အပိုင်း ၁၇
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၇

 

 

 

 

 

 

လင်းယွီနဲ့ အစီစဉ်မှူးက သူမကို ပြုံးကာကြည့်လာသော်လည်း စုချန်ယန်ကို မြင်ချိန် မတူမတန်သလို ကြည့်လာခဲ့သည်။ အထူးသဖြင့် သူမရဲ့ သာမန်ဝတ်စားဆင်ယင်မှုကြောင့်ပင်။

 

 

"ချန်ယန် ဒီကိုလာလေ"လင်းယွီက လှမ်းခေါ်ခဲ့သည်။

 

 

စုချန်ယန်က ယန်ရှို့ရီ၏ တုံ့ပြန်လာမှုကို ဂရုစိုက်မနေဘဲ သူတို့ရှိရာဆီ မြန်မြန်လျှောက်သွားလိုက်သည်။

 

 

"မစ္စတာလင်း" စုချန်ယန်က ခေါင်းငြိမ့်ပြုံးပြကာ လင်းယွီကို နှုတ်ဆက်လိုက်သည်။

 

 

"ဒါကတော့ အစ်မ လီ။ စုကျားအစီစဉ်ရဲ့အစီအစဉ်မှူး"

လင်းယွီက မိတ်ဆက်ပေးခဲ့သည်။

 

 

စုချန်ယန်က ခေါင့်ငြိမ့်ကာ မစ္စလီဆီ လက်ကမ်းပြီး ပြန်နှုတ်ဆက်လိုက်သည်။"မင်္ဂလာပါအစ်မ ကျွန်မက စုချန်ယန်ပါရှင့်"

 

 

မစ္စလီက စုချန်ယန်ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး ပြန်ပြောခဲ့သည်။"မင်္ဂလာပါ တကယ်လို့ ပရိုဂရမ်ရိုက်နေတုန်း အင်တာဗျူးမှာ စကားမှားတာမျိုးရှိလာခဲ့ရင် အစ်မကို ခွင့်လွှတ်ပါနော်"

 

 

စုချန်ယန်က ပရိုဂရမ်မှအင်တာဗျူးအများစုသည်

ပရိုဂရမ်မှ ကြိုတင်ပြင်ဆင်ထားသည့် ဇာတ်ညွှန်းအရ

အစီအစဉ်မှူး မေးကိုမေးရမည့် မေးခွန်းများဖြစ်ပြီး အနုပညာရှင်များအတွက် ဖြေဖို့ခက်ခဲစေနိုင်ကြောင်း သူမသိထားသည်။

 

 

စုချန်ယန်က ခေါင်းခါကာ ပြုံးပြလိုက်ပြီး ပြောခဲ့သည်။ "စိတ်မပူပါနဲ့ အစ်မလီ"

 

 

စုချန်ယန်က သင့်တော်သလိုသာ ပြုမူခဲ့သည်။ သူမကို ထောက်ခံကူညီပေးထားသည့် သူများ မျက်နှာမပျက်ရအောင် အစီစဉ်မှူးကို တမင်ကျေနပ်အောင် ပြောဆိုခြင်းမမည်သလို သူမအား အရေးမစိုက်ဟန်လည်းမပြုပေ။

 

 

ခဏအကြာတွင် အင်တာဗျူးကို တိုက်ရိုက်ထုတ်လွှင့်ခြင်း စတင်ခဲ့သည်။ အစီအစဉ်မှူး မစ္စလီမှ အဖွင့်အမှာစကားပြောပြီး ပရိသတ်များနှင့် ဖက်လှဲတကင်းနှုတ်ဆက်ကာ စတင်ခဲ့သည်။

 

 

စုချန်ယန်က စင်နောက်ရှိကြီးမားသည့် ပိတ်ကားကို

ကြည့်လိုက်ချိန် တဟုန်ထိုး မြင့်တက်နေသည့် ကြည့်ရှုသူအရေအတွက်ကို မြင်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယန်ရှို့ရီသည် အဖြစ်ပျက်များကို ရှုပ်ထွေးစေခဲ့သော်လည်း သူက အောင်မြင်သည့် အနုပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် အခမ်းအနားကို ကြည့်နေသည့်လူအရေအတွက်မှာ သေချာပေါက် များပြားပေလိမ့်မည်။

