အပိုင်း ၁၁
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၁

 

 

 

 

စုချန်ယန်ကတော့ သူမကိုယ်တိုင် ရင်ဆိုင်နိုင်ဖို့ သတ္တိရှိခဲ့ပေမဲ့ တခြားသူတွေကတော့ မဖြစ်နိုင်လောက်ပေ။

 

 

ယန်ရှို့ရီက စုချန်ယန် အခုလို တုံ့ပြန်မယ်လို့

ထင်မထားတာကြောင့် ကြက်သေသေနေမိသည်။

 

 

အရမ်းစိတ်လှုပ်ရှားနေတာကြောင့် စုချန်ယန် မျက်လုံးတွေက ရဲနေပြီး သူမ မျက်လုံးတွေက အနည်းငယ်မျက်ရည်ဝဲနေခဲ့သည်။

 

 

ပွက်လောရိုက်နေသည့် အခြေအနေကို ကြားပြီးနောက် ကုမ္ပဏီဝန်ထမ်းတွေလည်း အချင်းချင်းစုရုံးနေကြသည်။ စုချန်ယန် စကားတွေနဲ့ သူမမျက်ရည်ဝဲနေရသည့်ကိစ္စများကို ကြားသိပြီးနောက် ဂရုဏာသက်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တာကြောင့် ယန်ရှို့ရီကို မလိုလားတဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့ကြသည်။

 

 

"အဲ့ဒါတော့ အရမ်းလွန်တာပဲ သူများကို အပြစ်ပုံချပြီး

ပိုက်ဆံနဲ့ပြန်ပြီး နှုတ်ပိတ်ချင်နေသေးတယ်"

 

 

"စုချန်ယန်က တကယ် ကံမကောင်းတာပဲ။ သူမ မို့လို့ ပထမဆုံး သရုပ်ဆောင်ရတဲ့အချိန်မှာမှ ဒီလိုဆိုးဆိုးဝါးဝါးတွေနဲ့ ထိပ်တိုက်ကြုံရတယ်လို့"

 

 

" အဲ့ဒီ့မားကတ်တင်း အကောင့်တွေက စောက်ရူးတွေ!"

 

 

"တကယ်တော့ ဒီကိစ္စဖြစ်ပြီးပြီးချင်း ၃လအကြာလောက်တုန်းက စုချန်ယန်နဲ့ လုပ်ဖော်ကိုင်ဖက်တချို့ထဲမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီက ကြားဖူးတာတော့ သူမက တော်တော်လေး ဘာသိဘာသာနေတတ်တဲ့ လူဖြစ်ပြီးတော့ ယန်ရှို့ရီနဲ့လည်း အပြင်မှာ တစ်ခါမှ အဆက်အသွယ်မလုပ်ဖူးဘူးတဲ့"

 

 

"ထားလိုက်တော့ စုချန်ယန်က ကြားထဲက သက်သက်မဲ့မြေစာပင်ဖြစ်သွားမှန်း  အနုပညာလောက တစ်ခုလုံးသိတယ်။ မဟုတ်ရင် အဲ့ဒီ့နေ့က အဟော့ဆုံးရှာဖွေမှုမှာ စုချန်ယန်ကိုပဲ အကုန်လုံးက ဘာလို့ အာရုံစိုက်နေကြမှာလဲ! Water Army (fan gp နာမည်)တွေ စည်းလွတ်ဝါးလွတ် လျှောက်ပြောမှန်း အရမ်းသိသာတယ်"

 

 

"Water Army ဆိုတာ ယန်ရှို့ရီ သူ့ဘာသူထောင်ထားတဲ့ fan page မို့လား ကုမ္ပဏီက အဲ့တုန်းက သူနဲ့ဖြေရှင်းဖို့အချိန်မရှိလိုက်ဘူးလေ"

 

 

သူ့ဘေးက စကားပြောသံ​တွေကို ကြားပြီးနောက် ယန်ရှို့ရီ မျက်နှာက ဖြူဖျော့သွားပြီး နောက်ထပ် ပြန်ရဲတက်လာသည်။

 

 

အဲ့ဒီ့အချိန်မှာပဲ စင်္ကြံရဲ့ အခြားတစ်ဖက်ကနေ လင်းယွီက ဖြေးဖြေးချင်း လမ်းလျှောက်လာခဲ့ပြီး သူ့လက်ထောက်နဲ့အတူ စာရွက်စာတမ်းတစ်ချို့လည်း ပါလာခဲ့သည်။

 

 

