MM Storyteller
Webnovel Translations
အပိုင်း ၄၉
Viewers
10k
Chapters
98
Chapter 49
ကျန်းယွီဝင့်ကလည်း လိုလိုလားလားပင် ပူးပေါင်းပေးလေ့ရှိသည်။
စုန့်ရန်က အဆိုပါအချစ်စမ်းနေသောစုံတွဲကြားရှိ အဖြစ်အပျက်လေးများကို သေချာဂရုပြုလေ့လာလျှက်ရှိ၏။ အနာဂတ်တွင် လူကြီးမင်းဟယ်ပြန်လာသည့်အခါ လူကြီးမင်းဟယ်၏ဝေစုကို ရံဖန်ရံခါသိမ်းထားလိုက်မည်။ တစ်ဖက်လူက ဝမ်းနည်းစွာညည်းတွားလာသည့်အခါမှ ပျော်စရာကြီးကြီးမားမားဖန်တီးပေး၍ အံ့သြအောင်ပြုလုပ်မည်။
ဤနေ့လည်ခင်း၌ ကျန်းယွီဝင့်စောင့်ကြည့်နေသည့်ကြားမှ စုန့်ရန် သူ၏အလုပ်စားပွဲပေါ်မှ စာရွက်အနည်းငယ်ကိုခိုးယူနိုင်ခဲ့၏။ ထို့နောက် ကတ်ထူအဖုံးနှင့်စာအုပ်ကို စာရွက်အောက်ထိုးထည့်လိုက်ကာ အိပ်ရာခေါင်းရင်းတွင်ထားလိုက်ရင်း ပုံကြမ်းစတင်ရေးခြစ်လိုက်၏။ 'လှော်တက်များကိုရှာနေသည့် လှေငယ်လေး' ပုံကြမ်းက နှစ်ပါတ်အတွင်းအပ်ရမှာဖြစ်ကာ တစ်ပါတ်ကုန်သွားပြီဖြစ်သည်။ အကယ်၍ အချိန်မီမအပ်နိုင်ပါလျှင် အခကြေးငွေသာမက သူ၏ဂုဏ်သတင်းကိုလည်း ထိခိုက်နိုင်လေသည်။
ပုပုက လိမ္မော်ရောင်ခြုံစောင်ကလေးကိုခြုံ၍ နေ့လည်ခင်းတရေးတမောအိပ်စက်နေလေသည်။
တစ်ချိန်လုံး ပုပု၏အိပ်စက်ပုံအနေအထားက ပြောင်းလဲလျှက်ရှိ၏။ အိမ်မက်ထဲတွင် ဆန်းကြယ်သောအရာတစ်ခုနှင့်တွေ့နေပုံရကာ နှုတ်ခမ်းကလေးလှုပ်စိလှုပ်စိဖြစ်နေရင်း တစ်ဖက်သို့လိမ့်သွားသည်။ ထို့နောက် စောင်ကို သူ၏ခြေထောက်ဖောင်းဖောင်းကလေးဖြင့် ကန်ထုတ်လိုက်၏။ သူ၏အဝါရောင်ဘဲရုပ်အတွင်းခံလေးနှင့် လုံးဝန်းသောဗိုက်ကလေးက ပေါ်လွင်လျှက်ရှိသည်။
စုန့်ရန်က ခဲတံကိုချကာ စောင်ကိုနေရာတကျပြန်ခြုံပေးလိုက်သည်။ သူပုံပြန်ဆွဲဖို့ပြင်လိုက်သည်နှင့် သက်ဝင်လှုပ်ရှားသည့်ဖုန်းသံက ခေါင်းအုံးဘေးမှထွက်ပေါ်လာခဲ့လေသည်။
ဖျပ်...
