MM Storyteller
Webnovel Translations
အပိုင်း ၆၆
Viewers
10k
Chapters
98
Chapter 66
စုန့်ရန် ငါးစက္ကန့်ခန့် တွေးတောလိုက်သည်။ သူ ရှုံးသွားသည်ကို ဝန်ခံရန် ငြင်းဆန်လိုက်ပြီး အားတင်းကာ ခေါင်းမော့ကြည့်လိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
အမှန်တိုင်းပြောရလျှင် အစောပိုင်းက လမ်းတစ်ဖက်မှ အလျင်အမြန်ပြေးလာခဲ့ပြီး ရေစီးဆင်းသကဲ့သို့ တစ်ဖက်လူ၏ရင်ခွင်ထဲ ပစ်ဝင်ကာ ဖက်ထားလိုက်၍ လူကြီးမင်းဟယ်၏မျက်နှာကို ဂရုတစိုက်ကြည့်ချိန်မရခဲ့ပေ။ ယခုလက်ရှိအချိန်ကသာ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် ပထမဆုံးအကြိမ် အနီးကပ်ကြည့်ရခြင်းဖြစ်သည်။
Shit... ဒါက တကယ့်အစစ်ကြီးပဲ...
သူက အသက်ရှုနိုင်၊ မျက်တောင်လည်းခတ်နိုင်သလို မျက်ခုံးလည်းပင့်နိုင်တာပဲ... ချောလိုက်တာ...
ယခင်ကဆိုလျှင် စုန့်ရန်က သူတို့နှစ်ယောက်အကြား ဆယ်မီတာထက်ပို၍ ခြားနေခဲ့သော်လည်း ထိတ်လန့်ပြီး အံ့ဩမှင်သက်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်က ဆယ်မီတာခန့်သာ ကွာဝေးနေ၍ အသေးစိတ်မြင်ရသော အစိတ်အပိုင်းများက ပို၍ သိသာထင်ရှားလာသည်။ သူ ဟယ်ကျစ်ယွမ်၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို ကြောင်အအဖြင့်ကြည့်နေလိုက်ပြီး နှလုံးခုန်သံများ အလွန်မြန်ဆန်လာကာ သူ၏ အကျင့်သိက္ခာ၊ အပြုအမူနှင့် အရှက်တရားများကို ကျောက်မီးသွေးမီးဖိုထဲ ပစ်ချလိုက်သကဲ့သို့ဖြစ်သွားသည်။ ရှက်စရာကောင်းသည့် 'ဖေဖေ' ဟူသောစကားလုံးက ပို၍ လျှို့ဝှက်ဆန်းကြယ်သွားစေသည်။
တစ်စက္ကန့်အတွင်း သူ၏ IQ က သုညသို့ ကျဆင်းသွားပြီးနောက် ကြည့်ရှု့နေပုံက ရယ်စရာကောင်းသောကြောင့် ဟယ်ကျစ်ယွမ်က ပြုံးလိုက်ပြီးသည်။
သူ့အပြုံးကို စွဲလန်းသွားသည့် စုန့်ရန်က အရူးတစ်ယောက်သဖွယ် ပြောလိုက်သည်။
" ကျွန်တော့်ကို တစ်ပြိမ်လောက် ထပ်ပြုံးပြပါလား..."
