၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၁၁
လင်းဝေ့ ခေါင်းအခြောက်ခံနေစဥ် ကျုံးရှောက် ဝင်လာတာကြောင့် သူမလှည့်ကြည့်ပြီး
မေးလိုက်သည်။
"ကလေးတွေ အိပ်ပြီလား"
"အိပ်ကုန်ပြီ" ကျုံးရှောက် ပြန်ဖြေပြီး တံခါးပိတ်လိုက်သည်။
လင်းဝေ့သည် အကျိုးအကြောင်းမရှိ စိုးရိမ်နေကာပြောလိုက်သည်။
"ကလေးတွေက ပထမဆုံးအကြိမ် ခွဲအိပ်တာဆိုတော့ တံခါးပိတ်ထားတာ အဆင်ပြေပါ့မလား"
"ကိုယ်တို့မအိပ်သေးခင်လည်း ခဏ ကြည့်လိုက်လို့ရတယ်လေ"
ဟု သဘာဝကျကျ ပြန်ပြောခဲ့သည်။
အိပ်ရာမဝင်ခင် ဘာလုပ်မလဲ ဆိုတာကိုတော့ သူမခြေချောင်းတွေတောင် တွေးနိုင်သည်။
လင်းဝေ့ ခေါင်းဖီးနေတာကို ရပ်လိုက်ကာ အသက်အောင့်ထားမိနေသည်။
ကျုံးရှောက်သည် သက်သက်သာသာဖြစ်နေကာ ကုတင်ဘေးဝင်ထိုင်ရင်း သူမကိုကြည့်နေသည်။
ကျုံးရှောက်ဆီမှာလည်း လင်းဝေ့ရဲ့ ဓါတ်ပုံ တစ်ပုံ ရှ်ိကာ ခဏခဏထုတ်ကြည့်လေ့ရှိသည်။
ဓါတ်ပုံထဲကနှင့်အပြင်လူမှာ ကွာခြားပြီး သူမသည်လည်း လွန်ခဲ့သည့် ၂ နှစ်ကနှင့် မတူတော့ပဲ
အများကြီးရုပ်ပြောင်းသွားသည်။
လွန်ခဲ့သည့်၂နှစ်တုန်းက သူမက ဆံပင်ကို ကျစ်ဆံမြီးအမြဲကျစ်လေ့ရှိကာ
ပါးဖောင်းဖောင်းလေးနှင့် ဖြစ်သည်။ ကလေး ၂ယောက်
အမေနှင့်ပင်မတူပဲ ကလေးမ လေးတစ်ယောက်လိုသာဖြစ်သည်။ သူမက ဓါတ်ပုံလည်း ခဏခဏမရိုက်ခဲ့ဖူး၍
ကျုံးရှောက် သူမကို ဓါတ်ပုံရိုက်နေစဥ် စိတ်လှုပ်ရှားနေကာ ကင်မရာကို ကြည့်သည့်အခါ အပြုံးကတောင့်တောင့်ကြီးဖြစ်နေခဲ့သည်။
ကျုံးရှောက် ဓါတ်ပုံကို ကြည့်လိုက်တိုင်း ပြန်တွေးမိကာ အမြဲပြုံးမိသည်။
အခုက ပါးဖောင်းဖောင်းလေးလည်း မရှိတော့ကာ ကျစ်ဆံမြီးလည်း မကျစ်တော့ပါ။
သူမက စကားလည်း များများပြောတတ်ပြီး အလုပ်လည်း အများကြီးလုပ်တတ်သည်။ သူမက ငယ်ရွယ်ပုံပေါက်တာကြောင့်
ကလေးအမေလို့ ပြောတဲ့အခါ အံ့သြသွားသော သူများပင်ရှိ၏။
သို့သော် သူမသည် ဓါတ်ပုံထဲကထက် ပိုကြည့်ကောင်းပါ၏။
ကျုံးရှောက်ရဲ့မျက်လုံးတွေက သိပ်စိတ်အားထက်သန်ဟန်မပြသော်လည်း အခန်းထဲတွင်
သူတို့နှစ်ဦးသာရှိ၍ သူ့အကြည့်များကို မသိချင်ယောင် ဆောင်မရ၍ ကျုံးရှောက်ဘက် လှည့်ကာ
မေးလိုက်သည်။"ဘာလို့ တစ်ချိန်လုံး ကျွန်မကို ကြည့်နေတာလဲ"
"ကြည့်လို့ကောင်းလို့ပါ"
ကျုံးရှောက်က လင်းဝေ့ကို တိုက်ရိုက်ကြည့်ရင်း ပြောလိုက်သဖြင့် လင်းဝေ့လည်း
