အပိုင်း ၉
Viewers 29k

Chapter 9


နောက်တစ်နေ့နက်ခင်းတွင် ရှအန်းတစ်ယောက် စားသောက်ပွဲကြီးတစ်ခုတွင် စားနေသည့် အိမ်မက်ဖြင့် နိုးထလာသည်။ ကြက်ပေါင်နှင့် ကိတ်မုန့်များက သူမလက်ထဲတွင်ရှိနေသော်လည်း သူမ မစားနိုင်ခင် ဖုန်းမြည်သံကြောင့် နိုးလာရသည်။


ပထမတွင် သူမ ထိုဖုန်းက်ု လစ်လျူရှုရန်ကြံထားသော်လည်း သူမဘေးမ အကောင်ပေါက်လေးက  အိပ်ရာမှနိုးသွားလေသည်။

‘’မာမား… ဖုန်းမြည်နေတယ်နဲ့တူတယ်....’’


ထိုဖုန်းသံကြောင့် အကောင်ပေါက်လေးနိုးသွားသည်အား သိလိုက်ရသည့်အတွက် ရှအန်း စိတ်တိုသွားကာ ဖုန်း ကိုင်လိုက်သည်။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းပေါ်မှ နံပါတ်စိမ်းအား ကြည့်လိုက်ကာ ဖြေလိုက်သည်။

ဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် သူမ အောက်ပါစကားကို ကြားလိုက်ရသည်။ 


‘’မစ္စရှအန်း… ရှင် ယွမ်၃၀၀,၀၀၀(သုံးသိန်း)ဘယ်တော့ပေးပြန်မှာလဲ....’’


တဖက်မှ အမျိုးသမီးဉအသံက အလွန်နူးညံ့ကာ ကောင်းမွန်လေသော်လည်း စကားလုံးများက သူမကို စိတ်ရှုပ်သွားစေသည်။

‘’ ဘာကို…’’


ရှအန်း သူမ စိတ်ထဲအထင်မှားသည်ဟုတွေးကာ မျက်လုံးအားပွတ်လိုက်ပြီး ဖုန်းကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်လေသည်။


‘’မစ္စရှအန်း… စာချုပ်ဖျက်လိုက်တဲ့အတွက် ကုမဏီကိုလျော်ကြေးမပေးဘူးဆိုရင် ကျွန်မတို့ဘက်ကလည်း ဥပဒေအရ လုပ်ရပါလိမ့်မယ်...."


‘’ဟား..ဟား… ဒီရက်ပိုင်း လိမ်ပြီးနှောက်ယှက်တဲ့ဖုန်းကောလ်တွေ တော်တော်များတာပဲ… ဒါပေမယ့် ဆောရီးပါ… ကျွန်မက အဲ့လို အရူးလုပ်လို့လွယ်တဲ့ လူမဟုတ်ဘူး....’’

ထိုသို့ပြောပြီးနောက် ရှအန်း ဖုန်းချ လိုက်သည်။


ဟမ်…ဟမ်… မနက်စောစောမှာ ဒီလိုအနှောက်အယှက်ဖြစ်စရာ ဖုန်းကောဝင်လာရတယ်လို့... ပြီးတော့ အဲ့ဒါကလည်း မကောင်းတဲ့သတင်းကြီးတဲ့...


ထို့နောက် မနေ့ညက မစားလိုက်ရသည့် သူမ၏စားသောက်ပွဲကြီးကို သတိရသွားလေသည်။


‘’မာမား… လိမ်ပြီးနှောက်ယှက်တဲ့ဖုန်းဆိုတာ ဘာလဲဟင်..’’


ရှအန်း ခေါင်းငြိမ့်လိုက်သည်။

တစ်စုံတစ်ယောက်က စာချုပ်လျော်ကြေး ၃ သိန်းတောင်းနေတယ်တဲ့... ဘယ်လိုလုပ်ဖြစ်နိုင်...