သူ၏လက်ထဲရှိခဲတံက အိပ်ရာခင်းပေါ်သို့ကျသွားခဲ့သည်။
၎င်းမှာ လူကြီးမင်းဟယ်၏ဖုန်းအဝင်ခေါ်ဆိုမှုအတွက် လွန်ခဲ့သောတစ်နာရီက သူအထူးတလည်ထည့်သွင်းထားခဲသည့် ဖုန်းသံဖြစ်သည်။
စုန့်ရန်က မြင့်တက်လာသောပီတိများအားမထိန်းချုပ်နိုင်ပဲ ပင်ပေါင်ဘောလုံးကဲ့သို့ ခုန်ပေါက်လိုက်သဖြင့် ပက်လက်ကလေးအိပ်နေသောပုပုကိုပင် နှိုးမိတော့မလိုဖြစ်သွားခဲ့ရ၏။ သူက ဖုန်းကိုဆွဲယူလိုက်ကာ သုံးကြိမ်သုံးခါအသက်ရှူလိုက်ရင်း ဖြေဆိုသည့်ခလုတ်ကို တည်တည်ငြိမ်ငြိမ်နှိပ်လိုက်၏။ သို့သော် ထိုအချိန်မှာပင်တစ်စုံတစ်ခုကိုရုတ်တရက်သတိရသွားကာ ခေါင်းကိုလှည့်၍ ဝရန်တာကိုကြည့်လိုက်မိသည်။
ဆယ့်နှစ်ထပ်ဝရန်တာ၏အဝတ်လှမ်းစင်၌ သူ မနေ့ညကဝတ်ခဲ့သောအတွင်းခံဘောင်းဘီက လေအဝှေ့တွင် ဘယ်ညာလွှဲယမ်းလျှက်ရှိနေသည်။
သူ၏ပါးပြင်များ၌ မီးလုံးနှစ်လုံးစတင်လောင်ကျွမ်းလာခဲ့၏။
ပန်းရောင်အလွှာတစ်ခုက စုန့်ရန်၏ မျက်ခမ်းထောင့်များမှတဆင့် လည်တိုင်အထိဆင်းသက်သွားကာ 'ဟဲလို' ဟူ၍ပင် ဖုန်းမဖြေနိုင်ဖြစ်သွားခဲ့လေသည်။
.............
၁၀ရက်မြောက်နေ့...၃နာရီ ၉မိနစ်
ညသန်းခေါင်ယံတွင် မိုးများတဟုန်ထိုးရွာသွန်းလေသည်။
ရုံးအဆောက်အဦး၏ မီးများက တစ်ခုပြီးတစ်ခုငြိမ်းသက်သွားကာ ကားပါကင်နေရာ၌ရှိသော ဒါဇင်ချီကားများသည်လည်း ထွက်ခွာသွားကြသည်။ လမ်းမီးရောင်ဝါကျင့်ကျင့်က ကား၏လေကာများနှင့် ခေါင်မိုးပေါ်သို့ဖြာကျလျှက်ရှိလေသည်။
ဟယ်ကျစ်ယွမ်က ကားစက်ပင်မနှိုးရသေးချေ။ ထိုအစား သူက ကားမောင်းသူထိုင်ခုံကိုမှီလိုက်ကာ ဘလူးတုနားကြပ်ကိုဝတ်ဆင်လျှက် မျက်ဝန်းများကိုမှိတ်လိုက်သည်။
မိုးရေစက်များက ကားမှန်ရှေ့ပြတင်းတွင် အဆုံးအစမဲ့ရွာကျလျှက်ရှိကာ ကားအတွင်းပိုင်းက မဲမှောင်အေးစက်လျှက်ရှိသည်။