ပထမ ရှက်သွားပြီး မျက်နှာပူသွားသည်။ ထို့နောက် "အို့ " ဟုသာ ပြန်ပြောနိုင်သည်။
လင်းဝေ့၏ ရှက်သွေးဖြာနေသည့်မျက်နှာကို မြင်လျှင် ကျုံးရှောက်ကလည်း
အကြည့်တွေကို သဘောထားကြီးစွာ စိုက်ကြည့်နေခြင်းကို ရပ်လိုက်သည်။ အခန်းထဲရှိလေထု ပြောင်းလဲသွားကာ
မူလက တိတ်ဆိတ်နေသည့်အခန်းကလည်း ပိုတိတ်ဆိတ်သွားတော့သည်။
"နောက်ကျနေပြီဆိုတော့ အိပ်ကြရအောင် "ဟု ကျုံးရှောက်က
မပြောခင်အထိ ဖြစ်သည်။
လင်းဝေ့ မှန်တင်ခုံပေါ်က နှိုးစက်နာရီကိုကြည့်လိုက်သည်။ ထိုနာရီသည်
သူမ အရင်အိမ်ကနေ ယူလာခဲ့သည့်နာရီဖြစ်သည်။ ထိုနှိုးစက်နာရီနှင့် အိပ်သည်မှာ အကျင့်ဖြစ်နေ၍
ရောင်းမပစ်ပဲ ယူလာခြင်းဖြစ်သည်။
၉နာရီ ၃၇မိနစ်ရှိပြီဖြစ်ရာ အချိန်က မစောတော့ပေ။
လင်းဝေ့လည်းခုံမှ ထရပ်လိုက်ကာ ကျုံးရှောက်ကိုမေးလိုက်သည်။
"ရှင် ဘယ်ဘက်မှာ အိပ်မှာလဲ"
"ကိုယ်က ဘယ်ဘက်အိပ်အိပ် အဆင်ပြေတယ်" ဟု ကျုံးရှောက် ပြောလိုက်သည်။
လင်းဝေ့လည်း သူမခြေထောက်ကို မြှောက်လိုက်ကာ ကုတင်ပေါ်တက်ပြီး လှဲလိုက်သည်။
သူမကုတင်ပေါ်လှဲလိုက်သည်နှင့် ကျုံးရှောင်လည်း သူမဘေးတွင်လှဲလိုက်ကာ
သူ့လက်မောင်းတွေထဲ သူမကိုဖက်ထားလိုက်သည်။ ကျုံးရှောက်သည် တစ်ခြားဘာမှ မလုပ်ပဲ စကားအနည်းငယ်ပြောကာ
နေရအဆင်မပြေ ပူလျင်ပြောရန် ပြောလိုက်သည်။
ကျုံးရှောက် ဖက်လိုက်သည့်အခါ သူတို့နှစ်ဦးကြား မရင်းနှီးတာကြောင့်
လင်းဝေ့၏ ခန္ဓာကိုယ်သည် အလိုအလျောက်တောင့်သွားသည်။ သို့သော် သူပြောလိုက်သည့်စကားက ကြောင်တောင်တောင်နိုင်၍
လင်ဝေ့က သူ့မျက်နှာက်ို စိုက်ကြည့်လိုက်သည်။
ဇွန်လအလယ်ကြီး ယားကျ်ိုကျွန်းမှာ မပူတာ ဖြစ်နိုင်မလား။
အမှန်တော့ ပြတင်းပေါက်ဖွင့်ထားလျင် ပင်လယ်လေညှင်းများကြောင့် အနည်းငယ်
အေးသည်။ သို့သော် ဤအခြေအနေ ဤပုံစံနှင့် ပြတင်းပေါက်ကို မည်ကဲ့သို့ဖွင့်ထားရမည်နည်း။
ကျုံးရှောက်သည်လည်း သူ့မေးခွန်းက နည်းနည်း မဆီမဆိုင်နိုင်သည်ကို
သိလိုက်ပြီး ချောင်းဟန့်လိုက်ကာ"မနက်ဖန်ကျရင် ကိုယ်လျှပ်စစ်ပန်ကာဝယ်ဖို့ စက်ရုံလျော့စျေးကူပွန်တွေ
ငှားပေးတဲ့သူကို ရှာလိုက်မယ်"
အမှန်တော့ လျှပ်စစ်ပန်ကာကို သူအရင်ကတည်းက ဝယ်ထားသင့်သည်။ အိမ်သာဆောက်ပြီး
