Chapter 45
Viewers 2k

♎️Chapter 45



(Ch 43 ရဲ့အဆက်ကို ပြန်ရောက်လာ)


ယွိဖေး၏ မျှော်လင့်တကြီးစောင့်စားနေသောမျက်လုံးများကိုကြည့်လိုက်ပြီး ဖုယွမ်ကျိုးက စောင်ကိုပင့်ကာထထိုင်လိုက်သည်။ သည့်နောက် မျက်လွှာချကာယွိဖေး၏မျက်လုံးကိုရှောင်ရှားရင်း တိုးချသည့်အသံဖြင့်ပြောလိုက်ချေ၏။ 


"ငါအချစ်အကြောင်းမစဥ်းစားချင်သေးဘူး...ငါကောလိပ်ရောက်မှအဲဒီအကြောင်းကိုတွေးဖို့စိတ်ကူးထားတယ်..." 


ယွိဖေး၏အကြံပြုချက်ကိုမူ နားမလည်သလိုဟန်ဆောင်လိုက်သည်။ သူသည်ကား ယွိဖေးနှင့်အချစ်အကြောင်းပြောဖို့ရာရှက်ရွံ့နေမိပြီး ယင်းကြောင့်ပင်ယွိဖေးကိုကတိမပေးနိုင်ပေ။ 


ရှဲ့လင်၏စကားကမှန်ကန်ခဲ့သည်။ သူသည် ရှဲ့လင်အပေါ်မှီခိုခဲ့ပြီး ရှဲ့လင်အပေါ်ဂရုစိုက်ခဲ့သည်။ ရှဲ့လင်သာမရှိပါက သူသည်အနှေးနှင့်အမြန်ပြိုလဲသွားရမည်ပင်။ ထိုသို့ဖြစ်လေရာသူ ဘယ်လိုလုပ်ရှောင်ဖေးကိုချစ်နိုင်ပါမည်နည်း။ 


ထို့အပြင် ဤဘဝတွင် ရှောင်ဖေးက ရှဲ့လင်လိုပင် ယောကျ်ားလေးအယ်လ်ဖာတစ်ယောက်ဖြစ်ပြီး သူ ရှဲ့လင်နှင့် လက်ပွန်းတတီးရှိနေသည်ကိုသည်းခံပေးမည်မဟုတ်ပေ။ 


နောင်တွင်ဖြစ်လာနိုင်မည့် နာကျင်မှုတို့ကိုရှောင်ရှားရန်၊  ရှောင်ဖေးကို သည်ထက်ပိုပြီးမနာကျင်စေရန် အချိန်မီရပ်တန့်လိုက်ခြင်းကပိုကောင်းလိမ့်မည်။ 


ရှဲ့လင်ကတော့....မဖြစ်နိုင်ပေ၊၊ 


သူ ယွိဖေးအပေါ်အပြစ်ရှိနေသလိုခံစားချက်မှာ စကားနှင့်ပင်ဖော်ပြမရနိုင်ပေ၊ ရှဲ့လင်ကမူ သူ၏ဘဝလက်တွဲဖော်အဖြစ် တသက်တာပေးဆပ်သွားရန် ခိုင်မာနေပြီး အနာဂတ်တွင်သူတို့နှစ်ယောက်လက်ထပ်ကြမည်၊၊ သူနှင့်ရှဲ့လင်တို့လက်ထပ်ပြီးပါက ကလေးတစ်ယောက်ပင်ရလာဦးမည်။ 


ဖုယွမ်ကျိုးမှာ ထိုအထိမတွေးရဲတော့ပေ။ အိုမီဂါတစ်ယောက်အတွက် ကိုယ်ဝန်ရနိုင်သည့်အချက်က သတ်သေချင်စိတ်ပေါက်သည်အထိအကြောက်တရားတစ်ခုကိုဖြစ်ပေါ်စေလေသည်။ သူစည်းမကျော်သရွေ့ ရှဲ့လင်ကိုပုံမှန်အတိုင်းနမ်းလျှင်ပင် သည်းမခံနိုင်လောက်ပေ။ 


ဖုယွမ်ကျိုးငြင်းလိုက်ခြင်းကြောင့် ယွိဖေးမျက်လုံးထဲမှအလင်းရောင်လေးက မှိန်ဖျော့သွားရသော်ငြား ချက်ချင်းပင်ရယ်မောလာလေသည်။ 


"မင်းပြောတာမှန်ပါတယ်...ငါတို့ကကျောင်းသားတွေပဲရှိသေးတာကို...ကျောင်းစာကိုအာရုံစိုက်သင့်တာပေါ့...." 