ကြာမြင့်ပြီးများပြားသောအလုပ်များက သူ့ကိုစိတ်ရောကိုယ်ပါနွမ်းနယ်စေသည်။ သူက သက်တောင့်သက်သာရှိလှသည့် အိပ်စက်မှုအား တောင့်တလျှက်ရှိသည်။ သို့သော် ထူးဆန်းစွာပင် အိမ်ကိုကားမောင်းပြန်ကာ ရေပူနှင့်ရေချိုး၍ ဝိုင်နီတစ်ခွက်သောက်သုံးလျှက် နှစ်ယောက်အိပ်ကုတင်ပေါ်ရှိ နူးညံ့လှသည့်ပီမာချည်ခေါင်းအုံးများအတွင်း ပစ်မလှဲအိပ်လို။ ယခုအချိန်၌ သူလိုချင်သည့်အရာအားလုံးမှာ တစ်စုံတစ်ယောက်ကို သူနှင့်အတူစကားပြောစေလိုခြင်းသာဖြစ်သည်။
အဆိုပါဇိမ်ခံပစ္စည်းများပြည့်နှက်နေသည့်အိမ်အား စောပြန်ခြင်း၊ နောက်ကျပြန်ခြင်းက ဘာမှမထူးခြားချေ။
ထို့ကြောင့် သူက စုန့်ရန်၏နံပါတ်များကိုနှိပ်ကာ ဖုန်းခေါ်ဆိုလိုက်လေသည်။
ဆယ်ကြိမ်မကဖုန်းပြောခဲ့ပြီးပြီးဖြစ်သော်လည်း စုန့်ရန်က စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သူတို့နှစ်ဦးကြားရင်းနှီးမှုက ပိုမိုတိုးပွားလာသော်လည်း သူ၏လျှာမှာ အထုံးထုံးထားသကဲ့သို့ဖြစ်နေကာ သူ့အားစကားထစ်စေလျှက် ပျက်နေသောရေဒီယိုတစ်လုံးနှယ် အသွင်ဆောင်နေ၏။
သူ၏ပုံစံကလေးမှာ ရှက်ဖွယ်လျှို့ဝှက်ချက်တစ်ခုခုအား အပြစ်ရှိစိတ်လေးတစ်စွန်းတစ်စဖြင်် ဖုန်းကွယ်ရန်ကြံနေပုံပေါ်နေသဖြင့် ဟယ်ကျစ်ယွမ် မနေနိုင်ပဲပြုံးလိုက်မိ၏။ သူက လူငယ်လေး၏စကားသံကိုနားထောင်ရင်း ကျေနပ်ရောင့်ရဲစွာဖြင့် အကြောဆန့်လိုက်မိသည်။
“မင်းအသံကအရမ်းတိုးနေတယ်...ဘေးမှာတစ်ယောက်ယောက်ရှိလို့လား...”
“ဟုတ်...ဟုတ်ကဲ့...ပုပုက ကျွန်တော့်အိပ်ရာပေါ်မှာနေ့လည်ခင်းတရေးတမောအိပ်နေတယ်...သူ့ကိုကြည့်ရတာ အရမ်းသက်တောင့်သက်သာအိပ်နေပုံပဲ...တစ်နာရီအတွင်း စောင်ကိုကန်ထုတ်တာနှစ်ခါရှိပြီ...”…
စုန့်ရန်က စောင်အသေးလေးကိုယူကာ ပုပု၏ပုခုံးထိလွှားပေးလိုက်သည်။
“ခင်ဗျားရော...ခင်ဗျားအသံက တက်တက်ကြွကြွမရှိသလိုပဲ...အိမ်ပြန်ရောက်ပြီလား...”
ဟယ်ကျစ်ယွမ် သန်းဝေလိုက်သည်။ “ဟင့်အင်း...ကိုယ်ကားထဲမှာပဲရှိသေးတယ်...”
အံ့သြစွာဖြင့် စုန့်ရန်နှုတ်မှလွှတ်ခနဲ့ထွက်သွားသည်။
“ခင်ဗျားနေရာမှာအခုဆို ညသန်းခေါင်တောင်ကျော်နေလောက်ပြီ...အလုပ်အရမ်းများနေတာလား...”
