၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၁၇
"လိမ္မာလိုက်တာကွယ်" ရှန်းချင်းက ကလေးများကို ချီးကျူးလိုက်ပြီး
လင်းဝေ့ကို မေးလိုက်သည်။
"ကလေးတွေက သိတတ်နားလည်လိုက်ကြတာ။ ကလေးတွေကို ဘယ်လိုသင်ပေးထားတာလဲ
"
ယနေ့ခတ်တွင် လူအများက အိမ်ထောင်စောစောပြုကြကာ ကလေးစောစော ယူကြလေသည်။
စစ်တပ်မိသားစုအိမ်ရာရှိ မိသားစုအများတွင်လည်း ကလေးရှိကြရာ ကလေးတွေကို ဘယ်လို သွန်သင်ကြမလဲ
ဆိုသည်က လူတိုင်းသိချင်ကြသည့် အကြောင်းအရာလည်းဖြစ်သည်။
စကော့အကွက်အဆင်နှင့် အမျိုးသမီးသည်လည်းရုတ်တရက် ဝင်ပြောလိုက်သည်။
"ကျွန်မလည်း ဒီကလေး နှစ်ယောက်က တစ်ကယ်ပဲ လိမ္မာရေးခြားရှိတယ်လို့
ထင်တယ်။ ကျွန်မ ကလေးဆိုရင် ဒီကလေးတွေနဲ့ တစ်နှစ်ပဲကွာမှာ…အပြင်ပဲ လျှောက်လည်ချင်နေတာ
ကျွန်မဆို သူ့ကိုတွေ့တိုင်းဆူပူနေရတာ"
လင်းဝေ့လည်း ပြောလိုက်သည်။ "ကျွန်မရဲ့ ဇာတိမြို့မှာဆိုရင်
ကလေးတွေနဲ့ ပတ်သက်ပြီး ပြောစမှတ်တောင်ရှိကြတယ်။ ၇ နှစ် ၈ နှစ် အရွယ်ကလေးတွေကိုဆို ဆိုးလွန်းလို့
ခွေးတွေတောင်ကြောက်ကြတယ်တဲ့။ ကျွန်မလည်း ကလေးတွေကြီးလာရင် ဆုံးမရ ခက်မှာကို စိုးရိမ်မိတယ်။"
လင်းဝေ့၏ စကားများက စကော့အကွက်အဆင်နှင့်
အမျိုးသမီး၏ ရင်ထဲ ထိသွားပုံရသည်။
"ဟုတ်ပါ့ ကျွန်မသားကလည်း
၇ နှစ် ၈ နှစ်လောက်ရှိပြီ။ကျွန်မဆို သူ့ကိုတွေ့တိုင်း စိတ်တိုရလွန်းလို့။ ကျွန်မသားက
သုံးလေးနှစ်အရွယ်တုန်းကလည်း မလိမ္မာဘူး။ ဒီကလေးတွေက အခုလိမ္မာကြတော့ နောင်လည်း လိမ္မာကြမှာပါ"
" မျှော်လင့်ရတာပါပဲ " လင်းဝေ့က သက်ပြင်းချရင်းပြောလိုက်ကာ
ဖြည့်ပြီးသော ပုံစံစာရွက်ကို ကမ်းပေးပြီး မေးလိုက်သည်။
"ကျွန်မ ဖြည့်ထားတာလေး ဘာတွေကျန်သေးလဲ စစ်ပေးပါဦးရှင့်
"
စကော့အကွက်အဆင်နှင့် အမျိုးသမီးလည်း စာရွက်ကို စစ်လိုက်ပြီး
" ဘာမှတော့ မကျန်တော့ပါဘူး ။ လိုအပ်တာတွေကို အထက်ကပဲ ဆုံးဖြတ်တာဆိုတော့ အချက်အလက်တွေကိုပဲ
အရင်ပေးထားလိုက်မယ် လိုအပ်ရင် အကြောင်းကြားလိုက်ပါ့မယ်"
"အစ်မကိုပဲ အပူကပ်ပါရစေ" ဟုလင်းဝေ့လည်း ပြော လိုက်ရင်း
"ဒါနဲ့စကားမစပ် ကျွန်မတို့တွေ စကားသာပြောနေတာ အစ်မ နာမည် မသိရသေးလို့ပါ"
"ကျွန်မနာမည်က လျိုတန်းပါ။ ကျွန်မကို အစ်မလျိို ဒါမှမဟုတ်
