အပိုင်း ၅၀
Viewers 9k

Chapter 50

အကယ်၍ ထိုအကြောင်းကြောင့် စုန့်ရန်အအေးမိသွားခဲ့သည်ဆိုလျှင် ပုပု၏ဖခင်တစ်ဦးအနေဖြင့် သူအပြစ်မကင်းချေ။ 

ဟယ်ကျစ်ယွမ်က အဆိုပါဓာတ်ပုံရှိ ပုပု၏သက်ဝင်လှုပ်ရှားကာ လွတ်လပ်သောဟန်ပန်လေးကြောင့် စိတ်သက်သာရာရရမည်လား၊ ထိုကလေးငယ်၏လွန်ကဲသောကျီစယ်မှုကြောင့် စိတ်ဆိုးရမည်လားမသိတော့ချေ။ သူ၏စိတ်အစဥ်က ဝေဝါးလျှက် စတီယာတိုင်ကိုအကြိမ်အနည်းငယ်ရိုက်လိုက်၏။ 

“ပုပု အဲ့ဒီ့နေ့က ဘယ်လိုဖြစ်ပြီးစိုရွှဲသွားတာလဲ...”

စုန့်ရန်က အမှန်ကိုမဖုံးကွယ်ဝံ့ပဲ ရိုးသားစွာဖြေလိုက်သည်။ 

“လင်းဟွေ့နဲ့ကျွန်တော်က ရေခဲမုန့်ဝယ်ဖို့သူ့ကိုခဏအကြည့်လွှဲမိတာနဲ့...သူ...သူရေပန်းနားကိုပြေးသွားခဲ့တာလေ...” 

“ဒီတော့...မင်းသူ့ကိုပြန်ခေါ်ခဲ့တာလား...”

“အွန်း..” စုန့်ရန်ကပြောလိုက်သည်။ “ကျွန်တော်တွေ့တော့ သူ့တစ်ကိုယ်လုံးရွှဲနေတာနဲ့ ဘာမှတွေးနေချိန်တောင်မရဘူး...မြန်မြန်သွားခေါ်လိုက်တာ...”

ခဏတာတိတ်ဆိတ်သွားပြီးနောက် ဟယ်ကျစ်ယွမ်က ထပ်မေးလိုက်၏။

 “သူ့ကိုပြန်ခေါ်လာပြီး ခြောက်အောင်သုတ်ပေး၊ အဝတ်လဲပေးပြီးတော့ရော အဲ့ဒီ့လိုလုပ်တာမှားတယ်ဆိုတဲ့အကြောင်း မင်းဆူခဲ့သေးလား...” 

“ဟမ်...” စုန့်ရန်လန့်သွားသည်။

 “ကျွန်တော်...ကျွန်တော်မဆူခဲ့မိဘူး...”

“တစ်ခွန်းတောင်မဆူခဲ့ဘူးပေါ့လေ...”

စုန့်ရန် အပြစ်ရှိသလိုခံစားလာရသည်။ “ဟင့်အင်း...”

ထင်တဲ့အတိုင်းပဲ...

သူခန့်မှန်းထားတာနဲ့ နည်းနည်းလေးတောင်မလွဲဘူးပဲ...

မိုးကပို၍သည်းထန်စွာရွာသွန်းလာ၏။ ဗွက်အိုင်ငယ်များ လမ်းမပေါ်တွင်ပေါ်ပေါက်လာကာ ရှေ့ကားက ၎င်းတို့ထဲမှတစ်ခုအား ဖြတ်၍မောင်းနှင်လိုက်သည့်အခိုက် ရေမှုန်ရေမွှားများစွာက ဟယ်ကျစ်ယွမ်၏အမြင်ကို မှုန်ဝါးသွားစေခဲ့သည်။ သူက ရှေ့ကားနှင့်အနည်းငယ်ခွာ၍မောင်းကာ လေကာများကိုအရှိန်မြှင့်လိုက်၏။ ထို့နောက် နူးညံ့စွာပြောလာသည်။ 

