Chapter 7
ရှအန်း ရှရှင်းချန်၏ လက်လေးအား ကိုင်လိုက်ပြီး မိဘမဲ့ဂေဟာ၏ အဝင်ဝသို့ လမ်းလျောက်သွားလိုက်သည်။
လက်အကြီးနှင့် လက်အသေးလေး နှစ်ခုတွဲကိုင်ထားချိန်မှာတော့ နေရောင်သည် အနီလိမ္မော်ရောင်သို့ပြောင်းနေပြီး မြင်ကွင်းကို နွေးထွေးနေစေတယ်။
သို့သော် ထိုနွေးထွေးမှုသည် အချိန်တိုလေးအတွင်းသာဖြစ်သည်။
ရှအန်း နှင့် ရှောင်ရှင်းချန် နှစ်ယောက်သား မိဘမဲ့ကျောင်း၏ အဝင်ဝသို့ရောက်သည်နှင့် သူမ အရှေ့တွင် အဖြူရောင်အလင်းတန်း ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင်ပဲ များပြားလှသည့် မီဒီယာမှလူများသည် သူတို့နှစ်ယောက်အား ဝိုင်းဝန်းလိုက်ကြလေသည်။
‘’ကလစ်… ကလစ်…’’
‘’မစ္စရှအန်း… ရှင့်သားကိုလက်တွဲထားတာလား...."
‘’ကလေးရဲ့အဖေရင်းက ဘယ်သူပါလဲ.....’’
‘’ မစ္စရှအန်း… ခင်ဗျားက ကိုယ့်ရဲ့ ရဲ့မတ်လေးနဲ့ ကိုယ် ပတ်သတ်နေတယ်လို့ ကြားရတယ် ဟုတ်လားဗျ....."
‘’မစ္စရှ… ဒီကို ဘာလို့လာတာလဲ… ရှင့်သားကို ခေါ်ဖို့လာတာလား....’’
‘’မစ္စရှ…’’
ရှအန်းသည် သူမရှေ့မှ ကင်မရာနှင့်မိုက်ခရိုဖုန်းများသယ်ဆောင်ထားသည့် ရေတွက်လို့မရလောက်သော သတင်းထောက်များအား ကြည့်လိုက်သည်။
မိုက်ခရိုဖုန်းတစ်ခုမှာ သူမမျက်နှာအား ရိုက်မိမတတ်ဖြစ်သွားသည့်အတွက် သူမ စိတ်တိုသွားသည်။
ကမ္ဘာပျက်ကပ်တွင် အင်အားလွှမ်းမိုးနိုင်မှုကြောင့် ဥပဒေဟူ၍ မရှိတော့ပေ။ ထို့ကြောင့် လူတော်တော်များများသည် အလွန်မောက်လာကြပြီး စိတ်ဆတ်လာကြသည်။
ထို့ကြောင့် ရှအန်းသည်လဲ ထိုထဲမှ လူတစ်ဉီးဖြစ်သည့်အတွက် အလင်းရောင်များအား မျက်တောင်မခတ်ပဲ စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။
‘’ ရပ်လိုက်စမ်း..... ‘’
အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ….
ရှအန်းသည် ကြယ်ပွင့်တစ်ယောက်၏ အတွေ့အကြုံဘယ်တုန်းမှ မရှိခဲ့ဖူးပေ။ ကမာပျက်ကပ်မရောက်ခင်က သူမက ဘွဲ့ရပြီးနောက် အလုပ်မရှာနိုင်ခဲ့သည့် သာမန်ဘွဲ့ရ ကျောင်းသူ တစ်ဦးသာဖြစ်သည်။ သူမက စာရင်းကိုင်ပိုင်းကို လေ့လာခဲ့ပြီး ကမ္ဘာပျက်ကပ်တွင် ထိုအရာမှာ ပရော်ဖက်ရှင်နယ်ဖြစ်နေပါစေ အသုံးပြုလို့မရတော့ပေ။
ထို့ကြောင့် များပြားလှသော သတင်းထောက်များနှင့် ကင်မရာများအား ပထမဦးဆုံး သူမ မြင်တွေ့ဖူးခြင်းဖြစ်သည်။
‘’မစ္စရှ… မေးခွင့်ပြုပါ…’’
သို့သော် ရှအန်းဆီမှ မည်သည့်အဖြေမျှ မရသည့်အတွက် သတင်းထောက်များ ဆက်ပြောစရာစကားများ ပျောက်ရှကုန်သည်။
သူမ ထွက်သွားလို့မရပေ။ သီးသန့်ဆန်သည့် များပြားလှသောမေးခွန်းများသည် အလွန်ဆိုးရွားနေသည်အတွက် သူမ သည်းမခံနိုင်တော့ပေ။
‘’ဒါတွေက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစတွေမို့လို့ ပြောစရာမရှိပါဘူး… ကျွန်မတို့ကို သွားခွင့်ပြုပါဦး....’’
