Chapter 60
Ti Amo:
ဆရာဝန်: "ဒါဆိုရင် နောက်ပိုင်း မင်းပါတနာရဲ့ဖယ်ရိုမုန်းပဲသက်ရောက်တော့မှာ...အခြားဖယ်ရိုမုန်းတွေကမင်းအပေါ်သက်ရောက်မှုမရှိနိုင်တော့ဘူး...အိုမီဂါတွေအကုန်အတူတူပဲ...မင်းကသူတို့ထက်လွတ်လပ်နေတာလေးပဲရှိတာ..."
ဖုယွမ်ကျိုး: "တစ်နည်းမှအသုံးမဝင်ရင်ရော..."
"မင်းနဲ့လိုက်ဖက်မယ့် အယ်လ်ဖာပါတနာကိုရှာဖို့ငါအကြံပေးချင်တယ်...မင်းလုံးဝအမှတ်အသားမလုပ်ချင်ရင်တောင် ယာယီအမှတ်အသားလုပ်ပြီး ပုံမှန်လိင်ဆက်ဆံနေရင်အဆင်ပြေတယ်..."
"မင်းရဲ့ဖယ်ရိုမုန်းအာရုံခံမှုကမြင့်နေတာကြောင့် မင်းကအရမ်းတက်ကြွမှုရှိတယ်လို့ပြနေတယ်..ဖယ်ရိုမုန်းတွေကလည်း ကြာရှည်ရှိနေမယ့်အခက်အခဲတစ်ခုပဲ...တက်ကြွမှုလွန်ကဲတာက မင်းခန္ဓာကိုယ်ရဲ့လုပ်ဆောင်ပုံကိုအရှိန်မြှင့်ပေးတယ်...တားဆေးတွေကလည်းအသုံးမဝင်နိုင်ဘူး...".
"တစ်ခုထပ်ပြီးသတိပေးစရာရှိသေးတယ်...မင်းနဲ့သင့်တော်မယ့်အယ်လ်ဖာကိုပဲရွေးရမယ်...ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်တဲ့အိုမီဂါတွေအတွက် အယ်လ်ဖာဖယ်ရိုမုန်းတွေကိုမှီခိုရတာကလွယ်ကူတယ်လေ.."
"မင်းတစ်ခါ အမှတ်အသားလုပ်လိုက်ပြီဆိုတာနဲ့ ယာယီအမှတ်အသားဖြစ်ဖြစ်...ခိုင်မာတဲ့အမှတ်အသားဖြစ်ဖြစ်..တဖက်ကဖယ်ရိုမုန်းတွေကို ကာကွယ်ထားဖို့လွယ်တယ်..."
"မင်းရဲ့ဆေးစစ်ချက်ပရောဂျက်ပြီးသွားရင် မင်းဖယ်ရိုမုန်းတုံ့ပြန်မှုလွန်ကဲနေတဲ့အတိုင်းအတာကိုသိရအောင် စစ်ဆေးကြည့်ဖို့ ဆရာစာရင်းသွင်းစေချင်တယ်..."
"......"