ထိုသူကဝမ်းနည်းမှုကို သိသာအောင်မဖော်ပြသောကြောင့် ဖုယွမ်ကျိုးမှာစိတ်အေးသွားရပြီး ယွိဖေးကသူ့လက်ကိုကိုင်ရင်း မျက်မှောင်ကြုတ်ပြီးမေးလာပြန်သည်။ 


"ကောလိပ်ပြီးရင်ရော..မင်းအချစ်အကြောင်းစဥ်းစားမှာလား..." 


"ကောလိပ်ပြီးရင်တော့...." 


ဖုယွမ်ကျိုးမှာ တသက်လုံးစင်ဂယ်ဖြစ်သွားရတော့မလိုခံစားနေရပြီး မရေမရာဖြင့်သာပြန်ဖြေလိုက်ရ၏။ 


"နောက်မှပြောကြမယ်လေ...မလောပါနဲ့..." 


"အိုကေ..." 

ယွိဖေးက ပြုံးပြလာသည်။


"ကျိုးအာ...မင်းပြောတာကိုမှတ်ထားနော်...ကျောင်းမပြီးမချင်း မချစ်ရဘူးနော်..မင်းကိုလိုက်တဲ့လူရှိရင်လည်း ပြန်မကြိုက်ရဘူး..." 


ဖုယွမ်ကျိုး: "ယောကျ်ားစကားကွာ..." 


ယွိဖေးကပြုံးကာ နောက်ထပ်ရုပ်ရှင်တစ်ကားကိုရှာပြန်သည်။ နှစ်ယောက်သား ရုပ်ရှင်အတူကြည့်ခဲ့ကြပြီး ရှဲ့လင်က နေ့လည်မှအိမ်ပြန်ရောက်လာခဲ့သည်။ နှစ်ယောက်လုံး အိမ်စာအတူလုပ်ကြပြီး အိမ်အကူအဒေါ်က မီးဖိုချောင်တွင်ချက်ပြုတ်နေခဲ့သည်။ 


ရှဲ့လင် အိမ်ပြန်ရောက်သည်နှင့် ဖုယွမ်ကျိုးမှာ မနေ့ညကအဖြစ်အပျက်တို့ကိုပြန်တွေးမိပြီး တမဟုတ်ချင်း ဂဏာမငြိမ်ဖြစ်လာလေ၏။ နားရွက်များနီရဲနေရင်း ထိုင်ခုံတွင်ကျုံ့ကျုံ့လေးထိုင်နေကာတိုးတိုးပြောလိုက်လေ၏။ 


"မင်းပြန်လာပြီကိုး..." 


"အင်း...ဒီနေ့ကျောင်းမှာ အစည်းအဝေးရှိလို့လေ..." 


သူ့ဘက်ကစကားစပြောလိုက်၍ ရှဲ့လင်၏မျက်လုံးများက အနည်းငယ်မျှနူးညံ့သွားခဲ့ပြီး ခေါင်းညိတ်ပြကာစကားပြန်လာခဲ့သည်။ 


အဒေါ်ကညစာပြင်ထားပြီး၍ သုံးယောက်သားအတူညစာစားကြသည်။ သည့်နောက် ဖုယွမ်ကျိုးက အိမ်ပြန်လာခဲ့၏။ အားလပ်ရက်ပထမနေ့တွင် သူအိမ်စာလုပ်ချင်စိတ်မရှိသောကြောင့် အစီအစဥ်ချလိုက်ပြီး အတန်းဖော်ထံဖုန်းဆက်ကာ သူ့အိမ်ကိုလာကစားရန်လှမ်းခေါ်လိုက်သည်။ 