“စုန့်ရန်...ပွင့်ပွင့်လင်းလင်းပြောရရင် မင်း ကလေးကိုပျိုးထောင်တဲ့နေရာမှာလည်း ပြဿနာလေးတွေရှိတယ်...မင်းနဲ့ကိုယ်ကအစွန်းရောက်နေကြတာပဲ...ကိုယ်ကအရမ်းအေးစက်ပြီး...မင်းကတော့ ပုပုကိုအရမ်းအလိုလိုက်တယ်...ပုပုကြီးပြင်းလာတာနဲ့ပတ်သတ်ပြီး ကိုယ်ရောမင်းရော ကောင်းကောင်းမလုပ်နိုင်ကြသေးဘူး...တစ်ခုတော့ရှိတာပေါ့...” 

သူက ခဏရပ်ကာ စကားလမ်းကြောင်းပြောင်းလိုက်၏။ “ကိုယ် ၅မှတ်ပဲရတဲ့အချိန်မှာ မင်းက ၉၅မှတ်ရတယ်လေ...”

စုန့်ရန်က စိုးရိမ်တကြီးဖြစ်ကာ အပြစ်ပေးခံရဖို့စောင့်နေချိန်တွင် မမျှော်လင့်ထားပဲချီးကျူးခံလိုက်ရသဖြင့် ရယ်သံကလေးထွက်ပေါ်လာခဲ့၏။ 

အဆိုပါရယ်သံကလေးကြောင့် ဟယ်ကျစ်ယွမ်၏နှုတ်ခမ်းထောင့်များသည်လည်း ပျော်ရွှင်စွာကွေးညွှတ်သွားကာ ဆက်ပြောလာသည်။  

“မင်းကပုပုကိုသဘောကျတဲ့အတွက် မျက်နှာထားတင်းတင်းနဲ့မဆူရက်သလို သူအမြဲပျော်နေတာကိုပဲမြင်ချင်မှန်းကိုယ်နားလည်ပါတယ်...ဒါပေမယ့် ကလေးတွေက လူကြီးတွေနဲ့ ကွဲပြားတယ်လေ...လူကြီးတွေက ဦးစားပေးကိစ္စတွေကိုခွဲခြားနိုင်ပြီးတော့ ဘာကလုပ်သင့်တယ် ဘာကမလုပ်သင့်ဘူးသေချာသိကြတယ်...ဒီတော့ သူတို့ကိုအရမ်းချစ်ပေးလို့လည်းပြဿနာမရှိဘူး...ဒါပေမယ့် ကလေးတွေကတော့ အဲ့လိုမခွဲခြားတတ်ဘူးမဟုတ်လား...သူတို့ကိုတစ်ခါအလိုလိုက်တာနဲ့ အနာဂတ်မှာအထိန်းအကွပ်မဲ့သွားတော့မှာ...ဒါ့ကြောင့် ကိုယ်တို့သုံးယောက်မှာဆိုရင် ကိုယ်ကမင်းကိုအလိုလိုက်နိုင်ပေမယ့် မင်းပုပုကိုအလိုလိုက်လို့မရဘူး...နားလည်ပြီလား...” 

“နား...နားလည်ပါပြီ...”

စုန့်ရန်က ပူလောင်နေသောမျက်နှာအားကာလိုက်ကာ ကိုယ်ပူပြန်တက်လာသလိုပင် ခံစားလိုက်ရ၏။ 

‘ကိုယ်မင်းကိုအလိုလိုက်မယ်...’

—ဒါ...ဒါက ဗြောင်ကျလွန်းတဲ့ ချစ်စကားမဟုတ်လား...ဟုတ်တယ်မလား...သူအတွေးလွန်နေတာမဟုတ်ပါဘူးနော်...

ကလေးတစ်ယောက်အားပျိုးထောင်ပုံအကြောင်းဆက်၍ ဆွေးနွေးကြချိန်တွင် သူတစ်ခွန်းနှစ်ခွန်းသာဝင်ပြောနိုင်တော့သည်။ 

သူအရမ်းကိုစိတ်လှုပ်ရှားနေခဲ့တာ...

