အပိုင်း ၁၃
Viewers 1k

 

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၃

 

 

 

 

 

 

ပြီးတော့ ထန်ယွဲ့က ယန်ရှို့ရီနဲ့ သူ့ပရိသတ်တွေရဲ့ စော်ကားမှုတွေကိုလည်း ခံရပြီးဖြစ်သည်။ တကယ်လို့ သူမသာ ယန်ရှို့ရီနဲ့ ပူးပေါင်းပြီး သူ့ကိုဒီကိစ္စနှင့်မဆိုင်သလို ဖယ်ထားပေးလိုက်ရင် သူမအနေနဲ့ ယန်ရှို့ရီ fan တွေရဲ့ လက်တုံ့ပြန်မှုတွေကို ရင်ဆိုင်ရနိုင်ချေရှိပြီး ယန်ရှို့ရီဘက်ကနေ သူမကို လက်တုံ့ပြန်လာနိုင်သည့်အနေအထားလည်း ရှိလာနိုင်သည်။

 

 

ယန်ရှို့ရီရဲ့ အချစ်ရေးပေါက်ကြားမှုက သူ့အပေါ် ကြီးကြီးမားမားသက်ရောက်စေနိုင်ပြီး ထန်ယွဲ့လို လူမသိသူမသိ မင်းသမီးတစ်ယောက်နဲ့ ဆက်နွယ်နေမှုက သူ့အတွက် ပိုလွယ်ကူစေနိုင်သည်။

 

 

အနုပညာလောကတွင် စုချန်ယန်အနေနဲ့ ဒါမျိုးတွေကိုမြင်‌နေ တွေ့နေရသည်မှာ နေသားကျနေပြီဖြစ်သော်လည်း ထန်ယွဲ့အနေနဲ့တော့ မကြုံဖူးသေးပေ။ သူမဒါမျိုး မဖြစ်စေချင်ပါ။

 

 

တော်တော်များများ စဉ်းစားပြီးနောက် စုချန်ယန်က လင်းယွီကို ဖုန်းခေါ်ကာ အကျိုးအကြောင်းပြောပြခဲ့သည်။

 

 

ဖုန်းဆက်လိုက်တော့ လင်းယွီက သူမဖုန်းကို ကြိုတင်မျှော်လင့်ထားပြီးသားမို့ မအံ့ဩတော့ပေ။

 

 

"အင်တာဗျူး မူကြမ်းနဲ့ ပက်သက်ပြီး ပြဿနာရှိလို့လား?"

 

 

လင်းယွီက သူ့ရုံးခန်းမှာပဲ ရှိနေသေးသည့်ပုံပင်။ အကြောင်းမှာ စုချန်ယန် စာရွက်လှန်သံ တစ်ရွှက်ရွှက်ကို တိုးလျစွာကြားနေရသည်။

 

 

သက်ပြင်းအရှည်ကြီးချလိုက်ပြီး စုချန်ယန်က သတ္တိတွေ စုစည်းကာ ပြောခဲ့သည်။  "ဟုတ်တယ် ကျွန်မ ယန်ရှို့ရီရဲ့အပေါ် လူအများ စိတ်ဝင်စားမှုကို ထိန်းသိမ်းနိုင်ဖို့ ကုမ္ပဏီနဲ့ မပူးပေါင်းချင်လို့ပါ"

 

 

လင်းယွီက ဂရုမစိုက်သလို တုံ့ပြန်ခဲ့သည်။ "ကုမ္ပဏီကိုပေးရမယ့် ပြစ်ဒဏ်ကြေး ဘယ်လောက်ပေးရမယ်ဆိုတာကော သိပြီးပြီလား"

 

 

စုချန်ယန်က တုံ့ဆိုင်းကာ တွေဝေသွားပြီး ပြောခဲ့သည်။ "အယ်...အဲ့ဒါနဲ့ပက်သက်ပြီး..."

