အပိုင်း ၁၅
Viewers 29k

Chapter 15


ရှအန်း ရေချိုးခန်းထဲသို့ဝင်ကာ မှန်ကြည့်လိုက်ချိန်တွင် သူမ မျက်နှာပေါ်တွင် ဖုန်မှုန့်လေးများဖုံးအုပ်နေလေသည်။ ထို့အပြင့် သူမဝတ်ဆင်ထားသော် ညဝတ်အကျီသည်လဲ ဖုန်မှုန့်များစွာဖြင့် ပေကျံနေသည်။


သူမ လက်မောင်းကိုမြှောက်လိုက်ကာ အသာလေး အနံ့ရှုကြည့်လိုက်ရာ အနည်းငယ်နံသော အနံ့တစ်ခုထွက်နေသည်ကို သိလိုက်သည်။


ဒီအရာတွေ သူမဆီကနေ ဘယ်လိုလုပ်ပြီးထွက်ပေါ်လာတာလဲ… ပြီးတော့ ဘာလို့ သူမ နံစော်နေရတာလဲ….


ရှအန်း မျက်မှောင်ကြုတ်ကာ သူမလက်ချောင်းထိတ်များဖြင့် ဖုန်တစ်ချို့အား ပွတ်ချလိုက်ရာ ထိုမီးခိုးရောင်ဖုန်မှုန့်များသည် တစ်စုံတစ်ခုသို့ပြောင်းလဲသွားသည်။


‘’အညစ်အကြေးတွေလား.....’’

သူမ လက်ချောင်းထိပ်ပေါ်မှ တောက်ပနေသောအရာကိုကြည့်ရင်း သူမစိတ်ထဲတွင် တစ်စုံတစ်ခုပေါ်လာသည်။


'ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးအဆိပ်အတောက်အားလုံးကို သန့်စင်ခြင်း’ ….


ရှအန်း မျက်တောင်ခတ်လိုက်သည်။ သူမ ခန္ဓာကိုယ်ပေါ်မှ ဖုန်အလွှာသည် သူမ မအိပ်ခင် ဝတ်ဆင်ခဲ့သည့် နဂါးလည်ဆွဲနှင့် ဆက်စပ်နေမှန်း တွေးလိုက်သည်။


ထို့အပြင် မနေ့ညက သူမ အိမ်မက်တစ်ခုမက်ခဲ့သေးသည် မဟုတ်ပါလော။

ဒါက အဓိကဇာတ်လိုက်ရဲ့ စွမ်းအားပဲ... အကျိုးသက်ရောက်မှုလည်း ရှိပုံပဲ…


လည်ဆွဲကို တစ်ရက်မျှဝတ်ရုံဖြင့် လျှင်မြန်လွန်းလှသည့် အကျိုးသက်ရောက်မှုအား ရမည်ဟု၍ သူမ မထင်မိခဲ့ပေ။

‘’ဒါတွေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေပဲနေမယ်...."


ဤခန္ဓာကိုယ်တွင် များပြားလှသည့်အဆိပ်များရှိမည်ဟု သူမ မထင်ခဲ့ပေ။ ကူးပြောင်းလာပြီးနောက် သူမ၏ လှပခြင်းစွမ်းအားက ခန္ဓာကိုယ်ကခု လှပစေရုံသာဖြစ်ပြီး ခနာကိုယ်ကို သန့်စင်ခြင်းလုပ်ဆောင်ချက် မပါဝင်ပေ။


ရှအန်း ရုတ်တရက်တွေးလိုက်မိသည်။ သူမ ဤခန္ဓကိုယ်ထဲ ကူးပြောင်းလာချိန်တွင် မူလခနာကိုယ်မှာ သေဆုံးနေပြီဖြစ်သည်။ သူမက အဆိပ်သောက်ပြီးသေခဲ့သည့်အတွက် ခန္ဓာကိုယ်တွင် များပြားလှသင့် အဆိပ်များရှိနေပေလိမ့်မည်။


‘’ထားလိုက်တော့…အနံ့ကတကယ်နံ့တာပဲ.. ရေအရင်ချိုးလိုက်တာပဲ ကောင်းတယ်.....'


