အပိုင်း ၁၀
Viewers 29k

Chapter 10


ရှအန်းတစ်ယောက် မူလပိုင်ရှင်၏ စာချုပ်လျော်ကြေးများအတွက် စိတ်ဒုက္ခများနေချိန်တွင် တဖက်မှာတော့ ရှအန်း၏တရားမဝင်သားအကြောင်းမှာ hot search တွင် ပါဝင်နေပြီဖြစ်သည်။


(အလှပန်းအိုးသရုပ်ဆောင်ရှအန်းက ကြာပန်းဖြူတစ်ယောက်ကဲ့သို့ သရုပ်ဆောင်ကောင်းခြင်း)


ရှအန်း၏ အလွယ်တကူကျိုးပဲ့လွယ်သည့်ပုံရိပ်ဖြင့် ဗီဒီယိုသည် hot search ပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် နောက်တစ်ကြိမ်ရောက်နေမှန်း သူမ မသိသေးပေ။


ထိုဗီဒီယိုဖိုင် အွန်လိုင်းပေါ်သို့ရောက်သည့်အချိန်မှာ တိုတောင်းလှသော်လဲ ဝင်ကြည့်သူမှာ အလွန်များပြားလေသည်။


‘’လောင်ရှု … လောင်ရှု… ငါတို့ရှိုးတော့ ကယ်တင်ခံလိုက်ရပြီကွ..... အဆင်ပြေသွားပြီ.......’’


ဟန်ယွဲ့ သည် tablet ကိုပိုက်၍ အလျှင်စလိုဖြင့် တံခါးတွန်းဝင်လာသည်။ သူ၏မျက်နှာတွင် လည်းစိတ်လှုပ်ရှားမှုအပြည့်နှင့်ဖြစ်သည်။


လောင်ရှုဟု အခေါ်ခံရသူသည် ဟန်ယွဲ့၏မျက်နှာအမူအယာကိုကြည့်ပြီး ‘List form in doubt’ တွင်ပါဝင်သူများအား ဘေးသို့ရွေ့လိုက်လေသည်။


‘’ဘာဖြစ်လို့လဲ… ရင်းနှီးမြှုပ်နှံသူ တွေ့လာလို့လား.....’’

ရှုလင်းသည် သူ၏သူငယ်ချင်းကို ပြုံး၍ နောက်ပြောင်လိုက်သည်။


သူတို့နှစ်ဦးမှာ သူငယ်ချင်းအရင်းကြီးဖြစ်ကြပြီး အထက်တန်းမှ တကသိုလ်အထိ အတူတူတတွဲတွဲဖြစ်သည့်အတွက် သူတို့၏လုပ်ငန်းတွင်လည်း အလွန်ပင် အတိုင်ဖောက်ညီကြစွာဖြင့် တစ်ဦးမှာ ဒရိုက်တာဖြစ်ပြီး တစ်ဉီးမှာ screen writer ဖြစ်လေသည်။


သူတို့သည်အလွန်နီးကပ်သော်လည်း တခါမှ အတူတကွ အလုပ်ကိုဆက်စပ်၍မလုပ်ကြပေ။ အကြောင်းမှာ ရှုလင်းသည် လူသိများသော ဒရိုက်တာဖြစ်ပြီး ဟန်ယွဲ့သည် screen writer ဖြစ်သောကြောင်ပင်။


ထို့အပြင့် သူက variety shows များရေးရန် ပိုမိုနှစ်သက်လေသည်။


ယခုအချိန်တွင် သူ၏အခင်ဆုံးသူငယ်ချင်းဖြစ်သူသည် ပထမဆုံးကော်ပိုရေးရှင်း စတင်တော့မည်ဖြစ်သည်။ ကြယ်ပွင့်များ၏ တောရိုင်းထဲ၌ရှင်သန်ခြင်း reality show တစ်ခုအား ဟန်ယွဲ့မှထုတ်လုပ်ပြီး ရှုလင်းမှ ဒါရိုက်တာအဖြစ် ကြီးကြပ်မည်ဖြစ်သည်။


ရှုလင်းသည် ယခုအချိန်တွင် လမ်းတစ်ဝက်မှ လူသစ်ဖြစ်ပြီး သူတို့၏ပရိုဂရမ်တွင် ရင်းနှီးမြုပ်နှံသူမှာ များများစားစားမရှိသကဲ့သို့ ပါဝင်မည့်သူမှာလဲ လူသိပ်မရှိပေ။


‘’ဘယ်လိုစပွန်ဆာမျိုးလဲ… ‘’


‘’ရှုလင်း… ဒီဟာကိုကြည့်လိုက်စမ်း....’’

ထို့နောက် ဟန်ယွဲ့သည် ရှုလင်းကို tablet ပေးလိုက်သည်။


ရှုလင်း ဟန်ယွဲ့ဆီမှ တက်ဘလက်ကို လှမ်းယူလိုက်ပြီး ပြသနေသော ဗီဒီယိုဖိုင်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။


‘’ဘယ်လိုထင်လဲ....’’

ရှုလင်းကြည့်ပြီးနောက် ဟန်ယွဲ့က စိတ်လှုပ်ရှာစွာဖြင့်မေးလိုက်သည်။


‘’ဘာကိုလဲ…’’

ဟန်ယွဲ့မျက်နှာထက် စိတ်လှုပ်နေသည့်အကြောင်းအရင်းအား ရှုလင်းနားမလည်နိုင်ပေ။


သူ ဘာကိုကြည့်လိုက်မိတာလဲ.....