ရဲဘော်လျိုလို့ ခေါ်နိုင်ပါတယ် " ဟု စာရွက်စာတမ်းများကို သိမ်းဆည်းပြီးပြောလိုက်သည်။
လင်းဝေ့လည်း အစ်မလျို ဟုသာခေါ်ရင်း မေးလိုက်သည်။" အစ်မလျို
ဒါပဲလား ကျွန်မ ပြန်လို့ရပြီလား။စစ်တပ်အိမ်ထောင်စုစာရင်းသွင်းတာ ဘယ်လောက်ကြာလဲဟင်"
"ကျွန်မ နေ့လည်လောက်ကျ ဌာနချုပ်ကိုသွားပြီး စာရွက်စာတမ်းတွေကို
ပေးခဲ့မှာဆိုတော့ စစ်တပ်အိမ်ထောင်စုစာရင်း စစ်ဆေးတဲ့အဖွဲ့ရဲ့ စစ်ဆေးပြီးတဲ့အချိန်အပေါ်
မူတည်ပြီး အချိန်ကြာ မကြာသိရမှာပါ ပြသနာလေးတွေ ရှိလို့လားရှင့် "
လျိုတန်းလဲ အသံအေးအေးဖြင့် ပြန်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့ အရာရှိစစ်သည် တစ်ယောက်နဲ့အိမ်ထောင်ပြုထားတာဆိုတော့
နိုင်ငံရေးစစ်ဆေးမှုကိုကျော်နိုင်မှာပါ။ အထွေအထူး ဘာပြသနာမှလည်း မရှိပါဘူး ပုံမှန်လုပ်ထုံးလုပ်စဥ်အတိုင်းပဲဆိုတော့
နှစ်ရက်လောက်ဆို ပြီးပါပြီ။"
လင်းဝေ့လည်း သူမကို ကျေးဇူးတင်စကားပြောလိုက်သည်။"ဒါဆိုရင်လည်း
ကျွန်မ သန်ဘက်ခါလောက်မှပြန်လာခဲ့ပါ့မယ်။ ကျွန်မ ရှင့်ကိုပဲ လာရှာရမှာလား"
"ကျွန်မကိုပဲ လာရှာလိုက်ပါ။ ကျွန်မကပဲ စာရင်းဇယားတွေအတွက်
တာဝန်ရှိတာဆိုတော့ ကျွန်မဆီပဲ လာလိုက်ပါ"
"ဟုတ်ကဲ့ပါ" လင်းဝေ့လည်း နားလည်ကြောင်း ခေါင်းငြိမ့်လိုက်ရင်း
ညီအစ်ကို နှစ်ယောက်ကို ပြောလိုက်သည်။
"သားတို့ရေ အန်တီ တို့ကို နှုတ်ဆက်လိုက်ပါဦး"
ကလေးများက ချိုချဥ်စားနေရင်း လင်းဝေ့ စကားကိုကြားသောအခါ စားလက်စ
ချိုချဥ်ပြန်ထုတ်ရင်းနှုတ်ဆက်စကားပြောလိုက်သည်။ "နှုတ်ဆက်ပါတယ် အန်တီ ရှန်းနဲ့
အန်တီလျို"
အမှန်တော့ ရွေ့ရွေ့က သူ့အမေတို့ပြောနေသောစကားများကို နားမထောင်ထား၍
အန်တီတို့၏ နာမည်များကိုမသိပါ။ ထို့ကြောင့် "နှုတ်ဆက်ပါတယ် အန်တီတို့" ဟုသာပြောလိုက်စဥ်
သူ့အစ်ကိုရဲ့ နှုတ်ဆက်ပုံကို ကြားလိုက်၍ အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။
ရွေ့ရွေ့၏ အပြုအမူလေးကိုကြည့်ကာ ရှန်းချင်းသည် အမှတ်တမဲ့ ပြုံးလိုက်မိသည်။
"နှုတ်ဆက်ပါတယ် မင်မင်နဲ့ ရွေ့ရွေ့ရေ"
လင်းဝေ့လည်း သူတို့နှစ်ဦးကို နှုတ်ဆက်လိုက်ပြီး စာရွက်စာတမ်းအိတ်ကို
ကောက်ကိုင်လိုက်ကာ ကလေးနှစ်ယောက်နှင့် ထွက်သွားလိုက်သည်။
သူမရုံးခန်းမှ ထွက်ခွာလာစဥ်