ကျောင်းပိတ်ရက်အတွင်း ခရီးထွက်သွားသူများလည်းရှိပြီး မိဘအိမ်ပြန်သွားကြသူများလည်းရှိ၍ သူ့အိမ်ကိုလာနိုင်မည့်သူသိပ်မရှိပေ။ ဖုယွမ်ကျိုးမှာ စိတ်ပျက်လက်ပျက်နှင့် ဆယ့်သုံးယောက် ဆယ့်လေးယောက်လောက်ကို အိမ်ခေါ်လိုက်သည်။ ယခင်ကပြောခဲ့ဖူးသည့်အတိုင်း ယွမ်ယဲ့ကိုလည်းအိမ်ကိုခေါ်လိုက်၏။ ယွမ်ယဲ့လောက် ကစားတတ်သူမရှိ၍ ကံကောင်းသည်ဟုပြောရပေမည်။ 


ဖုန်းခေါ်လိုက်သည့်အခါ ဖုန်းနံပါတ်စာရင်းတွင် ရန်ရှူးထန်ကိုလည်းတွေ့လိုက်ရသည်။ ခဏမျှချီတုံချတုံဖြစ်နေပြီးသည့်နောက် ရန်ရှူးထန်ကိုအိမ်လာချင်လားဟု မက်ဆေ့ချ်ပို့လိုက်သည်။ 


ရန်ရှူးထန်၏ရင်ဖွင့်စကားကို မတော်တဆကြားလိုက်ရပြီးသည့်နောက် ရုတ်တရက်ဖုယွမ်ကျိုးက သူ့အားဘယ်လိုစကားစရမှန်းမသိတော့ပေ။ မူလက ရန်ရှူးထန်အပေါ်ပြန်ပေးဆပ်ရန်တက်ကြွနေခဲ့သော်လည်း များလွန်းသွားခဲ့ပါက သူ့ဘက်ကလည်းရန်ရှူးထန်ကိုစိတ်ဝင်စားနေသလို ဖြစ်သွားလိမ့်မည်၊၊ ထိုအခါမှ ကိုယ့်အမြှီးကိုယ်ပြန်တက်နင်းမိသလိုဖြစ်သွားနိုင်၏။


သို့သော်လည်း ရန်ရှူးထန်ကိုအချိန်မီအိမ်ခေါ်လိုက်ပြီး သူ့ထံတွင် အခြားရည်ရွယ်ချက်တစ်ခုလည်းရှိနေသေးသည်။ ရန်ရှူးထန်ကနာမည်ကြီးသည့်တိုင် စကော်လာရကျောင်းသားဆိုသောဂုဏ်ပုဒ်ကြောင့် လူအများကသူ့ကိုရှိန်ကြ၏။ တကယ်တမ်းတွင်မူ ထိုသူမှာလူများနှင့်အစေးမကပ်ရုံသာဖြစ်ပြီး အခြားအတန်းမှ သူသိထားသူမှာလည်း အတော်လေးရှားသည်၊၊ ထို့ကြောင့် ဖုယွမ်ကျိုးက လူများများခေါ်လိုက်ခြင်းပင်။ 


ထိုနည်း၎င်းပင် ရှဲ့လင်နှင့်ယွိဖေးကိုလည်းခေါ်လိုက်ပြီး ယွမ်ယဲ့နှင့်ခင်မင်သွားစေရန်စီစဥ်ထားလိုက်သည်။ ရှဲ့လင်အတွက် လူများများနှင့်သိလေ ပိုကောင်းလေပင်။ 


ယွိဖေးအတွက်ကမူ ဖုယွမ်ကျိုး၏ခံစားချက်တို့က အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။ သည့်အပြင် ယွိဖေးသည် ယခင်ဘဝက သူ့ကောင်မလေးပင်။ သူသာ အခြားတစ်ယောက်ကိုသဘောကျသွားပါက ပိုပြီးနေရခက်စေလိမ့်မည်။ 