ဟယ်ကျစ်ယွမ်က ကားထဲရှိနာရီကိုကြည့်လိုက်မိသည်။ ၎င်းက ၀ နာရီ ၉မိနစ်ရှိပြီဖြစ်၏။
သူကတကယ့်ကိုဂရုစိုက်တတ်သော ကလေးပင်ဖြစ်သည်။ အချိန်ကွာခြားမှုကို ဤမျှမြန်ဆန်စွာ တွက်ချက်နိုင်လေသည်။
သူက ပြုံးလျှက် မျက်ဝန်းများမှိတ်ကာ နောက်ကိုမှီလိုက်သည်။
“လာမယ့်ရက်အနည်းငယ်အတွင်း ကုမ္မဏီက ထုတ်ကုန်တစ်ခုကိုတင်ပြဖို့ရှိတယ်လေ...အဆင့်မြှင့်တဲ့ထုတ်ကုန်တွေအပြင် အသစ်စက်စက်ထုတ်ကုန်တစ်ခုလည်းပါမှာဆိုတော့ အရေးကြီးတဲ့ဖွံ့ဖြိုးရေးအမှတ်ကိုရောက်နေတယ်လို့ ပြောလို့ရတာပေါ့...ဌာနတွေအကုန် အလုပ်ရှုပ်နေကြတယ်...အခြားကုမ္မဏီတွေလည်းဒီလိုပဲ...ကိုယ့်မှာ ယုံကြည်ရတဲ့ VP အင်ဂျင်နီယာတွေရှိတော့ အရမ်းတော့မခက်ခဲပါဘူး...”
ပစ္စည်းအသစ်မိတ်ဆက်ပွဲလား...
စုန့်ရန် နှစ်ကြိမ်မျှမျက်တောင်ခတ်လိုက်သည်။ 8012B ဆောင်ရှိ နူးညံ့ပြီးချစ်စရာကောင်းသော ပိုးအိမ်လုံးကိုမြင်ယောင်ကာ သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ထုတ်ကုန်အသစ်ဆိုတာ...ရှောင်ကျူကိုပြောတာလား...”
ဟယ်ကျစ်ယွမ်က ခဏတွေးလိုက်ကာ ရှင်းပြလာသည်။
“အပြည့်အဝတော့မဟုတ်ဖူး...မင်းတွေ့ရတဲ့ရှောင်ကျူက အဓိကလုပ်ဆောင်ချက်ဖယ်ရှားထားတဲ့ မူရင်းပုံစံပဲရှိသေးတာ...သူ့ရဲ့အသွင်အပြင်ကတောင် နောက်ဆုံးပုံစံမဟုတ်သေးဘူး...အဲ့ဒါကို ကိုယ့်အိမ်မှာထားရတဲ့အကြောင်းရင်းက လုံခြုံရေးအတွက်သက်သက်ပဲလေ...သူ့ရဲ့နောက်ဆုံးပုံစံက ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်...ကိုယ်မင်းကိုခုတော့ အသေးစိတ်ရှင်းပြလို့မရသေးဘူး...ဒါပေမယ့် နည်းနည်းကြာတာနဲ့ ကိုယ်မင်းနဲ့ပုပုကစားဖို့ တစ်ခုယူလာခဲ့ပါ့မယ်...ဟုတ်ပြီလား...”
“ဟုတ်ပြီ...” စုန့်ရန်က အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့သည်။
“ဒါဆို...ရှောင်ကျူ့မှာ ကြော်ငြာဗီဒီယိုတွေရှိလာမှာလား...black technology ပုံစံမျိုးလေ...”
T/N -‘Black technology’ ဆိုသည်မှာ လက်တွေ့လောကနှင့်အလွန်ကွာဝေးသည့် နည်းပညာကိုဆိုလိုသည်။
“Apple's လိုမျိုးစတိုင်ကိုပြောနေတာလား...”
“ဟုတ်တယ်...ဟုတ်တယ်...”