‘’အဲ့ဒီ အမျိုးသမီးကြယ်ပွင့်ကို ဘယ်လိုထင်လဲ…သူမကို ငါတို့ဆီမှာ ပါဝင်ခိုင်းရင်ရော...’’

ဟန်ယွဲ့ဆီမှ စကားလုံးများထွက်လာသည်နှင့် တပြိုင်နက် ရှုလင်း နှုတ်ခမ်းများ တွန့်လိမ်သွားသည်။


‘’သူမလား… ငါတို့ရှိုးမှာ ပါဖို့လား… မင်း ငါ့ကိုနောက်နေတာလား… အခု သူမရဲ့ တရားမဝင်ကလေးကြောင့် ဖျော်ဖြေရေးနယ်ပယ်မှာ ဘဝတစ်ဝက်ပျက်သလိုဖြစ်နေတာလေ…ပြီးတော့ ငါတို့ရဲ့ ရှိုးက တောရိုင်းထဲ၌ကြမ်းတမ်းစွာရှင်သန်ခြင်းလေ… အဲ့လို ချစ်ဖို့ကောင်းတဲ့အမျိုးသမီးကြယ်ပွင့်က ငါတို့ရှိုးကို ဘယ်လိုလုပ်ပြီးလာမှာလဲ...."


ဟန်ယွဲ့မှ ရှုလင်းကို ပြသည့်ဗီဒီယိုမှာ တခြားမဟုတ်ပေ။ အလွန်ရှာဖွေမှုများသည့်အထဲတွင် ပါဝင်သည့် ရှအန်း၏ ထိခိုက်လွယ်စွာလဲကျသွားသည့် ဗီဒီယိုပင်ဖြစ်လေသည်။


ရှုလင်းက ဟန်ယွဲ့၏စိတ်လှုပ်ရှားသည့်အမူအယာကြောင့် သူ့ထင်မြင်ချက်သည်လည်း ကောင်းမွန်လာသည်။


‘’လောင်ရှု… အဲ့ဒါကို မင်းနားမလည်ဘူးလား… အခု ရှအန်းက အရမ်းနာမည်ကြီးနေတာ… မကောင်းတဲ့ဘက်က နာမည်ကြီးနေတာဆိုပေမယ့် အခုအချိန်မှာ သူမက အထင်ရှားဆုံးဖြစ်နေတာတော့ ငြင်းလို့မရဘူးလေ....’’

သူ ရှအန်းမြေပေါ်သို့လဲကျပြီး သနားစဖွယ်ငိုကြွေးနေသည့် ဗီဒီယိုဖိုင်ကို ပိတ်လိုက်သည်။


‘’ပြီးတော့ ငါတို့ရဲ့ 'တောရိုင်းထဲ၌ရှင်သန်ခြင်း' ရှိုးမှာ ဒီလိုချစ်ဖို့ကောင်းတဲ့သူက ဘယ်လိုလုပ်ပြီး ပါဖို့ စိတ်ဝင်စားမှာလဲ… မင်းမသိဘူးလား အဖွဲ့ဝင်အမျိုးသမီးတွေက ဘာမှမလုပ်တတ်ဘူးလေ ပြီးတော့ သူမဘာသာတောင် ခက်ခဲရှုပ်ထွေးနေတာ ငါတို့အစီအစဉ်မှာ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ… ‘’


ရှုလင်း ဟန်ယွဲ့ပြောသည့်စကားများကို နားထောင်ပြီး သူ့သူငယ်ချင်းပြောသည်မှာ မှန်ကြောင်းတွေးလိုက်မိသည်။


တောရိုင်းထဲ၌ရှင်သန်ခြင်းအစီအစဉ်အတွက် ဘယ်သူက သန်မာတဲ့အဖွဲ့ဝင်တွေကိုပဲ လိုအပ်တယ်လို့ပြောလို့လဲ… အဲ့လိုသာဆိုရင် ဘယ်သူကြည့်တော့မှာလဲဟ…


‘’မင်းပြောတာက ဟုတ်သလိုလိုပါပဲ....’’


ရှုလင်းက ဖျော်ဖြေရေးလောကတွင် အချိန်ကြာရှိနေသည့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ ဟန်ယွဲ့၏စကားများကို နားထောင်ပြီးနောက် ရှအန်းအားအဖွဲ့ဝင်အဖြစ်သာ ဖိတ်ခေါ်လိုက်မည်ဆိုလျှင် အတော်လေးကောင်းမည်ဟု သူလည်း ခံစားလိုက်မိသည်။


‘’ဟုတ်တာပေါ့.. အရေးအကြီးဆုံးက…’’


ဟန်ယွဲ့သည် သူ့ပါးစပ်ကိုဟလိုက်ပြီး ရှုလင်းအား ထူးဆန်းသည့်အပြုံးဖြင့် ကြည့်လိုက်သည်။


‘’ဘာလဲ..’’

ရှုလင်း စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။


‘’ရှအန်းက ဈေးပေါတယ်လေ… အဲ့ဒါကပဲ ငါ့တို့ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်တယ်.....’’