သူရန်ရှူးထန်ကိုခေါ်ပြီး မပြောတော့ရန်ဆုံးဖြတ်လိုက်သည်။ သူသိထားသလောက် ရန်ရှူးထန်ကအေးဆေးပြီး ယခုလိုလူအများကြီးနှင့်ရှိနေရလျှင် သဘောမကျလောက်ပေ။ 


မထင်မှတ်ဘဲ ရန်ရှူးထန်ကသူ့အားချက်ချင်းသဘောတူခဲ့ပြီး ဖုယွမ်ကျိုးသာ စာပြရန်ဂိုက်တစ်ယောက်လိုချင်လျှင်လည်း အဆင်ပြေသည့်အကြောင်းပြောခဲ့သေးသည်။ သိူ့သော်လည်း ဖုယွမ်ကျိုးကငြင်းပယ်လိုက်ပြီး ထိုအခွင့်အရေးကိုအရယူကာ သူအနားယူချင်ခဲ့သည်။ 


ပါတီကို သဘက်ခါတွင်ကျင်းပခဲ့သည်။ မိုးလင်းတည်းက အတန်းဖော်များမှာ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြ၏။ လူမှုရေးအရ ဖုယွမ်ကျိုးမှာ ၎င်းတို့လမ်းပျောက်မည်စိုး၍ ဂိတ်ဝတွင်ကိုယ်တိုင်ထွက်ကြည့်နေရလေသည်။ သူတို့ရပ်ကွက်လမ်းက အင်မတန်ရှုပ်ထွေးသောကြောင့်ပင်။ 


ဖုယွမ်ကျိုးက ဗီလာအိမ်ရာတွင်နေကြောင်းသိလိုက်ရသည့်အခါ အတန်းဖော်များအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့လေ၏။ သူတို့အားလုံး ဖုယွမ်ကျိုး၏မိသားစုကချမ်းသာမှန်းသိခဲ့ကြသော်လည်း သူတို့ခန့်မှန်းထားခဲ့သည်ထက်ပိုနေခဲ့သည်။ ထို့ကြောင့် လူတိုင်းကသူ့အား သခင်ငယ်လေးဖုဟုဝိုင်းခေါ်ကြတော့၏။ 


ဖုယွမ်ကျိုးကသူတို့ကို ဗီလာထဲသို့ခေါ်သွားခဲ့သည်။ အတန်းဖော်များက ဇာတ်လမ်းထဲရောက်နေသလို နေရာတိုင်းကိုအထူးအဆန်းအဖြစ်ကြည့်နေခဲ့ကြလေသည်။ ကောင်လေးအချို့က ဂိမ်းကစားသည့်အထူးခန်းကိုတွေ့သည်နှင့် ချက်ချင်းပြေးဝင်သွားပြီး ဂိမ်းစက်များကိုအပြည့်ပိုက်ကာ VR စက်များကိုဖက်လိုက်ကြသည်၊ သူတို့အားလုံးက ဖုယွမ်ကျိုးတို့မိသားစုတွင်ပျောက်နေသည့်မြေးရှိမရှိမေးလာကြပြီး မရှိလျှင်လည်း ဖုယွမ်ကျိုး၏သားအဖြစ်သာလုပ်လိုက်တော့မည်ဟု ပြောလာကြလေသည်။ 


ကျန်သည့်လူများကမူ ဧည့်ခန်းထဲတွင်ထိုင်ကာ အအေးသောက်ကြသည်။ အချို့ကမူ ဝိုင်ယူလာကြသည်။ ခဏမျှ မျက်စိနောက်အောင်ကခုန်ကြ၏။ ခဏအကြာတွင်တံခါးဘဲလ်သံကထပ်မြည်လာပြန်သည်။ ဖုယွမ်ကျိုး တံခါးဖွင့်လိုက်သည့်အခါ ရန်ရှူးထန်နှင့်ယွမ်ယဲ့တို့ဖြစ်နေ၏။ 


"ကြိုဆိုပါတယ်..." 


