အပိုင်း ၆၁
Viewers 10k

Chapter 61

ဟယ်ကျစ်ယွမ်က မည်သည့်အရာက ပိုအရေးကြီးပြီးသည်ကို ကွဲကွဲပြားပြားသိသူဖြစ်၍ သူ၏ တစ်ခန်းရပ်ဇာတ်လမ်းကို အချိန်ဆွဲမနေလိုက်ပေ။ လက်ခုပ်သံများ ရပ်သွားသည်အထိ ထိုနေရာတွင်ရပ်ကာ ပြုံး၍ စောင့်ဆိုင်းနေလိုက်ပြီး ပြောလက်စအကြောင်းအရာကို လမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆွဲခေါ်ပြီး ဆက်လက်ရှင်းလင်းနေသည်။ 

သတင်းစာရှင်းလင်းပွဲ ဆက်လက်လုပ်ဆောင်နေစဉ်တွင် စုန့်ရန်က ဖန်သားပြင်ပေါ်မှ တည်ကြည်ခံ့ညားနေသော လူကြီးမင်းဟယ်ကိုကြည့်ကာ ခေါင်းအုံးကို ခပ်တင်းတင်းပိုက်ထားပြီး နှုတ်ခမ်းကိုကိုက်ထားသည်။ 

သူ ကြားလိုက်သည့်စကားလုံးများကို နားမလည်သော်လည်း နှလုံးသားထဲတွင် သဘောပေါက်သွားသည်။ 

ထိုလူက ဟယ်ကျစ်ယွမ်ကို‌မည်သည့်မေးခွန်းမေးလိုက်သည်ကို ခန့်မှန်းကြည့်ရန် မခက်ခဲလှပေ။

ဒါပေမဲ့ ဘာလို့ ဝန်ခံလိုက်တာလဲ ဘာကြောင့်လဲ...

ခင်ဗျား ငတုံးလား...

ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်သိတာ ၁၅ရက်ပဲရှိသေးတဲ့အပြင် အရင်ကလည်း မမြင်ဖူးဘူးလေ... အနာဂတ်ဆိုတာ အဝေးကြီးရှိသေးတာ... ခင်ဗျား ပိုသင့်တော်တဲ့လူတွေနဲ့တွေ့ဖို့ အခွင့်အရေးရှိသေးတာပဲ... ဒီလောက် လူတွေအများကြီးနဲ့ ကျွန်တော့်ကို တွေ့ခွင့်ပေးလိုက်ပြီး ဒီလိုအရေးကြီးတဲ့ အခွင့်အရေးမှာ ဒီအကြောင်းတွေကို ထုတ်ပြောလိုက်တာဆိုတော့ ကျွန်တော်နဲ့ လမ်းခွဲလို့ မရတော့ဘူးပဲ...

လူကြီးမင်းဟယ်... အခုကစပြီး ခင်ဗျားကို ကျွန်တော် အမှတ်အသားလုပ်လိုက်ပြီ... အဲဒါကြောင့်မို့ လူကြီးမင်းဟယ်က ကျွန်တော်တစ်ယောက်တည်းပိုင်တဲ့အရာ ဖြစ်သွားပြီနော်... 

.............

၁၅ရက်မြောက်နေ့ မနက် ၅နာရီ ၈မိနစ် 🖌️

သတင်းစာရှင်းလင်းပွဲက ပြီးဆုံးလုနီးပါးဖြစ်သော်လည်း ကြည့်ရှု့သူအများစုက စောစောမထွက်ခွာသွားသေး၍ အမိုးပွင့်ကားပါကင်တွင် လူအနည်းငယ်သာရှိသည်။ ဟယ်ကျစ်ယွမ်က ထိုအချိန်ကို အခွင့်ကောင်းယူပြီး ကားကိုမှီ၍ စုန့်ရန်ကို စာမေးပွဲစစ်ရန် ဖုန်းခေါ်လိုက်သည်။ 

တစ်ဖက်လူက ဖုန်းအမြန်ကိုင်‌လိုက်သော်လည်း နှုတ်ဆက်စကားမပြောသည့်အပြင် အချိန်ကြာသည်အထိ စကားတစ်ခွန်းမှ ဟမလာပေ။ 

၎င်းက ဟယ်ကျစ်ယွမ်မျှော်လင့်ထားသည်နှင့် အလွန်ကွဲပြားနေသည်။ 

သူ တအံ့တဩဖြင့် မေးလိုက်သည်။

" စုန့်ရန် ဘာဖြစ်လို့လဲ..."