ဖုယွမ်ကျိုးက ဆရာဝန်စကားအတိုင်း ရုပ်ပိုင်းဆိုင်ရာဆေးစစ်ပြီးသည်နှင့် ကျောင်းကိုပြန်မသွားသေးသော်လည်း အတန်းပိုင်တာ့ယန်ကိုခွင့်တောင်းပြီး နောက်ထပ်ဆေးစစ်မှုအချို့ကိုလုပ်ခဲ့သည်။ ထိုသူက သူတစ်ခုဖြစ်နေမည်ကိုစိုးရိမ်၍ မေးလာသည့်အခါ ဖုယွမ်ကျိုးရင်ကနွေးထွေးသွားရသော်လည်း သူလည်းအခြေအနေကိုရှင်းပြ၍မဖြစ်ပေ။
စစ်ဆေးမှုကမြန်ဆန်သည်။ မိနစ်နှစ်ဆယ်အတွင်း ရလဒ်ထွက်လာခဲ့ပြီး ဖုယွမ်ကျိုးတွင်အမှတ်တကယ်တုံ့ပြန်မှုလွန်ကဲသည့်ပြဿနာရှိနေသည်ဟု အဖြေထွက်လာခဲ့သည်။
ကျောင်းကိုမပြန်ခင် သူထိန်းသိမ်းရေးလည်ပတ်ကိုဝတ်လာသောကြောင့် ခန္ဓာကိုယ်ပေါ်မှ မင်မွန်ပန်းရနံ့ကပျောက်ကွယ်သွားပြီး ချိုမြိန်သည့်အနံ့က လည်ပတ်အောက်တွင်သိမ်းဆည်းခံလိုက်ရကာ အခြားသူများလည်း၎င်းအောက်မှ လျို့ဝှက်ချက်ကို မသိနိုင်တော့ပေ။
ဆရာဝန်ကသူ့အား သတိထားရမည့်အချက်များကိုပြောပြပေးခဲ့ပြီး အချို့နေရာများကိုလည်း သူကိုယ်တိုင်စစ်ဆေးပေးခဲ့သည်။ ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်သည့်အိုမီဂါတိုင်း အယ်လ်ဖာများနှင့်သာ တွဲသင့်သည်၊ မဟုတ်ပါက ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်မှုနည်းနည်းလေးပင်ရှိလာမည်မဟုတ်ပေ။ မေထုန်ကာလ၏နောက်ဆက်တွဲကပင် ဖုယွမ်ကျိုးကို ကြောက်ရွံ့တုန်လှုပ်နေစေ၏။
သူကအယ်လ်ဖာတွေနဲ့ပဲ အကြောင်းပါဖို့ဖြစ်လာတာများလား...။
ဖုယွမ်ကျိုးက သူ့ဂုတ်ကိုကိုင်လိုက်မိပြီး ရင်တဒိတ်ဒိတ်ခုန်နေလေသည်။
သူ့ဂုတ်ကိုအရင်ဆုံးကိုက်လိုက်သူက ရှဲ့လင်ဖြစ်နေ၍ သူဝမ်းသာမိသည်။ ရှဲ့လင်က ဖယ်ရိုမုန်းဆေးသွင်းရန်အချိန်မရခဲ့ပေ။ မတိုင်ခင်က Heatကာလတွင်လည်း ရှဲ့လင်ရော ယွိဖေးပါ သူ့အားယာယီအမှတ်အသားပေးခဲ့ခြင်းမဟုတ်၍ ဝမ်းသာမိပြန်၏။
ထိုအချိန်က သူ့ထံတွင် ဖယ်ရိုမုန်းတုံ့ပြန်မှုလွန်ကဲနေသည့်ပြဿနာရှိကြောင်း ၎င်းတို့မသိခဲ့ကြပေ၊၊ သိနေခဲ့ကြပါက ဒုက္ခများသွားနိုင်သည်၊၊ အထူးသဖြင့်ရှဲ့လင်သာ သူ့အားအမှတ်အသားပေးခဲ့ပါက သူသည် ယခုထက်ပင်ပိုပြီး စိတ်ရောကိုယ်ပါ ရှဲ့လင်အပေါ်မှီခိုနေရမည်ဖြစ်သည်၊၊ ရှဲ့လင်မရှိဘဲ နေနိုင်တော့မည်ပင်မဟုတ်ပေ။
