အပိုင်း ၁၆
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၆

 

 

 

 

 

 

စုချန်ယန်က ဒီကိစ္စကို လွယ်လွယ်နှင့် မပြီးစေချင်တာကြောင့် ဘာမှပြန်မပြောခဲ့ပေ။ ရှောင်လု အင်္ကျီကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး နည်းနည်းသတ္တိရှိလာအောင် အားယူနေခဲ့သည်။

 

 

ယခုအချိန်တွင် ယန်ရှို့ရီ၏ ပုံရိပ်က သူမမျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ပင်။ သူမသာ သူ့ကို မတော်တဆထိမိလိုက်လျှင် အသက်ရှင်လျက် မြိုချခံရမတတ် ဖြစ်နေတာကြောင့် သတိကြီးကြီးထားနေရတဲ့အထိ ကြောက်ရွှံ့နေမိသည်။

 

 

အဲ့လိုဆိုပေမဲ့လည်း စုချန်ယန်က သတ္တိရှိလာအောင် အားယူပြီး ပြောခဲ့သည်။"ရှင့်ကို ဘယ်လိုတောင်းပန်ရမယ်ဆိုတာ ဘယ်သူမှ မသင်ပေးထားဘူးလား"

 

 

ထိုသို့ပြောလိုက်ပြီးနောက် ယန်ရှို့ရီသာမက အစည်းဝေးခန်းထဲရှိ လူများအားလုံးက အလွန်အံ့ဩကာ စုချန်ယန်ကို ကြည့်လာကြသည်။

 

 

"ဘာပြောလိုက်တယ်?" ယန်ရှို့ရီက လုံးဝကိုကြက်သေသေသွားကာ ပြောခဲ့သည်။

 

 

"ရှင့်ကို ဘယ်လို တောင်းပန်ရမလဲဆိုတာ ဘယ်သူမှမသင်ပေးထားဘူးလားလို့ညမေးနေတာ!" စုချန်ယန်က အခြားလူများနှင့် စကားများသည့်နေရာတွင် သိပ်မတော်ပေ။ သူမအသံက ထိုသို့ပြောရာတွင် တုန်ယင်နေသည်။ သူမ ထိုလူဘယ်လို တုံ့ပြန်လာမလဲကို ဂရုမစိုက်ပေ။ အကြောင်းမှာ သူနဲ့ပြန်အဆင်ပြေဖို့ မတွေးထားတာကြောင့်ပင်။

 

 

အသည်းဝေးခန်းက ပြန်တိတ်သွားပြန်သည်။

 

 

စုချန်ယန် ရှေ့တည့်တည့်တွင် ထိုင်နေသော လင်းယွီ နှုတ်ခမ်းတွေက ခပ်မဲ့မဲ့ပြုံးကာ သတိပေးလိုက်သည်။

" မစ္စတာ ယန် လက်ဖက်ရည်က အေးသွားရင် မကောင်းဘူးနော်။ ခင်ဗျား ဘယ်လိုကျကျနန တောင်းပန်ရမလဲဆိုတာကို ကုမ္ပဏီက လူ့ကျင့်ဝတ်သင်ပေးတဲ့ဆရာတစ်ယောက်ခန့်ပြီး သင်ပေးမှရတော့မယ်ထင်တယ်"

 

 

ယန်ရှို့ရီ ပေါက်ကွဲလုမတတ် တုန်ယင်လာသည်မှာ  သူ့မျက်လုံးတောင်မှ ထွက်လုမတက်ပင်။

 

 

ဒီလောက်အရှက်ရသည့်ကိစ္စမျိုး အရင်က တစ်ခါမှမကြုံဖူးပေ (အဲ့ဒါကြောင့် အဲ့လောက် လူပါးဝနေတာ🙄)

လက်ဖက်ရည်ခွက်ကို ခွဲချပစ်လိုက်ပြီး ချက်ချင်း Starlight ဖျော်ဖြေးကနေ ထွက်သွားလိုက်ချင်ပေမဲ့ သူ မလုပ်ရဲပေ။ အဲ့လိုသာလုပ်လိုက်ရင် သူ့ဘဝတစ်ခုလုံးမြောင်းထဲ ရောက်သွားမည်ပင်။ ဒါကြောင့် စုချန်ယန်ပြောသလိုသာ သူလုပ်ရတော့မည်။

 

 

သူ ခါးကိုင်းကာ ဦးညွတ်ပြီး တောင်းပန်လိုက်သည်။

 

 

အဲ့လိုလုပ်သည်မှာလည်း နှေးကွေးလွန်းကာ သူ့ဆင်ခြင်တုံတရားကို အချိန်မှ တွန်းပို့လိုက်သည်။

