အပိုင်း ၂၃
Viewers 1k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၂၃

 

 

 

 

 

 

လင်းဝေ့ လေးလေးနက်နက် စဥ်းစားနေသည်ကိုမြင်၍ လျိုတန်းလည်း ပြန်ရယ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ပါပြီ ကျွန်မ လည်း ရှင်နဲ့ ခဏလေးတွေ့တာကို စကားတွေအများကြီး ပြောနေမိပြီ။ မှောင်လည်းမှောင်နေပြီဆိုတော့ ကလေးကို ရှာပြီး ညနေစာစားဖို့ အိမ်ပြန်လိုက်ပါဦးမယ်ရှင်"

 

 

လျိုတန်း ပြန်သွားမှ လင်းဝေ့လည်း သူမတို့ ညနေစာ စားပွဲဆီ ပြန်သွားခဲ့လိုက်သည်။

 

 

ထိုအချိန်တွင် စကားဝိုင်းမှ ပြန်လှည့်လာသူ နောက် တစ်ဦးရှိလေသည်။ ထိုလူသည် လင်းဝေ့တို့နှင့် အတူအပြင်တွင် ရှိနေသူမဟုတ်ပဲ လင်းဝေ့တို့ အိမ်မျက်စောင်းထိုးရှိ ကျောက်မိသားစု၏ မီးဖိုချောင်မှ ဖြစ်သည်။

 

 

ကောင်းရှို့လျန် ဘက်တွင်တော့ သူမ မီးဖိုဆောင်ထဲ ဝင်ကာ ပန်းကန်ဆေးနေစဥ် အိမ်အပြင်ဘက်မှ အသံကြားလိုက်သည်။

 

 

"……ဆေး​ပေးခန်းမှာ လုပ်ရတဲ့အလုပ်က မနက်၈နာရီကနေ ညနေ ၆နာရီထိပဲ လုပ်ရမှာအပြင် နေ့လည် နားချိန်လည်း ရှိသေးတယ်။ ကန်တင်းမှာလည်း နေ့လည်စာ စားရဦးမှာ။ နေပူမိုးရွာဒဏ်လည်း ခံစရာမလိုဘူး ……"

 

 

ကောင်းရှို့လျန် နားထောင်နေရင်း ရုတ်တရက် ထိတ်လန့်သွားသည်။

 

 

သူမ နားထောင်လေလေ ဒေါသထွက််လာလေလေဖြစ်ကာ အလိုမကျ ဖြစ်လာသည်။

 

 

သူမတပ်ထဲ နေလာသည်မှာ တစ်နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း အိမ်တွင် အိမ်အလုပ်လုပ်ကာ ကလေးများနှင့် နေနေသည်က အပြင် အလုပ်မလုပ်ချင်၍ မဟုတ်ပေ။ တပ်မတော် အလုပ်အက်ိုင် ရှာဖွေရေးက သူမအတွက် အလုပ်မရှိဟု ပြောနေသောကြောင့်ဖြစ်သည်။

 

 

အလုပ်မရှိဟုပြောတော့လည်း လုံးဝ မမှန်ချေ။ အလုပ်ရှိသော်လည်း သိပ်မကောင်းသည့် အလုပ်များသာဖြစ်သည်။ ကြက်ခြံထဲ ကြက်စာကျွေးရမည့်အလုပ်၊ ပင်လယ်စာစျေး တန်းတွင် ငါးကို ခုတ်ထစ်ရမည့်အလုပ် စသည့်အလုပ်များသာ သူမ အတွက် ရှိသည်။

 

 

ထိုအလုပ်များမှာလည်း ပြောရသလောက် တော့မဆိုးလှပါ။  အလုပ်ကြမ်းများဖြစ်သော်လည်း လစာကလည်း မဆိုးလှချေ။ နှစ်သစ်ကူးနှင့် ရုံးပိတ်ရက်များတွင် ပေးသည့် လူမှုဝန်ထမ်းထောက်ပံ့ကြေးများလည်း ရလေရာ သူမ၏ ဇာတိကထက်ပင် ပိုကောင်းသေးသည်။

 

 

သို့သော် ဤသည်မှာ သူဇာတိမြို့မဟုတ်ပါ။ သူမ တပ်ထဲတွင် နေထိုင်ခြင်းဖြစ်သည်။

 

 

ပြီးလျင် သူမ အမျိုးသားမှာလည်း ဒုဦးစီးမှုးဖြစ်သည်။

 

 