အသက်၄၀အရွယ် အမျိုးသမီးသည် အပြင်ဘက်မှ ရုံးခန်းအတွင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် ဆံပင်တိုကာ အပြာရောင် အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီအရှည်ကိုဝတ်ထားပြီး
ဒေါက်ပါသော ရှုးဖိနပ်ကိုလည်း စီးထားသည်။
ကြည့်ရသည်မှာ အရည်အချင်းရှိသည့် အမျိုးသမီးပုံ ပေါက်သည်။
ဤရုံးကိုလာကြသည့် အမျိုးသမီး အများစုမှာ မိသားစုအိမ်ရာဝန်းတွင်နေကြသော
အရာရှိအမျိုးသမီးများဖြစ်ကြကာ အိမ်နီးချင်းများဖြစ်ကြသည်။ သူတို့အချင်းချင်း အရမ်းမခင်ကြလျင်ပင်
အချင်းချင်းပြောဆိုဆက်ဆံနိုင် ကြသည်။ သို့သော် လင်းဝေ့သည် သူမက စတင်ပြီး လူများနှင့်ပြောဆို
မဆက်ဆံတတ်လေရာ ထိုအမျိုးသမီးကို ခေါင်းငြိမ့်ပြရင်းသာ ကလေးများနှင့် ထွက်သွားခဲ့သည်။
တစ်ဖက်တွင်တော့ သက်လတ်ပိုင်း အမျိုးသမီးက လင်းဝေ့ကို ခဏခဏ လှည့်ကြည့်ရင်း
အလုပ်အက််ိုင်ရှာဖွေရေးရုံးဆီ ဝင်သွားရာ ရုံးအတွင်းရှိ
ထိုင်နေသူတစ်ယောက်ကို သူမ မေးလိုက်သည်။
"အခုလေးတင် အပြင်ထွက်သွားတဲ့ တစ်ယောက်က အသစ်ရောက်လာတဲ့ အရာရှိအမျိုးသမီးလား"
ဤ ရုံးခန်းတွင်လည်း လူနှစ်ဦး အလုပ်လုပ်ကြကာ သူမတို့ ခေါင်းဆောင်နှင့် အစည်းအဝေးသွားနေသည့်သူတို့ဖြစ်သည်။
သူမ၏ မေးခွန်းကိုကြားလျင် ဘယ်ဘက်ရှိ သူမစားပွဲထိုင်ခုံတွင် ထိုင်နေသော
ဆံပင်တိုနှင့် အမျိုးသမီးသည် ဘေးနားက သူ့လုပ်
ဖော် ကိုင်ဖက်ကို ပြန်မေးလိုက်သည်။"ဘာမေးလိုက်တယ်"
လုက်ဖော်ကိုင်ဖက် အမျိုးသမီးက စဥ်းစားကာပြောလိုက်သည်။
"စောနက ဖြတ်သွားရင်းဘေးက ရုံးခန်းမှာ အမျိုးသမီးတစ်ယောက် စာရင်းသွင်းနေတာတော့တွေ့တယ်"
ဆံပင်တိုနှင့်အမျိုးသမီးသည် တစ်ခုခုကို မှတ်မိသွားကာမေးလိုက်သည်။
"အာ့တာ ဒုတပ်ရင်းမှုးကျုံးရှောက်ရဲ့အမျိုးသမီးလား။ ကျွန်မကြားတာတော့ ကောင်းရှို့လျန် နဲ့ မနေ့က စကားများကြတယ်ဆိုလား"
"ဘာကြောင့်စကားများကြတာတဲ့လဲ" သက်လတ်ပိုင်းအမျိုးသမီးက
မေးလိုက်သည်။
" ကျုံးမိသားစု အိမ်ပြုပြင်တာနဲ့ အိမ်သာ ဆောက်တာကို ကောင်းရှို့လျန်က
မလိုအပ်ပဲ သုံးဖြုန်းတယ် ဆိုပြီး သွားပြောတယ်ဆိုလားပဲ။ ကျွန်မလည်း အသေးစိတ်တော့မသိပါဘူး။
နောက်ဆုံးတော့ ကျောက်တပ်မှုးက ကောင်းရှို့လျန်ကို ကျုံးမိသားစုကိုပြန်တောင်းပန်ခိုင်းတယ်လို့ကြားတာပဲ"
သူမသည် အသံကို တိုးကာ ထပ်ပြောလိုက်သေးသည်။