အနီကဒ်...အနီကဒ်...

စုန့်ရန်က လူကြီးမင်းဟယ်အားအနီကဒ်ပြရန် သူ၏အနီရောင်တောက်တောက်မျက်နှာအား အသုံးပြုလိုက်သည်။ 

ဟယ်ကျစ်ယွမ်က စုန့်ရန်၏အနီကဒ်ကိုလက်ခံမရရှိခဲ့ချေ။ သူက လမ်းကျဥ်းလေးထဲချိုးဝင်ကာ ဖော့ဒ်အမိုးပွင့်ကားတစ်စီးကို သေသပ်စွာကျော်တက်လိုက်၏။

“ဒါ့အပြင်...အခြားဖြစ်နိုင်ချေတွေလည်းရှိသေးတယ်...ပုပုက ကိုယ့်ရဲ့သားဖြစ်နေတာမို့လို့ မင်းမှာဆူခွင့်မရှိဘူးလို့ထင်တာမျိုးပေါ့...ဒါပေမယ့် ပုပုကအခုမင်းရဲ့ကလေးပဲလေ...ဒါ့ကြောင့် နောက်တစ်ခါဒီလိုဖြစ်ရပ်မျိုးထပ်ကြုံလာခဲ့ရင် မင်းကမိဘတစ်ဦးလိုဖြေရှင်းရမယ်...မင်းသူ့ကိုဒီလိုပဲအလိုလိုက်နေလို့မရဘူး...”  

စုန့်ရန်က နှလုံးသားအတွင်းချိုမြိန်မှုများစွာပြည့်နှက်လျှက် အိပ်ရာခင်းကိုဆွဲကိုင်လိုက်သည်။

 “ကျွန်တော် နားလည်ပါပြီ...”

သူကခဏတွေးကာ ကိုယ့်ကိုယ်ကိုယ်အပြစ်လွတ်အောင်ကာကွယ်ဖို့ကြိုးစားလိုက်၏။ 

 “ကျွန်တော် ပုပုကိုတမင်အလိုလိုက်တာမဟုတ်ပါဘူး...အဲ့ဒါက...ကျွန်တော်မိဘမဲ့ဂေဟာကနေ ထွက်လာခဲ့ကတည်းက ကလေးတွေဆီမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မြင်နေရသလိုခံစားနေရလို့ပါ...အဲ့ဒီ့အတွက်ကြောင့် သူတို့အပေါ်မတင်းမာနိုင်ခဲ့ဘူး...ကျွန်တော့်ကိုအချိန်နည်းနည်းပေးမယ်ဆိုရင် စည်းကမ်းကိုအကောင်းဆုံးကြိုးစားပြီးလိုက်နာပါ့မယ်...အဲ့လိုရောရလားဟင်...” 

“မရဘူး...” ဟယ်ကျစ်ယွမ်က ယာဥ်အချက်ပြမီးကိုဖွင့်ကာ ပင်မလမ်းမကြီးပေါ်သို့ ပြန်တက်လိုက်၏။ 

(T/N - ရည်းစားရှိတဲ့လူတွေကတော့ အဲ့လိုပဲကွေ့ပတ်မောင်းကြပါတယ်)

“ကိုယ် မင်းကိုမေးခွန်းတစ်ခုမေးမယ်...မင်းအဲ့ဒါကိုမှန်မှန်ဖြေရင် မင်းကိုအချိန်ပေးမယ်လေ...” 

စုန့်ရန်က နားရွက်ကလေးများကိုထောင်လိုက်သည်။ “ဘာ...ဘာမေးခွန်းလဲ...”

ဘုရားဘုရား...သူက သီအိုရီတွေမှတ်တာမတော်ဘူးနော်...ဘာပဲမေးမေး...အခြေခံအချက်အလက်တွေဆိုရင်တောင် သူသေချာဖြေနိုင်မှာမဟုတ်ဘူး... 