ဖုယွမ်ကျိုးက သူတို့ကိုအိမ်ထဲခေါ်သွင်းလိုက်သည်။ 


"မင်းတို့ဖုန်းခေါ်လိုက်သင့်တယ်...ငါလာကြိုမှာပေါ့...ဘာလို့ကိုယ်ဟာကိုယ်လာကြတာလဲ..." 


သူ ဂိတ်စောင့်ကို ချက်ချင်းဖုန်းခေါ်ခဲ့သည်။ နှုတ်ဆက်ပြီးသည့်နောက် သူ့အတန်းဖော်များကယနေ့လာမည်ဖြစ်၍ သူတို့အား တန်းပြီးအထဲပေးဝင်ရန်မှာလိုက်၏။ သူလည်းသွားမကြိုနိုင်တော့သောကြောင့် ဂိတ်တွင်စောင့်ပေးနေမည့်သူရှိသွားမည်သာ။ 


"လမ်းတွေကမှတ်ရတာမခက်ပါဘူး..." 

ရန်ရှူးထန်ကဖုယွမ်ကျိုးကို လက်ဆောင်ပေးလိုက်၏။

"ဖိတ်ခေါ်ပေးတာကျေးဇူးပါပဲ..." 


ယွမ်ယဲ့ကပြုံးလိုက်သည်။ 


"မင်းအားကစားပွဲ အစည်းအဝေးတက်လာရတာပင်ပန်းမှာပေါ့...မင်းထပ်ပြေးနေရမှာစိုးလို့...ဘယ်လိုလဲ..နေကောင်းသွားပြီလား..." 


"ပိုကောင်းလာပါပြီ..." 

ဖုယွမ်ကျိုး ခေါင်းညိတ်ပြရင်း ထိုနေ့ကရှဲ့လင်နှိပ်ပေးခဲ့သည့်ကျေးဇူးကို ပြောပြလိုက်သည်။ နောက်ပိုင်းကိုမူ....သူမပြောနေတော့ပေ။ 


သူထိုနှစ်ယောက်ကိုအထဲဝင်ခိုင်းလိုက်ပြီး မကြာခင် ရှဲ့လင်နှင့်ယွိဖေးတို့ရောက်လာခဲ့သည်။ သူတို့ရောက်လာ၍ လူတိုင်းကအံ့ဩသွားကြပြီး ရှဲ့လင်ကိုတွေ့သည့်အခါ ဝိုင်းအော်ကြတော့သည်။ 


"အုပ်ကြီးလည်းရောက်လာတယ်..မင်းဘာလို့ယွိဖေးနဲ့အတူလာတာလဲ..." 


 ယွိဖေးက တန်းခွဲ ၇ ကိုအမြဲလာပြီးဖုယွမ်ကျိုးနှင့် ကစားတတ်သောကြောင့် တန်းခွဲ ၇ ကလူတိုင်းသူ့အားရင်းနှီးကြသည်။ ရှဲ့လင်က ဖုယွမ်ကျိုးနှင့်ကလေးအရွယ်တည်းကပေါင်းလာကြောင်း သိထားခဲ့ကြသော်လည်း အိမ်နီးချင်းများပါဖြစ်နေမည်ဟုမထင်ထားခဲ့ကြပေ။ ယွိဖေးနှင့်ရှဲ့လင်က ဝမ်းကွဲများဖြစ်ကြသည့်အကြောင်းကိုမူ မဆိုသာတော့။ 


"ငါခေါ်လိုက်တာ..." 


ဖုယွမ်ကျိုးမှာ အစက ယွိဖေးနှင့်ရှဲ့လင်ကိုဖက်ရန်ကြံပြီး အတန်းဖော်များကိုကြွားရန်ပြင်ခဲ့သည်။ သို့ရာတွင် အမြန်ထိန်းလိုက်နိုင်ပြီး တစ်ယောက်မကျန်ကိုသရော်လိုက်ရသည်။ 


သေစမ်း...သူတို့ကဝမ်းကွဲတွေ၊ နှစ်ယောက်လုံးက ဖုယွမ်ကျိုးရဲ့အိမ်နီးချင်းတွေ၊ သူနဲ့ခင်လည်းခင်ကြတယ်! 