အိမ်ပြင်တာအပြင် အခြား လိုအပ်သည့် အပိုပစ္စည်းများလည်း ဝယ်ထည့်လိုက်ရတာကြောင့် သူ့မှာရှိသည့်စက်ရုံလျော့စျေးကူပွန်
များလည်း အားလုံးသုံးပြီးဖြစ်ရာ မဝယ်နိုင်တော့ပေ။
ယားကျိုကျွန်းမှာ နွေဥတုရှည်လျားပြီး ပူသည့်ရာသီဥတုရှိသည်။ လျှပ်စစ်ပန်ကာတစ်ခု
မဝယ်ထားလျှင် ဘယ်လိုမှ ခွေးနေ့ရက်တွေမှာ ရှင်သန်နိုင်မည်မဟုတ်ပေ။ ( ခွေးနေ့ရက်= ပူလောင်အိုက်စပ်သည့်ရာသီဥတုရှိသော
ဇူလိုင်လဆန်းနှင့် စက်တင်ဘာလဆန်း ကြား အချိန်ကာလ)
သို့သော် လင်းဝေ့ တစ်ခုသတိရလိုက်ကာ "ရှင် ကိုယ့်ဖာသာ ဝယ်လိုက်ရင်ရော
" ဟုမေးလိုက်သည်။
ကျုံးရှောက် သူမပြောတာကို နားမလည်လိုက်၍ ခေါင်းငုံ့ကာ "ဟမ်"
ဟု ပြန်မေးလိုက်သည်။
လင်းဝေ့က သူ့ကိုပြုံးပြကာ "ကျွန်မ ပြောချင်တာက ရှင့်လက်ထဲမှာပိုက်ဆံဘယ်လောက်ရှိလဲလို့။
ပန်ကာဝယ်ဖို့အတွက်လောက်ရဲ့လား။ လောက်ရင် ကျွန်မ ပိုက်ဆံ ထပ်မပေးတော့ဘူးလို့"
ကျုံးရှောက် -
"…...."
ကျုံးရှောက်ဆီတွင် အပိုငွေရှ်ိသည်ကို လင်းဝေမနေ့က သိလိုက်ရကတည်းက
လင်းဝေ့က ထိုငွေကို သိမ်းနိုင်ရန်စဥ်းစားနေသော်လည်း အခွင့်အရေးမရသေး၍ လကုန်သည်အထိ စောင့်ရင်း
ထိုငွေအကြောင်းမေးရန် စဥ်းစားနေခဲ့သည်။
အခုတော့ ကျုံးရှောက်က ထိုငွေလွှဲပေးဖို့ အကြောင်းပြောနိုင်ရန် အစပြုခဲ့တာကြောင့် သူမ ဘယ်လောက်ပဲ တုံးအသူ ဖြစ်နေပါစေ အားနာတတ်သူတော့
မဟုတ်ပါချေ။ ဒီအကြောင်းကို ပြောထားပြီးသားဖြစ်ပြီး သေချာတာကတော့ သူမ ယဉ်ကျေးနေမှာ မဟုတ်ပေ။
အမှန်တော့ ကျုံးရှောက်ဆီမှာ ကိုယ်ပိုင်ငွေဆိုတာ မရှိပေ။
တစ်ကယ်တော့ ကျုံးရှောက်သည် အိမ်အသုံးငွေမှ ကိုယ်ပိုင်ငွေကို တမင်
သက်သက် ယူထားခြင်းမဟုတ်ပါ။ သူတို့လင်မယားနှစ်ယောက်ကလည်း တစ်နေရာစီခွဲနေသည်ဖြစ်၍ စာတစ်ခါပို့လျင်ပင်
တစ်လလောက်ကြာသည်ဖြစ်သည်။ အသေးအမွှား သုံးစရာများအတွက် လက်ထဲ ငွေမပြတ်စေရန် ၁၀ သို့မဟုတ်
၂၀ ယွမ်ကို သူ့အတွက်ယူထားလေ့ရှိသည်။ ကျန်ငွေ အားလုံးကိုတော့ လင်းဝေ့ကို ပို့ပေးသည်။
စစ်တပ်က အစားအသောက် ကျွေးလေရာ သူ့မှာ ကြီးကြီးမားမား သုံးစရာလည်းမရှိပေ။
အလွန်ဆုံးရှိမှ ဆေးလိပ်ဝယ်သည်သာ ဖြစ်ပြီး ငွေအများစုကို စုထားလေ့ရှိသည်။
တစ်လကို နည်းနည်းစီစုရင်း ၄ နှစ်ကြာသော် ရာဂဏာန်းခန့်စုထားမိလေသည်။
