အပိုင်း ၆၂
Viewers 10k

Chapter 62

ဟယ်ကျစ်ယွမ်၏ ရင်ဘတ်ထဲတွင် မွန်းကြပ်သွားပြီး နှလုံးသားက အနည်းငယ် နာကျင်လာသည်။ 

သူ သတိမထားမိခဲ့တဲ့ လွန်ခဲ့တဲ့ ရက် ၄၀ကျော်က တစ်ဖက်သတ်တွေ့ဆုံမှုတစ်ခုက စုန့်ရန်ရဲ့ဘဝကို ဒီလောက် ကမောက်ကမဖြစ်သွားစေမယ်လို့ သူ မထင်ထားမိခဲ့ဘူး...

စုန့်ရန်က သူ့ကိုယ်သူ အကြိမ်အနည်းငယ်ခန့် ပွတ်သပ်နေလိုက်ပြီး စိတ်အခြေအနေက ပိုပြီး ဒေါသထွက်လာပုံပေါ်သည်။

" ခင်‌ဗျားရဲ့ကားရော... ကားကိုရောင်းလိုက်တာလား... အကြောင်းပြချက်မရှိပဲ ကားကိုရောင်းပစ်လိုက်တယ်ပေါ့..."

ဟယ်ကျစ်ယွမ်၏စိတ်ထဲတွင် အလွန်အမင်း ရှက်ရွံ့လာသည်။ 

" ကိုယ့်မှာ ကားသုံးစီးရှိတာ...နှစ်စီးက ဂျာမန်ကား၊ တစ်စီးက ဂျပန်ကား... Infinitiကို တစ်ခါတစ်လေမှ ထုတ်မောင်းတာဆိုတော့ ဂိုထောင်ထဲထည့်ထားတာများတယ်... မင်း ကိုယ်နဲ့ တွေ့ခဲ့တဲ့နေ့က ဂျာမန်ကားနှစ်စီးကို ပြင်ဖို့အတွက် အပ်ထားတာဖြစ်မယ်..."

" မမောင်းဘူးဆိုရင် ဘာလို့ဝယ်ထားသေးလဲ... သံမဏိပြားတွေနဲ့ တာယာတွေက တန်ဖိုးရှိတယ်..."

စုန့်ရန်က ပြင်းထန်စွာ ခွန်းတုံ့ပြန်လိုက်သည်။

ယခုလက်ရှိတွင် သူက အထွတ်အထိပ်ရောက်ခါနီးဖြစ်၍ စိတ်ခံစားချက်က အခြားအချိန်များထက်ပို၍ ဆတ်ဆတ်ထိမခံနိုင်အောင်ဖြစ်နေသည်။ ခန္ဓာကိုယ်က တောင့်တင်းလာကာ ဆီပူအိုးသဖွယ်ပူပြင်းလာပြီး... တစ်ချက်ထိလိုက်ရုံဖြင့် ဆီစက်များက နေရာအနှံ့သို့ လွင့်စင်သွားတော့မည့်ပုံစံဖြစ်နေသည်။ 

နူးညံ့သော အမြှေးပါးကို ဘောင်းဘီစဖြင့်ပွတ်တိုက်နေခြင်းကြောင့် စိတ်မသက်မသာဖြစ်လာ၍ ခါးအနည်းငယ် မြှောက်ပြီး အတွင်းခံဘောင်းဘီကို ဆွဲချွတ်လိုက်သည်။ အရွယ်အစားနှင့် ပုံစံက ထူးကဲနေသော ပန်းနုရောင်အရာက ချက်ချင်းထောင်မတ်ထာသည်။ ၎င်းကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် အတွေ့အကြုံရှိပုံမရပဲ အလွယ်တကူ စိတ်လှုပ်ရှားတတ်သည့်ပုံစံဖြစ်နေသည်။ မိနစ်အနည်းငယ်ခန့် ပွတ်သပ်ထား၍ ထိပ်ဖျားတွင် အနည်းငယ်စိုရွှဲနေပြီး ဖြူပျစ်ပျစ် အရည်အနည်းငယ်က အပေါက်ငယ်လေးထဲမှ စီးကျနေသည်။ 

စုန့်ရန်က သူ့အရာကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး လက်ကောက်ဝတ်ကို အထက်အောက်လှုပ်ရှားနေကာ အသက်ရှုသံကလည်း မူမမှန်ဖြစ်နေသည်။ 

" တစ်ခုခုပြောလေ... စကားဆက်ပြောနေ..."