ဟယ်ကျစ်ယွမ်ကလည်း သူ့စကားနားထောင်ပြီး တစ်ကြိမ်ထပ်ပြုံးပြလိုက်သည်။
ဤတစ်ကြိမ်တွင်မူ စုန့်ရန်ကိုယ်တိုင်က သူ့ကိုယ်သူ ဘာလုပ်နေမိသည်ကို မသိတော့ပေ။ သူ့လက်တစ်ဖက်ဖြင့် ဟယ်ကျစ်ယွမ်၏ နက်ကတိုင်ကို ဆောင့်ဆွဲလိုက်ပြီး ခေါင်းမော့၍ ထိုလူကိုနမ်းလိုက်သည်။
ငြင်သာသော နှုတ်ခမ်းချင်းထိတွေ့မှုလေးတစ်ခုသာ ဖြစ်သည်။
ခြောက်သွေ့နူးညံ့ကာ အေးစက်စက်ဖြစ်နေပြီး မဖော်ပြနိုင်လောက်အောင် သက်တောင့်သက်သာရှိလှပေသည်။
အထိန်းအကွပ်မဲ့သွားပြီး စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ အနမ်း၏ ထူးဆန်းသောခံစားချက်ကြောင့် တစ်ခဏတွင်းချင်း စုန့်ရန် ခေါင်းကြည်သွားခဲ့သည်။ ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းကိုနောက်ပြန်ဆုတ်ရန် ကြိုးစားသော်လည်း သူတို့၏နှုတ်ခမ်းများ အပြည့်အဝ မဖယ်ခွာသွားမီအချိန်တွင် ရုတ်တရက် ပို၍တင်းကြပ်စွာ ဖိကပ်ခံလိုက်ရသည်။ ဟယ်ကျစ်ယွမ်က သူ့နက်ကတိုင်ကိုကိုင်ထားသည့် စုန့်ရန်၏လက်ကို ဆွဲယူပြီး နံရံတွင်ကပ်ကာ မျက်လွှာချထားလိုက်သည်။ တစ်ဖက်လူ၏ နှုတ်ခမ်းနောက်သို့လိုက်ပြီး ခေါင်းငုံ့ကာ အနမ်းခြွေလိုက်သည်။
သူ၏ ကတိုက်ကရိုက်လှုပ်ရှားမှုကြောင့် စုန့်ရန်၏နောက်စေ့ကို မှန်ဖြင့်ထိသွား၍ ထောက်ခနဲအသံတစ်သံထွက်လာသည်။
စုန့်ရန်၏ အစောပိုင်းက အလိုအလျောက်လှုပ်ရှားမှုက ရေမျက်နှာပြင်ပေါ်သို့ ပုစဉ်းတစ်ကောင်ဖြတ်သွားရုံဟုသာ မှတ်ယူနိုင်၍ ဟယ်ကျစ်ယွမ် အားမလိုအားမရ ဖြစ်သွားသည်မှာ သိသာလှပေသည်။ မတင်းတိမ်နိုင်စွာဖြင့် ချဉ်းကပ်လာပြီး စုန့်ရန်ကို နံရံဖြင့် ဖိကပ်ထားကာ ငြင်သာသော အနမ်းမှအဆင့်ကျော်လိုက်သည်။ သူ့လျှာဖျားက တစ်ဖက်လူ၏နှုတ်ခမ်းမှတစ်ဆင့် ခံတွင်းထဲ အတင်းအကြပ်ဝင်သွားပြီး စုန့်ရန်၏လျှာကိုပါ ဆွဲစုပ်လိုက်သည်။ ဤကဲ့သို့ ပိုင်စိုးပိုင်နင်းချဉ်းကပ်မှုမျိုးက အလွန်ပြင်းထန်လှသည်ဖြစ်ရာ စုန့်ရန်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သို့ရာတွင် သူ မတုံ့ပြန်နိုင်မီအချိန်မှာပင် သူ့နှုတ်ခမ်းများက အတင်းအကြပ်ဆွဲစုပ်ခံလိုက်ရ၍ သူ့ အမူအရာကပြောင်းလဲသွားသည်။
" ဟင်း..."
အနည်းငယ် နာကျင်သွား၍ ခေါင်းကို ဘယ်ဖက်သို့လှည့်လိုက်သော်လည်း ဟယ်ကျစ်ယွမ်ကလည်း ခေါင်းကို ဘယ်ဘက်စောင်းလိုက်သည်။ စုန့်ရန် ညာဘက်လှည့်လျှင် ဟယ်ကျစ်ယွမ်ကလည်း ခေါင်းမာစွာဖြင့် ညာဘက်သို့လှည့်လာသည်။ အဆုံးတွင်မူ ဟယ်ကျစ်ယွမ်က သူ့မေးရိုးကိုကိုင်ထားလိုက်ပြီး သူ့ခေါင်းကို ဘေးဘက်သို့ လှည့်ခွင့်မပြုတော့ပေ။
စုန့်ရန် အသက်ရှုမဝဖြစ်လာခါနီးတွင်မှ ဟယ်ကျစ်ယွမ်က ရပ်လိုက်သည်။
" မျက်လုံးမှိတ်ထားလိုက်..."