 

 

"မိန်းကလေးစု မင်းကို ထိတ်လန့်စေမိတာကြောင့်

တောင်းပန်ပါတယ်"

 

 

စုချန်ယန်က သူ့ကို ၂စက္ကန့်မျှ တိတ်ဆိတ်စွာကြည့်နေလိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ ခေါင်းငုံ့ပြီးတစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်က သင့်တော်သည့်အပူချိန်ရှိနေပြီး ခပ်ဖျော့ဖျော့ရနံ့လေးက သူမနှာခေါင်းထဲ တိုးဝင်လာကာ စုချန်ယန်ရဲ့ လှုပ်ရှားနေတဲ့ စိတ်ကို အနည်းငယ် တည်ငြိမ်သွားစေခဲ့သည်။

 

 

"ဒီမြင်ကွင်းကို မြင်ပြီးနောက် လင်းယွီလည်း ဘာမှမပြောတော့ဘဲ တခြားသူတွေဘက် လှည့်ကာ

ပြောခဲ့သည်။"အစည်းအဝေးကိုစလိုက်ကြရအောင်"

 

 

"ဟုတ်ကဲ့"

 

 

စုချန်ယန်က ရှောင်လုကို ဆွဲကာ ယန်ရှို့ရီနဲ့ အဝေးဆုံးမှာ ရွေးထိုင်လိုက်သည်။

 

 

အရေးပေါ် အစည်းအဝေးမှာ စုချန်ယန် မျှော်လင့်ထားသလိုပင်။ စုချန်ယန်မှ Starlight ဖျော်ဖြေရေးနှင့်စာချုပ်ချုပ်လိုက်သည် ဟူသည့်တရားဝင်ထုတ်ပြန်ချက်ကြောင့် ဖြစ်ပေါ်လာသော အငြင်းပွားဖွယ် ကိစ္စများကြောင့် စကားလက်ဆုံ ဆွေးနွေးသည့်ရှိုးပွဲကို ထုတ်လွှင့်ချိန်ကို ယနေ့ည ၈နာရီဆီ ပြောင်းရန် ကုမ္ပဏီကသတ်မှတ်လိုက်သည်။

 

 

စုချန်ယန်က မငြင်းပယ်ခဲ့ပေမယ့် ယန်ရှို့ရီကတော့ ထိုကိစ္စအတွက် တာဝန်အရှိဆုံးလူမို့ ငြင်းစရာအခွင့်အလမ်းလုံးဝမရှိပေ။ နောက်ဆုံးမှာတော့ စုချန်ယန်နားမှာရှိတဲ့ လူတွေကို သွားစမ်းလေ သူ့အပေါ်ပိုပြီးအကျိုးသက်ရောက်လေဖြစ်သည်။

 

 

အစည်းအဝေးပြီး သွားပြီးနောက် ရှုယန်က စုချန်ယန်ကို ဆေးရုံ ခေါ်သွားခဲ့ပြီး ဆရာဝန်က သိပ်ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ပါဘူးပြောကာ ရက်သတ္တပတ်မျှလိမ်းဖို့ လိမ်းဆေးပေးလိုက်ပြီး အရေပြားကို ခြောက်ခြောက်သွေ့ သန့်ရှင်းစွာထားဖို့ မှာလိုက်သည်။

 

 

နေ့လည် ၃နာရီခွဲချိန်တွင် သူတို့ကို ဆွေးနွေးပွဲ ရှိုးလုပ်မည့် ခန်းမဆီသွားရန် ကုမ္ပဏီမှ ကားတစ်စီးလွှတ်ပေးခဲ့ပြီး လင်းယွီသည်လည်း လိုက်ပါလာမည်ပင်။

 

 

သူတို့ရောက်မလာခင်အချိန်တွင် သူတို့သည် ဆံပင်ပုံစံကိုပြင်ဆင်နေခဲ့ပြီး စုချန်ယန်က အင်တာဗျူးအတွက်အဖြူရောင် ပေါ့ပေါ့ပါးပါး ပိုးဂါဝန်တစ်ထည် ယူလာပေးဖို့ ရှောင်လုအားပြောကာ သဘာဝမိတ်ကပ် ပုံစံမျိုးကိုသာ ရွေးချယ်လိုက်သည်။

 

 

