အပိုင်း ၁၂
Viewers 29k

Chapter 12


Seson တစ်ခုတွင် ၁၂ ပိုင်းရှိပြီး ဆုကြေးမှာ ၂ သောင်းဖြစ်ကာ နောက်ဆုံးဆုကြေးမှာလည်း နှစ်သိန်းဖြစ်သည်။ သူမ ပုံသေရမည့်သရုပ်ဆောင်ကြေး ၂ သိန်းခွဲ နှင့် အခြားအရာတွေအား ထည်တွက်လျှင်… ဘယ်လောက်ရမှာပါလိမ့် …


ဘုရားရေ ၆၉၀,၀၀၀ တောင်ရမှာပေါ့……….


သူမအတွက် လျော်ကြေးများအား ချေပေးရန်မလုံလောက်သေးသော်လည်း အနည်းဆုံးတော့ တစ်ဝက်ပြန်ဆပ်နိုင်ပြီ ဖြစ်သည်။


ဒီရှိုးမှာပါဝင်ဖို့က ဆုံးရှုံးစရာမရှိဘူး.. သူမ ပါမှဖြစ်မယ်…

ရှအန်း ရှိုးပွဲမှရမည့် ပိုက်ဆံများအား ရေတွက်နေချိန်တွင် တဖက်မှ ရှအန်း၏အဖြေကို အချိန်ကြာမြင့်စွာစောင့်နေသည့် ဟန်ယွဲ့သည် သူမအပေါ်တွင် အထင်မသေးတော့သော်လည်း စိတ်မရှည်နိုင်တော့ပေ။


သို့သော် ယခုအချိန်တွင် သူ့ ရှိုး၏ကျော်ကြားနိုင်ချေမှာ သူမ အပေါ်တွင် မူတည်နေလေသည်။


သူမက ဈေးသက်သာရုံသာမက သူတို့ကို ကြည့်ရှုသူတက်လာစေရန် ထိုက်တန်လေသည်။


ရှအန်းကို အသုံးပြုမည်ဟု စဉ်းစားပြီးသည့်နောက် သူသည် ရှအန်းအတွက် မျက်စိပသာဒဖြစ်စေမည့် အစီအစဉ်များကို ရေးဆွဲပြီးဖြစ်သည်။


အကယ်၍ ရှအန်းသာလက်ခံမည်ဆိုလျင် စီးပွားရေးဆန်ပြီး လက်တွေ့ကျသိပ်မကျသော်လည်း ပရိုဂရမ်၏ မားကတ်တင်းအသုံးစားရိတ်အတွက်တော့ ကာမိမည်ဖြစ်သည်။


ထို့ကြောင့် ဟန်ယွဲ့ သွားကြိတ်ကာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။


‘’မစ္စရှအန်း… ကျွန်တော် နောက်ထပ် ငါးသောင်တိုးပေးပါ့မယ်.. အားလုံးပေါင်း ၃ သိန်းပေါ့နော်.. အဆင်ပြေလားဗျ..’’


ရိုးသားစွာပြောရလျင် ထိုငွေကြေးသည် ရှအန်း ဒီအရှုပ်တော်ပုံကြီး မပေါ်ပေါက်ခင်က ရသည့် အခကြေးငွေနှင့် သိပ်မကွာပေ။


မည်သို့ပင်ဆိုစေကာမူ သူမက စီးပွားရေးဆန်သည်ဟု သူ မခံစားရချေ။


ဟန်ယွဲ့ကို လက်ခံပေးဖို့ပြင်ကာ သူမစိတ်ထဲ၌ သူမရရှိမည့် ငွေကြေးအရေအတွက်ကို တွက်ချက်နေစဉ်တွင် တဖက်မှ သူမအား နောက်ထပ် ယွမ် ၅ သောင်း တိုးပေးလာလေသည်။


ရှအန်း နောက်တစ်ကြိမ် ဝမ်းသာသွားရပြန်သည်။

‘’ ကောင်းပြီ သဘောတူတယ်… အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ… ကျွန်မတို့ ဘယ်တော့ စာချုပ်ချုပ်မလဲ… မြန်မြန်လေး စာချုပ်ပြင်ပေးတော့...."