စုန့်ရန်က ကြက်သွန်ဖြူထောင်းသည့်စက်သဖွယ် ခေါင်းကိုခပ်သွက်သွက်ညှိတ်လိုက်မိသည်။
ဟယ်ကျစ်ယွမ်က ပါးပြင်များပင်အနည်းငယ်ရွေ့လျားသွားသည်အထိ ရယ်မောလိုက်သည်။ သူက နှာခေါင်းကိုပွတ်လိုက်ရင်း
“မင်းကိုစိတ်ပျက်သွားစေတဲ့အတွက် ကိုယ်စိတ်မကောင်းပါဘူး...ရှောင်ကျူကချစ်စရာကောင်းနေတော့ သူ့အတွက်ကြော်ငြာဗီဒီယိုကလည်း ချစ်စရာကောင်းတဲ့ပုံပေါက်နေမှာ...အကယ်၍ မင်းက 'super black technology' လိုမျိုးအရာတွေကိုသဘောကျတယ်ဆိုရင် သူ့ရဲ့အကိုတွေဖြစ်တဲ့ S7 နဲ့ T7 ရှိတယ်လေ...သူတို့ရဲ့ကြော်ငြာဗီဒီယိုကိုတော့ မင်းစိတ်ကျေနပ်မှာပါ...”
“ကျွန်တော်...ကျွန်တော်အဲ့ဒါကိုအရမ်းမကြိုက်ပါဘူး...ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးကို ပိုပြီးသဘောကျတာပါနော်....”
စုန့်ရန်က နားရွက်ကလေးကိုကုတ်ကာ ကိုယ့်စကားကိုယ်အစပြန်ဖော်လိုက်သည်။
“လူကြီးမင်းဟယ်...ခင်ဗျားအဲ့ဒီ့မှာတစ်ယောက်ထဲနေတာလားဟင်...ခင်ဗျားကိုဂရုစိုက်ပေးမယ့်လူမျိုးရှိလား...”
“တစ်ပါတ်တစ်ခါ သန့်ရှင်းရေးခေါ်တာကလွဲလို့ ကိုယ်တစ်ယောက်ထဲပါပဲ...”
“အဲ့လိုဆိုရင်…” စုန့်ရန်၏ပုခုံးလေးနှစ်ဖက် ငိုက်ကျသွားကာ မှတ်စုစာအုပ်ပေါ် မေးတင်လိုက်မိသည်။
“ခင်ဗျားအတွက်ခက်ခဲမှာပဲ...အိမ်ပြန်ရောက်ရင် ခင်ဗျားကိုစောင့်နေမယ့်လူ ဘယ်သူမှမရှိဘူးပေါ့နော်...”
ဟယ်ကျစ်ယွမ် ပြုံးလိုက်မိ၏။ “အဲ့ဒါကမင်းရဲ့နှလုံးသားကို နာကျင်စေလို့လား...”
စုန့်ရန် မဆိုင်းမတွပင်ခေါင်းညှိတ်လိုက်သည်။
“သေချာပေါက်ခံစားရတာပေါ့...”
ပြောပြီးသည်နှင့် သူ့နဖူးသူအသာပြန်ရိုက်လိုက်မိသည်။
—ဘာတွေလျှောက်ပြောနေတာလဲ...သူနဲ့တူတူရှိတာမှ တစ်ရက်တောင်မပြည့်သေးဘူးကို...ဒီလိုပဲ ခံစားချက်တွေကိုထုတ်ပြောစရာလား...ဒီတိုင်းဆို.နောက်ပိုင်းဘယ်လိုလုပ်ပြီး နူးနူးညံ့ညံပြောနိုင်တော့မှာလဲ...
သူက ခေါင်းကိုက်လာကာ နူးညံ့စွာပြောရန် အကောင်းဆုံးကြိုးစားလိုက်သည်။
“လူကြီးမင်းဟယ်...အနာဂတ်မှာ ကိုယ်တစ်ယောက်ထဲဖြတ်သန်းစရာမလိုတော့ပါဘူး...ကျွန်တော်နဲ့ပုပုကိုပါ ခေါ်သွားလေ...အဲ့လိုဆို ကျွန်တော်က အနည်းဆုံးတော့ ခင်ဗျားညဘက်အိမ်ပြန်လာရင် စကားပြောပေးလို့တော့ရတာပေါ့...”
