ဆာစီးနီယာသည် အိမ်ပြန်ရောက်သည်နှင့် ချက်ချင်းပင် ဆိုဖာပေါ် ပစ်လှဲလိုက်သည်။ သူမ အိမ်သည် ရွာနှင့်အတော်အတန်ဝေးကွာသော သစ်တော မထူထပ်သည့် နေရာတွင်တည်ရှိသော အိမ်ငယ်ကလေး တစ်လုံးသာဖြစ်သည်။
မျက်နှာကျက်မှာလည်း အလွန်အိုမင်းနေသဖြင့် ကြွက်ကိုက်ပေါက်များက နေရာတိုင်းမှာ ရှိနေကြသည်။ မိုးရွာသည့်အခါတိုင်း ထိုအပေါက်ထဲသို့ ရေများစိမ့်ဝင်သွားတတ်သည်။ မိုးရွာသည့် နေ့များတွင် အိမ်ရှိ ကြောင်များ၊ခွေးများ အားလုံး ရေအိုင်ထဲတွင် နေကြရသည်။
ဆာစီးနီယာ သည် လောင်းကစားအိမ်မှ ရရှိသောငွေဖြင့် မျက်နှာကျက်ဟောင်းကို ပြင်ရန် ရည်ရွယ်ထားသည်။ လောင်းကစားအိမ်ဟု တွေးလိုက်သည်နှင့် သူမခန္ဓာကိုယ်ထဲတွင် အပူရှိန် များ ပြန်တောက်လာသလို ခံစားရသည်။ ကတိပေးထားသည့်အတိုင်း တစ်ပတ်အတွင်း သူမ၏ ငွေများမရရှိပါက ထိုအိမ်ကို မီးရှို့ပစ်မည်ဖြစ်သည်။
ဆာစီးနီယာ သည် ပုရွက်ဆိတ်တစ်ကောင်လို တိုးညှင်းလှသည့် လေသံလေးကို ကြားလိုက်ရာ သူ့ကို လှည့်ကြည့်လိုက်သည်။
'အင်း...ဟုတ်သားပဲ..ငါ သူ့ကို စရံအဖြစ် ခေါ်လာခဲ့တာပဲ….'
ကောင်လေးက မဝံ့မရဲနှင့် ထောင့်နားမှာ ရပ်နေလေ၏။ လောင်းကစားအိမ်က အဖြစ်တို့ကို ပြန်တွေးနေသဖြင့် ဆာစီးနီယာ သူ့ကို လုံးလုံး မေ့သွားရသည်။
" ခင်ဗျား ကျွန်တော့်ကို ဒီကို ခေါ်လာရတဲ့ အကြောင်းအရင်း ... "
"နင်က အပေါင်ပစ္စည်းမလို့လေ…"
ဆာစီးနီယာ သူ့ကို စာနာရသော်လည်း ၉၀% နီးပါးက ပိုက်ဆံကြောင့်ပင်။
သူက စိတ်ပျက်နေပုံကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလေသည်။ သနားစရာကောင်းသော သူ့ပုံစံကြောင့် သူမ အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း မတတ်နိုင်တော့၊သူမ ပိုက်ဆံလိုနေသည်လေ။
ကောင်လေးမှာ ကြောက်ရွံ့နေပုံရပြီး သူ့ လက်သည်းများကို ကိုက်နေလေသည်။ သူ၏ နက်မှောင်နေသော ဆံပင်များမှာလည်း တောင့်တင်းနေပြီး သူမ တစ်ချက်ထိလိုက်သည်နှင့် ကျိုးကြေသွားနိုင်လောက်သည်။သူ၏ နာလန်မထူနိုင်သော ဒဏ်ရာများရှိသည့် အရေပြားနှင့် သူ့ပါးစပ်ထောင့်နားက အညိုအမည်းများကိုပါ မြင်နေရသည်။
ဆာစီးနီယာ သည် သနားစရာ သူ့အကြည့်ကို မြင်လိုက်ရသဖြင့် စိတ်ထဲက သက်ပြင်းချလိုက်မိသည်။ မသိနားမလည်သည့် ကလေးတစ်ယောက်ကို ရိုက်နှက်လိုက်လျှင် ပြစ်မှုမြောက်ပေသည်။ နောက်ဆုံး သူမသည် ဆုံးဖြတ်ချက်ချကာ ဆိုဖာပေါ် ထိုင်ဆနရာမှ ထရပ်လိုက်သည်။
