အပိုင်း ၁၈
Viewers 2k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၁၈

 

 

 

 

ညွှန်ကြားရေးမှုးချန် ထွက်သွားသည်နှင့် ဆံပင်တိုနှင့်အမျိုးသမီးက သူမ လုပ်ဖော်ကိုင်ဖက်ကို မေးလိုက်သည်။"ရှင် ဘာလို့ ဒုတပ်ရင်းမှုးရဲ့ အမျိုးသမီးအကြောင်း ထပြောလိုက်တာလဲ"

 

 

တပ်မတော်ပြန်လည် နေရာချထားရေးရုံးသို့ အလုပ်ဝင်သည်မှာ မကြာသေးသော သူမက ထူးဆန်းစွာပြန်မေးလိုက်သည်။

 

 

"ညွှန်ကြားရေးမှုးချန်လိုချင်တာက အလယ်တန်းအောင်တဲ့သူလိုချင်တာလေ။ ကျွန်မတို့မှာလည်း သင့်တော်တဲ့ လူမရှိတော့ ကျွန်မလည်း ဒုတပ်မှုးကျုံးရဲ့အမျိုးသမီးကိုစဥ်းစားမိလို့ပါ ပြသနာရှိလို့လား"

 

 

ဤကိစ္စသည် ပြသနာကြီးကြီးမားမားမဟုတ်သော်လည်း လုပ်ထုံးလုပ်စဥ်နှင့်တော့ မကိုက်ညိီပါ။

 

 

အရာရှိဇနီးသည်များကို အလုပ်ပေးရာတွင် လုပ်နေကျ ပုံသေ လုပ်ထုံးလုပ်စဥ်ရှိသည်။ ပုံမှန်အားဖြင့် အရာရှိဇနီးသည်များသည် အိမ်ထောင်စုစာရင်းသွင်းကြရသည်။ သင့်တော်သည့် ပညာအရည်အချင်း ရှိသူများကို အလုပ်အကိုင်ရှာဖွေရေးဌာနသို့ အချက်အလက်များပို့ပေးရသည်။

 

 

ထပ်ပြောရလျင် ဆန်းလင်အခြေစိုက်စခန်း အနီးအနားတွင် အစိုးရပိုင် စက်ရုံများမရှိသလောက် နည်းသည်။ယန်ရှန်းခရိုင် အတွင်းတွင်ပင် ရှားလေသည်။ ထို့ကြောင့် အလုပ်ခေါ်ခြင်းကလည်း ရှားသည်။  အရာရှိအမျိုးသမီးအချို့က အလုပ်လိုချင်၍ သူတို့၏ အချက်အလက်များကို အလုပ်အကိုင် ရှာဖွေရေးဌာနသို့ပေးပို့ထားသော်လည်း လုပ်ငန်းခွင် လိုအပ်ချက်မကိုက်ညီ၍သော်လည်းကောင်း လစ်လပ်နေသော နေရာ ရှားပါး၍ သော်လည်းကောင်း စစ်တပ်ထဲ နေထိုင် သည်မှာကြာပြီဖြစ်သော်လည်း အလုပ်မရသေးသောသူများစွာရှိသည်။

 

 

ကျုံးရှောက်၏ အမျိုးသမီးက စစ်တပ်ထဲ ရောက်ခါစသာ ရှိသေးပြီး သူမ၏ တပ်အိမ်ထေင်စုစာရင်းမှာလည်း တင်ထားဆဲသာဖြစ်သည်။ ထိုကြောင့် အလုပ်အကိုင်အခွင့်အလမ်း သတင်းအချက်အလက်ပေးရန် မသင့်တော်သေးပါ။

 

 

အဘယ့်ကြောင့်ဆိုသော် လူလိုအပ်နေသည့် လစ်လပ်နေရာများမှာ နည်းပါးပြီး အလုပ်လိုချင်သည့်သူများသောကြောင့်ဖြစ်သည်။ လူတိုင်းကလည်း နီးစပ်ရာ ရရာ အလုပ်များကို အလုအယက် လုပ်နေကြသော်လည်း ဆေးပေးခန်းထဲက အလုပ်လို သက်သက်သာသာ စာရေးအလုပ်တော့မဟုတ်ပါ။ ထို့ကြောင့် အခုမှ ရောက်လာသည့်အရာရှိအမျိုးသမီး တစ်ယောက်အနေဖြင့် အလုပ်ရခဲ့ခြင်းက အလွန် လွယ်ကူလွန်းသလိုဖြစ်နေသည်။ ကျန်လူများအတွက် မမျှတသလို ဖြစ်သွားနိုင်သည်။

 

 

ဆံပင်တိုနှင့် အမျိုးသမီးသည်လည်း သက်ပြင်းချရုံအပြင် မတတ်နိုင်တော့ပေ။ လင်းဝေ့က အလုပ်လိုအပ်ချက်နှင့် မကိုက်ညီနေဖို့သာ မျှော်လင့်မိတော့သည်။

 

.........