သူမ ကျွန်းပေါ်စရောက်ချိန်တွင် စုံစမ်းကြည့်ရာ ရိက္ခာထောက်ပံရေးနှင့် သမဝါယမရုံးများ၊ ပြည်နယ်အဆင့်စားသောက်ဆိုင်များနှင့် တပ်မတော်ပြန်လည်နေရာချထားရေးရုံးများတွင် လုပ်သော အရာရှိဇနီးသည်များ၏ အမျိုးသားများမှာ သူမ အမျိုးသားလောက်ရာထူးမမြင့်ကြပေ။

 

 

သူများ တပ်မှုးကတော်များမှာ တပ်မတော် မူလတန်းကျောင်းတွင် ဆရာမလုပ်သူနှင့် ဧည့်တည်းခိုဆောင်တွင် အုပ်ချုပ်ရေးမှုး စသည့် အလုပ်များရကြသည်။

 

 

သူမ ရိက္ခာထောက်ပံရေးရုံးစျေးမှာ လုပ်မည် ဆိုပါက သူများက အုပ်ချုပ်ရေးမှုးများလုပ်နေစဥ် သူမလို ဦးစီးမှုးကတော်က ငါးခုတ်နေရလျင် သူမမျက်နှာ ဘယ်မှာ ထားရမည်နည်း။

 

 

ထို့ကြောင့် ကောင်းရှို့လျန် တပ်ထဲရောက်သည်မှာ တစ်နှစ်ကျော် ခန့်ရှိပြီဖြစ်သော်လည်း ဘာအလုပ်လုပ်ရမည်ကို မဆုံးဖြတ်သေးတာဖြစ်သည်။

 

 

သူမ အလုပ်မရသေးသော်လည်း ကိစ္စတော့မရှိပေ။ အလုပ်အကိုင်ရုံးသို့ ခဏခဏသွားကာ သင့်တော်သည့်အလုပ်ရှိမရှိ အမြဲမေးနေကျ ဖြစ်သည်။

 

 

ဒါပေမယ့် အခု ယက ဘယ်လိုဖြစ်သွားရတာလဲ

 

 

ခုမှရောက်တဲ့ အရာရှိဇနီးသည်လေး လင်းဝေ့က အိမ်ထောင်စု စာရင်းတောင် မသွင်းရသေးတာကို အလုပ်ရသွားတယ်တဲ့လား

 

 

ကျုံးရှောက်က သူမ ယောကျာ်းထက် ရာထူးမြင့်လျှင်မပြောလိုပေမယ့် အခု သူက ဒုတပ်မှုး အဆင့်ပဲရှိတာကို ဘာလို့လဲ။

 

 

ကောင်းရှို့လျန် လက်မခံနိုင်ဖြစ်နေခဲ့သည်။

ကောင်းရှို့လျန်သည် သူမ ခါးစည်းဝတ် အေပရွန်ကို ဆွဲဖြဲကာ တပ်မတော် ပြန်လည်နေရာချထားရေးရုံးကို သွားရန်ပြင်လိုက်သည်။ နောက်မှ ရုံးပိတ်ချိန်မှန်း သတိရလိုက်သည်။ လျိုတန်း​ သူမ ကလေးလိုက်ရှာရင်း လင်းဝေ့ကို ထိုကိစ္စလာပြော၍သာ သူမလည်း ဤကိစ္စကြီးကို သိခဲ့ရသည်။

 

 

ကောင်းရှို့လျန်သည် မနက်ဖြန်အတွက် တိတ်တစိတ်အစီအစဥ်များကို စိတ်ထဲ ဆွဲထားလိုက်သည်။ တပ်မတော်ပြန်လည် နေရာချထားရေးရုံးကိုသွားပြီး သူတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးခိုင်းရမယ်။

 

 

ဒီကိစ္စကတော့ သူတို့ရှင်းကို ရှင်းရမယ်။

 

 

ကောင်းရှို့လျန် တွေးနေသည်များကို လင်းဝေ့မသိပဲ ကျုံးရှောက်နဲ့ အလုပ်အကြောင်းပြောနေခဲ့သည်။

 

 

ခြံဝန်းထဲမှာပဲ ပြောလိုက်၍ ကျုံးရှောက်လည်း လင်းဝေ့နှင့် လျိုတန်းတို့ပြောသော အကြောင်းအရာများကိုကြားလိုက်ရသည်။ ထို့ကြောင့် လင်းဝေ့က အကုန် ရှင်းပြစရာ မလိုပဲ အကျဥ်းချုပ်သာ ရှင်းပြလိုက်ရသည်။