ထို့နောက် ရှအန်းသည် ကလေးကို တိတ်ဆိတ်စွာဖြင့် သူမလက်မောင်းများကြား ဖက်လိုက်ပြီး သတင်းထောက်များဆီမှ ထွက်ခွာဖို့ကြိုးစားလိုက်သည်။
သို့သော် မည့်သည့်သတင်းအချက်အလက်မျှမရသည့် သတင်းထောက်များသည် သူတို့အား အဘယ့်ကြောင့် ထွက်ခွာခွင့်ပေးမည်နည်။
‘’ မစ္စရှအန်း.. ကျွန်တော်တို့ မေးခွန်းကို ကျေးဇူးပြုပြီးဖြေပေးပါ....'’
‘’မစ္စရှအန်း…’’
ရှအန်းသည် သူမဘေးနားတွင် ဝိုင်းအုံနေသည့် လူထုကြီးအားကြည့်ပြီး အနည်းငယ်စိတ်တိုလာသည်။
ကမ္ဘာပျက်ကပ်မှ ကူးပြောင်းလာသည့် သူမအတွက် ထို့လူတွေအား ရိုက်ချင်သည်အထိ လက်မှာယားလာတော့သည်။
‘’ထွက်သွားကြစမ်း… မဟုတ်ရင် ကျွန်မကို အဆိုးမဆိုနဲ့ … အိုကေ..’’
ရှအန်း၏ ရိုင်းပြသောစကားလုံးများအား မီဒီယာ သတင်းထောက်များသည် လုံးဝမဖြုံကြသည့်အပြင် ပို၍ စိတ်အားတက်ကြွလာကြသည်။
‘သတင်းထောက်များအား ရိုက်လိုက်သည့် ရှအန်း ‘ ဟူ၍ ခေါင်းကြီးပိုင်းတွင် ပါလာနိုင်သည်။
ထိုသို့ဆိုလျင် သူတို့လိုချင်သည့် ပန်းတိုင်ကို ရမည်ဖြစ်သည်။
အကြံဆိုးရှိသည့် သတင်းထောက်တစ်ယောက်သည် ရှေ့သို့ထွက်လာကာ ကြွေရုပ်လေးကဲ့သို့ သရုပ်ဆောင်ရန်ကြိုးစားလိုက်သည်။ ရှအန်းတစ်ယောက် မည်သို့ပင် နူးညံ့နေပါစေ သူမသည်လဲ ကောင်းကောင်းသရုပ်ဆောင်နိုင်သည့်အတွက် ရှအန်းမှ သူမ အား ရိုက်သည်ဟု သရုပ်ဆောင်လိုက်မည်ဖြစ်သည်။
သို့သော် ထိုအမျိုးသမီးသတင်းထောက်သည် ရှအန်းမှာ သူမထင်ထားတာတက် ပိုနေမည်ဟု မတွေးမိခဲ့ပေ။
ရှအန်းသည် လက်အားဆန့်ထုတ်လိုက်ပြီး သူမအရှေ့မှ သတင်းထောက်အုပ်စုလိုက်အား တွန်းဖယ်ရန်ကြံလိုက်သည်။ သို့သော်လဲ များပြားလှသော အမျိုးသမီးသတင်းထောက်များသည် သူမ ဆီသို့ တစ်ပြိုင်တည်းပြေးဝင်လာကြသည်။
ရှအန်းသည် ထိုသတင်းထောက်အုပ်စုအား သင်ခန်းစာပေးဖို့ သူမ အားအင်များကို ထုတ်ရန်ပြင်ချိန်တွင် …..