သူ့လေသံက တိုးလျသွားပြီး တိတ်တဆိတ် တောင်းဆိုနေသည်။ 

" ခင်ဗျားအသံကို ကြားပါရစေ..."

ဟယ်ကျစ်ယွမ်က မေးလိုက်သည်။

" ကိုယ် ဘာပြောသင့်လဲ..."

စုန့်ရန်က နှာခေါင်းသံဖြင့် ငိုရှိုက်ပြီးပြောလိုက်သည်။ 

" ကျွန်တော့်ကိုသဘောကျတယ်၊ ချစ်တယ်၊ မြတ်နိုးတယ် အဲ့လိုမျိုးတွေပြောပါ... ပိုပြီး အရှက်မဲ့လေ ကောင်းလေပဲ... မြန်မြန်ပြောပါ..."

ဟယ်ကျစ်ယွမ် ပြုံးလိုက်သည်။

" ကောင်းပြီလေ..."

စိတ်အပြောင်းအလဲလွယ်သောလူငယ်လေးက မူလက သူ့ကို ဆူပူကြိမ်းမောင်းနေသော်လည်း ယခုတွင်မူ သူ့ထံမှ သကြားလုံးတောင်းစားနေသည့် ကလေးတစ်ယောက်နှင့် တူနေသည်။ သူက တောင့်မခံနိုင်လောက်အောင် နှစ်လိုဖွယ်ကောင်းလွန်းလှသည်။ 

ခုံကိုမှီလိုက်ပြီး လက်ထဲတွင် ဖုန်းကိုကိုင်ထားကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

" စုန့်ရန် ကိုယ်က မင်းနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေတဲ့ လူလိမ်လူညာ၊ ကလိမ်ကကျစ်ကောင်၊ လှည့်စားတတ်တဲ့လူကြီးပါ ကိုယ် တကယ်တောင်းပန်ပါတယ်.... ကိုယ်တို့နှစ်ယောက် အဲ့နေ့က တွေ့ခဲ့သင့်တာ...ကိုယ်က တစ်နေရာကိုကြည့်နေတော့ မင်းကို မမြင်လိုက်မိဘူး ဒါပေမဲ့ မင်းက ကိုယ့်လို တုံးတဲ့လူမဟုတ်တာ တော်သေးတယ်... ကိုယ့်ကို လက်မလျှော့ခဲ့ပဲ ဒီနေ့အချိန်ထိ စိတ်ရှည်ရှည်စောင့်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်... မင်းက လမ်းပျောက်နေတဲ့ ဒီမျက်ကန်းလိုလူကို ခေါ်လာပေးခဲ့ပြီး တစ်ဘဝလုံး တစ်ကိုယ်တည်း မဖြတ်သန်းရအောင် လုပ်ပေးခဲ့တယ်... အနာဂတ်မှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်လာဖို့ ကိုယ်ကတိပေးပါတယ်... မင်းက ကိုယ့်ကို မကြည့်တော့ရင်တောင် ကိုယ်ကတော့ မင်းတစ်ယောက်တည်းကို ကြည့်ပါ့မယ်..."

" ဘယ်သူက... ဘယ်သူက ဒါကို နားထောင်ချင်လို့လဲ... ကျွန်တော့်ကိုချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ စကားတွေကမှ ချိုမြိန်တာလေ... အဲဒါတွေကရော..."