အတန်းဖော်များမှာ ဆက်လက်ရှော့ခ်ရနေကြရင်း သူတို့သုံးယောက်ကို အပြန်ပြန်ကြည့်ကာ ဖုံးကွယ်ထားသည့်ဆက်ဆံရေးရှိနေသလို ခံစားလိုက်ကြရသည်။ 


"အုပ်ကြီးနဲ့ယွိဖေးလည်းရှိနေတာဆိုတော့ တစ်ခုခုကစားရအောင်..."


တန်းခွဲ ၇ အတန်းခေါင်းဆောင် တုမန်က မိန်းမလှလေးတစ်ယောက်ဆိုသော်လည်း တကယ်တမ်းတွင်အယ်လ်ဖာတစ်ယောက်ပင်။ သူမကပြုံးလိုက်ရင်း ကတ်အစုံလိုက်ကိုဆွဲထုတ်လိုက်သည်။ ဖုယွမ်ကျိုးကတချက်ကြည့်ပြီး ပုံမှန်အတိုင်းမေးလိုက်၏။ 


"ကတ်ကစားမလို့လား..." 


"မဟုတ်ပါဘူး..." 


တုမန်က ခါးကုန်းပြီး ကြမ်းပြင်ပေါ်မှဘီယာခွက်များကိုလှမ်းယူကာ စားပွဲပေါ်ကိုဝုန်းခနဲပစ်ချလိုက်သည်။ ကတ်များကိုလူအရေအတွက်အတိုင်းဝေပေးပြီး အပြုံးလေးနှင့်ပင်ပြောလိုက်၏။ 


"ငါတို့ Truth or Dare ကစားမှာ..."



၎င်းကို တုမန်က မလာခင်အချိန်တည်းက ပြင်ဆင်ထားခဲ့ပုံရသည်။ ကတ်များကိုကုလားဖန်ထိုးပြီးသည့်အခါ တစ်ယောက်ကိုနှစ်ကတ်စီလိုက်ဝေပေးလာ၏။ သို့ဖြစ်၍ လူတိုင်းက Truth နှင့် Dare များကိုဖြည့်လိုက်ကြသည်။ ပန်းရောင်ကတ်သည် truth ဖြစ်ပြီး အပြာရောင်ကတ်မှာ Dare ဖြစ်ကာ ကျသည့်ကတ်အပေါ်တွင် ဆုံးဖြတ်ပေးရမည်ဖြစ်သည်။ 


သူတို့ကိုယ်တိုင်ရွေးချယ်ပြီးရေးပြီးသည်နှင့် လူတိုင်း၏မျက်နှာများက မချိုမချဥ်ဖြစ်လာကြသည်။ တုမန်က အလွန်အကျွံမလုပ်ရန်သတိပေးထား၏။ အကယ်၍ မဟုတ်တမ်းတရားများရေးထားခဲ့လျှင် ၎င်းကိုရေးသည့်သူကိုယ်တိုင်လုပ်ရမည်ဟု သဘောတူလိုက်ကြရလေရာ ခါးသီးသည့်ခံစားချက်များဖြင့် သူတို့၏စိတ်ကူးယဥ်ထားသမျှလေးများကို နှုတ်ဆက်လိုက်ကြရရှာသည်။ 


ရှဲ့လင်နှင့်ရန်ရှူးထန်တို့က ထိုသို့သောကစားနည်းမျိုးကိုမကြိုက်လောက်ဟု ဖုယွမ်ကျိုးက ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ၎င်းတို့က စားပွဲတွင်ဝင်ထိုင်လာပြီး အခြားသူများနှင့်အတူကစားချင်ကြောင်းပြသလာသည်။ 


ဂိမ်းစက်များစုထားသည့်အခန်းထဲမှလူများကိုဖယ်လိုက်လျှင် လူဆယ့်လေးယောက်ကျန်နေသေးသည်။ ဖယ်ထားသည့်ကတ်တစ်ကတ်နှင့် လူဆယ့်သုံးယောက်လက်ထဲမှ သာမန်ကတ်များနှင့်ပေါင်းလိုက်လျှင် အရေအတွက်ပြည့်သွားလေပြီ။ 