စုန့်ရန်က အခွင့်အရကိုအသုံးချ၍ အသက်နှစ်ရှိုက်စာခန့်ရှုပြီးချိန်တွင် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို စိုက်ကြည့်နေလိုက်သည်။
" မျက်လုံးမှိတ်ထားလိုက်..."
ဟယ်ကျစ်ယွမ်က တစ်ကြိမ်ထပ်ပြောသည်။
စုန့်ရန်၏ မျက်တောင်များ တုန်ယင်လာပြီးနောက် တဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
မျက်လုံးမှိတ်ထားချိန်မှသာ လူတိုင်းက စိတ်သက်သက်သာသာနေနိုင်ပေသည်။ ထိုအခါမှသာ စိတ်လိုလက်ရ နမ်းနိုင်မည်ဖြစ်သည်။
ဟယ်ကျစ်ယွမ်က သူ့နှုတ်ခမ်းသားများကို သွားဖြင့် တိတိကိုက်ဖဲ့လိုက်ပြီး တဖြည်းဖြည်းချင်းစုပ်ယူနေသည်မှာ ချိုမြိန်နူးညံ့သော သစ်သီးအရသာ သကြားလုံးတစ်လုံးစားနေသည်နှင့် တူပေသည်။ ထို့နောက် စုန့်ရန်၏ နှုတ်ခမ်းသားများကို လျှာဖြင့်လျက်ပြီး လျှာနှစ်ခုကို တဖြည်းဖြည်းချင်း ရစ်ပတ်နေလိုက်သည်။ သွားရည်များ ပေါင်းစပ်သွားပြီး သူတို့၏အနမ်းများမှ စိုစွတ်သည့်အသံများထွက်လာသည်။ ဟယ်ကျစ်ယွမ်က တစ်ဖက်လူ၏ နှုတ်ခမ်းအရာလေးကို ခဏတာအလွတ်ပေးလိုက်ပြီးမှ လောင်ကျွမ်းမတတ်ပူနွေးနေသည့်လျှာကို တစ်ဖက်လူ၏ခံတွင်းထဲတွင် ထိုးမွှေလိုက်သည်။ ယခုလက်ရှိအချိန်တွင် သူ ယခင်က ဖိနှိပ်ထားခဲ့ရသော ပင်ကို ကြမ်းတမ်းမှုများကို လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေသည်။
အစပိုင်းတွင် တစ်ဖက်တည်းကသာဆွဲဆောင်မှု သင်ကြားပြသပေးနေခြင်းဖြစ်သော်လည်း စုန့်ရန်က ကို့ရိုးကားယားဖြစ်စွာဖြင့် ကြိုးစားတုံ့ပြန်လာသည်။
မီးစအသေးလေးကလည်း မီးလောင်မှုအကြီးစားတစ်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသကဲ့သို့ အသက်ရှုမဝဖြစ်သည်အထိ နမ်းနေကြသည်။ အလွန်အမင်း ပြင်းထန်လာသော်အခါ သွားအချင်းချင်းထိမိပြီး နှာတံတစ်ခုနှင့် တစ်ခုလည်း တိုက်မိကုန်သည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ဦးဆောင်နေခြင်းမဟုတ်ပဲ နှစ်ယောက်သားက စည်းချက်ညီစွာဖြင့် အနမ်းခြွေနေကြသည်။
ရံဖန်ရံခါ လေတိုက်ခတ်သွားစဉ်တွင် လွင့်ထွက်လာသည့် ပဲနွယ်ပန်းပွင့် လေးများက သူတို့ပါးပြင်ပေါ် ရောက်ရှိလာ၍ အနည်းငယ် ယားကျိကျိဖြစ်လာစေခဲ့သည်။
