ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်
အပိုင်း ၁၉
တစ်ဖက်မှာတော့ ယန်ရှို့ရီသည် စုချန်ယန်၏ ပုံစံကိုကြည့်ကာ အလွန်ကျေနပ်နေမိပြီး
သူမအား မရည်ရွယ်ခဲ့ဘဲ ဒုက္ခများစေခဲ့သည့် ပုံဖမ်းနေခဲ့သည်။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု၏ ကောမန့်များတွင်တော့ မတူညီစွာတုံ့ပြန်ခဲ့ကြသည်။
"ငါစုချန်ယန်အတွက် စိတ်မကောင်းဘူး"
"သူမ ငိုတော့မယ်ထင်တယ်"
"သူမ မျက်လုံးတွေက နီရဲနေပြီ။ ကြည့်ရတာ ချုပ်တည်းထားရပြီး
အဆင်မပြေသလိုဖြစ်နေတယ်"
"ငါသာ စုချန်ယန်ဆိုရင် ငါ့ရဲ့ပထမဆုံးအလှည့်မှာတင်ထိပ်တိုက်ရင်ဆိုင်ပြီး
ပေါက်ကွဲပစ်လိုက်မှာ"
"သနားပါတယ်ဟယ်!"
စတူဒီယိုထဲတွင် အစီစဉ်မှူးက စုချန်ယန်ကို တစ်ရှူးကမ်းပေးလိုက်ပြီး
ဝန်ထမ်းတစ်ယောက်ကို ရေနှစ်ခွက် ယူလာခိုင်းလိုက်သည်။
စုချန်ယန်က တစ်ရှူးကိုယူလိုက်ပြီး နီရဲနေတဲ့ မျက်လုံးတွေဖြင့် ပြုံးပြလိုက်သည်။
"ကျေးဇူးပါ ကျွန်မ အဆင်ပြေပါတယ်"
အစီစဉ်မှူးသည်လည်း ဘာမှမတတ်နိုင်သဖြင့်သက်ပြင်းချကာ စုချန်ယန်အား
ရေတစ်ခွက်ကမ်းပေးလိုက်သည်။ "ရေသောက်လိုက်ပါဦး"
စုချန်ယန်က ဖန်ခွက်ကို ယူလိုက်ပြီး ယန်ရှို့ရီကို ပေးလိုက်သည်။ " မစ္စတာ ယန်၊ ရေနည်းနည်း သောက်ပါ"
သူမကို ကြည့်ရတာ လိမ္မာရေးခြားရှိတဲ့ ဂျူနီယာတစ် ယောက်လိုပင်။
ယန်ရှို့ရီက သူမ ဘာဆိုလိုလဲ မသိဘဲ ကြည့်လိုက်ကာ သူမလက်ထဲမှ ရေခွက်ကို
လက်လွတ်စပယ်ယူလိုက်သည်။ ရေခွက်ကို မြဲမြဲမကိုင်လိုက်တာကြောင့် စုချန်ယန် ပေါင်ပေါ်
ရေတွေ ဖိတ်ကျကုန်သည်။
"သတိထား!"