ဟယ်ကျစ်ယွမ်က ခဏစဥ်းစားလိုက်ကာ လူငယ်လေးအားမေးခွန်းတစ်ခုဖြင့် စနောက်လိုက်၏။

 “မနေ့ညက ကိုယ့်ကိုအိမ်မက်မက်လား...” 

စုန့်ရန်ကြောင်အသွားလေသည်။

သူ၏လည်တိုင်က တဖြေးဖြေးနီရဲလာခဲ့၏။ “ကျွန်တော်...ကျွန်တော်...မက်ခဲ့ပါတယ်...”

“တကယ်လား...”

သူ၏လက်ချောင်းထိပ်ကလေးများပါ နီမြန်းလာခဲ့သည်။ “တကယ်ပါ...”

“ဒါဆို မင်းအိမ်မက်အကြောင်းကိုယ့်ကိုပြောပြလေ...”

ဟယ်ကျစ်ယွမ်က သူ့အားအထိန်းအကွပ်မဲ့စွာစနောက်နေပြီး စကားအဆုံးတွင်လည်း ရယ်သံဖွဖွကအဖျားခတ်လျှက်ရှိ၏။ 

စုန့်ရန်က မှတ်စုစာအုပ်ဖြင့်မျက်နှာကိုကာလိုက်ကာ စိတ်တွင်းမှသူ့ကိုယ်သူကျိန်ဆဲလိုက်မိသည်။ 

ခင်ဗျားကျွန်တော့်အပေါ်မှာ သားရဲတစ်ကောင်လို အင်တိုက်အားတိုက်လုပ်ပြီး ပြီးမြောက်သွားတဲ့အကြောင်း အိမ်မက်မက်ခဲ့တာလေ... 

သူက ထိုသို့စဥ်းစားလိုက်သော်ငြား ၎င်းကိုဒီအတိုင်းထုတ်မပြောနိုင်ချေ။ ထို့ကြောင့် သူက ယုတ္တိတန်သည့်အကြောင်းအရာထံ လှီးလွှဲပြောလိုက်၏။ 

“ခင်ဗျားပြန်ရောက်လာပြီး ကျွန်တော်ကလေဆိပ်ကိုသွားကြိုတဲ့အကြောင်း အိမ်မက်မက်ခဲ့တယ်...”

mm...hmm..ကောင်းသားပဲ...

သူက အဓိကအကျဆုံးကိစ္စကို ချန်လှပ်ထားလိုက်လေသည်။ 

ဟယ်ကျစ်ယွမ်၏အသံက အပြောင်းအလဲမရှိချေ။ “လာကြိုပြီးတော့ရော...”

“ခင်ဗျားကိုလာကြိုပြီးတော့...အင်း...အဲ့ဒါက…” 

ရုတ်ရက်မို့ဘာမှမပြောနိုင်တော့ချေ။ စုန့်ရန်တစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်လာသဖြင့် အားမလိုအားမရနှင့် သူ့မျက်နှာသူစာအုပ်ဖြင့်ရိုက်လိုက်မိရာ နှာခေါင်းထိပ်ကလေးပင် နီရဲတက်လာ၏။ 

“နောက်ပိုင်းက....ကလေးတွေအတွက်မသင့်တော်ဘူး...”

ဟယ်ကျစ်ယွမ် သဘောတကျရယ်မောလိုက်ကာ သူ၏မျက်ဝန်းနက်များပင် ကွေးညွှတ်သွားခဲ့၏။  

၁၂နာရီခွဲတွင် ကားတစ်စီးက လူသူကင်းမဲ့နေသော သစ်ရွက်များပျံ့ကျဲနေသည့်လမ်းထဲသို့ ချိုးကွေ့လာကာ ခြံဝန်းတစ်ခုရှေ့၌ရပ်လိုက်သည်။ 

