အပိုင်း ၁၈
Viewers 1k

 

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၁၈

 

 

 

 

 

ပြည်သူတွေက စုချန်ယန်က ယန်ရှို့ရီကို တစ်ခါမှ လိုက်ကပ်ကာ ပိုးပန်းခဲ့တာမျိုး မရှိဘူးဟု ယုံသည်။ သူတို့က ယန်ရှို့ရီရဲ့ အထက်စီးဆန်တဲ့ပုံစံကို မနှစ်မြို့ကြခြင်းပင်။

 

 

အစီစဉ်မှူးက အမှန်တိုင်း အကုန်ချမပြခင် နောက်ထပ် မဆီ‌လျှော်တဲ့ မေးခွန်းအနည်းငယ်ကို မေးခဲ့သည်။

 

 

"ရှုရီ မင်းရှုတင်မှာတာဝန်ကျနေတုန်း ခိုးထွက်ပြီး သွားနေကျဆိုတာ ဟုတ်လား"

 

 

ယန်ရှို့ရီက သူ့အပြုံးကို ဂရုတစိုက်ပြုံးဟန်ပြုပြီး ပြန်ပြောခဲ့သည်။ "ရှုတင်နားချိန်လောက်မှ ကျွန်တော်အပြင်ခဏထွက်ခဲ့တာပါ"

 

 

"အမျိုးသမီး သရုပ်ဆောင်ဘက်က မင်းကိုအတင်းလိုက်တာကို သည်းမခံနိုင်လို့ ရှုတင်ကနေ ခဏခဏထွက်သွားခဲ့တယ်ဆိုတာကရော အမှန်ပဲလား"

 

 

ယန်ရှို့ရီက စုချန်ယန်ကို မသိမသာကြည့်လိုက်သည်။

 

 

စုချန်ယန်က ခေါင်းငုံ့လိုက်မိပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

 

 

ယန်ရှို့ရီက ခပ်ဟဟရယ်ကာ ပြောခဲ့သည်။ "မဟုတ်ပါဘူး တစ်ခန်းပြီးသွားတော့ အကြာကြီးစောင့်‌နေရတာမို့လို့ ပျင်းလာတာကြောင့် ရှုတင်ကနေ ထွက်လာလိုက်တာ။ ဒီကဂျူနီယာညီမလေးက အတည်ပြုပေးပါလိမ့်မယ် ဟုတ်တယ်မလား ချန်ယန်?"

 

 

စုချန်ယန်က သူမ အတွေးတွေထဲက ရုန်းထွက်လိုက်ပြီး ခေါင်းငြိမ့်ကာ မပြောခင် တဒင်္ဂမျှ ထိတ်လန့်နေခဲ့သည်။

"ဟုတ်ပါတယ် ကျွန်မမှာ ရိုက်စရာအခန်းနည်းနည်းကျန်နေခဲ့ပြီး မစ္စတာယန်ကို သိပ်မမြင်ခဲ့လိုက်မိဘူး။ သူက တကယ့်ကို နစ်မြောနေတတ်တဲ့သရုပ်ဆောင်ပါ"

 

 

"အဲ့လိုလား" အစီစဉ်မှူးက ပဟေဋိများဖြင့် မေးခဲ့ပြန်သည်။ "ဒါဆို မားကတ်အကောင့်တွေဘက်က  စုချန်ယန်ကသာ မင်းကို လိုက်နှောင့်ယှက်နေတဲ့သူပါလို့ ဘာလို့ပြောကြတာလဲ"

 

 

ယန်ရှို့ရီကမတတ်နိုင်သည့်ပုံစံဖြင့် သက်ပြင်းချကာပြန်ဖြေခဲ့သည်။"အစ်မ အဲ့ဒီ့မားကတ်အကောင့်က သတင်းတွေကို ယုံတာပဲလား။ တစ်စုံတစ်ယောက်က သူတို့ကိုလုပ်ကြံရေးဖို့ ခိုင်းနိုင်တာပဲလေ။ ကျွန်တော့်ရဲ့သတင်းနဲ့ပက်သက်လာရင် ဘယ်အရာမဆို ဝုန်းဒိုင်းဆိုပြီး သတင်းတွေက ပြန့်နေကျပဲ"

 

 

ယန်ရှို့ရီက စကားပြောရာတွင်အလွန်ကျွမ်းကျင်သည်။

 

 

