အပိုင်း ၇၀
Viewers 10k

Chapter 70

သူတို့ ကျောက်စိမ်းပက်လယ်အော်သို့ရောက်ချိန်တွင် ပုပုက အလွန်အိပ်မောကျနေလွန်း၍ မျက်လုံးပင် မပွင့်တော့ပေ။ ယခုအချိန်တွင် မိုးကြိုးပစ်လိုက်လျှင်ပင် သူ နိုးလာမည် မဟုတ်တော့ပေ။ အချိန်တွင် လေက အလွန်အေးစက်လွန်းပြီး ကားတံခါးကို ဖွင့်လိုက်သည်နှင့် အေးစိမ့်စိမ့်လေများက အညှာအတာမဲ့ ဝင်ရောက်လာသည်။ သူတို့စုံတွဲက အတူပူးပေါင်းပြီး အလုပ်လုပ်လိုက်သည်။ ဟယ်ကျစ်ယွမ်က ပထမဦးဆုံး ပုပုကို ‌ကားထဲမှထုတ်လိုက်ပြီး သူ့ပခုံးပေါ်တွင် ဆက်အိပ်နေလိုက်စေသည်။ ထိုအချိန်တွင် စုန့်ရန်က အနောက်ခုံမှ သူ့ဂျာကင်ကိုထုတ်ပြီး ပုပုကိုယ်ပေါ် ခြုံပေးလိုက်သည်။ 

သူတို့ ၁၂လွှာအထိ စက်လှေကားစီးသွားကြသည်။ စင်္ကြန်က အလွန်လင်းထိန်နေပြီး အခန်း8012A၏ ရှဉ့်ပုံစံ ခြေသုတ်ဖုံက အခန်း8012B၏ ထောင့်မှန်စတုဂံပုံ မီးခိုးရောင် ခြေသုတ်ဖုံကို မျက်နှာမူထားသည်။

ဟယ်ကျစ်ယွမ်က သော့ထုတ်ပြီး အခန်း 8012Bတံခါးကို ဖွင့်လိုက်သည်။ သူ တံခါးဖွင့်ပြီး ဝင်တော့မည့်အချိန်တွင် ကျောပြင်ကို ငြင်သာစွာ အပုတ်ခံလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ..."

" အမ်... အဲဒါက လူကြီးမင်းဟယ်..."

စုန့်ရန် ခေါင်းကုတ်နေပြီး သတိထား၍ ပြောလိုက်သည်။

" အိမ်... အိမ်ပြန်ရောက်လာတာ ကြိုဆိုပါတယ်..."

သူ ထိုစကားများပြောရန် အခွင့်အရေးကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ဟယ်ကျစ်ယွမ် နူးညံ့စွာပြုံးလိုက်သည်။ 

ပုပုကို အထဲသို့ချီသွားပြီးသည့်နောက် ဝင်ပေါက်မီးကို ဖွင့်လိုက်သည်။ အဖြူရောင် ပိုးလုံးအိမ်သဖွယ် ရှောင်ကျူက အပြာရောင်မီးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရန် ရောက်လာသည်။ လှိုင်းလုံးများကဲ့သို့ အချက်ပြမီးများက ဘယ်မှညာသို့ အစဉ်လိုက် တလက်လက်တောက်နေသည်။ 

" မလှုပ်နဲ့ဦး..."

ဟယ်ကျစ်ယွမ်က စုန့်ရန်ကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ ထို့နောက် အထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားပြီး တံခါးဝဘက်သို့ ပြန်လှည့်ကာ အခန်း8012B၏ ဧည့်ခန်းတွင် အပြုံးဖြင့်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

" စုန့်ရန် အိမ်ကနေ ကြိုဆိုပါတယ်..."