ဟယ်ကျစ်ယွမ်၏ ကောင်းမွန်စွာ ဖွင့်ဟဝန်ခံမှုကို သည်းမခံနိုင်တော့သည့် စုန့်ရန်က သူ့ကိုဖြတ်ပြောလိုက်သည်။ သူ့နှုတ်ခမ်းကို ဖိကိုက်ထား၍ ညည်းညူသံက အသက်ရှုသံပြင်းပြင်းမှတစ်ဆင့် ထွက်ပေါ်လာသည်။ သူ့လက် လှုပ်ရှားမှုများက မြန်ဆန်လာပြီး ခါးကို အနည်းငယ်မြှောက်လိုက်ကာ ခြေထောက်နှင့် ဝမ်းဗိုက်ကလည်း တုန်ယင်လာသည်။ သူက အထွတ်အထိပ်သို့ ရောက်လုနီးနေပြီဖြစ်ကြောင်းသိသာသည်။ 

ဟယ်ကျစ်ယွမ်က သူ့တောင်းဆိုချက်အတိုင်း ဆွဲဆောင်မှုရှိသော အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

" ဒါလင်... ကိုယ်မင်းကိုသဘောကျတယ်... မင်းကိုချစ်တယ်..."

" အာ့..."

စုန့်ယန်မှာ ပြင်းထန်သော လျှပ်စစ်စီးကြောင်းတစ်ကြောင်းက သူ့နားရွက်ဖျားမှ ဝမ်းဗိုက်အောက်ပိုင်းသို့ စီးဆင်းသွားသည်ဟု ခံစားလိုက်ရပြီး ညည်းညူသံထွက်ပေါ်လာသည်။ သူ့အရာက ရုတ်ချည်း တင်းခနဲဖြစ်သွားချိန်တွင် သူ့အလိုလို ခါးကော့သွားမိပြီး မထိန်းနိုင်အောင် တုန်ယင်လာသည်။ သူ့အရာမှ အရည်များစွာပန်းထွက်လာပြီး ထိန်းထားရန် အခွင့်အရေးပင် မရလိုက်ချေ။ အဖြူရောင်အရည်အချို့က သူ့ဗိုက်ပေါ်တွင် ပေပွသွားပြီး ညဝတ်အင်္ကျီပေါ်တွင်လည်း စွန်းထင်းကုန်သည်။ 

သူ အထွတ်အထိပ်ရောက်သွားချိန်တွင် ဟယ်ကျစ်ယွမ်၏ "ဒါလင်"ဟူသော အသံမှအပ သူ့ဦးနှောက်က လုံးဝဗလာကျင်းသွားသည်။

အရမ်းကြောက်စရာကောင်းတာပဲ...

သူ အရင်က အာသာဖြေခဲ့တာတွေထက် အများကြီးပိုကောင်းတယ်...

စုန့်ရန်က အထွတ်အထိပ်ရောက်သွားပြီးချိန်တွင် ဆိုဖာပေါ် အမောတကောဖြင့် ပြန်လှဲချလိုက်ပြီး နေကျစ်ကျစ်တောက်ပူနေချိန် ကုန်းပေါ်သို့ရောက်လာသည့် ငါးတစ်ကောင်သဖွယ် မရပ်မနား အသက်ရှုနေသည်။ 

ရုတ်တရက် သူ ငိုချင်စိတ်ပေါက်လာသည်။ 

သူ နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသော ဇာတ်ကွက်တစ်ခုကို ဖန်တီးခဲ့ပြီး အစွမ်းကုန်လုပ်ကာ တစ်ဖက်လူ သည်းမခံနိုင်အောင် ပြုလုပ်ခဲ့သည်။ ဟယ်ကျစ်ယွမ်၏ အမှားလေးတစ်ခုကို လူမိကာ စိတ်မကျေမနပ်ဖြစ်သွားခဲ့၍ တစ်ဖက်လူကို ပြစ်တင်ကြိမ်းမောင်းပြီး သူ့ကိုချော့လာအောင် ပြုလုပ်ခဲ့သည်။ သို့ရာတွင် ဖုန်းတစ်ဖက်မှလူက သူပြောသမျှအားလုံးကို သည်းခံကာ သူ့ကိုစိတ်မဆိုးသကဲ့သို့ အပြစ်လည်းမတင်ခဲ့ပေ။ 

ကောင်းတာပေါ့... သူအမြဲတမ်း လိမ္မာတဲ့ကလေးတစ်ယောက်လုပ်နေစရာမလိုတော့ဘူး...