ရေတွေက စုချန်ယန်၏ ပါးလွှာသည့် စကပ်များပေါ်သို့
စီးကျကုန်သည်။ တောင်းတောင်းပန်ပန်ပုံစံဖြင့် ကြည့်နေသော ယန်ရှို့ရီကို
မယုံကြည်နိုင်စွာ မကြည့်မိခင်မှာပဲ သူမတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည် ။
စုချန်ယန်က တခြားဘာမှတွေးဖို့ အချိန်မရလိုက်ဘဲ စိတ်ထဲတွင်ဗလာကျင်းသွားသည်။ သူမက အဖြူရောင်ချည်ဂါဝန်လေး
ဝတ်ထားတာကြောင့် ရေတွေစုပ်ကာဖောက်ထွင်းမြင်နိုင်လောက်သည်အထိ ဖြစ်သွားလေသည်။ ရေနွေးနွေးတွေက
သူမခါးနှင့်တင်ပါးပေါ်စီးကျနေပြီဖြစ်သည်။ စုချန်ယန်က ရွှေ့လိုက်ရင် ပေါ်ကုန်မှာစိုးတာကြောင့်
ဆိုဖာပေါ် မလှုပ်ဘဲ တောင့်တောင့်ကြီးထိုင်နေမိသည်။
အစီစဉ်မှူးလည်း မြင်ပြီးထိတ်လန့်သွားတာကြောင့် ချက်ချင်းထကာ စုချန်ယန်ကို
ဖုံးပေးဖို့ တစ်ခုခု လိုက်ရှာသော်လည်း စတူဒီယိုထဲတွင် ကူရှင်အခံလေးတောင်မရှိပေ။
"ဆောရီးပါ အစ်ကိုတောင်းပန်ပါတယ် အဆင်ပြေရဲ့လား အပူလောင်သွားသေးလား"
ယန်ရှို့ရီက စိတ်ပူကာမေးလိုက်သည်။
ထိုအချိန်တွင် စင်နောက်မှ လူတစ်ယောက် ပြေး
ထွက်လာပြီး စုချန်ယန် ပေါင်ပေါ် အပေါ်ဝတ်
အမည်းရောင်ဝတ်စုံဖြင့် စိုသွားသည့်နေရာဆီ ဖုံးပေးလိုက်သည်။
"ရရဲ့လား"
ထိုလူက သူမရှေ့က ကင်မရာကို ကျောပေးကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
သူက စုချန်ယန်ကိုမေးနေသော်လည်း သူ့အညိုတောက်တောက် မျက်လုံးတွေက ယန်ရှို့ရီကို စိုက်ကြည့်နေခဲ့သည်။
ယန်ရှို့ရီက သူနဲ့အကြည့်စုံသွားပြီး တစ်ကိုယ်လုံး
တုန်ယင်နေကာ သူ့မျက်နှာသည်လည်းပဲ အရောင်မရှိတော့ပေ။
ထိုသူကိုမြင်လိုက်ရတော့ စုချန်ယန်က သူမ ခြေထောင်ကို ဖုံးထားတဲ့
အပေါ်ဝတ်အင်္ကျီကို ခေါင်းငုံ့ကာ ဖြေခဲ့သည်။ "အမ်.."
လင်းယွီက ယန်ရှို့ရီဆီက အကြည့်ကို ရုတ်သိမ်းကာ စုချန်ယန်ဘက် လှည့်ပြီး
ပြုံးပြရင်းမေးလိုက်သည်။
"အင်တာဗျူးကို ခဏရပ်ပေးရမလား"
စုချန်ယန်က အံကြိတ်ကာ ခေါင်းကိုခါလိုက်ပြီး ပြောလိုက်သည်။
"ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာမလား ဘယ်သူ့အချိန်ကိုမှ အလဟဿမဖြစ်စေချင်ဘူး
ရပါတယ် မကြာခင် ပြီးတော့မှာပဲလေ"
ထိုသို့ကြားပြီးနောက် လင်ယွီလည်း ဘာမှမပြောဘဲ
ထကာ အစီစဉ်မှူးဘက် ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်သည်။"ဆောရီးပါ
ချန်ယန်အဆင်ပြေပါတယ် ဆက်လုပ်ကြရအောင်"
အစီစဉ်မှူးသည်လည်း တော်တော်လေး ချွေးပြန်နေပြီဖြစ်ပြီး လင်းယွီ
ရောက်လာတာကို ကျေးဇူးတင်မိသည်။ မဟုတ်ရင်တော့ လုံးဝမတွေးရဲစရာပဲ!
လင်းယွီက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေကို တောင်းပန်ပြီးနောက်
ထွက်သွားခဲ့သည်။
စုချန်ယန်က အိပ်မက်ဆိုးထဲ ရောက်နေသလိုပင်။ သူမ ကျောမှာလည်း အေးစက်နေပြီး
လင်းယွီရဲ့ ကိုယ်တိုင်း ချုပ်ထားတဲ့ အပေါ်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကြောင့်
ခေါက်ရိုးတွေကို လှန်တင်ထားသလိုဖြစ်နေသည်။
ယန်ရှို့ရီက ပရိုဂရမ်ရိုက်ကူးနေတာတောင် ဒီလိုလုပ်လိမ့်မယ်လို့ သူမ
မထင်ထားခဲ့ပေ။ သူမက ရှေးရိုးဆန်တတ်တာမျိုး မဟုတ်ပေမဲ့လည်း သူမရဲ့ အဓိကနေရာများကို လူသန်းချီ
အရှေ့ ပေါ်သွားစေသည့်ကိစ္စကိုတော့လက်သင့်မခံနိုင်တော့ပေ။
စုချန်ယန်က ယန်ရှို့ရီ ဒီလောက်ထိရက်စက်လိမ့်မည်လို့ လုံးဝမထင်ထားမိပေ။
ထုတ်လွှင့်ပြသနေသည့် ခန်းမထဲမှ အခြေအနေကြောင့် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့်
ကောမန့်တွင်လည်း ဂယက်ရိုက်ကုန်သည်။
"OMG?"
