အပိုင်း ၁၄
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၄

 

 

 

 

 

သူမသည် ပုံမှန်အတိုင်း စီဘီမှ စာအချို့ကို ဖွင့်ကြည့်မိတော့ ၎င်းတို့ထဲမှ အများစုသည် ယန်ရှို့ရီ၏ ပရိသတ်များပင်။ ၎င်းတို့‌ ပြောထားပြောထားသည်များမှာ ကောမန့်တွင် ယန်ရှို့ရီအား စုချန်ယန်၏ ပြန်ပြောထားခြင်းအပေါ်  ' ပြန်ပြောတဲ့လေသံမှာ ရွဲ့ပြောနေသလား' ဟူ၍ ပြောထားကြခြင်းပင်။

 

 

ဟုတ်ပါသည်။ သူမ ရွဲ့ထားခြင်းသာဖြစ်သည်။ သို့ပေမဲ့ စုချန်ယန်က တုံ့ပြန်လာတာတွေကို ပြန်မနှောင့်ယှက်တော့ဘဲ Weiboမှ ထွက်ကာ အိပ်ယာဝင်လိုက်သည်။

 

 

နောက်တစ်နေ့မနက်တွင် ဖုန်းမြည်သံကြောင့် စုချန်ယန်လည်း လန့်နိုးလာတော့သည်။

 

 

အိပ်ချင်မူးတူး ဖြစ်နေသော‌ မျက်လုံးများကို ပွတ်လိုက်ပြီး  စောင်အောက်ရှိ သူမ ဖုန်းကို လိုက်စမ်းကာ ရှာဖွေလိုက်သည်။ ဖုန်းကို ရှာတွေ့စဉ် ဖွင့်ကြည့်လိုက်မိတော့ ရှုယန်မှ ဖုန်းခေါ်ထားခြင်းပင်။ သူမ သန်းဝေလိုက်ပြီး

ဖုန်းပြန်မဖြေခင်မှာပဲ အဝင်ကောလ်က ပြန်ကျသွားခဲ့သည်။

 

 

"၈နာရီပဲ ရှိသေးတယ်..." စုချန်ယန်က အချိန်ကိုတစ်ချက် ကြည့်လိုက်ပြီနောက် တီးတိုးရေရွတ်မိပြန်သည်။ သူမ ဖုန်းဖွင့်လိုက်ပြီး ရှုန်ယန်က သူမကို တစ်ခါထက်မနည်း ခေါ်ထားသည်များကို တွေ့လိုက်သည်။ သူမ အိပ်နေတုန်း Do not disturb mode ဖွင့်ထားတာကြောင့် မကြားလိုက်ပါ။

 

 

စုချန်ယန်က ပြောသည့်အတိုင်းလုပ်ထားပြီး ဘာမှအမှားမှ မလုပ်ထားပေမဲ့လည်း ရှုယန် ပြောလာမယ့် စကားများကို အကြမ်းဖျဉ်း ကြိုသိထားသည်ပင်။ သူမရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို လက်ဖြင့်ထိုးဖွလိုက်ပြီး စိတ်အေးအေးထားကာ ပြန်ခေါ်လိုက်သည်။

 

 

ချက်ချင်း ဖုန်းကောက်ကိုင်လိုက်တယ်ထင်သည်။ "ချန်ယန် ယန်ရှို့ရီကို ဘာလို့ follow ပြန်မလုပ်တာလဲ။ လိုင်းပေါ်မှာ ‌အုတ်အော်သောင်းနင်းတွေ ဖြစ်ကုန်ပြီ"

 

 

စုချန်ယန်လည်း သန်းကာ ပြန်ပြောခဲ့သည်။ "စိတ်အေးအေးထားပါဦး ကျွန်မ အခုမှ နိုးတာ လိုင်းပေါ်မှာ ရုတ်ရုတ်သဲသဲ မဖြစ်တဲ့နေ့ ရှိဖူးလို့လား "

 

 

ရှုယန်က မတတ်နိုင်စွာ သက်ပြင်ချလိုက်မိသည်။ "မင်း သူ့ကိုမကြည်တာသိတယ် ဒါပေမဲ့ ကုမ္ပဏီက ပြောထားတာ ရှိသေးတယ်လေ မင်း..."