‘’အိုး…’’
တစ်စုံတစ်ယောက် ချော်လဲသွားသည့်အသံအား ရှင်းလားစွာ ကြားလိုက်ရသည်။
‘’…..’’
တစ်စုံတစ်ယောက် ချော်လဲသွားသည့်အတွက် အရာအားလုံးသည် ရုတ်တရက်တိတ်ဆိတ်သွားသည်။
အဘယ်ကြောင့်ဆိုသော် လဲကျသွားသူမှာ အကြံဆိုးဖြင့် ချဉ်းကပ်လာသည့် သတင်းထောက်မဟုတ်ပေ။ လဲကျသွားသည့် အမျိုးသမီးမှာ … ရှအန်းဖြစ်သည်။
ကလေးအားကိုင်ထားသည့် ရှအန်းသည် မြေပြင်ပေါ်တွင် သနားစရာကောင်းစွာဖြင့် လဲကျနေလေသည်။ တစ်ချို့သော သတင်းထောက်များသည့် နောက်တရသွားသည်။
သူတို့ အရမ်းများလွန်သွားလား…
‘’…..’’
ရှအန်းအား လဲကျအောင်လုပ်သွားသည့် အမျိုးသမီးသတင်းထောက်၏ မျက်နှာသည် အရုပ်ဆိုးသွားတော့သည်။
အမှန်တကယ်ကိုပဲ လဲကျရမည့်သူက သူမလေ…
ရှအန်း ၏ ဖြူဖျော့သောမျက်နှာပေါ်တွင် မျက်ရည်များကျဆင်းလာပြီး အမျိုးသမီးသတင်းထောက်သည်လည်း စိတ်ထဲမှနေ၍ ကျိန်ဆဲမိတော့သည်။
ဘယ်လောက်တောင် သရုပ်ဆောင်ကောင်းလိုက်သလဲ… သူမရဲ့ သရုပ်ဆောင်မှုက အရမ်းကိုလွန်ကျူးနေပြီလေ…
သို့သော် ရှအန်း ပိုမိုစိတ်ဆိုးလာလေသည်။ ဘယ်မှာ သရုပ်ဆောင်နေလို့လဲ ဒီခန္ဓာကိုယ်မှာ အလွန်အမင်း ထိခိုက်လွယ်လိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။
ဒီအချိုးမပြေတဲ့ သတင်းထောက်များအား သူမ တွန်းထုတ်ဖို့ ကြိုးစားလိုက်ရုံပဲကို ဘာလို့ ကလေးနဲ့အတူဒီလို ချော်လဲသွားရတာလဲ…သူမ ဘယ်လိုလုပ်ပြီး စိတ်မဆိုးပဲ နေပါ့မလဲ…
သူမ ခန္ဓာကိုယ်သည် အလွန်မှကို အထိခိုက်မခံဖြစ်နေသည်ကို တွေ့လိုက်ရပြီး မြေပေါ်ကျသွားချိန်တွင်လဲ အလွန်နာကျင်သွားသည်။
ပိုကြောက်စရာကောင်းသည်မှာ နာကျင်မှုကြောင့် မျက်ရည်များကျ မတတ်ဖြစ်ခြင်းပင်ဖြစ်သည်။
သူမ အရူးလိုပြောင်းလဲသွားတာလား…
သူမသည် ငိုတတ်သည့်လူများအား အမုန်းဆုံးဖြစ်သည်ကို ဘုရားသခင်သိလေသည်။ အခုချိန်မှာတော့ မြေပေါ်သို့လဲကျသွားပြီး မျက်ရည်များ ဝိုင်းလာရလေသည်။
‘’ မစ္စရှအန်း… ရှင်က သရုပ်ဆောင်ဖြစ်ထိုက်ပါတယ်… ဟန်ဆောင်နေတာများ....’’