"တမင်လုပ်လိုက်တာလား"
" ? ? ?"
"တမင်လုပ်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် တော်တော်ရွံစရာကောင်းတယ်လို့
ပြောချင်တယ်။ ဝတ်စုံပြည့်အပေါ်ဝတ်ကြီး ဝတ်ထားတာတောင်မှ နင့်ဟာ ချွတ်ပြီး
သူမကို ဖုံးပေးရမယ်ဆိုတာ နားမလည်ဘူးလား"
"ရွံဖို့ကောင်းချက်+10086"
အစီစဉ်မှူးက စုချန်ယန် တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ မနည်းကြိုးစားနေချိန်
ဤဖြစ်စဉ်အား ဖြတ်ပြောစရာ နောက်ထပ် ခေါင်းစဉ်တစ်ခုတပ်လိုက်သည်။ ယန်ရှို့ရီမှာလည်း စိတ်နှင့်ကိုယ်နှင့်
မကပ်တော့သလို ပင်။
"ဟုတ်ပါပြီ... ဒီနေ့အတွက် နောက်ဆုံးမေးခွန်းတစ်ခုကျန်ပါသေးတယ်
ချန်ယန်..အရင်အပတ်တွေတုန်းက ရှို့ရီရဲ့ပရိသတ်တစ်ယောက်ဆီက တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတင်ခံရတဲ့အထိ
ဖြစ်သွားတယ်ဆိုတာ ဟုတ်လားဟင်?"
စုချန်ယန်က တုံ့ဆိုင်းသွားကာ စင်နောက်ဘက်ကို အံ့ဩတကြီး လှမ်းကြည့်မိသည်။
ဒီမေးခွန်းက ဇာတ်ညွှန်းထဲ မပါတာမို့ မေးသင့်တဲ့ထဲ မပါဘူးဟု ထင်မိသည်။
နောက်ပိုင်းတွင် ယန်ရှို့ရီအပေါ်
အဆိုးမြင်မှုများ သေချာပေါက် သက်ရောက်စေနိုင်သည်။
ဒီအင်တာဗျူး ပရိုဂရမ်အတွက် ကုမ္ပဏီ ရည်ရွယ်
ထားတဲ့အတိုင်း စီစဉ်ထားတာနဲ့ ဆန့်ကျင်ဖြစ်နေတယ်မဟုတ်ဘူးလား?
မေးခွန်းမေးပြီးတာနှင့် ယန်ရှို့ရီ မျက်နှာက မသာမယာဖြစ်လာပြီး အစီစဉ်မှူးကို
မယုံနိုင်စွာ ကြည့်နေခဲ့သည်။
"ဟုတ်ပါတယ်"
စတူဒီယိုထဲကို ဝင်မလာခင် လင်းယွီပြောခဲ့တာကိုပြန်သတိရလိုက်ပြီး
စုချန်ယန်က အမှန်အတိုင်းပြောပြဖို့ဆုံးဖြတ်လိုက်သည်။
"အဲ့ဒါဖြစ်ပြီးတော့ ရှို့ရီက လျှို့ဝှက်ထားပေးဖို့သဘောတူစာချုပ်မှာ
လက်မှတ်ထိုးခိုင်းတယ်လို့လည်းကြားမိတယ်"
"ဟုတ်ကဲ့ ကျွန်မ လက်မှတ်မထိုးလိုက်ပါဘူး"
ထိုစကားများကို ကြားသိလိုက်ရချိန် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့်
ကောမန့်ထဲတွင်လည်း ချက်ချင်း ထပ်ပြီး ဂယက်ရိုက်ကုန်ကြသည်။
"Fan တွေရဲ့အပြုအမူက အဓိကသရုပ်ဆောင်တွေကိုပစ်မှတ်ထားမပြုမူသင့်ဘူး။
သူကဘာကိစ္စ လျှို့ဝှက်ထားပေးဖို့ သဘောတူညီကြောင်း စာချုပ်မှာ လက်မှတ် ထိုးခိုင်းရဲရတာလဲ!"