မိတ်ကပ်ပြင်နေတုန်းမှာပင် လင်းယွီက မိတ်ကပ်ဆရာကို သူမ မျက်နှာပေါ်ရှိ အပူလောင်ထားသည့် အနီစက်မှန်သမျှကို အရမ်းမထိမိအောင် မှာနေသည်။ စုချန်ယန်၏ အသားအရေက အခြေနေကောင်းနေဆဲပင်။ သူမက ခပ်ဖျော့ဖျော့ foundationကို တစ်ထပ်လိမ်းပေးလိုက်ပြီး မျက်လုံးကို ချယ်သပြီးနောက် ချက်ချင်းထသွားဖို့ အဆင်ပြေသွားသည်။

 

 

ညနေပိုင်းအချိန်တွင်  ရှိုးအဖွဲ့သားများမှ သူတို့အတွက် နေ့လည်စာဘူးများ စီစဉ်ပေးလာသည်။ စုချန်ယန်ကအဝေးက အရသာရှိတဲ့ အစားအစာတွေရဲ့ အနံ့ကို ရှူရှိုက်နေမိပြီး ဝက်နံရိုးပေါင်း ပါ‌နေလောက်သည်ကို သိနေခဲ့သည်။ စုချန်ယန်ရဲ့ အနံ့ခံအာရုံက မလွဲနိုင်ပေ။

 

 

နေ့လည်စာဘူးယူပြီး သူတို့ အခန်းထဲ ရောက်လာစဉ် စုချန်ယန်က သရေတမျှားမျှားနှင့် မျှော်လင့်နေမိသည်။ လှပသေသပ်သည့် မိတ်ကပ်ကို ချယ်သထားကာ တံခါးနားရှိ နေ့လည်စာဘူးဆီ ချဉ်းကပ်ဖို့ စူးစိုက်ကာကြည့်နေမိသည်။ သူမ မနေ့ထဲက ကောင်းကောင်းမွန်မွန်ဘာမှမစားရသေးပေ။

 

 

အဒေါ်တစ်ယောက်က သူမကို အစာဘူးတစ်ဘူး

လှမ်းပေးလာတဲ့အခါ သူမအရိုအသေပေးမိလောက်သည်အထိ ကျေးဇူးတင်မိသွားသည်။ ရုတ်တရတ်ပေါ်လာသည့် လက်တစ်စုံက အရသာရှိသော နေ့လည်စာဘူးကို သူမဆီက ယူသွားခဲ့သည်။

 

 

စုချန်ယန်က လက်ရဲ့လားရာအတိုင်း ကြည့်လိုက်ချိန်

သူမနောက်တွင် ခပ်ရေးရေးပြုံးကာ ရပ်နေသည့်

လင်းယွီ၏ လက်ဖြစ်နေသည်ပင်။

 

 

"ချန်ယန် မင်းရဲ့နေ့လည်စာကို နောက်မှ လက်ထောက်ရှုက လာပို့လိမ့်မယ်" လင်းယွီက ပြောခဲ့သည်။

 

 

စုချန်ယန်ရဲ့ ဝက်နံရိုးပေါင်းက ပျောက်ကွယ်သွားခဲ့သည်။ အခုမှရောက်လာသည့် ရှောင်လုဆီ သူမ နေ့လည်စာဘူးကို လင်းယွီ လက်ကမ်း‌ပေးလိုက်တာကို ကြည့်ကာ မျက်ရည်များဝဲလာခဲ့သည်။

 

 

အဲ့ဒီ့တစ်ခဏအတွင်း လင်းယွီ၏ ပုံစံက စုချန်ယန် မျက်လုံးထဲ နတ်ဆိုးတစ်ကောင်လိုပင်။

 

 

ခဏအကြာတွင် ရှုယန်က စုချန်ယန်ရဲ့ ညနေစာကိုယူလာခဲ့သည်။

 

 

ထင်ထားသည့်အတိုင်းပင်။ မြင်ရ‌သလောက်တော့ အသားလုံးဝမပါပဲ အသီးအနှံနှင့် အရွက်များသာသည်။

 

 

စုချန်ယန်က သူမရဲ့သနားစဖွယ် ညစာလေးနှင့်အတူ ထောင့်တစ်ထောင့်တွင် ထိုင်နေပြီး လင်းယွီက အရက်စက်ဆုံးသူ ဖြစ်ကြောင်းကို အသံသေးသေးလေးဖြင့် စိတ်ညည်းညူစွာ အထွန့်တက်ရေရွတ်နေကာ ရှောင်လုနဲ့ အခြားသူတွေ သူတို့ရဲ့ အဆီတဝင်းဝင်း အရသာရှိသည့်အစားအစာတွေ စားနေတာကို ထိုင်ကြည့်နေမိသည်။

 

 

