အပိုင်း ၅၃
Viewers 9k

Chapter 53

၁၁ရက်မြောက်နေ့...၄နာရီ ၄၃မိနစ်

စုန့်ရန်က ယနေ့ လူကြီးမင်းဟယ် နည်းနည်းထူးဆန်းနေသည်ဟု ထင်မိသည်။ 

၎င်းမှာမသိသာသဖြင့် ဘာထူးခြားနေမှန်းမပြောနိုင်သော်လည်း တစ်ခုခုတော့ထူးခြားနေသည်ပင်။  

—သူက အလွန်ပင်ညှင်သာလှသည်။ သူ၏စကားသံအားနားထောင်ရုံနှင့်ပင် တစ်စုံတစ်ဦးအား အားလျော့သွားစေကာ ဒူးထောက်ကျသွားစေပြီး အလိုလိုက်ခံရသကဲ့သို့ ဆိုးနွဲ့ချင်လာမိ၏။  

စုန့်ရန်ညနေက ချက်ပြုတ်နေစဥ် ဟယ်ကျစ်ယွမ် ဖုန်းခေါ်ခဲ့သည်။ ၎င်းမှာ သူ့နေရပ်၌ မနက်နှစ်နာရီရှိနေပြီဖြစ်ပြီး တစ်ယောက်ထဲအိပ်မပျော်သည့်အတွက် စုန့်ရန်နှင့်စကားပြောလိုကြောင်းပြော၏။ ဖုန်း ringtone ကရုတ်တရက်ထမြည်လာချိန်တွင် သူက စက္ကန့်အနည်းငယ်အတွင်းဖုန်းကိုင်လိုက်ကာ လက်နှင့်ကိုင်ထားစရာမလိုသည့်လုပ်ဆောင်ချက်ကိုဖွင့်၍ အနီးရှိဘေစင်ပေါ်တင်ထားလိုက်လေသည်။ 

သူက အေပရွန်ကိုဝတ်ဆင်လိုက်ပြီးနောက် ဟယ်ကျစ်ယွမ်နှင့်စကားပြောနေစဥ်အတွင်း အသီးအရွက်များလှီးချွတ်နေ၏။ 

စကားပြောနေရင်း စုန့်ရန်၏မျက်နှာလေးတဖြေးဖြေးရဲတက်လာခဲ့သည်။ 

ဟယ်ကျစ်ယွမ်၏မည်သည့်အချက်က သူ့ကိုပိုင်ဆိုင်လိုစိတ်ပြင်းပြစေခဲ့မှန်းမသိချေ။ အမျိုးသား၏စကားပြောသံက နှစ်ချို့ဝိုင်ကဲ့သို့စွဲမက်ဖွယ်ပေါင်းပြီး အားကိုးချင့်စဖွယ်ရှိ၏။ ရယ်သံအချို့နှင့်ပေါင်းဖက်လိုက်ရာတွင် အသံနိမ့်လှိုင်းများထုတ်လွှင့်သော စပီကာတစ်ခုဆီမှ အချစ်သီချင်းတစ်ပုဒ်ဖွင့်နေသကဲ့သို့ရှိသည်။ ထိုသြရှသောအသံက နှလုံးသားတွင်ပဲ့တင်ထပ်လျှက်ရှိကာ စကားတစ်ခွန်းချင်းစီ၏အဆုံးသတ်၌ ပျားရည်စက်များသီတန်းနေသကဲ့သို့ စုန့်ရန်၏နားအတွင်း ချိုမြိန်စွာစီးဆင်းလာလေသည်။ သူ၏ပါးပြင်များပူနွေးလာကာ ရင်ခုန်သံမှာလည်းမြန်ဆန်၍လာရင်း ဘောင်းဘီအတွင်းရှိတစ်စုံတစ်ခုကလည်း ဖုဖောင်းလာခဲ့လေသည်။  

ဤအချက်မှာ ငယ်ရွယ်ခြင်း၏အားနည်းချက်ဖြစ်သည်။ နှိုးဆော်ခံလိုက်ရသည်နှင့် အကြာကြီးမာနေစေ၏။ 

ပျော်ရွှင်ခြင်းတစ်ဝက်၊ ရှက်ရွံ့ခြင်းတစ်ဝက်ဖြင့် စုန့်ရန် သူ၏ဂျူနီယာအား အလွန်တက်ကြွရကောင်းလားဟု အပြစ်တင်လိုက်သည်။ သူက မျက်နှာကိုလက်တစ်ဖက်ဖြင့်အုပ်လျှက် အခွံခွာပြီးသားကြက်သွန်ဖြူများကို ဓားဖြင့်ချေမွလိုက်၏။ 

 —လူကြီးမင်းဟယ်...အရမ်းမရယ်ပါနဲ့ ဟုတ်ပြီလား...ဒီလောက်အဝေးကြီးကတောင် ခင်ဗျားက မီးတောက်အောင်လုပ်နိုင်နေတယ်...ခင်ဗျားကျွန်တော့်ကို ပေါက်ကွဲသွားစေချင်တာလား... 

