အပိုင်း ၂၀
Viewers 1k

ငါ အနားယူချင်ပေမယ့် သရုပ်ဆောင် ညံ့ဖျင်းတာကြောင့် နာမည်ကြီးလာခဲ့တယ်

 

အပိုင်း ၂၀

 

 

 

 

 

လင်းယွီက ခပ်ရေးရေးပြုံပြကာ သူမလက်ထဲက အင်္ကျီကို ပုံမှန်အတိုင်းကြည့်ပြီး သူ့လက်မှာ ချိတ်ကာပြောခဲ့သည်။ "လုရင်က အဝတ်စားလဲဖို့ ခေါ်သွားပေးလိမ့်မယ်။ ဒီ‌အကြောင်းကို နောက်မှပြောကြတာပေါ့"

 

 

"ကောင်းပါပြီ" စုချန်ယန်က ကုတ်အင်္ကျီကို တင်းတင်းကြပ်ကြပ် ပတ်ထားလိုက်ပြီး ရှောင်လု လမ်းညွှန်မှုအောက်မှာ ယန်ရှို့ရီကို ထပ်မကြည့်တော့ဘဲ စတူဒီယိုကထွက်သွားခဲ့သည်။ သူမ စက်ဆုပ်သွားသလ်ု ခံစားလိုက်ရသည်။

 

 

"မစ္စတာလင်း နောက်ဆုံးမေးခွန်းက ခင်ဗျား မေးခိုင်းတာလား" ယန်ရှို့ရီက စတူဒီယိုထဲ မတ်တပ်ရပ်ပြီး အံတင်းတင်းကြိတ်ကာ သူ့မျက်နှာကလည်း ဖျော့တော့နေပြီဖြစ်သည်။

 

 

လင်းယွီက သူ့ကို လှည့်ကြည့်လိုက်သည်။ အံ့အားသင့်စရာကောင်းစွာနှင့် သူ့မျက်နှာတွင် ဒေါသထွက်နေသည့်အရိပ်အယောင်မျိုး လုံးဝရှိမနေပေ။ အဲ့ဒီ့အစား သူက "သန့်ရှင်းရေး အဒေါ့်ကို မျက်နှာသုတ်ပုဝါ ဒီကိုယူလာခိုင်းလိုက်" လို့သာ ပြောခဲ့သည်။

 

 

ယန်ရှို့ရီက လင်းယွီနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲပေ။ သူ့မှာ ရည်းစားရှိနေခဲ့ပြီး သတင်းထောက်တစ်ဦးက ဓာတ်ပုံခိုးရိုက်ထားကာ လူထုကို ချပြဖို့ဖိအားပေးခံခဲ့ရသည်။

 

 

ကုမ္ပဏီက သူ့အတွက် တာဝန်ခံပေးနေရသည်မှာလုံလောက်ပြီဖြစ်သည်။ သူက ကုမ္ပဏီအတွက် ပိုက်ဆံအတော်များများ ရှာပေးခဲ့ဖူးတာမို့လို့ နောက်ပိုင်းတွင်လည်း ဆက်ရှာနိုင်ဦးမည်ပင်။ ကုမ္ပဏီက သူ့ကို  လက်လျှော့လိမ့်မယ်လို့ လုံးဝမတွေးထားဖူးပါ။

 

 

သူ လှည့်ကြည့်လိုက်တော့ စတူဒီယိုထဲ လျှောက်လာနေတဲ့ သန့်ရှင်းရေး အမျိုးသမီးကို တွေ့သွားပြီး အံကြိတ်ကာ သုန်မှုန်နေသည့် မျက်နှာထားဖြင့် သူမလက်ထဲက သဘက်ကိုဆွဲယူလိုက်လေသည်။

 

 

သန့်ရှင်းရေးအမျိုးသမီးက ကြောင်အသွားခဲ့သည်။ "ဒါ.."

 

 

လင်းယွီက ကြည့်ကာ ပြုံးပြလိုက်သည်။"ဆောရီးပါအဒေါ် ခဏငှားရုံပါ။ ချက်ချင်းပြန်ပေးပါမယ်နော်"

 

 

သန့်ရှင်းရေးအမျိုးသမီးက မလိုအပ်ကြောင်း လက်ခါပြခဲ့သည်။ "ယူပါရှင် ယူလို့ရပါတယ်"

 

 

"မစ္စတာယန် ခင်ဗျားဆိုဖာကို ညစ်ပတ်အောင် လုပ်ထားတာဆိုတော့ ထွက်မသွားခင် ခင်ဗျားကိုယ်တိုင်

သန့်ရှင်းရေး လုပ်သင့်တယ်" လင်းယွီက ပြောလိုက်သည်။

 

 

သန့်ရှင်း‌ရေးအမျိုးသမီးလည်း လန့်သွားမိသည်။"မလိုပါဘူး မလို.."