 

 

ပင်လယ်​စာ ရောင်းချထောက်ပံ့ပေးသည့် ပွဲရုံက အကျယ်ကြီး မဟုတ်ပေ။ ၆၀×၇၀ စတုရန်း မီတာပတ်လည်ပဲ ရှိသည်။ ပက်လယ်စာ အမျိုးအစားအလိုက်  ဆိုင်ခန်းအမျိုးမျိုးလည်း ဖွင့်ထားသည်။ ဆိုင်ခန်းများကြားတွင် လျှောက်လမ်းလဲရှိလေရာ ထိုလျှောက်လမ်းမှ ဆိုင်ခန်းများကို ပတ်ကြည့်နိုင်သည်။

 

 

လျှောက်လမ်းသည်လည်း သိပ်မကျယ်ပါ။ လင်းဝေ့တို့ရောက်လာ ချိန်တွင် ပင်လယ်ငါးများ တင်လာသော သင်္ဘော ဆိုက်ရောက်ချိန်ဖြစ်၍ ပစ္စည်းအတင်အချ များကာ လူစည်ကားနေသော အချိန်ဖြစ်သည်။

 

 

လင်းဝေ့က လူအစုအဝေးထဲ မသွားချင်၍ ပွဲရုံအဝ၌သာ ရပ်နေသည်။ ထို့နောက် ကလေးများကို ဆွဲကာ ပင်လယ်စာ ပွဲရုံဘေးရှိ ရိက္ခာထောက်ပံ့ ရောင်းချရေးနှင့် သမဝါယမအသင်းအဖွဲ့ ရုံသို့ ဝင်သွားလိုက်သည်။

 

 

ရိက္ခာထောက်ပံ့ရောင်းချရေးနှင့် သမဝါယမအသင်းအဖွဲ့ ရုံက ပင်လယ်စာ စျေးရုံထက် ပိုကျယ်သည်။ အပေါ်အောက် နှစ်ထပ်ရှိပြီး တစ်ထပ်ချင်းစီအကျယ်မှာ ၁၀၀စတုရန်းမီတာရှိသည်။ အဆောက်အုံ အတွင်းနံရံဘေးတွင် ဆိုင်ခန်းများ အခန်းဖွဲ့ထားပြီး အလယ်တွင် လျှောက်လမ်းကျယ်ရှိသည်။

 

 

ရိက္ခာထောက်ပံ့ရောင်းချရေးနှင့် သမဝါယမအသင်းအဖွဲ့ ရုံဆီ ဝင်ရောက်လာသူမှာ နည်းပါး၍ ခြောက်ကပ်နေသည်။

 

 

လင်းဝေ့ လူမရှုပ်၍ သဘောကျမိသည်။ ဆိုင်ခန်းကောင်တာ တစ်ခုချင်းဆီက်ို သေချာလိုက်ကြည့်ပြီး သူမတွင်ရှိသည့် လက်မှတ်နှင့် ငွေကို ချိန်ပြီး ဝယ်နိုင်မည့်ပစ္စည်းကို စဥ်းစားနေခဲ့သည်။

 

 

ပထမဆုံးဝယ်ရမည့်အရာမှာ ဆီ၊ ဆား၊ ဆော့စ်နှင့် ရှာလကာရည် တို့ဖြစ်သည်။ ထိုအရာများသည် သူများဆီက ခဏခဏ သွားငှားယူကာ သုံးနေရမည့် ပစ္စည်းမျိုးမဟုတ်သောကြောင့် ဝယ်ရပေမည်။ ပန်းကန်၊ ခွက်၊ တူများလည်း ဝယ်ရဦးမည်။ ကျုံးရှောက်က ဝယ်ထားခဲ့သော်လည်း အရေအတွက်က နည်းပါးလှသည်။ မိသားစုဝင်တွေ အတွက် လောက်ငှသော်လည်း ဧည့်သည်လာလျင် ကျွေးစရာ ပန်းကန်မရှိချေ။ ထိုကြောင့်အနည်းငယ် ထပ်ဝယ်ရမည်။