၎င်းက လုံးဝကွဲပြားသော အဓိပ္ပါယ်ဖြစ်ခဲ့သည်။ သူ စုန့်ရန်ကို တရားဝင်လက်ခံကြောင်း သင်္ကေတဖြစ်ပေသည်။

စုန့်ရန်သူတို့ကိုကြည့်နေလျက် မျက်လုံး‌ထောင့်စွန်းနားက စိုစွတ်လာသည်။ မုန်တိုင်းအားလုံးကို ဒဏ်ခတ်နိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်သောစွမ်းအားတစ်ခုက နှလုံးသားထဲ အခြေတည်လာခဲ့ပြီး အေးချမ်းပြီး ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းပြီး ‌နွေးထွေးသော လေစီးကြောင်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာခဲ့သည်။ 

ရှောင်ကျူက ကြည်လင်ပြတ်သားသော အသံတစ်သံကို ထုတ်လွှတ်လိုက်ပြီးနောက် ၎င်း၏ အပြာရောင် အချက်ပြမီးများက အစိမ်းရောင်ပြောင်းသွားပြီးမှ နူးညံ့သိမ်မွေ့သော ပင်လယ်ပြာအဖြစ်သို့ ပြန်ပြောင်းသွားသည်။ 

စုန့်ရန်က အစိမ်းရောင်အလင်းတန်းကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်၍ မမေးပဲ မနေနိုင်တော့ပေ။ 

" အဲဒါ ဘာဖြစ်တာလဲ..."

" မိသားစုဝင်အသစ်တစ်ယောက် ထပ်ထည့်လိုက်တာလေ... နောက်ဆိုရင် သူက မင်းကိုပါမှတ်မိသွားပြီး ကာကွယ်ပေးတော့မှာ..."

ထိုစကားကို ခိုင်ခိုင်မာမာ သက်သေပြသည့်အနေဖြင့် ရှောင်ကျူက ထိုနေရာတွင် တစ်ပတ်လှည့်ပြလိုက်၍ ယခင်ကထက်ပို၍ ချစ်စရာကောင်းလာသည်ဟုပင် ထင်ရစေသည်။

စုန့်ရန်က ဟယ်ကျစ်ယွမ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ အခန်း8012Bကို မိသားစုဝင်အဖြစ် ပထမဆုံး ဝင်ရောက်လာသည့်အနေဖြင့် သူ ရှောင်ကျူကို ချစ်ခင်စွာဖြင့် နှုတ်ဆက်လိုက်သည်။ 

ည ဆယ်နာရီခွဲသို့ရောက်သောအခါ စုန့်ရန်က ပုပုကို ရေချိုးခန်းထဲမှ ခေါ်ထုတ်လာသည်။ ကလေးလေးက အခုချိန်ထိ အိပ်ရာမနိုးသေးပေ။ သူက ရေချိုး၊ ဆံပင်အခြောက်ခံပြီး ညဝတ်အင်္ကျီ လဲလှယ်ဝတ်ဆင်ပြီးကာ အိပ်ချင်မူးတူးဖြင့် နူးညံ့သောအိပ်ရာပေါ် ရောက်လာသည်။ ရေချိုးခန်းထဲတွင် အငွေ့များဖြင့်ပြည့်နေ၍ ပုပု၏မျက်နှာကို နီရဲလာစေသည်။ ယခုချိန်တွင်မူ ရေစက်များက သူ့မျက်တောင်ပေါ် တွဲလွဲခိုနေပြီး အမည်မသိအိမ်မက်တစ်ခုကို မက်နေ‌သောကြောင့် အနည်းငယ် တုန်ယင်နေသည်။

ကလေးလေးရေ ကိုကြီး ဒီည မင်းနဲ့မအိပ်နိုင်တော့ဘူး... ကောင်းကောင်းအိပ်နော်...

" ကောင်းသောညပါ..."