"ဒုတပ်ရင်းမှုးကျုံးရဲ့အမျိုးသမီးက စရိုက်ကြမ်းတယ်လို့လည်း
အားလုံးကပြောနေကြတာ"
သက်လတ်ပိုင်း အမျိုးသမီးကလည်း ထိုစကားကို အလေးအနက်မထားပဲ ပြောလိုက်သည်။
"တစ်ကယ်လို့ တစ်ယောက်ယောက်ကလည်း ကျွန်မမိသားစုကို အသုံးအစွဲမတတ်ဘူး
ဘာညာဘာပြောရင် ကျွန်မလည်း သည်းခံနေနိုင်မှာ မဟုတ်ဘူး"
ကောင်းရှို့လျန်ကို အရာရှိအိမ်ရာဝန်းတွင် သဘောကျသူ သိပ်မရှိပေ။
ဆံပင်တိုနှင့်အမျိုးသမီးက ကောင်းရှို့လျန်ကို မကျေနပ်၍ မဟုတ်သော်လည်း သက်လတ်ပိုင်း
အမျိုးသမီးပြောသည်ကို ထောက်ခံလိုက်သည်။
"ဟုတ်တယ် ကျွန်မလည်း သည်းခံနိုင်မှာ မဟုတ်ဘူး။ ဒါနဲ့ ညွှန်ကြားရေးမှုးချန်
ဘာလို့ ဒီကိုရောက်လာတာလဲ"
ညွှန်ကြားရေးမှုးချန်လည်း ကိစ္စတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
"ဒီလို တရုတ်ဆေးပေးခန်းက ရှောင်ဟုရဲ့ ယောက်ျားက နယ်ပြောင်း
တာဝန်ကျတော့ ရှောင်ဟုကလည်း ပြောင်းရတော့မှာလေ။ ဆေးခန်းကလည်း လူလိုနေတော့ သင့်တော်မယ့်
လူတွေရှာထားလိုက်ဦး"
ဆံပင်တိုနှင့် အမျိုးသမီးလည်း ပြောခဲ့သည်။ "လုပ်မယ့်လူကတော့ရှိပါတယ်
ဒါပေမယ့် လုပ်ငန်းလိုအပ်ချက်က ဘာတွေလဲ"
"သိတဲ့အတိုင်းပဲလေ။ ဆေးပေးခန်း အလုပ်က လူတွေကို ဆေးပေးရမယ်ဆိုတော့ စာရေးတတ်ဖတ်တတ်ရုံနဲ့မရဘူး။ အလယ်တန်းအဆင့်တော့အောင်
ထားရမယ် အလုပ်ကိုလည်း စေ့စေ့စပ်စပ် လုပ်တတ်ရမယ်။ မဟုတ်ရင် ဆေးတွေမှားပေးမိပြီး လူတွေ
သေကုန်မှာပေါ့ လိုအပ်တာ အဲဒီနှစ်ချက်ပါပဲ ဒါဆိုရပါပြီ"
စစ်ဆေးရုံ တည်ဆောက်ထားသည်မှာ မကြာသေးပေ။ဆန်းလင်ကလည်း အရမ်းကြီးသည့်နေရာမဟုတ်၍
အခက်အခဲများရှိနေသည်။ ဆေးကျောင်းပြီးစ လူငယ်များကလည်း နာမည်ကြီးဆေးရုံများတွင်သာ လုပ်လိုကြ၍
ဆန်းလင် ဆေးရုံတွင် လုပ်အား မလုံလောက်ပေ။
သူမ လုပ်ချင်လျင်ပင် ရှိရမည့် အလုပ်လိုအပ်ချက် နှစ်ချက်ကြောင့်
သူမ လုပ်နိုင်လိမ့်မည်မထင်ပေ။
ညွှန်ကြားရေးမှုးချန်၏ လုပ်ငန်းလိုအပ်ချက် ပညာအရည်ချင်းမှာ မြင့်နေ၍
ဆံပင်တိုနှင့်အမျိုးသမီး အခက်ကြုံနေသည်။ အလယ်တန်းအောင်ပညာအရည်အချင်းနှင့် အရာရှိဇနီးသည်များ
သိပ်မရှိပေ။ ထိုအရာရှိဇနီးသည်များမှာလည်း အလုပ်ရပြီးသူများဖြစ်နေသည်။ အလုပ်လိုအပ်ချက်နှင့်
ကိုက်ညီနိုင်သည့် အမျိုးသမီးများက လက်တစ်ဆုပ်စာသာရှိသည်။