စုန့်ရန်က ငြိမ်သက်နေဆဲဖြစ်ပြီး ဖုန်းထဲတွင်လည်း သူ၏ အသက်ရှုသံကိုသာ ကြားနေရသည်။ ဟယ်ကျစ်ယွမ်က အကြိမ်ပေါင်းများစွာခေါ်နေသော်လည်း ပြန်ဖြေသံ မကြားရ၍ စိတ်မသက်မသာဖြစ်လာသည်။ သူ့အပြုံးက ရုတ်ချည်းပျောက်ကွယ်သွားပြီး အမူအရာက တည်ကြည်လာသည်။ 

သူ အရမ်းများ အကောင်းမြင်လိုက်မိတာလား...

သူက စုန့်ရန်ကို အံ့အားသင့်စရာတစ်ခုပေးချင်ခဲ့လို့ ဒီနေ့အစီအစဉ်ကို ကြိုးစားပမ်းစား ဖုံးကွယ်ထားခဲ့တာလေ... ဒါပေမဲ့ စုန့်ရန်က လူအများရှေ့မှာ ဒီလိုကြီးကြီးကျယ်ကျယ်နဲ့ 'come out ' လုပ်ရတာကို သဘောမကျရင် ဘယ်လိုလုပ်မလဲ...

ဒါဆိုရင်တော့ သူ ပြဿနာတက်ပြီ...

" စုန့်ရန် ဒီနေ့ကိစ္စက... ကိုယ်... ကိုယ် ထင်ရာစိုင်းပြီး လုပ်လိုက်မိသလိုဖြစ်သွားတယ်..."

ဟယ်ကျစ်ယွမ်က ထိတ်ထိတ်ပျာပျာဖြစ်သွား၍ သူ့စိတ်ခံစားချက်ကို မည်သို့ဖော်ပြရမည်မသိ ဖြစ်နေသည်။ 

စကားပြောကျွမ်းကျင်သည့် လက်ရွေးစင်ကြီးက စင်မြင့်ပေါ်တွင်ရပ်ပြီး လူသုံးထောင်ကျော်ကို ရင်ဆိုင်ရသည်ထက် သူ၏ ချစ်သူကောင်လေးကို ရင်ဆိုင်ရသည်အား ပိုမိုကြောက်လန့်နေမိသည်။ 

" ကိုယ့်အမှားကို ဝန်ခံပါတယ်... မင်း စိတ်မချမ်းမသာဖြစ်သွားရင် အားနာမနေပဲ ကိုယ့်ကိုဆူလိုက်ပါ... မင်းရဲ့ စိတ်ခံစားချက်တွေအကုန်လုံးကို ကိုယ်လက်ခံပါတယ် ဒါပေမဲ့ ကျေးဇူးပြုပြီး ဘာမှမပြောပဲတော့ မနေပါနဲ့ ဟုတ်ပြီလား..."

သို့ရာတွင် တစ်ဖက်လူက တမင်တကာ စကားစမပြောပေ။ 

သူတှိ့နှစ်ယောက်လုံး ဤပုံစံဖြင့် သုံးမိနစ်ခန့်နေခဲ့ပြီး ဟယ်ကျစ်ယွမ်၏ စိတ်အခြေအနေက ပိုလေးလံလာခဲ့သည်။ ရေခဲတမျှအေးစက်နေသည့်ကားကိုမှီနေပြီး ကားပါကင်တွင် လူအနည်းငယ်သာရှိရာမှ တဖြည်းဖြည်းများလာသည်ကိုကြည့်နေသည်။ သူ့နှလုံးသားထဲတွင်နာကျင်မှုတစ်ခုလည်း ဖြစ်ပေါ်လာသည်။ သူ ဖုန်းဆက်လိုက်သည်နှင့် စုန့်ရန်က အဆုံးအစမဲ့ပျော်ရွင်သွားပြီး အချစ်စကားများကို ဆက်တိုက် ဗလုံးဗထွေးပြောတော့မည်ဟု မူလက ထင်ခဲ့မိသည်။ သူကခြေလှမ်းတစ်လှမ်းကို မှားယွင်းတွက်ချက်ပြီး သူလိုချင်သော်ရလဒ်၏ ဆန့်ကျင်ဘက်ကို ဖြစ်စေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ 

သူ ဒီတစ်ခါတော့ ပြဿနာအကြီးကြီးရှာမိပြီထင်တယ်...