ပြန်လည်မွေးဖွားလာသည်မှာ မကြာသေးသောဖုယွမ်ကျိုးသာဆိုပါက ယခုကိစ္စကိုသိလိုက်ရသည်နှင့် ကျိန်းသေဒေါသထွက်ပြီးဝမ်းနည်းရနိုင်သည်။ ယခုလည်း စိတ်အခြေအနေမကောင်းသည့်တိုင် သူထင်ထားသလို စိတ်ဓာတ်ကျရခြင်းမရှိဘဲ လက်ခံနိုင်ရန်လည်းမခက်ခဲသလိုပင်။
စိတ်ပိုင်းဆိုင်ရာက ပဟေဠိဆန်စွာပြောင်းလဲသွားခြင်းကြောင့် ဖုယွမ်ကျိုးမှာ တဒင်္ဂမျှ မှင်သက်သွားခဲ့လေသည်။
သူသည် ဆေးရုံမှဆေးစစ်ချက်အဖြေစာရွက်ဖြင့် အိမ်ပြန်လာခဲ့၏။ သူ၏ဖယ်ရိုမုန်းတုံ့ပြန်မှုလွန်ကဲသည့် ပြဿနာကိုလည်း မဖုံးကွယ်ထားတော့ပေ။ မိဘကိုအမှန်အတိုင်းပြောပြလိုက်သည်။ ထိုကိစ္စကြောင့် မိဘနှစ်ပါးမှာ စိုးရိမ်ထိတ်လန့်သွားကြလေ၏။ ဖုယွမ်ကျိုး တစ်ယောက်တည်းနေမည့်ကိစ္စကိုပင် လက်မခံချင်ကြတော့ပေ။
ဖုယွမ်ကျိုးကိုယ်တိုင်လည်း တွန့်ဆုတ်နေမိသော်လည်း ရှဲ့လင်နှင့်ယွိဖေးကို ထိုအကြောင်းပြောပြလိုက်ပါက ၎င်းတို့ဘက်မှပုံမှန်အတိုင်း အမှတ်အသားပေးမည်ဟုသူမထင်မိပေ။ အိမ်အကူအဒေါ်လည်းရှိနေမည်ဖြစ်ပြီး မိဘနှစ်ပါးအဝေးရောက်နေသည့်တိုင် အိမ်တွင်နေရသည်နှင့်ကွာခြားမည်မဟုတ်။
"အဆင်ပြေပါတယ်...ကျွန်တော်အပြင်မှာနေလိုက်မယ်.."
အသေးအဖွဲကွာခြားချက်လေးဖြင့်နှိုင်းယှဥ်လိုက်ပါက ဖုယွမ်ကျိုးမှာ ရှန်းရှီကောကိုထပ်မတွေ့ချင်တော့ပေ။ သည်ရက်ပိုင်း ရှန်းရှီကောကိုသိပ်မတွေ့ရသော်လည်း ပြတင်းပေါက်မှတဆင့်မြင်ရနိုင်သေးသည်။ တစ်ခါတွေ့လေ အိမ်မှထွက်ပြေးချင်စိတ်ပိုပေါ်လာလေပင်။
ညနေခင်းတွင် ဖုယွမ်ကျိုး၏အဖေနှင့်အမေက ရှဲ့လင်နှင့်ယွိဖေးကို ထမင်းစားဖိတ်သည်။ ၎င်းတို့က ဆေးစစ်ချက်အဖြေများကိုမေးမြန်းကြသည်၊၊ အထူးသဖြင့် ယွိဖေးပင်၊၊ မကြာသေးခင်က ဖယ်ရိုမုန်းအာရုံခံမှုချို့ယွင်းခြင်းကြောင့် သူ့အခြေအနေကိုမသိနိုင်ပေ။
"ပျောက်သွားပါပြီ..."
ယွိဖေးကပြုံးကာ လူကြီးနှစ်ယောက်ကိုပြောလိုက်သည်။
"အန်ကယ်နဲ့အန်တီကိုကျေးဇူးတင်ပါတယ်..."
"ကောင်းတာပေါ့..မင်းအမေပြန်လာရင် ပြောရမယ်..."