အစကတော့ သူက မားကတ်အကောင့်သမားတွေကိုစော်ကားသလိုလိုနဲ့ ပြောခဲ့ပေမဲ့ တိုက်ရိုက်ထုတ်လွှင့်နေသည့် အခန်းထဲတွင် ပရိတ်သတ်တွေအား တစ်ခုခုကိုပြောပြနေသလို အရိပ်အမြွက်တစ်ချို့ကို ထောက်ပြနေခဲ့သည်။ သူ့ကျော်ကြားမှုကို အသုံးချပြီး အာရုံစိုက်ခံရမှုတွေ ပိုလိုချင်တာကြောင့် အဲ့ဒီ့်မားကတ်အကောင့်တွေက သူ့အပေါ် စုချန်ယန်က စွဲလမ်းနေခဲ့သည်ကို ကြေငြာပေးခဲ့တာမျိုးလည်း ဖြစ်နိုင်သလိုပင် ပြောခဲ့သည်။

 

 

နောက်ဆုံးတော့ မားကတ်အကောင့်ဆိုသည်မှာ ပိုက်ဆံပေးရင် ဘာမဆိုရေးပေးသည် မဟုတ်လား?

 

 

ထင်ထားသလိုပင် ကောမန့်များက ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။

 

 

ရှောင်လုက ပိတ်ကားထက်ရှိ တရစပ်ထိုးနှက်နေသည့်စကားလုံးများကို မြင်နေရတာကြောင့် မနည်းစိတ်ထိန်းထားရကာ ပါးစပ်မှလည်း ဆဲနေမိသည်။"သေလေ ယန်ရှို့ရီက အခုစုချန်ယန်က သူ့ရဲ့ကျော်ကြားမှုကို အသုံးပြုပြီး အာရုံစိုက်ခံချင်နေတယ်လို့ ဆိုလိုချင်တာလား"

 

 

လင်းယွီက စတူဒီယိုခန်းမထဲမှ အခြေအနေကို အကဲခတ်နေပြီး ဘာမှမပြောပဲနေခဲ့သည်။

 

 

စုချန်ယန်က ဟန်လုပ်ပြုံးကာပြောခဲ့သည်။ "အကယ်၍ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ မစ္စတာယန်ကို လုပ်ကြံပြောဆိုဖို့ အတွက်လောက်နဲ့ မားကတ် အကောင့်တွေကို ပိုက်ဆံပေးဖို့ ဆိုတာက ငွေကြေးအင်အားတော်တော်များများ လိုအပ်မှာ‌ပဲနော်။ ကြီးကြီးမားမား အကွက်ချပြီး လိုက်နှိုးဆော်ဖို့ ဆိုတာကလည်း အဆက်အသွယ် ကောင်းကောင်းရှိမှပဲရမှာ။ လူသိများတဲ့ မဂ္ဂဇင်းတွေပေါ်မှာတောင် မိသားစုနဲ့ ပက်သက်တာတွေ ပါလာနိုင်တယ်နော်။ မစ္စတာယန် အစ်ကိုတကယ်ကိုသတိထားပြီး ဂရုစိုက်သင့်နေပြီ"

 

 

အဲ့လိုပြောပြီးနောက် စုချန်ယန်က စိတ်ပူနေယောင်ဆောင်ကာ ယန်ရှို့ရီဘက်ကို ငဲ့ကြည့်လိုက်ပြီးသွယ်ဝိုက်ကာ ဖြေရှင်းလိုက်သည်။

 

 

အကယ်၍ တစ်စုံတစ်ယောက်မှ ကောလဟလတွေအရ ရည်ရွယ်ချက်ရှိရှိ ပြန့်စေခဲ့တာဆိုတာက ယန်ရှို့ရီမှ ရိုက်ကွင်းမှ အကြိမ်ပေါင်းများစွာ ထွက်သွားခဲ့ဖူးသည်မှာ သူ့အား နာမည်ကြီး သရုပ်ဆောင် မင်းသမီးတစ်ဦးမှ လိုက်ခြင်းခံနေရတာကြောင့်ဆိုလျှင် အနုပညာလောကထဲက မည်သူမဆို ဖြစ်နိုင်ပေသည်။ ဒါပေမဲ့ စုချန်ယန်တော့မဖြစ်နိုင်ချေ။

 

 

