အပိုင်း ၆၃
Viewers 10k

Chapter 63

သောက်ရသည်ကို ငြီးငွေ့သွားသောအခါ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်ပြီး ဆာရှီမီစား‌ကြသည်။ 

သတင်းစာရှင်းလင်းပွဲ၌ အများရှေ့တွင် coming-outလိုက်သော ဟယ်ကျစ်ယွမ်က အားလုံး၏စကားဝိုင်းထဲ မပါမဖြစ် ဖြစ်နေသည်။ စားပွဲပေါ်တွင် တင်ထားသည့်ဖုန်းမြည်လာသည့်အခါ ဟယ်ကျစ်ယွမ်က တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုင်ရန် အပြင်ထွက်လိုက်သည်။ သူ၏ ဝန်ထမ်းများက သူထွက်ပြေးသွားပြီဟုထင်၍ တစ်ယောက်ပြီးတစ်ယောက် နှောင့်ယှက်ကြတော့သည်။ 

သူ ရှင်းပြရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

" ငါ့ချစ်သူဖုန်းဆက်လို့ပါ..."

အင်ဂျင်နီယာများက ချက်ချင်းမီးစိမ်းပြလိုက်ကြပြီး အော်ဟစ်အားပေးကာ လမ်းဖယ်ပေးလိုက်ကြသည်။ 

ဤဆိုင်က လမ်းကို မျက်နှာမူထားပြီး အနောက်ဘက်တွင်မူ တံတားအသေးလေး၊ ဝါးပင်လေးများ၊ ကျောက်တုံးများနှင့် ရေများစီးဆင်းနေကာ ပတ်ဝန်းကျင်က အလွန်စိတ်ငြိမ်သည့် ဂျပန်စတိုင် ခြံဝန်းငယ်လေးတစ်ခုရှိသည်။ ဟယ်ကျစ်ယွမ်က တိုင်ကိုမှီလိုက်ပြီး အိတ်ကပ်ထဲ လက်ထည့်ကာ ဖုန်းပြန်ဖြေလိုက်သည်။ အနီးအနညးမှ စက္ကူမီးအိတ်လေးက လေနှင့်အတူ ယိမ်းနွဲ့နေသည်။ 

" စုန့်ရန် မင်းကိုယ့်ကို စိတ်မဆိုးတော့ဘူးလား..."

" အင်း..."

စုန့်ရန် ခေါင်းငြိမ့်လိုက်သည်။

သူ ဘယ်လိုလုပ် စိတ်ဆိုးနိုင်တော့မှာလဲ... တစ်ဖက်လူရှေ့မှာ အာသာဖြေမိရုံမကဘူး... သူclimaxရောက်အောင် စကားချိုချိုလေးတွေ ပြောခိုင်းမိသေးတယ်... 'အရှက်မဲ့တယ်'ဆိုတဲ့ စကားကိုပါ သုံးမိသွားတာလေ... သူ့သိက္ခာတွေ ရေစုန်မျောသွားပြီ...

သူ့စကားကိုကြားသည့်အခါ ဟယ်ကျစ်ယွမ် စိတ်အေးသွားသည်။ သို့ရာတွင် သူက တည်ကြည်ဟန်ဆောင်ပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ကိုယ်ကတော့ တော်တော်စိတ်ဆိုးတယ်... ကိုယ် တစ်နေ့လည်ခင်းလုံး တော်တော်ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းလိုက်ရတယ်..."

စုန့်ရန် အပြစ်မကင်းဖြစ်သွားသည်။

" ကျွန်တော် တောင်းပန်ပါတယ်..."

" ကိုယ့်ကို ဘာပြန်လုပ်ပေးဖို့တွေးထားလဲ... ဟမ်..."

" အဲဒါ... အဲဒါ ကျွန်တော်မသိဘူး... ခင်ဗျားလိုချင်တာ တစ်ခုခုရှိလား..."

စုန့်ရန်က မဝံ့မရဲဖြင့် ပြောလိုက်သည်။ 

" ရှိတယ်..."

ဟယ်ကျစ်ယွမ်က သူ့ခန္ဓာကိုယ်အနေအထားကို ပြောင်းလဲလိုက်ပြီး ခေါင်းမော့၍ မိုးကြပ်စက်ဝိုင်းမှ လမင်းကြီးကိုကြည့်လိုက်သည်။ 

" ကိုယ့်ကို တစ်နေ့လည်ခင်းလုံး လျော်ကြေးပေးဖို့ မျှော်လင့်ထားတယ်..."