.....

မနက် ၅နာရီဖြစ်၍ နေရောင်ခြည်ဖျော့ဖျော့က ဧည့်ခန်းထဲ ဖြာကျလာ၍ အမှောင်ထဲမှ ပရ်ဘောဂများကို တဖြည်းဖြည်းမြင်လာရသည်။ စုန့်ရန်က လက်တော့ပ်ကို ပိတ်ထားလိုက်ပြီး ဆိုဖာပေါ်လှဲလျောင်းနေကာ မျက်နှာကြက်ကို စိုက်ကြည့်နေသည်မှာ ထိုနေရာတွင် အပေါက်တစ်ပေါက် ဖြစ်သွားတော့မည်ဟု ထင်ရပေသည်။ 

သူက အကြောင်းအရင်းမရှိပဲ ဟယ်ကျစ်ယွမ်ကို လျစ်လျူရှု့ထားခြင်းမဟုတ်ပေ။

သူ အမှန်တကယ် စိတ်ဆိုးနေသည်။

ဟယ်ကျစ်ယွမ်က စင်မြင့်ပေါ်မှ ဆင်းလာပြီးသည့်နောက်တွင် သတင်းစာရှင်းလင်းပွဲ၏ နောက်ပိုင်းကို ဆက်နားမထောင်တော့ပေ။ သူ စိတ်လှုပ်ရှားနေရာမှ အသိစိတ်ပြန်ကပ်လာရန် အချိန်အတော်ကြာလိုက်ပြီးသည့်နောက်တွင် မေးခွန်းအချို့ကို အလေးအနက်တွေးတောမိလာသည်။ ထိုမေးခွန်းများထဲတွင် အရေးကြီးသော အသေးစိတ်အချက်အလက်များ ပါဝင်သည်။ 

ဟယ်ကျစ်ယွမ်နဲ့ သူ့နတ်ဘုရားက သတင်းစာရှင်းလင်းပွဲမှာ တစ်ယောက်တည်းဖြစ်သွားတယ်ဆိုတော့ ဒါက တိုက်ဆိုင်တာလား... ဒါမှမဟုတ် အရင်တည်းက ကြိုပြီး စီစဉ်ထားတာများလား...

ဆယ်စက္ကန့်အကြာတွင် သူ အဖြေတစ်ခုကို ရှာတွေ့သွားခဲ့သည်။ ဤကိစ္စကို အချိန်အတန်ကြာတည်းက စီစဉ်ထားခဲ့ခြင်းပင်။  

သက်သေအထောက်အထားကို တင်ပြနေသည်က ပုပုဖြစ်သည်။

ဤမတိုင်မီတွင် ပုပုက သူ့ကိုအမှောင်ထုထဲတွင်သာ နေခိုင်းခဲ့ကြောင်းကို သူ ဂရုတစိုက်မတွေးမိပေ။ ယခုအခါ အသိစိတ်ပြန်ဝင်လာပြီး သဲလွန်စများကို အထအနကောက်ကြည့်သည့်အခါ ဤကလေးက သူ့ကို အကြိမ်အရေမတွက်နိုင်အောင် လမ်းလွှဲခဲ့ကြောင်းသိလိုက်ရသည်။ ကံကောင်းသည်မှာ သူ့အပြုအမူများက မြန်ဆန်လွန်းလှပြီး အကြိမ်တိုင်းတွင် ကတိုက်ကရိုက်ဖုံးကွယ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့အကြောင်းကို စုန့်ရန် သိရှိပြီးသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ 

ထိုအဖြစ်အပျက်များကို ကျော်ဖြတ်ခဲ့ရသော်လည်း စုန့်ရန်က သနားစဖွယ်ကောင်းစွာသာ ပြုမူခဲ့သည်။ သူ အိပ်ခန်းထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး လူလိမ်လူကောက်လေးအိပ်နေသည့်စောင်ကို ဆွဲဖယ်ပစ်လိုက်ချင်ခဲ့သည်။ သို့ရာတွင် ၎င်းကအတွေးတစ်ခုသာဖြစ်သည်။ သူ ထိုသို့ပြုလုပ်မိပါက အမှန်တကယ် စိတ်မကောင်းဖြစ်နေရလိမ့်မည်။ သူ့ဒေါသကိုမထိန်းနိုင်တော့၍ ဘောပင်တစ်ချောင်းသွားရှာပြီး ပုပု၏မျက်နှာတွင် ဒေါသထွက်နေသည့် အီမိုဂျီကို ရေးဆွဲထားလိုက်သည်။ သူ့ဒေါသကို ဖွင့်ထုတ်လိုက်ဟန်ဆောင်ပြီး အခန်းအပြင်ဘက် ပြန်ထွက်လာခဲ့သည်။

လူလိမ်လူ‌ကျစ်ကောင်ကြီးနှင့် လူလိမ်လူကျစ်လေးက သူ့နောက်ကွယ်တွင် ပူးပေါင်းကြံစည်နေကြခြင်းဖြစ်သည်။ ထိုကလေးပေါက်စကို ဒေါသထွက်၍ မရသောကြောင့် အကျင့်မကောင်းသည့်လူကြီးကိုသာ ဒေါသပုံချရန်တွေးလိုက်မိသည်။ 

ရလဒ်အနေဖြင့် ဟယ်ကျစ်ယွမ်က လစ်လျူရှု့ခံလိုက်ရပေသည်။ 

ဖုန်းခေါ်ဆိုချိန် လေးမိနစ်ခန့်အထိ ကြာမြင့်လာသောအခါ ဟယ်ကျစ်ယွမ်က ပထမဆုံးသည်းမခံနိုင်သည့်လူဖြစ်လာသည်။ သူ ‌အလေးအနက်ပြောလိုက်သည်။

" စုန့်ရန် တစ်ခုခုပြောဦးလေ..."

သူ့လေသံက အနည်းငယ်ပြင်းထန်နေသည်။ 

စုန့်ရန်က သူ့ကို မကြောက်ပေ။ သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး ကလူကျီစယ်ဟန်ဖြင့် ရယ်မောလိုက်သည်။

" လူကြီးမင်းဟယ် ကျွန်တော်နောင်တရနေပြီ... သတင်းစာရှင်းလင်းပွဲကိုကြည့်ပြီးတော့ ကျွန်တော်အရင်က ခင်ဗျားကို ပိုကြိုက်တယ်လို့ ပြောထားတာကို ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပြီ..."

ဟယ်ကျစ်ယွမ် စိုးရိမ်တကြီးဖြစ်သွားသည်။ 

" စုန့်ရန် စိတ်ငြိမ်ငြိမ်ထားပါဦး... အဲ့လို စိတ်လိုက်မာန်မလုပ်ပါနဲ့...ကိုယ်တို့နှစ်ယောက်ရဲ့ အခြေအနေက အဲ့လောက်ထိ ဖြစ်စရာမှ မလိုတာ... သတင်းစာရှင်းလင်းပွဲအကြောင်းကို ကိုယ်တို့ စကားပြောကြည့်လို့ ရပါသေးတယ်..."

" ဘာမှပြောစရာမလိုဘူး နားထောင်စရာလည်းမလိုဘူး... ပြီးတော့ စိတ်ငြိမ်ငြိမ်လည်းမထားနိုင်ဘူး..."

စုန့်ရန်က ခေါင်းမာစွာဖြင့် ငြင်းဆန်မှုသုံးခု ပြုလုပ်လိုက်သည်။ 

" ကျွန်တော် ခေါင်းမာဦးနေမှာပဲ အဲ့တော့ဘာဖြစ်လဲ..."

ဟယ်ကျစ်ယွမ်က သူ့လက်တစ်ဖက်ကို နှဖူးပေါ်ဖိထားပြီး ရင်ထဲမှ ခါးသီးမှုများကို ဖိနှိပ်နေရသည်။ 

မနီးမဝေးတွင်မူ ဇာတ်ရုံ၏ ပင်မတံခါးများပွင့်လာပြီး လူအုပ်ကြီးက ပြန်ထွက်လာကြသည်။ သတင်းထောက်အချို့က အမြင်အာရုံစူးရှစွာဖြင့် သူ့ကိုမြင်သွားပြီး ကင်မရာများကိုင်၍ ပြေးလာကြသည်။ သတင်းစာရှင်းလင်းပွဲပြီးဆုံးသွားသော်လည်း သူ့ကို သီးသန့်အင်တာဗျူးချင်နေသည့်ပုံပေါ်သည်။ သူက အဆင်မပြေကြောင်း လက်ကာပြလိုက်ပြီး ကားတံခါးကို အမြန်ဖွင့်၍ ကားထဲဝင်ထိုင်လိုက်သည်။

ဘယ်လိုဟာသကြီးလဲ...

သူ အမှားလုပ်မိထားလို့ အခု သူ့ဇနီးလေးကို ချော့နေရလို့မအားဘူးလေ...

သတင်းထောက်များက လက်လျှော့သွားသည့်ပုံမပေါ်ပဲ ဆယ်မီတာခန့်အကွာတွင် ရစ်သီရစ်သီလုပ်နေကြသည်။ သူတို့က သူဖုန်းပြောပြီးချိန်အထိစောင့်နေမည့်ပုံဖြစ်သည်။ ဟယ်ကျစ်ယွမ်မှာ နှစ်ဖက်လုံးမှ ထိုးနှက်ချက်များကြောင့် ခါးပတ်အမြန်ပတ်ပြီး ကားစက်နှိုး၍ စတီယာရင်ကို လက်တစ်ဖက်ဖြင့်ထိန်းကာ ဤနေရာနှင့် ဘလော့များစွာကွာဝေးသည့်နေရာသို့ မောင်းထွက်သွားလိုက်သည်။ 

သူ ကားမောင်းနေစဉ်တွင် မျက်နှာအနေအထားက ကရိုက်ကတိုက် ပြောင်းလဲသွားသည်။ 

ကား၏ အသံလုံစနစ်က အလွန်ကောင်းမွန်သောကြောင့်‌ နောက်ခံဆူညံသံများ လုံးဝမကြားရပေ။ သူ့ဖုန်းထဲမှ အသက်ရှုသံပြင်းပြင်းများ ထွက်ပေါ်လာသည်။ ၎င်းက သာမန်အသက်ရှုသံမျိုးမဟုတ်ပဲ အနည်းငယ်တုန်ယင်နေသည်။ အချိန်တိုင်းတွင် ဒွိဟဖြစ်စေသည့် ညည်းညူးသံအချို့ လျှံထွက်လာပြီး တပ်မက်မှုအရိပ်အမြွက်များက လေးလံလွန်းလှ၍ ဖုံးကွယ်မရနိုင်ဖြစ်နေသည်။ 

ဟယ်ကျစ်ယွမ်၏ မျက်ခုံးနှစ်ဖက်က ထိစပ်လုမတတ် တွန့်ချိုးသွားပြီး မေးလိုက်သည်။

" စုန့်ရန် မင်းဘာလုပ်နေတာလဲ...

တစ်ဖက်လူက ရယ်မောလိုက်ပြီးနောက် အကြိမ်အနည်းငယ်ပင့်သက်ရှိုက်လိုက်ကာ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ 

" ကျွန်တော်... ကျွန်တော် သူ့အကြောင်းတွေးနေတာ... သူက အရမ်းကောင်းတာပဲ... ရုပ်ပုံလေးထဲမှာပဲ ကောင်းကောင်းနေပြီး ကျွန်တော့်ကို မလှည့်စားဘူး... သူက ခင်ဗျားနဲ့ ဘယ်နေရာက တူနေလို့လဲ... ကျွန်တော့်ကိုသဘောကျတယ်လည်းပြောသေး ဒီလိုအခြေအနေရောက်အောင်လည်း လုပ်သေးတယ်... အမ်း... အရူးတစ်ယောက်လိုပဲ..."

ဘန်း...