သို့ရာတွင် သူတို့၏တစ်ကိုယ်လုံးသို့ စိမ့်ဝင်နေသည့် ယားကျိကျိဖြစ်မှုနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပေ။
နောက်ဆုံးတွင် အနမ်းချင်းဖလှယ်နေမှုက ပြီးဆုံးသွားချိန်တွင် သူတို့နှစ်ယောက်လုံး၏ ခါးအောက်ပိုင်းတွင် ဖုဖောင်းနေပြီဖြစ်သည်။
နမ်းနေစဉ်တစ်လျှောက်လုံးတွင် ခါးအောက်ပိုင်းနှစ်ခုက တင်းကြပ်စွာ ပွတ်တိုက်ထားမိခဲ့သည်။ ထို့အပြင် သူတို့နှစ်ယောက်က ဤအဆင့်ကိုကျော်ပြီး ရူးနှမ်းသည့်အရာများ ပြုလုပ်ပစ်ချင်စိတ်ပေါ်လာသည်။ ရလဒ်အနေဖြင့် သူတို့နှစ်ယောက် ပိုမို နက်ရှိုင်းစွာနမ်းမိလေ ပိုမိုနာကျင်လာလေဖြစ်ပြီး ဘောင်းဘီစများထဲတွင် တင်းကြပ်မှုများဖြစ်ပေါ်နေသည်။
သူတို့ ပြုလုပ်ချင်စိတ်ရှိနော်လည်း ကံဆိုးသည်မှာ အချိန်၊ နေရာက အဆင်ပြေမနေပေ။ မည်သို့ပင်ဆိုစေကာမူ လမ်းမပေါ်၌ မဆီလျော်စွာပြုမူခြင်းက ဥပဒေနှင့် လုံးဝဆန့်ကျင်နေသည်။ သူတို့နှစ်ယောက်က ရွေးချယ်စရာမရှိတော၍ ပဲနွယ်ပင်များအောက်တွင် ရပ်နေကာ အမောတကော အသက်ရှုနေကြပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးစွာ ကြည့်နေပြီး သူတို့၏ဘောင်းဘီထဲမှ အလွန်တက်ကြွနေသည့်အရာများ ငြိမ်ကျသွားအောင် စောင့်ဆိုင်းနေရသည်။
စုန့်ရန်၏ နှုတ်ခမ်းမျက အနမ်းကြောင့် ဖူးယောင်မတတ်ဖြစ်လာသည်။ သူ့နှုတ်ခမ်းကို လက်ဖမိုးဖြင့် အားပါးပါးပွတ်လိုက်ပြီး စောဒကတက်လိုက်သည်။
" ကျွန်တော်တို့ ခဏနေရင် ပုပုကို သွားကြိုရဦးမှာ ဒီလိုဖြစ်နေတာ မသင့်တော်လိုက်တာ..."
ဟယ်ကျစ်ယွမ်ပြုံးလိုက်သည်။
" ဘယ်သူက အလောတကြီးနဲ့ အရင်ဆုံး ရန်လစတာလဲဆိုတာ မမှတ်မိတော့ဘူးလား..."
" အဲ့... အဲဒါကို ဘယ်သူမှတ်မိမှာလဲ..."
စုန့်ရန် အလွန်ရှက်သွားပြီး လိပ်ပြာမလုံသည့်ဟန်ဖြင့် အကြည့်လွှဲလိုက်သည်။
ဟယ်ကျစ်ယွမ်က သူ့ခါးကိုတို့ပြီး တစ်ချက်ဆွဲဆိတ်လိုက်သည်။
" မင်း ပြန်သတိရလာအောင် နောက်တစ်ခေါက်လောက် ထပ်လုပ်ရင်ရော..."
" မလုပ်ပါနဲ့ ကျွန်တော် အခုထိတောင် ငြိမ်သွားသေးတာမဟုတ်ဘူး..."
စုန့်ရန်က သူ့ခါးကိုလာထိနေသည်အား ရှောင်လိုက်ပြီး ဟယ်ကျစ်ယွမ်၏လက်ကို ရိုက်လိုက်သည်။
" တခြားတစ်ခုခုအကြောင်းပြောပါလား... တခြားကိစ္စပြောလေ... အဲဒါမှ အာရုံက တခြားရောက်ပြီး အမြန်ငြိမ်ကျသွားမှာ..."