စုန့်ရန် တအံ့တဩဖြင့် မျက်တောင်နှစ်ကြိမ်ခတ်လိုက်မိသည်။ 

" တစ်နေ့လည်ခင်းလုံး ဘာနဲ့လျော်ကြေးပေးရမှာလဲ .."

ဟယ်ကျစ်ယွမ်က ရယ်လိုက်ပြီး ပြန်မဖြေပေ။

စုန့်ရန်က စက္ကန့်အနည်းငယ်အကြာမှ သဘောပေါက်သွားပြီး ဝမ်းဗိုက်အောက်ပိုင်းတွင် မီး‌များတောက်လောင်လာသကဲ့သို့ဖြစ်ပြီး ပါးပြင်အထိ ပူနွေးပြီး နီရဲလာသည်။ သူ့တစ်ကိုယ်လုံးကို ပေါင်းအိုးထဲ ထည့်ပေါင်းထားသကဲ့သို့ ပူလာပြီး ချွေးပေါက်တစ်ခုချင်းစီတိုင်းမှ ချွေးထွက်လာသည်။ 

တစ်နေ့လည်ခင်းလုံး လျော်ကြေးပေး... ပေးရမယ်တဲ့လား... အဲဒါဆို ဘယ်နှကြိမ်တောင်လဲ...

သူ့ခြေထောက်များကို ပြုတ်တူကဲ့သို့ အလိုလိုညှပ်ထားလိုက်မိသည်။ သူအသစ်လဲဝတ်ထားသောဘောင်းဘီက ညဝတ်ဘောင်းဘီ‌‌များလောက် သက်တောင့်သက်သာမရှိ၍ စုန့်ရန်၏ဂျုနီယာလေးက မထောင်မတ်လာနိုင်၍ သူ ဖိအားကိုခံစားနေရပြီး နာကျင်လာမိသည်။ 

ဟယ်ကျစ်ယွမ်က အရိပ်အမြွက်ပြပြီးသည့်နောက်တွင် သူ့ကိုထပ်မစတော့ပဲ မေးလိုက်သည်။ 

" အခု သူ့ကိုပိုသဘောကျလား... ကိုယ့်ကို ပိုသဘောကျလား..."

စုန့်ရန် ရေရွတ်လိုက်သည်။

" ခင်ဗျားတို့နှစ်ယောက်လုံးက လူတစ်ယောက်တည်း မဟုတ်ဘူးလား..."

ဟယ်ကျစ်ယွမ်က မအောင့်ခံနိုင်တော့သည်အထိ ပျော်ရွှင်သွားသည်။ 

" ကိုယ်တို့နှစ်ယောက်က အတူတူပဲဆိုတာသိရဲ့သားနဲ့ ခုနတုန်းကဘာလို့ ရန်လိုနေပြီး ကိုယ့်ကို သစ္စာမရှိပဲ ဖောက်ပြန်ဖို့ ကြိုးစားနေရတာလဲ... တစ်ခါလောက် Climaxရောက်ပြီးတော့ အဲ့စိတ်တွေ ပျောက်သွားပြီလား..."

" ကျွန်တော်... ကျွန်တော်... ခင်ဗျား သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာက ရုတ်တရက်ဆန်လွန်းတယ်လေ... ကျွန်တော် အရမ်းအံ့ဩလွန်းလို့ အစစ်အမှန်လို့တောင် မခံစားလိုက်ရဘူး..."

စုန့်ရန်၏မျက်နှာက အလွန်အမင်းနီရဲလာသည်။ 

တီ...

ဖုန်းချခံလိုက်ရပေသည်။

အလွန်လန့်သွားသည့်စုန့်ရန်က အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီး ဖုန်း၏အနက်ရောင်မျက်နှာပြင်ကို စိုက်ကြည့်နေလိုက်ပြီး ' အိုး shitငါတော့သွားပြီ ' ဟူသည့်ပုံစံဖြစ်နေသည့် သူ့မျက်နှာအမူအရာကို ကြည့်နေလိုက်မိသည်။ ထို့နောက်တွင် ဖုန်းမျက်နှာပြင်က ထပ်မံလင်းလာပြီး တစ်ဖက်လူက video callခေါ်ရန် inviteလိုက်သည်။ 