 

 

လင်းယွီက ခပ်ဟဟရယ်ကာ ပြောခဲ့သည်။ "အင်တာဗျူး မူကြမ်းက CEOရဲ့ လိုအပ်သလို ဖြည့်စွက်ချက်အရ ရေးပေးထားတာ  မင်းပူးပေါင်းဖို့ ငြင်းလို့မရလောက်ဘူး"

 

 

"ဒါပေမဲ့..." စုချန်ယန်က ပြန်ချေပဖို့ ကြိုးစားခဲ့သည်။

 

 

"ဒါပေမဲ့ မူကြမ်းကိစ္စ ခဏဖယ်လိုက်ရင် တီထွင်ဖန်တီးဖို့အတွက် မင်းမှာ နေရာကျန်ဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်  ပရိုဂရမ်သာ ရုပ်သံလွှင့်ပြီးရင် နိုင်ငံသားတွေ ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ ဘယ်သူမှ မပြောတတ်ဘူးလေ" လင်းယွီက ပြောခဲ့သည်။

 

 

စုချန်ယန်က ငေးမှိုင်သွားပြီး သူဘာကိုဆိုလိုချင်လဲဆိုတာကို သဘောပေါက်လိုက်သည်။ "မစ္စတာလင်း.. ကုမ္ပဏီမှာ လွတ်လမ်းအတွက် ဘယ်လို စွန့်စားရမလဲဆိုတာ ကျွန်မကို လာသင်ပေးနေတာလား?"

 

 

"  မမျှော်လင့်ဘဲ ကြီးထွားလာရင် အနည်းနဲ့အများ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားဖို့ ငါက သတိပေးရုံပဲ"

 

 

ဖုန်းချပြီးနောက်တွင် စုချန်ယန်သည် G.M လင်းယွီပြောသည့် အတိုင်း လိုက်နာရုံကလွဲပြီး သူမ တတ်နိုင်တာမရှိပေ။

 

 

သူ ဆိုလိုချင်တာကို စုချန်ယန်အား ရှင်းရှင်းလင်းလင်းနှင့် သင့်တော်စွာ ပြောပြပေးခဲ့သည်။ တခြားတစ်ယောက်သာကြားခဲ့ရင် လင်းယွီ သူမကိုလာမယ့် ပရိုဂရမ်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဖို့ သတိပေးနေသည်ဟုပင် ထင်လောက်သည်။

 

 

ဘယ်လိုပင်ဖြစ်ဖြစ် လင်းယွီမှန်သည်ဟု သူမခံစားမိသည်။

 

 

ပြောဆိုဆက်ဆံခြင်းသည် ဘာသာစကားနဲ့တင် မဟုတ် သေးငယ်သည့် ဟန်ပန်အမူအရာနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုသဏ္ဌာန်များလည်း ပါဝင်သည်။

 

 

ဒါပေမဲ့ အင်တာဗျူးဇာတ်ညွှန်းတွင် စုချန်ယန်ဘက်က သူမ မျက်နှာထားနှင့် အပြုအမူများသည် မဖြစ်မနေလုပ်ရတာမျိုး မဟုတ်ဘဲ သဘာဝကျကျ ဘယ်လိုပြောသင့်တယ်ဆိုတာမျိုးရယ် တခြားအရာတွေ မပြောဖို့ပိတ်ပင်တာမျိုးတွေ မဖြစ်စေရန် အနှစ်ချုပ်ဖော်ပြထားသည်။

 

 

ဥက္ကဌသည် လင်းယွီအား 'အခါလွန်မိုး'ဟု နာမည်ပြောင်ပေးထားပုံရသည်။ အကြောင်းမှာ လင်းယွီသည် မိုးရွာပြီးသည့်နောက်မှ တခြာသူတွေအတွက် ထီးတစ်ချောင်းဆောင်းထားပေးရခြင်း၏ အရေးကြီးပုံကို နားလည်လာနိုင်သောကြောင့်ပင်။ သူသည် တကယ့်ကို Starlight ဖျော်ဖြေရေး၏ ဥက္ကဌတစ်‌ယောက်အဖြစ် ရပ်တည်ရှင်သန်နေသည်ပင်။ သူ့ရှုထောင့်များမှာ ပြောင်မြောက်လွန်းသည်။

 

 

စုချန်ယန် စိတ်ထဲ ဥက္ကဌကို ချီးကျူးမိသွားသည်။

 

 

သူ့ကို သူမ ဘယ်လိုခေါင်းစဥ်တွေတပ်ပြီး စဉ်းစားနေလဲဆိုတာ လင်းယွီသာ သိရင်ဘယ်လိုများ နေမလဲဟု သိချင်စိတ်ကလေး ဖြစ်မိပြန်သည်။

 

 

ညနေပိုင်းတွင် ရှုယန်က ရှောင်လုလို့ အမည်ရသည့် မိန်းကလေးတစ်ယောက်ကို စုချန်ယန်ဆီ

ညနေစာပို့ခိုင်းခဲ့သည်။

 

 