ထိုငွေများကိုလည်း အိမ်ပြုပြင်ခြင်းနှင့် ပရိဘောဂများဝယ်ရာတွင် သုံးလိုက်ရာ သူ့လက်ထဲတွင်
ငွေ မကျန်သလောက် နီးပါးဖြစ်နေချေပြီ။
လင်းဝေ့ ကျုံးရှောက်၏ ပစ္စည်းများထည့်ထားသော သံဘူးလေးကို လှန်ကာ
သွန်လိုက်ရာ လက်မှတ်ကူပွန်များထွက်ကျလာသည်။
လက်မှတ်ကူပွန်များလည်း သိပ်မရှိတော့ပေ။ တပ်ကပေးသည့် မသုံးရသေးသော
အစားအသောက်ကူပွန်လက်မှတ် ၇ခု ၈ခု ခန့်သာရှိသည်။ လက်မှတ်အားလုံးပေါင်းလျင် ၁၀ ကီလိုမျှသော
အစားအသောက်ရနိုင်သည်။ သကြားထုတ်ယူနိုင်သော ကူပွန် လက်မှတ်မှာ ၂ခု ၃ခု သာရှိ၍ သကြားတစ်ပေါင်ပင်
ပြည့်မည်မဟုတ်ပေ။ ကျန်သည့်လက်မှတ်များမှာ ပစ္စည်း အသေးများသာထုတ်နိုင်ပြီး စက်ရုံထုတ်ပစ္စည်းကြီးများ
ထုတ်ရန်မလုံလောက်ပေ။ အများဆုံးဝယ်ယူ၍ ရနိုင်သည်မှာ အပ်၊ အပ်ချည်လုံးနှင့် ဆပ်ပြာကဲ့သို့
ပစ္စည်းများသာဖြစ်သည်။
အိုးးးး နောက်ထပ် စီးကရက် ထုတ်ယူနိုင်သည့် လက်မှတ် ၂စောင်ရှိသေးတာလား။
ဒုတိယအမျိုးအစား စီးကရက် နှစ်ဘူး ဝယ်နိုင်သည့် လက်မှတ်နှင့် တတိယအမျိုးအစားစိီးကရက်
ငါးဘူးခန့်ဝယ်နိုင်သည့်လက်မှတ်များ အတော်ကျန်သေး၏။
ထိုလက်မှတ်များကို ကိုင်ထားရင်း ဝတ္ထုထဲမှ ကျုံးရှောက်၏ ဇာတ်သိမ်းကို
စဥ်းစားလိုက်၏။ ကျုံးရှောက်သည် အသက်ခြောက်ဆယ်မတိုင်ခင် အဆုတ်ကင်ဆာဖြင့် ဆုံးသွားခြင်းဖြစ်သည်။
လင်းဝေ့ နှုတ်ခမ်းများစေ့လိုက်ပြီး စိီးကရက် လက်မှတ်ကို အောက်ချကာ
မေးလိုက်သည်။ " ရှင်ဆေးလိပ် ခဏ ခဏ သောက်လေ့ရှိလား"
ကျုံးရှောက်လည်း ဖုံးကွယ်မထားပဲ ပြောလိုက်သည်။
"တစ်ပတ်ကို တစ်ဘူးပါပဲ"
လင်းဝေ့သည် သူမဘေးတွင် ဆေးလိပ်သောက်သူများရှိသော်လည်း သူမကတော့
ဆေးလိပ် မသောက်တတ်ပါ။သူမရုံးခန်းတွင် ဆေးလိပ်အမြဲသောက်သူ လူအို နှစ်ဦးရှိ၏။
ထို နှစ်ယောက် ရုံးခန်းထဲ ဆေးလိပ်သောက်ချိန်တိုင်း စက်ရုံအကြီးအကဲ
အစ်မကြီးနှင့် ရန်ဖြစ်လေ့ရှိသည်။ သူတို့၏ ဆေးလိပ်ငွေ့က ဆေးလိပ်မသောက်သူတွေကို လည်း
ထိခိုက်စေသောကြောင့်ဖြစ်သည်။
လင်းဝေ့သည် သူတစ်ပါးနှင့် စကားများရန် စိတ်မဝင်စားသော်လည်း စက်ရုံလုံခြုံရေးကိစ္စနှင့်
သက်ဆိုင်နေသောကြောင့် စက်ရုံအကြီးအကဲကို ရှင်းပြလိုက်သည်။ သူတို့သည် ချည်မျှင်စက်ရုံတွင်
အလုပ်လုပ်နေသည်ဖြစ်ရာ မီးလောင်လွယ်သော ပစ္စည်းများက ဂိုဒေါင်ထဲတွင် အပြည့်ဖြစ်သည်။