'ငါ အနည်းဆုံး ဆေးနည်းနည်းလေးတော့ လိမ်းပေးသင့်တာပေါ့…'
သူမနှင့် အတူနေထိုင်စဉ်အတွင်း ဆေးလိမ်းလိုက်ပါက သူ့ဒဏ်ရာများသည် အတိုင်းအတာတစ်ခုအထိ သက်သာသွားနိုင်သည်။
ဆာစီးနီယာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အိမ်ခန်းကလေးမှာ လှုပ်ခါနေရသည်။
' ဒီအိမ်ကနေ ထွက်သွားနိုင်တော့မှာပါ…'
သူမက ပိုက်ဆံရလာလျှင် အိမ်ပြောင်းမည်ဟု စဉ်းစားထားသည်။ ဟောင်းနွမ်းနေသော သစ်သားဖြင့် ပြုလုပ်ထားသော အိမ်မဟုတ်ဘဲ ခိုင်ခံ့တောက်ပသော စကျင်ကျောက်ဖြင့် ဆောက်ထားသော အိမ်တွင် သူမနေချင်မိသည်။
အခန်းတံခါးနားရောက်လျှင် ဘေးက အံဆွဲလေးကို သူမ ဆွဲဖွင့်လိုက်သည်။အံဆွဲထဲတွင် မကြာသေးမီက သူမ ဝယ်ထည့်ထားခဲ့သော ဆေးဝါးများနှင့် ပိုးသတ်ဆေးများပါသော ဆေး သေတ္တာတစ်ခုရှိနေသည်။ထို့နောက် သူမက သေတ္တာကို ယူလာပြီး ကုတင်ပေါ် ထိုင်လိုက်သည်။
ကောင်လေးသည် သူမ သေတ္တာယူလာသည်ကို ကြည့်ပြီး အနည်းငယ် တုန်လှုပ်သွားရသည်။ သူ့ပုံစံကို ကြည့်ရုံဖြင့် သူမည်မျှ နှိပ်စက်ခံထားရကြောင် ဆာစီးနီယာ သိနေပေပြီ။
ဆာစီးနီယာ သည် ဝါဂွမ်းပုံထဲမှ ဂွမ်း အနည်းငယ်ကို ယူကာ အဝိုင်းဖြစ်လာအောင် လက်ဖြင့် လှိမ့်လိုက်သည်။
"ကျွန်တော်...နေကောင်းပါတယ်…”
တုန်ယင်နေသော သူ့အသံကို သူမ လျစ်လျူရှုပြီး သူ့ပုခုံးကို တစ်ချက်ပုတ်လိုက်သည်။
သို့သော် ကောင်လေးက ရုပ်တုလိုပင် တုတ်တုတ်မျှပင် မလှုပ်ပေ။သူ့ကြည့်ရသည်မှာ သူမ,ထင်ထားသည်ထက် ပို၍ ခေါင်းမာပုံရသည်။
ဆာစီးနီယာ ၏ မာကျောသော လေသံကြောင့် ကောင်လေး၏ မျက်နှာမှာ ဖြူဖျော့သွားရသော်လည်း သူမ ဂရုမစိုက်ပေ။
ကောင်လေးမှာ သူဘာဆက်လုပ်ရမှန်းမသိဖြစ်နေသလို သူ့လက်မှာ တဆတ်ဆတ်တုန်နေလေသည်။
ကောင်လေးက သူ၏ တုန်ယင်နေသော လက်ကလေးကို သွားဖြင့် ကိုက်ထားလိုက်သည်။
ကရုဏာမရှိသော သူမနှုတ်မှ နောက်ဆုံးနံပါတ် ထွက်လာပြီး မကြာမီပင်……
သုံးအထိ ရေတွက်လိုက်ရာ ကောင်လေးက မတ်တပ်ရပ်လိုက်ပြီး သူမ အနားကို ကပ်လာပြီး အပြစ်ပေးခံရသူလို လက်ပိုက်ထား၏။
ဆာစီးနီယာ မျက်နှာပျက်သွားရသည်။ သူ့ကို ဆူပူကြိမ်းမောင်းဖို့ မရည်ရွယ်ထားသော်လည်း ကြောက်ရွံ့ထိတ်လန့်နေသည့် သူ့ပုံစံကြောင့် သူမ စိတ်ပျက်မိသည်။
"ဒီလိုလေးပဲ ထိုင်ပါ့မယ်…"
အသံတိုးတိုးလေးဖြင့် ကောင်လေးသည် ကုတင်စွန်းတွင် တင်ပါးလွှဲလေး ဝင်ထိုင်လိုက်သည်။သူ ထိုင်နေသည်မှာ ပြုတ်ကျနိုင်သည့် ကုတင်အစွန်းတွင် ဖြစ်သော်လည်း သူမ မသိဟန်ဆောင်နေလိုက်သည်။