 

 

"အဒေါ် ရပါတယ် ခဏတော့စောင့်ပေးပါ"လင်းယွီက ထပ်ပြောလိုက်သည်။

 

 

ထိုတစ်ခဏအတွင်း ယန်ရှို့ရီ မျက်နှာက ဖျော့တော့သွားတော့သည်။

 

 

လင်းယွီ စကားလုံးတွေက ပေါ့ပါးနေပေမဲ့ မမြင်နိုင်သည့် တောင်တစ်လုံးကို ထမ်းထားရသလိုပင်။ လင်းယွီကို ပြန်တုံ့ပြန်ဖို့ရော စကားများချင်စိတ်ရောမရှိတာကြောင့် ဒီတိုင်းသာရပ်နေမိသည်။

 

 

ယန်ရှို့ရီ ခုထိရပ်နေသေးတာကြောင့် လင်းယွီက ပြုံးကာပြောလိုက်သည်။ "အဒေါ့်ရဲ့အချိန်ကို အရမ်းအကြာကြီးမဖြုန်းတီးမိစေနဲ့"

 

 

ယန်ရှို့ရီက အရှက်ခွဲခံရသလို ခံစားလိုက်ရပေမဲ့ လင်းယွီကို ပြန်တုံ့ပြန်ဖို့သတ္တိမရှိပေ။ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့လက်ထဲက သဘက်ကို လက်မှအကြောတွေ ထောင်ထလာသည်အထိ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

 

 

လင်းယွီဆီ သွားလိုက်ပြီး ထိုင်ချကာ ဆိုဖာပေါ် စိုသွားသည့် ရေအကွက်များကို ဖြေးဖြေးချင်း သုတ်ပေးနေလိုက်သည်။ လုပ်နေသည့်ပုံစံက အရမ်းနှေးပေမဲ့ လင်းယွီကတော့ ဘာမှမပြောခဲ့ပေ။ ဒီမြင်ကွင်းကို မြင်သည့်လူတိုင်း ဘာမှမပြောနိုင်လောက်သည်အထိ နှုတ်ဆိတ်နေမိကြသည်။

 

 

နောက်ဆုံးမှာတော့ ဆိုဖာပေါ် စိုသွားတဲ့ရေတွေကို သုတ်လိုက်နိုင်ပြီး မြေပြင်ပေါ် သဘက်ကို လွှင့်ပစ်ကာ သေစေနိုင်လောက်သည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး အံကြိတ်ထားရာမှ ဖျစ်ညှစ်ပြီး မပြောချင်ပြောချင်ဖြင့် ပြောလိုက်သည်။ "ဒီလောက်ဆိုရပြီလား"

 

 

လင်းယွီက ချက်ချင်းပြန်မဖြေသေးဘဲ ခါးကုန်းကာ မြေပြင်ပေါ်ရှိ သဘက်ကို ကောက်လိုက်သည်။ သေချာ ခေါက်လိုက်ပြီးတော့ သူ့ဘေးနားက တုန်ယင်နေသည့်သန့်ရှင်းရေးအမျိုးသမီးဆီ ကမ်းပေးလိုက်သည်။

"ကျေးဇူးပါ အဒေါ် လုပ်စရာရှိတာ ဆက်လုပ်လို့ရပါပြီ။ဒီမှာ ဘာမှ ရှင်းစရာမရှိတော့ဘူး"

 

 

"ရပါတယ် ရပါတယ်"

 

 

ထို့နောက် ယန်ရှို့ရီဘက် လှည့်ကြည့်လိုက်ချိန် သူ့မျက်နှာပေါ်က အပြုံးလေးက ပျောက်ကွယ်သွားသည်။

 

 

"မစ္စတာယန် စိတ်အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။ ရှိုးရဲ့ဒီအပိုင်းက ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားအပေါ်ကြီးကြီးမားမား သက်ရောက်ပါလိမ့်မယ်။ ဒီနေ့ပြီးရင်တော့ ခင်ဗျားက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ကုမ္ပဏီက လျော်ကြေး အတွက် တရားစွဲမှာဖြစ်ပြီး ခင်ဗျားနဲ့ စာချုပ်ကိုလည်း ဖျက်သိမ်းတော့မှာပါ"

 

 

ယန်ရှို့ရီ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ကြမ်းပြင်ပေါ် လဲကျ မတတ်ဖြစ်သွားသည်။ "မစ္စတာလင်း..."