အကယ်၍ မီးလောင်မှုဖြစ်ခဲ့ပါက စက်ရုံမှူးသည်လည်း အလုပ်ပြုတ်နိုင်ကြောင်းရှင်းပြလိုက်သည်။
အမှန်တော့ ထိုစက်ရုံ အကြီးအကဲများသည်လည်း သူတို့မျက်ခုံးမွှေးမီး
မလောင်သ၍ ကိစ္စများကို အလေးထားမည်မဟုတ်ချေ။ လင်းဝေ့ ပြောပြလိုက်မှသာ အကြီးအကဲက ထိတ်လန့်သွားပြီး
ဆေးလိပ်သောက်တတ်သည့် လူအိုနှစ်ဦးကို စက်ရုံအတွင်း ဆေးလိပ်မသောက်ဖို့ တားမြစ်လိုက်တော့
သည်။
ထိုသူများနှင့် ယှဥ်လျင် ကျုံးရှောက်က ဆေးလိပ်သိပ်မစွဲသေးပေ။ ရှိီးချန်ကနေ
ပြန်လာသည့် လမ်းအတွင်း သူမတို့အိမ်တွင် သူမ အဖေပေးသော စီးကရက်တစ်လိပ်ကို လူရှေ့သောက်ပြဖူးသည်ကလွဲ၍
ကျုံးရှောက်ဆေးလိပ်သောက်သည်ကို မတွေ့ခဲ့ဖူးပေ။
သို့သော် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးသည် နည်းနည်းသောက်သည် ဖြစ်စေ
များများသောက်သည်ဖြစ်စေ ပျောက်သွားမည်မဟုတ်ချေ။
ထို့အပြင် ဆေးလိပ်သောက်ခြင်းသည်လည်း လူက်ိုစွဲလမ်းစေသည်။ နှစ်ရက် သုံးရက်ကို တစ်လိပ်သောက်ရာမှ
တစ်ရက်ကို နှစ်လိပ် သုံးလိပ်သောက်လာကာ နောက်ဆုံးတွင် တစ်ရက်ကို နှစ်ဘူး သုံးဘူး သောက်ဖြစ်သွား၏။
ဝတ္ထုက အစစ်အမှန် ဟုတ် မဟုတ် လင်းဝေ့မသေချာသေးသော်လည်း ကျုံးရှောက်
ဆေးလိပ်ဖြတ်နိုင်လျင် သူ့အတွက် ပိုကောင်းသည်။
ဆေးလိပ်က ဖြတ်ရခက်သလို၊ ဖြတ်ချင်လျင်လည်း လွယ်ကူကြောင်းကို လင်းဝေ့သိသည်။
စက်ရုံမှ ဆေးလိပ်သောက်သည့် လူအိုနှစ်ဦးကို ကြည့်လျင် သိနိုင်ပေသည်။ ခေါင်းဆောင်ကြည့်နေသည့်အချိန်တွင်
သူတို့နှစ်ဦး လုံးဝ ဆေးလိပ်မသောက်ချေ။
သူမသည် စက်ရုံအကြီးအကဲ ကဲ့သို့ စည်းကမ်းများထုတ်ကာ ဆေးလိပ် ဖြတ်ခိုင်းလိုက်ပါက
ကျုံးရှောက်နှင့် ကတောက်ကဆ ဖြစ်လာနိုင်၏။ သူမသည်လည်း ကျုံးရှောက်နှင့် စကားမများချင်ပါ။
ထို့ကြောင့် သူ့သိက္ခာကိုလည်း မထိပါးစေပဲ သတိပေးပြောဆိုဖို့သာ ဆုံးဖြတ်လိုက်သည်။
လင်းဝေ့ ထိုကဲ့သို့ စဥ်းစားလိုက်ကာ စကားလှလှလေးသုံးလိုက်၏။
"ကလေးတွေက ငယ်သေးတယ်ဆိုတော့ ဆေးလိပ်အနံ့က သူတို့ ကျန်းမာရေးအတွက်
မကောင်းဘူး"
သူ့တပ်သားများ၏ ဇနီးမယားများ တပ်ထဲ လာနေကြသောအခါ သူတို့ ဇနီးများက
ဆေးလိပ်ဖြတ်ရန် ပြောကြကြောင်း ကျုံးရှောက်ကို အမြဲလာညည်းပြကာ သူ့ပခုံးကိုပုတ်ရင်း ကျုံးရှောက်သာလျှင်
သာယာသည့်ဘဝရှိကြောင်း အမြဲပြော ကြသည်။