စုန့်ရန် တုန်တုန်ယင်ယင်ဖြင့် ဖုန်းကိုင်လိုက်သည်။

ကင်မရာတွင် ဟယ်ကျစ်ယွမ်၏ ခန္ဓာကိုယ်အပေါ်ပိုင်း ပေါ်လာပြီး သူ့ပုံစံက သတင်းစာရှင်းလင်းပွဲတွင် တွေ့ခဲ့ရသည့်ပုံစံနှင့် အတူတူပင်ဖြစ်သည်။ သူ၏ အနက်ရောင်ဆံပင်တိုကို သေသပ်စွာဖြီးသင်ထားပြီး ဂျယ်ဖြင့် သေချာပုံစံသွင်းထားသည်။ သို့ရာတွင် နာရီပေါင်းများစွာကြာပြီးသည့်အခါ ဆံပင်များက ကပ်မနေတော့ပဲ ဘေးနားသို့ကျလာ၍ သူ့ပုံစံက အစောပိုင်းကထက်ပိုပြီး စိတ်အေးလက်အေးရှိနေပုံပေါ်သည်။ သူ့ရှပ်အင်္ကျီက အရည်အသွေးကောင်းသည့် အပြာဖျော့ရောင်ဖြစ်ပြီး နက်ကတိုင်ကိုလည်းချွတ်ထားကာ ကော်လံကြယ်သီးများမတပ်ထားပဲ အင်္ကျီလက်ကို တံတောင်ဆစ်အနားတွင် ခေါက်တင်ထားသည်။ သူ၏ ပုံပန်းသွင်ပြင်တစ်ခုလုံးက စုန့်ရန် သူ့ကိုပထမဆုံးအကြိမ် ချစ်မိသွားခဲ့စဉ်ကနှင့် တစ်ပုံစံတည်းနီးပါးဖြစ်သည်။ 

စုန့်ရန် သူ့ကိုစိုက်ကြည့်နေပြီး မှင်သက်မိန်းမောနေမိသည်။ သူက စင်မြင့်ပေါ်တွင်ရှိစဉ်နှင့် ပုံကြမ်းထဲမှလူဖြင့် လုံးဝကွဲပြားနေသည်။ ဤလူက သူတစ်ယောက်တည်းပိုင်ဆိုင်သော လျှို့ဝှက်နတ်ဘုရားဖြစ်ပေသည်။

ဟယ်ကျစ်ယွမ်က အပြုံးလေးဖြင့် မေးလိုက်သည်။

" အခုရော တကယ်လို့ ခံစားရပြီလား..."

“…”

စုန့်ရန် ခေါင်းခါလိုက်မိသည်။

အခုမှ ပိုပြီး မယုံနိုင်ဖြစ်သွားပြီ...

ဟယ်ကျစ်ယွမ်က သူ့ပုံစံကို သဘောကျသွားပြီး ရယ်လိုက်မိသည်။ သူ့နှဖူးပြင်မှ ဆံပင်များကို သပ်တင်လိုက်ပြီး ပြောလိုက်သည်။

" ဒီလိုလုပ်ရင်ရောဘယ်လိုလဲ... ကိုယ့်ရဲ့ မနက်ဖြန်မနက် ၇နာရီလေယာဉ်က ဘေကျင်းမှာဆို နေ့ခင်းတစ်နာရီလောက် ဆိုက်မယ်ထင်တယ်... ကြားထဲမှာ အချိန်မရွှေ့လိုက်ရရင်ပေါ့လေ... ဒီနေ့ တကယ်လို့ မခံစားရလည်း အဆင်ပြေပါတယ်... မနက်ဖြန် ကိုယ်ပြန်ရောက်လာတာနဲ့ မင်း လုံလုံလောက်လောက်ယုံကြည်သွားအောင် ပွေ့ဖက်ပြီး အနမ်းခြွေလိုက်တာပေါ့..."

စုန့်ရန်က သူ့ကိုမျက်တောင်မခတ်ပဲကြည့်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" ဒါ... ‌ဒါဆိုရင်... ကျွန်တော် လေဆိပ်မှာ လာကြိုပါ့မယ်..."