"ဝိတ်လျှော့တယ်ဆိုတာ အစားတစ်လုတ်၂လုတ်လောက်နဲ့  မအောင်မြင်နိုင်မဲ့ ကိစ္စမှမဟုတ်တာ နည်းနည်းလောက် ပေးစားရင်ဘာဖြစ်မှာမို့လို့လဲ"

 

 

"အားမရှိပဲ အလုပ်သမားတစ်ယောက်အနေနဲ့ ဘယ်လိုအလုပ်လုပ်ရမှာတုန်း"

 

 

စုချန်ယန်က အသက်ခပ်ပြင်းပြင်းရှူကာ တွတ်ထိုးနေလိုက်ပြီး သူမ ဘေးပတ်လည်ရှိလူများကို မကျေမချမ်းကြည့်လိုက်သည်။

 

 

သူမ စိုက်ကြည့်တာ ခံနေရသောသူများမှာ နေရထိုင်ရ

အဆင်မပြေတော့ဘဲ နောက်ပြန်လှည့်ပြီး သူတို့ဘာသာဆက်စားနေလိုက်သည်။

 

 

ခဏအကြာတွင် ရှောင်လုက စုချန်ယန်နား ပြန်လာပြီး သူမပါးစပ်ကို သုတ်ကာ ကျေကျေနပ်နပ်ကြီးပြောလာသည်။"သူတို့ နေ့လည်စာဘူးတွေ ဘယ်ဆိုင်က မှာကြလဲ

မသိဘူး။ ဒါပေမဲ့ တော်တော်အရသာရှိတယ် အထူးသဖြင့် ဝက်နံရိုးပေါင်း...."

 

 

သူမ စကားမဆုံးလိုက်ခင် မက်လောက်စရာစကားကို ကြားပြီးနောက် စုချန်ယန်က သူမကို မကျေမနပ်ကြည့်လာပြီး မျက်ရည်ကျလုနီးနီးဖြစ်လာသည်။

 

 

ရှောင်လုလည်း ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး သူမပါးစပ်ကို ဇစ်ဖြင့်ပိတ်လိုက်သလို ဟန်ပန်လေးလုပ်ပြလေသည်။

 

 

စုချန်ယန်က မကျေနပ်သည့်အမူအရာဖြင့် သူမညစာကို သနားစဖွယ် စားနေခဲ့ကာ ထောင့်တစ်နေရာတွင်ထိုင်ပြီး စောင့်အောင့်နေခဲ့သည်။

 

 

သာမန်အားဖြင့် သူမက စိတ်ရှည်တတ်ပေမယ့် သူမစိတ်တိုင်းကျ မစားရသည့် အချိန်တွင် စိတ်ပိုင်းဆိုင်ရာအတက်အကျများ ပြင်းထန်တတ်သည်။ ဒါပေမဲ့ ၎င်းသည်လည်းပဲ ကြာကြာမဟုတ်ပါ။ ခုထိ ၇နာရီ မခွဲသေးတာကြောင့် အချိန်ရှိသေးသည့်အတွက် ရှောင်လုနှင့် ဇာတ်ညွှန်းအကြောင်း လေ့ကျင့်နေရသည်မှာပျင်းစရာကောင်းလာသည်။

 

 

သူမ အတွေ့အကြုံကြောင့် ပရိုဂရမ်မှ တာဝန်ရှိသူဝန်ထမ်းတစ်ဦးက ကောင်းကောင်းနားလည်ပြီး သူမနှင့်ယန်ရှို့ရီကို သီးခြားစီ အခန်း စီစဉ်ပေးထားကာ စောင့်ဆိုင်းစေသည်။

 

 

မိတ်ကပ်ပြင်ပြီးနောက် အခြားသူတွေ အကုန်လုံး အခန်းထဲက ထွက်သွားကြသည်။ လင်းယွီနဲ့ရှုယန်က ဘာလုပ်ရမလဲ သိတာမို့ စုချန်ယန်ကို ရှောင်လုနဲ့သာ လွှဲထားခဲ့ပြီး အခန်းထဲ နေစေခဲ့သည်။

 

 

ရှောင်လုက ဘာကိုမေးသင့်တယ် ဘာကိုမမေးသင့်ဘူးဆိုတာကို အကဲခတ်တတ်သည့် စူးစမ်းတတ်သော

ဉာဉ်ရှိသည်။ ဒါကြောင့် သူမသည် စုချန်ယန်အား ယန်ရှို့ရီနှင့် ပဋိပက္ခအကြောင်းကို တိုက်ရိုက်မမေးပေမယ့် သူမက စကားများတတ်ပြီး တည့်တိုးပြောတတ်သောမိန်းကလေးမျိုးဖြစ်သည်။

 

 