" ဟုတ်ပါပြီ..."
ဟယ်ကျစ်ယွမ်က သူ့ကို မြတ်နိုးစွာကြည့်ပြီး ရယ်မောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
" ကိုယ်ခုနက ဘတ်စ်ကားပေါ်က ဆင်းလာတော့ မင်း နံပါတ်ဘယ်လောက်အထိ ရေနေခဲ့တာလဲ..."
စုန့်ရန် ခဏတွေးလိုက်သည်။
" သုံးဆယ့်ခြောက်..."
" မဆိုးပါဘူး နံပါတ်ကောင်းတစ်ခုပဲ..."
စုန့်ရန်က ' ပျင်းစရာကောင်းလိုက်တာ ဒီလိုကိစ္စနဲ့ စကားလမ်းကြောင်းလွှဲရလား' ဟု မေးရန် ပြင်နေစဉ်တွင် ဟယ်ကျစ်ယွမ်က အနည်းငယ်ကွေးထားသော ညာဘက်လက်ညှိုးဖြင့် သူ့နှာခေါင်းကို လာတို့သည်။
" ဒါလင် နောက်ဆိုရင် စိတ်မထိန်းနိုင်ပဲ ဂဏန်းတွေ ရေတွက်ချင်တယ်ဆို ဘယ်မှာ ရပ်ရမလဲသိလား..."
အနည်းငယ် အံ့အားသင့်သွားသည့်စုန့်ရန်က တအံ့တဩဖြင့် ပြောလိုက်သည်။
" သုံး... သုံးဆယ့်ခြောက်..."
" မှန်တယ် သုံးဆယ့်ခြောက်အထိပဲ..."
ဟယ်ကျစ်ယွမ်က ခေါင်းငြိမ့်လိုက်ပြီး သူ့ကို နက်နက်ရှိုင်းရှိုင်းဖြင့် ကြည့်လိုက်သည်။
" ဘာလို့လဲဆိုတော့ မင်း သုံးဆယ့်ခြောက်အထိ ရေတွက်နေမယ်ဆိုရင် ဖေဖေက လာကြိုမှာပေါ့..."
စုန့်ရန်က မျက်တောင်တစ်ချက်မခတ်ပဲ ဟယ်ကျစ်ယွမ်ကို တအံ့တဩဖြင့် ကြည့်လိုက်သည်။
ချက်ချင်းပင် တိမ်တိုက်များက တဖြည်းဖြည်းကွဲသွားပြီး နေရောင်ခြည်ကို မြင်လာရသည်။ မျက်စိတစ်ဆုံးရှည်လျားသော လမ်းပေါ်တွင် တစ်စုံတစ်ယောက်က "လမ်းဆုံး" ဟူသော ဆိုင်းဘုတ်ကို လာချပေးလိုက်သည်နှင့် တူနေသည်။ သူ့စိတ်ထဲတွင် ကြိုးမျှင်တစ်ခုကို လာရောက်ချည်နှောင်ပေးလိုက်သကဲ့သို့ ခံစားရသည်။ ၎င်းက ရေကြီးလျှင်လည်း မဖျက်ဆီးနိုင်တော့မည့် ဆည်တာတမံကြီးတစ်ခုသဖွယ်ဖြစ်ကာ ပြင်းထန်လှသော လှိုင်းလုံးကြီးများကို ပိတ်ဆို့ကာ တဟုန်ထိုး စီးဆင်းနေသော ရေစီးကြောင်းများ လွှမ်းမိုးခြင်းမှ ကာကွယ်ပေးတော့မည်ဟု ထင်ရပေသည်။
သူကိုယ်တိုင် ရွတ်ဆိုခဲ့သည့် နံပါတ်များက သူ့ကို ကယ်တင်ခဲ့ပေသည်။
စုန့်ရန် နှုတ်ခမ်းကို ဖိကိုက်ထားပြီး ထပ်မံငိုမိတော့မည်ကို မထိန်းထားနိုင်ဖြစ်နေသည်။
အားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ပေးခဲ့တာပေါ့... လူကြီးမင်းဟယ်က စုန့်ရန်ကို ကိန်းဂဏန်းတွေ အတင်းအကြပ် ရေတွက်ခိုင်းခဲ့ပြီးမှ ပေါ်လာခဲ့တာ သူ့အတွက် တန်ဖိုးရှိတဲ့ နံပါတ်တစ်ခုကို ပေးချင်ခဲ့တာကြောင့်ပေါ့လေ...