ကားက ပါကင်ထိုးသည့်နေရာထဲဝင်သွားပြီး ချက်ချင်းဘရိတ်အုပ်လိုက်၍ ကားယာတာနှင့် ကွန်ကရစ်ပါကင်တုံးက တိုက်မိသွားသည်။ 

ဟယ်ကျစ်ယွမ်က စတီယာရင်ကို တင်းကြပ်စွာကိုင်ထားပြီး ရှေ့သို့မျက်နှာမူထားကာ သူ့မျက်လုံးမျက မှင်တမျှ မည်းနက်နေသည်။ 

" မင်းက သူ့ကိုတော့ကြိုက်ပြီး ကိုယ့်ကိုမကြိုက်ဘူးပေါ့..."

စုန့်ရန်က အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ 

" ခင်ဗျား ဒေါသထွက်သွားတာလား..."

ဟယ်ကျစ်ယွမ် : " အရမ်းဒေါသထွက်တာပေါ့..."

" ဒါဆိုလည်း ဆက်ပြီးဒေါသထွက်နေလိုက်ပါ... ဘာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူ့ကိုပဲသဘောကျတာ... ကျွန်တော့်ဘာသာဖြေလျှော့တဲ့အချိန်ဆိုလည်း သူ့ကိုပဲတွေးတာ ခင်ဗျားကိုမဟုတ်ဘူး အ့..."

သူက တစ်ချက်ညည်းညူလိုက်ပြီးသည့်နောက် သူ၏ဝမ်းမြောက်ပျော်ရွှင်မှုကို တောင့်မခံနိုင်တော့သည့်ပုံဖြစ်နေသည်။ အချိန်အနည်းငယ်ကြာပြီးသည့်နောက်တွင်မှ ဆက်ပြောလိုက်သည်။ 

" ရပ်ပြီးတော့ သေချာနားထောင်ကြည့်နေလိုက်... ကျွန်တော် သူ့ကို ဘယ်လောက်တောင်သဘောကျတယ်... သူ့အတွက် ဘယ်လိုညည်းညူနေတယ် ဘယ်လိုငိုကြွေးနေတယ်ဆိုတာတွေကိုပေါ့... ပြီးတော့ သဝန်တိုနေလိုက် လူလိမ်လူညာ... ဟင့်... အကျင့်မကောင်းတဲ့ကောင်... မျိုးမစစ်ကောင်ကြီး..."

ဟယ်ကျစ်ယွမ်မှာ တစ်ဖက်မှ စုန့်ရန်၏ လှပသောပုံရိပ်ကို မြင်ယောင်မိလာ၍ စတီယာရင်ကို လက်တစ်ဖက်ဖြင့် ခပ်ပြင်းပြင်းရိုက်လိုက်ပြီးနောက် လက်ဖမိုးမှအကြောများ ထောင်လာသည်။

သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့အရာကလည်း ဘောင်းဘီစနှင့် ပွတ်တိုက်မိသည့်အထိ မာလာသည်။

သူ ဘာလုပ်နိုင်မှာတဲ့လဲ...

စုန့်ရန်က သူ့ကို ပမာမခန့်အဖြစ်ဆုံးပုံစံနဲ့ တွေးပြီး ဖြေလျှော့နေတယ်ဆိုတာပဲ...သူ ဘာလုပ်နိုင်မှာတဲ့လဲ...

" လှည့်စားတဲ့လူ၊ အကျင့်မကောင်းတဲ့လူ..."

စုန့်ရန်က ထိုစကားများကို ထပ်ခါထပ်ခါပြောပြီး အသံတိုးတိုးဖြင့် ညည်းညူနေသည်။ 

" ခင်ဗျား အရင်တည်းက သိနေပေမဲ့ ကျွန်တော့်ကိုလည်း မပြောပြဘူး... ကျွန်တော့်ကို ကျဉ်းထဲကြပ်ထဲရောက်ပြီး မချိမဆန့်ခံစားရအောင်လုပ်တယ်... အဲ့ဒါ ကောက်ကျစ်တာပဲ... ပြောပါဦး ခင်ဗျားက လုယုတ်မာ မဟုတ်ဘူးလား..."

" ကိုယ်... ကိုယ်က တကယ်ကို လူယုတ်မာကြီးပါ... ဒါတွေအားလုံး ကိုယ့်အမှားပါ..."