 

 

ကျုံးရှောက်လိုမျိုး စစ်သားများသည် ဒဏ်ရာအနာတရများခဏခဏရတတ်၍ ဆေးရုံတက်ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။

 

 

စစ်ဆေးရုံ တည်ဆောက်ပြီးနောက် ကျုံးရှောက်သည်လည်း ဆေးရုံတက်နေသော သူ့တပ်သားများကိုခဏခဏ လာကြည့်ရလေ့ရှိသည်။ ထို့ကြောင့် ဆေးပေးခန်းရှိ အလုပ်က မည်ကဲ့သို့သော အလုပ်မှန်း လင်းဝေ့ထက်ပင် ကျုံးရှောက်က ပိုသ်ိသည်။

 

 

သို့သော် လင်းဝေ့ ရှင်းပြနေသည်ကို ဖြတ်မပြောပဲ နားထောင်ပြီးနောက် သူမပြောပြီးမှ ပြန်ပြောလိုက်သည်။"အလုပ်က ကောင်းပါတယ်"

 

 

"ဟုတ်တယ်"လင်းဝေ့လည်း အလုပ်က တစ်ကယ်ကောင်းမှန်းသိ၍ စဥ်းစားကာ ပြောလိုက်သည်။

 

 

"မင်း လုပ်ချင်ရင် လုပ်လေ" ဟု ကျုံးရှောက်က ပြန်ပြောလိုက်သည်။

 

 

လင်းဝေ့သည် ကလေး နှစ်ယောက်ကို ကြည့်လိုက်ကာ "ကျွန်မ အဓိက စိုးရိမ်တာက……" ဟုပြောလိုက်လေသည်။

 

 

ကျုံးရှောက်လည်း ပြန်တွေးဆလိုက်ပြီး ပြောလိုက်သည်။"မိသားစု အိမ်ရာဝန်းထဲမှာ အလုပ်မရှိတဲ့ အရာရှိအမျိုးသမီးတွေလဲ ရှိတယ်ဆိုတော့ သူတို့ကို ကလေးထိန်းဖို့ တစ်လ ဘယ်လောက်လဲ မေးပြီး ထိန်းခိုင်းလိုက်မယ်လေ"

 

 

"အာ့လို ဖြစ်နိုင်ပါ့မလား" လင်းဝေ့က အနည်းငယ် စိုးရိမ်နေသည်။

 

 

"မဖြစ်နိုင်တာတော့ မရှိပါဘူး။ ဒီအိမ်ရာဝန်းမှာ အိမ်မှာ ကလေးငယ်တွေရှိပြီး အလုပ်လုပ်နေကြတဲ့သူတွေလည်း ရှိတယ်လေ။ မိဘ တွေအလုပ်သွားတော့ ကလေးတွေက အိမ်မှာ ကျန်ခဲ့ပြီး ဗိုက်ဆာရင်တောင် မိဘတွေပြန်လာမှ ထမင်းစားကြရတဲ့ ကလေးတွေတောင်ရှိတယ်။"

 

 

ထို့ကြောင့် ကလေးတွေကို ဒီအတိုင်း ကစားခိုင်းခဲ့တာထက် တစ်ယောက်ယောက်က ထိန်းပေးရင် ပိုကောင်းသည်။ ကျုံးရှောက်က ဆက်ပြောလိုက်သည်။

"မင်း ကလေးတွေကို စိတ်ပူရင်လည်း နေ့လည်နားချိန် အိမ်ကို ခန ပြန်လာကြည့်လို့ရတာပဲ။ ဆေးရုံနဲ့ အိမ်က ဆယ်မိနစ်စာလောက်ပဲ လမ်းလျှောက်ရတော့ နောက်ဆို စက်ဘီးလေး ဝယ်ထားရင် ပိုအဆင်ပြေမယ်နော်"

 

 

စက်ဘီးအကြောင်းပြောရင်း ကျုံးရှောက် တစ်ခုသတိရလိုက်ကာ သူ့အိတ်ကပ်ထဲက လက်မှတ်တစ်ခု ထုတ်လိုက်သည်။"ဒီ တနင်္ဂနွေနေ့ ကိုယ့်နားရက်ရတယ် ဆိုတော့ ခရိုင်မြို့ကိုသွားပြီး လျှပ်စစ်ပန်ကာသွားဝယ်ရအောင်"

 

 