သူ့ခန္ဓာကိုယ်မှ အားအင်များဖြင့် မျက်ရည်များစီးမကျလာရန် ထိန်းထားလိုက်သည်။ မျက်လုံးကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီးမှ ဟယ်ကျစ်ယွမ်၏ရင်ဘတ်ကို တံတောင်ဖြင့်တွတ်၍ ဆူပူလိုက်သည်။
" ဖေဖေက လာကြိုမယ်ဆိုတာ ဘာသဘောလဲ... ခင်ဗျား ကျွန်တော့်ကို နှိပ်စက်ပြန်ပြီ..."
" အင်းပါ အင်းပါ အင်းပါ... ဟုတ်ပါပြီ ကိုယ်မှားသွားပါတယ်... မင်းကို မနှိပ်စက်တော့ပါဘူး..."
ဟယ်ကျစ်ယွမ်က အသံတိုးတိုးဖြင့်ရယ်လိုက်ပြီး သူ့နားရွက်နားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
" ကိုယ့်ကို ဘယ်လိုပဲ ခေါ်ခေါ် အရေးမကြီးပါဘူး... ဖေဖေပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် အဆင်ပြေတယ်... မင်းကတော့ အမြဲတမ်းအတွက် ကိုယ့်ဒါလင်ဖြစ်နေမှာပဲ..."
.........
၁၆ရက်မြောက်နေ့ ညနေ ၄နာရီ 🖌️
သူတို့နှစ်ယောက်စိတ်ထဲတွင် အနည်းငယ်ပျင်းရိလာချိန်တွင် လက်ဖက်ရည်ဆိုင်ထဲမှ တိုင်ကပ်နာရီသံ ပေါ်ထွက်လာသည်။ ဟယ်ကျစ်ယွမ် လက်မြှောက်ပြီး နာရီကြည့်လိုက်သည့်အခါ ပုပုကျောင်းဆင်းတော့မည့်အချိန် လေးနာရီအတိဖြစ်နေသည်ကို မြင်လိုက်ရသည်။
စုန့်ရန်က ဟယ်ကျစ်ယွမ်ကို နောက်ကျနေပြီဖြစ်ကြောင်းအော်ပြောကာ သု့လက်ကောက်ဝတ်မှဆွဲပြီး ကျောင်းရှိရာဘက်ကို ပြေးတော့သည်။ သူတို့ ကောင်းလန်လမ်းမကြီးပေါ်ရောက်ချိန်တွင် စုန့်ရန်၏ မျက်နှာရိပ် မျက်နှာကဲက ပြောင်းလဲသွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။ ထို့နောက် ရှေ့တွင်ပြေးနေရာမှ အနောက်သို့ကပ်သွားပြီး သူခိုးတစ်ယောက်သဖွယ် ဟယ်ကျစ်ယွမ်၏နောက်ကို ဝင်ပုန်းနေသည်။
ဟယ်ကျစ်ယွမ် သူ့ဘက်လှည့်လိုက်သည်။
" ဘာဖြစ်လို့လဲ..."
" အမ် ကျွန်တော် ချော်လဲတော့မလို့..."