 

 

"သိပါတယ် ခိုင်းတဲ့အတိုင်းလုပ်ပါ့မယ်"စုချန်ယန်က ပြန်ပြောသည်။ "အစ်ကိုရှု ကျွန်မ လိုင်းပေါ်တက်ပြီး ခဏကြည့်ပါရစေဦး ဖုန်းချလိုက်တော့မယ်"

 

 

"အေးအေး နင်ဘာမှစိတ်ပူစရာမလိုဘူး ယန်ရှို့ရီကိုသာပြန် follow လိုက်"

 

 

"သိပါတယ်ဆိုနေ"

 

 

စုချန်ယန်က အိပ်ချင်ပြေသွားအောင် ပါးကို နည်းနည်းပွတ်လိုက်ပြီး Weibo ထဲ ဝင်ကြည့်လိုက်သည်။

 

 

သူမရဲ့ Message file နဲ့ pageက နိုတီ9999+ ဟူ၍

အတန်းလိုက်ကြီးပေါ်လျက် ၎င်းတို့နဲ့တင် ပြည့်နှက်နေသည်။ စုချန်ယန်က စိတ်မရှည်ပေမဲ့လည်း ဝင်ကြည့်လိုက်သည်။ search barပေါ်တွင် ယန်ရှို့ရီလို့ ရိုက်ကာရှာလိုက်ပြီး follow ပြန်နှိပ်လိုက်သည်။ နောက်တော့ Weibo ကပြန်ထွက်လိုက်သည်။

 

 

ထို့နောက် Starlight ဖျော်ဖြေရေး၏ တရားဝင် Weibo အကောင့်ထဲဝင်ပြီး ပို့စ်ထဲရှိ ကောမန့်များကို လိုက်ကြည့်မိသည်။

 

 

" မားကတ်တင်းအဖွဲ့ကဟာတွေ ထွက်သွားကြ။ နင်တို့က အရိုက်ခံသင့်တယ် ဘာလို့အစထဲက စုချန်ယန်ကို ယန်ရှို့ရီနဲ့ ပက်သက်ငြိစွန်းနေတဲ့ ပုံစံတွေလုပ်ပြီး လျှောက်ဖွလဲ!"

 

 

"လက်ရှိ မားကတ်တင်းအဖွဲ့က တကယ်စိတ်ပျက်စရာပဲ  မိန်းကလေးတစ်ယောက်ကို အရှုပ်ထုပ်တွေဖန်တီးချင်တာနဲ့ပဲ အ‌သရေဖျက်ဖို့တောင် ဝန်မလေးဘူး။ ယန်ရှို့ရီအတွက်လည်း ပြဿနာတွေအကြီးအကျယ်တက်စေတယ်"

 

 

"ဘယ်လို ပြင်းထန်တဲ့ ကောမန့်တွေပါလိမ့် ဒီပို့စ်မှာဘာလို့ ယန်ရှို့ရီကိစ္စမှာ စုချန်ယန်က ဘာမှမဆိုင်ဘူးလို့ပြောထားတာလဲ"

 

 

"အပေါ်က တစ်ယောက်က ဦးနှောက်မရှိဘူးလား။ တကယ်လို့ စုချန်ယန်သာ ယန်ရှို့ရီနဲ့ ပက်သက်ခဲ့ဖူးပြီး သူ့အကြောင်း ပိုသိချင်ခဲ့တာသာ မှန်ခဲ့ရင် Starlight ဖျော်ဖြေရေးဘက်က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့အနုပညာရှင်တစ်ယောက်ကို စာချုပ်ချုပ်မှာတဲ့လား။ ပြီးတော့ နင့်အဖေကလည်း ပြန်တောင်းပန်ထားတယ်လေ"

 

 

"မဟုတ်တာ မဖြစ်နိုင်တာတွေ တကယ်လို့ ယန်ရှို့ရီကိစ္စမှာ စုချန်ယန်က ပါဝင်ပက်သက်ထားတာ မရှိခဲ့ရင်

သူမနာမည်ပျက်စာရင်း တပ်ခံရတုန်းက အဲ့ကောင်ကဘာလို့ သေသေချာချာမရှင်းပေးခဲ့တာလဲ သူမဘက်ကနေဘာလို့ ကူမပြောပေးခဲ့တာလဲ"

 

 