‘’အဲ့ဒါပဲ… ငါဒီနေ့မျက်စိဖွင့်လိုက်တာနဲ့ အရင်ဆုံးတွေ့လိုက်ရတာက ကြွေရုပ်လိုသရုပ်ဆောင်နေတဲ့အရုပ်တစ်ရုပ်ပဲ...."
‘’ ကြယ်ပွင့်တစ်ယောက်က ကျိုးလွယ်တဲ့အရုပ်လိုနူးညံ့ပြမယ်လို့ မထင်မိဘူး… သူတို့က အတော်လေး သရုပ်ဆောင်ကောင်းတာပဲနော်....’’
များပြားလှသော ကဲ့ရဲ့မှုများသည် ရှအန်းနားထဲသို့ ဝင်ရောက်လာသည့်အတွက် သူမ မျက်လုံးအား လှိမ့်လိုက်မိသည်။ သူမအား ကျိုးကြေလွယ်သည့်အရုပ်ဟု ပြောကြည်သည့် ထိုသတင်းထောက်များအားလုံးဆီသို့ ခုန်ဝင်ကာ သင်ခန်းစာပေးလိုက်ချင်မိသော်လဲ တကယ်တမ်းတွင်တော့…
‘’ဝူး…ဝူး…’’
ရှအန်း o (〒 口 〒) o …? ??
မကောင်းသည့်သတင်းထောက်များ Σ (= 口 = |||)! !! !!
သတင်းထောက်များ (⊙o⊙) …? !!
ရှအန်း ဘယ်တုန်းမှ မထင်ခဲ့ပေ … သူမ ဒီလိုကြီးငိုကြွေးနေတယ်လား…
ဒီလို လှောင်ပြောင်မှုလေးက သူမကို ငိုကြွေးအောင်လုပ်နိုင်တယ်လား…
မိုးရွာသကဲ့သို့ ငိုကြွေးနေသော ရှအန်းအား ကြည့်ရင်း လူတိုင်း၏နှလုံးသားထဲတွင် ခံစားချက် နှစ်ခုသာ ခံစားလိုက်ကြသည်။
တစ်ခုမှာ ရှအန်းသည် အလွန်လှပစွာငိုကြွေးနေခြင်းဖြစ်ပြီး လူတိုင်း၏အချစ်ဦးပုံစံလေး ဖြစ်နေလေသည်။ သူမ ငိုကြွေးနေသည့်ပုံလေးမှာ လူတိုင်းရင် နှလုံးခုန်သံအား ထိမ်းမရအောင် တုန်ခါစေလေသည်။
နောက်တစ်ခုမှာတော့ ရှအန်း အစောကတည်းက ကာကွယ်ပေးခြင်းကို ခံထားရသည့် ကောင်ငယ်လေးသည် ရှအန်းမြေပေါ်သို့လဲကျပြီး မျက်ရည်များကျဆင်းနေသည်အား တွေ့လိုက်ရသည့်အတွက် သူမအရှေ့တွင် အကာကွယ်အဖြစ်ရပ်တည်လိုက်သည်။
သူသည် သူ၏သေးငယ်ပြီး ပိန်ပါးသော ခန္ဓာကိုယ်လေးဖြင့် ရှအန်း အရှေ့တွင် ရပ်တည်ကာ လက်နှစ်ဖက်အား ဖြန့်ကားလိုက်ပြီး မျက်လုံးအစုံမှာလဲ ဝံပုလွေငယ်လေးကဲ့သို့ ရဲရဲတောက်ကာဖြင့် ကာကွယ်လိုက်သည်မှာ တစ်စုံတစ်ယောက်မှ ရှအန်းအား အနှောက်အယှက်ဖြစ်စေရန် ရှေ့တိုးလာပါက သူသည် ထိုးကြိတ်ကာ ထိုလူအား သတ်လိုက်မည်သကဲ့သို့ပင်။
ထိုမြင်ကွင်းသည် သတင်းထောက်များအား တိတ်ဆိတ်သွားစေသည်။
သူတို့သည် သတိပေးချက်များကြောင့် ရှအန်းအား အင်တာဗျူးရန် ရောက်လာကြခြင်းဖြစ်ပြီး သူတို့၏အလုပ်အပေါ်တွင်သာ နားလည်ကြသောသူများ ဖြစ်ကြသည်။
သို့သော် ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး၏ စိတ်ထဲမှ မလွယ်ကူဘူးဟု ခံစားလိုက်မိသည်။
‘’ ငါတို့လွန်သွားပြီထင်တယ်… တကယ်တော့ ရှအန်းအတွက်လဲ မလွယ်ကူပါဘူး....’’