စုန့်ရန် ပုပုကို နမ်းလိုက်ပြီး ခေါင်းရင်းမှ လိမ္မော်ရောင်မီးလုံးလေးကိုပိတ်ကာ အိပ်ခန်းအပြင်သို့ ထွက်လာခဲ့သည်။ 

တံခါးပိတ်လိုက်ချိန်မှာပင် ချက်ချင်း နံရံကိုဆွဲကပ်ခံလိုက်ရပြီး ပူပြင်းနေသည့် ခန္ဓာကိုယ်တစ်ခုက သူ့ကိုဖိထားသည်။ ဟယ်ကျစ်ယွမ်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူ့အကြည့်များက ယခုမှ စတင်လောင်ကျွမ်းနေသည့် မီးသွေးများအောက်တွင် မြှုပ်ထားသည့် အနီရောင်မီးပွားကဲ့သို့ နက်မှောင်ပြီး စိတ်အားထက်သန်မှုဖြင့် ပြည့်နေသည်။ တောက်ပသော အနီရောင်မီးစများက ဟိုတစ်ကွက် သည်တစ်ကွက်ဖြစ်နေသော်လည်း အပူချိန်က တစ်ယောက်ယောက်ကို လောင်ကျွမ်းသွားစေရန် လုံလောက်နေသည်။ 

၎င်း၏ အဓိပ္ပါယ်က သူတို့နှစ်ယောက်လုံး အစပျိုးခြင်းကိုကျော်ပြီး အဓိကအရာကိုသာ တိုက်ရိုက်ပြုလုပ်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဟယ်ကျစ်ယွမ် သူ့ထက်ပို၍ စိတ်မရှည်ဖြစ်နေမည်ဟု စုန့်ရန် မမျှော်လင့်ထားခဲ့ပေ။ မီးတောက်မတတ်ဖြစ်နေသော အကြည့်များကြောင့် စုန့်ရန် တအံ့တဩဖြစ်သွားရသည်။ တစ်ခဏတွင်းချင်းပင် သူ့ခန္ဓာကိုယ်အပူချိန်က ထိုးတက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးမြိုက်ရသံနှင့်အတူ အရှက်တရားကလည်း လောင်ကျွမ်းသွားသည်။

ဖျောက်...

ထိုအသံက ကျယ်လောင်ပြတ်သားပြီး စိတ်၏ အတွင်းပိုင်းတွင် ပေါက်ကွဲသွားသည်။ 

စေ့ဆော်မှုအချို့ကြောင့် သူက လက်ဦးမှုယူပြီး ဟယ်ကျစ်ယွမ်၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆွဲယူကာ အခြားလက်တစ်ဖက်မှ သူ၏ တောင့်တင်းသောရင်အုပ်ကို တဖြည်းဖြည်း ပွတ်သပ်နေသည်။ ကြောင်တစ်ကောင်၏ လက်သည်းများက အနက်ရောင်အဝတ်စကို ကုတ်ခြစ်နေသကဲ့သို့ လက်ချောင်းများကို တွန့်ကွေးလိုက်သည်။

" လူကြီးမင်းဟယ်... ခင်ဗျား ကြောင်ချစ်တတ်လား..."

သူ နူးညံ့စွာမေးလိုက်သည်။ 

၎င်းက အမှန်ပင် မမျှော်လင့်ထားသော မေးခွန်းတစ်ခု ဖြစ်သည်။ 

ဟယ်ကျစ်ယွမ်က ခပ်တိုးတိုးရယ်လိုက်သည်။ သူ့ရင်ခွင်ထဲမှ ကောင်လေးကိုငုံ့ကြည့်ပြီး ပုံမှန်မဟုတ်သည့် ဩရှရှအသံဖြင့် ပြောလိုက်သည်။

" သေချာပေါက် ချစ်တာပေါ့..."

" ဒါဆိုရင်တော့ အခု ခင်ဗျားရဲ့ကြောင်လေးက ဗိုက်ဆာနေပြီထင်တယ်..."

စုန့်ရန်က မျက်လုံးလှန်ကြည့်လိုက်ပြီး ခေါင်းအနည်းငယ်စောင်းကြည့်လိုက်ကာ သူ့မျက်ဝန်းများက ထိကပါးရိကပါးလုပ်သည့် အမူအရာဖြစ်နေသည်။

" ခင်ဗျား အစာမကျွေးပဲ နေနိုင်လို့လား..."