ဆာစီးနီယာက ပိုးသတ်ဆေးကို ထုတ်၍ ဂွမ်းပေါ်တွင် သုတ်လိမ်းလိုက်ရာ ကောင်လေးမှာ စိတ်လှုပ်ရှားနေသလို တစ်ဖက်လှည့်လိုက်သည်။သူမ စကားအများကြီးမပြောဖြစ်ဘဲ ဒဏ်ရာပေါ်ကို ပိုးသတ်ဆေးစိမ်ထားသည့် ဂွမ်းစနှင့် ပွတ်သပ်လိုက်ရာ ကောင်လေး မျက်မှောင်တစ်ချက် ကြုတ်သွားရ၏။
သို့သော်လည်း တစ်ချက်မျှပင် မညည်းရှာပေ။ ကောင်လေးက မျက်လုံးကို စုံမှိတ်ထားပြီး နှုတ်ခမ်းကို သွားဖြင့်ကိုက်ထားကာ အသက်ပြင်းပြင်းရှူနေရှာ၏။
ကံကောင်းစွာနှင့် သူ့ခြေထောက်နှင့် ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရှိခဲ့ပြီး ဒဏ်ရာကြီးကြီးမားမားမရှိသဖြင့် ဆေးသောက်စရာ မလိုပေ။
ကောင်လေးက ကျေးဇူးတင်လိုက်သည်။ သူမ ဘာမှ ပြန်မပြောဘဲ ပိုးသတ်ဆေးနှင့် ဆေးဝါးများကို ပြန်ထည့်လိုက်စဥ် သူ့အသံက ထပ်မံထွက်ပေါ်လာသည်။
"ခင်ဗျားကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ…"
သူမ ကောင်လေးကို လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်…နင့်နာမည် ဘယ်လိုခေါ်လဲ…"
သူမ အမေးကို ကောင်လေးက ပြန်မဖြေဘဲ ပုခုံးသာ တွန့်ပြလိုက်သည်။
သူမ ဘာမှားသွားမှန်း မသိတော့ချေ။
ကောင်လေးက တိတ်တိတ်ဆိတ်ဆိတ် ရှိနေပြီး ခြေထောက်များကိုသာ ဘယ်ညာ လှုပ်ရှားနေသည်။ တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာသော သူ့အသံကြောင့် သူမ ထိရှသွားရ၏။
"ကျွန်တော့်မှာ နာမည်မရှိဘူး…"
ဆာစီးနီယာ သည် မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် အလွန်ရှက်သွားရသည်။ သူမ ထိုမေခွန်းကိုမမေးသင့်ကြောင့်ပြန်သုံးသပ်မိကာ အပြစ်ရှိသလိုခံစားလိုက်ရသည်။တစ်ချိန်တည်းမှာပင် ဝတ္ထုထဲ၌ နာမည်မရှိသည့် ကောင်လေးက မည်သို့သော ဇာတ်ကောင်ဖြစ်လာမည်ကို သူမ တွေးနေမိသည်။ ကျွန်စနစ်အကြောင်း ရှင်းပြမည့် အပိုဇာတ်ကောင်တစ်ဦးမျှသာဖြစ်သောကြောင့် သူ့ကို နာမည်မပေးထားခြင်းလည်း ဖြစ်နိုင်သည်။
သူရဲကောင်း မင်းသမီးသည် သူမ၏ လောင်းကစားသမား ဖခင်ကြောင့် ကျွန်ဖြစ်ခဲ့ရကြောင်းနှင့် ဝတ္ထုကို စထားကတည်းက ကျွန်စနစ်ကို ထဲထဲဝင်ဝင် ရေးပြလိုဟန်ရှိ၏။
ဆာစီးနီယာ ကောင်လေးကို သနားစိတ်ဖြင့် ကြည့်နေမိသည်။
သူမ၏အသံသည် မမျှော်လင့်ထားသောအဖြေများ ဖြစ်နေမည်စိုး၍ အနည်းငယ် တုန်လှုပ်သွားရသည်။
"ကျွန်တော့် အသက် ၁၉ နှစ်ပါ…"
သူမ နှုတ်မှ အဆင်အခြင်မဲ့စွာ ပြောလိုက်သည့်အတွက် တောင်းပန်လိုက်ရသည်။