ပုပုက ထမင်းစားခန်းအတွင်းထိုင်နေဆဲဖြစ်ရာ စုန့်ရန်အလျင်စလိုမပြုလုပ်ဝံ့ချေ။ သူက အေပရွန်နှင့်ဖုံးကွယ်ကာ သူ၏အောက်ပိုင်းကို စားပွဲထောင့်စွန်းဖြင့် တိတ်တိတ်ကလေးပွတ်တိုက်လိုက်သည်။

ညစာပြင်ဆင်ရန် မိနစ်၄၀ ကြာမြင့်လေရာ ဟယ်ကျစ်ယွမ်က သူနှင့်တစ်လျှောက်လုံးစကားပြောနေခဲ့သည်။ ဆလပ်ရိုး(အော်စွန်း)ကို ကြက်သွန်ဖြူရိပ်ရိပ်လှီး၍ ကြော်လှော်ထားသည့်ပန်းကန်တစ်ပန်းကန်၊ ကြက်ဟင်းခါးသီးကြော်၊ ဟင်းခတ်ငါးမျိုးဖြင့်နှပ်ထားသော နွားကလေးသားဟင်း၊ တို့ဟူးနှင့်ရေခဲငါးဟင်းချိုတို့က စားပွဲပေါ်တွင်နေရာယူလျှက်ရှိ၏။ 

(T/N -ဟင်းခတ်ငါးမျိုးဆိုသည်မှာ တရုတ်လူမျိုးများ ဟင်းချက်ရာတွင်အသုံးပြုသည့် စမုန်စပါး (anise) ငရုတ်ကောင်း၊ စမုန်နက်(fennel)၊ လေးညှင်းပွင့်နှင့် သစ်ကြံပိုးခေါက်တို့ ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်များ ရောစပ်ထားခြင်းဖြစ်သည်။)

ဟယ်ကျစ်ယွမ်က သူလည်းမြည်းကြည့်ချင်ကြောင်း တဖွဖွတောင်းဆိုလေသည်။ စုန့်ရန်ခမျာ့ ရွေးချယ်စရာမရှိတော့ပဲ သူနှင့်အတူကစားပေးရတော့သည်။ သူက ဆလတ်ရိုးတစ်ဖတ်ကို တူဖြင့်ညှပ်လိုက်၏။ 

“ပါးစပ်ဟ...” 

ဟယ်ကျစ်ယွမ် : “အာ...”

“…”

တကယ်ကြီးလား...

စုန့်ရန်၏အမူအရာကတောင့်ခဲသွားကာ ဖုန်းစခရင်ကိုအမြန်နှိပ်လိုက်၏။ အနက်ရောင်စခရင်ကလင်းလာကာ 'ဟယ်ကျစ်ယွမ်' ဟူသောအမည်ကို ဖော်ပြလျှက်ရှိသည်။ 

သူ၏အပြုအမူက ပို၍ပင်ထူးဆန်းလာ၏။ 

စုန့်ရန် ဆက်လက်၍ကစားပေးရတော့သည်။  

“အဲ့ဒါက ဆလတ်ရိုးလေ...အရသာရှိလား...”  

“အွန်း...တော်တော်အရသာရှိတယ်...”

“…”

သူ၏သဘာဝကျသောအသံကြောင့် စုန့်ရန်က အခြားတစ်ဖက်ရှိလူမှာ ဟယ်ကျစ်ယွမ်မဟုတ်ပဲ မရင့်ကျက်သေးသောကလေးတစ်ဦးဟူ၍ပင် ထင်မိသည်။ 

“ဒါ...ဒါဆို....ကျွန်တော်ခင်ဗျားကို ကြက်ဟင်းခါးသီးကြော်ခွံ့ကျွေးမယ်...”  

ဟယ်ကျစ်ယွမ် ခဏရပ်သွားကာ သုံးသပ်လိုက်၏။ “နည်းနည်းခါးတယ်...”