ဘာလို့လဲဆိုတော့ အဲ့ဒီ့အချိန်တုန်းက သူမက လုပ်ငန်းထဲတွင် တစ်နှစ်အောက်သာရှိသေးသည့် တက်သစ်စ လူငယ်တစ်ဦးသာ ဖြစ်နေခဲ့သည်ပင်။ ထိုသို့အခြေနေနှင့် ပိုက်ဆံမရှိ နောက်ခံ အနေအထားမရှိဖြစ်ကာ သူမကုမ္ပဏီရဲ့ ဘေးဖယ်ထားတာတောင် ခံခဲ့ရသည် မဟုတ်လား။ သူမအနေနနဲ့ အဲ့လိုလုပ်နိုင်လောက်တဲ့ အခြေအနေလည်း မရှိသည့်အပြင် အဲ့လိုလုပ်ဖို့လည်း မလိုပေ။

 

 

ဒါပေမဲ့ အနုပညာလောကထဲ ယန်ရှို့ရီကို နာမည်ဖျက်ဖို့လောက်နဲ့ မားကတ်အကောင့်တစ်ခုလုံးကို ပိုက်ဆံဖြုန်းကာဝယ်ပြီး မဟုတ်မမှန် ပြောဆိုဖို့လောက်ထိ အင်အားမရှိပေ။ ဆိုတော့ကာ အဖြေမှာ ယန်ရှို့ရီဘက် ပြန်ဦးတည်နေပြီပင်။

 

 

အဲ့လောက် လုပ်နိုင်တဲ့အင်အားမျိုးနဲ့ လူသာရှိခဲ့မယ်ဆိုရင် အဲ့ဒီ့လူက ယန်ရှို့ရီကိုယ်တိုင်ပဲ ဖြစ်သည်။ သူလုပ်ခဲ့သည့် အကြောင်းရင်းမှာလည်း ခန့်မှန်းဖို့ မခက်လောက်ပါ။ သူ့အနေနဲ့ကြားခံနယ်လေးတစ်ခုလိုအပ်ခဲ့ရုံသာဖြစ်ပြီး ထိုသူမှာလည်း သေချာပေါက် စုချန်ယန်သာလျှင်ဖြစ်သည်။

 

 

အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်အပေါ် အပြစ်ပုံလွှဲချဖို့အတွက်နဲ့....

 

 

ယန်ရှို့ရီက စုချန်ယန် သူ့ကို စကားလုံး အနည်းငယ်လောက်နှင့် နှစ်ပေါက်တစ်ပေါက်ရိုက်ကာ ပြောလာမယ်လို့ ထင်မထားခဲ့ပေ။ သူ့မျက်နှာက အလွန် တင်းမာလာပြီဖြစ်သည်။

 

 

အစီစဉ်မှူး သူ့ဆီ လှမ်းကြည့်လိုက်ချိန်တွင်လည်း အနည်းငယ် သဘောပေါက်သွားသလိုပင်။

 

 

ပွင့်ပွင့်လင်းလင်းပြောရလျှင် စုချန်ယန်အနေနှင့် အနုပညာလောကထဲ ကျင်လည်နေသည်မှာ နှစ်ချီနေသော်ငြား ဒီလိုအခြေနေမျိုးကို တစ်ခါမှမကြုံခဲ့ဖူးပေ။

 

 

သို့ပေမဲ့ ထိုအရာတွေက မျှော်လင့်မထားသော်လည်းဖြစ်လာတတ်သည်ကို သူမ သိထားသည်။ ယန်ရှို့ရီသည် ကုမ္ပဏီ၏ စည်းမျဉ်းကို မချိုးဖောက်ဘဲ သူမအား ပါးနပ်စွာ အပြစ်ရှာခဲ့သည်ကို သိနေတာကြောင့် ဒီတိုင်းထိုင်ပြီးအချိန်ကို အလဟဿအဖြစ်မခံနိုင်ပါ။

 

 

‌စုချန်ယန် ပြောတာကိုကြားပြီးနောက် အစီစဉ်မှူးက သူမကို ဂရုဏာသက်စွာ ကြည့်‌နေခဲ့သည်။

 

 

ရှောင်လုသည် သူမဖုန်းထဲတွင် တိုက်ရိုက်ထုတ်လွှင့်နေခြင်းကို ဖွင့်လိုက်ပြီး ပိတ်ကားပေါ်တွင် တရစပ်ဝေဖန်နေသည့်စာများကို ကြည့်နေစဉ် "ဘော့စ် လင်း ယန်ရှို့ရီကသူ့ဘက်ကနေ အာရုံပြောင်းသွားအောင်လို့ မီဒီယာကိုဝယ်ခဲ့တယ်လို့ ဒီထဲကတစ်ယောက် ပြောလိုက်တာတွေ့လိုက်တယ်။"