သူ ဂျီကျပြီး ပြဿနာရှာနိုင်သလို အလွန်အကျူးဖြစ်တဲ့ ကိစ္စတွေကိုလည်း တစ်ဖက်လူမြင်အောင် လုပ်နိုင်ပြီ... သူက အားလုံးကို နားလည်ပေးပြီးသည်းခံပေးတာပဲ...

ဆယ်စက္ကန့်နီးပါးအကြာတွင် စုန့်ရန် အသိစိတ်ပြန်ဝင်လာသည်။ 

သူ၏ တပ်မက်မှုများ ကင်းဝေးသွားတာ ကျိုးကြောင်းဆင်ခြင်မှု၊ ကိုယ်ကျင့်တရား၊ ဖြောင့်မတ်မှုနှင့် အရှက်တရားတို့က ရေ‌ပြင်‌အောက်မှ သဲများသဖွယ် ဖြစ်သွားသည်။ သူ့အရာက လုံးဝ အရှိန်သေသွားခဲ့ခြင်းမဟုတ်ပေ။ ပူနွေးနေသည့်အရာကို လက်ထဲတွင်ကိုင်ထားပြီး အရည်ပျစ်ပျစ်များက သူ့လက်ချောင်းများမှတစ်ဆင့် ဝမ်းဗိုက်ပေါ် တစ်စက်စီကျလာပြီ လေထဲတွင် ညှီစို့စို့ အနံ့တစ်မျိုးရလာသည်။

စုန့်ရန် နှေးကွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး သူ့အမူအရာက သတိမေ့ရောဂါရနေသည့် လူသဖွယ်ဖြစ်ကုန်သည်။ 

သူ အခုလေးတင် လူကြီးမင်းဟယ်နဲ့ ဖုန်းပြောနေရင်း ဘာ... ဘာလုပ်လိုက်မိတာလဲ...

သူ့ဦးနှောက်ကို မိုးကြိုးပစ်သွားတာပဲ ဖြစ်ရမယ်...

.....

၁၅ရက်မြောက်နေ့ မနက် ၇နာရီ 🖌️

စုန့်ရန်က လွတ်လပ်လွယ်ကူစွာဖြင့် အထွတ်အထိပ်ရောက်သွားပြီးနောက် ချက်ချင်းလက်ငင်း ကြောက်လန့်သွားကာ ဆယ်မီတာနက်သည့် တွင်းတစ်တွင်းတူပြီး သူကိုယ်တိုင် ဝင်နေချင်စိတ်ပေါက်လာသည်။ 

ထိုမျှနက်သောတွင်းတူးရန် နေရာလည်းမရှိ၍ အတိတ်မေ့ချင်ယောင်ဆောင်နေလိုက်ရသည်။ 

ဖုန်းချလိုက်သည့်အချိန်ထိ ဤကိစ္စကို လူကြီးမင်းဟယ်အား မည်သို့ ပြောရာပြေကြောင်းရှင်းပြရမည်ကို မသိဖြစ်နေသည်။ အတိုချုပ်ပြောရမည်ဆိုပါက သူ ဖုန်းချလိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးမှ အားအင်များ ယုတ်လျော့သွားပြီး ဖုန်းကလည်း လက်ချောင်းများထဲမှ လွတ်ကျပြီး ဆိုဖာကြားထဲရောက်သွားသည်။ ဖုန်းကို မယူတော့ပဲ ခြေထောက်ကိုကွေးထားကာ စိတ်ထဲ စနိုးစနှောင့်ဖြစ်နေမိပေသည်။ တွေဝေငေးငိုင်စွာဖြင့် မျက်နှာကျက်ကို ငေးကြည့်နေပြီး သူ့ဘဝအကြောင်းကို ချင့်ချိန်စဉ်းစားနေသည်။ 

လူနှင့်စိတ် ပြန်ကပ်သွားချိန်မှ အတွင်းခံဘောင်းဘီကို ပြန်ဝတ်လိုက်ပြီး ရေချိုးခန်းထဲဝင်၍ ရေပူပူဖြင့် ရေချိုးလိုက်သည်။ 