စုန့်ရန်: “နွားကလေးသားတစ်ဖတ်...”

“ဆားတွေများတယ်...” ဟယ်ကျစ်ယွန်က စုန့်ရန်ကိုအကြံပြုလိုက်၏။ “ကိုယ်က အရသာပေါ့တာမျိုးကိုကြိုက်တယ်...နောက်တစ်ခါဆားလျှော့ထည့်နော်...” 

“ဟေး...ဟေး...ဟေး...တော်လောက်ပြီ...” စုန့်ရန် တူများကိုချကာ စိတ်ဆိုးဟန်ဆောင်လိုက်သည်။

“ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ...ကလေးလေးလိုဆော့နေတယ်...နည်းနည်းရင့်ကျက်စမ်းပါ ဟုတ်ပြီလား...ခင်ဗျားကိုတကယ်ခွံ့ကျွေးနေတာလည်းမဟုတ်ပဲနဲ့...” 

ဟယ်ကျစ်ယွမ် ခပ်တိုးတိုးရယ်လိုက်၏။ 

“ဒါပေမယ့် ကိုယ်တကယ်အရသာခံခဲ့တာလေ...”

“ညာတယ်...” စုန့်ရန် ဝေဖန်လိုက်သည်။ “ဘယ်လိုလုပ်ဆားငန်မှာလဲ...ကျွန်တော်ဆားမထည့်ရသေးဘူးပြောရင် ခင်ဗျားယုံမှာလား...” 

“မယုံပါဘူးကွာ...” ဟယ်ကျစ်ယွမ် ထပ်မံ၍ရယ်မောပြန်၏။ 

“မင်းချက်တဲ့ဟင်းတွေက အရမ်းအရသာရှိတယ်လို့ ပုပုကပြောတယ်လေ...ဒီတော့ ဆားမထည့်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...စိတ်မဆိုးပါနဲ့ကွာ...ကိုယ်ကမင်းကိုစနေတာပါ...အဲ့ဒါကအရမ်းအရသာရှိတယ်...” 

အဝေးကြီးကနေ ဟင်းတွေကိုအရသာခံတယ်ပေါ့...အဓိပ္ပါယ်မရှိတာ... 

စုန့်ရန်က စိတ်ထဲမှကြိတ်၍ဆူလိုက်သော်လည်း သူ၏နှုတ်ခမ်းထောင့်စွန်းကလေးများက မြင့်တက်လျှက်ရှိကာ ပါးပြင်မှာလည်းနီရဲ၍နေလေသည်။ သူက အေပရွန်ကိုချွတ်လိုက်ရင်း လက်များနှင့်လုံးလိုက်ပြီးနောက် အင်္ကျီချိတ်တွင်ချိတ်လိုက်သည်။ ထို့နောက် ဖုန်းကိုကိုင်လိုက်ကာ နားနားကပ်လိုက်၏။

ဟယ်ကျစ်ယွမ်က မေးလာ၏။

“ဒီအတိုင်းဆို ကိုယ်တို့စားပွဲတစ်ခုထဲတူတူထိုင်စားနေကြတယ်လို့ မင်းမခံစားရဘူးလား...” 

မှန်ပေသည်။ ၎င်းက ထမင်းစားပွဲဝိုင်း၏နွေးထွေးသောလေထုကို ဖန်တီးပေးလျှက်ရှိ၏။ 

စုန့်ရန် သဘောတူကြောင်းအသံတိုးတိုးပြုကာ သူ၏အမူအရာမှာလည်း ပျော့ပျောင်းသွားခဲ့သည်။ 

 “ဒါဆို...အိမ်ကိုမကြာခင်ပြန်ခဲ့လေ...ကျွန်တော်တို့ထမင်းတူတူစားလို့ရတာပေါ့...” 

“ရက်နည်းနည်းပဲကျန်တော့တာပါကွာ...စိတ်မရှည်တော့ဘူးလား...ဟင်...” 

“ကျွန်တော်က စိတ်မရှည်တာမဟုတ်ပါဘူးနော်...” စုန့်ရန်၏စကားများက သူ့အတွေးများနှင့်ဆန့်ကျင်ဘက်ပင်။

“အဲ့ဒါ...အဲ့ဒါက ပုပုခင်ဗျားကိုလွမ်းနေလို့ပြောတာ...”