 

 

လင်းယွီက သူ့ကိုယ်သူမသိလိုက်ဘဲ စုချန်ယန်ဆီ သွားနေမိကာ နွေးထွေးစွာ မေးလိုက်သည်။"အဆင်သင့်ဖြစ်ပြီလား"

 

 

စုချန်ယန်က စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းသွားပြီးနောက် သူ့ကျဉ်းမြောင်းလှသည့် မျက်လုံးများကိုမော့ကြည့်ကာ ခေါင်းငြိမ့်လျက် ပြန်ဖြေလိုက်သည်။

" ဟုတ်ကဲ့ အဆင်သင့်ဖြစ်ပါပြီ"

 

 

လင်းယွီက ခေါင်းငြိမ့်ပြလိုက်ပြီး ခဏရပ်သွားကာ

သူ့အသံကို လျှော့လျက်ပြောခဲ့သည်။ "တကယ်လို့ အစီစဉ်အမှူးက ဇာတ်ညွှန်းထဲ မပါတာတွေမေးလာရင် အမှန်တိုင်းသာ ဖြေလိုက် သဘောပေါက်လား"

 

 

သူ့အသံကို တိုးလိုက်တာကြောင့် စုချန်ယန်ကြားအောင် အနည်းငယ် သူမဘက် ကိုင်းထားပေမဲ့ မထိအောင် ခန္ဓာကိုယ်ချင်း အနည်းငယ်ခြားထားသည်။

 

 

စုချန်ယန်က လိုက်နာသည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

 

 

ထို့နောက် "ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းတို့ မစောင့်နိုင်ကြတော့ဘူးဆိုတာသိပါတယ် ကျွန်မတို့ရဲ့ ဧည့်သည်နှစ်ယောက်ကိုဖိတ်ခေါ်လိုက်ရအောင်" ဟူသည့် အစီစဉ်မှူး၏ အသံထွက်လာခဲ့သည်။

 

 

"သွားတော့လေ" လင်းယွီက ပြောခဲ့သည်။

 

 

"ဟုတ်ကဲ့"စုချန်ယန်က ပြန်ဖြေခဲ့သည်။

 

 

စုချန်ယန်က ယန်ရှို့ရီနောက် လိုက်သွားပြီး စတူဒီယိုထဲအတူတူဝင်သွားလိုက်သည်။

 

 

"နှစ်ယောက်သား ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးကြပါဦးနော်" အစီစဉ်မှူးက မတ်တပ်ရပ်ပြီး သူတို့၂ဦးကို ကြည့်ကာပြောလာခဲ့သည်။

 

 

ယန်ရှို့ရီက ကင်မရာဘက်ကို ကြည့်လိုက်ပြီး ကျွမ်းကျင်သည့် အပြုံးဖြင့် ပြုံးပြကာ နှုတ်ဆက်ခဲ့သည်။  "မင်္ဂလာပါ ကျွန်တော်က ယန်ရှို့ရီပါ"

 

 

စုချန်ယန် သူမကိုယ်သူမ မိတ်ဆက်ခါနီးမှာပင် ယန်ရှို့ရီက သူမကို ရုတ်တရတ် ကြည့်လာကာ သူမ မပြောရသေးခင် အရင်ပြောလိုက်သည်။"ဒါကတော့ ကျွန်တော့ရဲ့ဂျူနီယာ ညီမလေး စုချန်ယန်ပါ"

 

 

စုချန်ယန်က သူဘာတွေကြံနေမှန်းမသိတာကြောင့် တည်ငြိမ်သည့် မျက်နှာဘေးဖြင့် ကင်မရာဘက် ကြည့်ကာ နှုတ်ဆက်လိုက်သည်။"အားလုံးပဲ မင်္ဂလာပါ ကျွန်မက စုချန်ယန်ဖြစ်ပါတယ်"

 

 

ပိတ်ကားပေါ်ရှိ တရစပ် ရိုက်ကူးနေသည့် မြင်ကွင်းမှာအရိုင်းဆန်လွန်းလှပြီး  ရင့်သီးသည့် စကားတချို့လည်းပါနေခဲ့သည်။

 

 

စုချန်ယန်က ပိတ်ကားဘက်ကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်မိပြီး မျက်လွှာချလိုက်ကာ ထိတ်လန့်တုန်လှုပ်မိသွားပြီး ဂါဝန်အနားစကို လက်နှစ်ဖက်လုံး