ဘူးကို ဖွင့်ကြည့်လိုက်တော့ အရွက်စုံ သုပ်တစ်ပွဲ ကြက်သားရင်ပုံကို ဆလပ်ရွက်ဖြင့် လိပ်ထားတဲ့အသားချောင်းလေးရယ် ပါပေမဲ့ စိတ်ပျက်စရာကောင်းလောက်အောင်ပင် ဖြူဖျော့နေသော စားစရာများပင်။ စုချန်ယန်သည် ရှောင်လု၏ ကြီးကြပ်မှုအောက်တွင် အရသာမရှိသော ထိုအစားအစာများကို အောင့်အီးသည်းခံကာ မျိုချခဲ့ရသည်။

 

 

ကြီးကျယ်ခမ်းနားသည့် လင်းယွီ၏ ပုံစံသည် သူမ စိတ်ထဲ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တဖြေးဖြေးတူလာသလိုပင်။

 

 

"ချန်ယန် မနက်ဖြန် မင်းရဲ့အချိန်ဇယားကို ရှင်းထားဖို့မမေ့နဲ့နော် အနီးနားမှာရှိတဲ့ gymကို အစ်မ ခေါ်သွားပေးမယ်။ နည်းနည်းအချိန်မလောက်ပေမဲ့ ပရိုဂရမ် မစခင် ပြန်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ ပိန်သွားအောင် လေ့ကျင့်ပေးဖို့ အမိန့်ပေးထားတယ်" ရှောင်လုက နေ့လည်စာထမင်းကို ပြင်ဆင်ရင်း ပြောခဲ့သည်။

 

 

 စုချန်ယန်သည် အကူညီမဲ့သလိုခံစားရသဖြင့် ဆိုဖာပေါ်လှဲချလိုက်ကာ ဗိုက်ထဲ ဟာတာတာကြီးလို ခံစားလိုက်ရသည်။ အရွက်သုပ်နဲ့ကြက်ရင်ပုံစားပြီးတာတောင် သူမဘာမှမစားရသေးသလို ခံစားရသည်။ ရှောင်လုပြောတာတွေကို နားထောင်ရင်း ခါးခါးသီးသီးဖြင့် ရေရွတ်နေမိသည်။

"၃ရက်ပဲ အချိန်ရတာကို ဘယ်လိုဝိတ်ချရမှာလဲ။ ဘာမှ ကောင်းကောင်း စားရသေးတာ မဟုတ်တာကို"

 

 

ရှောင်လု -"မင်းက ဝိတ်တက်လွယ်သလို ဝိတ်ကျတာလည်းမြန်မှာပဲ စိတ်မပူပါနဲ့"

 

 

စုချန်ယန် သက်ပြင်းချမိသွားသည်။ သူမသည် ဝိတ်မကျနိုင်မှာကို စိုးရိမ်နေတာမဟုတ်ဘဲ ဒီတစ်နှစ်လုံးအစားအသောက် စုံစုံလင်လင် မစားနိုင်မှာကိုပဲ တွေးပူမိသည်။

 

 

ခဏကြာပြီးနောက် ရှောင်လုသည် ဟိုတယ်မှထွက်သွားပြီပင်။

 

 

ညလယ်ခေါင်တွင် စုချန်ယန်သည် ခေါင်းမူးလောက်တဲ့အထိ ဗိုက်ဆာနေပြီပင်။ ရေတွေတစ်ခွက်ပြီး

တစ်ခွက်သောက်တာတောင် မသက်သာပေ။ လူမိပြီးလျော်ကြေး ပေးရမှာစိုးတာကြောင့် မုန့်လည်း မှာမစားရဲခဲ့ပါ။

 

 

သူမ ပိုက်ဆံကို ဘာမှမလုပ်ဘဲ ထိုင်စားလို့ရအောင်

အရင်းအနှီးအဖြစ် စုထားသည်။ ခဏတာလေး ဗိုက်ဆာမိတာကြောင့်နဲ့ ဘာလို့ အဲ့ပိုက်ဆံကို ဖြုန်းတီးပစ်ရမှာလဲ?