သူ၏ ဖုံးကွယ်ရန်ကြိုးစားနေပုံလေးက သိသာလွန်းသဖြင့် ဟယ်ကျစ်ယွမ်၏အမြင်တွင် အလွန်ချစ်စရာကောင်းနေ၏။ စုန့်ရန်နှင့်တီတီတာတာပြောလိုသောဆန္ဒက သူ၏ဦးခေါင်းထဲ၌ပေါက်ကွဲထွက်လာခဲ့သည်။

 “ကိုယ့်မှာတောင်းဆိုစရာတစ်ခုရှိတယ်...ကိုယ့်အတွက် ဟင်းတစ်ပွဲပြင်ဆင်ပေးနိုင်မလား...” 

စုန့်ရန် နားရွက်ကလေးများဆတ်ကနဲ့ဖြစ်သွားကာ အလေးအနက်နားထောင်လျှက် ပြန်၍ဖြေလိုက်၏။

 “ပါဝင်ပစ္စည်းတွေဝယ်လို့ရတယ်ဆိုရင် ကျွန်တော် ဟင်းချက်ပေးနိုင်ပါတယ်...ကျွန်တော် အနောက်တိုင်းဟင်းလျာတွေကိုတော့ မပြင်ဆင်ဖူးဘူး...ဒါပေမယ့် ခင်ဗျားစားချင်တယ်ဆိုရင် ကျွန်တော်သင်တန်းတက်လိုက်မယ်လေ...လူကြီးမင်းဟယ်...ဘာစားရတာကြိုက်လဲ...” 

ဟယ်ကျစ်ယွမ် : “စာဖိုမှူးကို...”

“ဟေး…”

စုန့်ရန် စကားပင်မဆက်နိုင်တော့။ သူ၏လည်တိုင်ကပူနွေးလာကာ သူ၏နားရွက်များမှာလည်းသွေးရောင်လွှမ်းလာခဲ့သည်။ သူက ငုတ်တုတ်ထိုင်လိုက်ကာ လက်မောင်းများကိုယှက်နွယ်၍ ခေါင်းကိုငုံ့လိုက်၏။ 

 “ခင်ဗျား ဘာဖြစ်နေတာလဲ...” 

ဟယ်ကျစ်ယွမ်, “ကိုယ် ဘာဖြစ်လို့လဲ...”

“လွန်ခဲ့တဲ့နှစ်ရက်က ခင်ဗျားပုံစံဒီလိုမဟုတ်ပါဘူး...အရမ်းကို တိကျပြီးစည်းကမ်းကြီးတဲ့ပုံမျိုးလေ...ကျွန်တော် date ဖို့သဘောတူလိုက်တာနဲ့ ခင်ဗျားကလုံးဝတခြားလူတစ်ယောက်ဖြစ်သွားသလိုပဲ...ခင်ဗျားက....ခင်ဗျားက....”

စုန့်ရန်က စကားပြောရင်းရပ်လိုက်၏။ စကားလုံးများက သူ၏လည်ချောင်းထဲတစ်နေကာ တော်တော်နှင့်ပြောထွက်မလာချေ။ နောက်ဆုံး၌ သူအားကုန်သုံး၍ပြောချလိုက်တော့သည်။ 

“လူယုတ်မာအဖိုးကြီးပဲ...”

သူ၏စကားလုံးများက ထင်ရှားပြတ်သားနေကာ အားပါလှ၏။ 

ဟယ်ကျစ်ယွမ်က သူ၏စစ်မှန်သောလူဆိုးလက္ခဏာအား ဆက်လက်၍ဖုံးကွယ်မထားတော့ပဲ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူရယ်ပြီးသွားသည်နှင့် ပုံမှန်အခြေအနေသို့ပြန်ပြောင်းကာ စုန်ံရန်ကိုမေးလိုက်၏။ 

 “မင်း မကြိုက်ဖူးလား...” 

ကျွန်တော့်ဖင်ကြီးကိုပဲကြိုက်နေလိုက်...

