အပိုင်း ၉
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၉

 

 

 

 

လင်းဝေ့သည် ခွေးတွေကကြွက်ကို အနှောက်အယှက်ပေးသည့်စကားပုံကို ထုတ်မပြောခဲ့သော်လည်း ကောင်းရှို့လျန်က ထို့သို့နားလည်လိုက်ကာ လင်းဝေ့နှုတ်မှ ထွက်သည် ဟုသာ ဆိုနေခဲ့သည်။

 

 

ကျောက်ဖုန်းလည်း ထိုစကားများက ပြောရန် မသင့်တော်သည်ကိုခံစားမိ၍ ရေရွတ်လိုက်သည်။

"ကျုံးရှောက်က ဘယ်လိုအမျိုးသမီးမျိုးကို လက်ထပ်ထားတာပါလိမ့်။ မင်းလည်းအတူတူပဲ မင်းမှာအလုပ်မရှိလို့ သူများကိစ္စတွေကို လိုက်ပြောနေတာလား"

 

 

ကောင်းရှို့လျန် မပျော်မရွှင်ဖြစ်သွားကာ ပြောခဲ့သည်။ "ရှင်က ဘာလို့ ကျွန်မကို အပြစ်တင်နေတာလဲ ကျွန်မက သူ့ကို စေတနာနဲ့ပြောပြနေတာကို"

 

 

"ဟုတ်ပါတယ် မင်းကစေတနာနဲ့ ပြောပေမယ့် တစ်ဘက်လူက လက်မခံတော့ ဘာအသုံးဝင်မှာလဲ"

 

 

"အာ့လိုမှမဟုတ်ရင် ကျွန်မက ဘာလို့စိတ်တိုနေရမှာလဲ။အစကတည်းက အာ့လိုလူမျိုးမှန်းသိရင် ကျွန်မ ဖျောင်းဖျမနေပါဘူး။ ပြီးတော့ သူတို့ကလည်း သူတို့ပိုက်ဆံနဲ့ပြင်တာဆိုတော့ ကျွန်မနဲ့ လည်းမဆိုင်ပါဘူးလေ"

 

 

ကျောက်ဖုန်း ဝင်မပြောသည်က ကောင်းမည်ဟု စဥ်းစားလိုက်သည်။ သူဝင်ပြောလျှင် သူ့ဇနီးနှင့် အချေအတင်ဖြစ်လာနိုင်သည်။ ထမင်းစားနေစဥ်  သူက​ငြိမ်နေသော်လည်း သူ့မိန်မကတော့ မရပ်မနား တတွတ်တွတ် ပြောနေသည်။ ကြားနေရသည်မှာ ခေါင်းကိုက်လာ၍ တူကိုပစ်ချကာ ထွက်သွားလိုက်၏။

 

 

ကျောက်ဖုန်းသူ့အိမ်ကနေ လမ်းလျှောက်ထွက်လာစဥ်တိုက်ဆိုင်စွာပင် အိမ်နောက်ဖေးတွင် ပန်းကန်ဆေးနေသော ကျုံးရှောက်ကို တွေ့လိုက်ရသည်။

 

 

ကောင်းရှို့လျန် အပြောအရတော့ ကျုံးရှောက်ဇနီးက အဖက်ဖက်က ဆိုးရွားနေသောသူဖြစ်သည်။ ကျောက်ဖုန်းသည် အမျိုးသမီးများကြား ဖြစ်သည်ကိစ္စသည် အမျိုးသားများနှင့်မဆိုင် ဟု ယူဆကာ ကျုံးရှောက်ဆီ လမ်းလျှောက်သွားကာ မေးလိုက်သည်။"ဘယ်တုန်းကပြန် ရောက်တာလဲ"

 

 

"နေ့ခင်းကမှ ရောက်တာပါ" ကျုံးရှောက်က ပန်းကန်ဆေးနေရင်းပြန်ဖြေလိုက်သည်။

 

 

ကျောက်ဖုန်း နှာခေါင်းရှုံ့လိုက်ကာ "မင်းက ဘာလို့ပန်းကန်ဆေးနေတာလဲ မင်းမိန်းမ မရှိဘူးလား" ဟုမေးလိုက်သည်။

 

 