ပါပါးဖုနှင့်မာမားဖုတို့က စိတ်သက်သာရစွာပြုံးလိုက်ကြစေကာမူ အပြုံးကအသက်မပါလှဘဲ ဖုယွမ်ကျိုး၏ ဖယ်ရိုမုန်းတုံ့ပြန်မှုလွန်ကဲသည့်အကြောင်းကိုပြောလိုက်ကြပြီး ဖုယွမ်ကျိုးကိုစောင့်ရှောက်ပေးရန်မှာကြသည်။
"မင်းလည်း တုံ့ပြန်မှုလွန်ကဲတယ်ဆိုတာကိုသဘောပေါက်မှာပါ..သူ့အတွက် ဖယ်ရိုမုန်းတွေကိုမှီခိုမိဖို့ပိုလွယ်သွားပြီလေ...ကံကောင်းလို့ အရည်အသွေးမြင့်တဲ့အယ်လ်ဖာဖယ်ရိုမုန်းနဲ့မှ သက်ရောက်တာတဲ့...ဖြစ်နိုင်ချေကအရမ်းနည်းနေသေးတော့ အကြိမ်ကြိမ်စဥ်းစားပြီးမှ အန်တီတို့သူ့ကို အပြင်မှာနေဖို့ခွင့်ပြုလိုက်ရတာ..."
ဖုယွမ်ကျိုးက ပြုံးရုံပြုံးပြီးစကားမပြောပေ။ ဖြစ်နိုင်ချေက အမှန်တကယ်နည်းလွန်းသော်လည်း ရှဲ့လင်နှင့်အခြားသူများကသူနှင့်ခင်မင်ကာ သူနှင့်ရင်းနှီးပြီး မလိုက်ဖက်သည့်အယ်လ်ဖာများမရှိသောကြောင့် ဖြစ်နိုင်ချေအပြည့်ရှိနေသည်။
မာမားဖုကရှဲ့လင်ကိုကြည့်ကာပြောလေ၏။
"ရှောင်လင်...မင်းကသုံးယောက်တည်းမှာအကြီးဆုံးပဲ...အန်တီက ရှောင်ဖေးနှင့်ရှောင်ကျိုးကို မင်းဆီအပ်တယ်နော်..."
"ဟုတ်ကဲ့ပါ...အန်တီစိတ်မပူပါနဲ့..."
ရှဲ့လင်ကလက်ခံသလိုခေါင်းညိတ်ပြသည်။ ယွိဖေးကလည်းပြုံးလိုက်ကာ သူဖုယွမ်ကျိုးကိုစောင့်ရှောက်ပါမည်ဟု ပြောလိုက်သော်လည်း မတိုင်ခင်ကသတင်းကြောင့် ၎င်းတို့မျက်လုံးများက အတိတ်ကိုအမှတ်ရသွားသလို မည်းမှောင်သွားကြလေသည်။
AROEMM: Ch 47.2
တိုက်ဆိုင်လှစွာဖြင့် ညစာစားကြပြီးသည့်နောက် မိတ်ဆွေတစ်ယောက်က သူတို့လိုချင်နေသည့်အိမ်ရှိကြောင်း မာမားဖုထံဖုန်းခေါ်ပြီးအသိပေးလာလေသည်။
ဓာတ်ပုံနှင့်အချက်အလတ်တို့ကိုကြည့်ပြီးသည့်အခါ မာမားဖုကစိတ်ကျေနပ်သွားခဲ့သည်။ အိမ်ကသူမမျှော်လင့်ထားသည်ထက် ပိုကောင်းနေခဲ့၏။ သူမကအိမ်နှင့်ကျောင်းအကွာအဝေးအပေါ် အလွန်အမင်းမျှော်လင့်မထားသည့်တိုင် သူမမိတ်ဆွေက ကျောင်းနှင့်နီးသည့်အိမ်ကိုမိတ်ဆက်ပေးခဲ့သည်။
နောက်တစ်ရက်က အားလပ်ရက်ဖြစ်နေပြီး မာမားဖုမှာလည်း ရခဲလှသည့်အပန်းဖြေခရီးလေးရှိနေလေရာ ဖုယွမ်ကျိုးနှင့်အခြားသူများကိုသာ အိမ်သွားကြည့်ခိုင်းလိုက်သည်။ အိမ်နှစ်အိမ်လုံးက တစ်ထပ်တည်းရှိသည့်လုံးချင်းတိုက်ဖြစ်ပြီး အချိန်မရွေးပြောင်းရွှေ့နိုင်သည်။