လင်းဝေ့ကို လက်မှတ်ကို ကောက်ကိုင်ရင်း စားပွဲကို ပုတ်လိုက်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

"ရှင် သူများဆိီက တစ်ကယ်ကြီး လက်မှတ် ချေးယူလာခဲ့တယ်ပေါ့"

 

 

အိမ်သုံး ပစ္စည်းအကြီးစားများ ဝယ်လိုသည့် မိသားစု များသည် စက်မှုပစ္စည်း ကူပွန်လက်မှတ်များ စုထားလေ့ရှိသည်။

 

 

ကူပွန်လက်မှတ်များကို လစာနှင့်အတူ ထုတ်ပေးလေ့ရှိသည်။ လစာ နည်းလျှင် ရသည့်လက်မှတ်တန်ဖိုးမှာလည်းနည်း၍ အပ်၊ အပ်ချည်လုံး၊ ဆပ်ပြာ၊ မီးလုံးများသာ ဝယ်ယူနိုင်သည်။ လစာ များလျင်တော့ လက်မှတ်များ စုထားကာ ပစ္စည်းများ ပိုဝယ်နိုင်သည်။

 

 

စက်ဘီးကဲ့သို့ စက်မှု ထုတ်ကုန်ပစ္စည်း ဝယ်လိုလျင်  မိသားစုကြီး ဖြစ်လျင်တောင် လက်မှတ်များ လိုက်ရှာဖွေချေး ငှားရမည် ဖြစ်သည်။ ထိုလက်မှတ်များသည် သက်တမ်းရှိသည်ဖြစ်၍ ဆွေမျိုးမိတ်ဆွေများကလည်း သူတို့ မသုံးဖြစ်သေးသော လက်မှတ်များကို ချေးငှားပေးကြသည်။

 

 

စက်မှု ထုတ်ကုန်လက်မှတ်များ ချေးငှားယူကာ ပစ္စည်းများဝယ်ကြပြီး နောက်မှ ထိုလက်မှတ်များကို ဖြည်းဖြည်းချင်းပြန်ပေးပြီး ဆပ်ခြင်းက သာမန်လူတန်းစားများ လုပ်ကြသော လုပ်ငန်းစဥ်ဖြစ်သည်။

 

 

လက်မှတ်တွေ စုရသည်က ကိုယ်လိုအပ်သည့်အချိန် လက်မှတ်ရှာရသည်ထက်ပို လွယ်သည်။

 

 

အရင်က လင်းဝေ့လုပ်ခဲ့သည့် ချည်မျှင်စက်ရုံ ဆိုလျင် ရှိီးချန်တွင် အကြီးဆုံးစက်ရုံတစ်ခု ဖြစ်သည်။ နှစ်ကုန်တိုင်းတွင် မဲပေးကာ စံပြလုပ်သားများကို ရွေးချယ်လေ့ရှိသည်။

 

 

ရဲဘော်တွေကို ပေးသည့် မဲအရေအတွက်သည် သာမန်ပြည်နယ်အဆင့် စက်ရုံများထက် ပိုများသည်။ သို့သော် တပ်သားများမှာလည်း တိုးလာလေရာ မဲပေးသူ အလုပ်သမား အရေအတွက်သည် ပြည်နယ် အဆင့် စက်ရုံများမှ အလုပ်သမားထက်ပင် ပိုများသည်။

 

 

ကျုံးရှောက် လက်မှတ် ငှားလာမည်ဟုပြောတုန်းက လင်းဝေ့ တစ်ရက်တည်းနှင့် ငှားလာနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ တစ်ကယ်ကြီး ငှားလာခဲ့သည်။

 

 

"ဒီလက်မှတ်ကို ကိုယ့်တပ်ထဲက ရဲဘော်တစ်ယောက်စီက ယူလာတာ လွန်ခဲ့တဲ့အချိန်တုန်းက ကိုယ်တို့စခန်းမှာ ပြိုင်ပွဲ ကျင်းပခဲ့တယ်လေ။ သူက အာ့ပြိုင်ပွဲမှာ တတိယဆုရခဲ့တာ။ ဆုက ဒီကူပွန်လက်မှတ်ရတာလေ။"

 

 

ကျုံးရှောက် ရှင်းပြသည်ကို နားထောင်ပြီးနောက် ငှားပေးလိုက်သည့် သူအ​ကြောင်း စဥ်းစားမိပြီး ထပ်မေးလိုက်သည်။"သူက ရှင့်ကို ငှားပေးလိုက်တော့ သူက မလိုတော့ဘူးတဲ့လား"