လမ်းတစ်ဖက်ခြမ်းတွင်မူ အစောပိုင်းက သူနှင့်စကားပြောခဲ့သော အမျိုးသမီးကြီးက ကလေးမလေးတစ်ယောက်လက်ကိုဆွဲကာ သူတို့ရှိရာဘက်သို့ လျှောက်လာနေသည်။ ကလေးမလေးက ဆံပင်အုပ်အုပ်လေးဖြင့် အတော်အတန်ချစ်စရာကောင်းပြီး အနီရောင်အစက်အပြောက်လေးများနှင့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ ခေါင်းမော့၍ အဖွားဖြစ်သူနှင့် စကားစမြည်ပြောနေသည်။ စုန့်ရန်က ဟယ်ကျစ်ယွမ်၏အနောက်တွင်ရပ်ကာ သူတို့ကို ကွယ်ထားသည်။ 'အမြဲတမ်း အလုပ်ကိစ္စနဲ့ခရီးထွက်နေရတဲ့ ဇနီးသည်' က ရုတ်တရက် ပေါ်လာရုံမက ထိုလူမှာ အမျိုးသားတစ်ယောက် ဖြစ်နေပေသည်။ ဤကိစ္စ၏ နောက်ဆက်တွဲဖြစ်ရပ်များက ထိုအမျိုးသမီးကြီး၏ လောကကြီးအပေါ်အမြင်ကို ပြောင်းလဲသွားစေမည်ကို သူကြောက်လန့်နေမိသည်။
အမျိုးသမီးကြီးနှင့် ကလေးမလေးက လမ်းထောင့်သို့ရောက်ပြီး သူ့မြင်ကွင်းထဲမှ ပျောက်သွားချိန်တွင်မှ စုန့်ရန် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။
ဟယ်ကျစ်ယွမ်က သူ့ကို မျက်လုံးများမှေးစင်း၍ကြည့်နေပြီး အတွေးထဲနစ်မျောသွားပုံရသည်။
ကလေးများကို ကျောင်းလာကြိုသော မိဘများ၏ ကားတန်းကြီးနှစ်တန်းက ကျောင်းပေါက်ဝတွင် သေသပ်စွာရပ်ထားသည်။ တလက်လက်တောက်ပနေသော brand logoများကြောင့် ပြပွဲအသေးစားလေး ပြုလုပ်နေသည်ဟုပင် ထင်ရသည်။ ၎င်းတို့အကြားတွင် ဝါးဖြင့်ရက်လုပ်ထားသော ရှေ့ခြင်း၊ သားရေထိုင်ခုံငယ်တစ်ခုနှင့် တစ်ပတ်ရစ်စက်ဘီးငယ်လေးက မြင်ရသူတိုင်းကို အထူးအဆန်းဖြစ်စေသည်။
" ဒါ ကျွန်တော့်စက်ဘီးလေ... တစ်နာရီကို ဆယ်ကီလိုမီတာလောက် သွားနိုင်တယ်..."
စုန့်ရန်က သူ့စက်ဘီးလေးအား ဟယ်ကျစ်ယွမ်ကို လက်ညှိုးထိုးပြလိုက်ပြီး ထိုနေရာသို့ ခုန်ဆွခုန်ဆွဖြင့်ထွက်ကာ လည်သာခုံလေးကို ပုတ်ပြလိုက်သည်။
" လည်သာအစစ်နဲ့ ထိုင်ခုံတွေလေ... သက်တောင့်သက်သာလည်းရှိတယ်..."
သူ၏ တောက်ပသောအပြုံးကြောင့် ဟယ်ကျစ်ယွမ်လည်း ပျော်ရွှင်လာသည်။
" ပုပုကလည်း အဲ့အကြောင်းကို ဖုန်းထဲကနေ ခဏခဏပြောတယ်... ကိုယ့်ကားထက်ပိုပြီး သက်တောင့်သက်သာရှိလို့ စက်ဘီးစီးရတာ ပိုသဘောကျတယ်တဲ့... စက်ဘီးက နှေးပြီး စီးလိုက်ရင် ယမ်းနေပေမယ့် လမ်းပေါ်က ကြောင်လေးတွေ ခွေးလေးတွေကို မြင်ရတယ်တဲ့ ဒါပေမဲ့ ဒီနေ့ကိုယ်တို့သုံးယောက်ဆိုတော့ စက်ဘီးနဲ့ဆန့်မှာမဟုတ်ဘူး... ကိုယ့်ကားနဲ့သွားဖို့ မင်းကိုဒုက္ခပေးရတော့မယ်..."
စုန့်ရန် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။
" ခင်ဗျားရဲ့ကားလား...
Xxxxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN