၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၁၅
ရှောင်ရှီးရှီးကလည်း မေးလိုက်သည်။"ရထားက ဘာကြီးတုန်း"
မင်မင် မျက်လုံးများ ပြူးသွားကာ"မင်းရထားတစ်ခါမှ မစီးဖူးဘူးလား။
သင်္ဘောကော စီးဖူးလား။ ဘတ်စ်ကားကော စိီးဖူးလား"
ဟုမေးလိုက်သည်။
ရှောင်ရှီးရှီးလည်း မင်မင် မေးခွန်းကြောင့် ရှက်သွားပြီး အထစ်ထစ်
အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။
"ငါ တစ်ခါမှ မစီးဖူးဘူး"
"ဘာလို့မစီးဖူးရတာလဲ" မင်မင် အတော်လေးစဥ်းစားနေ၏။
"မင်းအိမ်ကနေ ဒီကိုလာတုန်းက ရထားသင်္ဘောတွေ မစီးရဘူးလား"
" ငါက ဒီမှာပဲ နေတာလေ "ဟု မင်မင်မေးသည်ကို သိပ် နားမလည်ပဲ
ဖြေလိုက်သည်။
မင်မင် မျက်လုံးပြူးသွားပြီး လင်းဝေ့ဘက်လှည့်ကာပြောလိုက်သည်။
"မေမေ ရှောင်ရှီးရှီးက ဒီမှာပဲနေတာတဲ့ သူ့အိမ်အဟောင်းကနေ လာတာ
မဟုတ်ဘူးတဲ့" ဟု လျို့ဝှက်ချက်ကြီး တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလို မေးလိုက်သည်။
လင်းဝေ့လည်း ပြန်ရှင်းပြလိုက်ရသည်။ " ရှောင်ရှီးရှီးက ဒီကျွန်းပေါ်မှာပဲ
မွေးတာလေ"
တပ်မတော်က ပြဌာန်းထားသည်မှာ ဒုတပ်ရင်းမှုးအဆင့် နှင့်အထက်အဆင့်ရာထူးရှိမှသာ
မိသားစုအိမ်ရာတွင်နေထိုင်နိုင်မည်ဖြစ်သည်။ ကျိုးကျန်းဟိုင်သည် တပ်ရင်းမှုးအဆင့်ဖြစ်လေရာ
သူ့မိသားစုသည်လည်း တပ်ထဲ လာနေသည်မှာ အတော်ကြာပြီဖြစ်သည်။ ထို့ကြောင့် ရှောင်ရှီးရှီးကို
ကျွန်းပေါ်မှာ မွေးခဲ့ခြင်းကလည်း ထူးဆန်းသည့်အရာ မဟုတ်ပေ။
မင်မင်သည် ရှောင်ရှီးရှီးဘက်လှည့်ကာ ပြောလိုက်သည်။" မင်းက
အရမ်းမိုက်တာပဲ ငါတို့ဆို မနေ့ကမှ ဒီကျွန်းပေါ် ရောက်လာတာ"
ရှောင်ရှီးရှီးလည်း စွမ်းအားရှိသလို ခံစားလိုက်ရကာ သူ့ခေါင်းကို
ကုတ်ရင်း မင်မင်ကို ပြန်ပြော လိုက်သည်။
"မင်းလည်း မိုက်တာပဲ ငါဆို တစ်ခါမှ ရထား မစီးဖူးသေးဘူး"
ကလေးများ၏ အချင်းချင်း ချီးကျူးနေသည်ကို ကြားမိကာ လင်းဝေ့ အနည်းငယ်
မှင် တက်နေမိသည်။ အချိန်ကလည်း နောက်ကျတော့မည်ဖြစ်၍ မင်မင်ကို သတိပေးလိုက်သည်။
" မင်မင်ရေ မေမေတို့ သွားစရာရှိသေးတယ်လေ။ ပြန်လာမှ ရှောင်ရှီးရှီးနဲ့ပြန်ဆော့နော်
ဟုတ်ပြီလား"