"ခုထိ သဘောမပေါက်သေးဘူးလား။ ယန်ရှို့ရီက တမင်သက်သက်ကို စုချန်ယန်အပေါ် အပြစ်ပုံချချင်ခဲ့တာလေ။ သူအရင်က စာချုပ်ချုပ်ထားတဲ့ကုမ္ပဏီက

သရုပ်ဆောင်တစ်ယာက်ကတောင် သူမက ကြားထဲကပဲ မသိလိုက်ဘဲ ခံလိုက်ရတာလို့ ဝင်ပြောဖူးတယ်လေ

မဟုတ်ရင် မားကတ်တင်းအဖွဲ့က D-listထဲ ဝင်ပြီးသားသရုပ်ဆောင်တစ်ယောက်ကို အဓိက ပစ်မှတ်ထားနေမှာလဲ"

 

 

"ယန်ရှို့ရီရဲ့အချစ်ရေးကိစ္စ ပေါက်ကြားသွားတဲ့ပို့စ်ကိုဝင်ကြည့်တုန်းကနေ့ကိုတောင် မှတ်မိနေသေးတယ်။ တစ်နိုင်ငံလုံးက စုချန်ယန်ကို ဝိုင်းဆဲနေကြတာလေ။ ယန်ရှို့ရီက တမင်သက်သက် အပြစ်ပုံချတာဟုတ်လား မဟုတ်လားမှန်း သံသယမဝင်နိုင်ကြတဲ့အထိကို ပြောဆိုနေခဲ့ကြတာ"

 

 

"တကယ်လို့ ယန်ရှို့ရီသာ တမင်တကာ အပြစ်ပုံချခဲ့တာဆိုရင် ငါ သူ့ကို တကယ် ကျေးဇူးတင်မိမှာ။ ပြီးပြည့်စုံတဲ့ မိန်းကလေးငယ်တစ်ဦးက ထင်မှတ်မထားတဲ့ ဆိုးဆိုးရွားရွား ကိစ္စတွေကို ခံစားလိုက်ရတာပဲ။ fanများ၏ ထောက်ပြချက် - စုချန်ယန်က ယန်ရှို့ရီရဲ့ စာကိုချက်ချင်း ပြန်မပြောခဲ့ဘူး။ သူမ ချက်ချင်း ပြန်ပြောခဲ့ပေမယ့် ပြန်တော့ follow မလုပ်ခဲ့ဘူး"

 

 

ယန်ရှို့ရီကို မေးခွန်းထုတ်လာကြသည့် ကောမန့်များကိုမြင်လိုက်ရတော့ သူမ ရည်ရွယ်ချက်က အောင်မြင်စွာ မော်ကွန်း ထိုးခံလိုက်ရသလိုပင်။

 

 

သူမ အလွန် စိတ်ကျေနပ်သွားပြီး အိပ်ယာမှထကာ သူမကိုယ်သူမ ဝက်သားဗန်းကြီးဖြင့် ဆုချရန်ပြင်ဆင်လိုက်သည်။ ဒါပေမဲ့ သူမအစားစာမှာယူမည့် appထဲ ဝင်နေစဉ်တွင် သူမ အခန်း တံခါးဘဲလ်က မြည်လာခဲ့သည်။

 

 

စုချန်ယန်က ဖိနပ်အပါးလေးဝတ်ကာ တံခါးဖွင့်ရန် ခပ်မြန်မြန်သွားလိုက်သည်။ အပြင်ဘက်တွင် ရှောင်လုက သူမလက်ထဲ မုန့်ထုပ်လေး ကိုင်ထားရင်း ပြုံးပြကာ ရပ်စောင့်နေခဲ့သည်။

 

 

ပလတ်စတစ်ကနေ မြင်နေရတဲ့ မုန့်ထုပ်ကို ကြည့်မိတော့ သူမ မနေ့က စားခဲ့တဲ့ဟာမျိုး ဖြစ်တာကို ဝိုးတဝါးလေး မြင်နေရသည်။ သူမရဲ့ ပျော်ရွှင်နေတဲ့ စိတ်အစဉ်မှာ ချက်ချင်းပင် တောင်အောက်ခြေထိ ကျဆင်းသွားသလိုပင်။ သူမ မျက်နှာက ပြုံးယောင်သမ်းနေစဉ်မှာပဲ အေးခဲသွားသလိုပင်။

 

 

"ဒင်း-ဒင်း-ဒေါင်-ဒေါင် မနက်စာ ရောက်ရှိကြောင်းပါ!!