ယန်ရှို့ရီက ဒီနေရာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို လင်းယွီ သိသွားလားဆိုတာ သူလည်းမသေချာပေ။ သူက ယန်ရှို့ရီ မျက်နှာကို ဖြတ်ခနဲကြည့်ပြီးနောက် စုချန်ယန်ဘက်ရောက်ချိန် ရပ်လိုက်သည်။

 

 

စုချန်ယန်လည်း သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ လက်ရှိဘဝ စုချန်ယန်ရဲ့ အခြေနေထဲ နစ်မြှုပ်နေလိုက်သည်။ သူမပါးပေါ် မျက်ရည်တွေကျလာတာကို ချက်ချင်း ဒေါသထွက်ထွက်ဖြင့် ပုတ်ထုတ်လိုက်သည်။

 

 

ယန်ရှို့ရီကို မြင်ပြီးနောက် လင်းယွီက ဘာမှသိပ်မပြောဘဲ မေးခဲ့သည်။ " စာချုပ် ချုပ်ပြီးပြီလား?"

 

 

စုချန်ယန်က ခေါင်းငြိမ့်ပြပြီး ဘာမှပြန်မပြောခဲ့ပေ။

 

 

မန်နေဂျာက ပြန်ပြောခဲ့သည်။ "စာချုပ်က ချုပ်ပြီးပါပြီ မစ္စတာလင်း"

 

 

လင်းယွီလည်း ခေါင်းငြိမ့်လိုက်ပြီး လုံခြုံရေးတွေ ဆွဲထားတာခံနေရတဲ့ အလယ်က ယန်ရှို့ရီဘက် လှည့်ကာ ပြောခဲ့သည်။ "မစ္စတာယန် အိမ်ပြန်ပြီးပြင်ဆင်ထားပါ ၃ရက်အတွင်း ခင်ဗျားနဲ့ Ms.စု ကို အခုတလော ဖြစ်ပျက်နေတဲ့ကိစ္စကို ဖြေရှင်းရာမှာ ပါဝင်ဖို့  ပရိုဂရမ်တစ်ခုက ဖိတ်ထားတယ်။ ခင်ဗျားရဲ့လက်ထောက်ဆီ ဇာတ်ညွှန်းပေးပြီးသွားပြီ သိချင်တာရှိရင် အိမ်ပြန်ပြီး ဆွေးနွေးနိုင်ပါတယ်"

 

 

ယန်ရှို့ရီ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး လင်းယွီကို ထိတ်လန့်နေတဲ့ အကြည့်တွေနဲ့ ကြည့်ကာ တိုးလျစွာ ခေါ်ခဲ့သည်။  "မစ္စတာလင်း "

 

 

ဒီကိစ္စကို ဖြေရှင်းလိုက်တာနဲ့ သူ့အခြေနေက ပိုဆိုးသွားနိုင်သည်။

 

 

"ပြီးတော့ ခင်ဗျားရဲ့ပရိသတ်တွေက Ms.စုကို တိုက်ခိုက်ခဲ့ပြီး သူမကို ဆေးရုံတင်ရလောက်တဲ့အထိ ထိခိုက်စေခဲ့တယ်။ ကုမ္ပဏီဘက်ကနေလည်း သူမကို သင့်တော်တဲ့ နစ်နာကြေးပေးဖို့ စီစဉ်ထားတယ် ကျေးဇူးပြုပြီးပူးပေါင်းဆောင်ရွက်ပေးပါ" ယန်ရှို့ရီရဲ့ ခြောက်ခြားနေမှုကို မမြင်သလို နေလိုက်ပြီး ဆက်ပြောခဲ့သည်။

 

 

သူပြောလိုက်သည့် စကားတစ်ခွန်းစီတိုင်းက နူးညံ့

ညှင်သာနေပြီး သူက လုံးဝ စည်းကမ်းမတင်းကြပ်ဘူးလို့တောင် ထင်ရသည်။ တစ်ဖက်တွင် လူတွေကိုတော့ တင်းကြပ်သည်ဟု ထင်သွားစေသည် အထိပင်။ သို့ပေမဲ့ တစ်ခွန်းချင်းစီတိုင်းက စောင့်ကြည့်နေသည့် လူတိုင်းအပေါ် ဘယ်လိုမှ မငြင်းဆိုနိုင်အောင် မေးခွန်းထုတ်ပိုင်ခွင့်မရှိဟူသည့် အဓိပ္ပာယ်မျိုးဖြင့် သတိပေးခဲ့သည်။

 

 