 

 

"သူက အိမ်ထောင်မရှိသေးဘူးလေ။ အဲဒိီတော့ ဒီလက်မှတ်ကို လတ်တလောတော့ လိုဦးမှာမဟုတ်ဘူး"

 

 

တစ်ချို့လက်မှတ်များ၏ အသုံးပြုခွင့်ကို နယ်ကန့်သတ်ထားလေသည်။ ဥပမာအားဖြင့်ဆိုရသော် ဤမြို့ရှိ စစ်တပ်ကပေးသည့် လျှပ်စစ်ပန်ကာလက်မှတ်ဖြင့် ပစ္စည်းဝယ်မည်ဆိုပါက ဤမြို့တွင်သာ ဝယ်သုံး၍ရသည်။ ဇာတိမြို့တွင် ဝယ်ချင်ပါက ထိုမြို့တွင် ဝယ်ယူနိုင်မည့် လက်မှတ်ရှိသည့်လူနှင့် လှဲလှယ်ရမည်ဖြစ်သည်။

 

 

လျှပ်စစ်ပစ္စည်းများ လှဲလှယ်နိုင်သည့် လက်မှတ်များမှာ ရိက္ခာလက်မှတ်များလောက် မကောင်းပါ။ နိုင်ငံအတွင်း သုံးနိုင်သည့် လက်မှတ်နှင့် ဒေသတွင်း သုံးနိုင်သည့်လက်မှတ်ဟူ၍ ခွဲထားသည်က ပြဿနာဖြစ်သည်။ လိုချင်သည့်လက်မှတ်ကို သူများနှင့် လှဲ မည်ဆိုပါက သက်ဆိုင်ရာ ဒေသမှ လက်မှတ်ကို လဲရမည်ဖြစ်သည်။ လှဲလှယ်ရာတွင်လည်း လက်မှတ် တန်ဖိုးများ အနည်းငယ် လျောနည်းသွားတတ်သည်။

 

 

လျှပ်စစ်ပန်ကာ လက်မှတ်မှာလည်း ဒေသတွင်းသုံးနိုင်သော လက်မှတ်ဖြစ်၍ လှဲလှယ်လိုလျင် အသိမိတ်ဆွေများဆီ လိုက်မေးကာ လဲရမည်ဖြစ်သည်။ ထိုကြောင့် မေးရမည်က မိမိ လိုချင်သည့် လက်မှတ်သည် မိမိမိတ်ဆွေတွေမှာ ရှိ မရှိ ဟူသည်ပင်ဖြစ်သည်။

 

 

လွယ်တော့မလွယ်ပေ။

 

 

ထို့ကြောင့် လက်မှတ်ရှိသောသူသည် မသုံးပဲ သိမ်းထားလျင် ကြာလာလျင် စက္ကူစုတ်သာ ဖြစ်သွားပေမည်။ကျုံးရှောက်တို့လို လိုအပ်နေသူတွေကို ငှားပေးပြီး နောက်မှ သူတို့ နောက်မှပြန်ပေးသည့် စက်မှုထုတ်ကုန်လက်မှတ်များဖြင့် ပြန်လဲယူသည်က ပိုအကျိုးရှ်ိသည်။

 

 

"ကျွန်မတို့ဆီမှာ အခု စက်မှု ထုတ်ကုန်လက်မှတ်တွေ မရှိတော့ဘူးနော် "

 

 

လင်းဝေ့ မလာခင်က သူမ လက်ထဲရှိ စက်မှုထုတ်ကုန်လက်မှတ် များကို အထည်စများ ဝယ်ရာတွင် သုံးပြီးဖြစ်နေ၏။ ကလေးများ၏ ဖိနပ်အသစ်ကိုလည်း လက်မှတ်ဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။ ကျုံးရှောက်တွင် ရှိသော လက်မှတ်များမှာ အိမ်အတွက် လိုအပ်တာ ဝယ်ရင်း သုံးလိုက်ပြီဖြစ်သည်။

 

 

သူတို့ဆီမှာ ဘာမှ စက်မှုထုတ်ကုန်လက်မှတ်များ မရှိတော့ဟုပြောလျင် မှန်သည်။ သို့သော် အကြွေးတော့ရှိနေ၏။

 

 

"ကိုယ် သူ့ကို တစ်လချင်းပေးမယ်လို့ ပြောထားတယ် ခြောက်လလောက် ပေးလိုက်ရင် ကျေပါပြီ"