‘’ ဟုတ်တယ်… ဒီလိုအခြေအနေမျိုးမှာ ရှအန်းအနေနဲ့ သူ့သားကိုလာခေါ်ဖို့ဆိုတာကလဲ ခက်ခဲနေမှာပဲ… ထားလိုက်ပါတော့လေ....’’
‘’ ဟုတ်ပြီလေ… မိဘမဲ့ကျောင်းနဲ့ မုဆိုးမကိုတော့ ဒီနေ့အလွတ်ပေးလိုက်ပါမယ်....’’
အဆုံးမှာတော့ ထိုလူအုပ်ကြီးက သနားစဖွယ်ငိုကြွေးနေသေ ရှအန်းအား ကြည့်လိုက်ပြီး တောင်းပန်ကာ ထွက်ခွာသွားကြတော့လေသည်။
တချို့သော မကောင်းသည့် သတင်းထောက်များသည် လူတိုင်းထွက်သွားကြသည်ကိုကြည့်ရင်း သူတို့သည်လဲ ဆက်နေရန်မသင့်သည့်အတွက် ရှအန်းအား စိုက်ကြည့်ပြီး စိတ်မပါစွာဖြင့် ထွက်ခွာသွားကြတော့သည်။
‘’မာမား.. မငိုပါနဲ့တော့… အဲ့ဒီမကောင်းတဲ့သူတွေကို ရှောင်ရှင်း မောင်းထုတ်လိုက်ပါပြီ....’’
သတင်းထောက်များအားလုံးထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှောင်ရှင်းချန် သူ၏ အမာရွတ်များရှိနေသည့်လက်များကို မြှောက်လိုက်ကာ သူမ မျက်နှာပေါ်မှ မျက်ရည်စများအား သုတ်ပေးလိုက်လေသည်။
ထိုအချိန်တွင် ရှောင်ရှင်း၏ စိတ်ထဲတွင်တော့ ရှအန်း၏ ပုံရိပ်သည် စွဲမြဲသွားတော့သည်။
၎င်းက နတ်သမီးမေမေသည် ယဲ့ယဲ့လေးနှင့်ပျော့ညံ့လေသည်။ သူ့အနေဖြင့် အလျင်အမြန်ကြီးထွားလာသင့်ပြီး ယောကျာ်းတစ်ယောက်ဖြစ်လာမှသာလျှင် ဤအားနည်းကာနူးညံ့လွန်းသည့်မေမေအား ကာကွယ်နိုင်မည်ဖြစ်သည်။
သူမ မျက်ရည်များအား သုတ်ပေးနေသော ထိုသေးငယ်သည့် လက်တစ်စုံအား ကြည့်ရင်း ရှအန်း မတတ်နိုင်ပဲ အနည်းငယ်ရယ်စရာကောင်းသည်ဟု ခံစားလိုက်မိသည်။
အမှန်တကယ်ကြီးကိုပင် သူမသည် ထို သေးကွေးပိန်ပါးနေသည့်ကောင်လေးအား ကာကွယ်မှုပေးရန် ရောက်လာခြင်းဖြစ်သော်လဲ သူမကသာ ထိုကလေးဆီမှ အကာအကွယ်အား ယူနေသလိုဖြစ်နေလေပြီ။
‘’ မာမား မငိုပါဘူး… မျက်လုံးထဲ သဲနည်းနည်းဝင်သွားရုံလေးပါ… တကယ် မငိုဘူး....’’
ရှအန်းသည် မျက်ရည်များအား သုတ်လိုက်ပြီး သူမ ငိုခဲ့သည်အား ဝန်မခံချင်ပေ။
သူမ အတွက်တော့ ထိုကိစ္စသည် အလွန်ရှက်ဖို့ကောင်းလေသည်။