ဖုယွမ်ကျိုးကမူ တတ်နိုင်သမျှပြောင်းနေရရန်ဆုတောင်းနေသော်ငြား လက်တွေ့တွင်မဖြစ်နိုင်ပေ။ ထုတ်ပိုးရန် ရက်အနည်းငယ်ယူရမည်ဖြစ်ပြီး အိမ်ပြန်လာလျှင်လည်း ချက်ချင်းနေ၍မရသေး။ ပစ္စည်းများကိုနေရာချရဦးမည်။ အထူးသဖြင့်ဂိမ်းစက်များဖြစ်ပြီး လူတစ်ယောက်ကိုခေါ်ကာသေတ္တာတွင်ထဲတွင်ထုပ်ပိုးပြီးမှ အိမ်အသစ်ကိုရွှေ့ခိုင်းရပေမည်။
အလုပ်သမားတစ်ယောက်က ပစ္စည်းများကို အိမ်အပြင်ဘက်သို့သယ်ထုတ်ပေးနေရပြီး မာမားဖုကခြံဝန်းအပြင်တွင်ရပ်ကြည့်ပေးနေလေသည်။ ဖုယွမ်ကျိုးက လက်ဆေးပြီးအပြင်ထွက်မည်အလုပ် ရုတ်တရက် ရှန်းရှီကောစကားပြောနေသည့်အသံကိုကြားလိုက်ရပြီး အလိုလိုပင် နံရံအနောက်၌ဝင်ပုန်းမိသွားခဲ့သည်။ ရှန်းရှီကော သူ့ကိုတွေ့သွား၍မဖြစ်ပေ။
"ဂွတ်မောနင်း..."
ရှန်းရှီကောက မာမားဖုကိုနှုတ်ဆက်လာသည်။ ဖုယွမ်ကျိုးက နံရံကွယ်နေသောကြောင့် သူတို့စကားပြောနေသည့်အသံကိုသာကြားရ၏။
"ဟယ်လို...ရှီးကော..."
မာမားဖုက နားလည်ပေးတတ်သည်။ ရှန်းရှီကောက အန္တရာယ်များသည့်အကြောင်း ဖုယွမ်ကျိုးပြောလိုက်ပြီးတည်းက ရှန်းရှီကောကိုအိမ်သို့မဖိတ်တော့ပေ၊၊ သို့ထိတိုင် သူတို့ကအိမ်နီးနားချင်းများဖြစ်သောကြောင့် မျက်နှာမပျက်အောင်ဆက်ဆံသင့်သည်။ သည့်အပြင် သူမက ရှန်းရှီကောအပေါ်အမြင်ကောင်းရှိသောကြောင့် မုန်းရန်ခက်လေ၏။
"သန့်ရှင်းရေးလုပ်နေတာလား...ဒါမှမဟုတ်..."
ရှန်းရှီကောကမေးလာလေသည်။
"ရှောင်ကျိုးက ဒီကနေ ကျောင်းကို နေ့တိုင်းကားနဲ့သွားရတော့ဝေးတယ်ထင်လို့လေ..အဲဒါကြောင့် သူစာကိုအေးအေးဆေးဆေးလေ့လာနိုင်အောင် ပိုနီးတဲ့နေရာပြောင်းချင်တယ်တဲ့...နောက်တပတ်ကျရင် ပြောင်းတော့မှာ..."
ရှန်းရှီကောရှေ့တွင်တော့ မာမားဖုက သူမသားအိမ်ပြောင်းရသည့်နောက်ကွယ်မှရည်ရွယ်ချက်ကိုမပြောပြပေ။ ထို့ကြောင့် အခြားအကြောင်းပြချက်တစ်ခုကိုရှာလိုက်သည်။
သို့သော်လည်း ရှန်းရှီကောကသိချင်နေသလိုပင်။ သူကစက္ကန့်အနည်းငယ်ကြာအောင်တိတ်ဆိတ်နေပြီးမှ သူ့မျက်နှာထက်ရှိအပြုံးမှာပျောက်ကွယ်သွားရသည်။
"သူတစ်ယောက်တည်းလား...အဆင်ပြေပါ့မလား..."