" သေချာပေါက် မနေနိုင်ဘူးပေါ့..."

ဟယ်ကျစ်ယွမ်၏ အသက်ရှုသံက မြန်ဆန်လာသည်။ စုန့်ရန်၏လည်တိုင်ကို သူ့လက်ဖဝါးကြီးဖြင့် ကိုင်ထားပြီး ခေါင်းငုံ့၍ သူ့ကို အငမ်းမရနမ်းလိုက်သည်။ 

ယခုအချိန်တွင် သူသတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး သူ့ရင်အုပ်ကို ပွတ်သပ်နေသည့်လက်က သူ့ကိုတွန်းလွှတ်လိုက်သည်။ 

" စုန့်ရန်..."

ဟယ်ကျစ်ယွမ် တအံ့တဩဖြစ်ပြီး ပြောစရာစကားမဲ့သွားသည့်ပုံပေါ်သည်။

" ကျွန်တော်လည်း မနေနိုင်ဘူး..."

စုန့်ရန်က ဉာဏ်များသည့်ပုံဖြင့် ပြုံးလိုက်ပြီး အနောက်သို့ ခြေလှမ်းငါးလှမ်းခန့် လှစ်ခနဲဆုတ်သွားသည်။ 

" ပုသို့သို့ကို ဂဏန်းအသားချောင်းတွေ သွားမကျွေးရင် တစ်ညလုံးဗိုက်ဆာနေတော့မှာ... ကျွန်တော် သူ့ကို အစာသွားကျွေးလိုက်ဦးမယ်... အဲဒါ ခင်ဗျား... အမ်... ကိုယ့်ဘာသာကိုယ် တောင့်ခံထားလိုက်နော်..."

သူ ပြောပြောဆိုဆိုနှင့် ဟယ်ကျစ်ယွမ်၏ ဖုဖောင်းနေသော ဘောင်းဘီခွကြားနေရာကို လက်ညှိုးထိုးပြလိုက်ကာ တစ်ဖက်သို့လှည့်ပြီး တံခါးရှိရာသို့ အမြန်ပြေးကာ သူ့အိမ်ဘက်ကို ထွက်ပြေးသွားသည်။ 

.....

ဟယ်ကျစ်ယွမ်က အခန်း8012A၏ တံခါးကိုမှီ၍ စောင့်ဆိုင်းနေသည်။ ပုပု လွန်ခဲ့သည့်လဝက်လုံး နေခဲ့သည့် ‌ဤနေရာကို စူးစမ်းရင်း စုန့်ရန်က ကြောင်ကို အေးအေးဆေးဆေးအစာကျွေးနေသည်အားစောင့်နေစဉ် မျက်နှာထားက တဖြည်းဖြည်း မဲမှောင်လာသည်။ သူ့ရင်ထဲမှ စိတ်အားထက်သန်မှုကို လှည့်စားခံလိုက်ရပြီး လိုအင်ဆန္ဒများကိုပါ ဖြတ်တောက်ခံလိုက်ရသည်မှာ နှာခေါင်းယားနေသော်လည်း နှာမချေနိုင်သကဲ့သို့ ယားကျိကျိဖြစ်နေသည်။ ၎င်းက ‌ငြှိမ်းသတ်၍မရသော ဒေါသတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ 

ကလေးဆန်လိုက်တဲ့ လက်စားချေမှုပေါ့လေ...

မင်း နောက်မှ မငိုနဲ့နော်...