ယန်ရှို့ရီ မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူက လုံခြုံရေးဝန်ထမ်းတွေရဲ့ လက်ကိုဖြုတ်ချရင်း စုချန်ယန်ကို ဒေါသတကြီး နီမြန်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်ကာ  လူအုပ်ကြားထဲမှ ထွက်သွားခဲ့သည်။

 

 

Starlight ဖျော်ဖြေရေး ကုမ္ပဏီတွင် လင်းယွီ၏ စကားက ဥက္ကဌ၏ စကားနှင့် ထပ်တူပင်။ Starlight ဖျော်ဖြေရေးက အနာဂတ်မှာ လင်းယွီနဲ့ သက်ဆိုင်မည်ကို အားလုံးသိရှိထားပြီးဖြစ်သည်။

 

 

"မိန်းကလေးစု ကျွန်တော်နဲ့ လိုက်ခဲ့ပါ" လင်းယွီက စုချန်ယန်ကို အနည်ငယ် လှုပ်ရုံမှခေါင်းငြိမ့်ကာ ခေါ်လိုက်သည်။

 

 

စုချန်ယန်လည်း မိနစ်အနည်းငယ်ကြာ ကြောင်သွားသည်။ လင်းယွီ၏ လုပ်နိုင်စွမ်းက နောက်၃ရက်ကြာ  အင်တာဗျူးမှာ သူမအတွက် ဖြေရှင်းပေးဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေသည်အထိ မြင့်မားလိမ့်မယ်လို့ မထင်ထားပေ။

 

 

အရာရာက ချောချောမွေ့မွေ့ တိုးတက်လာဆဲပင်။ စုချန်ယန်က သူမ တိမ်တွေပေါ် လမ်းလျှောက်နေကာ အိပ်မက်မက်နေတယ်လို့ ထင်ရလောက်သည်အထိပင်။

 

 

"ချန်ယန် အစ်မ ပြန်နှင့်မယ်နော် " လျိုဝမ်က စုချန်ယန်ကို ပြုံးပြပြီးနောက် ပြန်ဖို့ပြင်လိုက်သည်။

 

 

စုချန်ယန်က သူမကို ထိတ်လန့်သလိုကြည့်မိသည်။ လျိုဝမ်က သူမ ဒီအနုပညာလောကထဲ စဝင်လာစဉ်က ပထမဆုံး ရင်းနှီးဖူးသည့် သူတစ်ယောက်ဖြစ်တဲ့အတွက် စက္ကန့်အနည့်ငယ်မျှ အင်တင်တင် ဖြစ်နေမိသည်။ အခုကစပြီး စုချန်ယန်က starlight ဖျော်ဖြေရေးလက်အောက်ရှိ အောင်မြင်ကြော်ကြားသည့် အနုပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မည်။ နောက်ပိုင်း သူမတို့ ၂ဦး တွေ့ရဖို့ဆိုတာက မသေချာတော့ပေ။

 

 

ခဏတာမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် စုချန်ယန်က ရုတ်တရတ် ထပြောခဲ့သည်။ "နောက်ပိုင်းရော အစ်မနဲ့ ဆက်သွယ်လို့ရနိုင်သေးလား"

 

 

သူမ ပြောစကားကို ကြားပြီးနောက် လျိုဝမ်လည်းကြောင်သွားခဲ့သည်။

 

 

သူမ စုချန်‌ယန်ပြောတာကို နားမလည်တာကြောင့် မျက်တောင်မခတ်ပဲ ကြောင်ကြည့်နေမိသည်။

 

 

စုချန်ယန်က သူမကို ကြည့်ကာ စိတ်ရောကိုယ်ပါ ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ "အစ်မဝမ် အစ်မကိုမကြာခဏအနှောင့်ယှက်မဖြစ်စေရပါဘူး။ တခါတလေ အစ်မ အကြောင်းတွေးမိရင် နှုတ်ဆက်ဖို့ ဖုန်းခေါ်မယ်နော်"

 

 

အနုပညာလောကထဲ ကျဉ်လည်နေတာ နှစ်တွေမနည်းတော့ပေမဲ့ လျိုဝမ်က ဒီလို လူမျိုးနဲ့ တစ်ခါမှမဆုံခဲ့ဖူးပေ။ စုချန်ယန်ရဲ့ဟန်မဆောင်တတ်တဲ့ပုံစံက မီးတောက်လို သူမ မျက်လုံးထဲ အပူဟပ်လိုက်သလိုပင်။

 

 

ဒီလောက်အကြာကြီးရှိနေခဲ့ပေမယ့် ဒီလိုစစ်မှန်တဲ့ ခံစားမှုမျိုးမခံစားခဲ့ဖူးပေ။

 