ရေချိုးခန်းထဲမှ ထွက်လာပြီးသောအခါ ရေချိုးတဘတ်ကို ခါးတွင်ပတ်လိုက်ပြီး မှန်ကို မျက်နှာချင်းဆိုင်ကာ ဒေါသကိုဖြေ‌လျှော့နေသကဲ့သို့ အ‌တွင်းခံဘောင်းဘီကို လုံးချေနေသည်။ ထိုအချိန်တွင် သူ တွေးလိုက်သည်။

ဒါနဲ့ဆို ဘယ်နှကြိမ်ရှိပြီလဲ... အဲ့လို ခဏခဏဖြစ်နေစရာလိုလို့လား...

ငယ်ရွယ်မှုက ကောင်းချီးပေးခံရခြင်းတစ်မျိုးဖြစ်သော်လည်း ကျောက်ကပ်ချို့တဲ့ခြင်းက ကပ်ဘေးဒုက္ခကြီးဖြစ်သည်။

(T/N - အာသာဖြေရာမှာ ခဏခဏအထွတ်အထိပ်ရောက်တာက ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်..."

လူကြီးမင်းဟယ်က သိပ်မကြာခင်ပြန်လာတော့မှာဆိုတော့ အိပ်ရာထဲမှာ အရှုံးမပေးရအောင်လို့ သူ့ကျောက်ကပ်တွေကို ကြိုလဲထားရမလိုဖြစ်နေပြီ...

ယနေ့မနက်တွင် ပုပု အိပ်ရာနိုးလာသည့်အခါ အိပ်ခန်းတံခါးကိုဆွဲဖွင့်ပြီး 'ကောင်းသောမနက်ခင်းပါ ကိုကြီး' ဟု အားပါးတရ အော်လိုက်သည်။

" ကောင်းသောမနက်ခင်းပါ ပုပု..."

ထမင်းစားပွဲတွင် ပဲနို့နှင့် နှမ်းစေ့ပန်ကိတ်ကို ပြင်ဆင်‌နေသည့် စုန့်ရန်က အေးအေးဆေးဆေးသာ ပြန်နှုတ်ဆက်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကလေးလေးက ခြေထောက်တိုတိုလေးဖြင့် ရေချိုးခန်းထဲဝင်လာပြီး စုန့်ရန်ဆွဲထားခဲ့သော စိတ်ဆိုးနေသည့်အီမိုဂျီကလည်း သူ့ညာဘက်ပါးပြင်ထက်တွင် ရှိနေသည်။ 

နှစ်စက္ကန့်အကြာတွင် ပုပုက သူ့မျက်နှာသူ လက်ညှိုးဖြင့်ထိုးလိုက်ပြီး တအံ့တဩထအော်လိုက်သည်။ 

" ကိုကြီး ကြည့်ပါဦး... သားမျက်နှာပေါ်မှာ ဝက်ကြီးတစ်ကောင်ရောက်နေတယ်..."

“…”

သူ့အသံကြောင့် ပန်ကိတ်ကိုညှပ်နေသည့်စုန့်ရန်က တွေးလိုက်သည်။

အဲဒါရဲ့ ဘယ်နေရာကများ ဝက်နဲ့တူနေလို့လဲ...

မနက်စာပြင်ဆင်ပေးပြီးသောအခါ ရေချိုးခန်းထဲဝင်ပြီး ပုပုမျက်နှာကိုသစ်ပေးလိုက်ပြီး အီမိုဂျီကို ခပ်ဖြည်းဖြည်းပွတ်၍ ရေဆေးပေးလိုက်ကာ အသားအရည်ပေါ်သို့ baby creamတစ်လွှာလိမ်းပေးလိုက်သည်။ 