သူတို့ စျေးသွားစရာရှိသေးသည်ကို သတိရလိုက်၍ သူ့အမေကို ပြန်ထူးလိုက်ပြီး
ကစားနေရာမှ မထချင် ထချင် လာကာ ရှောင်ရှီးရှီးကို မေးလိုက်သည်။ "ဟုတ်ကဲ့ မေမေ.....…
ရှောင်ရှီးရှီး နေ့ခင်းပိုင်းကျရင် မင်းအိမ်မှာရှိလား"
ရှောင်ရှိီးရှီးသည် မင်မင်နှင့်စကား ခဏ ပြောပြီးနောက် အရမ်းခင်သွားပြီး
နေ့ခင်းပိုင်း အိမ်တွင်ရှိကြောင်းခေါင်း မြန်မြန်ခေါင်းငြိမ့်ပြလိုက်သည်။ ထိုစဥ် သူ့အမေ
အိမ်ထဲက ထွက်လာသည်ကို တွေ့လိုက်ရ၍ သူ့အမေကိုလည်း လှမ်းမေးလိုက်သေးသည်။
"မေမေ သားတို့ ဒီနေ့ နေ့လည်ခင်း အိမ်မှာပဲ ရှိမှာမလားဟင်"
တန်းရှန့်ယွင်လည်း အိမ်အပြင် ထွက်လာစဥ် မင်မင် မေးသည်ကို ကြားလိုက်ရ၍
ပြုံးကာပြန်ဖြေလိုက်သည်။"အိမ်မှာပဲ ရှိမှာပါ နေ့ခင်းကျရင် မင်မင်နဲ့ရွေ့ရွေ့ လာကစားမလို့တဲ့လား"
မင်မင်လည်း သူ့အမေ ဘက်လှည့်ကြည့်ရင်း မျှော် လင့်နေသည့်မျက်လုံးများဖြင့်
မေးလိုက်သည်။
" နေ့ခင်းကျ ဆော့လို့ရလား မေမေ "
လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
" ဒါပေါ့ ရတာပေါ့ "
မင်မင်လည်း ပျော်ရွှင်သွားပြီး သူ့လက်ကို ရှောင်ရှီးရှိီးကို ပေးလိုက်ပြီး
"ဒါဆိုရင်တော့အဆင်ပြေသွားပြီ" သူတို့နှစ်ယောက် လက်ဖဝါးချင်း ရိုက်လိုက်ကြသည်။
တန်းရှန့်ယွင်လည်း လင်းဝေ့က်ိုပြုံးပြရင်း မေးလိုက်သည်။"အပြင်သွားမလို့လား"
လင်းဝေ့လည်း ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။
"ဟုတ်တယ် အိမ်မှာလည်း စားစရာ မရှိတော့လို့ ဟင်းသီးဟင်းရွက်စျေးနဲ့
ပင်လယ်စာ ဆိုင်ကို တစ်ချက်သွားကြည့်မလို့။ ဒါနဲ့ကျွန်မတို့က တပ်မတော်ပြန်လည် နေရာချထားရေးရုံးကိုသွားပြီး
အိမ်ထောင်စုစာရင်းသွင်းမလို့ အာ့တာလုပ်ရင် ဘယ်လောက်လောက် အချိန် ကြာလဲ ဟင်"
"သန်းခေါင်စာရင်း စာရွက်ရှိပြီးသားဆိုရင်တော့ စာရင်းသွင်းတာက
အမြန်ဆုံး တစ်ရက် နှစ်ရက်၊ လွန်ဆုံးကြာမှ တစ်ပတ်လောက်ပဲ ကြာတာပါ"
တန်းရှန့်ယွင်သည် တပ်ထဲရောက် တာကြာပြီဖြစ်သည့် အရာရှိဇနီးတစ်ယောက်ဖြစ်၍
ထိုအခန်းကဏ္ဍများကိုသိရှိနားလည်လေသည်။
လင်းဝေ့သည် အလွန်ဆုံး တစ်ပတ်လောက်ပဲကြာသည်ဆိုလျင် အဆင်ပြေသည်ဟု
တွေးလိုက်ကာ တန်းရှန့်ယွင်ကို ကျေးဇူးတင်စကားပြောလိုက်သည်။