 

 

ရေချိုးဇလုံများလည်း ထပ်ဝယ်ရဦးမည်။ လောလောဆယ်သုံးနေသည်မှာ မနေ့ညနေက ဝယ်ခဲ့သည့် ကြွေရေသုတ် ဇလုံများဖြစ်သည်။ ထိုဇလုံများက အရွယ်အစားသေးကာ ရေအများကြီး မဆန့်၍ ရေချိုးသည့်အခါ သုံးရန်အဆင်မပြေချေ။

 

 

ထို့နောက် မီးခြစ်၊ ကတ်ကြေး၊ သာမိုမီတာ၊ အဝတ်တဘက်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့် များအပြင် တစ်ခြားလိုအပ်သည့် အရာများလည်း တစ်ခုခုချင်း စဥ်းစားကာဝယ်ရမည်။

 

 

စျေးဆိုင်အပေါ်ထပ် အောက်ထပ် ပတ်ကြည့်ပြီးနောက် လင်းဝေ့တို့သားအမိသည် သစ်သီးဆိုင်တန်းဆီ သွားလိုက်ကြသည်။

 

 

ကျွန်းပေါ်ရှိ ရိက္ခာထောက်ပံ့ရောင်းချရေးနှင့် သမဝါယမအသင်းအဖွဲ့ ရုံသည် အပြင် တစ်ခြား သမဝါယမအဖွဲ့များထက်ပိုကာ သစ်သီးအမျိုးအစား စုံလင်စွာ ရောင်းချပေးသည်။ တစ်ချက်ကြည့် လိုက်လျင်ပင် သစ်သီး၇မျိုး ၈မျိုးကို တစ်ခါတည်း မြင်တွေ့ရနိုင်သည်။

 

 

လင်းဝေ့သည် ငှက်ပျောသီးကို မြင်ဖူးသော်လည်း လိုင်ချီးသီး၊ အုန်းသီး၊ သရက်သီးနှင့် နာနတ်သီးများကိုတော့ မတွေ့ဖူးပါ။ အသီးအမျိုးအစား နာမည်များကိုလည်း မသိ၍ ရောင်းချနေသူကို မေးလိုက်သည်။ အပြင်အခွံ နီရဲကာ ဆူးများနှင့်အသီးကို ကြက်မောက်သီးဟုခေါ်ကာ၊   အဝါရောင် အသီးအပြွတ်လိုက်ကို ဟွမ်းဖီ(အဝါရောင်အရေပြား) ဟုခေါ်ပြီး အပေါ်ယံအခွံ အလွန်ထူသော အသီးကြီးကို ပိန္နဲသီးဟုခေါ်ကြောင်း သိလိုက်ရသည်။

 

 

သစ်သီးအရောင်းဝန်ထမ်းမှာလည်း လင်းဝေ့က အသစ်ရောက်လာသော အရာရှိဇနီးသည်မှန်း သိသည်။ ကုန်တွင်းပိုင်းကနေ ကျွန်းပေါ်ကို ရောက်လာသည့်သူမှန်းသိ၍ အသီးများအ​ကြောင်း သိသလောက် သေချာပြောပြလိုက်သည်။

 

 

"ကြက်မောက်သီးရဲ့အရသာက လိုင်ချီးသီးလိုပဲ။ လိုင်ချီးသီး အရသာကြိုက်ရင် ကြက်မောက်သီး နည်းနည်းဝယ်သွားပြီး စားကြည့်ပါလား။ နာနတ်သီးကတော့ ဒီတိုင်းစားရင် လျှာကို ရှတတဖြစ်လိမ့်မယ်။ ဆားနဲ့သေချာ ပွတ်ဆေးပြီး စားရင်တော့ အရမ်းချိုတယ်"

 

 

ထိုသို့ပြောပြနေစဥ်တွင် ကလေးများက အဝါရောင်သရက်သီးများကို ကြည့်နေသည်ကို မြင်၍ ပြောပြခဲ့သည်။

 

 

"သရက်သီးက မတည့်တဲ့သူတွေ ရှိတတ်တော့ နည်းနည်းလေး အရင်စားကြည့်ပြီး အဆင်ပြေမှ ဆက်စားသင့်တယ်။ သရက်သီးမှည့်ကတော့ အရမ်းချိုတယ်။ ချိုချဥ်အရသာလေးစားချင်ရင်တော့ သိပ်မဝါခင် စားကြည့်ပါ။ ချဥ်တာကတော့ အတော်ချဥ်တယ်"