 

 

သို့ဖြစ်စေကာမူ စုချန်ရန်သည် လွန်ခဲ့တဲ့ရက်အနည်ငယ်လောက်က အဆာပြေစားရန် သရေစာမုန့်တချို့ကို ဝယ်ပြီး မစုဆောင်းထားမိသည့်အတွက် စိတ်တိုနေမိသည်။ အခုတော့ စားစရာ ကွပ်ကီးလေးတစ်ခုတောင် ရှာမတွေ့ပေ။

 

 

သန်းခေါင်ယံ ရောက်ခါနီးချိန်လောက်တွင် ရှုယန်က ရုတ်တရတ် ဖုန်းခေါ်လာခဲ့သည်။

 

 

စုချန်ယန်သည် ဆိုဖာပေါ်တွင် လှဲနေရင်း ဘလော့ကာတစ်ဦး၏  ညကြီးအချိန်မတော် အစားအသောက်သက်စွန့်ဆံဖျား စားသောက်နေသည့် ဗီဒီယိုကို သရေတမြှားမြှားကျလောက်တဲ့အထိ ထိုင်ကြည့်နေချိန် ရှုယန်ရဲ့ ဖုန်းဝင်လာတာဖြစ်သည်။

 

 

စုချန်ယန် ဖုန်းပြန်ဖြေလိုက်ပြီး သူမ နားနားတွင်ကပ်ထားလျက် အသံဖျော့တော့စွာ ပြန်ထူးခဲ့ခဲ့သည်။

"ဟယ်လို...."

 

 

"ချန်ယန်...အိပ်ပြီလား"

 

 

"မအိပ်သေးပါဘူး"

 

 

"ဒါဆိုအတော်ပဲ ကုမ္ပဏီက တရားဝင်ထုတ်ပြန်ချက်လုပ်ဖို့ ပြင်ဆင်နေတယ် ယန်ရှို့ရီနဲ့အတူ လုပ်ရမယ့် အင်တာဗျူးပရိုဂရမ်ကို သူတို့ ထုတ်ဖော်တင်ပြ

ထားလိမ့်မယ်။ မင်းအကောင့်ကိုလည်း tagတွဲ ထားလိမ့်မယ်။ မင်းမြင်ရင် အတူပူးပေါင်းပြီးတော့ ပြန်တင်ထားပေးဦးနော်"

 

 

"အာ...ဟုတ်ပြီလေ" စုချန်ယန်က ခေါင့်ငြိမ့်နေရုံကလွဲလို့ဘာမှမတတ်နိုင်ပေမဲ့ ပြန်မေးခဲ့သည်။

"ညသန်းခေါင်နားတောင် ရောက်တော့မှာကို မနက်ဖြန်မှကြေငြာလို့မရဘူးလား"

 

 

"အခုချိန်က လူနည်းစုလောက်ပဲ လိုင်းပေါ်ရှိတာလေ

ယန်ရှို့ရီရဲ့fanတွေ အလွန်အမင်း တုံ့ပြန်လာကြမှာကို ကုမ္ပဏီဘက်က စိုးရိမ်လို့"

 

 

"ဟုတ်ကဲ့ ဒါဆို ကျွန်မမြင်ရင် ပြန်တင်ထားပေးပါ့မယ်"

 

 

"ကောင်းပြီလေ တကယ်လို့ ယန်ရှို့ရီက မင်းနဲ့အတူ တုန့်ပြန်လာရင်လည်း ပူးပေါင်းပေးပါဦး ရမလား"

 

 

"ကျွန်မ နားလည်ပါပြီ"

 

 

ဖုန်းချပြီးနောက် စုချန်ယန်က ထထိုင်လိုက်ပြီး သူမလပ်တော့ပ်ကို ယူလိုက်သည်။ သူမ ဗီဒီယို ပြီးအောင်ဆက်ကြည့်လိုက်ပြီးနောက် ပို့စ်ပြန်တင်ဖို့ အတွက်သူမ ဖုန်းကိုကိုင်ကာ Weiboထဲ ဝင်လိုက်သည်။

 

 

Weibo ဖွင့်လိုက်ပြီးနောက်တွင် ကုမ္ပဏီက လူထုကိုချပြပြီးပြီလို့ ခံစားမိသည်။  အမှတ်မထင်စွာနှင့်ပင်

စုချန်ယန်နှင့် ယန်ရှို့ရီတို့၂ဦးအကြောင်းနှင့် ပက်သက်သည့်များစွာသော ပို့စ်များတက်လာသည်။ သို့သော် ရိုးအီနေသော ပို့စ်များသာဖြစ်သည်။

 

 

၁၀မိနစ် ကြာပြီးနောက် စုချန်ယန်၏ အစားစာနေတဲ့ဗီဒီယိုက ပြီးသွားခဲ့သည်။ တစ်ပြိုင်ထဲမှာပင် Starlight

ဖျော်ဖြေရေး၏ တရားဝင် weibo အကောင့်ကလည်း

ပို့စ်အသစ်တစ်ခုတင်လာခဲ့သည်။

 