ဖြင့်ဆွဲချလိုက်လေသည်။

 

 

ယန်ရှို့ရီက သူမကို မျက်လုံးထောင့်ကပ်ကာကြည့်လာပြီး သူ့မျက်လုံးထဲ အထင်သေးသည့်အရိပ်အယောင်များ လှစ်ခနဲပေါ်လာသည်။

 

 

စုချန်ယန်က ဒီလိုအင်တာဗျူးပရိုဂရမ်တွင် ပါဝင်ဖူးသည်မှာ ပထမဆုံးဖြစ်မှန်းသိထားပြီး ဒါကလည်း သူနှင့်အတူတူ အင်တာဗျူးဖြေရခြင်းပင်။

 

 

ဒါကြောင့်မို့ သူမ တစ်ခုခုထူးခြားစွာ တုံ့ပြန်လာရင်တောင်မှ သူ မအံ့ဩတော့ပါ။ သူ့ကိုလည်း မလေးမစားဆက်ဆံဖို့ သတ္တိမရှိလောက်တာမို့ သူ့အနေနဲ့သိပ်မစိုးရိမ်တော့ပေ။ အဲ့ဒီ့နေ့တုန်းက သူမကြောင့် သူအရှက်ကွဲခံခဲ့ရပြီး ဒီနေ့ညတော့ အဲ့ဒီ့နေ့အတွက် နည်းနည်းချင်း လက်တုံ့ပြန်သွားတော့မည်ဖြစ်သည်။

 

 

"ထိုင်ကြပါ" အစီစဉ်မှူးက သူတို့၂ယောက်ကို ထိုင်ဖို့ ပြောလာခဲ့သည်။

 

 

စတူဒီယိုထဲတွင် ဆိုဖာ၂လုံးရှိသည်။ တစ်ခုမှာ အစီစဉ်မှူးအတွက်ဖြစ်ပြီး နောက်တစ်ခုမှာ ဧည့်သည်များအတွက်ဖြစ်သည်။

 

 

သူမတို့ ထိုင်မလိုပြင်နေတုန်းတွင် စုချန်ယန်က ပိတ်ကားပေါ် စိတ်မချမ်းမြေ့ဖွယ် စကားလုံးများ စာတန်းထိုးပြ‌နေသည်ကို ငေးကြည့်နေတုန်း ယန်ရှို့ရီက အရင်ထိုင်ဖို့ လက်ဦးမှုရယူလိုက်သည်။

 

 

စုချန်ယန်က သူမနှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ယန်ရှို့ရီနဲ့ ၂‌ယောက်စာ အကွာလောက်တွင် ဝင်ထိုင်လိုက်သည်။ သူမ တကယ်ကို ထိုသူနှင့် နီးနီးကပ်ကပ်မထိုင်ချင်ပါ။

 

 

"ဘော့စ်လင်း ချန်ယန်ကို ကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ တိုက်ရိုက်ထုတ်လွှင့်မှုပေါ်က ပရိသတ်တွေရဲ့ တရစပ်ဝေဖန်‌မှုတွေကြောင့်များ နေရခက်နေလားမသိဘူး။ ပရိုဂရမ်အဖွဲ့ကို ပိတ်ဖို့ ပြောလိုက်ရမလား " ရှောင်လုက စင်ဘေးမှရပ်ကြည့်နေကာ စိုးရိမ်တကြီးပြောလိုက်သည်။

 

 

လင်းယွီက သူ့ခေါင်းကိုခါပြီး ပြောလိုက်သည်။ "မလိုဘူး"

 

 

တ‌ဖြည်းဖြည်းနှင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် live အောက်တွင် ကောမန့်များပေါ်လာခဲ့သည်။

 

 

"စုချန်ယန်ကြည့်ရတာ သနားစရာလေး ကြည့်ရတာ အဆင်မပြေဘူးထင်တယ်"

 

 

"ယန်ရှို့ရီရဲ့ fanဆိုတဲ့ ဟာတွေ! နင့်တို့ဦးနှောက်တွေကသေနေကြတာလား! ဒီလိုအချိန်မျိုးမှာတောင် လာဆဲနေကြတယ်"

 

 