ဟားဟားဟား… ဒီလူက တကယ်ပဲ ပိုက်ဆံနတ်ဘုရားပဲ…


တဖက်မှ စိတ်အားထက်သန်စွာဖြင့် ကျေနပ်သွားသည့်အသံကို  နားထောင်ရင်း ဟန်ယွဲ့စိတ်ထဲ မလွယ်ကူသလို ခံစားလိုက်ရသည်။

 သူပေးတာ အရမ်းများသွားလား …


ချမ်းသာခြင်းနတ်ဘုရား ဟန်ယွဲ့နှင့် ဖုန်းပြောပြီးနောက် အလွန်ကောင်းမွန်သည့် ခံစားချက်ဖြင့် ရှအန်း ဖုန်းချလိုက်သည်။


ဟက်… ကြယ်တစ်ပွင့်ဖြစ်ရတာက ပိုက်ဆံအများကြီးကို ရှာလို့ရတာပဲ... ကြည့်ရတာ ၁ မီလီယံ လျော်ကြေးအတွက် စိတ်ပူစရာ မလိုတော့ဘူးထင်တယ်….


ပိုက်ဆံကိစ္စ ဖြေရှင်းပြီးနောက် အကြီးမားဆုံး ပြဿနာမှာ သူမတွင် ထိခိုက်လွယ်သည့် ခန္ဓာကိုယ် ရှိနေခြင်း ဖြစ်သည်။


ထိုအတွေးဖြင့် ရှအန်း သူမခေါင်းအားငုံပြီး နူးညံ့နေသည့်… မဟုတ်သေးဘူး.. ထိခိုက်လွယ်ပြီး တိုဟူးကဲ့သို့ ဖြစ်နေသာ သူမခန္ဓာကိုယ်က်ု ကြည့်လိုက်လေသည်။


ထိုကဲ့သို့သော ခန္ဓာကိုယ်ဖြင့် ချန်ပီယံဆုကို ရယူရန်မှာ တကယ်တမ်းတွင် ပြဿနာတစ်ခုဖြစ်နေလေသည်။


ထို့ကြောင့် သူမခန္ဓာကိုယ်ကို  လျင်မြန်စွာ လေ့ကျင့်ခန်းလုပ်ရမည်ဖြစ်သည်။


အကယ်၍ ဤပရိုဂရမ်တွင် သူမသာ မှတ်တမ်းတင်ခံရမည်ဆိုလျှင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ရှိမှာမဟုတ်တော့ပေ။


ရှအန်း ရုတ်တရက် ခေါင်းကိုက်လာပြီး ရုတ်တရက် သူမ ညီမယုံကြည်ချက်ရှိရှိဖြင့် ပြောခဲ့သည့်အကြောင်းအရာတစ်ခုကို သတိရသွားသည်။ ဤစာအုပ်၏ အဓိကဇာတ်ဆောင်တွင် ရွှေလက်ချောင်းရှိသည်ဆိုသည့်အကြောင်းဖြစ်သည်။ ရှအန်းတစ်ယောက် မျက်လုံးအစုံ လင်းလက်သွားသည်။


ဟုတ်ပြီ… အဓိကဇာတ်ဆောင်ရဲ့ ရွှေလက်ချောင်းကို ဘာလို့မေ့သွားတာလဲ.. ဟားဟားဟား…


အဓိကဇာတ်ဆောင်၏ ရွှေလက်ချောင်းမှာ အတော်လေးညစ်ပတ်လေသည်။ ထိုစာအုပ်၏ဆရာသည် အဓိကဇာတ်လိုက်အတွက် ထိုရွှေလက်ချောင်းပြုလုပ်ပေးထားသည်ဖြစ်ပြီး သူသည် အဓိကဇာတ်လိုက်ကို တစ်ညလျှင် XOXO ခုနှစ်ကြိမ်ပြုလုပ်နိုင်ရန် ရည်ရွယ်လေသည်။

(T/N - XOXO ဆိုတာ အဟမ်း.. အဟမ်း.. လုပ်တာပါ)


အကယ်၍ သူမ၏ညီမကို ထိုစာအုပ်၏ မည်သည့်အပိုင်းကို အော့အန်ချင်စိတ်ဖြစ်သနည်းဟု မေးရမည်ဆိုလျှင် အဓိကဇာတ်လိုက်မ၏ ရွှေလက်ချောင်းပင်ဖြစ်လေသည်။


အဓိကဇာတ်လိုက်၏ ရွှေလက်ချောင်းသည် အတော်လေး ပုံမှန်ဖြစ်သည့် နည်းလမ်းနှင့်သာဖြစ်ပြီး ထိုအရာများမှာ အရာဝတ္တုတစ်ခုခု သို့မဟုတ် ရရှိနိုင်မည့် နည်းလမ်းများသာဖြစ်သည်။