 

 

"ပိန္နဲသီးကကော ဘယ်လိုလဲ။ အရသာက မထူးဆန်းဘူးမလား" လင်းဝေ့က မေးလိုက်သည်။

 

 

အရောင်းဝန်ထမ်းသည်လည်း ပြုံးကာပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ သူက ဒူးရင်းသီးလိုအနံ့ မပြင်းဘူး။ မစားဖူးသေးရင် စားကြည့်ပါ အရသာက ချိုတယ်။ အစ်မ နည်းနည်းလောက်ဝယ်သွားပြီး စမ်းစားကြည့်ပါ လား။"

 

 

လင်းဝေ့လည်း အနည်းငယ်စဥ်းစားကာ ပြောလိုက်သည်။"ဒါတွေဝယ်ဖို့ လက်မှတ်တွေလိုသေးလား"

 

 

"အစ်မရယ် ကျွန်းပေါ်မှာ ဒီလောက်အသ်ီးအနှံပေါတာ သစ်သီးဝယ်ဖို့အတွက် လက်မှတ်က လိုပါဥိီးမလားး"

အရောင်းဝန်ထမ်းက ထိုသို့ပြောရင်းသက်ပြင်းချလိုက်သည်။

 

 

"ကျွန်မ အရင်ကဆို နှစ်သစ်ကူးရင် ပန်းသီးလေး စားရရင်ကိုပျော်နေတာ အခုတော့ အမြဲစားဖူးတဲ့ဟာ မစားတော့ဘူး။ ကျွန်မ ဇာတိမြို့မှာ မမြင်ဖူးတဲ့ သစ်သီးပဲ ဝယ်စားတော့တယ်"

 

 

"ဟုတ်တယ် ကျွန်မလည်း တပ်ထဲမလာခင်က ကျွန်းပေါ်က သစ်သီးတွေအကြောင်းစဥ်းစားနေတာ"

လင်းဝေ့လည်း ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ပြောလိုက်ပြီး မေးလိုက်သည်။

 

 

" ကျွန်မ ဒိီအသီးလေး နည်းနည်းဝယ်ချင်လို့ ကလေးတွေကို ကျွေးကြည့်ချင်လို့ပါ"

 

 

အရောင်းဝန်ထမ်းသည်လည်း ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။"ရပါတယ် အစ်မရယ် အစ်မ ဘာလိုချင်လဲ ရွေးဦးမလား"

 

 

"ကျွန်မ ငှက်ပျောသီးတော့မယူဘူး။ စားဖူးတယ်

လိုင်ချီးနည်းနည်းယူမယ်။ သရက်သီးလည်း နည်းနည်းယူဦးမယ် ကျွန်မတို့ စားလို့အဆင်ပြေမပြေ သိချင်လို့ပါ"

 

 

"ရပါတယ်" အရောင်းဝန်ထမ်းလည်း သရက်သီး မကြီးမသေးအလုံးများကို ထုပ်လိုက်ကာ ကုန်ကျငွေကိုပြောလိုက်သည်။ လင်းဝေ့လည်း သရက်သီးကို မင်မင်တို့ဆီ လှမ်းပေး လိုက်သည်။

 

 

" ကလေးတွေ စောနကတည်းက သရက်သီးကိုပဲ အကြာကြီး ကြည့်နေကြတာ " ဟု အရောင်းစာရေးက ပြောလိုက်သည်။

 

 

" သူတို့ သရက်သီးကို အရင်က မမြင်ဖူးတော့ အထူးအဆန်းဖြစ်နေကြတာပါ"

 

 

လင်းဝေ့လည်း မင်မင်ကို ပြုံးရင်းပြောလိုက်သည်။

"သားတို့ အခုမစားသေးနဲ့ဦး။ အိမ်ရောက်မှာ စားရအောင်"

 

 

မင်မင်က ပျော်ရွှင်စွာ ဟုတ်ကဲ့ဟု ပြောလိုက်ပြီး သရက်သီးကို ရွေ့ရွေ့ကို ပေးလိုက်ကာ ပြောလိုက်သည်။

" ရွေ့ရွေ့ ကိုင်ကြည့် သရက်သီး အခွံက ကိုင်လို့ကောင်းတယ် "

 

 

 မင်မင်က သရက်သီးကို မွှေးကြည့်လိုက်ကာ ပြောလိုက်သေးသည်။"အရမ်းလည်း မွှေးတာပဲ"

 

 

 ရွေ့ရွေ့လည်း သရက်သီးကို ကိုင်ကြည့်၊ မွှေးကြည့်ကာ ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

