အပိုင်း ၁၆
Viewers 33k

Chater16


ထိုလူကို သူမ ဘာမှမတုန့်ပြန်ရသေးခင်မှာ သူမကို ကျိန်ဆဲလာသည်။ ထို့အပြင် ယွမ် ၁ သိန်း အကြောင်းကြားလိုက်ရသည့်အတွက် သူမ မတည်ငြိမ်နိုင်တော့ပေ။


‘’ တစ်သိန်း ဟုတ်လား...."


‘’ဘာလဲ… ငါ့အတွက် အသုံးစရိတ်မပေးရဘူးလို့ ဘယ်သူပြောလို့လဲ.. ဒီတစ်ခါတော့ နင်ကို့မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးမှဖြစ်တော့မယ်.. "


‘’…..’’


ရှအန်း တဖက်ဖုန်းမှ အမျိုးသမီး၏စကားများကို နားထောင်ပြီးနောက် သက်ပြင်းတစ်ချက်ရှူလိုက်သည်။


သူမ၏မျက်နှာပေါ်တွင် တောင့်တင်းနေသော အပြုံးတစ်ခုထွက်ပေါ်လာသည်။


‘’ကျေးဇူးပြုပြီး ရှင်ကဘယ်သူလဲရှင့်…. ဘာလို့ ကျွန်မကို ဖုန်းခေါ်တာလဲ မသိဘူး...."


ငါ့အဒေါ်ဟုတ်လား… ငါ့ဘာသာတောင် ပိုက်ဆံမလောက်တာ .. ငါမှာ စာချုပ်လျော်ကြေးတွေလည်း ပေးရဦးမှာကို တခြားတစ်ယောက်အသက်ရှင်စရိတ်ကို ဘာလို့ပေးရမှာလဲ .. ဟားဟား .. မဖြစ်နိုင်တာ....


‘’နင်တော့သေပြီ.. ကောင်မစုတ်လေး… နင့်အတောင်ပံတွေသိပ်မာနေတယ်ပေါ့လေ… နင့်ရဲ့တရားမဝင်သားအကြောင်းလဲ ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ ဖျော်ဖြေရေးနယ်ပယ်မှာ နင်ဆက်ရပ်တည်လို့ရမှာမဟုတ်တော့ဘူး… အဲ့တော့ အိုးကိုခွဲဖို့သာပြင်လိုက်တော့… ‘’


‘’ရှအန်း.. ငါပြောမယ်.. ငါက နင့်အဖေရဲ့မိန်းမ နင့်အမေဟဲ့… နင့်အဖေကသာ နင့်ကို ဒီလိုလှတပတလေး မွေးမပေးခဲ့ဘူးဆိုရင် နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်ပြီး ပိုက်ဆံ ဘယ်လိုရှာနိုင်မှာလဲ’’


‘’တီ…’’


တဖက်မှအမျိုးသမီး၏ ပြောစကားမဆုံးခင်မှာပင် ခံစားချက်မရှိစွာဖြင့် ဖုန်းချလိုက်ပြီး black list ထဲသို့ထည့်လိုက်သည်။ 


အိုး…

သူမ၏အတွေးများ အစသို့ပြန်ရောက်သွားသည်။ ကလေးမှာ မှီခိုစရာ သူမသာရှိသည်။ နဂိုမူလပိုင်ရှင်၏ ဘဝမှာ အတော်လေးကြမ်းတမ်းလေသည်။


ဘယ်လိုဆွေမျိုးတွေ သူမဆီမှာရှိနေရတာလဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ....

သူမဆီမှာ ဘယ်လိုဆွေမျိုးတွေရှိရတာလဲ… စိတ်ပျက်ဖို့ကောင်းလိုက်တာ…


‘’မာမား… ဘာဖြစ်လို့လဲ…’’


သူမ၏စိတ်အခြေအနေကို ရှရှင်းချန် ခံစားမိလိုက်၍ မေးလိုက်သည်။


သူမ ငုံကြည့်လိုက်သောအခါ လိမ္မာရေးခြားရှိပြီး အပြုအမူကောင်းသည့် ရှရှင်းချန်လေးကို တွေ့လိုက်ရသည်။ ရှအန်း သူမ၏ ပြဿနာကို ရိုးရိုးရှင်းရှင်းလေး ပြောပြလိုက်သည်။ 


‘’ ရှောင်ရှင်း… မာမားက အလုပ်အတွက် အပြင်သွားဖို့ရှိတယ်… မာမားက သားလေးကို ဘယ်သူနဲ့ထားခဲ့ရမှန်း မသိဘူးဖြစ်နေတာ..."


ဒါမှမဟုတ် သူမ ကလေးလေးကို မူကြိုကျောင်းတစ်ခုကိုပို့လိုက်ရင် ကောင်းမလား….


ရှအန်း အကြောင်းအရာအချို့ကို တွေးမိပြီး တုန့်ဆိုင်းသွားသည်။


‘’မာမား… သားကို မာမားနဲ့ အတူတူခေါ်သွားပေးပါနော်...."


ထိုအကောင်ပေါက်လေးမှာ သူမ အတွေးများကို သိသည်နှယ် ရုတ်တရက် သူမ၏လက်မောင်းကို ဖက်လိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ 

‘’ ရှောင်ရှင်း မာမားနဲ့ ခွဲမနေချင်ဘူး...."


အကောင်ပေါက်လေးသည် သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး သူမပြေးထွက်သွားမည်စိုးသကဲ့သို့ လွှတ်မပေးချေ။ ရှအန်း ထိုကလေး၏ခန္ဓာကိုယ်မှ မလွယ်ကူသည့် ခံစားချက်ကိုရလိုက်သည်။


ရှအန်း ကလေးကို ရင်းပြုံးပြောလိုက်သည်။

 ‘’ ရှောင်ရှင်း… မာမားက အလုပ်သွားလုပ်ရုံပါ ပြီးရင် ပြန်လာမှာလေ..."


ရှအန်းက အကောင်ပေါက်လေး တည်ငြိမ်သွားစေရန် ခေါင်းပွတ်ပေးလိုက်သည်။


‘’…..’’


ထိုအချိန်တွင် အကောင်ပေါက်လေးက ဘာစကားမှ မဆိုတော့ချေ။ သူ၏ပါးလေးကို ရှအန်း၏ လက်မောင်းတွင်အပ်ထားပြီး မျက်ဝန်းအစုံမှ မျက်ရည်ဥများကျဆင်းလာတော့သည်။


"မငိုပါနဲ့ … မငိုနဲ့လေ …. မာမားက ငိုတဲ့ကလေးတွေကို သဘောမကျဘူးနော်…’’


အမှန်တကယ်တွင် ရှအန်းသည်လည်း ရှောင်ရှင်းကို တစ်ယောက်တည်းထားခဲ့ကာ အလုပ်သို့မသွားချင်ပေ။ ထိုကလေးကို လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သူမ ခေါ်ခဲ့သည်ဖြစ်သော်လည်း သူ့ကို တွယ်တာနေမိပြီဖြစ်သည်။


ဒါပေမဲ့ သူမ ပိုက်ဆံရှာဖို့လိုတယ်… လျော်ကြေးတွေပေးဖို့အတွက် ပိုက်ဆံဘယ်ကရမှာလဲ… ကလေးကို ပျိုးထောင်ပေးဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ… ပိုက်ဆံတွေဘယ်ကရမှာလဲလို့…


ထို့ကြောင့် သူမ ကလေးအပေါ် တွင် အမှားလုပ်ရုံသာရှိပေတော့သည်။


သူမ အိမ်မှာမနေသည့် လျော်ကြေးအနေဖြင့် သူမ အခန်းကို သန့်ရှင်းရေးလုပ်ပြီး သူမကိုယ်သူမ ရုပ်ဖျက်ကာ ရှောင်ရှင်းနှင့်အတူ အပြင်သို့ ကစားရန်ထွက်သွားလေသည်။


အများပြည်သူရုံးဖွင့်ရက်ဖြစ်သဖြင့် မနက်ခင်းပိုင်းတွင် ကစားကွင်း၌ လူအများကြီးမရှိပေ။

ရှအန်းသည် ရှရှင်းချန်နှင့်အတူတူ ကစားနည်းများအား ကစားသည့်အပြင် မုန့်များလည်း စားသောက်ခဲ့သည်။


အကောင်ပေါက်လေးကို ပျော်ရွှင်အောင်လုပ်ပြီးနောက် ကလေးကိုခေါ်ကာ နေ့လည်စာစားလိုက်သည်။


အလွန်အကျွံ ကစားလိုက်သည့်အတွက် နေ့လည်ပိုင်းတွင် စာချုပ်ချုပ်ဆိုရန် ဟန်ယွဲ့နှင့်ချိန်းဆိုထားသည်က်ု မေ့မလိုဖြစ်သွားခဲ့သေးသည်။ ထို့ကြောင့် ကလေးကို အိမ်အရင်ပြန်ပို့မည့် အစီအစဉ်ကို ပြောင်းလိုက်ကာ သူမနှင့်အတူခေါ်သွားလိုက်တော့သည်။


 ရှအန်း အကောင်ပေါက်လေးလက်ကို ဆွဲကာ ဟန်ယွဲ့နှင့် ချိန်းထားသောနေရာသို့ သွားလိုက်သည်။


‘’မာမား… သားတို့ ဘယ်သွားနေတာလဲ…’’


တက္ကစီပေါ်တွင်ထိုင်နေသော ရှရှင်းချန်သည် ကားပြတင်းပေါက်မှတဆင့် အပြင်သို့ကြည့်နေရင်း အိမ်ပြန်လမ်းမဟုတ်သည့်အတွက် ရှအန်းကို လှည့်ကြည့်ကာ စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။


‘’ပိုက်ဆံရှာဖို့သွားနေတာပေါ့...."


သူမတို့ ချိန်းဆိုထားသည့်နေရာကို တက္ကစီဖြင့် အလျှင်အမြန် ရောက်ရှိသွားခဲ့သည်။ ကားခပေးချေပြီးနောက် ရှအန်းသည် ကလေးကို ခေါ်ကာ ကားပေါ်မှဆင်းလိုက်သည်။


စည်ကားနေသည့် လူသွားလမ်းမကြီးအားကြည့်ကာ မျက်ခုံးပင့်မိသွားသည်။


လွန်ခဲ့သည့် ရက်အနည်းငယ်က ဟန်ယွဲ့သူမကို ပြောပြထားသည့် ရှုဟန်မီဒီယာ ကုမ္ပဏီကို တွေ့ချိန်တွင် သူမ၏မျက်ခုံးအစုံမှာ ပို၍မြင့်တက်သွားတော့သည်။


ကုမ္ပဏီ ဟုတ်လား… အရမ်းကြီးစုတ်ပြတ်မနေဘူးလား… ကုမ္ပဏီအတုလား…


ရုတ်ရက် သူမ၏ ချမ်းသာခြင်းနတ်ဘုရားက သိပ်ချမ်းသာမနေဘူးဟု တွေးလိုက်မိသည်။


သို့သော် သူ့အတွင် ပိုက်ဆံရှိသည် သို့မဟုတ် သူမကို ပိုက်ဆံတကယ်ပေးနိုင်သည်ဆိုပါက သူမ၏နှလုံးသားထဲတွင် ထိုသူသည် ချမ်းသာခြင်းနတ်ဘုရား ဖြစ်ပေလိမ့်မည်။


ရှအန်းတစ်ယောက် မှန်တံခါးကို တွန်းကာ ရှရှင်းချန်လက်ကိုဆွဲ၍ အထဲသို့ဝင်လိုက်သည်။ အပြင်ပန်းနှင့်ယှဉ်လျင် အတွင်းပိုင်းအပြင်အဆင်က အတော်လေးအဆင်ပြေသည်ဟု ပြော၍ရသည်။


ရှုဟန်မီဒီယာ… ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေက အတော်လေး နည်း….


‘’ ဟဲလို… မဒမ်… ဒီကို ဖောင်တင်ဖို့လာတာလား ဒါမှမဟုတ် …’’


ရှအန်း သူမ၏နေကာမျက်မှန်ကို ချွတ်လိုက်ကာ ဧည့်ကြိုကောင်တာမှ စာရေးမလေးဆီသို့ တည်ငြိမ်စွာဖြင့် လမ်းလျောက်သွားလိုက်သည်။


‘’ဟဲလို.. ကျွန်မ ရှအန်းပါ… ကျွန်မ ဒီကို စာချုပ်ချုပ်ဖို့လာတာပါ… မစ်စတာဟန်နဲ့ မနေ့က ချိန်းထားပြီးပါပြီ...."


သူမ ပြောပြီးသည်နှင့်တပြိုင်နက် သူမရှေ့ရှိ မတ်တပ်ရပ်နေသော အမျိုးသမီးဝန်ထမ်းလေးက တောင့်တင်းသွားကာ သူမ၏မျက်ဝန်းအစုံမှာလည်း ရှအန်းကို စိုက်ကြည့်နေလေသည်။


‘’ ဟဲလို..’’


ရှအန်း ထိုကလေးမလေးရှေ့တွင် လက်အားယမ်းပြလိုက်သည်။


‘’ဘာ..’’


ထို့နောက် ထိုကောင်မလေးက ရုတ်တရက်အသံထွက်လာသည်။


သူမက ရှက်ရွံ့စွာဖြင့် နေရခက်သွားကာ ပြန်နှုတ်ဆက်လာသည်။

 ‘’မင်္ဂလာပါ … မစ္စရှအန်း… ကျွန်မ နာမည်က ရှုထျန်းထျန်းပါ...."


ဘုရားရေ… ရှအန်းက အပြင်မှာ အရမ်းလှတာပဲ....


သူမ၏ဉီးလေးဟန်က ဖျော်ဖြေရေးလောကမှ တစ်ဝက်လောက်ပိတ်ဆို့ခံထားရသည့် အရှုပ်တော်ပုံကြီးရှိနေသော အမျိုးသမီးကို အဘယ့်ကြောင့်  ဖိတ်ခေါ်ထားရသလဲဆိုသည်ကို နားလည်သွားပြီဖြစ်သည်။


ဤမျက်နှာမျိုးနဲ့ဆိုလျှင် သူမ ဘာမှမလုပ်ပဲနေရင်တောင် ရှိုးက အတော်လေးကောင်းမွန်နေပြီဖြစ်သည်။ သူမက ရှိုး၏ ထင်ရှားစွာဖော်ပြခြင်းခံရမည့်သူ သေချာပေါက် ဖြစ်လာလိမ့်မ ဖြစ်သည်။


အလှအပအပေါ် အလွန်ချစ်မြတ်နိုးသည့် ရှုထျန်းထျန်းသည် ရှအန်း၏ ပရိတ်သတ်ဖြစ်သွားလေသည်။


‘’ကျွန်… ကျွန်မ... ရှင့်ကို ဥက္ကဋ္ဌဟန် ဆီခေါ်သွားပေးပါ့မယ်…’’


ရှအန်းတစ်ယောက် ရှုထျန်းထျန်းကို ကြည့်ရင်း စိတ်ထဲ သံသယဝင်သွားသည်။


ဒီကောင်မလေးက သူမကို ဘာလို့ထူးဆန်းတဲ့အကြည့်ကြီးနဲ့ ကြည့်နေတာလဲ…


‘’အိုး..’’


ရှုထျန်းထျန်းသည် ရှအန်းကို ခေါ်ကာ ရုံးခန်းရှေ့တွင်ရပ်ပြီး တံခါးခေါက်လိုက်သည်။


ထို့နောက် အခန်းအတွင်းမှ အမျိုးသားတစ်ယောက်၏ အသံအား သူမကြားလိုက်ရသည်။

 ‘’ ဝင်လာခဲ့ပါ.... ‘’


တံခါးဖွင့်ပြီးနောက် အသက် ၃၀ သို့မဟုတ် ၄၀ ခန့်ရှိသော အမျိုးသားတစ်ယောက်က ရုံးခန်းထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ပရိုဂျက်တာပေါ်တွင်ပြသနေသော တောထဲမှရှိုးပွဲအား စိတ်ဝင်တစားဖြင့် ကြည့်နေသည်။


‘’မစ္စတာဟန်… မစ္စရှအန်းရောက်ပါပြီ...’’


ထိုလူက ရှုထျန်းထျန်းပြောသည်ကိုကြားသည်နှင့်  ရှိုးပွဲကိုခဏရပ်လိုက်ကာ ခေါင်းလှည့်လာသည်။


သူ ရှအန်းကို တွေ့လိုက်သည်နှင့် ရှုထျန်းထျန်းနှင့်တူညီသော အမူအယာ ဖြစ်သွားခဲ့သည်။


သို့သော် သူက ရှုထျန်းထျန်းနှင့်မတူပဲ စက္ကန့်အနည်းငယ်သာကြာသွားပြီး ရှအန်းဆီသို့လျှောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် မိတ်ဆက်လာသည်။


 ‘’ ရှအန်း.. ဟုတ်တယ် မဟုတ်လား..  အပြင်မှာ တီဗီထဲကထက် ပိုကြည့်ကောင်းနေမယ်လို့ မထင်မိလိုက်ဘူး..’’


ဟန်ယွဲ့ ရှအန်းကို ခေါင်းစခြေဆုံးကြည့်လိုက်သည်။ သူမကို ပိုကြည့်လေလေ သူသည် ရွှေတွင်းတူးမိသည်ဟု ခံစားမိလေလေဖြစ်သည်။


အရှုပ်တော်ပုံများကြောင့် သူမက အတော်လေးအဆင်မပြေ ဖြစ်နေလိမ့်မည်ဟု သူ တွေးထားမိခဲ့သည်။ သူ့တွင် ထိုကဲ့သို့သော အရှုပ်တော်ပုံများကြောင့် ရုပ်ဆိုးသွားသည့် နာမည်ကြီးဆယ်လီများကို တွေ့ဖူးသည့် အတွေ့အကြုံ အများအပြားရှိသည်။ သိုသော် ရှအန်းသည် အရှုပ်တော်ပုံများကြားရောက်နေသည်နှင့်မတူသလို ဆိုရှယ်နက်ဝက်တစ်ခုလုံးမှ လှောင်ပြောင်နေမှုများကို ခံစားနေရသည့်သူနှင့် လုံးဝမတူညီသည့်အပြင် ပို၍ပင် လှပလာလေသည်။


ဟားဟား… သူ့ အမြင်က တကယ်ကို ကောင်းနေတာပဲ…


ရှအန်းက ဖျော်ဖြေရေးလောကထဲတွင် အမှန်တကယ် နာမည်ကြီးလာမည်ကို သူကြိုသိနေသည်။ အခြားဟာမပြောနှင့် သူမ၏မျက်နှာလေးကပင် မားကတ်တင်းဆင်းသကဲ့သို့ဖြစ်နေကာ အနုပညာရပ်ဝန်းတွင် နာမည်ကြီးလာမည်မှာ အသေအချာပင်ဖြစ်သည်။


တရားမဝင်ကလေးလား… အဲ့ဒါအမှန်ဖြစ်တော့ကော ဘာဖြစ်လဲ… လူတိုင်းက အသက်ငယ်တုန်းမှာ အမှားလုပ်တတ်ကြတာပဲကို…

လက်မှတ်ထိုးရမယ်… မင်း ရှအန်းနဲ့ လုံးဝစာချုပ်ချုပ်ရမယ်…