ဟယ်ကျစ်ယွမ်က သူ့ကို ပြောရာပြေကြောင်းပြောပြီး ချော့မော့နေသည်။ 

" ဒါလင် ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကို ခွင့်လွှတ်ပေးပါနော် ဟုတ်ပြီလား..."

" ခွင့်မလွှတ်ပါဘူး..."

စုန့်ရန်က ပြောင်ပြောင်တင်းတင်းငြင်းဆိုလိုက်သည်။

သူက ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး ခြေထောက်နှစ်ဖက်ကို ကွေးထားသည်။ ညာဘက်ခြေထောက်ကို ဆိုဖာဘေးတွင် တွဲလွဲချထားပြီး ဘယ်ဘက်ခြေထောက်ကို ဆိုဖာပေါ်လှဲချထားပြီး စိတ်လွတ်ကိုယ်လွတ် နေနေသည်။ အတွင်းခံဘောင်းဘီကို ပေါင်ရင်းနားထိ ဆွဲချွတ်ထားပြီး သူ၏တင်သားတစ်ဝက်ကို မြင်နေရကာ အတွင်းထဲမှ ပန်းရောင်သန်းနေသည့် သူ့အရာကိုလည်း တစ်စိတ်တစ်ပိုင်းမြင်နေရသည်။ 

သူက လက်တစ်ဖက်ကို အတွင်းခံထဲထည့်ထားသည်။ သူ့ကိုယ်သူ ဖြေလျှော့နေသည်က အလွန်ပြင်းထန်လာ၍ ထိပ်ဖျားကို အတွင်းခံအဝတ်စဖြင့် ပွတ်တိုက်မိနေသည်။ 

ညဝတ်အင်္ကျီ၏ ကြယ်သီးနှစ်လုံးကိုလည်းဖြုတ်ထား၍ ပင့်သက်ရှိုက်လိုက်တိုင်း လည်စေ့မှ ညှပ်ရိုးအထိ လှုပ်ခါနေသည်။ သူတံတွေးမျိုချလိုက်တိုင်းတွင် ညှပ်ရိုးများက လှိုင်းသဖွယ်လှုပ်ရှားလာပြီး ဖြူဖွေးနေသည့် အသားအရည်ပေါ်တွင် ချွေးသီးချွေးပေါက်များ ရှိနေသည်။ 

သူ အသက်ပြင်းပြင်းရှုကာ ဟယ်ကျစ်ယွမ်ကို ပြောလိုက်သည်။ 

" ကျွန်တော် သူ့ကိုဘယ်လောက်သဘောကျတယ်ဆိုတာ ခင်ဗျား... ခင်ဗျားမသိပါဘူး... ကျွန်တော် သူ့ကိုစတွေ့တုန်းက သူ ကားနောက်ပြန်ကွေ့နေတာလေးမြင်ပြီး ကျွန်တော်တော့ အဆုံးသတ်ပြီ ကျွန်တော့်ကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလို့ထင်ခဲ့တာ... သူ ဘယ်သူမှန်းမသိခင်တည်းက ကျွန်တော် ထောင်ခြောက်ထဲ ကျသွားခဲ့တာ... ဒါပေမဲ့ သူ့ကို ကျွန်တော်မပိုင်ဘူး... သူက လက်ထပ်ပြီးသားလူတစ်ယောက်၊ အဖေတစ်ယောက်၊ မိသားစု ရှိတဲ့လူတစ်ယောက်ဖြစ်နေတော့ သူ့ကို ကျွန်တော် သေချာပေါက် ထိလို့်ရဘူး... အဲ့တော့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ... လက်မလွှတ်ချင်ပေမယ့် သွားထိလို့လည်းမရဘူး... အဲဒါကြောင့်မို့ သူမသိအောင်ပဲ အဝေးကခိုးကြည့်နေခဲ့ရတာ... ပြီးတော့သူ့ရဲ့ Infinitiကား... အဲဒီချားတူးလံကား... ကျွန်တော် ရက်၄၀ကျော်တောင် ရှာတာတောင်မှ အဲ့ကားရဲ့အရိပ်အယောင်ကို မတွေ့ခဲ့ရဘူး..."

“…”

Xxxxxxcx