"သူ နေသိပ်မကောင်းလို့ ကျွန်တော်ပဲ ဆေးနေတာပါ" ဟုဖြေလိုက်ကာ "အစ်ကိုကော ညစာစားပြီးပြီလား" ဟု ပြန်မေးလိုက်သည်။

 

 

"သူတို့ စားနေတုန်းပဲ" ကျောက်ဖုန်းသည် ညနေစာစားချိန်တွင် သူ့မိန်းမပြောခဲ့သည့်အကြောင်းအရာကို သတိရလိုက်ကာ "မင်းမရီးနဲ့ ခယ်မလေးတို့တွေ နေ့လည်က ကတောက်ကဆ ဖြစ်ကြတယ် ထင်တယ်" ဟု ပြောလိုက်သည်။

 

 

ကျုံးရှောက် နောက်ဆုံးပန်းကန်ကို ဆေးကြောကာ ရေပိုက်ခေါင်းဖွင့်လိုက်ပြီး သူ့လက်ကို နှစ်ကြိမ် ဆေးလိုက်သည်။ ထို့နောက် "ကျွန်တော်လည်း အာ့ဒီအကြောင်း ပြောချင်နေတာပါ" ဟုပြောလိုက်သည်။

 

 

"ပြောလေ "

 

 

ကျောက်ဖုန်း စီးကရက်တစ်ဘူးထုတ်လိုက်ကာ ကျုံးရှောက်ကို တစ်လိပ် ကမ်းလိုက်သည်။ သို့သော် ကျုံးရှောက်ငြင်းလိုက်၍ အံ့သြသွားကာမေးလိုက်သည်။

"အရင်က ဆေးလိပ်သောက်တယ်မဟုတ်လား"

 

 

"အိမ်မှာ မိန်းမနဲ့ ကလးတွေရှိလို့ပါ" ဟုကျုံးရှောက်ပြန်ဖြေလိုက်သည်။

 

 

ကျုံးရှောက် လိမ္မာသည့်အိမ်ထောင်ရှင်လုပ်နေမှန်း သိလိုက်၍ ကျောက်ဖုန်းအကြောဆန့်ရင်း ပြုံးကာပြောလိုက်သည်။ "ဒါဆိုလည်း ငါတစ်ယောက်ထဲပဲ သောက်ရတော့မှာပေါ့" ဟုပြောကာ စီးကရက်ကို ထည့်ရင်း မီးညှိလိုက်သည်။

 

 

ကျောက်ဖုန်း ဆေးလိပ်သောက်နေတုန်း ကျုံးရှောက်က ထူးထူးဆန်းဆန်း မေးခွန်းမေးလိုက်သည်။ "မရီး ကောင်းက လတ်တလော ဘယ်မှာအလုပ်လုပ်နေတာလဲ"

 

 

"အလုပ် လုပ်တယ်?  သူက အပြင်အလုပ်မလုပ်ပါဘူး" ကျောက်ဖုန်း ကြောင်အအနှင့် ပြန်ဖြေလိုက်သည်။ နောက်မှ အသစ်ရောက်လာသော ကျုံးရှောက်၏ ဇနီးကို သတိရမိကာ ပြန်ပြောလိုက်သည်။ "မင်းမိန်းမ အတွက် အလုပ်ရှာပေးမလို့လား"

 

 

"ကျွန်တော်ဇနီးက အလုပ်နဲ့ပတ်သက်ပြီး အလောမကြီးသေးပါဘူး။ ကျွန်တော်သိချင်တာ မရီးကောင်းက လမ်းရုံးမှာလုပ်နေတာလား ဒါမှမဟုတ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ မှာ လုပ်နေတာလားလို့ တွေးမိလို့ပါ။ ဘာလို့ဆို သူများအိမ်ထဲလာရင်လည်း သူ့စိတ်တိုင်းမကျတာတွေ့ရင် လက်ညိုးထိုးလျှောက်ပြောနေလို့လေ" ဟုကျုံးရှောက်က ပြန်ပြောခဲ့သည်။

 

 

ကျုံးရှောက်က ညနေကအဖြစ်အပျက်ကို သိကာ သူ့မိန်းမ၏ တရားမျှတမှုအတွက် လာပြောနေမှန်း ကျောက်ဖုန်း နားလည်လိုက်သည်။

 

 