 

 

"ဒီအင်တာဗျူး ပရိုဂရမ်က ကုမ္ပဏီက‌ ခင်ဗျားကိုပေးတဲ့နောက်ဆုံး အခွင့်အရေးပဲ။ ခင်ဗျားသာ ပရိုဂရမ်ပြီးတဲ့အချိန်ထိ ကောင်းကောင်းမွန်မွန်ပြုမူပြီး ရိုက်ကူးခဲ့ရင် ကုမ္ပဏီက ဘာမှမလုပ်ဘဲ ဒီတိုင်းထားပေးမလို့ပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ် သည်းမခံနိုင်လောက်တော့တဲ့အထိ လူကျင့်ဝတ်ရဲ့နောက်ဆုံးစည်းမျဉ်းကို ကျော်မိသွားပြီ။"

 

 

လင်းယွီ၏ ညှာတာမှုကင်းပြီး အေးစက်သော မျက်လုံးများကို ရင်ဆိုင်နေရသည့် ဤအခိုက်အတန့်တွင် လင်းယွီအနေနဲ့ သူ့ကို အစကတည်းက အလေးအနက် မထားခဲ့ကြောင်း နောက်ဆုံးသိလိုက်ရသည်။ သူ့ကို စွန့်လွှတ်လိုက်ခြင်းက လင်းယွီအတွက် ခက်ခဲသော ဆုံးဖြတ်ချက်မဟုတ်ပေ။

 

 

ထိုအချိန်၌ ယန်ရှို့ရီ ခေါ်င်းပေါ် မိုးကြိုးပစ်သွားသလို ခံစားလိုက်ရသည်။

 

 

ပြီးသွားပြီ တကယ်ကြီး လုံးဝ ပြီးဆုံးသွားပြီ!

 

 

"မစ္စတာလင်း.. ကျွန်တော်.."

 

 

ယန်ရှို့ရီ တစ်ကိုယ်လုံးက တုန်ယင်နေပြီး သူ့ခြေထောက်တွေကလည်း အားအင်ချိနဲ့နေပြီဖြစ်တာကြောင့် ဒူးထောက်ထိုင်ချလိုက်သည်။

 

 

လင်းယွီက ပြုံးရင်း ငုံ့ကြည့်လိုက်သော်လည်း သူ့မျက်လုံးတွေက ရီချင်သည့် အရိပ်အယောင်တစ်စွန်းတစ်စပင်ရှိမနေပါ။

 

 

"ကျုပ် ခင်ဗျားကို ကုမ္ပဏီနဲ့ ပူးပေါင်းပေးဖို့ ဒီအခွင့်အရေးကို ဘာလို့ပေးလဲသိလား?" သူပြောနေကျအမူအရာအတိုင်း ငြင်သာစွာနဲ့ ဖြေးဖြေးမှန်မှန်ပြောခဲ့သည်။

 

 

"မစ္စတာလင်း..ကျွန်တော်မှားသွားပါတယ် ကျွန်တော်မှားခဲ့ပါတယ်ဗျာ..." သူ လင်းယွီ ခြေထောက်ကို ဆွဲဖို့ရှေ့တိုးလိုက်သည်။

 

 

လင်းယွီက ဆက်ပြောခဲ့သည်။ "ဘာလို့လဲဆိုတော့ ချန်ယန်က သူအပြစ်မရှိကြောင်း သက်သေပြဖို့ ဒီအခွင့်အရေးကို လိုအပ်နေလို့။ ပြီးတော့ ခင်ဗျားဆီကလည်း စကားပြန်နှိုက်ဖို့ လိုအပ်လို့"

 

 

"Starlight ဖျော်ဖြေရေးကို ဆုံးရှုံးမှူဖြစ်စေတာတွေ များလာလေလေ ခင်ဗျားဆီက ပြန်ယူလို့ရလေပဲ"

 

 

"ခင်ဗျား Starlight ဖျော်ဖြေရေးကို ယိမ်းယိုင်အောင်လုပ်လို့မရဘူး။ ဒါပေမဲ့ ကျုပ်ကတော့ အခုကစပြီး ခင်ဗျား အေးအေးချမ်းချမ်းနေလို့ မရနိုင်အောင်တော့လုပ်နိုင်တာ သေချာတယ်"

 

 

ယန်ရှို့ရီက လင်းယွီ ဘောင်းဘီစကို မြဲနေအောင်ဆွဲထားပုံမှာ နောက်ဆုံးကောက်ရိုးတစ်မျှင်ကို အမိအရဆုပ်ကိုင်ထားသလိုဖြစ်ပြီး လုံးဝကိုခြောက်ချားနေမိသည်။