"စုချန်ယန်က ယန်ရှို့ရီကြောင့် PTSD ခံစားနေရတယ်လို့ငါခံစားမိတယ်။ အဲ့ကောင်နားတောင် နီးနီးကပ်ကပ်မနေရဲရှာဘူး"

 

 

"သူ့ကို ဂျူနီယာညီမလေးလို့ ခေါ်လိုက်ပေမယ့် စုချန်ယန်ကပဲ အဲ့တရားခံလိုကောင်ကို အတင်းလိုက်ကပ်နေသလိုပုံစံနဲ့ ဒီထဲမှာဝင်ပြောနေကြတဲ့ ဦးနှောက်သေသလိုဖြစ်နေတဲ့ဟာတွေက ရှိနေသေးတယ်"

 

 

စကားစမြည် အနည်းငယ်ပြောပြီးနောက် အစီစဉ်မှူးကမေးခွန်းတချို့ စမေးလိုက်တော့သည်။

 

 

"ချန်ယန် မင်းရဲ့ ပထမဆုံးဇာတ်ကားကို ကြည့်ဖူးတယ်

အရင်ကထက် ဝိတ်နည်းနည်း ပိုတက်လာတာလား? ဒီမေးခွန်းက စော်ကားတာတော့မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ပါ" အစီစဉ်မှူးက ပြုံးကာမေးခဲ့သည်။

 

 

စုချန်ယန်လည်း အတင်း လုပ်ပြုံးလိုက်ပြီး သူမခေါင်း

ကိုခါကာပြန်ပြောခဲ့သည်။"ရပါတယ် ကိစ္စမရှိပါဘူး လတ်တလောမှာ အိပ်ရေးနဲ့ပက်သက်ပြီး အကျင့်ပျက်နေတာကြောင့် ကောင်းကောင်းအိပ်မရလို့ ဝိတ်တက်လာတာပါ"

 

 

စုချန်ယန် လက်ထောက်က ရယ်မောကာပြောခဲ့သည်။ "စုချန်ယန်ကို အဲ့လောက် လုပ်ကြံပြောတတ်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး"

 

 

စုချန်ယန်ရဲ့ လက်ထောက်တစ်ယောက် အနေနဲ့ စုချန်ယန်က လတ်တလော မတရားစားသောက်နေခဲ့ပြီး ဝိတ်တက်လာတာကို မသိဘဲ ဘယ်နေပါ့မလဲ? အဲ့ဒါကြောင့်မို့လို့ လင်းယွီက စားသောက်သည့်နေရာတွင် ချုပ်ကိုင်ထားကာ သူမဝိတ်ကျအောင် ကူညီပေးနေခြင်းပင်။

 

 

စုချန်ယန်က ပြည့်ပြည့်ဖြိုးဖြိုးဖြစ်ကာ လှနေသေးသော်လည်း သူမ နေနေရသည့်နေရာက အနုပညာလောကဖြစ်သည်။ ယခုပုံစံက စုချန်ယန်၏ ကဏ္ဍအား ကန့်သတ်လာနိုင်ပြီး ပိတ်ကားကြီးထက်တွင် ပိုဝနေသယောင်ဖြင့် ပေါ်နေလိမ့်မည်။

 

 

ထိုစကားအား ကြားပြီးနောက် အစီစဉ်မှူးမှ သိပြီဖြစ်ကြောင်း အထာနှင့် "အို့"ဟု တုံ့ပြန်ကာ ယန်ရှို့ရီဘက် လှည့်လိုက်သည်။

 

 

"ရှို့ရီ မင်းရော ဒီကိစ္စနဲ့ ပက်သက်ပြီး ဘယ်လိုထင်လဲ"

 

 

ယန်ရှို့ရီက တည်ငြိမ်စွာနဲ့ ပြောခဲ့သည်။ "အိပ်ရေးနဲ့ ပက်သက်ပြီး ပြဿနာရှိတယ်ဆိုတာ လူ‌ငယ်တွေအတွက်ထုံးစံပါပဲ။ ဂျူနီယာညီမလေးက အိပ်ယာမဝင်ခင် နွားနို့သောက်တတ်ပြီး ဖုန်းမကိုင်ဖြစ်တာများတယ်"

 

 

တိုက်ရိုက်ထုတ်လွှင့်နေမှု၌ ကောမန့်များက ရောထွေးကုန်ကြသည်။

 

 

"အဲ့ဒါက အရမ်းလွန်သွားပြီ မဟုတ်ဘူးလား!"