သူတို့ ပြောစကားအရ ရှောင်လုက စစ်သမီးတစ်ယောက်ဖြစ်ခဲ့ပြီး တပ်ထဲမှထွက်လာပြီးနောက် လစာမြင့်သည့်အလုပ်တစ်ခုကို ရှာနေခဲ့သည်။ ထိုစဉ် လင်းယွီက သူမကိုတွေ့သွားခဲ့ပြီး သူမကို စုချန်ယန် လက်ထောက်အဖြစ်ကော ဘော်ဒီဂတ်အဖြစ်ကော ခန့်အပ်ခဲ့ခြင်းပင်ဖြစ်သည်။ သူမတို့၂ဦးမှာ စကားပြောရင်း ပနံ‌သင့်နေကြသည်။

 

 

၈နာရီမခွဲခင် ၁၀မိနစ်အလိုမှာ ရှုယန်က စင်နောက်တွင် အသင့်နေရာယူပြင်ဆင်ဖို့ သူတို့ကို သတိပေးဖို့ဝင်လာခဲ့သည်။

 

 

စုချန်ယန်က ရှုယန်ခေါ်သွားတဲ့ စင်နောက် လိုက်သွားစဉ် လင်းယွီနဲ့ ယန်ရှို့ရီလည်းရှိနေပြီဖြစ်သည်။

 

 

ပရိုဂရမ်၏ အစီစဉ်မှူးမှာ ၃၀ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက လှလှပပ ဝတ်ဆင်ထားပြီး သူမရဲ့ မိတ်ကပ်အပြင်အဆင်က နဂိုထက်ငယ်ရွယ်သည့်ပုံပေါ်စေသည်။ သူမက လင်းယွီနဲ့ ယန်ရှို့ရီတို့ရှေ့တွင် ရပ်ကာစကားပြောနေခဲ့သည်။

 

 

ယန်ရှို့ရီက စုချန်ယန်လို သာမန်ဝတ်စုံ မဟုတ်ဘဲ သူနှင့် ကွက်တိလိုက်ဖက်သည့် အပြာရောင် ဝတ်စုံပြည့်ကို ထည်ဝါစွာ ဝတ်ဆင်ထားသည်။ သူ့ဆံပင်မှာ အသေးစိတ် ပုံသွင်းထားပြီး သူ့မိတ်ကပ်မှာ စုချန်ယန်ထက် အနုစိတ်လေသည်။

 

 

ဆန်းဆန်းပြားပြား ဝတ်စုံဝတ်ထားသော်လည်း

မော်ဒယ်တစ်ဦးနဲ့ ယှဉ်နိုင်လောက်သည့် ပုံရိပ်ရှိသည့် လင်းယွီနှင့် ယှဉ်လျှင် နိမ့်ကျနေသေးသည်။

 

 

လင်းယွီဆီမှ ထွက်ပေါ်နေသည့် အရောင်အဝါများသည် လူတိုင်းက တငေးတမော ငေးကြည့်ရသည့် ခံစားမှုကို ကြာရှည်စွာ တင်ကျန်ရစ်စေသည်။

 

 

တကယ်တော့  သူ့မျက်နှာပေါက်အရ လင်းယွီ၏ ဘေးတိုက်မျက်နှာအနေအထားမှာ ပိုပြီးပေါ်လွင်နေသည်။ သို့သော် သူ့ခပ်နက်နက် မျက်လုံးအရောင်မှာ အနောက်တိုင်း ဆန်ဆန်အရောင်မျိုး ပြည့်လျှံနေခဲ့သည်။

 

 

မတူကွဲပြားသည့် ဆွဲဆောင်မှု၂မျိုးစလုံးက သူ့ဆီမှာပေါင်းစပ်နေသည်။ ဒေသတစ်ခုစီ၏ ပြောင်မြောက်လှသည့် ပုံပန်းသဏ္ဌာန်ကို ထိန်းသိမ်းနေရသကဲ့သို့ပင်။ သူအဲ့ဒီ့နေရာမှာ ရပ်နေရုံနဲ့တင် သူ့ပုံစံမှာ ယန်ရှို့ရီလိုလူမျိုးနှင့် ယှဥ်လျှင် ခရေစေ့တွင်းကျ ဖြတ်ညှပ်ကပ်လုပ်ထားသည့် တန်ဖိုးကြီး မဂ္ဂဇင်းအဖုံးတစ်ခုသဖွယ် ကြည့်ကောင်းလှသည်။ သူတို့၂ယောက်လုံးရဲ့ခေါင်းက သူမဘက် တစ်ပြိုင်တည်းလှည့်လာပြီး စုချန်ယန်လာနေသည်ကို သတိထားမိသွားကြသည်။