ဆံပင်တိုနှင့် အမျိုးသမီး၏ အခက်ကြုံနေဟန်မျက်နှာထားတွေ့ရ၍ ညွှန်ကြားရေးမှုးချန်
မေးလိုက်သည်။
"ဘာလို့လဲ အရာရှိအိမ်ရာမှာ အလုပ်မရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိတာကို
အဲ့ဒီထဲကမှ ပညာအရည်အချင်း ကိုက်ညီတဲ့တစ်ယောက်ကို
ရွေးလိုက်လို့မရဘူးလား"
"အတန်းပညာမြင့်တဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်ကတော့
……"
ဆံပင်တိုနှင့်အမျိုးသမီးသည် ညွှန်ကြားရေးမှုးချန်ပြောသည်ပြချက်အလက်များ
နှင့်ကိုက်ညီသော လူတစ်ဦး၏ အချက်အလက် များကို ပေးလိုက်သည်။
ညွန်ကြားရေးမှုးက အချက်အလက် စာရွက်ကိုကြည့်လိုက်ပြီး နှုတ်ထွက်စာကိုမြင်လျင်
မျက်မှောင်ကျုံ့လိုက်ပြီးပြောလိုက်သည်။"သူက လွဲလို့ တစ်ခြားသူမရှိဘူးလားး"
ဆံပင်တိုနှင့်အမျိုးသမီးလည်း ခေါင်းခါလိုက်ပြီးပြောလိုက်သည်။
" မရှိဘူး ဒါပေမယ့်ပညာအရည်အချင်း ကန့်သတ်မထားရင်တော့ လုပ်နိုင်မယ့်
တစ်ချို့ရှိသေးတယ်"
ညွှန်ကြားရေးမှုးချန် ပြောသည့် အတန်းပညာ အရည်အချင်းက အလယ်တန်းအောင်
အဆင့် အနိမ့်ဆုံးဖြစ်ရမည် ဖြစ်ကာ တစ်ခြားကိုက်ညီသည့်သူများကိုလဲ မတွေ့၍ ညွှန်ကြားရေးမှုးချန်
မျက်မှောင်ကြုံ့နေမိသည်။ ခရိုင်အလယ်တန်းကျောင်းအုပ်ကို ဖုန်းဆက်ကာ ဒီနှစ်ကျောင်းဆင်းသည့်
ကျောင်းသားတစ်ဦးကို ပို့ပေးရန် အကူအညီ တောင်းရတော့မည်လားး။
သူမစဥ်းစားနေစဥ် သူမဘေးရှိ လုပ်ဖော်ကိုင်ဖက်က ပြောလိုက်သည်။
"တစ်ယောက်တော့ရှိတယ်"
"ဘယ်သူလဲ" ဆံပင်တိုနှင့်အမျိုးသမီးသည်လည်း သူ့လုပ်ဖော်ကိုင်ဖက်ကို
မေးလိုက်သည်။
သူ့လုပ်ဖော်ကိုင်ဖက်က ပြောလိုက်သည်။"ဒုတပ်ရင်းမှုးကျုံးရဲ့အမျိုးသမီးလေ။
သူမက အခုမှ တပ်ထဲရောက်တာဆိုတော့ အလုပ် ရှာရင် ရှာနေမှာပေါ့။"
"သူမလားး" ဆံပင်တိုနှင့်အမျိုးသမီးက မျက်မှောင်ကျုံ့ရင်းစဥ်းစားလိုက်သည်။
"သူ့ပညာ အရည်အချင်းက ဘာလဲ မှမသိတာ"
"သူ့ပညာ အရည်အချင်းသိဖို့ မခက်ပါဘူး။ ဘေးကရုံးခန်းကိုသွားပြီး
မေးလိုက်ရုံပဲလေ။ အိမ်ထောင်စုစာရင်းစာရွက်ထဲမှာ အကုန်ပါမှာပဲ "
ဆံပင်တိုနှင့်အမျိုးသမီးက ဘေးရုံးခန်းကို သွားမေးရ မမေးရ စဥ်းစားနေစဥ်
ဒါရိုက်တာချန်က ဆုံးဖြတ်ချက်ချကာ ထလိုက်သည်။ "ငါ ဘေးရုံးခန်းကိုသွားပြီး သူမ အကြောင်းစုံစမ်းလိုက်မယ်"
ဟုပြောကာ ထွက်သွားလေသည်။