မာမားဖု: "သူနဲ့သွားနေမယ့်သူရှိပါတယ်...အိမ်အကူအဒေါ်က သူနဲ့လိုက်နေမှာလေ..."
"ဟုတ်လား"
ရှန်းရှီကောက ညင်သာသိမ်မွေ့စွာဖြင့်ပြောလိုက်သည်။
"ခဏလောက်စောင့်ပါဦး...ကျွန်တော်အိမ်ပြန်ပြီး လက်ဆောင်သွားယူလိုက်ဦးမယ်...ယွမ်ကျိုးအတွက်ဆိုပြီး ကျွန်တော်နိုင်ငံခြားကဝယ်လာတာ...သူအခုအိမ်ပြောင်းတော့မယ်ဆိုတော့..ကျွန်တော်အဲဒါလေးအရင်ပေးလိုက်ပါ့မယ်..."
"မင်းကအားနာတတ်ရန်ကော...သူ့ကိုဘာလက်ဆောင်မှပေးမနေနဲ့...မင်းပဲသိမ်းထားလိုက်ပါ..."
မာမားဖုက ယဥ်ကျေးစွာဖြင့် ငြင်းနေရလေသည်။
"ကျွန်တော်ကသူ့အတွက်ဆိုပြီး တကူးတကဝယ်လာပေးရတာ...သူလက်မခံရင်အဓိပ္ပါယ်မရှိတော့ပဲဖြစ်သွားလိမ့်မယ်..."
ရှန်းရှီကောကပြုံးလိုက်သည်။
"ကျွန်တော့်ကိုခဏလောက်စောင့်ပေးဖို့ပြောပေးပါဗျာ..."
"ရပါတယ်...အန်တီပဲသူ့ကိုပြောလိုက်မယ်..သူကယူရမှာကိုရှက်နေတာ...အန်တီပဲသူ့ဆီပြန်ပေးလိုက်မယ်..ကျေးဇူးတင်ပါတယ်..ရှီးကော...ရှောင်ကျိုးကိုလက်ဆောင်ပေးဖို့တောင်သတိတရရှိတယ်..."
ရှန်းရှီကော လက်ဆောင်သွားပြန်ယူပြီး မာမားဖုက လက်ဆောင်ထုပ်ကြီးနှင့်ခြံထဲပြန်ဝင်လာခဲ့သည်။ သူမတချက်ကြည့်လိုက်ရုံဖြင့် ဖုယွမ်ကျိုး နံရံအနောက်တွင်ပုန်းနေသည်ကိုလည်းမြင်လိုက်၏။ သူမကခဏရပ်လိုက်ပြီးနောက် ပုံမှန်အတိုင်း နံရံအနားကိုလျှောက်သွားကာ ဖုယွမ်ကျိုးကိုအထဲဆွဲခေါ်သွားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။
"မင်းကြားလိုက်လား..."
ဖုယွမ်ကျိုးက စိတ်ရှုပ်နေသည့်မျက်နှာဖြင့်ခေါင်းညိတ်ပြလိုက်ရသည်။
"မင်းကိုလက်ဆောင်ပေးလိုက်တယ်တဲ့..ဘာလဲတော့မသိဘူး...ယူမှာလား.."
မာမားဖုက မပြောခင်တွန့်ဆုတ်နေသေးသည်။
"ရှောင်ရှန်းကမင်းအပေါ်ကောင်းပါတယ်..သူကလူဆိုးရောဟုတ်လို့လား...အမေတော့မထင်ဘူးနော်..."
"ကျွန်တော် ဒီပစ္စည်းတွေလည်းမယူချင်ဘူး..."
ဖုယွမ်ကျိုး ခေါင်းငုံ့ထားရင်းငြင်းလိုက်သည်။
"သူ့ကိုပြန်ပေးလိုက်ပါဗျာ..."
"မင်းဖွင့်တောင်မကြည့်တော့ဘူးလား..."