"ရပါတယ်"
တန်းရှန့်ယွင်လည်း ခေါင်းခါရင်း ပြုံးကာပြောလိုက်ကာ နောက်မှ တစ်ခုခု
စဥ်းစားမိဟန်ဖြင့် "ခဏလောက်စောင့်ပါဦး"ဟုပြောကာ အိမ်ထဲ ခဏဝင်သွားပြီး အပေါ်ထပ်တက်သွားသည်။
လင်းဝေ့လည်း အကြာကြီး မစောင့်လိုက်ရပါ။ သုံး လေး မိနစ်ခန့်အကြာတွင်
တန်းရှန့်ယွင် ပြန်ဆင်းလာကာ လင်းဝေ့လက်ထဲ ကူပွန်လက်မှတ်အချို့ထည့်ပေးလိုက်ကာ ပြောလိုက်သည်။
"ရှင်က တပ်အိမ်ထောင်စုစာရင်း မသွင်းရသေးဘူးဆိုတော့ ကူပွန်
လက်မှတ်လည်း ရှိမှာ မဟုတ်လောက်ဘူး။ ဒါ့ကြောင့် ကျွန်မဆီက နည်းနည်း ယူသွားလိုက်"
လင်းဝေ့လည်း သူမအိမ်ထဲဝင်ကာ လက်မှတ် ယူပေးလိမ့်မည် ဟု မမျှော်လင့်ထားပေ။
ထို့ကြောင့် ချက်ချင်းငြင်းလိုက်သည်။
"ကျွန်မ ယောက်ျား ကျုံးရှောက် ဒီနေ့ရမယ့်သူ့ရဲ့စားစရာခွဲတမ်းကို
ယူလာမှာဆိုတော့ စစ်တပ်အိမ်ထောင်စုစာရင်း မရခင်အထိ ပေါင်းစားလို့ရပါတယ်"
မိသားစုရှိသည့် အရာရှိစစ်သည်များသည် ပင်လယ်သို့ တာဝန်ထမ်းဆောင်ရသည့်
အချိန်မှ လွဲ၍ ကျန်သည့်အချိန်များတွင် မိသားစုနှင့်အတူ ညနေစာ စားခွင့်ရှိသည်။ သို့သော်
တပ်သားများသည် ရိက္ခာထောက်ပံ့မှု စည်းကမ်းကို လိုက်နာရသည်။ ခွဲတမ်းကျ အစားအသောက်ကို လေ့ကျင့်ရေးစခန်း၏ စားသောက်ခန်းတွင်စားရသည်။ သို့မဟုတ်
အစားအသောက်၏ တစ်ဝက်ကိုသာ အပြင်ထုတ်ယူခွင့်ရှိ၏။
အစားအသောက် တစ်ဝက်ကို အပြင်ထုတ်ယူရာတွင်လည်း ရိက္ခာထုတ် လက်မှတ်အဖြစ်ပြောင်းကာ
ထုတ်ယူရသည်။ ထိုလက်မှတ်ဖြင့် ဆန်နှင့် ဟင်းသီးဟင်းရွက်များဝယ်ယူနိုင်သည်။ ပြည်နယ်အဆင့်စားသောက်ဆိုင်များတွင်လည်း
မှာယူစားသောက်နိုင်၍ သုံးရအဆင်ပြေသည်။
တပ်အိမ်ထောင်စုစာရင်း သွင်းထားသူတွေက စစ်တပ်က ကျွေးသည့်အစားအသောက်ကို
ရိက္ခာထုတ်လက်မှတ်အဖြစ် ပြောင်းယူကြသည်။ ဒီနေ့ကျုံးရှောက်ကလည်း အိမ်ပြန်လာတဲ့အခါ သူ့တစ်နေ့စာခွဲတမ်းကို
လက်မှတ်အဖြစ်ပြောင်းပြီး ယူမှာဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူတို့မိသားစု မနက်ဖြန် အသားစားရတော့မည်ဖြစ်သည်။
လင်းဝေ့သည် တန်းရှန့်ယွင်၏ လက်မှတ်များကို မယူခဲ့ပါ။ သူမ မနက်ဖန်
စာရင်းသွင်းနိုင်၍ အသားစားနိုင်မည် မှာ မသေချာသော်လည်း အခုမှ သိကျွမ်းသည့်လူဆီက လက်ခံယူရမည်ကို