သူ့ဇနီးကောင်းရှို့လျန် ဤကိစ္စကို စခဲ့ပြီးမဖြေရှင်းနိုင်ခဲ့မှန်း သိ၍ ကျုံးရှောက်ကိုတော့ နားလည်မှုလွဲသွားသည့်အကြောင်းပြောချင်သော်လည်း ကျုံးရှောက်၏ စကားလုံးများထဲက ဖွက်ထားသည့်အပ်များကို သတိထားမိသည့်အချိန်တွင်တော့ ကိစ္စကြီးကဲ့သို့ ဖြေရှင်းရမည်မှန်း သတိကပ်လိုက်မိသည်။

 

 

ကျောက်ဖုန်းလည်း မျက်နှာက်ို ပေါ့ပေါ့ပါးမျက်နှာထားဖြင့် ပြောလိုက်သည်။ "မင်းမရီးလည်း အာ့ကိစ္စပြောပြပြီးပါပြီ။ သူဆိုလိုချင်တာကလည်း အာ့လိုမျိုးမဟုတ်ပါဘူး စေတနာနဲ့ သတိပေးတဲ့သဘောမျိုးပါပဲ။ သူမက အပြောမတတ်တော့ စိတ်ထဲမထားပါနဲ့" ဟု ပြောလိုက်လေသည်။

 

 

"မရီးက ကျွန်တော်တို့အိမ်ကိုလာပြီး အိမ်ပြုပြင်တာနဲ့ အိမ်သာဆောက်တာက လျှောက်ဖြုန်းတာပဲလို့ ပြောသွားတာ အစ်ကိုကော အာ့လိုထင်လား။ အကျင့်ပျက်ခြစားတာနဲ့ လျှောက်သုံးဖြုန်းတာကလည်း အပြစ် ဆိုပြီး ရှေးလူကြီးတွေပြောစကားကို လာရွတ်ပြသွားတာကိုကော စေတနာနဲ့လို့ ထင်လို့လား"

 

 

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းမျက်မှောင်ကြုံ့မိသွားသည်။ ကျုံးရှောက်ပြောသွားသည့်စကားများတွင် ပထမအပိုင်းက ကိစ္စမရှိသော်လည်း ဒုတိယအပိုင်းကတော့ ပြင်းထန်လွန်းသည်။ ကောင်းရှို့လျန်က သူ့ဇနီးဖြစ်နေလျှင်ပင် ထိုစကားက ပြင်းထန်လွန်း၏။

 

 

ကောင်းရှုံ့လင်နှင့် အိမ်ထောင်ပြုခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်၍ သူ့မိန်းမစကားထက် ကျုံးရှောက်၏ စကားကို မယုံနိုင်သေးပေ။ သူ့မိန်းမဘက်ကနေ စဥ်းစားပေးပြီး "နားကြားမှား သွားတာများဖြစ်နေမလား"

 

 

"ကျွန်တော့မိန်းမ သူ့နားနဲ့ကိုယ်တိုင်ကြားခဲ့တာကို နားကြားမှားတာ ဖြစ်နိုင်ပါ့မလား။ အစ်ကို မယုံရင်လဲ ကျွန်တော့တပ်ရင်းက ရဲဘော်ကျောက်ဝေ့ဖင်းရဲ့ အမျိုးသမီး ဝမ်ဖန်းလိနဲ့ အစ်ကို့တပ်ရင်းက ရဲဘော်ရဲ့အမျိုးသမီး လီချင်တို့ကို မေးလို့ရတယ် သူတို့အတူတူ ညနေက လာကြတာပဲ။ မရီးကောင်း ပြောတာကိုသူတို့လည်း ကြားခဲ့တယ်"

 

 

ကျုံးရှောက်က ဆက်ပြောလိုက်သည်။"အိမ်ပြုပြင်ရတဲ့အပိုကုန်ကျစရိတ်တွေကိုလည်း ကျွန့်တော့်ငွေနဲ့ ပြင်ခဲ့ပြီး အပိုထောက်ပံကြေးတွေလည်း မတောင်းခဲ့ပဲ ဘာလိုကျွန်တော်က အကျင့်ပျက်ခြစားတဲ့ ပြစ်မှုကျူးလွန်ခဲ့သလိုဖြစ်သွားခဲ့ရတာလဲ။ ပြီးတော့ ကျွန်တော် အိမ်မပြင်ခင်ကလည်း အိမ်နံရံတွေ ဆေးသုတ်လို့ရ မရ အိမ်သာ သက်သက် ဆောက်လို့ရမရ ထောက်ပံ့ရေးအဖွဲ့ကို မေးမြန်းပြီး သူတို့က ပြင်လို့ရတယ်ဆိုလို့ ခေါင်းဆောင်ကလည်း မကန့်ကွက်ခဲ့လို့ ကျွန်တော်ပြင်ခဲ့တာကို ဘာလို့မရီးကောင်း ပြောမှ ကျွန်တော်လုပ်ခဲ့တာတွေကို အပိုအလုပ် ငွေဖြုန်းတဲ့ကိစ္စရပ်တွေဖြစ်သွားရတာလဲ"