သူ စုန့်ရန်ကို မျက်လုံးများ မှေးကျဉ်းလျက်ကြည့်နေပြီး သူ့ခွကြားနေရာကလည်း ဖောင်းနေဆဲဖြစ်သည်။ 

သူ အနည်းငယ် စိတ်ငြိမ်သွားပြီဖြစ်သော်လည်း စုန့်ရန်က ကြောင်စာကျွေးရန် ဆောင့်ကြောင့်ထိုင်ချလိုက်ချိန်တွင် တီရှပ်အောက်မှ ဖြူဖွေးဖွေးခါးလေးကို မြင်လိုက်ရသည်။ သူ့အရာက ကြက်သွေးဖြင့်အထိုးခံလိုက်သကဲ့သို့ စိတ်လှုပ်ရှားလာပြီး မာလာသည်။ 

နှစ်မိနှစ်အကြာတွင် ပုသို့သို့က ညနေစာစားပြီးသွား၍ လက်ဖဝါးကို ပျော်ရွှင်စွာလျက်ပြီး သန့်ရှင်းရေးလုပ်နေသည်။ စုန့်ရန်က တစ်ချက်မှ မလှုပ်ပဲ ထိုနေရာတွင် ထိုင်နေဆဲဖြစ်သည်။ 

ဟယ်ကျစ်ယွမ် အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

လက်စားချေတာလား သူရဲဘောကြောင်နေတာများလား...

" ကြောင်ကို အစာကျွေးပြီးပေမယ့် ကိုယ်ကတော့ ဗိုက်ဆာနေသေးတယ်နော်..."

သူ တံခါးခေါက်လိုက်ပြီး စုန့်ရန်ကို လက်တွေ့အခြေအနေအား ရင်ဆိုင်ခိုင်းလိုက်သည်။

" ဒါလင် ကိုယ့်ဆီဘယ်တော့လာမှာလဲ..."

ထိုအခါမှသာ စုန့်ရန်က တဖြည်းထလာပြီး၊ နောက်ကို တဖြည်းဖြည်းလှည့်လိုက်ကာ ခေါင်းငုံ့၍ အင်္ကျီစကို ခပ်တင်းတင်းဆုပ်ထားပြီး ဟယ်ကျစ်ယွမ်၏အနားကို နှေးတိနှေးတုံ့လျှောက်လာသည်။ သူတွန့်ဆုတ်စွာဖြင့် လက်နှစ်ဖက်ကို ဟယ်ကျစ်ယွမ်၏လည်ပင်းတွင် သိုင်းဖက်လိုက်ပြီး ခေါင်းကို ဟယ်ကျစ်ယွမ်၏ ပူလောင်နေသောလည်ပင်းတွင် အပ်ထားလိုက်သည်။

" ကျွန်တော်မှားပါတယ် လူကြီးမင်းဟယ်... ကျွန်တော် အာ့..."

စုန့်ရန် တောင်းပန်တော့မည့်အချိန်တွင် ခါးမှ အဆွဲခံလိုက်ရပြီး စင်္ကြန်လမ်း၏ နံရံတွက် ဖိကပ်ခံလိုက်ရပေသည်။ ဟယ်ကျစ်ယွမ်က စုန့်ရန်ကို နောက်တစ်ကြိမ် အနိုင်ကျင့်ပြန်သည်။ လူငယ်လေး၏ နားရွက်အဖျားကို ငုံထားပြီး အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ 

" ကွန်ဒုံးနှစ်ဘူးကြောင့် အခုချိန်ထိ အငြှိုးထားနေသေးတယ်ပေါ့လေ... ဟမ် ဟုတ်လား... မင်းဘာလို့ အရမ်းကလေးဆန်ပြီး... မတရားချစ်စရာကောင်းနေရတာလဲ..."

" ဟာ့..."

နားရွက်က စုန့်ရန်ဆတ်ဆတ်ထိမခံနိုင်သော နေရာဖြစ်သည်။ သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အတွေ့အကြုံက သုညဖြစ်နေသည့်အတွက် ခံစားချက်ကောင်းအောင် မည်သည့်နေရာကို ထိတွေ့ရမည်အား မသိပေ။ ဟယ်ကျစ်ယွမ်၏ ရုတ်ချည်းလှုပ်ရှားမှုနှင့်အတူ နားရွက်နားကပ်၍ ဩရှရှအသံဖြင့် ပြောလိုက်မှုကြောင့် ကြက်သီးတဖြန်းဖြန်းထသွားပြီး ခေါင်းအစခြေအဆုံး တုန်ယင်သွားသည်။ 

" မ... မထိနဲ့တော့..."