" လေဆိပ်က မြို့လယ်နဲ့ တော်တော်လေးဝေးတယ် မင်းကို ဒုက္ခမပေးတော့ပါဘူး... ကိုယ် ကုမ္ပဏီကိုခဏသွားပြီး တချို့ကိစ္စတွေတော့ စီစဉ်ရဦးမယ်... ကိုယ်က လဝက်တောင် ခရီးထွက်ခဲ့ပြီး နောက်လဝက်လောက်လည်း အနားယူမှာဆိုတော့ ကိုယ့်လက်အောက်ကလူတွေက အနေအစားချောင်နေကြတယ်လေ... သူတို့ကို စည်းကမ်းကြပ်မတ်ပေးရဦးမယ်... ကိုယ် တတ်နိုင်သမျှ မြန်မြန်ပြီးအောင်တော့လုပ်ပါ့မယ်... ပြီးရင် သူငယ်တန်းကျောင်းဂိတ်ဝမှာပဲ ညနေ၄နာရီလောက်မှာ လာတွေ့မယ်လေ... အဲ့လိုဆိုရင်ရော အဆင်ပြေလား..."

သူက အဆင့်မြင့်ယမကာနှင့်တူပြီး စုန့်ရန်ကလည်း အလွန်ယစ်မူးနေပြီဖြစ်သည်။ သို့ဖြစ်၍ ဟယ်ကျစ်ယွမ် စီစဉ်ထားသမျှကို နာခံစွာဖြင့်ပြောလိုက်သည်။

" ပြေပါတယ်..."

ဟယ်ကျစ်ယွမ်က မျက်နှာပြင်ကိုခါလိုက်ပြီး ခါးမတ်မတ်ထားလိုက်သည်။

" ဒါဆိုရင် ကိုယ်တို့ မနက်ဖြန် ညနေခင်းမှာ တွေ့မယ်နော်..."

" ဟမ်... ခဏ... ဖုန်းမချလိုက်ပါနဲ့ဦး..."

စုန့်ရန် အသံကျယ်လာပြီး စိုးရိမ်တကြီးဖြင့် တောင်းဆိုလိုက်သည်။ 

" ကျွန်တော်နဲ့ စကားနည်းနည်းပြောပါဦး... ကျွန်တော် ခင်ဗျားမျက်နှာကို နည်းနည်းကြာအောင်ထပ်ကြည့်ချင်သေးလို့... ရရဲ့လား..."

" ရတာပေါ့..."

ဟယ်ကျစ်ယွမ်က ငြင်သာစွာပြုံးလိုက်ပြီး တစ်ဖက်လူကိုအလိုလိုက်ကာ တိုင်တွင် ပြန်မှီနေလိုက်သည်။

ရလဒ်အနေဖြင့် ဟယ်ကျစ်ယွမ်မှာ အောင်ပွဲခံစားသောက်ပွဲတွင် ဆိုဘာခေါက်ဆွဲတစ်လုတ်စာ၊ ဆဲလ်မွန်ဆာရှီမီတစ်ခုသာ စားလိုက်ရပေသည်။ သူ့လက်အောက်ငယ်သားများက သူဌေးဖြစ်သူကို ညှာတာထောက်ထားပြီး မီနူး‌ထဲမှ အားလုံးကိုမှာပြီး တန်ပူရာနှင့် တုန်ကာဆု(ဝက်သားကြော်)ဘူးများကို ပါဆယ်မှာယူလိုက်ကြပြီး 'သူတို့ငတ်သေခါနီးဖြစ်နေရင်တောင် ဇနီးကိုတော့ ဗိုက်ဝအောင် ကျွေးရမယ်' ဟုသည့် လူကောင်းများပုံဖမ်းပြီး သူတို့၏အိမ်သူသက်ထားများ ညလယ်စာစားရန်အတွက် ထိုအစားအသောက်များကို အိမ်သယ်သွားကြသည်။

...........

၁၆ရက်မြောက်နေ့ ညနေ ၃နာရီ ၄၂မိနစ် 🖌️

ဟယ်ကျစ်ယွမ် မပြန်မီညတွင် အိမ်သို့တတ်နိုင်သမျှစောစောပြန်ချင်စိတ် ဖြစ်လာခဲ့သည်။

သူ တစ်ညလုံး ကောင်းကောင်းအိပ်မရဖြစ်နေခဲ့သည်။

မနက်ငါးနာရီအထိ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခဲ့သည်။ သူအိမ်က ထွက်လာချိန်တွင် ကောင်းကင်ကြီးက ယခုမှ စတင်လင်းလက်လာချိန်ဖြစ်သည်။ အိမ်တံခါးကိုသော့ခတ်ပြီးနောက် သော့ကိုထုတ်ကာ mailbox ထဲထည့်ခဲ့ပြီး အိမ်ကိုပုံမှန်ထိန်းသိမ်းပေးနေကျ အလုပ်သမားတစ်ယောက်ကို ပေးထားခဲ့သည်။ ထို့နောက် Uberခေါ်၍ လေဆိပ်သို့ အမြန်ထွက်လာခဲ့သည်။ 