အားနာ၍ဖြစ်သည်။
တန်းရှန့်ယွင်သည် လင်းဝေ့က အားနာ၍ လက်မခံသည်ကိုသိ၍ အသားနှင့်ကြက်ဥ လက်မှတ်များကို ပြန်ယူလိုက်ပြီး
ကျန်လက်မှတ်များကိုကမ်း ပေးကာပြောလိုက်သည်။
"ဒုတပ်ရင်းမှုး ကျုံးရှောက် ပြန်လာတဲ့အခါကျရင် ပင်လယ်စာစျေးတန်းက
ပိတ်လောက်ပြီဆိုတော့ အရင်ဆုံးဒီလက်မှတ် နှစ်ခု အရင်ယူထားလိုက်ပါ။ ရှင် နဲ့ကလေးတွေစားချင်တာ
အရင် ဝယ်ထားလိုက်ကြလေ။ လက်မှတ်တွေကလည်း အလကားပေးတာမဟုတ်ပါဘူး။ ရှင်တို့ ရိက္ခာထောက်ပံ့ကြေး
ရတဲ့အခါကျရင် ပြန်ပေးပေါ့။ အိမ်ချင်းကလည်းနီးနေတာဆိုတော့ လက်မှတ်ပြန်မရမှာလည်း မစိုးရိမ်ပါဘူးနော်"
ထိုသို့ပြောနေမှတော့ လင်းဝေ့ ငြင်းပြန်လျင်လည်း မသင့်တော်တော့ပေ။
နောက်တော့ ကြင်နာတတ်သည့်သူဖြစ်နေသောကြောင့် လင်းဝေ့ လက်ခံလိုက်ကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း ကျွန်မ ရိက္ခာ အထောက်အပံ့ရတဲ့အခါကျရင်ပြန်ပေးပါ့မယ်"
ထို့နောက်လင်းဝေ့သည်လည်း တန်းရှန့်ယွင်ကို စျေးဝယ်စရာရှိလျင် သူမနှင့်
လိုက်ခဲ့ဖို့ခေါ်လိုက်သည်။
တန်းရှန့်ယွင်လည်း စျေးမသွားရသေးပါ။ ထို့ကြောင့် ခဏ တုံ့ဆိုင်းသွားကာ
စဥ်းစားပြီးနောက် ပြော လိုက်သည်။
"ကျွန်မ အိမ်မှာ လုပ်စရာလေးတွေရှိသေးလို့ မလိုက်တော့ပါဘူး"
လင်းဝေ့လည်း တပ်မတော်ပြန်လည်နေ ရာချထားရေးအသင်းသို့ ဝင်ရဦး မည်ကိုပြန်စဥ်းစားမိကာ
ဘာမှမပြန်မမေးတော့ပဲ ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ဒါဆိုရင်လည်း ကျွန်မတို့ သွားလိုက်ပါဦးမယ်။ မင်မင်၊ ရွေ့ရွေ့
ဒေါ်ဒေါ်နဲ့ ရှောင်ရှီးရှီးကို နှုတ်ဆက်လိုက်ပါဦး"
သူတို့ကိုခေါ်သံကြားမှ
ကလေးသုံးယောက်သည် မြေကြီးပေါ်ကုန်းနေရာမှ ခေါင်းလေးတွေ မော့လာကြသည်။ မင်မင်နှင့် ရွေ့ရွေ့သည်လည်း
မတ်တပ်ထရပ်လိုက်ကာ နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ် ဒေါ်ဒေါ် ရှောင်ရှီးရှီး တာ့တာနော်"
နှုတ်ဆက်ပြီးသောအခါ မင်မင်သည် ရှောင်ရှီးရှီးကို သက်သက် ပြောလိုက်ပြန်သေးသည်။
"နေ့ခင်းကျရင် လာကစားမယ်နော်"
ရှောင်ရှိီးရှီးကလည်း သေချာပြန်ပြောလိုက်သည်။
"မင်းကို စောင့်နေမယ်နော်"