 

အကြောင်းအရာက ရိုးရှင်းလှသည်။ စုချန်ယန်ကို Starlight ဖျော်ဖြေရေးနှင့် လက်တွဲလာသည်‌ကို ဂုဏ်ယူပါကြောင်းနှင့် သူမနှင့် ယန်ရှို့ရီက တိုက်ရိုက်လွှင့်မည့်ပရိုဂရမ်တစ်ခုတွင် အတူတူပါဝင်လာမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းပင်။

 

 

စုချန်ယန်က ချက်ချင်း likeပေးကာ comment မန့်ခဲ့ပြီး Weiboတွင် ယခုလိုပြောကာ ပို့စ်ပြန်တင်ပေးခဲ့သည်။

"အားလုံးပဲ မင်္ဂလာပါ စုချန်ယန်ပါ။ Starlight ဖျော်ဖြေရေးနဲ့ လက်တွဲခွင့်ရလို့ ဂုဏ်ယူမိပါတယ်"

 

 

ပို့စ်ပြန်တင်ပေးပြီးနောက် စုချန်ယန်သည် လူတွေဝေဖန်သမျှကို သိပ်အရေးစိုက်မနေဘဲ Weiboမှ ထွက်လိုက်သည်။ နောက်ထပ် နောက်ဆုံးဗီဒီယိုတစ်ခုကိုကြည့်ပြီးနောက် အိပ်ယာဝင်လိုက်သည်။ သူမ Weibo ကထွက်ခါနီး သူမ fan group ထဲ အနီရောင်နိုတီလေးတစ်ခုကို ရုတ်တရက် မြင်လိုက်သည်။

 

 

စုချန်ယန်က ခဏလောက် တုံ့ဆုံင်းသွားပြီးနောက် ၎င်းအား ဝင်ကြည့်လိုက်သည်။ "The extra fan" ဆိုသည့်အမည်နှင့် တရားဝင်အကောင့်သည် ယန်ရှို့ရီ၏ Weiboအကောင့်ပင်။ သူမ သူ့ကို follow ပြန်မလုပ်ဘဲ စီဘီတွင် လာပြောထားသော စာကို ဖွင့်ဖတ်လိုက်လျှင် ယန်ရှို့ရီမှ သူမ ပို့စ်ကို ပြန်တင်ပေးထားပြီး ကောမန့်လည်း မန့်ထားသည်ကို တွေ့လိုက်ရသည်။

"ဂုဏ်ယူပါတယ် ချန်ယန်ရေ မင်းအားတဲ့အချိန်ကျရင်တစ်ခါလောက်တွေ့ရအောင်  မင်းကိုလည်း တောင်းပန်ပါ့မယ်"

 

 

စုချန်ယန်လည်း စိတ်ရှိတိုင်း ဘာမှပြန်မပြောပဲ ဒီတိုင်း Weibo က ထွက်လိုက်ချင်ပေမယ့် ရှုယန်မှာ ထားတာကိုသတိရလိုက်တာကြောင့် မလုပ်ချင်လုပ်ချင်နှင့် ပြန်ပြောလိုက်သည်။"မလိုပါဘူး ကျေးဇူးပါနော်"

 

 

ယန်ရှို့ရီက သူမကို followလုပ်လာသော်လည်း သူမကို ရှုယန်မှ ပြန်ပြီး follow လုပ်ရမယ်လို့ မပြောခဲ့တာကြောင့် စုချန်ယန်က မသိချင်ယောင်သာ ဆောင်လိုက်တော့သည်။

 

 

သူမ Weibo မှာ ထန်ယွဲ့ နာမည်ကို ရှာကြည့်လိုက်ပြီး သူမကို follow လုပ်ဖို့ စဉ်းစားမိသည်။ သို့ပေမဲ့ အခုချိန်က ချက်ချင်း follow ပြန်လုပ်ဖို့ အချိန်ကောင်းမဟုတ်သေးတာကြောင့် ဒီတိုင်းပဲ ထားလိုက်တော့သည်။

 

 

စက္ကန့်ပိုင်းအတွင်းမှာပဲ စုချန်ယန်၏ စီဘီတွင် ပင်လယ်ထဲက လှိုင်းလုံးကြီး လှိမ့်ဝင်လာသလို စာများက တောက်လျှောက်ဝင်လာသည်။ ထို့ပြင် follower များစွာလည်း ရရှိခဲ့သည်။