ကောင်လေးကို ဘယ်လိုပဲကြည့်ကြည့် သူ့အရပ်အမောင်းမှာ အသက် ၁၆ နှစ်လောက်သာ ထင်ရသည်။ သူသည် သူမပခုံးထက် အနည်းငယ်ကျယ်ပြီး ပိန်လှီနေသော သူ့လက်များမှာလည်း ရိုက်လိုက်ရုံဖြင့် ကျိုးကြေသွားနိုင်လောက်သည်။
အရေးကြီးဆုံးက သူ့အသံပင်။ လူပျိုဖော်မဝင်သေးသည့် အသံပေါက်နေ၍ ၁၉နှစ် ဟု ထင်ရက်စရာမရှိချေ။ သူ့မေးစေ့တစ်ဝိုက်မှာလည်း မုတ်ဆိတ်မွေးမပေါက်ဖူးသလို ပြောင်လက် ချောမွေ့နေသည်။
"ဟုတ်ပါတယ်… အသက် ၁၉ နှစ်ပါ…"
သူမ ခပ်တိုးတိုး ညည်းမိသည်။ သူ့ထက် တစ်နှစ်သာငယ်သဖြင့် သူမ လန့်သွားမိသော်လည်း ချက်ချင်းပင် သနားမိသွားရသည်။
' ဘယ်နှစ်ခါများ ထမင်းမစားရဘဲ နေခဲ့ရပါလိမ့်...'
တီဗီမှာသာ မြင်ဖူးသည့် ဆင်းရဲသားများကို သူမ တွေ့လိုက်ရသလို ခံစားရသည်။ သူမ သူ့ကို ကူညီချင်လှသည်။ သူမနှင့်အတူ နေနေစဉ် ဒဏ်ရာများ မပျောက်ကင်းလျှင်တောင်မှ ဝိတ်အနည်းငယ် တက်လာစေချင်မိသည်။
ထိုစဉ် မနက်က သူမ ချက်ထားသည့် ဟင်းရည်ကို သတိရသွားမိပြီး သူ့ကို ကျွေးချင်လာရသည်။
သူ ခေါင်းခါပြသော်လည်း သူ့ဗိုက်ထဲက တဂွီဂွီသံက အော်မြည်လာရသည်။
သူ ရှက်သွားပြီး မျက်နှာတစ်ခုလုံး အနီရောင်ပန်းသီးတစ်လုံးလို နီရဲနေတော့သည်။
ဆာစီးနီယာ အော်ရယ်ပစ်လိုက်သည်။
"ဟင်းရည်ကျန်သေးတယ်… စားနော်…"
သူမ မီးဖိုခန်းဘက် လှည့်ထွက်လိုက်သည်။
ဆာစီးနီယာ မှာ ယခုအချိန်တွင် ပိုက်ဆံမရှိသောကြောင့် သူ့ကို ဟင်းများစွာ မချက်ပေးနိုင်။သို့သော် တစ်ပတ်စာ စားစရာကျန်နေသေး၍ သူမ စိတ်သက်သာရာရသွားမိသည်။
"ကျွန်....ကျွန်တော် တစ်ကယ်အဆင်ပြေပါတယ်…"
သူ ချက်ချင်းပင် ထလာပြီး ဆာစီးနီယာ ရှေ့မှာ ပိတ်ရပ်လိုက်သည်။
"ကျွန်တော် တစ်ကယ် ဗိုက်မဆာဘူး…"
"ဒီနေ့ မစားရင် ဟင်းချိုက သိုးသွားလိမ့်မယ်...ဒါကြောင့် ငါ့ကို ကူညီတဲ့အနေနဲ့ စားလိုက်နော်…"
ဆာစီးနီယာ က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။သူမ လိမ်ပြောခြင်းသာ ဖြစ်သော်လည်း သူမ မပြောမချင်း သူ စားမည့်ပုံမပေါ်ပေ။
ဆာစီးနီယာ သူ့ကို မနာကျင်အောင် ညင်သာစွာ တွန်းဖယ်လိုက်သည်။သူနောက်ထပ် ဘာစကားမှ ဆိုမလာတော့သဖြင့် စားမည့်သဘောရှိသည်။
မီးဖိုခန်း၏ တစ်ဖက်ရှိ မီးလင်းဖို အဖုံကို သူမ ဖွင့်လိုက်သည်။ နံနက်ခင်းက ကျန်ခဲ့သော ထင်းများသည် မီးလောင်ကျွမ်းသွားပြီး ပြာမှုန်များ ဖြစ်နေကြပြီ ဖြစ်၏။
ဆာစီးနီယာ သည် ထင်းအချို့ကို မီးလင်းဖိုဘေးထဲ ထည့်လိုက်ကာ ဘေးက သစ်ကိုင်းခြောက်များကိုလည်း ထည့်လိုက်၏။