ဟမ်… စာချုပ်ဖျက်သိမ်းတဲ့လျော်ကြေးလား…


ထိုခဏတွင် အိပ်ငိုက်နေသော ရှအန်း ရုတ်တရက် ထိတ်လန့်သွားသည်။ လွန်ခဲ့သောရက်တစ်ချို့က သူမ၏အေးဂျင့်ဖြစ်သူက သူမကို ထိုအကြောင်းပြောခဲ့သည့်အကြောင်းကို ချက်ချင်း တွေးမိသွားသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က စာချုပ်ဖောက်ဖျက်သွားပုံရလေသည်။


‘’ မဟုတ်ဘူး..’’

ထိုအတွေးကြောင့် ရှအန်း သူမခေါင်းကို စိုးရိမ်တကြီးဖြင့် ကုတ်လိုက်မိတော့သည်။


ထိုသို့သာဆိုလျင် သူမက လျော်ကြေး ၃ သိန်းပေးရတော့မည်ဖြစ်သည်။ သူမ၏အတွေးထဲ၌  ၅၈၀၀၀၀ ထဲမှ ၃၀၀၀၀၀ အား နုတ်လိုက်သောအခါ သူမ ထူပူထုံထိုင်းသွားတော့သည်။


အကြောင်းပြချက်မရှိပဲ သူမရဲ့ ငွေတဝက်ပျောက်ဆုံးသွားတောမည့်အတွက် သူမ မည်သူ့ကိုမှ ထိုပိုက်ဆံကို မပေးချင်ပေ။


သူ၏ နတ်သမီးမေမေအား ဘေးမှထိုင်ကြည့်နေသည့် ရှရှန်းချန်က ကိုယ့်ပုံရိပ်ကိုယ် မထိန်းသိမ်းနိုင်လောက်သည်အထိ ခေါင်းကုတ်နေကာ စိတ်တိုနေသည့် သူ့မိခင်ကိုကြည့်လိုက်သည်။ သူသည် ဂရုတစိုက်ဖြင့် သူမအားမေးလိုက်သည်။

 ‘’ မာမား… ဘာတွေ စိတ်ပျက်နေတာလဲဟင်...."


ရှအန်း အကောင်ပေါက်လေးကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူမ၏စိတ်ခံစားချက်များကို ကြိုးစားထိန်းသိမ်းလိုက်သည်။ သူမ ထိုမကောင်းသည့်သတင်းကို အကောင်ပေါက်လေးကို မသိစေလိုပေ။


‘’ဘာမှမဟုတ်ပါဘူး… မာမားက မနက်စာဘာစားရင်ကောင်းမလဲ စဉ်းစားနေတာ....’’


ထိုသို့ပြောလိုက်သည့်အတွက် အကောင်ပေါက်လေး ဗိုက်ဆာလာလေသည်။ အစားကြောင့် သူမသည် ထိုစိတ်ညစ်စရာ စာချုပ်လျော်ကြေးကို လစ်လျုရှုလိုက်သည်။


ဖုန်းအားထုတ်လိုက်ပြီး သူမသည် အရင်ညများတွင်ပြောင်းလဲသွားသည့် ကိစ္စကြီးအား လုံးဝမေ့သွားကာ မနက်စာအတွက် များပြားလှသော အမှာစာများတင်လိုက်သည်။


မနက်စာ အများအပြားစားပြီးနောက် သူမကိုယ်သူမ မှန်ထဲသို့ကြည့်ပြီး နောက်တစ်ကြိမ် ဝမ်းနည်းသလို ခံစားလိုက်ရပြန်သည်။


အဲ့ဒါ သူမ အရမ်းစားချင်လို့မဟုတ်ပဲ အဲ့ဒီ့ မကောင်းတဲ့ စာချုပ်ဖျက်သိမ်းကြေးကြောင့်ပဲ…


သူမနှလုံးသားထဲတွင် မသက်သာသလို ခံစားလိုက်ရတော့သည်။

‘’လျော်ကြေးကဘာလဲ…’’


သူမအား နာကျင်စေသည့် လျော်ကြေး အကြောင်းမစဉ်းစားချင်ပေသော်လည်း မူလပိုင်ရှင်၏ ကိုယ်ခန္ဓာကိုယ်ကို ယူထားရသည့်အတွက် သဘာဝကျစွာဖြင့် သူမ တာဝန်ဖြစ်လာလေသည်။