 

 

"စုချန်ယန် ဘာလို့ မအိပ်နိုင်တာလဲဆိုတာကို ယန်ရှို့ရီကမသိဘူးတဲ့လား"

 

 

"မနေ့တုန်းကတော့ ရှိုးမှာ ယန်ရှို့ရီက စုချန်ယန်ကိုတောင်းပန်လိမ့်မယ်လို့ ထင်ထားခဲ့တာ"

 

 

"သူတို့၂ယောက် အတူတွဲထိုင်နေတာ ထူးဆန်းတယ်လို့မထင်ဘူးလား။ ချန်ယန်က သူ့ကိုကြောက်နေသလိုပဲ"

 

 

"ထောက်ခံတယ်"

 

 

"စုချန်ယန်ရဲ့မျက်နှာမှာ ဒဏ်ရာရှိနေတယ်။ အပူလောင်ထားသလိုပဲ။ ဒဏ်ရာက သိပ်မကြာလောက်သေးဘူး"

 

 

"မင်းတို့၂ယောက် တစ်ယောက်နဲ့တစ်ယောက် စဆုံကြတုန်းက အချင်းချင်း ဘယ်လိုမြင်ကြလဲ"

 

 

ယန်ရှို့ရီ - "ကျွန်တော်ရဲ့ ချန်ယန်အပေါ် ပထမဆုံးအမြင်က သူမက သိပ်ဖော်ဖော်ရွေရွေမရှိဘူး။ သူမက စကားပြောရတာ မကြိုက်တဲ့ပုံမျိုး။ သူမရဲ့ပင်ကိုယ်စရိုက်က သူမနဲ့ မတူဘဲ နည်းနည်းကွဲထွက်နေတယ်"

 

 

စုချန်ယန်လည်း ထပ်တိုးကာ ပြောခဲ့သည်။ "မစ္စတာယန်အပေါ် ညီမရဲ့ပထမဆုံးအမြင်ကတော့တစ်ယောက်ယောက် ဆီမှာ နစ်မြောနေတဲ့ပုံစံမျိုးပါ"

 

 

ထိုအရာကို ကြားလိုက်ရတော့ ယန်ရှို့ရီ မျက်နှာက ချက်ချင်း မှောင်မဲသွားသည်။ ရိုက်ကွင်းကနေခွင့်ပြုချက်မရဘဲ ထွက်သွားတတ်သည်ဟူသော သူနှင့်ပက်သက်သည့် ကောလဟာလ‌များ ရှိနေခဲ့ကြောင်း အတန်ကြာအောင် သတင်းပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။ အခုတော့ စုချန်ယန်က မပါမဖြစ် သူ့ကိုထောက်ပြပေးခဲ့သည်။

 

 

"ဟားဟားဟား ယန်ရှို့ရီရဲ့ နစ်မြောနေမှုကြီးကတော့ဟာသပဲဟေ့"

 

 

"ယန်ရှို့ရီက ရိုက်ကွင်းက ခွင့်ပြုချက်မရှိဘဲ ထွက်သွားတတ်တာ တစ်ခါထဲမှမဟုတ်တာ"

 

 

"ရီရတယ်လို့တော့ မထင်ဘူး။ ယန်ရှို့ရီ ခုနကပြောခဲ့သလိုဆို စုချန်ယန်သာ အနေအေးတတ်တဲ့ သူသာဆိုရင်အဲ့လောက်အကြာကြီး အဝေဖန်ခံနေမှာမှမဟုတ်ဘဲ"

 

 

"ယန်ရှို့ရီက စုချန်ယန်ရဲ့ ခံစားချက်ကို လုံးဝဂရုမစိုက်သလိုခံစားရတယ်။ သူလုပ်ခဲ့တာတွေအတွက် သူမရဲ့ပရိသတ်တွေကို ပြန်တောင်းပန်မယ့် ပုံလည်းမပေါ်ဘူး။ ငါသာ စုချန်ယန်ဆိုရင် သူ့ဘေးနားမှာ ထိုင်ရတာနဲ့တင် ရွံလို့သေတော့မယ်"