Chapter 8
သူမညီမပြောခဲ့သလို ဤခန္ဓာကိုယ်က ထိခိုက်လွယ်ပြီး စိတ်နှလုံးသားသည်လည်း ဖန်ရုပ်လေးလို အားနည်မည်ဟု မထင်မှတ်ထားပေ။
ယခုတော့ ဘာကြောင့်ဖြစ်သည်မှန်း သူမ နားလည်သွားပြီဖြစ်သည်။ သတင်းတွင်ဖော်ပြထားသကဲ့သို့ မူလပိုင်ရှင်၏ဘဝက ကိုယ်ကိုကိုယ် သေကြောင်းကြံခြင်းဖြင့် အဆုံးသတ်သွားလေသည်။
ဒီမိန်းကလေးကိုက အရမ်းထိခိုက်လွယ်လွန်းတာ.... ခန္ဓာကိုယ်တင်မကဘူး စိတ်ကပါ ထိခိုက်လွယ်နေတာ......
သို့သော် သူမ ဤခန္ဓာကိုယ်အား ပြောင်းလဲယူပြီးနောက် အကျင့်စရိုက်မှာလဲ ပြောင်းလဲသွားခြင်းမရှိပေ။
ဘယ်လိုတောင်လား....
သို့သော် ကံကောင်းစွာဖြင့် တနေ့တခြားလှပလာသည့် သူမ၏စွမ်းအားမှာ သူမနှင့်အတူ လိုက်ပါလာလေသည်။
အာ… ဟုတ်တာပေါ့… ဒီစွမ်းအားက အစာစားရုံနဲ့ ပိုလှလာလို့ သူမအနေနဲ့ ထိန်းသိမ်းပြီး စားသောက်မှဖြစ်မယ်…
‘’ ဟုတ်ပါပြီ … မာမား မငိုတော့ဘူး....’’
‘’လိမ်မာတယ်....'’
ရှရှင်းချန်၏ အကျင့်စရိုက်မှာ အလွန်ကောင်းမွန်သည့်အတွက် သူမ ခံစားချက်များ ကောင်းမွန်လာသည်။ သူမ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများကို စစ်ဆေးပြီးနောက် ကလေးအား သူမချီလိုက်သည်။
‘’ပြင်ပဒဏ်ရာ ရှိမရှိ ဆေးရုံသွားစစ်ရအောင် … ဘာဒဏ်ရာမှ မရှိဘူးဆိုတာသေချာရင် သားအတွက် အဝတ်လှလှလေးတွေဝယ်ပြီး မုန့်သွားစားကြမယ်....."
အစားကြောင်းကြားလိုက်သည်နှင့် ရှအန်း တံတွေးမျိုလိုက်မိသည်။
ငါ ညစာ မစားရသေးဘူးပဲ......
‘’ဟုတ်… ရှောင်ရှင်းက မာမားစကားကိုနားထောင်ပါမယ်....’’
ရှရှင်းချန်မှာ အစာကောက်သော ကြက်ကလေးကဲ့သို့ ခေါင်းကိုငြိမ့်လိုက်လေသည်။
ထို့ကြောင့် ရှအန်း ကလေးကို ဆေးရုံသို့အရင်ခေါ်သွားကာ တစ်ကိုယ်လုံး ဆေးစစ်လေသည်။ ထို့နောက် သူမသည် ကောင်လေးကို အနီးဆုံးဈေးဝယ်စင်တာတွင် များပြားလှသော အဝတ်အစားများအား ဝယ်ပေးပြီး ညစာစားရန်သွားကြသည်။
‘’ ရှောင်ရှင်း… သား ဘာစားရတာကြိုက်လဲ....’’
ရှအန်း မျက်တောင်ခတ်လိုက်သည်။ အစားအကြောင်းတွေးလိုက်ရုံဖြင့် ရှအန်း မသိလိုက်ဘာသာ တံတွေးများကျလာသည်။
ဇွန်ဘီများနှင့် မရေတွက်နိုင်အောင်များပြားလှသော အစားအစာများ မရှိသည့် ကမ္ဘာပျက်ကပ်မှ ငြိမ်းချမ်းသောကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် သူမ အချိန်တိုင်း စားချင်စိတ်ဖြစ်ပေါ်နေသည်။
အစားအစုံစားလိုက်မယ်…. ဒါပေမယ့် အဲ့ဒီ သောက်စွမ်းအား… အဲ့ဒါ အရမ်းဆိုးတာပဲ...
‘’မာမား ဘာစားချင်လဲဟင်.....’’
ရှရှင်းချန်သည် အရသာရှိသော အစားအစာများအား စားဖူးနေကျ ကလေးတစ်ယောက်ဖြစ်သည့်အတွက် အစားအသောက်အပေါ်တွင် တပ်မက်စိတ်မရှိချေ။
‘’မာမားလား…’’
ဂျပန်စာ… ဘာဂါ… ပီဇာ .. ကိုရီးယာစာ … ဟော့ပေါ့.....အား…. သူမ အကုန်စားချင်တယ်…
အဲ့ဒီ အလှတိုးသည့် စွမ်းအားသာမရှိလျင် သူမ ရွေးချယ်စရာမလိုပဲ အားလုံးစားနိုင်မည်ဖြစ်သည်။
‘’ဟော့ပေါ့သွားစားရအောင်.. ဟော့ပေါ့က အကောင်းဆုံးပဲ.....’’