"မစ္စတာလင်း ကျွန်တော် မှားသွားမှန်း သိပါတယ်။

ကျွန်တော် မှားပါပြီ နောက်ထပ် အခွင့်အရေးလေးတစ်ခုတော့ပေးပါ နောက်ထပ်တစ်ခုပါပဲ"

 

 

လင်းယွီက ရွံသလိုပုံစံဖြင့် နောက်ဘက် ခြေလှမ်း အနည်းငယ် ဆုတ်ကာ ရှောင်လိုက်သည်။

 

 

"မနက်ဖြန် ကုမ္ပဏီက တရားစွဲရင် ခင်ဗျားအမှုဘယ်နှခုလောက်နဲ့ ရင်ဆိုင်ရမလဲဆိုတာ မှန်းကြည့်ကြည့်ပေါ့

 

 

ယန်ရှို့ရီမျက်နှာ‌က သွေးမရှိတော့သည်အထိပင်။ သူ့မျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ နှပ်ချေးများက ကျနေတော့သည်။

 

 

Starlight ဖျော်ဖြေရေးဆီကသာ တရားစွဲခံရရင် မခန့်မှန်းနိုင်လောက်တဲ့ထိ မြင့်လွန်းတဲ့ လျော်ကြေးပေးရရုံသာမက သူနဲ့အရင်က လက်တွဲထားသည့် ထုတ်ကုန်တံဆိပ်များကအစ တရားစွဲကာ စာချုပ်အရ စည်းမျဥ်းစညးကမ်းတွေ လိုက်နာရန် ပျက်ကွက်သည့် ဒဏ်ကြေးများပါ ကောက်ခံသွားမည်ဖြစ်သည်။

 

 

အခုကစပြီး အနုပညာလောကမှာ သူ့မှာခြေချစရာ

နေရာ လုံးဝမရှိတော့ပေ။ Starlight ဖျော်ဖြေရေးကုမ္ပဏီရဲ့ စီးပွားရေးနယ်ပယ်နှင့် အရှိန်အဝါအရ

ဤကဲ့သို့ ခွင့်မလွှတ်နိုင်စရာဖြစ်ရပ်မျိုး ဖြစ်ပြီးနောက် ယန်ရှို့ရီကို နာမည်ပျက်စာရင်းထဲ ထည့်လိုက်ခြင်းကသာ ပိုသင့်တော်လိမ့်မည်။ ဒီလိုအကြောင်းအရာမျိုးက လုံးဝမဖြစ်သင့်ပေ..။

 

 

"ခင်ဗျား တောင်းပန်ရမဲ့လူက ကျုပ်မဟုတ်ဘူး" လင်းယွီက ပြောလိုက်သည်။

 

 

"စုချန်ယန် ... ကျွန်တော် စုချန်ယန်ကို တောင်းပန်လိုက်ပါ့မယ်။ သူ့အတွက် တကယ် စိတ်မကောင်းပါဘူး။ သူ့ကို တောင်းပန်နိုင်သလို စာချုပ်အတိုင်း မလိုက်နာလို့ဖြစ်လာတဲ့ အကျိုးဆက်အတွက်လည်း ဒဏ်ကြေးဆောင်ပြီး ကျွန်တော်နဲ့ ချုပ်ထားတဲ့ စာချုပ်ကိုလည်းဖျက်သိမ်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီးတော့... တောင်းဆိုပါတယ်

တရားစွဲခံလိုက်ရတာနဲ့ ကျွန်တော့်အတွက် အားလုံး

ပြီးဆုံးသွားလိမ့်မယ်"

 

 

ဒါပေမယ့် လင်းယွီက သူ့ကို  တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား တောင်းပန်ရမဲ့လူက စုချန်ယန် တစ်ယောက်ထဲမဟုတ်ဘူး ခင်ဗျားကို စိတ်ရောကိုယ်ပါ တန်ဖိုးထားချစ်ခင်ပြီး သူတို့ရဲ့စံပြအဖြစ် သတ်မှတ်ထားတဲ့ ပရိသတ်တွေလည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ ခင်ဗျားဆီက တောင်းပန်တာကို လိုအပ်လိမ့်မယ် စုချန်ယန်ကတော့ မလိုအပ်တော့ဘူး။ အခုကစပြီး ခင်ဗျားကို မြင်တောင်မြင်ချင်မှာ မဟုတ်တော့ဘူး။ နောက်ဆုံးတော့ သူမ ဘဝကို၂ခါတောင် ဖျက်စီးခဲ့တာလေ"

 

 