ရှအန်း သူမ၏ နှာခေါင်းလေးကို တွန့်လိုက်ပြီး ရေချိုးရန်ပြင်လိုက်သည်။


ရေချိုးပြီးနောက် သူမသည် မှန်နားမှ ဖြတ်သွားချိန်တွင် သူမကိုယ်သူမ ပြန်ကြည့်လိုက်မိသည်။


‘’ ဘာလို့ထပ်လှလာပြန်တာလဲ..... ‘’ 


(╯ ‵ □ ′) ╯︵┻━┻


တစ်နေ့တခြားလှပလာခြင်းအပေါ်တွင် ရှအန်း အတော်လေး ခံနိုင်ရည်ရှိနေပြီဖြစ်သည်။


မှန်ထဲမှ သူမမျက်နှာကို ကြည့်ရင်း ဘာပြောရမှန်းမသိတော့ပေ။


အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းက ခနာကိုယ်ကို သန်မာလာအောင်လုပ်တာမဟုတ်ဘူးလား… XXOO လုပ်မှ ပိုလှလာတာမဟုတ်ဘူးလား..  ဘာမှမလုပ်ပဲ တစ်ညလောက်အိပ်ရုံနဲ့ ဘာလို့ ပိုပြီးလှလာရတာလဲ...


ရှအန်း အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး မှန်ပေါ်မှ ဝါဂွမ်းကဲ့သို့နူးညံ့လှသည့် သူမ၏အသားအရေကို ဒုတိယအကြိမ်ထပ်ကြည့်လိုက်သည်။


ဟုတ်ပြီလေ…  

ရွှေလက်ချောင်းမှာ သူမကို အနည်းငယ်ပိုလှလာစေခြင်းဖြစ်သည်။ သူမ၏ မျက်နှာသွင်ပြင်မှာ မပြောင်းလဲသွားပေ။


သူမဆံပင်ကို ခြောက်အောင်မှုတ်ပြီးနောက် ရှအန်း ရေချိုးခန်းထဲမှ စိတ်လေးစွာ ထွက်လာသည်။ ဤသို့သာဆက်သွားနေလျှင် သူမ အမှန် တကယ် လက်လျော့လိုက်ချင်မိတော့မည်ဖြစ်သည်။

 အက်နေတဲ့အိုးက ကွဲသွားတာနဲ့ ဘာထူးမှာလဲ…


တနေ့တခြား သူမ ပို၍လှလာသည်မှာ သူမ ရပ်တန့်ချင်လျင်တောင် တားဆီးမရနိုင်ပေ။ ထိုနောက် သူမကိုယ်သူမ ပျော်အောင် စိတ်ပြောင်းလဲလိုက်သည်။


‘’မားမား.. ဘာတွေဖြစ်နေတာလဲဟင်.....’’


ရှအန်း အိပ်ခန်းထဲသို့ရောက်သည်နှင့် အိပ်ပျော်နေခဲ့သော အကောင်ပေါက်လေးက နိုးနေရုံသာမက ညစ်ပါတ်နေသောအရာများကို သန့်ရှင်းရေးလုပ်ထားပေးလေသည်။


ဒီလိုအကျင့်ကောင်းမွန်တဲ့ ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဗီလိန်ဖြစ်လာရတာလဲ…


သူက ကျန်းမာရေးလဲမကောင်းသည့် ဗီလိန်ဖြစ်နေသည့်အပြင့် စိတ်ပိုင်းဆိုင်ရာတွင် အတော်လေးဆိုးဝါးသည့်သူဖြစ်သည်။


‘’ရှောင်ရှင်း ဒီလိုကိစ္စမျိုးကို နောက်တစ်ခါဆို မာမားပဲလုပ်လိုက်မယ်...."


