းယွီဝင့်ကပုခုံးတွန့်လိုက်ကာ သူရှေ့ရှိပန်းကန်လုံးအလွတ်ကို ရှေ့တိုးပေးလိုက်သည်။

"မစ္စ...ကျွန်တော့်ကိုဆန်ပြုတ်တစ်ပန်းကန်ပေးပါ...”

လင်းဟွေ့က တစ်စုံတစ်ခုကိုသဘောပေါက်နားလည်ဟန်ဖြင့် မီးဖိုခန်းအတွင်းသွားကာ ယောက်ချိုကိုကိုင်လျှက်ပြန်ထွက်လာ၏။ ထို့နောက် ကျန်းယွီဝင့်ရှေ့ကပန်းကန်လုံးထဲသို့ ဆန်ပြုတ်တစ်ခွက်အပြင် အီကြာကွေးကိုပါဆုချသည့်အနေဖြင့်ထည့်ပေးလိုက်သည်။ 

ဆန်ပြုတ်က ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်သာ ပြုလုပ်ထားသည့်အပြင် ပမာဏမှာလည်း သူ့အတွက်သွားကြားပင်မညှပ်ချေ။ သူ၏ဝမ်းဗိုက်ကအော်မြည်နေသံကိုပင် ကျန်းယွီဝင့်ကြားနေရကာ ခေါင်းအသာယမ်းလိုက်မိ၏။

ပုပုက တခစ်ခစ်ရယ်မောကာ အမှန်ကိုထုတ်ဖော်ပြောလိုက်သည်။

"အဲ့ဒါသားပန်းကန်လေ...သားရှေ့ကပန်းကန်ကမှ ဦးဦးဟာ..”

ကျန်းယွီဝင့်က လင်းဟွေ့ထံအကြည့်ရောက်သွားကာ ဓားသွားကဲ့သို့အေးစက်စက်အလင်းက သူ၏မျက်ဝန်းများ၌လက်ဖြာသွားသည်။

လင်းဟွေ့က တည်ငြိမ်စွာထလိုက်ကာ သူမ၏အေပရွန်ကိုဖယ်ရှားပြီးနောက် ကလေး၏ပန်းကန်လုံးနှင့် လူရွယ်၏ပန်းကန်လုံးကို နေရာမှန်ပြန်ထားပေးလိုက်သည်။ ထို့နောက် သူမ၏အိတ်ကပ်အတွင်းမှ အသည်းပုံရေညှိချပ်ကလေးကိုထုတ်ယူ၍ ကျန်းယွီဝင့်၏ပန်းကန်ထဲသို့ထည့်ပေးလျှက် ချစ်စဖွယ်အမူအရာလေးပြုလုပ်လိုက်၏။

တစ်ဖက်လူ၏တုံ့ပြန်မှုကိုမစောင့်ဆိုင်းပဲ သူမကနေရာတွင်ပြန်ထိုင်ကာ ဇွန်းကိုကောက်ယူ၍ ပန်းကန်လုံး၏နှုတ်ခမ်းကိုခေါက်လိုက်သည်။

"အစာစားနေတုန်းစကားမပြောရဘူး...အချိန်မှန်မှန်အိပ်ရာဝင်ရမယ်...ဘယ်သူမှစကားမပြောကြနဲ့တော့...”

ကျန်းယွီဝင့်က အရူးတစ်ယောက်သဖွယ်ပြုံးရယ်လျှက် ဆန်ပြုတ်ကိုသောက်နေလေသည်။

စုန့်ရန် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရ၏။

ဤရက်အနည်းငယ်အတွင်း သူသည်လည်းအလုပ်မလုပ်ရသလို ပုပုသည်လည်းကျောင်းမသွားရသဖြင့် သူတို့နှစ်ဦးအတူတကွ အိမ်၌အနားယူရင်းအားပြန်မွေးနေကြသည်။ ကျန်းယွီဝင့်နှင့်လင်းဟွေ့သည်လည်း သူစိမ်းနှစ်ဦးအဖြစ်မှ လိုက်ဖက်သောစုံတွဲအဖြစ် မမျှော်လင့်ထားသောအချိန်တိုအတွင်း မြန်မြန်ဆန်ဆန်အဆင့်တက်သွားကြ၏။ သူတို့နှစ်ဦးအတူတကွပူးပေါင်းကာ လူနာနှစ်ဦးအား အစာစားရန်၊ အိပ်ရန်၊ ဆေးသောက်ရန်၊ အနားယူရန် စသဖြင့် အချိန်ဇယားနှင့်အညီလုပ်ဆောင်ရန်တိုက်တွန်းကြလေသည်။ 

ကျန်းယွီဝင့်သာ လမ်းပြခွေးတစ်ကောင်ဆိုပါက လင်းဟွေ့မှာ ၎င်း၏ပိုင်ရှင်ဖြစ်လေသည်။ နေ့တိုင်းပင် လင်းဟွေ့က ပုပုနှင့်စုန့်ရန်အတွက် အရသာရှိသောဟင်းလျာများပြင်ဆင်ပေးသော်လည်း ဆရာဝန်ကျန်းအတွက်မူ မပါဝင်ချေ။ သို့သော် ဆရာဝန်ကျန်းက အနည်းငယ်တောင်းဆိုကာ ချစ်စရာကောင်းစွာပြုမူလိုက်သည်နှင့် လင်းဟွေ့က Tsundere အဆင့်များစွာအားခုန်ပေါက်ဆင်းသွားကာ သူ့အတွက်အစားအသောက်ကောင်းများချက်ချင်းပြင်ဆင်ပေးပြီး သက်သက်ဖယ်ထားပေးလေ့ရှိလေသည်။ 

(T/N - tsundere ဆိုတာက ကိုယ်သဘောကျနေတဲ့လူရှေ့မှာ မကြိုက်သလိုအေးတိအေးစက်နဲ့နေပြီး ဟန်ဆောင်တတ်တဲ့ သူကိုခေါ်တာပါ)

Xxxxxxxx