ထိုသို့ပြောပြီးနောက် လင်းယွီက သူ့ကို စိုက်ကြည့်ကာ ပြန်လှည့်သွားပြီး စတူဒီယိုက ထွက်သွားခဲ့သည်။

 

 

ယန်ရှို့ရီက လင်းယွီထွက်သွားသည်ကို သွေးမရှိတော့သောမျက်နှာနှင့် နောင်တတရားများ ပြည့်နှက်စွာ

 ကြည့်နေမိခဲ့သည်။

 

 

ဧရာမကျောက်တုံးကြီးက ရုတ်တရတ် သူ့ဘဝကိုလာထိမှန်လိုက်သလိုမျိုး တစ်ခါထဲနဲ့ သူ့ဘဝက အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကုန်သည်။

 

 

Starlight ဖျော်ဖြေရေးတွင် ၎င်းတို့အတွက် အကျိုးအမြတ်များ သယ်ဆောင်လာပေးမည့်ထိပ်တန်း streamer တစ်ယောက် လစ်လပ်နေသည်ဟူ၍ မရှိပါ။ ပထမတစ်ယောက်ကို စွန့်ပစ်နိုင်ပြီး နောက်ထပ်မရေမ‌တွက်နိုင်သော ထိပ်တန်းဝင်ဆံ့မည့် အရည်အချင်းနှင့်လူကိုရှာကာ ထိပ်ဆုံးသို့ တွန်းပို့နိုင်သည်။

 

 

ရှောင်လုက ယန်ရှို့ရီ သူမကို တိုက်ခိုက်သည့်ကိစ္စနှင့်ပက်သက်ပြီး ဝေဖန်ထားတာကို ဖတ်နေစဉ် စုချန်ယန်က သူမနားချိန်၌ အဝတ်အစားများ ခေါက်နေခဲ့သည်။

 

 

တိုက်ရိုက် ထုတ်လွှင့်မှုပြီးဆုံးသည်နှင့် စုချန်ယန်ရဲ့ hater တွေ တိုက်ခိုက်ခံရမှုနှင့် ပက်သက်သည့်ပို့စ်မှာ အလွန်ရေပန်စားနေသည့် ပွဲတစ်ပွဲဖြစ်လာသည်။

 

 

ရှောင်လု - " ဘော့စ် လင်းရဲ့ စကားတွေက တကယ်ကိုအကျိုးကြောင်းသင့်တာပဲ။ ပွဲကြည့်ပရိသတ်ကို

အရိက်အမြွက်ပြပြီး အာရုံကို ဖမ်းစားလိုက်တာနဲ့ သူ့တို့ဘာသာအဖြစ်မှန်ကို အပ်ကျတာက အစပြန်ရှာကြတော့တာကိုး"

 

 

"အခုတော့ Weibo စာမျက်နှာ တစ်ခုလုံးမှာလည်း ဗီဒီယိုတော်တော်များများက နေရာယူနေပြီ။ နင်တို့ရုပ်ရှင်ရိုက်နေတုန်းက မင်းသမီးတစ်ယောက်ကလည်း မင်းတို့ရှိတဲ့မြို့ဘေးက မြို့တစ်ခုမှာပဲ။ အလုပ်ချိန်မှာတင် သူမလည်း ညဘက်တော်တော် နောက်ကျတဲ့အထိ နေခဲ့ပြီး သူမလစ်ထွက်လာတဲ့အချိန်နဲ့ ယန်ရှို့ရီ အဖွဲ့သားတွေကိုလစ်ထွက်လာတဲ့အချိန်က တူတူပဲဖြစ်နေတယ်။ စုချန်ယန် နင်က တကယ်ကံမကောင်းတာပဲ။ ဒီလောက်များပြားလွန်းတဲ့ အမဲစက်တွေကို ထမ်းထားရတယ်လို့"

 

 

စုချန်ယန်က မိတ်ကပ်ဖျက်ကာ သူမ အဝတ်အစားတွေကို ခေါက်နေခဲ့သည်။ ထိုသို့ကြားမိပြီးနောက် ပြုံပြီး ပြောခဲ့သည်။ "သူတို့သာ အဖြစ်မှန်ကိုနားလည်ရင် ကောင်းတာပေါ့"

 

 

ရှောင်လုက ရုတ်တရတ် စပ်စပ်စုစု မေးလိုက်သည်။

"စုချန်ယန်.. တိုက်ရိုက်ထုတ်လွှင့်နေတုန်းက တမင်သနားစရာကောင်အောင် လုပ်ပြခဲ့တာလား။ ဒါမှမဟုတ် နင် တကယ်ကြီး အဲ့လိုခံစားခဲ့ရတာလား?"