စုန့်ရန်က မျောင်ဖင်နီ၏တင်ပါးကဲ့သို့နီရဲနေသောသူ၏မျက်နှာကို ခေါင်းပိုငုံ့ရင်းဖုံးကွယ်လိုက်သည်။  

ဟယ်ကျစ်ယွမ်က ပြောလိုက်၏။ 

“မင်းမကြိုက်ရင် အပြုအမူကောင်းတဲ့လူကြီးလူကောင်းတစ်ယောက်အနေနဲ့နေမယ်လေ...ဒါပေမယ့် အဲ့ဒါကအရမ်းပျင်းဖို့ကောင်းတယ်မဟုတ်လား...လမ်းပေါ်မှာ လူကြီးလူကောင်းအနေနဲ့နေပြီး အိပ်ရာပေါ်မှာတော့ လူယုတ်မာကြီးပဲလုပ်မယ်လေကွာ...မင်းနဲ့တူတူရှိနေရင် ကိုယ့်အရိုးထဲမှာရှိတဲ့လူယုတ်မာအဖိုးကြီးက ဒီတိုင်းငြိမ်ငြိမ်လေးမနေတော့ပဲ အပြင်ထွက်လာဖို့ပဲကြိုးစားနေတော့တာ...” 

သဘောကျသူ၏ရှေ့မှောက်၌ ယောက်ျားအားလုံးမှာ လူယုတ်မာများသာဖြစ်ကြသည်။ သူ၏ရှပ်အင်္ကျီကော်လံအောက်ရှိ အသားအရည်မှာအေးစက်သော်ငြား သူ၏နှလုံးသားကတော့ ပူနွေးသောသွေးများစီးဆင်းနေသည်သာ။  

ထိုအချက်နှင့်ပတ်သတ်ပါက စုန့်ရန်ကောင်းကောင်းနားလည်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုညကအိမ်မက်မက်ပြီးကတည်းက သူသည်လည်း လူကြီးမင်းဟယ်၏ရင်ခွင်ထဲရှိ လူယုတ်မာကလေးဖြစ်နေသည်မဟုတ်ပါလော။  

သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်လေရာ လူကြီးမင်းဟယ်အား မည်သို့တောင်းဆိုနိုင်ပါမည်နည်း။

လူယုတ်မာကလေးနှင့်လူယုတ်မာကြီးတို့က တစ်ဦးနှင့်တစ်ဦးစကားမဆိုပဲ တိတ်တဆိတ်သဘောတူညီမှုရလိုက်ကြသည်။ သူတို့ကတွဲနေကြသည်ဆိုမှတော့ ဒီလိုပဲဖြစ်သင့်လေသည်။ ယနေ့မှစ၍ သူတို့ထဲကမည်သူကမှ အတုအယောင်လေးစားမှုမျိုးကို တောင်းဆိုမှာမဟုတ်တော့။ သူတို့ကစားချင်လျှင် ကစားမည်။ အရင်ဆုံးသည်းမခံနိုင်သူက အရှုံးသာဖြစ်လေသည်။ 

စုန့်ရန်က စိန်ခေါ်မှုကိုလက်ခံလိုက်သော်လည်း တစ်စက္ကန့်အကြာ၌ နောင်တရသွားခဲ့လေသည်။

ဟယ်ကျစ်ယွမ်၏အဆင့်မှာ မြင့်မားလှသဖြင့် သူတို့နှစ်ဦးဖုန်းပြောနေရခြင်းသာဖြစ်သော်လည်း တစ်ဖက်လူ၏အကွက်များကို သူတောင့်မခံနိုင်ခဲ့ချေ။ သူတို့သာအနာဂတ်တွင် ဆုံဆည်းကြပါက အတွင်းခံပင်မကပ်တော့သည်အထိ သူအသိစိတ်လွတ်သွားမည်လားမပြောတတ်ချေ။ ထိုသို့သာဆိုပါက သူ၏ဂန္နမာပန်းလေးကိုလည်း ကာကွယ်နိုင်တော့မှာမဟုတ်။ 

လူယုတ်မာအဖိုးကြီး...ခင်ဗျားသိပ်ညစ်ပတ်တာပဲ...

သူက စိတ်ဆိုးနေသော်လည်း ထိုသို့ထုတ်မပြောရဲချေ။ ဟယ်ကျစ်ယွမ်အား 'ကောင်းသောညပါ' ဟုပြောပြီးသည့်နောက် ပန်းကန်များကို စားပွဲပေါ်တွင်ချလိုက်၏။ သူထမင်းစားဖို့ဇွန်းစကိုင်လိုက်သည်နှင့် လက်ကလေးနှစ်ဖက်ပေါ် မေးတင်လျှက် သူ့ကိုအပြုံးအကြီးကြီးပြုံးပြနေသော ပုပုကိုတွေ့လိုက်ရသည်။ သူကလေး၏မျက်ဝန်းများမှာ လှည့်ကွက်တစ်ခုခုလုပ်ခဲ့ဟန်ဖြင့် လျှို့ဝှက်စွာတောက်ပလျှက်ရှိ၏။  

“သားနဲ့ သားရဲ့ပါပါးက ဘာဖြစ်နေကြတာလဲ...တစ်ယောက်ကတစ်ယောက်ထက်ပိုထူးဆန်းနေတယ်...” 