 

 

ကျုံးရှောက် ရဲ့သက်သေ အချက်အလက်များနှင့်ပြောဆိုမှုကြောင့် ကိုးဆယ်ရာခိုင်နှုန်းခန့် ယုံကြည်သွားသည်။ သို့သော် ညစာစားချိန်တွင် ပြောပြခဲ့သော သူ့ဇနီး၏ စကားများကို ပြန်သတိရလိုက်သောအခါတွင် သူ့မျက်နှာ မဲမှောင်သွားလေသည်။

 

 

သူ့ဇနီးက ကျုံးရှောက်ရဲ့ဇနီးကို အပြောအဆိုမတတ်သူဟု၍ မရှက်မကြောက်ပဲ မကျေမနပ် ပြောနေသေးသည်။ တစ်ယောက်ယောက်က သူတို့ကို ချောက်ချဖို့ လုပ်လာလျင်တော့ ခွင့်လွတ်ကာ ငြိမ်ခံနေမည် မဟုတ်ပေ။

 

 

ကျောက်ဖုန်း၏ စိတ်ရှုပ်နေစဥ် ကျုံးရှောက်က ထပ်ပြောလိုက်သေးသည်။ "အစက ကျွန်တော်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို တိုက်ရိုက် တိုင်လိုက်တော့မလို့ ဒါပေမယ့် ကျွန်တော်တို့မိသားစု နှစ်ခုကလည်း အိမ်နီးချင်းလုပ်ဖို့ ကံဆုံလာပြီး အချင်းချင်းသိခဲ့တာလည်း နှစ်တွေ အတော်ကြာခဲ့ပြီဆိုတော့ အကို့ အကြောင်းလည်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ မရီးကောင်း ပြောသွားတာတွေက အစ်ကို့ သဘောထားလုံးဝမပါဘူးဆိုတာကို သိလို့ အကို့ကို အရင်ပြောပြတာ"

 

 

ပုံမှန်အားဖြင့် ပြောရလျှင် အရာရှိအမျိုးသမီးများအကြားဖြစ်သည့်ပြသနာများကို ခရိုင်ခွဲ အုပ်ချုပ်​ရေးအဖွဲ့ သို့မဟုတ် အမျိုးသမီးရေးရာအဖွဲ့ကဖြေရှင်းပေးလေ့ရှိသည်။ ထိုအဖွဲ့အစည်းနှစ်ခုတွင်လည်း စစ်တပ်မှ အမျိုးသားအမျိုးသမီး အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။ ခရိုင်အုပ်ချုပ်​ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာအဖွဲ့သည် ပြသနာများကို ငြိမ်းချမ်းစေရန်ဖြစ်ကာ ကြီးသည့်အမှုငယ်စေ ငယ်သည့်အမှု ပပျောက်စေရန်ပင်ဖြစ်သည်။

 

 

အကယ်၍ ပြသနာများကိုကြီးထွားစေလိုလျင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို တိုင်လိုက်ရုံသာဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း တစ်ယောက်ယောက်ကို  စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် တစ်ရက်အတွင်း ဝယ် အထက်အောက်အရာရှိများ ပြသနာအလုံးစုံကို အကုန်သိသွားပြီး သေးငယ်သည့်ပြသနာမှာလည်း ကြီးမားသွားမည်ပင်ဖြစ်သည်။

 

 

ဤဖြစ်စဥ်၏ ပြသနာမှာ ကောင်းရှို့လျန်၏ ဆိုးယုတ်သောစိတ်ကြောင့်ဖြစ်၍ သူတစ်ပါးကို ချောက်ချပြောဆိုခြင်း ဖြစ်လေသည်။ အသေးငယ်ဆုံးပြသနာမှာ အမျိုးသမီးများအကြား အငြင်းပွားကြသည့်ကိစ္စရပ်များသာဖြစ်သည်။