သူမ မနေ့ညက အစားအသောက်ဘလောခ့်များကို ရှာခဲ့သည်။ ဥပမာအားဖြင့် သူမနေထိုင်သည့် B မြို့တွင် အရမ်းအရသာရှိသည့် ဟော့ပေါ့ဆိုင်ရှိပေသည်။ ထိုဆိုင်က ဈေးကြီးသော်လည်း ကိစ္စမရှိပေ။ သူမတွင် ယွမ်၅၈၀၀၀၀ ရှိသည့်အတွက် အလွန် ချမ်းသာနေလေသည်။ သူမ စားချင်သော အရာများကို စားမည်ဖြစ်ပြီး ငွေလွှဲလိုက်ရုံပင်။ ထို့ကြောင့် ရှအန်း ကလေးကိုခေါ်၍ ငွေရောင်ကတ်ဖြင့် အကောင်းဆုံးနှင့်ဈေးအကြီးဆုံး ဟော့ပေါ့ဆိုင်သို့ ဝင်သွားတော့သည်။ လိုအပ်သော ဟင်းအမယ်များကို သူမ ပန်းကန်ပေါ်တွင် နေရာချပြီးနောက် ရှအန်း၏မျက်ဝန်းအစုံ တောက်ပသွားကာ စားသောက်တော့သည်။ သူမနှင့်ဆန့်ကျင်ဘက်တွင် ထိုင်နေသည့် ကောင်လေးက အလွန်အံ့ဩသွားလေသည်။
အထူးသဖြင့် ရှအန်း တစ်ပန်းကန်ပြီးတစ်ပန်းကန် စားနေသည်ကိုကြည့်ရင်း သူပိုပြီး ထိတ်လန့်လာသည်။
အချိန်တိုင်း ထိုအရည်လဲ့နေသည့်မျက်လုံးလေးတစ်စုံက တိတ်ဆိတ်စွာဖြင့် သူမ၏ ဗိုက်ကို ကြည့်နေလေသည်။
‘‘ရှောင်ရှင်း… ဒီပုဇွန်က အရမ်းအရသာရှိတာပဲ.. မာမား သားအတွက်အခွံခွာမပေးတော့ဘူး… ကိုယ့်ဘာသာပဲ ခွာစားလိုက်တော့နော်...."
‘’ရှောင်ရှင်း.. ဒီအသားက ချက်ထားတာ မြန်မြန်လေးစားလိုက်ဦး.....’’
‘’ရှောင်ရှင်း…’’
ညစာစားပြီးနောက် ရှအန်းအပေါ်ရှိ ရှရှင်းချန်၏ ဒုတိယအမြင်သည်ကား ဤသို့ဤနှယ်ဖြစ်သွားတော့သည်။
ငါ့အမေက တကယ်အစားတစ်လိုင်းပဲ… သူမက အရသာရှိတာတွေကိုကြိုက်တယ် .. အထူးသဖြင့် အသားပဲ....
ရှောင်ရှင်း သူ၏အမေ စားသောက်နေသည်ကို ကြည့်ရသည်ကို သဘောကျသည်။ ရှအန်းသည် စားစရာများကို အားပါးတရစားနေပြီး သူမ၏ ပုံရိပ်ကိုလည်း ဂရုမစိုက်သည်ကို ကြည့်နေရင်း သူ၏နတ်သမီးမေမေက ပိုလှပလာသည်ဟု ရှချင်းချန်ခံစားလိုက်ရသည်။
စားပြီးသည်နှင့် ရှအန်းက စိတ်ကျေနပ်စွာပြုံးလိုက်သည်။ထိုအချိန် သူမကို ကြည့်နေသည့် ရှရှင်းချန်ပထမဆုံးတွင် ပန်းတိုင်တစ်ခုရှိလာလေတော့သည်။
ငါ စားဖိုမှုးတစ်ယောက်ဖြစ်ချင်တယ်.. ဒီနည်းလမ်းကပဲ ရှောင်ရှင်းက မာမားစားချင်သမျှကို အနာဂါတ်မှာ ကျွေးနိုင်မှာ.....
သူမ မျှော်လင့်ထားသည့် အနာဂတ်၏ ကမ္ဘာအချမ်းသာဆုံး အမျိုးသားမှာ အရသာအလွန်ရှိလှသော ညစာစားအား တစ်နပ်မျှစားပြီးသည့်နောက် သူ၏လမ်းကြောင်းမှ သွေဖယ်သွားသည်ကို မျက်မှန်တပ်နှင့်မက်စ်တပ်ထားသည့် ရှအန်းကတော့ မသိလိုက်ပေ။
ကောင်လေး၏လက်အား တွဲထားပြီး သူမတို့ တက္ကစီဖြင့် အိမ်ပြန်လာကြသည်။ အိမ်သို့ရောက်ပြီးနောက် သူမအိမ်တွင် အိပ်ခန်းတစ်ခုတည်းသာရှိကြောင်း သတိရသွားတော့သည်။
‘’ ရှောင်ရှင်း… သား ဒီနေ မာမားနဲ့တူတူအိပ်ရမယ်.. မနက်ဖြန်မှာ မာမားက သားအတွက် အိပ်ခန်းတစ်ခုပြင်ပေးမယ်..."
ရှအန်းနှင့် အတူတူမအိပ်ရဘူးဆိုသည်အား ကြားလိုက်သည်နှင့် ရှောင်ရှင်း မျက်ဝန်းများမြင့်တက်သွားသည်။
ဖြစ်နိုင်လျှင် သူ ကိုယ်ပိုင်အိပ်ခန်းမလိုချင်ပေ။သူ၏နတ်သမီးမေမေနှင့်သာ အတူတူအိပ်ချင်သည်။
‘’ရှောင်ရှင်း.. သားဘာသာ ရေချိုးတတ်လား....'’
အတော်လေး ညစ်ပတ်နေသည့် ရှောင်ရှင်းကို ရှအန်းကြည့်လိုက်သည်။