'မှော်အစွမ်း နည်းနည်းသုံးလိုက်လည်း ဘာမှ မဖြစ်လောက်ပါဘူးနော်…'
ဆာစီးနီယာ သည် အိမ်တွင် မီးလိုသည့်အခါတိုင်း မှော်ပညာကို အမြဲသုံးလေ့ရှိသည်။သို့သော် သူစိမ်းများရှေ့တွင် မှော်အစွမ်းမသုံးဖူးသဖြင့် သူမ အနည်းငယ် စိုးရိမ်မိလေသည်။
'ဒါပေမယ့် မီးသေးသေးလေးပဲဆိုတော့ အဆင်ပြေမှာပါ…'
သူမ လက်ချောင်းထိပ်ရှိ တောက်လောင်နေသော မီးလျှံတို့သည် မီးလင်းဖိုထဲသို့ ရောက်ရှိသွားရသည်။
သူမ ကူးပြောင်းလာကတည်းက မီးတောက်များ သိပ်မဖန်တီးဖြစ်ခဲ့။ ကံကောင်းထောက်မစွာ ယနေ့ချက်ချင်း မီးတောက်လာခဲ့သည်။
မီးတောက်များက မီးစွဲစပြုလာပြီး သစ်ရွက်များ မီးလောင်လာရသည်။ စက္ကန့်အနည်းငယ်အကြာတွင် ထင်းချောင်းများလည်း မီးစွဲလာရပြီး မီးလင်းဖို တစ်ခုလုံး အပူရှိန်တငွေ့ငွေ့ တက်လာရသည်။
ဆာစီးနီယာသည် ဆောင့်ကြောင့်ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ရာ မျက်လုံးအပြူးသားဖြင့် ကြည့်နေသော ကောင်လေးကို တွေ့လိုက်ရ၏။
"ဝိုး... ခင်ဗျားက စုန်းမလား…"
သူမ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သို့သော် သူမ စိတ်ထဲမှာတော့ ရှက်လွန်း၍ ဘယ်နားပုန်းလို့ ပုန်းရမှန်းတောင် မသိတော့။ တခြားသူများရှေ့၌ မှော်ပညာသုံးသည်မှာ ပထမဆုံးအကြိမ်မို့ သူမ နည်းနည်းရှက်သွားရ၏။
ဆာစီးနီယာ က အရှက်ပြေ ချောင်းတစ်ချက်ဟန့်လိုက်ကာ ကုလားထိုင်ပေါ် ထိုင်လိုက်သည်။
မီးလင်းဖိုပေါ်က ဟင်းချိုအိုးမှာ ဆူပွက်လာရန် အချိန်နည်းနည်းယူရမည် ဖြစ်သည်။
"မိုက်လိုက်တာ...ကျွန်တော် အရင်က စုန်းမ မမြင်ဖူးဘူး…"
သူ နောက်ကလိုက်လာပြီး သူမဘေးမှာ ရပ်လိုက်သည်။စောစောက လာပါဆိုတုန်းကတောင် မလာခဲ့သော်လည်း ယခု သူ့မျက်လုံးများမှာ စိတ်ဝင်စားမှုအပြည့်နှင့်။
"ဟုတ်တယ်.... ဒီအင်ပါယာမှာ ငါက တစ်ယောက်တည်းသော စုန်းမပဲ…ဘယ်သူ့မှ လျှောက်မပြောနဲ့နော်…"
"ဟုတ်ကဲ့...ကျွန်တော့်မှာလည်း ပြောစရာလူမရှိပါဘူး…"
ဆာစီးနီယာ ခေါင်းညိတ်လိုက်ပြီး ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ အပြင်တွင် လေတိုက်နေ၍ သစ်ရွက်များ တဖွားဖွား ကြွေကျနေကြ၏။နွေရာသီနီးလာပြီ ဖြစ်၍ အေးမြသော လေနုအေးသည် အတော်လေးကို အရှိန်ရနေလေပြီ။
သူက သူမကို စူးစိုက်ကြည့်လိုက်ကာ ပြောလေသည်။
"ခင်ဗျား.…..တစ်ယောက်တည်း အထီးကျန်နေတယ်လို့ မခံစားရဘူးလား…"
ဆာစီးနီယာ ခေါင်းညိတ်ပြလိုက်သည်။