"ဟုတ်တယ် ကိုင်လို့ကောင်းတယ်နော် အနံ့လေးကလည်း မွှေးကြိုင်နေတာပဲ"

 

 

ကလေး နှစ်ယောက်က သရက်သီးကို ကိုင်ကြည့်မွှေးကြည့်နေကြစဥ် လင်းဝေ့သည် အရောင်းစာရေးကို ကြက်မောက်သီးအချို့ နှင့် အုန်းသီးနှစ်လုံး မှာနေခဲ့သည်။

 

 

 အရောင်းဝန်ထမ်းက ဟွမ်းဖင် အသီးတစ်တွဲကို ဆွဲပြရင်း ပြောလိုက်သည်။ "ဒါလေးလဲ ကလေးတွေ စားရအောင် ဝယ်သွားပါလား။ ဒီအသီးတွေက တစ်ကယ်စားကောင်းတယ်။ ပိန္နဲသီးကတော့ ခွဲစားရခက်နေမှာစိုးလို့"

 

 

ပိန္နဲသီးက ကြီးပြီး အထဲတွင် အသီးအမွှာများစွာပါဝင်ပါသည်။ ထိုကြောင့် အသီးကို ခွဲခြမ်းပြီး အမွှာများထုတ်ကာ ရောင်းပေးလေ့ရှိသည်။ သို့သော် ခွဲပြီးသား အသီးအမွှာများက ကြာလာလျင် မလတ်ဆတ်တော့ပါ။

 

 

ထို့ကြောင့် ပိန္နဲသီးကို နေ့လည်စာစားချိန် နှင့် ညနေစာစားချိန်များတွင်သာ ခွဲရောင်းလေ့ရှိသည်။ ထိုအချိန်တွင် ဝယ်သူများ၍ ပိန္နဲသီးသည်လည်း အမြန်ကုန်သွားလေ့ရှိသည်။

 

 

ထို့ကြောင့် ရောင်းဝန်ထမ်းသည်လည်း လင်းဝေ့ကို ဝယ်ရန် မဆွဲဆောင်တော့ပဲ အပြုံးနှင့်ပြောလိုက်သည်။

"နောက်တစ်ခေါက်ကျ နေ့လည်စာစားချိန်နဲ့ ညနေစာစားချိန်လာခဲ့ပါလား အာ့အချိန်ဆို အသီးအသစ်ခွဲထားတာတွေရှိတယ်"

 

 

လင်းဝေ့လည်း အရောင်းဝန်ထမ်းကိုကျေးဇူးတင်စကားပြောရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ကျွန်မတို့လည်း ပြန်ပြီး ဒီအသီးတွေစားလိုက်ဦးမယ်"

 

 

လင်းဝေ့တို့လည်း နှုတ်ဆက်ခဲ့ပြီး ရိက္ခာထောက်ပံ့ရောင်းချရေးနှင့် သမဝါယမအသင်းအဖွဲ့ ရုံမှ ထွက်လာကာ ပင်လယ်စာရောင်းချသော ပွဲရုံထဲ ဝင်သွားလိုက်သည်။

 

 

ပွဲရုံအတွင်းတွင် သွားလာနေသော လူများမှာ အနည်းငယ် လျော့နည်းသွားပြီဖြစ်သည်။ စျေးဝယ်သူအနည်းငယ်တော့ ရှိသေးသည်။ လင်းဝေ့လည်း ကလေးများ ယနှင့် လျှောက်ပတ်ကြည့်လိုက်သည်။

 

 

သရက်သီးကို ကိုင်ကာ ဆော့ကစားနေသော မင်မင် ကလေးသည် စျေးတန်းအတွင်းရှိ ကျောက်ပုစွန်များ ဂဏာန်းများကို တွေ့သောအခါ သရက်သီးကို စိတ်မဝင်စားတော့ချေ။ သရက်သီးကို လင်းဝေ့၏ ချည်သားအိတ်ထဲ ထိုးထည့်လိုက်ကာ သူ့ညီကို လှမ်း သတိပေးလိုက်သည်။

 

 

ညီအစ်ကို နှစ်ဦးသည် စကားမပြောသော်လည်း အမူအရာဖြင့် အသံတိတ်ဖြင့် ဆက်သွယ်နေကြသည်။ ရွေ့ရွေ့လည်း သူ့ပါးစပ်ကို ဇစ်ဆွဲပိတ်ဟန် လုပ်ပြလိုက်သည်။