စာအုပ်ရေးသားသူ စာရေးဆရာမှာမူ အတော်လေးထူးဆန်းလေသည်။ အဓိကဇာတ်ဆောင် ရွှေလက်ချောင်းရပြီးသည့်နောက် လုပ်သည့်အလုပ်မှာ XXOO သာလျှင်ဖြစ်သည်။


ရွှေလက်ချောင်းမှာ ဖြုတ်တပ်လို့ရသော နဂါးပုတီးစေ့ နှစ်လုံးဖြင့်ပြုလုပ်ထားသော လည်ဆွဲဖြစ်လေသည်။


ပုံစံအသေးစိပ်ကို သူမ ရှင်းရှင်းလင်းလင်းမသိပေ။ သူမက စာအုပ်ဖတ်ခဲ့ခြင်းမရှိသည့်အပြင် သူမ ညီမဆီမှသာ ထိုအဓိကဇာတ်ဆောင်က ရွှေလက်ချောင်းကို အသုံးပြု၍ သူမခန္ဓာကိုယ်ကို မမောမပန်းနိုင်စွာ စိတ်အားထက်သန်မှုအပြည့်ဖြင့် စွမ်းဆောင်နိုင်လေသည်။


သူမ ထို စန်းယုံအော်ပရာပုတီးစေ့ ပါဝင်သည့် ဆွဲကြိုးကိုဝတ်ဆင်ထားရုံဖြင့် တစ်ညလျှင် XXOO ခုနှစ်ကြိမ်ဆိုသည်မှာ ထည့်တွက်စရာပင် မလိုတော့ပေ။ ခနာကိုယ်မှာလဲ ပိုကျန်းမာလာပြီး. ပိုပို၍ လှပလာမည်ဖြစ်သည်။

ဟီးဟီးဟီး… ..


သူမညီမ ဖတ်သည့်ထိုစာအုပ်သည် အသက် ၁၈ နှစ်အောက် ကလေးများအတွက် တားမြစ်ထားသည့် … တီ… တီ… တီ ဇာတ်လမ်းမျိုးဖြစ်သည်။


သူမ အဓိကဇာတ်ဆောင်၏ ရွှေလက်ချောင်းကို အစပိုင်းတွင် နည်းနည်းလေးမျှ မစဉ်းစားမိချေ။


သူမ၏ ထိခိုက်လွယ်သည့် ခန္ဓာကိုယ်ကြောင့်သာ ရွှေလက်ချောင်းကို စဉ်းစား မိရခြင်းထြစ်သည်။ အကြောင်းမှာ ထိုလည်ဆွဲသည် အဓိကဇာတ်ဆောင်၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်လာစေသောကြောင့်ဖြစ်သည်။


သူမ၏ရည်ရွယ်ချက်မှာ အဓိကဇာတ်ဆောင်နှင့်မတူပဲ ကွဲပြားသော်လည်း သူမ၏ ယေဘူယျလိုအပ်ချက်မှာ သူမ ရုပ်ပိုင်းဆိုင်ရာပိုသန်မာလာစေရန်နှင့် ကျန်းမာရေးပိုကောင်းလာစေရန်ဖြစ်သည်။

ဟီးဟီးဟီး… အမျိုးသမီးဇာတ်လိုက်က အဲ့ဒါတွေထက် ပိုသုံးခဲ့ပေမယ့်လဲပေါ့လေ…


သူမတွင် ထိုရွှေလက်ချောင်းရှိသည်နှင့် သူမ၏ရုပ်ပိုင်းဆိုင်ရာကို အထောက်အပံ့ရမည်ဖြစ်သည်။


ရှအန်းအနေဖြင့် သိပ်မသေချာသော်လည်း အမျိုးသမီးဇာတ်လိုက်၏ ရွှေလက်ချောင်းကို ရှာရန် ဆုံးဖြတ်လိုက်လေသည်။


ထိုသို့လုပ်ခြင်းဖြင် သူမ အနေနှင့် ဘာမှဆုံးရှုံးမည်မဟုတ်ပေ။


အဓိကဇာတ်ဆောင် အဲ့ဒီ့ရွှေလက်ချောင်းကို ဘယ်ကနေရသွားတာပါလိမ့်…


သူမညီမပြောပြခဲ့သည့် ဇတ်လမ်းဇာတ်ကြောင်းကို မူးမေ့မတတ် စဉ်းစားပြီးနောက် သူမညီမပြောသည်ကို ပြန်မှတ်မိလာသည်။