ကယ်လီဖိုးနီးယား၏မိုးရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ရာ တိမ်တိုက်များက သိမ်းဆည်းထားသည့်ရေငွေ့များကို အမြန်ရွာချပစ်လိုက်ပုံရ၏။ မိုးရေစက်များက ကားပြတင်းပေါက်များကို နှုတ်ဆက်နေဟန်ရှိလေသည်။ ကားတံခါးဖွင့်လိုက်သည်နှင့် အေးစက်စိုထိုင်းသည့်လေက တိုးဝင်လာခဲ့၏။ ဟယ်ကျစ်ယွမ်က မိုးစိုခံလျှက်အိမ်ထဲသို့ဝင်လိုက်ကာ သူ၏ဂျက်ကတ်ကိုဆိုဖာပေါ်ပစ်တင်လိုက်သည်။ ထို့နောက် မီးဖိုခန်းသို့သွားကာ သူသုံးနေကျဒယ်ပြားကိုထုတ်လိုက်၏။ 

ပြည်တွင်းဖြစ် Zinfandel ပုလင်းတစ်ဝက်နှင့် ဘရန်ဒီတစ်အောင်စ...

လေးညှင်းပွင့်များ...သစ်ကြံပိုးခေါက်...ပျားရည်...လိမ္မော်သီးစိတ်များ...

ဝိုင်က ဆယ်မိနစ်ခန့်ကြိုချက်ရမှာဖြစ်ရာ ဟယ်ကျစ်ယွမ် ဒုတိယထပ်ကိုသွား၍ ရေပူနှင့်ရေချိုးလိုက်၏။ ဆယ်မိနစ်အကြာ၌ ညအိပ်ဝတ်ရုံရှည်နွေးနွေးကိုဝတ်ဆင်ကာ အောက်ထပ်သို့ဆင်းလာခဲ့ပြီးဝိုင်တစ်ခွက်ငှဲ့လိုက်သည်။

ခြံထဲတွင် မိုးကမစဲသေးချေ။ လိမ္မော်ပင်များနှင့် နှင်းဆီပန်းရုံများက လေပြင်းလာလျှင် တရှဲရှဲကျယ်လောင်စွာအော်မြည်ပြီး လေငြိမ်သွားလျှင်မူ ငြိမ်သက်၍နေလေသည်။ ဒုတိယထပ်ဝရန်တာတွင် မီးလင်းလာကာ ပြတင်းပေါက်အပြင်ဘက်ရှိ ရေစီးကျနေသည့်သဏ္ဍာန်က အရိပ်ထင်နေသည်။ မှန်တံခါးအတွင်းဘက်တွင်မူ အိပ်ခန်းမီးဖျော့ဖျော့နှင့် နွေးထွေးနူးညံ့သောအိပ်ရာတစ်ခုရှိနေခဲ့၏။

ဟယ်ကျစ်ယွမ်က အိပ်ရာအစွန်းတွင်ထိုင်ရင်း ဝိုင်တစ်ငုံသောက်လိုက်သည်။

ဝိုင်နွေးနွေးက သူ၏အစာအိမ်အတွင်းစီးဆင်းသွားကာ ဝမ်းဗိုက်အောက်ပိုင်းထံမှပူလောင်မှုကိုလည်း ခံစားလိုက်ရလေသည်။ 

ခုနက ကားမောင်းနေရင်းပျင်းလာသဖြင့် စုန့်ရန်အားမစမနေနိုင်ဖြင့် ပုပုကိုပုံပြင်ပြောပြသကဲ့သို့ သူ့ကိုလည်းပုံပြင်ပြောပြရန် တောင်းဆိုခဲ့လေသည်။ စုန့်ရန်က ငြင်းဆန်မည့်အစား ရှက်ရွံ့စွာပြောပြလာ၏။ သူက ပုံပြင်များကိုကောင်းကောင်းမမှတ်မိကြောင်းနှင့် ကျောရိုးတွင်အဖြူစင်းပါသည့်ရှဥ့်ကလေးအကြောင်း ပြောပြမှာဖြစ်ကာ၊ ဟယ်ကျစ်ယွမ်အား သူ့ကိုမရယ်ရန်ပြောလေသည်။ 

၎င်းမှာ အရွယ်ရောက်လူကြီးတစ်ဦးအားပထမဆုံးအကြိမ်ပုံပြောပြရခြင်းဖြစ်သဖြင့် စုန့်ရန်အစပိုင်း၌ အထစ်အထစ်ဖြစ်နေခဲ့သည်။ သို့သော် နောက်ပိုင်းအရှိန်ရသွားသည့်အခါ သူ၏အသံက စိတ်ရှည်မှုနှင့်အေးချမ်းမှုတို့ရောယှက်နေပြီး ရေခဲကိုပင်အရည်ပျော်စေလောက်အောင် နွေးထွေးလှ၏။ အဖြူကြားရှဥ့်ကလေးနှင့် ရှဥ့်ကလေး၏စကားဝိုင်းကိုနားထောင်ရသည့်အခါ အလွန်နှစ်သက်ဖွယ်ကောင်းပြီး ချစ်စဖွယ်ကောင်းလှသည်ဟု ဟယ်ကျစ်ယွမ် ခံစားလိုက်ရလေသည်။  

သူထိုစဥ်က အရမ်းပျော်ရွှင်ခဲ့သည့်အတွက် ဖုန်းချလိုက်သည့်အခါ ခံစားရခက်သောအထီးကျန်မှုကို ရင်ဆိုင်လိုက်ရ၏။

သူ၏အထီးကျန်မှုထဲတွင် ကြောင့်ကျမှုများရှိနေကာ အဆိုပါကြောင့်ကျမှုအတွင်း၌ မကျေနပ်ခြင်းမှလာသောမသက်မသာဖြစ်မှုများရှိနေခဲ့သည်။

သူက ခေါင်းကိုနောက်လှန်ချ၍ ဝိုင်ကိုတစ်ကျိုက်တည်းမော့သောက်လိုက်သည်။ ထို့နောက် ဖန်ခွက်အလွတ်ကိုချကာ အိပ်ခန်းမီးကိုပိတ်လိုက်၏။ ညနက်နက်တွင် ဝရန်တာရှိဝါဖျော့ဖျော့မီးအလင်းရောင်သာ ကျန်ရှိလေသည်။  

မုန်တိုင်းထန်သည့်ညက ချစ်ခြင်းအစပျိုးရာဖြစ်သွားခဲ့သည်။ 

ထိုချောမောသောလူငယ်လေးကို သူ၏လက်မောင်းကြားဆွဲသွင်းကာ ပုံပြင်ပြောပြရန်သွေးဆောင်မည်။ ပုံပြင်အလယ်နားရောက်သည်နှင့် စကားတစ်ခွန်းကိုပင် အဆုံးမသတ်နိုင်တော့သည်အထိ အဆက်မပြတ်နမ်းရှိုက်မည်။ ထိုပုံပြင်မှာလည်း ကတ္တီပါရောင်ရှဥ့်ကြားလေးက သူ၏လက်ဖဝါးသေးသေးကလေးများနှင့် မီးခိုးရောင်ရှဥ့်အားတွန်းထုတ်သော်လည်း ၎င်းမှာအဖိခံလိုက်ရသည့်အတွက် အကြွင်းမဲ့အညံ့ခံလိုက်ရသည့်အကြောင်းသာ ဖြစ်ပေလိမ့်မည်။ 

ဟယ်ကျစ်ယွမ်က ကုတင်ခေါင်းရင်းကိုမီကာ ညအိပ်ဝတ်ရုံရှည်အောက်ရှိလက်က ရှေ့နောက်လှုပ်ရှားလျှက်ရှိသည်။  

လှိုက်မောသံနိမ့်နိမ့်က လေထုကိုဖြတ်သန်းလာကာ နှေးရာမှမြန်လာခဲ့၏။ ထို့နောက် ပြင်းထန်ပြီးထိန်းချုပ်၍မရတော့သောအခြေအနေအထိ မရပ်မနားတိုးမြှင့်လာခဲ့လေသည်။ လှုပ်ရှားမှုရပ်သွားသည့်အခါ လည်ချောင်းအတွင်းမှထွက်ပေါ်လာသည့် ဟိန်းသံသည်လည်း ရာသီဥတုကိုထွင်းဖောက်ကာ ထွက်ပေါ်လာခဲ့၏။ 

ချက်ချင်းဆိုသလိုပင် ကျေနပ်သွားသောသက်ပြင်းချသံက အိပ်ခန်းအတွင်းမှထွက်ပေါ်လာခဲ့လေသည်။ 

................

၁၁ရက်နေ့ မနက်၇နာရီ ၁၀မိနစ် 

ယနေ့မှာ ဧပရယ် ၁၃ရက်၊ သောကြာနေ့ဖြစ်လေသည်။ 

မနက်စောစောတွင် ပုပု၏မျက်ဝန်းကလေးများပွင့်လာ၏။ သူပထမဆုံးလုပ်လိုက်သည့်အရာမှာ အိပ်ရာထက်မှဆင်းလျှက် အိပ်ခန်းအတွင်းမှပြေးထွက်လိုက်ရင်း ဧည့်ခန်းတွင်ရှိသည့်ပြက္ခဒိန်ကိုယူလိုက်သည်။ ထို့နောက် ၁၃ရက်နေ့စတုရန်းကွက်ထဲရှိ ခြေရာအကွက်လေးထဲကို သံပရာရောင်တောက်တောက်လေး အရောင်ခြယ်လိုက်လေသည်။ 

ထို့နောက် ခြေတိုကလေးများဖြင့်အမြန်ပြေးကာ အိပ်ရာပေါ်လေးဖက်ထောက်၍တက်လိုက်ရင်း စုန့်ရန်အား သူ၏ပုခုံးလေးဖြင့်အသာတို့နှိုးလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့်ပြက္ခဒိန်ကိုကိုင်၍ တစ်ဖက်လူကိုညွှန်ပြကာ ကျန်လက်တစ်ဖက်ဖြင့် ရောင်စုံမခြယ်ရသေးသည့်ခြေရာများကို ရေတွက်ပြလိုက်သည်။  

“တစ်...နှစ်...သုံး...လေး...ငါး...ကိုကြီး...ပါပါးပြန်လာဖို့ ငါးရက်ပဲလိုတော့တယ်...”

သူကလေးက အလွန်ပင်စိတ်လှုပ်ရှားနေကာ သူ၏ မျက်ခုံးတန်းလေးများက မျက်နှာကျက်ထိပင်မြင့်တက်သွားတော့မယောင်ရှိနေခဲ့သည်။  

“ဟုတ်တယ်...သူပြန်ရောက်လာတော့မှာ...” 

အိပ်မှုံစုံမွှားဖြင့် စုန့်ရန်လက်ဆန့်ထုတ်ကာ ပုပုကိုသူ၏လက်မောင်းများဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လျှက်သားဖြင့် ကလေး၏နဖူးပြင်လေးအားမွှေးကြူလိုက်၏။ 

“သားပါပါးပြန်လာရင် သားကိုပြန်လာခေါ်တော့မှာ...” 

“ကိုကြီးကိုရောပဲ...ကိုကြီးကိုလည်းပါပါးကအိမ်ခေါ်သွားတော့မှာ...” 

ပုပုက ထူးထူးခြားခြားအစောကြီးနိုးလာကာ စုန့်ရန်၏မေးဖျားနှင့်လည်တိုင်ကြားကို တိုးဝှေ့ပွတ်သပ်နေ၏။ ထို့နောက် ဆံပင်တိုတိုလေးများရှုပ်ပွသွားသည်အထိ အိပ်ရာထက်ပြန်လှဲလိုက်ကာ စုန့်ရန်နှင့်အတူဖြတ်သန်းကြမည့် အံ့သြဖွယ်အနာဂတ်အတွက် အစီအစဥ်ချနေတော့၏။

Xxxxxxx