မူလပိုင်ရှင်ကသာ သူ၏မိခင်ဖြစ်‌သော်လည်း ကလေးတစ်ယောက်ကို ထိုအရာများ လုပ်ဆောင်ရန် သူမ ခွင့်မပြုနိုင်ပေ။


‘’ရှောင်ရှင်းက မာမားကို ကူညီပေးချင်လို့ပါ....’’


အကောင်ပေါက်လေးက ရှအန်းကို မော့ကြည်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင်လည်း မျှော်လင့်ချက်အပြည့်နှင့်ဖြစ်သည်။


ရှအန်း ထိုချစ်ဖို့ကောင်းကာ အလိုက်သိသည့် ကလေးလေးနှင့် သူမ စိတ်ထဲမှ သိထားသည့် ဗီလိန်နှင့် မည်သို့မျှ နှိုင်းယှဉ်လို့မရပေ။


ထိုသို့ဆိုလျှင် သူမ၏ဗီလိန်သား ဖြတ်သန်းလာခဲ့ရသည့် ဘဝအား စဉ်းစားကြည့်ရမည်ဖြစ်သည်။


သူက ချမ်းသာကြွယ်ဝသော မိသားစုတွင်ကြီးပြင်းလာသူဖြစ်ပြီး တရားမဝင်ကလေးတစ်ယောက်ဖြစ်သော်လည်း အခြေအနေမှာ သိပ်မဆိုးပေ။


သို့သော်  သူ့အသက် ၅ နှစ်အရွယ်တွင် သူက ချမ်းသာသည့်လူတစ်ယောက်၏ တရားမဝင်သားမဟုတ်ဟု ထုတ်ဖော်ခံလိုက်ရကာ သူ၏ဖခင်ကလည်း မည်သူမှန်းမသိပေ။


ထိုသို့ဖြင့် သူသည် ချမ်းသာသည့်တရားမဝင်သားအဖြစ်မှ မျိုးမစစ်တစ်ယောက်ဘဝသို့ ပြောင်းလဲသွားသည်။ သူ ချမ်းသာသည့်မိသားစုမှ မိဘမဲ့ဂေဟာသို့ စွန့်ပစ်ခံလိုက်ရသည်။ ထိုအချိန်တွင် သူ၏မှီခိုရာမှာ သူ၏မိခင်သာဖြစ်သည်။ သို့သော်လဲ သူ၏မိခင်မှာ သူကိုလာမခေါ်ပဲ ကိုယ့်ကိုကိုယ် သေကြောင်းကြံသွားလေသည်။


ထိုအကောင်ပေါက်လေး စိတ်ကစဉ့်ကလျားဖြစ်သည့် ဗီလိန်တစ်ယောက်ဖြစ်သွားသည်ကို နားလည်ပေး နိုင်ပေသည်။


သူမ ထိုကလေးကို အချိန်မှီသွားခေါ်နိုင်ခဲ့သည့်အတွက် ရှအန်း အလွန်ပျော်ရွှင်မိသည်။


မဟုတ်လျှင် ထိုကဲ့သို့သော ချစ်ဖို့ကောင်းပြီး အလိုက်သိတတ်သည့် ကလေးကို သူမ တွေ့မြင်နိုင် မဟုတ်တော့ပေ။


‘’မာမားရဲ့ချစ်သားလေး… ဒီနေ့အတွက် မနက်စာဘာစားချင်လဲ… ဂဏန်းစွပ်ပြုတ် … ကြက်ဥဖောက်ထည့်မလား… ခေါက်ဆွဲကြော်…ဆန်းဝှစ်…’’