ယနေ့က အင်္ဂါနေ့ဖြစ်သည်။ ပုပုက ‌ပုံမှန်နေ့စဉ်ဘဝသို့ ပြန်ရောက်သွားပြီဖြစ်‌၍ မနက်ရှစ်နာရီတွင် ကျောင်းတက်ရမည်ဖြစ်သည်။ သို့ဖြစ်၍ အဝတ်စလေးကို လည်ပင်းတွင်ပတ်ကာ ဇွန်းကိုကိုင်လိုက်ပြီးသည့်နောက် ပဲနို့စသောက်သည်။ သူက နူးညံ့သော အစားအစာများကို ကြိုက်နှစ်သက်သူဖြစ်၍ ပန်းကန်ထဲမှ အီကြာကွေးဖတ်ကိုဆယ်ပြီး စားလိုက်သောအခါ သူ့ပါးစပ်တစ်ဝိုက်တွင် ‌အဖြူရောင်အကွင်းများဖြစ်ကုန်သည်။

စုန့်ရန်က မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး သူ့ကို စေ့စေ့စပ်စပ်ကြည့်ကာ အတွေးထဲနစ်မျောနေသည်။ 

ဒီ သားအဖနှစ်ယောက်က ပုံစံခွက်ထဲက ထွက်လာသလိုကို ချွတ်စွတ်တူတာပဲ... ငါ ဘာဖြစ်လို့ အရင်က သတိမထားခဲ့မိတာလဲ...

ပုပုက အလွန်ငယ်ရွယ်သေးသောကြောင့် သူ၏ မျက်နှာအစိတ်အပိုင်းများက အပြည့်အဝ မကြီးပြင်းလာသေး၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အကယ်၍ ပုပုက ယခုအချိန်တွင် ဆယ်နှစ်သား ဖြစ်နေပါက သူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်ပေသည်။ 

မနက်စာစားပြီးသောအခါ စုန့်ရန်က ပုပုကို စက်ဘီးဖြင့် ကျောင်းလိုက်ပို့ပြီးနောက် အသီးအရွက်ဈေးဘက်သို့ထွက်သွားသည်။ ပြန်လာသည့်အခါ စက်ဘီးခြင်းထဲတွင် ဖက်ထုပ်ရွက်၊ ဝက်သား၊ ကြက်သွန်မြိတ်၊ ရေညှိ၊ ကြက်ဥများ၊ ပုစွန်နှင့် လတ်လတ်ဆတ်ဆတ်ပြည်ကြီးငါးသာမက ကြက်သားနှင့် အသီးအရွက်များဖြင့် ပြည့်သွားသည်။ 

ယခင်က လူကြီးမင်းဟယ်အတွက် ဖက်ထုပ်ပြုလုပ်ပေးမည်ဟု ကတိပေးထားခဲ့မိ၍ ပါဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ 

ဧည့်ခန်းထဲရှိ ပြက္ခဒိန်ပေါ်တွင် ခြေရာအသေးလေးနှစ်ခုသာ ကျန်ရှိတော့သည်။ ပုပုက ယနေ့တွင် ကျောင်းသို့ အလျင်စလိုထွက်သွား၍ တစ်ခုကို ဖြည့်ရန် မေ့သွားခဲ့သဖြင့် စုန့်ရန်က ရောင်စုံခဲတံဖြင့် နောက်ဆုံးမှရေလျှင် ဒုတိယနေရာတွင် ခြေရာလေးတစ်ခု ဖြည့်‌လိုက်သည်။ မနက်ဖြန်တွင် နောက်ဆုံးတစ်ခုကို ဖြည့်ပြီးပါက လူကြီးမင်းဟယ် အိမ်ပြန်ရောက်လာရန်အချိန်ဖြစ်သည်။ 

သူတို့၏မိသားစုက နောက်ဆုံးတွင် ပထမဆုံးအကြိမ်အဖြစ် ပေါင်းစည်းရတော့မည်ဖြစ်သည်။

စုန့်ရန် လူကြီးမင်းဟယ်ကို အနည်းငယ် လွမ်းနေမိသည်။ အံဆွဲထဲတွင်ဖွက်ထားသော ပုံကြမ်းစာအုပ်ကို ဂရုတစိုက်ဖြင့် ဖွင့်လိုက်သည်။ စာရွက်ပေါ်တွင် ချောမောခံ့ညားသည့် Infinitiနတ်သားပေါ်လာပြီး သူ့ကို နွေးထွေးစွာ ပြုံးပြနေသည်။ 