"ခေါင်းသုံးလေ အသိသာကြီးကို ဒီကောင်က စုချန်ယန် သူ့ကိုရဲတိုင်လိုက်မှာစိုးလို့ပေါ့။
ပြီးတော့ သူလွှဲချထားသမျှကိစ္စတွေ အကုန်ပေါ်ကုန်မှာလေ"
"စုချန်ယန်က အဲ့ကောင်ဆီကချည်းပဲ အပြစ်တွေလွှဲချခံနေရတာ ဘယ်သူမှ
နားမလည်ကြသေးဘူးလား"
"ငါခုနက ယန်ရှို့ရီက ရိုက်ကွင်းက လူတွေအကုန်လုံးကို ထားခဲ့ပြီး
နာမည်ကြီးမင်းသမီးတစ်ယောက်နဲ့သွားဒိတ်တယ်လို့ပြောပြီးပြီလေ"
"တော်တော်ရွံစရာကောင်းတဲ့အကောင်ပဲ"
" သေ သေ သေ သေ သေစမ်း စောက်ကျိုးနဲကောင်မျိုး သွားသေလိုက်!"
ယန်ရှို့ရီက ပိတ်ကားပေါ်ရှိ ဆက်တိုက် တရစပ်ဝေဖန်ချက်များ တရိပ်ရိပ်ပေါ်နေသည်ကို
လိုက်ကြည့်နေသည်မှာ ဆိုဖာကနေ တောက်လျှောကျကာ လဲတော့မလိုပင်။
တိုက်ရိုက် ထုတ်လွှင့်ပြသနေမှုတွင်လည်း ထိုဝေဖန်မှုများမှာ ဆက်တိုက်တဟုန်ထိုး
မြင့်တက်လျက်ရှိသည်မှာ တချို့စကားများထဲတွင် မကြားဝံ့မနာသာများပါ ပါနေသည်။
စုချန်ယန်လည်း ပိတ်ကားပေါ်ကို ကြည့်လိုက်ပြီး သူမရင်ထဲက ခံပြင်းမှုများကို
မရပ်တန့်နိုင်တော့သလို ခံစားမိလာသည်။
'စုချန်ယန်လည်း မြင်နိုင်မလားဆိုတာ သိချင်လိုက်တာ။ သူမသာမြင်ရင်
နည်းနည်းတော့ ရင်ထဲ ဖြေသာသွားမှာပဲ'
"ငါ မြင်ရတယ်"
ရုတ်တရတ် ချိုသာသည့် အသံလေးက သူမစိတ်ထဲပဲ့တင်ထပ်လာတာကို ကြားလိုက်မိသည်။
စုချန်ယန် အမူအရာက အေးခဲသွားသည်။ "...."
'အဲ့လို လန့်အောင်မလုပ်နဲ့လေ ကြောက်စရာကြီး။ သူမမှာ အဲ့လောက် သတ္တိမရှိဘူး'
"ချန်ယန် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ တောင်းပန်ပါတယ် ဒီလောက်နဲ့တင်
ငါဒီနေရာကနေ ထွက်သွားနိုင်ပါပြီ။ နှုတ်ဆက်ပါတယ်နော် တာ့တာ "
စုချန်ယန်က ခဏတာ တိတ်ဆိတ်နေခဲ့ပြီး သူမ စိတ်ထဲက ပြန်ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်"
အစီစဉ်မှူးမှာလည်း တိုက်ရိုက် ထုတ်လွှင့်နေသည့်ခန်းမထဲမှ ပရိသတ်ကို
နှုတ်ဆက်လိုက်သည်။
တိုက်ရိုက် ထုတ်လွှင့်ပြသမှု ပြီးသွားတာတောင်မှ ဝေဖန်မှုများမှာ
ရပ်မသွားဘဲ ယန်ရှို့ရီကို စော်ကားသည့်စကားလုံးများပါ ပါဝင်နေသည်။
ယန်ရှို့ရီသည် ဆိုဖာပေါ်မှထခုန်ကာ ကျော်ခွမတတ်ဖြစ်သွားပြီး စုချန်ယန်ကိုတောင်
ဂရုမစိုက်အားဘဲ မျက်ထောက်နီကြီးဖြင့် ကြည့်ကာကျိန်ဆဲနေသည်။
"ခင်ဗျား စည်းမျဉ်းစည်းကမ်းတွေမလိုက်နာဘူး!