အထုပ်အပိုး အနည်းငယ်သာပါ၍ ခရီးဆောင်အိတ်ကလည်း ပေါ့ပေါ့ပါးပါးသာဖြစ်သည်။ ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ သူနေ‌ထိုင်သောနေရာများကို သင့်လျော်အောင် ပြင်ဆင်ထား၍ ရာသီဥတုလေးပါးနှင့်သက်ဆိုင်သော အဝတ်အစားများက သူ‌နေသည့်အိမ်တိုင်းတွင်ရှိသည်။ သူ အိမ်မှထွက်လာစဉ်က ဝတ်ထားသည့်ဝတ်စုံမှလွဲ၍ ရှပ်အင်္ကျီအပိုတစ်ထည်ပင် ယူမလာခဲ့ရပေ။ ထိုအစား အိတ်ထဲတွင် ပုပုနှင့် စုန့်ရန်အတွက် ဂရုတစိုက်ရွေးချယ်ထားသောလက်ဆောင်များဖြင့်သာ ပြည့်နေသည်။ 

သူ လေယာဉ်ပေါ်မတက်မီ စုန့်ရန်ကို ထွက်ခွာလာပြီဖြစ်ကြောင်း ဖုန်းခေါ်လိုက်သည်။ တစ်ဖက်တွင်မူ စုန့်ရန်က စိတ်လှုပ်ရှားနေပြီး ဘေကင်းကင်းဖြင့်ပြန်လာရန် မှာကြားနေသည်။ 

သူ့တွင် လေယာဉ်ကို လက်ဗလာဖြင့် ဖြိုဖျက်နိုင်စွမ်းမရှိသည့်အပြင် အကြမ်းဖက်သမားများနှင့် ရင်ဆိုင်ရန် အခွင့်အလန်းမှာ မြင့်မားပုံမပေါ်သောကြောင့် ပြုံးကာ ပြောခဲ့သည်။

" စိတ်မပူပါနဲ့... ကိုယ်က ကီလိုမီတာသိန်းချီတဲ့အကွာအဝေးတွေကို နှစ်တိုင်းခရီးသွားနေတာ တစ်ခါမှတော့ လေယာဉ်ပျက်ကျတာနဲ့ မကြုံဖူးသေးပါဘူး..."

စုန့်ရန် အလွန်ကြောက်လန့်သွား၍ မျက်နှာက ဖြူဖျော့လာသည်။ 

" နိမိတ်မရှိတာတွေ မပြောနဲ့လေ..."

ဟယ်ကျစ်ယွမ် : “…”

" အမ်း..."

စုန့်ရန်က နေရခက်စွာဖြင့် နှာခေါင်းကိုပွတ်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

" ဟို... ခရီးမသွားခင်ဆို စကားပြောဆင်ခြင်ရတယ်လေ... ဒီထက်ပိုပြီး မပြောနဲ့တော့နော်..."

ဟယ်ကျစ်ယွမ်က အသံတိုးတိုးဖြင့်ရယ်မောလိုက်ပြီး ရင်ဘတ်ပင် အနည်းငယ်လှုပ်ခါသွားသည်။

" အရင်က မင်းကို ချစ်ဖို့ကောင်းတယ်ဆိုပြီး ချီးကျူးဖူးတဲ့လူရှိလား..."

စုန့်ရန်၏ မျက်နှာတစ်ခုလုံး ပူနွေးသွားသော်လည်း သူက မရှက်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

" ရှိတာပေါ့ ရေလို့တောင်မရဘူး..."