 

"ရတယ်လေ အလုပ်ပြီးတဲ့ အခါကျရင် ဖုန်းဆက်လိုက်"

လျိုဝမ်က သူမရဲ့ ရဲချင်သယောင်ဖြစ်နေတဲ့ မျက်လုံးတွေကြောင့် အောက်ငုံ့ကာ ခပ်ဟဟရယ်ရင်း နောက်လိုက်သည်။

 

 

စုချန်ယန်လည်း စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး ပြန်ဖြေခဲ့သည်။ " ဟုတ်ကဲ့ လမ်းခရီးချောမွေ့ပါစေ ထန်ယွဲ့ကိုလည်း နှုတ်ဆက်တယ်လို့ ပြောပေးနော်"

 

 

လျိုဝမ် ထွက်သွားပြီးနောက် စုချန်ယန်က သူမ ဘေး‌တွင် တိတ်တဆိတ် ရပ်စောင့်နေသည့် လင်းယွီဘက်ကို လှည့်လိုက်ကာ ပြောခဲ့သည်။ "သွားကြစို့ မစ္စတာလင်း"

 

 

လင်းယွီလည်း ပြုံးကာခေါင်းငြိမ့်ပြပြီး သူ့လက်ထဲက စာရွက်စာတမ်းကို လှုပ်ပြကာ ပြောခဲ့သည်။ "ကျွန်တော် မင်းနဲ့ ဝိတ်ချဖို့ ကိစ္စ ပြောချင်သေးတယ်"

 

 

စုချန်ယန်ရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားကာ ရုတ်တရတ် အဲ့အကြောင်းပြောရမှာကို မကြိုက်တော့သလိုပင်...

 

 

 

လင်းယွီ သူ့ရုံးခန်းဆီ ပြန်သွားနေချိန် စုချန်ယန်က ဖြေးဖြေးလေးပဲ လျှောက်လာကာ ဖြစ်လာတာကို ရှောင်လို့ ရနိုင်မယ်လို့ မျှော်လင့်ရင်း တစ်လှမ်းချင်း တုံ့ဆိုင်းဆိုင်းနဲ့ လျှောက်သွားခဲ့သည်။

 

 

လင်းယွီနဲ့ သူ့လက်ထောက်က ရှေ့က သွားနှင့်ပြီး လင်းယွီ ရုံးခန်းထဲဝင်ပြီးနောက် လက်ထောက်က သူတို့နဲ့ ခြေလှမ်း အနည်းငယ် အကွာရှိ စုချန်ယန်ဘက် လှည့်ကာ ပြုံးပြပြီး ပြောခဲ့သည်။ " မိန်းကလေး စု ဝင်ပါ"

 

 

စုချန်ယန်က တွေဝေစွာနဲ့ ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "အို့..ဟုတ်သားပဲ"

 

 

သူမလည်း ခပ်မြန်မြန်လျှောက်လိုက်ပြီး ရုံးခန်းထဲ ဝင်လိုက်သည်။ လက်ထောက်လည်း အနောက်က လိုက်သွားပြီး သူမ ဝင်ပြီးနောက် တံခါး ပိတ်ပေးခဲ့သည်။

 

 

လင်းယွီက စုချန်ယန်ဘက် လှည့်လိုက်ပြီး စာရွက်စာတမ်းတွေကို ကမ်းပေးကာ ‌ပြောခဲ့သည်။ "မိန်းကလေး စု ဒါက တိတိကျကျ သတ်မှတ်ထားတဲ့ လိုအပ်တဲ့  စားသောက်မှုပုံစံပါ  စစ်ကြည့်ပါဦး"

 

 

သူ့လက်ထဲက စာရွက်စာတမ်း အုပ်လိုက်ကြီးကို ကြည့်ပြီး စုချန်ယန်က ချက်ချင်း မယူနိုင်မိသည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

 

 

အမှန်တိုင်းပြောရရင် အဲ့ဒီ့အချိန်တုန်းက စုချန်ယန်သည် နည်းနည်းမှ နောင်တရသလို မခံစားမိပေမဲ့ မတတ်နိုင်ခဲ့ပေ။ လျိုဝမ်ကို အကုန်လွှဲထားခဲ့ပြီး ထွက်ပြေးချင်စိတ်ပါပေါက်ခဲ့သည်။

 

 

သူမ စာရွက်စာတမ်းကို ကြည့်လိုက်မိတော့ ပထမတစ်လိုင်းတွင် မှတ်ချက်။   ။'ဝိတ်တက်လွယ်စေသည့်

အစားအစာများစာရင်း' စသည့် စုချန်ယန်မှ နေ့စဉ်သူမ၏ ချင့်ချိန်စားသောက်မှုပုံစံတွင် ရှောင်ရှားသင့်သည့် အစားစာများအကြောင်း တစ်ခုချင်းစီကို ရှင်းလင်းချက်များဖြင့် သေချာရှင်းပြထာသည်။

 

 

သူမအတွက် နောင်တရဖို့ နောက်ကျသွားပြီလား?