အချိန်မှီ ဆောင်ရွက်ပေးနိုင်မှုအတွက် လက်မှန်ထိုးပေးပါ ကြယ်ငါးလုံးပေးဖို့လည်း မမေ့နဲ့နော်"

 

 

စုချန်ယန်က ပါးစပ် ရှုံ့မဲ့ကာဖြင့် မျက်ရည်လေး

တစမ်းစမ်းကျပြကာ ပြောခဲ့သည်။ "ပြန်ပေးလို့ရလား"

 

 

ရှောင်လုက အပြစ်ကင်းစွာ ပြုံးပြပြီး ပြောခဲ့သည်။ "ဆောရီး ဒါတော့မဖြစ်နိုင်ဘူး"

 

 

မနက်စာစားပြီးနောက် စုချန်ယန်က gym ဆီဆွဲခေါ်သွားခြင်းခံခဲ့ရသည်။ သူမ မတတ်နိုင်ပေမဲ့ သူမတွင်

ဘာမှသိပ်မပါပဲ သူမ အစာအိမ်ကို စိတ်ကျေနပ်ခြင်းမပေးနိုင်သည့် ရိုးရိုးနေ့လည်စာသာရှိသည်။

 

 

လင်းယွီက သူမကို ကုမ္ပဏီရဲ့ အရေးပေါ် အစည်းအဝေးအတွက် ကုမ္ပဏီကို ပြန်ခေါ်လာဖို့ ဖုန်းဆက်ပြောလာခဲ့သည်။

 

 

စုချန်ယန်က တစ်မနက်လုံး အားမပါသည့်နံရိုးများဖြင့် လေ့ကျင့်ခန်းလုပ်နေတာကို ရှောင်လု ဖမ်းမိသွားသော်လည်း သူမကို ကားပေါ်သာ ခေါ်သွားတော့သည်။

 

 

'စုချန်ယန်ရဲ့ခန္ဓာကိုယ်နဲ့ ရှောင်လုရဲ့ခန္ဓာကိုယ်ကညတူတယ်ဆိုပြီး အရူးကွက် လာမနင်းနဲ့။ စုချန်ယန်မှာက အဆီတွေပဲရှိတာ ရှောင်လုက တစ်ကိုယ်လုံးကြွက်သားတွေချည်းပဲ' ဒါကြောင့်မို့ ရှောင်လုက စုချန်ယန်ကို မသွားနိုင်လောက်တဲ့ထိ သူမအတွက် လွယ်ကူသည်။

 

 

လမ်းမှာလည်း စုချန်ယန်က အသက်မရှိတဲ့ ရုပ်သေးရုပ်လိုပင်။ သူမ ကုမ္ပဏီဆီ ရှောင်လုရဲ့ အတင်း ဆွဲခေါ်ခြင်းကိုလည်း ခံခဲ့ရသည်။

 

 

ဝန်ထန်းအချို့ရှိတဲ့ အတန်းလိုက်ကြီးကို ဖြတ်သွားပြီးနောက် အစည်းဝေးခန်းရှေ့ ရောက်ရှိသွားကာ ရှောင်လုက တံခါးခေါက်လိုက်သည်။ အထဲက ယန်ရှို့ရီရဲ့ စိတ်တိုနေတဲ့ အော်သံကို အပြင်ကပင် ကြားနေရသည်။

 

 

စုချန်ယန်လည်း လန့်သွားပြီးနောက် တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးလာခဲ့သည်။ ယန်ရှို့ရီလည်း စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ဆွဲပြီး တံခါးဆီ လှမ်းပစ်လိုက်သည်။

 

 

ကြွေခွက်က စုချန်ယန်ရဲ့ ဘေးနားလေးမှာတင် နားကွဲလုမတတ် အသံမြည်သွားကာ မှန်တံခါးပေါ်တွင်

ကွဲကြေကုန်သည်။ လက်ဖက်ရည်ပူ အစက်တွေက စုချန်ယန် မျက်နှာပေါ် စင်သွားခဲ့သည်။

 

 

စုချန်ယန်က လန့်သွားပြီး တောင့်တောင့်ကြီး ရပ်နေမိခဲ့သည်။ လက်ဖက်ရည်ခွက်က သူမ မျက်လုံးနားတင် အစိတ်စိတ် အမြှာမြွှာ ကွဲသွားသည်မှာ သူမ အသားရေကိုတောင် ထိုးဖောက်လုမိမတတ်ပင်။