"မကြည့်တော့ဘူး..."
ဖုယွမ်ကျိုးခေါင်းခါမိသည်၊၊ သူကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ မည်သည့်အဓိပ္ပါယ်မှမရှိပေ။ အထဲတွင် မည်သည့်ပစ္စည်းရှိနေမှန်းလည်းမသိ။ ယခင်ဘဝက သူတို့ပထမဆုံးတွေ့ချိန်တွင် အပြန်အလှန်လက်ဆောင်လဲခဲ့ကြသည်။
မာမားဖုကပြန်လှည့်သွားပြီး အားနာနေသည့်မျက်နှာဖြင့် ရှန်းရှီကောကိုလက်ဆောင်ပြန်ပေးလိုက်ရသည်။
"အန်တီ့သားကလက်မခံဘူးတဲ့..အားနာလိုက်တာကွယ်..."
"ရပါတယ်ဗျာ..."
ရှန်းရှီကောက ပြုံးသာပြုံးပြကာ လက်ဆောင်ကိုပြန်ယူလိုက်ပြီး မာမားဖုနှင့်စကားအနည်းငယ်ပြောနေလေသည်။ ထို့နောက် အိမ်ပြန်လာခဲ့၏။ အပြင်တွင်ဆူညံနေသော်လည်း သူ့အိမ်ထဲတွင်မူ သက်ရှိဟူ၍မရှိသလိုတိတ်ဆိတ်နေလေသည်။
သူထိုင်ချကာ လက်ဆောင်အိတ်ကိုဖွင့်ကြည့်လိုက်သည်။ အထဲတွင်ရှိနေသည်က နာရီဘူးလေးတစ်ဘူးပင်။ အဖုံးဖွင့်လိုက်သည့်အခါ ရိုးရှင်းသည့်ဒီဇိုင်းနှင့်ဆန်းသစ်သည့် ငွေထည်နာရီလေးတစ်လုံးထွက်ပေါ်လာ၏။ အပြင်ဘက်ရှိကွင်းတွင် လက်ရှိအချိန်ကိုပြသနေသည်။
အတွင်းဘက်တွင် အချိန်ပြသည့်လက်တံသုံးချောင်းပါသည်၊၊ တစ်ခုက မိနစ်သုံးဆယ်ကိုပြနေသည်။ နက်ပြာရောင်လေးက လကိုကိုယ်စားပြုထား၏။ နောက်ဆုံးတစ်ခုက သူနေထိုင်ရာတိုင်းပြည်၏အချိန်ကိုညှိရန် လူတစ်ယောက်ကိုထည့်ခိုင်းထားခြင်းဖြစ်သည်။
နာရီကိုကြည့်လိုက်သည်နှင့် ဖုယွမ်ကျိုးက ရှန်းရှီကောဘက်မှအချိန်ကိုသိနိုင်သည်။ အချိန်ကွာခြားချက်ကြောင့် သူထိုနာရီကို အလွန်သဘောကျခဲ့သည်၊ သူတို့ကအကြိုက်တူတတ်ကြလေရာ ဖုယွမ်ကျိုးလည်းသဘောကျလိမ့်မည်ဟုသူထင်ခဲ့၏။
ထိုသူက နာရီကိုမြင်သည်နှင့် ရှောင်ချီး သူ့ကိုတွေးမိလိမ့်မည်ဟုထင်ထားသော်လည်း...
"ခွမ်း.."
ရှန်းရှီကောက နာရီကိုတစစီဖြစ်သည်အထိ ခွဲပစ်ပြီး ကောင်းနေသည့်အစိတ်အပိုင်းများက နေရာတိုင်းကိုလွင့်ထွက်သွားခဲ့သည်။ သူသည် စိတ်ပင်ပန်းစွာဖြင့်ဆိုဖာကိုမှီလိုက်ပြီး မျက်လုံးများကိုလက်ဖြင့်အုပ်ထားလိုက်တော့သည်။
ကြည့်ရသည်မှာ ဘာအဓိပ္ပါယ်မှမရှိတော့သလိုပင်။