 

 

လင်းယွီက သူမကို အတန်ကြာအကဲခတ်နေပြီး သူမစိတ်ကိုဖတ်နေသလိုပင်။ သူ့ အကြည့်ထဲတွင် ဒွိဟဖြစ်နေကာ ပြောခဲ့သည်။  "မိန်းကလေးစု သေချာ အာရုံစိုက်ပြီး ဖတ်ခဲ့လားလို့ ကျွန်တော် တွေးမိတယ်"

 

 

"ဟမ် ဘာ.. ဘာကိုပြောတာလဲဟင်" စုချန်ယန်က သူ့ကိုကြည့်ကာ နားမရှင်းဖြစ်နေခဲ့သည်။

 

 

နောက်ပြီး လင်းယွီက ရီမောကာပြောခဲ့သည်။ "စာချုပ်စည်းကမ်း ချိုးဖောက်မှုရဲ့ ပြစ်ဒဏ်လေ"

 

 

စုချန်ယန် - "..."

 

 

သူမ မျက်နှာကို ခပ်တည်တည်ထားကာ စာရွက်စာတမ်းတွေကို အလေးအနက် ယူလိုက်ပြီး သူမ ကံကြမ္မာကိုလက်ခံလိုက်သည်။

 

 

ရှင်းရှင်းပြောရရင်  သူမလက်မှတ်ထိုးလိုက်တုန်းက

စာချုပ်ရှိ စည်ကမ်းချက်များ ချိုးဖောက်လျှင် ခံရမည့်ပြစ်ဒဏ်များအကြောင်းကို တမင်တကာ အထူးအာရုံစိုက်ခဲ့သည်။

 

 

ဘာတွေပဲဖြစ်လာ ဖြစ်လာ  သူမလုံးဝ လုံးဝရင်မဆိုင်ချင်သည့် တန်ကြေးတစ်ခုပင်ဖြစ်လိမ့်မည်။

 

 

စုချန်ယန်က ဆိုဖာဆီသွားကာ ထိုင်လိုက်ပြီး သူမလက်ထဲက စာရွက်စာတမ်းတွေကို လှန်လှောကြည့်ကာ မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။

 

 

လင်းယွီက ပြုံးပြီး ပြောခဲ့သည်။  " မင်းအနေနဲ့ အပေါ်ယံနားလည်ထားဖို့လောက်ပဲ လိုတာပါ။ မင်းရဲ့နေ့စဉ်ဝိတ်လျှော့တာနဲ့ ပက်သက်လို့ ကျွန်တော့် လက်ထောက်‌ကသတိပေးပါလိမ့်မယ်"

 

 

စုချန်ယန်က မျှော်လင့်ချက်မဲ့စွာ ခေါင်း ပြန်မော့လိုက်သည်။ ပထမစာမျက်နှာတစ်ခုလုံး ဖတ်ကြည့်လိုက်တော့ သူမအကြိုက်ဆုံး အစားအစာများတစ်ခုပင်မပါခဲ့ချေ။ယခု သူမ မစ္စတာလင်းကို ကြည့်လိုက်ချိန် ရွံစရာကောင်းသလိုခံစားမိလိုက်သည်။

 

 

လက်ထောက်ရှုယန်က ရှေ့တိုးကာ ဦးညွတ်ရင်း ပြောခဲ့သည်။ "မင်္ဂလာပါ မစ္စ စု ကျွန်တော်က ရှုယန်ပါ။ ကျွန်တော်နဲ့ နောက်လက်ထောက်တစ်ယောက်က မင်းရဲ့လုပ်ငန်းစဉ်အချို့နဲ့ နေ့စဉ်ဘဝ တာဝန်တွေအတွက် တာဝန်ရှိသူတွေပါ။ ကျွန်တော့်ကို အကိုရှုလို့ ခေါ်လို့ရပါတယ်"

 

 

စုချန်ယန်က ဟန်ဆောင်ပြုံးလေးနဲ့ ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။"မင်္ဂလာပါ"