အစားအကြောင်းပြောလိုက်သည်နှင့် သူမ မရပ်တန့်နိုင်တော့ပေ။


သူမ ပိုစားလေလေ ပိုဗိုက်ဆာလာသည်ဟု ခံစားမိလေဖြစ်သည်။


အာယား…. သူမ တကယ်ကိုပင် စားချင်လာပြီဖြစ်သည်။


ကံမကောင်းစွာဖြင့် သူမအတွက် တစ်ခုတည်းကိုသာ ရွေးချယ်နိုင်လေသည်။


ရှအန်း စိတ်ဓါတ်ကျသကဲ့သို့ ခံစားနေချိန်တွင် သူမ၏ သားလိမ္မာလေး၏ အသံကို ရုတ်တရက်ကြားလိုက်ရသည်။


‘’မာမား… သား အကုန်လုံးစားချင်တယ်....’’


ထိုအချိန်တွင် ရှအန်းသည် သူမရှေ့တွင် ရပ်နေသော ရှောင်ရှင်းချန်ကို နတ်သားလေးတစ်ပါးဟု ထင်မှတ်သွားမိသည်။

အရောင်တွေတောင်တောက်နေတာများ ဘလင်းဘလင်းနဲ့ နေတာပဲ....


‘’မာမားရဲ့ သားလိမ္မာလေးက အားလုံးစားချင်နေမှတော့ နည်းလမ်းမရှိတော့ဘူးလေနော်… ခဏလေးပဲစောင့်… မာမားက သားလေးကျေနပ်အောင်လုပ်ပေးမယ်....."


ဟီးဟီး… ဒါ သူမ စားချင်တာမဟုတ်ဘူးနော်.. ကလေးကစားချင်တယ်ဆိုလို့ ချက်ကျွေးတာ ဟုတ်တယ် … ကလေးကိုချက်ကျွေးတာ...


အလွန်စိတ်ကျေနပ်စွာဖြင့် မနက်စာ စားပြီးနောက် ရှအန်း ပြဿနာကြီးကို စတင်တွေးမိတော့သည်။


တကယ်လို့ ရှိုးပွဲမှာ ပိုက်ဆံသွားရှာနေရင် ငါ့သားလေးကို ဘယ်သူက ကြည့်ပေးမှာလဲ...


သူမ၏ သားလိမ္မာလေးသည် အသက် ၅ နှစ်သာရှိပြီး ကလေးကျောင်းသို့ ပို့ပေးရမည်မဟုတ်ပါလော။


ကလေးတစ်ခါမှ မပျိုးထောင်ဖူးသည့် ရှအန်းသည် ရှရှင်းချန်၏ ပညာရေးကို သတိရသွားသည်။


‘’ရှောင်ရှင်း… မာမားက သားကိုကျောင်းပို့ပေးဖို့ မေ့သွားတယ်နဲ့တူတယ်....."

ရှအန်းသည် ရှက်ရွံ့စွာဖြင့် သူမ ခေါင်းအား ကုတ်လိုက်မိသည်။


မည်သို့ပင်ဆိုစေကာမူ သူမသည် ကလေးတစ်ယောက်ကို တစ်ခါမျှ မပျိုးထောင်ဖူးပေ။ ထို့အပြင် သူမ ခေါင်းတွင်လည်း အချိန်ပြည့်အစားအကြောင်းနှင့် ပြည့်နှက်နေသည့်အတွက် ထိုအရွယ်သည် သူငယ်တန်းကျောင်းသို့ပို့ရမည်ကို မေ့သွားခြင်းဖြစ်သည်။


‘’မာမား… ရှောင်းရှင်းက ကျောင်းသွားဖို့မလိုဘူး… ပါပါး…’’

ထိုအကောင်ပေါက်လေးသည် သူ၏ဖခင်အကြောင်းကို ပြောရန်ပြင်ပြီးနောက် ချက်ချင်းပင် ရပ်တန့်လိုက်သည်။


‘’ဦးလေးက သားကို သူငယ်တန်းပို့ဖို့လုပ်သေးတယ်… အခုက သားက ဉီးလေးရဲ့ကလေးမဟုတ်တော့ဘူးဆိုတော့ သားသွားဖို့မလိုတော့ဘူး...."


ရှအန်း သူမနှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဝမ်းနည်းခြင်းမရှိသည့် အကောင်ပေါက်လေး၏ မျက်နှာကို ကြည့်လိုက်သည်။ ထိုကလေးသည် သိတတ်ပြီး ပြောင်းလဲလွယ်လေသည်။


ထို့ကြောင့် ထိုကလေးကိုဟအရွယ်ရောက် လူကြီးများထက်ပင် အိုင်ကျူကောင်းသည်ဟု ပြောခြင်းဖြစ်မည်။


သို့သော်လည်း ထိုခေါင်းစဉ်နှင့်ပတ်သတ်၍ သူမ အများကြီးမပြောပေ။


‘’ရပါတယ်… မာမားက သားတက်ဖို့ ကျောင်းအသစ်ရှာပြီး ပို့ပေးမှာပေါ့....'


ရှအန်း အကောင်ပေါက်လေး၏ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။


အကောင်ပေါက်လေးက နတ်သမီးမေမေနှင့် အတူတူရှိနေချင်သည့်အတွက်

ကျောင်းသို့ မသွားချင်သော်လည်း ရှအန်းအား စိတ်ကျေနပ်စေရန်အတွက် ခေါင်းငြိမ့်လိုက်သည်။


ကျောင်းကိစ္စပြဿနာကို ဖြေရှင်းပြီးချိန်တွင် နောက်ထပ် အရေးကြီးသည့် ပြဿနာကျန်နေသေးသည်။


သူမသည် ရှိုးလုပ်ရမည်ဖြစ်ပြီး ထိုရှိုးသည် အပြင်ဘက်များတွင်သာလုပ်ရမည် outdoor reality show ဖြစ်သည့်အတွက် သူမ အိမ်သို့ ပြန်လာနိုင်မည်မဟုတ်ပေ။


ထို့အချိန်များအတွက် သူမ၏သားလိမ္မာလေးနှင့် မည်သို့ သဘောတူညီမှုရအောင် လုပ်ရမည်နည်း။


ဒါမှမဟုတ် ဘော်ဒါဆောင်ကျောင်းလိုမျိုး အပ်ပေးလိုက်ရမလား…


ဒါပေမယ့် ကလေးက ၅ နှစ်ပဲရှိသေးတာဆိုတော့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်သွားနိုင်မလား....


ရှအန်းသည် အချိန်အတော်ကြာတွေးပြီးနောက် ရေရွတ်လိုက်မိသည်။

 ‘’ဟူး… ဘာလို့များ ရှအန်းဆီမှာ ကလေးတစ်ယောက်ကို ထိန်းပေးဖို့ ချစ်ရတဲ့သူ တစ်ယောက်တောင် မရှိရတာလဲ...."


ရှအန်း ရေရွတ်နေစဉ်မှာပင် သူမ၏ ဖုန်းအသံကို ရုတ်တရက် ကြားလိုက်ရသည်။


ရှအန်းသည် စခရင်ပေါ်မှ ခေါ်ဆိုသည်အားဖတ်လိုက်ရာ ‘အန်တီ’ ဟုဖော်ပြထားရာ သူမ ဖုန်းအားကိုင်လိုက်သည်။


‘’ဟေး…’’


ရှအန်းဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် တဖက်ဖုန်းမှ ဆူပူသည့်အသံများကို ကြားလိုက်ရသည်။


‘’သေသင့်တဲ့ကောင်မ …ဖုန်းဘယ်လိုဖြေရမလဲဆိုတာ မသိဘူးလား…ဒီလအသုံးစားရိတ် ငါတို့ကိုမပေးရသေးဘူးဆိုတာ သိရဲ့လား… မြန်မြန်လေးငါ့အကောင့်ထဲ ၁ သိန်းလွှဲပေးလိုက်စမ်း....'