 

 

လင်းယွီသည် ရှောင်လုဘက်ကိုကြည့်လာပြီး မအံ့ဩသည့်ပုံစံဖြင့် တုံ့ပြန်လာခဲ့သည်။"ဟမ်"

 

 

ရှောင်လုက စုချန်ယန်အကြောင်း အသေးစိတ်ကို

မစပ်စုဖူးသော်လည်း တစ်နိုင်ငံလုံးက လူတွေကတော့သတိထားပြီး စောင့်ကြည့်နေကြသည်။ စုချန်ယန်က အမှန်တကယ်ကြီး ယန်ရှို့ရီရဲ့ အပြစ်ပုံချမှုကို ကြားမှ ခံခဲ့ရသူတစ်ဦးသာ။ မိန်းမတစ်ယောက်အနေနဲ့ တာဝန်မယူတတ်တဲ့ ယန်ရှို့ရီအပေါ် ကောင်းတဲ့ ခံစားချက်မျိုး မရှိပေ။ ထိုလူဆီမှ အကြိမ်ပေါင်းမနည်း အပြစ်တင်ခံရသည့် စုချန်ယန်အတွက်လည်း စိတ်မကောင်းဖြစ်မိသည်။

 

 

သူမသည် ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး အကောင့်အသစ်ဖွင့်ကာ အဖွဲ့ဝင်အဖြစ် ဝင်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်လိုက်ပြီး အရောင်စုံကို ထင်းနေအောင်သုံးကာ ကောမန့် box တွင် ရေးလိုက်သည်။

"ယန်ရှို့ရီကသူ့ဘာသာ မားကတ်တင်း အကောင့်တွေဝယ်ပြီး စုချန်ယန်က သူ့ကိုလိုက်နှောင့်ယှက်နေတယ်လို့လျှောက်ပြောခိုင်းထားတာ။ လက်ရှိအခြေအနေအရ စုချန်ယန်က သူ့ကိုခဏခဏတောင် တွေ့ဖူးတာမဟုတ်ဘူး"

 

 

ဝေဖန်ထားသည်ကို ပို့လိုက်ပြီးနောက် တစ်ယောက်ယောက်က ပြန်ပြောလာခဲ့သည်။

"သိသာတယ်မလား အဲ့တုန်းက ဒီလိုငယ်သေးတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ကို ရှုတင်ရှိတဲ့နားက မြို့နားကို အတင်းသွားခိုင်းပြီး ရှိသမျှအပြစ်တွေ အကုန်သူမအပေါ်ပဲ ပုံချကြတာလေ။"

 

 

"အိုး!" ရှောင်လုက တခစ်ခစ်ရီကာ သူမဖုန်းကို

လင်းယွီဘက် ထောင်ပြလိုက်သည်။

"တစ်ယောက်ယောက်က အဲ့လိုသတိထားမိမယ်လို့တောင်မထင်ထားဘူး"

 

 

လင်းယွီက မသိမသာဖြင့် နောက်ကိုခြေလှမ်း အနည်းငယ် ဆုတ်ပြီး ပြောလိုက်သည်။

"အဲ့လိုလူမျိုးတွေက အများကြီးပဲ။ ဘက်မလိုက်ဘဲတွေးတော ဆင်ခြင်နိုင်တာမျိုး သူတို့မှာမရှိဘူး။ အမှန်တရားဆိုတာမျိုးကိုလည်း ဂရုမစိုက်ကြဘူး။

လူတွေ အပူတပြင်း လိုက်ရှာပြီးပြောတာကိုပဲ မြင်ချင်ကြတာ အဲ့လိုအမှန်ကို ထောက်ပြတာမျိုးကျတော့ သတင်းနဲ့ ဖုံးပစ်လိုက်တာပေါ့"

 

 

ရှောင်လုက ခေတ္တကြောင်သွားကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ပြောခဲ့သည်။ "ဒါလည်းဖြစ်နိုင်တာပဲ"

 

 

လင်းယွီသည် စတူဒီယိုထဲမှ ပိတ်ကားကို ကြည့်ကာ ပြုံးပြီးပြောခဲ့သည်။ "အဲ့ဒါကြောင့် အမှန်တရားကို သူတို့ဘာသာတူးဆွစေချင်ရင် အမှန်တရားကိုလည်း သိထားစေချင်ရင် အကောင်းဆုံးနည်းလမ်းက အတိတ်ကို ပြန်တူးဆွပြီး သူတို့ သနားလာအောင် လုပ်တာမျိုးပဲ"