သူက ယခင်ကနှင့် တစ်ပုံစံတည်းတူသည့်လူဖြစ်သော်လည်း ယခုအချိန်တွင်မူ စုန့်ရန်က တစ်ဖက်သတ်ချစ်နေရခြင်းမဟုတ်တော့ပေ။ သူတို့နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် ချစ်မိသွားကြပြီဖြစ်သည်။

" မင်္ဂလာပါ လူကြီးမင်းဟယ်..."

စုန့်ရန်က သူ့ကိုပြုံးပြလိုက်ပြီးနောက် ခေါင်းငုံ့၍ သူ့နှုတ်ခမ်းကို ငြင်သာစွာ နမ်းလိုက်ပေသည်။ 

လူကြီးမင်းဟယ်၏ ပုံကြမ်းအောက်တွင် 'အရင်က' ဟူသည့် စာလုံးက တောက်ပနေဆဲဖြစ်သည်။ စုန့်ရန်၏ နှုတ်ခမ်းက ‌တွန့်ကွေးသွားပြီး ယခင်က ကမန်းကတန်းရေးထားသည်ကို ဖျက်ပစ်လိုက်ပြီး 'ယောက်ျား' ဟူသောစာလုံးကို စိတ်ရင်းအမှန်ဖြင့် ရေးသားလိုက်ပြီး အသည်းပုံလေးဖြင့် ဝိုင်းထားကာ ရုပ်ပုံဘောင်ထဲ ထည့်ထားလိုက်သည်။ 

သူက ဤပုံကို သူတို့၏အိပ်ခန်းအကြီးထဲတွင် ချိတ်ဆွဲထားပြီး လူကြီးမင်းဟယ်၏ လှည့်စားမှုအတွက် လုံးလုံးလျားများ အရှက်ရသွားအောင်ပြုလုပ်ပြီး ပြန်ပေးဆပ်မည်ဖြစ်သည်။ 

စုန့်ရန်က ပုံကြမ်းလေးကိုကိုင်ထားလျက် သူ့ရင်ထဲတွင် နွေးထွေးလာသော်လည်း ယားကျိကျိဖြစ်လာမိသည်။ 

သူ ထိုလူကို အလွန်လွမ်းနေမိသည်။

သူတို့နှစ်ယောက် မဆက်သွယ်ရသည်မှာ ၃နာရီ ၄၂မိနစ်ခန့်ရှိပြီဖြစ်၍ သူ အလွန့်အလွန် လွမ်းနေမိသည်သည်။

သူ၏ လိုချင်တောင့်တမှုများကို ထိန်းမထားတော့ပဲ စုန့်ရန်က ဆိုဖာကြားမှ ဖုန်းကိုယူပြီး ဟယ်ကျစ်ယွမ်ကို ဖုန်းခေါ်လိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်ကာ ခေါင်းအုံးကို ဖက်ထားလိုက်သည်။ 

ဟယ်ကျစ်ယွမ်က လက်အောက်ငယ်သားများနှင့် အောင်ပွဲခံညစာစားနေခြင်းဖြစ်ပြီး ကျသင့်ငွေရှင်းရန်အတွက် ခရက်ဒစ်ကတ်ကို ထုတ်ပေးနေချိန်ဖြစ်သည်။ 

အကြီးတန်းအင်ဂျင်နီယာအုပ်စုက စိတ်အားထက်သန်နေကြကာ ဂျာမန်ဘလက်ဂါမှ စကော့ခ်ျဝီစကီများကို တစ်ခွက်ပြီးတစ်ခွက်တိုက်နေကြသည်။ မြေပဲခွံများက ခြေထောက်အနားတွင် ‌မွစာကြဲနေကာ အားလုံးက နွေဦးအလယ်တွင် ဥရောပဖလားရသွားသူများနှင့် အပြိုင်အဆိုင်ဖြစ်နေသည်။

Xxxxxx