ကတ်များကိုရေးလိုက်ကြပြီးသည့်အခါ တုမန်က၎င်းတို့အားလုံးကိုရောလိုက်သည်။ လူတိုင်းက အော်ဟစ်လာပြီးဂိမ်းကိုစတင်လိုက်ကြ၏။ ဂိမ်းစသည်နှင့် တုမန်ကတစ်ကတ်ကိုအရင်စဆွဲသည်။ သူမသည်အားလုံးကိုဝေ့ကြည့်ကာ ပြုံးတုံ့တုံ့ဖြင့်ပြောလာ၏။ 


"ငါ သုံး ကျတယ်..." 


ဖုယွမ်ကျိုးက ကတ်ကိုတချက်ကြည့်လိုက်သည်။ ကိုး..သုံးနှင့်အဝေးကြီးဖြစ်နေ၍ တော်ပါသေးသည်။ သို့သော်လည်း ရုတ်တရက် ယွိဖေး နာမည်အခေါ်ခံလိုက်ရသည့်အခါ မကောင်းသည့်ခံစားချက်ကမြင့်တက်လာရလေ၏။ 


"အမှန်ပြောမလား...လုပ်ရဲလား..." 

တုမန်ကမေးလာချေသည်။ 


ယွိဖေးကခပ်ပြုံးပြုံးပင်တုံ့ပြန်လာ၏။ 

"အမှန်အတိုင်းပြောမယ်..." 


တုမန်က သူ့အတွက် ကတ်တစ်ကတ်ဆွဲပေးပြီး ကတ်ပေါ်မှစာကိုဖတ်ပြသည်။ 

"မင်းရဲ့အချစ်ရေးမှာ နောက်ဆုံးရခဲ့တဲ့အတွေ့အကြုံလေး...တစ်ခုမှမရှိရင်တော့ အုံ့ပုန်းအချစ်အကြောင်းကိုပြောပါ...မရရင် ဘီယာတစ်ခွက်သောက်ပြီးအပြစ်ခံယူလိုက်ပါ..." 


ယွိဖေးကပြုံးပြလိုက်သည်။ 

"ငါတခါမှရည်းစားမထားဖူးဘူး..." 


"မဖြစ်နိုင်တာ! မင်းဗြောင်လိမ်ဗြောင်စားကောင်!" 


အယ်လ်ဖာတစ်ယောက်က ရည်းစားမထားဖူးသည်မှာမဖြစ်နိုင်ပေ။ အတားအဆီးများမည်မျှရှိပါစေ ဘီတာနှင့်အိုမီဂါများက ၎င်းတို့အနောက်ကိုလိုက်မည်သာဖြစ်ပြီး သူတို့အနေနှင့်ခေါင်းခေါက်ရွေးနိုင်ပေမည်။ 


"တကယ်မထားဖူးဘူး..." 

ယွိဖေး၏မျက်ခုံးများနှင့်မျက်လုံးများက သိမ်မွေ့စွာနှင့်ကွေးညွတ်သွားပြီး နူးညံ့သည့်အပြုံးလေးတစ်စကပေါ်ထွက်လာခဲ့သည်။ 


"ငါငယ်ငယ်လေးတည်းကချစ်လာရတဲ့သူရှိတယ်...ငါသူ့ကိုအရမ်းသဘောကျတယ်..ငါ့နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးတော့လေ..ဒီတော့ ငါနောက်ထပ်မချစ်နိုင်တော့ဘူး..." 


ထိုသူသည်ကား စကားပြောနေစဥ် ဖုယွမ်ကျိုးကိုမသိမသာကြည့်လာသေး၏၊ လျှပ်တပြက်ဆန်သည့်လှုပ်ရှားမှုကို အခြားသူများကသတိမထားမိကြသော်လည်း ဖုယွမ်ကျိုးကချက်ချင်းမြင်တွေ့သွားပြီး သူ့မျက်နှာမှာလည်း တမဟုတ်ချင်းပူနွေးလာရသည်။ ထို့နောက် တစ်ယောက်တည်းရှက်နေရမှုကို Coke အေးအေးတစ်ခွက် မော့သောက်ပြီးဖုံးကွယ်လိုက်ရလေတော့၏။ 


လူအုပ်ကြီးကသူ့အား ဆက်ပြောရန်ဝိုင်းမြှောက်ပေးလာကြသည်။ ယွိဖေးက မသိမသာခေါင်းကိုခါယမ်းလိုက်ပြီး ဆက်ပြောလာလေသည်။ 


"ငါသူ့ကိုအခုထိတိတ်တိတ်လေးချစ်နေတုန်းပဲ...ကြာလည်းကြာခဲ့ပါပြီ...သူငါနဲ့ဒိတ်ဖို့ပြောလာခဲ့ရင် သိရမှာပေါ့.. အဲဒီတစ်ယောက်ကငါ့ရဲ့အုံ့ပုန်းအချစ်လေးပဲ..." 


ရှဲ့လင်က လက်ထဲမှရေခွက်ကို စားပွဲပေါ်ကိုဆောင့်ချလိုက်၍ ဘန်းကနဲအသံထွက်လာလေသည်။ 


ဖုယွမ်ကျိုးနှလုံးက ဆတ်ကနဲခုန်သွားပြီး ရှဲ့လင်တစ်ခုခုကိုသိသွားပြီအထင်ဖြင့် ခပ်မြန်မြန်ပြောလိုက်ရသည်။ 


"ဟုတ်ပြီ...သူ့ကိုမစကြပါနဲ့တော့...နောက်တစ်ပွဲစမယ်..." 


"ရို့...အစ်ကိုယွမ်...သူများတွေကိုအရမ်းတွေကာကွယ်ပေးတော့တာပဲနော်...အစ်ကိုယွိကလည်း ရေးကြီးသုတ်ပျာဖြစ်နေတာ...သူကြိုက်နေတာကမင်းဖြစ်နေလို့လား..." 


အတန်းဖော်များက သူတို့ကိုပုံမှန်အတိုင်းစနောက်လိုက်ခြင်းသာဖြစ်ပြီး ဖုယွမ်ကျိုးမှာထိတ်လန့်သွားရလေရာ ဆတ်ကနဲတုံ့ပြန်လိုက်မိသည်။ 


"ပေါက်ကရတွေမပြောနဲ့..." 


အတန်းဖော်များကဝိုင်းရယ်ကြသည်။ လူအများစုက တကယ်မထင်ကြသော်လည်း အချို့ကဖုယွမ်ကျိုးနှင့်ယွိဖေးကို အခါခါကြည့်ကြသည်။ ယွိဖေးကလည်းပြုံးနေဆဲဖြစ်၍ သူတို့ဘာမှမသိလိုက်ကြပါချေ။ 


ဒုတိယနှင့် တတိယအခေါက်များက ဖုယွမ်ကျိုးနှင့်မသက်ဆိုင်ခဲ့ပေ။ တစ်ယောက်က သူရေးထားသည့်ကတ်ကိုသူဟာသူဆွဲမိသွားခဲ့သည်။ 


လူတိုင်းက တသောသောရယ်လိုက်ကြပြီး ထိုသူမှာ ဗီလာတဝိုက်ကို ဝမ်းနည်းပက်လက်မျက်နှာဖြင့်ပတ်လျှောက်ရတော့သည်။ ကံဆိုးစွာဖြင့် အိမ်နီးနားချင်းများကလည်းသူ့အားစောင့်ကြည့်နေပြန်၏။ သူနောက်တခါဘယ်တော့မှ ဖုယွမ်ကျိုုးအိမ်ကိုမလာချင်တော့ပေ။ 


လေးကြိမ်မြောက်တွင်လည်း တုမန်က ဖယ်ထားသည့်ကတ်ကိုဆွဲမိပြန်သည်။ သူနံပါတ်ငါးကိုရွေးလိုက်သည့်အခါ မထင်မှတ်ဘဲရန်ရှူးထန်ဖြစ်နေလေ၏။ 


"အမှန်အတိုင်းပြောမယ်..."