စုန့်ရန်က လူချင်း အနည်းငယ်ခွာလိုက်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားကာ နီရဲနေသော မျက်နှာဖြင့် ပြောလိုက်သည်။

" ကျွန်... ကျွန်တော် ခင်ဗျားကို ကျွေးပါ့မယ်..."

" ပြောကြည့်ပါဦး... ကိုယ့်ကို ဘာတွေကျွေးဖို့များ ပြင်ဆင်ထားတာလဲ..."

ဟယ်ကျစ်ယွမ်က သူ့ခန္ဓာကိုယ်အောက်ပိုင်းနှင့် ခပ်ပြင်းပြင်းဖိလိုက်၍ သူ၏စိတ်ဆိုးနေသောအရာက စုန့်ရန်၏ ဗိုက်အောက်ပိုင်းကို လာထိုးမိနေသည်။ သူတို့ကြားထဲတွင် ဘောင်းဘီနှစ်ထည်ခြားနေသေးသော်လည်း စုန့်ရန်က ကြောက်စရာကောင်းလောက်အောင် ပူနွေးမာတောင့်နေသည့်အရာကြီးကို ခံစားမိသည်။ သူ့ပါးပြင်နှင့် လည်တိုင်က ချက်ချင်းနီရဲတွတ်သွားပြီး အထစ်ထစ်အငေါ့ငေ့ါနှင့် ပြောလိုက်သည်။

" ဖက်... ဖက်ထုပ်လေးတွေ ရှိတယ်လေ..."

" ဖက်ထုပ်လေးတွေလား..."

တော်တော်လေးစိတ်ဝင်စားစရာကောင်းသားပဲ...

ဟယ်ကျစ်ယွမ်က သူ့ကို ခပ်ပြင်းပြင်းဖိလိုက်သည်။

" ဒါလင် အဲ့ဒါကို ဘယ်လိုစားဖို့ တွေးထားတာလဲ..."

စုန့်ရန် ရှက်သွားသည်။

" ဘယ်လိုဖြစ်ဖြစ် စားလို့ရပါတယ် ခင်ဗျားကြိုက်သလိုပေါ့..."

" ဒါဆိုရင်တော့ ရေနွေးတစ်အိုးတည်ထားလိုက်လေ... ဖက်ထုပ်တွေ ကျက်သွားပြီဆိုရင် အပေါ်က ဖက်ထုပ်ရွက်ကိုကိုက်လိုက်ရင် အထဲက အသားတွေပေါ်လာမှာပဲ... ပြီးတော့မှ အဲ့အသားလေးတွေကို တစ်ခါတည်းကိုက်စားပစ်လိုက်ပြီး ထွက်လာတဲ့ စွပ်ပြုတ်ရည်လေးတွေကို လျက်လိုက်မှာပေါ့... နောက်ဆုံးမှ ပန်းကန်တူတူဆေးကြ‌မယ်လေ... မင်း ဘယ်လိုထင်လဲ..."

“…”

ရေချိုးတာကနေစပြီး ပြန်ဆေးကြောတဲ့အထိ အဆင့်တွေကို မမျှော်လင့်ပဲ အစီအစဉ်နဲ့ကို ပြောချသွားတာပဲ...

လူယုတ်မာကြီး...

နောက်ဆိုရင် လူတွေက ဖက်ထုပ်တောင် သေချာစားချင်ပါတော့မလား...

စုန့်ရန် အလွန်ရှက်သွား၍ ခန္ဓာကိုယ်တစ်ခုလူံ ပူထူလာသည်။ သူ ခေါင်းငုံ့ထားလျက် ပြန်ဖြေလိုက်သည်။ 

" ကောင်းပါပြီ..."