 ဟားဟားဟား… စာရေးဆရာက ခွေးသွေးဝတ္တုတွေရဲ့ ဇာတ်ကြောင်းအဟောင်းတွေအတိုင်း ဒီမေရီဆူးဝတ္တုကို ရေးခဲ့တာပဲ... ရွှေလက်ချောင်းက ညစ်ပတ်တယ်ဆိုရင်တောင်မှ ရမယ့်နည်းလမ်းကတော့ … ဟားဟားဟား..... ငါတကယ် ရယ်နေမိပြီ... 


အဓိကဇာတ်ဆောင်မှာ ပိုက်ဆံအများကြီးရှိတယ်…. အသက်ငါးနှစ်လေးတည်းနဲ့…တစ်စုံတစ်ယောက်ကတော့ လမ်းလွဲနေပြီ…

ဆွဲကြီးရောင်းတဲ့သူကိုယ်တိုင်ကလည်း ‘’ ဒီ စမ်းယုံအော်ပရာပုတီးစေ့က မရောင်းရတာ ဆယ်နှစ်ချီနေပြီ ဒါပေယ့် ဒီနေ့မှာ ရောင်းလိုက်ရတဲ့အတွက် သူက သူ့ပိုင်ရှင်ကိုစောင့်နေတာပဲ ဖြစ်ရမယ် ‘’ တဲ့လေ.....


အဓိကဇာတ်ဆောင်ရဲ့ ကံကြမ္မာပဲ…. ငါမခံစားနိုင်တော့ဘူး … ငါသေတော့မယ်ထင်တယ်... ဟားဟားဟား… ရယ်လိုက်ရတာဟယ် စာရေးဆရာရဲ့ လော့ဂျစ်က ဘယ်လိုကြီးလဲ…


အာယား… အဓိကအမျိုးသမီးဇာတ်ဆောင်ရဲ့ ရွှေလက်ချောင်းကို ခိုးယူဖို့ အခွင့်အရေးပေးတဲ့ .... ဒီစာရေးဆရာကိုကျေးဇူးတင်သင့်လား.. သူမ မသိတော့ပါဘူးလေ...


နေရောင်ခြည်အောက်တွင် ကောင်ငယ်လေး၏နူးညံ့သည့်မျက်နှာသည် တောက်ပနေပြီး သူ့ကို နတ်သားငယ်လေးတစ်ပါးနှင့် တူနေစေသည်။


‘’ရှောင်ရှင်း… မာမားကိုပြောပါ့ဦး… ဒီနှစ် သားအသက်ဘယ်လောက် ပြည့်မှာလဲ…’’

သူမသည် အဓိကဇာတ်ဆောင်၏ အသက်ကို မသိသော်လည်း ထိုအဓိကဇာတ်ဆောင်သည် သူမ၏ ဗီလိန်သားထက် တစ်နှစ်ငယ်သည်ကို သိထားလေသည်။


သူမသားသည် အသက်ခြောက်နှစ်မပြည့်သေးဘူးဆိုလျှင် ထို အဓိကဇာတ်ဆောင်သည်လဲ သူမ၏ ရွှေလက်ချောင်းအား မရသေးဘူးဆိုတာ အသေအချာပင်။


‘’မာမား.. ရှောင်ရှင်းအသက်က ငါးနှစ်ပါ....’’


ရှအန်း နှလုံးသားထဲတွင် အလွန်ပျော်ရွှင်သွားကာ ကိုယ်အားကိုင်းညွှတ်လိုက်ပြီး အသေးလေးကို သူမလက်ထဲသို့ထည့်ကာ နမ်းလိုက်လေသည်။


‘’မှ…’’


ကျယ်လောင်သည့် နမ်းရှုံ့သံနှင့် ရှအန်း၏ထွေးပိုက်မှုကြောင့် ထိုကောင်လေးမှာ အနည်းငယ် ရှက်ရိပ်သမ်းသွားသည်။


‘’ မာမားက ဒီည သားကို လက်ဆောင်တွေဝယ်ပေးဖို့ ညဈေးခေါ်သွားပေးမယ် … ဟိဟိ.....’’


အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းတဲ့လား… သူမပဲ ယူလိုက်တော့မယ်နော်…