အဆိုပါစကားများကို စုန့်ရန်သူ့အား တွေ့ပင်မတွေ့ရသေးသည့်အချိန်တွင် ကြားလိုက်ရခြင်းဖြစ်သည့်အတွက် ဟယ်ကျစ်ယွမ် မျက်ဝန်းများကိုဖြည်းညှင်းစွာဖွင့်လိုက်မိသည်။ သူက ကားမျက်နှာကျက်အားတိတ်တဆိတ်ငေးကြည့်နေရင်း သူ့ကိုယ်သူပြန်လည်၍ထိန်းချုပ်ကာ ထထိုင်လိုက်၏။
“ကိုယ်ခုနကအထိ ပင်ပန်းနေခဲ့တာ...ဒါပေမယ့် မင်းတို့နှစ်ယောက်ကိုတွေ့ရတော့မှာလို့တွေးလိုက်တာနဲ့ နေရတာပိုကောင်းလာသလိုပဲ...”
ဟယ်ကျစ်ယွမ်က ခါးပါတ်ပတ်ကာ ကားစက်နှိုးလိုက်သည်။
“ကိုယ်အိမ်ကိုဆယ့်ငါးမိနစ်နေရင် ပြန်ရောက်မှာဆိုတော့ လမ်းတစ်လျှောက်ကိုယ့်ကိုအဖော်ပြုပေးရမယ်ဆိုရင် မင်းစိတ်ရှိမလား...”
စုန့်ရန် အမြန်ပြောလိုက်၏။ “ကျွန်တော် စိတ်မရှိပါဘူး...”
ဆယ့်ငါးမိနစ်အကြာတွင် သူတို့နှစ်ဦးအမှန်တကယ်တွေ့ရမည်မဟုတ်မှန်း နှစ်ဦးလုံးရှင်းလင်းစွာသိသော်လည်း အဆိုပါစကားလုံးများက နှိုင်းယှဥ်မရအောင်နွေးထွေးစေနိုင်၏။
သန်းခေါင်ယံအချိန်ဖြစ်သော်လည်း ယာဥ်များမှာ ဟိုင်းဝေးလမ်းမပေါ်၌ရှိနေဆဲဖြစ်သည်။ ဟယ်ကျစ်ယွမ်က အရှိန်လျော့ခုံးများကိုကျော်ဖြတ်၍ ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသည့် လမ်းမပေါ်သို့ ကားကိုဦးတည်လိုက်လေသည်။
“ပုပုနဲ့မင်းတို့ နေကောင်းရဲ့လား...အားပြန်ဖြည့်တာရော အခြေအနေဘယ်လိုရှိလဲ...”
ဟယ်ကျစ်ယွမ်က နွေးထွေးစွာမေးလေသည်။
စုန့်ရန်က သူ၏နံဘေးတွင် ငြိမ်းချမ်းစွာအိပ်စက်နေသည့် ပုပုထံအကြည့်ရောက်သွားကာ သူကလေး၏ဆံနွယ်နုနုကလေးများကို ပွတ်သပ်လိုက်မိသည်။
“ပုပုမနေ့က အဖျားပျောက်သွားပြီ...သူ့ရဲ့အစားစားချင်စိတ်လည်း အရင်အတိုင်းပုံမှန်ပြန်ဖြစ်လာပြီ...ဒီနေ့...အမ်...နေပါဦး...ဒီနေ့ဆို သူအနီစက်တွေထပ်မထွက်တော့ဘူးလေ...ကြည့်ရတာ ရက်နည်းနည်းကြာရင် အကုန်ပျောက်သွားမယ့်ပုံပဲ...ခင်ဗျားနဲ့တွေ့တဲ့အခါကျရင် အရင်လိုဖြူဖွေးပြီးသန့်ရှင်းတဲ့မျက်နှာလေးပြန်ဖြစ်နေလောက်ပြီ...”
“ဒါဆိုမင်းကရော...” ဟယ်ကျစ်ယွမ် မေးလိုက်သည်။ “အဖျားကျပြီလား...”
စုန့်ရန် ခေါင်းညှိတ်လျှက်ဆို၏။ “ဒီနေ့မနက်ပဲ ကျသွားပြီ...နေ့လည်ကဆရာဝန်ကျန်း ကျွန်တော့်ကိုအပူချိန်တိုင်းပေးခဲ့တယ်လေ...၃၇.၇ ဒီဂရီစင်တီဂရိတ်ပဲရှိတော့တယ်...ကျွန်တော်လည်း ကိုယ်ပူကျသွားတယ်လို့ခံစားမိတယ်...”