၎င်းက ဤရက်ပိုင်းအတွင်း ပုပုစကားပြောနေကျလေသံဖြစ်၍ စုန့်ရန်လည်း အကျင့်ပါသွားသည့်ပုံဖြစ်သည်။ ဟယ်ကျစ်ယွမ်က ပို၍နားထောင်လေ ပိုချစ်စရာကောင်းလာလေဟု ထင်မိလာသည်။ ဖုန်းချခါနီးတွင် တစ်ဖက်လူကို အနမ်းဖြင့်နှုတ်ဆက်လိုက်ပြီး ဘေးကင်းကင်းဖြင့် သေချာပေါက်ပြန်လာမည်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ကတိပေးလိုက်သည်။ 

စုန့်ရန်လည်း ထိုညတွင် အိပ်မပျော်ခဲ့ပေ။

အိပ်ရာပေါ်တွင် မျက်နှာကြက်ကို မျက်နှာမူထားပြီး မျက်လုံးများပွင့်နေကာ ၎င်းကို ပစိဖိတ်သမုဒ္ဒရာအထက်မှ ကျယ်ပြန့်လှသော အနက်ရောင်ကောင်းကင်ကြီးတစ်ခုဟု စိတ်ကူးယဉ်နေမိသည်။ လက်နှစ်ချောင်းထောင်လိုက်ပြီး တစ်ဖက်က လူကြီးမင်းဟယ်၊ နောက်တစ်ဖက်က သူဟု သဘောထားလိုက်ပြီး လက်နှစ်ချောင်းကို တဖြည်းဖြည်းနီးကပ်သွား‌စေလိုက်သည်။ 

ကီလိုမီတာ သောင်းချီသောအကွာအဝေးက အဆုံးမဲ့လှသော ခရီး‌အကွာအဝေးတစ်ခုဖြစ်သည်။ သူ မွေးဖွားလာစဉ်မှစကာ ယခုအချိန်ထိ ဤမျှကွာဝေးသောခရီးကို မသွားခဲ့ဖူးပေ။ 

စုန့်ရန်က သူ့လက်ဖျားများကို ကြည့်နေလျက် အသံမထွက်ပဲ ဆုတောင်းနေမိသည်။ 

လေယာဉ်လေးရေ မင်း ဒယိမ်းဒယိုင်ဖြစ်လို့မရဘူးနော်... ဒီကိုရောက်အောင် ကောင်းကောင်းမွန်မွန်နဲ့ ဖြည်းဖြည်းချင်း ပြန်လာရမယ်... ကြယ်တွေအများကြီး ရောင်ပြန်ဟပ်နေတဲ့ သမုဒ္ဒရာကြီးကို ဖြတ်သန်းလာပြီး ငါချစ်ရတဲ့လူ ငါ့ဘေးနား‌ကို ‌ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်အောင် လုပ်ပေးရမယ်နော်...

ညာဘက်လက်ချောင်းထိပ်နှင့် ဘယ်ဘက်လက်ချောင်းထိပ်က နောက်ဆုံးတွင် တဖြည်းဖြည်းချင်းထိသွားသည်။ 

မနက်ပိုင်းတွင် ပုပုကို ကျောင်းလိုက်ပို့ပေးသည့်အခါ စုန့်ရန်က ဆံပင်ညှပ်ဆိုင်သို့ သွားခဲ့သည်။ 

သူ ဆံပင်မညှပ်သည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ သု့ဆံပင်က နူးညံ့သော်လည်း အဖျားများဖွာထွက်နေသောကြောင့် သူ့ပုံစံက တက်ကြွဖျတ်လတ်ပုံမပေါ်နေပေ။ ဆံပင်ညှပ်ဆရာငယ်လေးက iPadကိုယူလာကာ ပထမဆုံးစာမျက်နှာတွင် အရောင်ဆိုးလေးများဖြင့် တောက်ပနေသည့် ဆံပင်ပုံစံများကို မြင်လိုက်ရသည်။ စုန့်ရန်က ထိုဆံပင်ပုံစံများကို ငြင်းဆန်ရန် စဉ်းစားနေချိန်တွင် ဆံပင်ညှပ်ဆရာက ဒုတိယတစ်မျက်နှာကို ထပ်ရွှေ့လိုက်သည်။ ၎င်းတို့အကြားတွင် ရိုးစင်းပြီး သန့်စင်ကာ လန်းဆန်းပုံရသည့် အမြင်အာရုံကို ဖမ်းစားနိုင်သည့် ဆံပင်အတိုပုံစံများ ရှိနေသည်။ 

စုန့်ရန် ချက်ချင်း စိတ်ပြောင်းသွားသည်။ 

အကယ်၍ သူ့ပိုက်ဆံအိတ်ကို ယနေ့တွင် မသုံးပါက သူရှာထားခဲ့သမျှငွေများက အလဟဿ ဖြစ်သွားပေလိမ့်မည်။

Xxxxxx