လင်းဝေ့လည်း တန်းရှန့်ယွင်တို့ သားအမိကို လက်ပြရင်း ကလေးများကို
ခေါ်ကာ ထွက်သွားလိုက်သည်။
မင်မင်နှင့်ရွေ့ရွေ့သည် ကျိုးအိမ်မှ ထွက်လာခဲ့ပြီးသည့်တိုင် သူတို့တွေ့ခဲ့သည့်အရာအကြောင်းကို
ပြောမဆုံးသေးပေ။ ထို့နောက် မင်မင် တစ်ခုခု ကိုသတိရသွားပြီး လင်းဝေ့ကိုမေးလိုက်သည်။
"မေမေ သားကို အိမ်အသစ်က ပုရွက်ဆိတ်တွေက အိမ်အဟောင်းက ပုရွက်ဆိတ်တွေထက်
ဘာလို့ကြီးလဲ ဆိုတာ မပြောပြရသေးဘူးနော်"
ရွေ့ရွေ့ကလည်း တအံတသြ မေးလိုက်သည်။
"အိမ်အသစ်က ပုရွက်ဆိတ်တွေက အိမ်အဟောင်းက ပုရွက်ဆိတ်တွေထက်
ပိုကြီးတယ်လား"
" နင်မမြင်ဘူးလား အိမ်အသစ်က ပုရွက်ဆိတ်အသစ်တွေက အရမ်းကြီးတာပဲ
အိမ်အဟောင်းကကပုရွက်ဆိတ်ကလည်းကြီးပေမယ့် အိမ်အသစ်က ပုရွက်ဆိတ်လောက်မကြီးသလိုပဲ."
ရွေ့ရွေ့စဥ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။
"ဒါပေမယ့် အိမ်အဟောင်းတုန်းကလည်း အာ့လောက်ကြီးတဲ့ ပုရွက်ဆိတ်မြင်ဖူးတယ်"
"အာ့မှာလည်း ရှိခဲ့တယ်လား" မင်မင်တစ်ယောက် မယုံနိုင်
ဖြစ်နေခဲ့သည်။
သို့သော် ရွေ့ရွေ့သည် လုံးဝသေချာသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ် အာ့လောက်ကြီးတဲ့ အမည်းရောင်ပုရွက်ဆိတ်ကြီးတွေလေ"
မင်မင်သည် စဥ်းစားမရဖြစ်နေကာ
"ဒါဆို ဘာလို့ငါတွေ့သမျှက ပုရွက်ဆိတ်အသေးလေးတွေပဲ ဖြစ် နေရတာလဲ"
လင်းဝေ့လည်း ကြားဖြတ်ကာ ပြောလိုက်သည်။
"မေမေလည်း အရင်အိမ်ဟောင်းမှာ ပုရွက်ဆိတ်အကြီးကြီးတွေ မြင်ဖူးလိုက်သေးတယ်။
သားနဲ့ ပုရွက်ဆိတ်အကြီးကြီးနဲ့ မကြုံမိလို့နေမှာပေါ့ "
သူ့အမေနဲ့ညီလေးနှစ်ယောက်လုံးက တွေ့ဖူးခဲ့တာသေချာနေတော့ သူလည်း
" ဟုတ်လား" ဟုသာ ပြောနိုင်တော့လေသည်။
ပုရွက်ဆိတ်အကြီးများကလည်း အရင်မြို့တွင်လည်း ရှိကြောင်းသိသွားတော့
ပုရွက်ဆိတ် အကြီး အသေးပြဿနာ မေးခွန်းလဲ အဆုံးသတ်သွားတော့သည်။ မင်မင်လည်း ထပ်မမေးတော့ပဲ
ရွေ့ရွေ့နှင့်သာ တစ်ခြားအကြောင်းအရာများပြောနေကြသည်။
လင်းဝေ့တို့သားအမိတစ်တွေ စကားပြောရင်းလမ်းလျှောက်လာကြစဥ် ခုနှစ်မိနစ်
ရှစ်မိနှစ်ခန့်ကြာပြီးနောက် အနီရောင်နှစ်ထပ် အုတ်တိုက် အဆောက်အအုံ တစ်ခု သူတို့မျက်စိရှေ့တွင်ပေါ်လာခဲ့သည်။
တပ်မတော်ပြန်လည်နေရာချထားရေးရုံးဆီ ရောက်ပြီပင်။