အဲ့မေးခွန်းကို နောက်ဆုံးအဖြစ် အင်တာဗျူးမှာ မေးရမယ်လို့မပြောထားဘူးလေ!"
အစီစဉ်မှူးက သူ့ကို စူးစိုက်ကြည့်လာသည်။ သူမ အခု ယန်ရှို့ရီကို
အမြင်မကြည်တော့ပေ။ တခြားသူတွေတော့မသိနိုင်ပေမဲ့ သူမကတော့ စတူဒီယိုထဲမှာမို့ ယန်ရှို့ရီကြောင့်
စုချန်ယန် စကတ်ပေါ် ရေတွေမှောက်ကျသွားတာကို ရှင်းရှင်းလင်းလင်းကြီး မြင်ခဲ့ရသည်ပင်။
သူရဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးချင်ခဲ့ပုံက တကယ့်ကိုစက်ဆုပ်စရာပင်။
"မစ္စတာယန် အင်တာဗျူးပရိုဂရမ်က ဘယ်မေးခွန်းပဲမေးရပါမယ်လို့
သတ်မှတ်ထားတာမျိုး မရှိဘူး။တကယ်လို့ မင်းမဖြေချင်ရင် ချက်ချင်း မဖြေနိုင်ကြောင်း ထပြောလို့ရတယ်။
ပရိုဂရမ်အဖွဲ့ကလည်း
မင်းရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပေးနေဦးမှာပဲ"
"ဘာပဲဖြစ်ဖြစ် မင်းနဲ့ မင်းကုမ္ပဏီကတော့ ဘယ်မေးခွန်းမှ အမေးခံစရာမလိုဘူးလို့
မပြောခဲ့ဘူးလေ။ ဒါကြောင့် ကျွန်မတို့ဘက်က ဘာစည်းမျဉ်းမှ မချိုးဖောက်ထားဘူး" မစ္စလီက
သူ့အးကို တည်ငြိမ်စွာပြုံးပြခဲ့ပြီး
စုချန်ယန်ဘက် လျှောက်သွားကာ မေးခဲ့သည်။
"ညီမလေး အဆင်ပြေရဲ့လား"
စုချန်ယန်က သူမ ခေါင်းကို ခါလိုက်ပြီး ပြောခဲ့သည်။ "အဆင်ပြေပါတယ်
ကျေးဇူးပါနော်"
လင်းယွီနဲ့ ရှောင်လုလည်း စင်နောက်မှ ဝင်လာခဲ့သည်။
ရှောင်လုက ကုတ်အင်္ကျီတစ်ထည်ယူလာပြီး စုချန်ယန်ကို ခြုံပေးလိုက်ကာ
ယန်ရှို့ရီကို စိုက်ကြည့်ပေးလိုက်သည်။ သူ့စက်ဆုပ်ဖွယ်အပြုအမူကြောင့် တော်တော့်ကိုရွံရှာသွားသည့်ပုံပင်။
စုချန်ယန်က ကြေမွကာ ရေအနည်းငယ်စိုနေသည့် အဝတ်ကို လင်းယွီဆီ လှမ်းပေးလိုက်ကာ
ကျေးဇူးတင်စကားပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မစ္စတာလင်း"
အဲ့ဒီအချိန်လေးတစ်ခဏအတွင်း လင်းယွီရဲ့ ပုံရိပ်က စုချန်ယန် နှလုံးသားထဲ
နတ်သားလေးတစ်ပါးလို့တောင်မြင်မိသည်။