စုန့်ရန်က ကလေးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ပန်းကန်လုံးသေးသေးလေးကိုယူကာ သူ့အတွက်ထမင်းဖြည့်ပေးလိုက်သည်။ 

 “လိမ်လိမ်မာမာနဲ့ဝန်ခံလိုက်စမ်းပါ...ဘာတွေကြံနေတာတုန်း...” 

ပုပုက ခေါင်းကိုဘယ်ညာယမ်းလိုက်သည်။ “ကိုကြီးကိုမပြောပြဘူး...”

တကယ်ကြီးတစ်ခုခုရှိနေတာပဲ...

စုန့်ရန်က ထမင်းပန်းကန်လုံးကို ပုပုထံကမ်းပေးကာ ဝမ်းနည်းဟန်ဆောင်လိုက်၏။ 

 “သားက ကလေးပဲရှိသေးတာတောင် ဒီလိုမျိုးနောက်ပြောင်တတ်နေပြီပဲ...ကိုကြီးကိုအနိုင်ကျင့်ဖို့ ရက်အနည်းငယ်အတွင်း သင်ယူလိုက်ပြီပေါ့လေ...သားကိုအပြစ်ပေးတဲ့အနေနဲ့ ဇွန်းအပြည့်ထမင်းတစ်လုတ်ထပ်စားခိုင်းရမယ်...” 

“ဟီးဟီးဟီး...”

ပုပုက ကြိတ်ရယ်လိုက်ရင်း သူ၏ဇွန်းပိစိလေးကိုကိုင်ကာ လျှို့ဝှက်ချက်ကိုပြောမည့်အစား ထမင်းဇွန်းအပြည့်ခပ်စားလိုက်၏။  

ဧပရယ် ၁၄ရက်နေ့တွင် ရောင်စုံခြေရာသဏ္ဍာန်လေးများက နောက်ထပ်စတုရန်းကွက်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ စုန့်ရန်က ပုပုအား 8012B သို့ခေါ်သွားကာ လူကြီးမင်းဟယ်အား ရှင်းလင်းတောက်ပသောအခန်းဖြင့်ကြိုဆိုရန်အတွက် အခန်းရှင်းဖို့ကြံစည်လိုက်သည်။  

မနက်၈နာရီတွင် ၁၂ထပ်မြောက်၏ရှေ့တံခါးမကြီးနှစ်ချပ်က မျက်နှာချင်းဆိုင် ကျယ်ကျယ်ဖွင့်ထားလေသည်။ ပန်းခင်းနံဘေးရှိပြတင်းပေါက်မှတဆင့် တောက်ပသောနေရောင်ခြည်က လျှောက်လမ်းတစ်လျှောက်ထွန်းလင်းလျှက်ရှိသည်။ စုန့်ရန်က 8012B သို့အရင်သွားကာ ပြတင်းပေါက်များကိုဖွင့်၍ လေသန့်ဆေးများဖြန်းလိုက်သည်။ ပုပုကမူ သန့်ရှင်းရေးပစ္စည်းများနှင့် အဝတ်စုတ်များကိုသယ်၍ သူ့နောက်မှနီးကပ်စွာကပ်လိုက်လာသည်။ သူကလေးက ပလတ်စတစ်လက်အိတ်ကိုဝတ်ကာ ကုလားထိုင်နှင့်စားပွဲများအား သူ၏လက်ဖောင်းဖောင်းကလေးများဖြင့် လိုက်လံပွတ်တိုက်နေလေသည်။  

ဘာကိုမှမကြောက်သောပုသို့သို့က ယခုမူ တစ်စုံတစ်ခုအားလန့်နေပုံရ၏။ 

၎င်းက တံခါးနားတွင်ချောင်းနေကာ အခန်းအားစိတ်ဝင်တစားစပ်စုနေပြီး အတူတူဝင်မလာရဲချေ။ ခဏကြာလေ့လာပြီးနောက် စင်္ကြတစ်ဖက်ရှိအိမ်တွင် ပုန်းခိုနေသောအန္တရာယ်များမရှိနိုင်ဟု ယူဆသွားခဲ့ပုံရသည်။ 

Xxxxxxx