 

 

အကယ်၍ ကျောက်ဖုန်းသာ ကံမကောင်းခဲ့လျှင် သူ့အုပ်ချုပ်ရေးအပိုင်းတွင် ထိခိုက်နိုင်သည်။ ရန်သူတစ်ထောင့်ရှစ်ရာကို တိုက်ခိုက်နိုင်အောင်လေ့ကျင့်သည့်တပ်ရင်းဖြစ်၍ ကျုံးရှောက်သည် ကျောက်ဖုန်းကိုသာ အရင်ပြောပြလ်ိုက်သည်။

 

 

ကျောက်ဖုန်းကို ပြောပြရာတွင် ကျုံးရှောက်သည် သူအခြေအနေကို ဆိုးသွားအောင် လုပ်ပစ်မည်ဖြစ်ကြောင်း အမှန်အတိုင်းမပြောခဲ့ပေ။ မပြောချင်၍ မဟုတ်ပေ။ကျောက်ဖုန်းသာ အကျိုးအကြောင်းသင့် ပြန်မရှင်းပြနိုင်လျင် သူက ပြသနာကို ကြီးမားအောင် လုပ်တော့မည်ဖြစ်သည်။

 

 

ကျောက်ဖုန်းသည်လည်း ကိစ္စကို ကြီးမားအောင်မလုပ်ချင်ပါ။ ထိုစကားများကို ပြောသည်က ကောင်းရှို့လျန်ဖြစ်သော်လည်း သူတို့သည် လင်နှင့်မယားဖြစ်နေသေးသည်။ ပြဿနာကြီးမားလာမည်ဆိုလျှင် အများက ကျုံးရှောက်ကို မကျေနပ်၍ ဟုပင် ထင်ကြလိမ့်မည်။

 

 

 ထိုသို့တွေးလိုက်ရင်း ကျောက်ဖုန်းအလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။" ခဏ နေရင် အဖြေပြန်ပေးပါ့မယ်"

 

 

ထိုသို့ပြောပြီးနောက် စီးကရက်ကို မြေကြီးပစ်ချ နင်းချေလိုက်ပြီး အိမ်ပြန်သွားခဲ့သည်။ ခဏကြာသော် သူတို့အိမ်မှ အော်ဟစ်သံများ ထွက်လာခဲ့သည်။

 

 

ညနေခင်း အချိန် လင်းဝေ့ သူမ ကလေးတွေကို ရေချိုးပေးနေစဥ် ကျောက်ဖုန်းနှင့် ကောင်းရှို့လျန်တို့ အိမ်တံခါးကို လာခေါက်လေသည်။

 

 

မီးအလင်းရောင်မှိန်မှိန်အောက်တွင် ကောင်းရှို့လျန် တစ်ယောက် ညနေကလိုမျိုး အထက်စီးဆန်မှု မရှိတော့ပဲ နီရဲနေသောမျက်လုံးများဖြင့် ခေါင်းငုံ့ကာ လင်းဝေ့ကိုတောင်းပန်လိုက်သည်။

 

 

မိသားစုနှစ်ခုကြား အဖြစ်အပျက်မှာ အော်ကြီးဟစ်ကျယ် မဖြစ်ခဲ့သော်လည်း သူတို့ရန်ဖြစ်နေစဥ် ပွဲကြည့်ပရိတ်သတ် နှစ်ဦးရှိနေသည်။ ထို့ထက်မက လင်းဝေ့တို့မှာ အသစ်ပြောင်းလာသည့်မိသားစုဖြစ်၍ သူမတို့မိသားစုအကြောင်းကို အားလုံးက စိတ်ဝင်စားနေလေရာ ဤကိစ္စက အားလုံး၏ နားထဲရောက်သွားတော့သည်။

 

 

ဤတစ်ခေါက်တော့ ကောင်းရှိုးလျန်သည် မီးပူအိုးကိုကန်မိမှန်း အရာရှိအိမ်ရာဝန်း တစ်ခုလုံးသိလိုက်ကြသည်။ ပြီးနောက် အသစ်ရောက်လာသည့် အရာရှိဇနီးသည်ကလည်း သွားရှုပ်လို့မရသည့် အမျိုးအစားမှန်း သိသွားကြတော့သည်။