 

 

လူတွေက ကံမကောင်းတတ်တဲ့လူတွေနဲ့ သူတို့နဲ့ပက်သက်တာတွေကို စာနာတတ်ကြပြီး သူတို့ထက်ကောင်းစားတာမျိုးမြင်ကြရင် ဣဿာမစ္ဆရိယစိတ်တွေဝင်ပြီး မနာလိုမရှုစိမ့်တွေ ဖြစ်ကုန်ကြတာ။

မင်းကိုတော့ ကောင်းစေချင်ပါတယ် ဒါပေမဲ့အရမ်းကြီးတော့မဟုတ်ဘူး ဒါကလူ့သဘာဝပဲ။

 

 

ဒါကြောင့်မို့လို့ သူတို့ရဲ့စာနာမှုကို လှုံ့ဆော်ပြီး အမှန်တရားကို မ‌ပပျောက်ရေးအတွက် ကူညီစေချင်ရင် သူတို့ရဲ့မှာ မင်းရဲ့ဒဏ်ရာတွေကို အရင်ချပြတတ်ရတယ်။

(စကားချပ်။ ။ လူပိန်း လူလည်ကျနည်းဖြစ်ပါတယ် ဒီစကားက အလုံးစုံတော့ မှန်မနေတာမို့လို့ အတုမယူစေလိုပါ ဇာတ်လမ်းအရ ဖော်ပြပေးခြင်းသာ။)

 

 

အင်တာဗျူးကို ဆက်လုပ်ခဲ့ပြီး အစီစဉ်မှူး၏ နောက်ဆက်တွဲမေးခွန်းများမှာ ဇာတ်ညွှန်းထဲကအတိုင်း တစ်သမတ်ထဲသာ ဆက်သွားလိုက်သည်။

 

 

ပရိသတ်ကို အကြမ်းဖျဉ်းပေးချင်တဲ့ သတင်းစကားသည် စုချန်ယန်မှာ ပြဿနာထဲ ဆွဲထည့်ခံရကာ ဘေးဖယ်ခံရပြီးနောက် ယန်ရှို့ရီသည် သူမ နာမည်မပျက်စေဖို့အရေး ကူညီဖြေရှင်းပေးလိုသော်ငြား ဖိအားများကြောင့် မတတ်သာနိုင်ခဲ့ခြင်းဆိုသည်ဟုပင်။ ဒါကြောင့်မို့ သူက စုချန်ယန်ကို Starlight ဖျော်ဖြေရေး နှင့် စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် အခွင့်အရေးယူလာပေးခြင်းဖြစ်သည်။

 

 

စုချန်ယန်အနေနဲ့လည်း လက်ရှိဖြစ်နေတဲ့ပြဿနာတွေကို ဘေးချိတ်ထားကာ သူမ အရည်အချင်း၏ မူလအခြေအနေအား ထိန်းသိမ်းထားနိုင်ခဲ့ပြီး များပြားလှသော စမ်းသပ်စစ်ဆေးမှုများကို အောင်မြင်စွာ

ကျော်ဖြတ်နိုင်ပြီးနောက် Starlight ဖျော်ဖြေရေးနှင့်စာချုပ်ချုပ်ဆိုနိုင်ခြင်းဖြစ်သည်ဟူ၍ပင်။

 

 

အမေးအဖြေ ကဏ္ဍပြီးသည့်နောက်တွင် စုချန်ယန်သည် အင်တာဗျူးဇာတ်ညွှန်းက ဖြေပေးထားတဲ့အတိုင်း မေးခွန်းအားလုံးနီးပါးဖြေဆိုခဲ့သည်။ သို့ပေမဲ့ သူမလက်များမှာ  ခပ်တင်းတင်းဆုပ်ကိုင်ထားကာ ဒူးပေါ်တွင်တင်ထားသည်။ ယန်ရှို့ရီနှင့် အစီစဉ်မှူးတို့ကိုလည်း မကြည့်ရဲခဲ့ပေ။

 

 

အစီစဉ်မှူးက သူမပုံစံကို သတိထားမိတော့ ဒီလိုနယ်ပယ်ထဲမှာလည်း နှစ်တွေအများကြီး ဖြတ်သန်းခဲ့သူမို့ အနိမ့်အမြင့် အကွေ့အကောက် မှန်သမျှကိုလည်း သိနေခဲ့သည်။ သူမလည်း နောင်တရသလိုဖြစ်ကာ စိတ်မကောင်းသည့်ပုံပင်။