ဟယ်ကျစ်ယွမ်က နောက် မေးခွန်းတစ်ခု ထပ်မေးသည်။ 

" ဖက်ထုပ်တွေကို ဘယ်အိုးနဲ့ပြုတ်မှာလဲ... မင်းဟာလား ကိုယ့်ဟာနဲ့လား..."

" ခင်... ခင်ဗျားသဘောပဲလေ..."

ဧည့်ခန်းထဲမှ အရောင်ဖျော့ဖျော့ဆိုဖာကိုလှမ်းကြည့်လိုက်ပြီး ဟယ်ကျစ်ယွမ်၏ ရင်ခုန်သံ မြန်ဆန်သွားသည်။ ထိုနေရာတွင် စုန့်ရန် သူနှင့်ဖုန်းပြောစဉ်က တစ်ကြိမ် အာသာဖြေခဲ့ဖူးသည်။ ထိုအချိန်က စုန့်ရန်၏ အသက်ရှုသံပြင်းပြင်းဖြင့် သွေးဆောင်ဖြားယောင်းနေသံက သူက သမုဒ္ဒရာတစ်ဖက်ခြမ်းတွင် ရောက်နေသည့်အကြောင်းကိုပင် မေ့လျော့သွားစေခဲ့သည်။ စိတ်ထဲတွင် ယားကျိကျိဖြစ်လာ၍ စုန့်ရန်နှင့်အတူ ဤဆိုဖာပေါ်တွင် အချစ်ဇာတ်လမ်းတစ်ခုခင်းချင်၍ သူ ဆုံးဖြတ်ချက်ချလိုက်သည်။

" မင်းဟာကိုပဲ သုံးကြတာပေါ့..."

" အင်း..."

စုန့်ရန် ခေါင်းငြိမ့်ပြလိုက်သည်။ 

သူ၏ ဇီဝကမ္မတုံ့ပြန်ချက်က အလွန်အားပြင်းလှသည်။ သူ့အရာကို ဂျင်းဘောင်းဘီဖြင့် ပွတ်တိုက်မိနေသောကြောင့် ပို၍ နာကျင်လာသည်။ ဟယ်ကျစ်ယွမ်က သူ့ကို ပွေ့ဖက်ထားပြီး လက်ချောင်းများက ကျောရိုးမှတစ်ဆင့် တင်သားများအပေါ် ပြေးလွှားနေသည်။ ဘောင်းဘီမှတစ်ဆင့် ဟယ်ကျစ်ယွမ်က သူ့အသားကို ဆုပ်နယ်နေပြီး သူ့အရာနှင့်ထိမိအောင် ရှေ့ကိုတွန်းပို့နေကာ ပွတ်တိုက်မှုဖြင့် စိတ်သက်သာရာရအောင် ဖြေလျှော့နေသည်။ 

သူတို့က စကားကျယ်ကျယ်ပြောခြင်းမရှိပဲ အချိန်အတော်ကြာရပ်နေခဲ့၍ စင်္ကြန်မှ အသံကိုတုံ့ပြန်သောမီးက ပိတ်သွားသည်။ 

တစ်ဖက်ခြမ်းတွင်မူ ‌လင်းထိန်နေပြီး တစ်ဖက်က မှောင်နေသော်လည်း သူ့ရှေ့မှလူ၏ မျက်ခုံးထူထူ၊ နှာတံ၊ မေးရိုးနှင့် လည်စေ့ကို စုန့်ရန် ရှင်းလင်းစွာမြင်နေရသည်။ သူ့မျက်နှာ၏ ကောက်ကြောင်းများနှင့် ထောင့်များက ကွဲပြားပြီး ဆွဲဆောင်မှုရှိရှိ ကြမ်းတမ်းခြင်း အရိပ်အမြွက်များ ပါရှိသည်။ 

၎င်းက စုန့်ရန် သဘောအကျဆုံးမြင်ကွင်းဖြစ်သည်။

Xxxxxxxx