 

 

သူမ ကြောက်လန့်တကြား မျက်လုံးပြူးနေမိပြီး မျက်ရည်များ ကျလာသည်။ သူမ အရေပြားပေါ်က လက်ဖက်ရည်စက်တွေမှာ အပ်နှင့်ထိုးခံနေရသလိုပင်။ ဒါပေမယ့် သူမ စိတ်ပူချိန်မရလိုက်ပါ။

 

 

အဲ့ဒီ့အချိန်မှာပဲ စုချန်ယန်ရဲ့ နားစည် ကွဲစုမတတ်ကျယ်လောင်သည့် အသံထွက်လာသည်။

 

 

လင်းယွီက သူမရှေ့တွင် စိတ်ပျက်နေသည့် မျက်နှာဘေးဖြင့် ရပ်ပေးခဲ့သည်။

 

 

အစည်းဝေးခန်းက ငြိမ်ကျသွားခဲ့သည်။

 

 

စုချန်ယန်လည်း အလွန်အမင်း အရမ်းတုန်လှုပ်သွားကာ သူမ စိတ်ထဲ ဗလာကျဉ်းသွားခဲ့သည်။

 

 

သူမ တခြားသူတွေရဲ့ ထင်ကြေးတွေကို ဂရုမစိုက်ဘူးဆိုတာက အဲ့ဒီ့ထင်ကြေးတွေက သူမကို အခုလို တကယ့် အန္တရာယ်မျိုး မသက်ရောက်လာနိုင်လို့ပင်။

 

 

တကယ့်တကယ်တမ်းမှာ သူမ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သည်အထိ ဖြစ်လာတာ ကြုံလိုက်ရတော့လည်း သူမတွင် အဲ့လောက်သတ္တိမရှိပါ။

 

 

"ချန်ယန် အဆင်ပြေရဲ့လား"  ရှောင်လုက ပထမဆုံးတုံ့ပြန်လာခဲ့သည်။ စုချန်ယန်ကို သူမနား ဆွဲလိုက်ပြီး လက်ဖက်ရည်စင်ပြီး နီရဲသွားတဲ့ သူမ အသားရေကို စစ်ဆေးလိုက်သည်။

 

 

စုချန်ယန်က မျက်လုံးတွေ နီရဲကာ ခေါင်းခါပြလိုက်သည်။ " ပြေ..ပြေပါတယ်"

 

 

 အစည်းဝေးစားပွဲမှာထိုင်နေတဲ့ ထိန်းနိုင်သိမ်းမရဖြစ်နေတဲ့လူကို စောင့်ကြည့်နေရတာမို့ စိတ်ကို မနည်းဆွဲဆန့်ထားရတာကြောင့် အစည်းဝေးခန်းထဲက မည်သူတစ်ဦးတစ်ယောက်မျှ စုချန်ယန်ကို သတိထားမိပုံမပေါ်ပေ။

 

 

ဖရိုဖရဲဖြစ်နေတဲ့ ယန်ရှို့ရီလည်း လင်းယွီကို အထိတ်ထိတ်အလန့်လန့်နှင့် ကြည့်နေမိသည်။

 

 

လင်းယွီက ငြိမ်သက်နေပြီး သူ့မျက်လုံးများမှာ ဘာခံစားချက်မှ ရှိမနေပေ။ ခဏကြာတော့ စုချန်ယန်ဘက် ကြည့်လိုက်ပြီး မေးခဲ့သည်။ "မစ္စစု အဆင်ပြေရဲ့လား"

 

 

ကျန်တဲ့လူတွေလည်း အခုမှ သတိထားမိပြီး စုချန်ယန်ဘက်ကို လှည့်ကြည့်ခဲ့ကြသည်။

 

 

ကြွေခွက်မှာ မှန်တံခါးဆီ ပစ်ပေါက်လိုက်တာကြောင့် အစိတ်စိတ် အမြှာမြွှာဖြစ်ကုန်ပြီး တစ်စစီပြန့်ကျဲကာ မှန်မှာလည်း အနည်းစိုနေပြီး ကြမ်းပြင်တွင်လည်း ရေတွေက အကွက်လိုက် အိုင်ထွန်းနေခဲ့သည်။