၎င်းမှာ သတင်းကောင်းတစ်ခုဖြစ်သည်။ သို့သော်...
“ဘာလို့ရုတ်တရက်ကြီး ၃၉ ဒီဂရီစင်တီဂရိတ်ထိ အဖျားကြီးသွားရတာလဲ...”
ဟယ်ကျစ်ယွမ် အဓိကအချက်ကိုဖမ်းဆုပ်မိလိုက်၏။
.
စုန့်ရန်က ခြောက်ကပ်ကပ်လေးပြုံးရင်း အပြစ်မကင်းစိတ်ဖြင့် လက်သည်းများကိုတတိတိကိုက်လိုက်မိသည်။
“အဲ့ဒါက...ဆရာဝန်ကျန်းပြောတာတော့...အအေး...အအေးမိတာကြောင့်ဖြစ်နိုင်တယ်တဲ့...အာ...ဖြစ်နိုင်တာ ကျွန်တော်မဖျားတာကြာလို့ထင်တယ်...ရှားရှားပါးပါးတစ်ခါဖျားလိုက်တာနဲ့ ဒီလောက်ပြင်းထန်သွားတာနေမှာ...”
ဟယ်ကျစ်ယွမ်က 'အအေးမိသည်' ဟူသောစကားစုကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။ သူက တစ်စုံတစ်ခုအား အမှတ်ရသွားခဲ့၏။
“Happy Valley ကိုသွားတဲ့နေ့တုန်းက မင်းလည်းရေစိုလာခဲ့တယ်မဟုတ်လား...”
စုန့်ရန် ထိတ်လန့်သွားခဲ့ရ၏။
“ခင်...ခင်ဗျား အဲ့ဒါကိုသိတယ်လား...”
ဟယ်ကျစ်ယွမ် ပုခုံးသာတွန့်လိုက်မိသည်။
သူ သေချာပေါက်သိတာပေါ့...
သူတို့ Happy Valley မှပြန်လာသည့်နေ့က စုန့်ရန်သူ့ကိုတဆင့်ပေးပို့သည့်ပုံများတွင် လင်းဟွေ့က စုန့်ရန်အားတိတ်တဆိတ်ရိုက်ကူးထားသည့် ဓာတ်ပုံများပါဝင်လေသည်။ ၎င်းတို့အထဲရှိတစ်ပုံမှာ စုန့်ရန်ငုတ်တုတ်လေးထိုင်၍ ပုပုအားရေသုတ်ပေးနေသည့်ပုံဖြစ်သည်။ ထိုစဥ်က ပုပု၏အင်္ကျီများရေစိုနေ့ခဲ့သည်ကိုသာ ဟယ်ကျစ်ယွမ်သတိပြုမိလဲ့သည်။ ယခုပြန်တွေးကြည့်သည့်အခါ၌မူ စုန့်ရန်၏ဆံပင်နှင့်အင်္ကျီမှာလည်း ရေစိုနေခဲ့ကြောင်း သတိရသွားခဲ့၏။ နောက်ပိုင်းပုံများတွင် ပုပုက သန့်ရှင်းခြောက်သွေ့သော အင်္ကျီဘောင်းဘီဝမ်းဆက်ကို လဲလှယ်ဝတ်ဆင်ထားသော်ငြား စုန့်ရန်ကမူ တစ်ဝက်စိုနေသောအင်္ကျီနှင့်သာ တစ်လျှောက်လုံးနေခဲ့ခြင်းဖြစ်လေသည်။
အကယ်၍ ထိုအကြောင်းကြောင့် စုန့်ရန်အအေးမိသွားခဲ့သည်ဆိုလျှင် ပုပု၏ဖခင်တစ်ဦးအနေဖြင့် သူအပြစ်မကင်းချေ။
Xxxxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN