အပိုင်း ၈
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၈

 

 

 

 

 

 

လင်းဝေ့လည်း ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။  " ရှင်ပြောတော့ ကျွန်မ အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာက ဖြုန်းတာဆို။ ဒါနဲ့ ကျွန်မက အိမ်ပြုပြင်တာ အိမ်သာ သက်သက်ဆောက်တာက ဖြုန်းတာဆိုရင် ပြုပြင်စရိတ်ဖြတ်သင့်တဲ့ အကြောင်းပြောတော့ ရှင်က အာ့လိုပြောချင်တာ မဟုတ်ဘူးဘပြောပြန်တယ်။ ဒါဆို ကျွန်မ နားမလည်နိုင်တော့ဘူး။ ရှင်က အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာကို ဖြုန်းတယ်လို့ထင်တာလား ဒါမှမဟုတ် ကျွန်မကို အပြစ်ရှာနေတာလား"

 

 

ကောင်းရှို့လျန်က သူမ ပြောခဲ့သည်များကို ဝန်ခံမည်မဟုတ်ချေ။ သူမ ခေါင်းငြိမ့်ဝန်ခံလိုက်သည်နှင့် လူအတော်များများကို စိတ်အနှောက်အယှက် ပေးမိလိမ့်မည်။ သူမ ယောက်ျားက ဒုတပ်မှုးဖြစ်လျှင်ပင် ဤကိစ္စကို ဝန်ခံရန် မဖြစ်နိုင်ချေ။ ဤကိစ္စပျံ့နံ့သွားလျှင် သူမ သိက္ခာသည်လည်း ရစရာရှိတော့မည် မဟုတ်ချေ။

 

 

နောက်ဆုံးတွင် ကောင်းရှို့လျန်သည် အိမ်ရှိကိစ္စတစ်ခုခုအကြောင်းပြကာ သူမအိမ်ဆီ ပြန်သွားတော့သည်။

 

 

ကောင်းရှို့လျန် ပြန်သွားပြီးနောက် လီချင်လည်း အမြန်ပြန်သွားတော့သည်။ ဝမ်ဖန်းလီသာ လင်းဝေ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ကျန်နေခဲ့သည်။

 

 

ဝမ်ဖန်းလိသည်လည်း ကောင်းရှို့လျန်ကို ကြည့်မရပါ။ လင်းဝေ့သည် ဒုတပ်ရင်းမှုး၏ ဇနီးဖြစ်သော်လည်း သူမတို့ကို ရင်းနှီးစွာပြောဆိုဆက်ဆံသည်။ သူမ ယောက်ျားရာထူးကို အားကိုးကာ အထက်စီးကနေ ဆက်ဆံခြင်းလဲမရှိပါ။

 

 

ကောင်းရှို့လျန်ကတော့ သူမ ယောက်ျားရာထူးအဆင့်အတန်းကိုသုံးကာ ခွဲခြားဆက်ဆံလေ့ရှိသည်။ လူတိုင်းကလည်း သူမကို မြောက်ပင့်ပြောဆိုကြသည်။

 

 

လင်းဝေ့အိမ်သို့ ကောင်းရှို့လျန်ကို အလည်ခေါ်လာသည်မှာ တစ်ခြား ရည်ရွယ်ချက်တော့ မရှိပေ။ ကောင်းရှို့လျန်က သာမန်ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည့်မှုလွန်ကဲနေသည့်ဟန်ကို ကြည့်မရ၍ သူမ မျက်နှာဖြတ်ရိုက်ခံရသည်ကိုတော့ မြင်နိုင်ရန် ဆန္ဒရှိမိသည်။

 

 

လင်းဝေ့ကိုလည်း ကောင်းရှို့လျန်ကို ထွက်ပြေးသွားစေသည်အထိ စကားစစ်ထိုးရာတွင် ကျွမ်းလိမ့်မည်ဟု မထင်ခဲ့မိပေ။

 

 

ကောင်းရှို့လျန်၏ ဖင်ပူစွာပြန်ပြေးသွားသည်ကို ကြည့်ကာ ဝမ်ဖန်းလိမျက်လုံးများက တောက်ပလာပြီး.လင်းဝေ့ကို သဘောကျသွားတော့သည်။

 

 

လင်းဝေ့ အမြင်တွင်တော့ ကောင်းရှို့လျန်တွင် တစ်လွဲမာနရှိကာ အိမ်နီးချင်းများ အရေးကိုလည်း ဝင်ရောက်စွက်ဖက်တတ်သူဖြစ်ပြီး နောက်ပိုင်းတွင် ပြသနာများဖြစ်လာနိုင်သည်။

 

 

သို့သော် ကောင်းရှို့လျန်ကို ဝမ်ဖန်းလိ ရန်တိုက်ပေးခဲ့ခြင်းလဲ မဟုတ်ပါ။ ကောင်းရှို့လျန်သည် တစ်ဖက်မိသားစု၏ အခြေအနေကို သေချာခွဲခြားမသ်ိပဲ ဝင်ရောက် စွက်ဖက်ပြီး စကားများတတ်သောကြောင့်ဖြစ်သည်။

 

 

အခုတော့ ဝမ်ဖန်းလိက ပြဇာတ်​ကောင်းကိုလည်း ကြည့်လိုက်ရကာ ကောင်းရှို့လျန်ကိုလည်း စိတ်အနှောက်အယှက်ပေးနိုင်ခဲ့သည်။

 

 

လင်းဝေ့က ကြောက်တတ်သူတစ်ဦး မဟုတ်သော်လည်း ကောင်းရှို့လျန် နောက်ကွယ်ရှိ ဒုတပ်မှုးကို တွေးမိတဲ့အခါ ခေါင်းကိုက်လာမိသည်။

 

 

ထို့ကြောင့် ဝမ်ဖန်းလီကို မဧည့်ခံနိုင်တော့ဘဲ " ကျွန်မ အိမ်မှာ လုပ်စရာတွေက များတော့လေ...." ဟုပြောရုံရှိသေး ဝမ်ဖန်းလိလည်း လင်းဝေ့ပြောလိုက်သည့်စကားကိုနားလည်လိုက်ကာ ပြောလဲ့သည်။ "အချိန်တောင်ကျပြီဆိုတော့ ကျွန်မလည်း ပြန်လိုက်ပါဦးမယ်"

 

 

 ခဏအကြာတွင် ဝမ်ဖန်းလိက ပြန်ပြောလိုက်သည်။ "အစ်မကောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်မလည်း ဘာပြောရမယ်မှန်း မသိတော့ဘူး အဆင်ပြေသွားပါလိမ့်မယ်"

 

 

ဤကဲ့သို့ ဖြစ်ပျက်သွားပြီးနောက် လင်းဝေ့ ဘာပြောနိုင်မည်နည်း။ သူမခေါင်းခါကာ "ရပါတယ်" ဟုသာ​ပြန်ပြောလိုက်သည်။

 

 

ဝမ်ဖန်းလိလည်း ခေါင်းငြိမ့်ကာ "ဒါဆိုနောက်ရက်မှ ထပ်လာလည်မယ်နော်" ဟုပြောကာ ပြန်သွားခဲ့သည်။

 

 

ဝမ်ဖန်းလိ ပြန်သွားသည်ကိုကြည့်ရင်း သူမပြန်လှည့်လိုက်ရာ ကျုံးရှောက် လှေကားအဆင်းနားမှာ ရပ်နေသည်ကို တွေ့လိုက်ရပြီး တအံတသြ မေးလိုက်သည်။" ရှင်ဘယ်တုန်းက အောက်ဆင်းလာတာလဲ"

 

 

"နည်းနည်းတော့ကြာပြီ"

 

 

"ကျွန်မနဲ့ ကောင်းရှို့လျန်တို့စကားများတာ ကြားလိုက်တယ်ပေါ့"

 

 

"ကြားလိုက်တယ်"

 

 

" ဒါဆို ဘာလို့ လာပြီး ကျွန်မဘက်ကနေ ကူမပြောပေးလဲ "ဟု မေးလိုက်သည်။

 

 

ကျုံးရှောက် - "….."

 

 

အောက်ထပ်မှ ကျယ်လောင်သည့် စကားများ အသံများကြားရစဥ် သူ့ဇနီးဘက်က ပြောကူရန် ဆင်းလာခဲ့သော်လည်း သူ မရောက်ခင်မှာပင် သူ့ဇနီးက ကောင်းရှို့လျန်ကို ပါးစပ်ပိတ်သွားအောင် ပြောနိုင်ခဲ့သည်။

 

 

အမှန်တော့ လင်းဝေ့သည် ကျုံးရှောက် လာမကူ၍ အပြစ်တင်ခြင်းမဟုတ်ပဲ သည်အတိုင်း မေးလိုက်ခြင်းသာဖြစ်သည်။

 

 

ယနေ့ စကားများသောဖြစ်စဥ်မှာ ကောင်းရှို့လျန် ရန်စခြင်းကြောင့် ဖြစ်လာရတာပင်။ ကောင်းရှို့လျန် မှားကာ ဒေါသတကြီး ပြောနေသော်လည်း လင်းဝေ့ပြန်ပြောသည်က ပိုပြီး ကျိုးကြောင်းဆီလျော်သည်။

 

 

အကယ်၍ ကျုံးရှောက်သာ ဝင်ရောက်ဖြန်ဖြေလိုက်ပါက လင်မယားနှစ်ယောက်ပေါင်းကာ သူများကို အနိုင်ကျင့်သကဲ့သို့ ဖြစ်လာကာ ဖြေရှင်းချက်များကလည်း ကျိုးကြောင်းဆီလျော်မှု မရှိနိုင်တော့ချေ။

 

 

ကောင်းရှို့လျန် ယောက်ျားသာ ထက်မြတ်သည့်လူ ဖြစ်ပါက သူ့မိန်းမကို အပြစ်မတင်ပဲ ကျုံးရှောက်ကိုသာ အပြစ်ဆိုလာနိုင်ဖွယ်ရှိသည်။

 

 

ထိုကဲ့သို့တွေးမိကာ လင်းဝေ့လည်း ကျုံးရှောက်ကို မေးလိုက်သည်။ "ကျွန်မ ကောင်းရှို့လျန်ကို စိတ်အနှောက်အယှက်ပေးလိုက်မိတော့ အနာဂတ်မှာ သူ့ယောက်ျားက ရှင့်ကို လိုက်နှောက်ယှက်နိုင်မလား"

 

 

ကျုံးရှောက်ကလည်း " အဆင်ပြေပါတယ်" ဟုပြန်ဖြေကာ အငြင်းပွားခဲ့သည့်ကိစ္စကို မေးလိုက်သည်။

 

 

လင်းဝေ့က အဖြစ်အပျက်ကို ဖုန်းကွယ် မထားသလို ချဲ့ကားလည်း မပြောဘဲ  ကျုံးရှောက်ကို အမှန်တိုင်း ပြောလိုက်သည်။

 

 

ကျုံးရှောင် နားထောင်ရင်း နားထောင်ရင်း မျက်မှောင်ပိုကျုံ့လာခဲ့သည်။ သူသည် အိမ်သာနှင့်မီးဖိုဆောင်ပြုပြင်ရန်မှာ ဖြစ်သလို စဥ်းစားကာပြင်ခဲ့ခြင်းမဟုတ်ပေ။ ဆောင်လုပ်ရေးမစခင်မှာ ဖြစ်နိုင်မဖြစ်နိုင် နားလည် တတ်ကျွမ်းသူများကို မေးမြန်းခဲ့ကာ ခေါင်းဆောင်ဆီကိုလည်း သတင်းပို့ခဲ့သည်။

 

 

အိမ်ပြုပြင်ရာမှ အပိုကုန်ကျစရိတ်ကိုလည်း တင်ပြခဲ့သည်။ အပိုကုန်ကျစရိတ် ထောက်ပံ့ငွေကိုလည်း မယူခဲ့ပါ။ ခေါင်းဆောင် သိသွားသော်လည်း ဘာမျှ မပြောခဲ့ပေ။

 

 

ကောင်းရှို့လျန်ရဲ့ စွပ်စွဲချက်တွေက သူ့ဇနီးလင်းဝေ့ရဲ့ ပြောဆိုတတ်မှုကြောင့်သာ မဟုတ်ရင် သူ့မိသားစုက သူတစ်ပါးရဲ့ အပြောအဆို ခံနေရမည်ဖြစ်သည်။

 

 

ကျုံးရှောက် မျက်နှာ သိပ်မကောင်းတာကို တွေ့လိုက်တာကြောင့် "အဆင်ပြေရဲ့လား"လို့ ချီတုန်ချတုန်မေးလိုက်သည်။

 

 

ကျုံးရှောက်က အဆင်ပြေကြောင်း ခေါင်း​ငြိမ့်ပြလိုက်သည်။ သို့သော် လင်းဝေ့ကို ကြည့်ရင်းစိုးရ်ိမ်လာကာ "ဒုတပ်မှုးကျောက်ကို ကြုံရင် ဒီအကြောင်း ပြောပြလိုက်မယ်" ဟု အသံနက်ကြီးဖြင့် ရေရွတ်လိုက်သည်။

 

 

နောက်ဆုံးတော့ လင်းဝေ့လည်း စိတ်သက်သာရာရသွားတော့သည်။

 

 

ကျောက်ဖုန်း တစ်​ယောက် သူ့ခြံထဲ ပြန်လာစဥ် ဘေးခြံကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ မီးဖိုချောင် မိီးခိုးခေါင်းတိုင်မှ မီးခိုးထွက်နေကာ အိမ်တံခါးပွင့်နေသော်လည်း လူတစ်ယောက်ကိုမျှ မတွေ့ချေ။ သူ့အိမ်ထဲဝင်လိုက်ကာ သူ့မိန်းမကို မေးလိုက်သည်။ "ကျုံးရှောက် သူ့မိန်းမကို ခေါ်လာပြီလား"

 

 

ကျောက်ဖုန်း မေးလိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာ၍ မီးဖိုထဲသွားပြီး လူရှာလိုက်ရာ အဝတ်စုတ်ဖြင့်မီးဖိုကို ကြမ်းကြမ်းတမ်းတမ်းသုတ်နေသော သူ့မိန်းမကို တွေ့လိုက်ရသည်။

 

 

ကျောက်ဖုန်း မျက်ခုံး ပင့်လိုက်ကာ မေးလိုက်သည်။ "ဘာဖြစ်ပြန်ပြီလဲ ဘယ်သူက မင်းကိုစိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီလဲ"

 

 

ကျောက်ဖုန်း မေးသည်ကို ကောင်းရှို့လျန် ကြားသောအခါ အဝတ်စုတ်ကို မီးဖိုဆီ ပစ်ချပြီး ပြောလိုက်သည်။ "ဘယ်သူရှိမှာလဲ အသစ်ရောက်လာတဲ့အိမ်နီးချင်းပဲပေါ့"

 

 

 ကျောက်ဖုန်း အံ့သြသွားပြီး မေးခဲ့သည်။ "အိမ်နီးချင်း? ကျုံးရှောက်ရဲ့ မိန်းမလား"

 

 

"သူ့အပြင် တပ်ထဲရောက်လာတာ နောက်ဘယ်သူရှိလို့လဲ"ဟု စိတ်ဆိုးကာပြောလိုက်သည်။ "ကျွန်မတော့ အာ့လိုမျိုး ဘာလုပ်ရမယ်ဆိုတာ မသိတဲ့သူမျိုးကို မြင်ကိုမမြင်ဖူးပါဘူး။ ကျုံးရှောက်က ဘယ်လိုလူမျိုးပါလိမ့်။ လော့ယွင် လိုကောင်းတဲ့ မိန်းကလေးလို မယူပဲ ဒီလိုမျိုးလူကို ယူလာတယ်"

 

 

"အရင်တုန်းက အကြောင်းတွေကို ဘာလို့ပြောနေတာလဲ"ဟု ကျောက်ဖုန်း မျက်မှောင်ကြုံ့ကာပြောလိုက်သည်။

 

 

ကောင်းရှို့လျန် မကျေမနပ်ဖြစ်ကာ "ဘာအရမ်းကြာတဲ့ကိစ္စတွေလဲ လော့ယွင်ပြောင်းလာတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ ကျုံးရှောက်ကို ဖွင့်မပြောရဲတာကို စိတ်တိုလိုက်တာ အခုတော့ သူက တစ်ခြားတစ်ယောက်ကိုတောင်လက်ထပ်သွားပြီ"

 

 

အမှန်တော့ ကောင်းရှို့လျန်လည်း လော့ယွင်နှင့်လည်း ဆက်ဆံရေး သိပ်မကောင်းပါ။ သူမ ကလေးတွေကို ကာကွယ်ဆေးထိုးရန် စစ်ဆေးရုံ ခေါ်သွားချိန်များတွင် တွေ့သည်သာဖြစ်သည်။

 

 

လော့ယွင်က ကျုံးရှောက်ကို နှစ်သက်သဘောကျကြောင်း အခြားအရာရှိဇနီးများမှ တစ်ဆင့်ကြားသိခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်များတွင် ကောင်းရှို့လျန်သည် လော့ယွင်၏ အရှက်ကြီးမှု အိန္ဒြေကြီးမှုကို အားမရကာ အထင်အမြင်သေးခဲ့သည်။ ကျုံးရှောက် လက်ထပ်သွားတော့လည်း သူ့ကို သတိရနေဆဲဖြစ်၍ အထင်သေးမိပြန်၏။

 

 

အတိတ်တုန်းက သူမယောကျာ်း အဆင့်အတန်းအားကိုးကာ လော့ယွင်ကို အထင်သေးခဲ့သည်။ အခု လင်းဝေ့နှင့် စာလျှင် လော့ယွင်က သူမ စိတ်ထဲ သနားစရာ အစွန့်ပစ်ခံလေးလို ခံစားလိုက်ရသည်။

 

 

ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကျောက်ဖုန်းလဲ သိပါသည်။ လော့ယွင်က ကျုံးရှောက်ကို ကြိုက်ခဲ့သည်မှာ မှန်သည်။ ထိုစဥ်က လော့ယွင်၏ အဒေါ်သည် သူမတို့ကို အောင်သွယ်ပေးခဲ့သော်လည်း ကျုံးရှောက်က လက်မခံခဲ့ပေ။ ထိုကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ကျုံးရှောက် ခွင့်ယူကာ ဇာတိမြို့ဆီ ပြန်သွားခဲ့သည်။ပြန်လာတော့ အိမ်ထောင်ရှင်ဖြစ်နေပေပြီ။

 

 

ထိုအချိန်က ကျောက်ဖုန်းသည်လည်း ကျုံးရှောက်ဘာတွေတွေးခဲ့မှန်း မသိကြောင်း သူများကိုပြောခဲ့ဖူးသည်။ အသက်နှစ်ဆယ် ဝန်းကျင် ငယ်ရွယ်သည့်လော့ယွင်သည်လည်း အခြေအနေမဆိုးပါ။ သူမက ဘွဲ့ရပြီး ဆန်းလင်ရေတပ် ပြည်သူ့ကျန်းမာရေးဌာနမှာလဲ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်သာမက သူမဦးလေးကလည်း နိုင်ငံရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

 

 

ကျုံးရှောက်ကသာ လော့ယွင်ကို သဘောမကျခဲ့သော်လည်း ကျုံးရှောက်၏ အခြေအနေရ လော့ယွင်သည် ပို၍ ကောင်းမွန်သော အခြေအနေရှိခဲ့သည်။

ငယ်ရွယ်သေးသည်။

 

 

ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းရှုံ့လျန် စိတ်ခံစားချက်အရ လော့ယွင်အကြောင်းဝေဖန်ရန် အကြောင်းမရှိပါ။

 

 

ထို့ကြောင့် ကောင်းရှို့လျန်၏ ဘက်လိုက်သည့်စကားများကိုကြားလျင် ကျောက်ဖုန်း မျက်မှောင်ကြုံ့မိသည်။ သို့သော် သူ့မိန်းမနှင့် ပြိုင်မပြောတော့ပါ။

 

 

လင်နှင့်မယားသည် တစ်ခုတည်းဖြစ်၍ သူသာဝင်ပြောမိလျင် လူအများက သူသည် ကျုံးရှောက်ကို တမင်သိက္ခာချသည်ဟု ပြောကြမည်ဖြစ်ကာ ပြသနာတက်လာနိုင်သည်။

 

 

ကောင်းရှို့လျန်ကလည်း သူ့စကားတွင် အမှားပါမှန်းမသိချေ။ သူ့ယောက်ျား၏ မျက်နှာကို မြင်လျင် တံတွေးမြိုချလိုက်ကာ "ဘာလို့လဲ"ဟု မေးလိုက်ရင်းပြန်ရှင်းပြ၏။ "ရှင် ကျုံးရှောက်မိန်းမ ရဲ့မျက်နှာကို မမြင်လို့နော်။ ကျွန်မက စေတနာနဲ့ အိမ်က ဝင်နေလို့ရနေတာကို မလိုအပ်ပဲ အလှဆင်ပြီး ငွေမဖြုန်းနဲ့လို့ ပြောတာကို ခွေးက ကြွက်တွေကိစ္စ မဆိုင်ပဲ လိုက်နှောက်ယှက်တယ် ဆိုပြီးပြောလွတ်တယ်ကော။ အာ့တာသူ့အမှားမဟုတ်ဘူးလား ရှင်ကောစိတ်မတိုမိဘူးလား" ဟုပြောလိုက်သည်။