ရှအန်း အကောင်ပေါက်လေးအတွက် အိပ်ခန်းအသစ်လုပ်ပေးမည့်ကိစ္စနှင့် တခြားအစီအစဉ်များကို ရွေ့ဆိုင်းလိုက်ရလေသည်။


မနက်စာစားပြီးနောက် မနေ့ကဝယ်လာသည့် နတ်သမီးပုံပြင်စာအုပ်ကို ယူလိုက်ကာ အကောင်ပေါက်လေးကို 'ကိုယ့်ဘာသာဖတ်တတ်လား'ဟု မေးလိုက်သည်။ သူမက ကွန်ပျုတာထိုင်ခုံတွင်ထိုင်ကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။


ဆယ်လီတစ်ယောက်ဖြစ်ခြင်း၏ ကောင်းသည့်အရာမှာ ကိုယ်ရေးကိုယ်တာအချက်အလက်များမှလွဲ၍ ကျန်သည့်အရာအားလုံးကို အလွယ်တကူရှာနိုင်ခြင်းဖြစ်လေသည်။ ထို့ကြောင့်သူမက ကွန်ပျူတာအားဖွင့်ကာ ရှအန်း၏ဒဏ်ကြေးအကြောင်း ရှာလိုက်သည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် များပြားလှစွာသော သတင်းအချက်အလက်များ တွေ့လိုက်ရသည်။


သို့သော် ရှာဖွေပြီးနောက် သူမခံစားချက်သည် အဆိုးဆုံးသို့ရောက်သွားသည်။ အဘယ့်ကြောင့်ဆိုသော် စာချုပ်ဖျက်သိမ်းကြေးပေးရမည်မှာ တစ်ခုမကသောကြောင့်ပင်ဖြစ်သည်။


(သရုပ်ဆောင်ရှအန်းသည် တရားမဝင်သားအား ဖော်ပြလိုက်သည့်အတွက် ‘’Heartbeat Diary’’ နဲ့လွဲချော်သွားပြီး များပြားလှသည့် လျော်ကြေးအား ပေးဆောင်ရန်ရှိ)


(အမျိုးသားများ၏အချစ်ဉီး ရှအန်း လက်မထပ်ပဲ ကလေးမွေးခြင်း နှင့် ‘’Dear go home ‘’ အစီအစဉ်မှ ထုတ်ပယ်ခံလိုက်ရခြင်း ထို့နောက် ကုမ္ပဏီမှ လျော်ကြေးတောင်းခံခြင်း)


(အခုလောလာဆယ် သူရုပ်ဆောင် ရှအန်းသည်…)


စခရင်အားကြည့်ရင်း သူမတောင့်တင်းသွားသလို ခံစားလိုက်ရသည်။


သူမ သေသေချာချာ ရေတွက်ကြည့်လိုက်သည့်အခါ လျော်ကြေးပေးရမည်မှာ အနည်းဆုံး ၅ ခု ထက်မနည်းရှိနေသည်။ ခန့်မှန်းခြေ အနည်းဆုံး တစ် မီလီယံရှိလေသည်။ ထို့ပြင့် မူလပိုင်ရှင်၏ အကောင့်ထဲတွင် ယွမ် ၅၈၀,၀၀၀ သာရှိလေသည်။


ထို့ကြောင့် လျော်ကြေးငွေပေးမည်ဆိုလျင် အနည်းဆုံး ၅၇၀,၀၀၀ လိုအပ်နေသည်။ သူမ ထိုလျော်ကြေးငွေများအား ပေးချင်လျင်တောင် သူမတွင် မရှိပေ။


(╯ ‵ □ ′) ╯︵┻━┻


ဒီငွေတွေအားလုံး လျော်ကြေးပေးလိုက်ရရင် သူမ ဘယ်လိုလုပ်ပြီး စားချင်တာတွေစားလို့ရတော့မှာလဲ......


 (╯ ‵ □ ′) ╯︵┻━┻